Handmade By Daffodil

Handmade By Daffodil

Share

💞🎁💕

23/04/2025

မင်မင် လအကြာပြီးပျောက်သွားပင်မဲ့ လှလှလေးတွေနဲ့ပြန်လာပြီနော် Customized လေးတွေလိုချင်လည်းရပါတယ်ရှင်

01/04/2025

ငလျင်လို သဘာဝဘေးအန္တရာယ်တွေကြုံရရင် ကျွန်တော်တို့ ပိုင်ဆိုင်မှုတွေ၊ နှလုံးသားတွေ၊ မျှော်လင့်ချက်တွေ တုန်လှုပ်ပျက်ဆီးရတဲ့အပြင် မြေအောက်ရေတွေလဲ ပျက်ဆီးဆုံးရှုံးကြရပါတယ်။
မြေငလျင်ကြောင့် မြေအောက်ရေဆိုးစနစ်တွေနဲ့ မြေအောက်မိလ္လာရေဆိုးကန်တွေ ပြိုကျပျက်ဆီးနိုင်ပြီး မသန့်ရှင်းတဲ့ရေတွေဟာ မြေအောက်/မြေပေါ် ရေတွေထဲကို ရောနှောဝင်ရောက်လာကာ နဂိုသန့်ရှင်း‌နေတဲ့ ‌ရေအရင်းအမြစ်တွေထဲ ကျန်းမာရေး အန္တရာယ်ဖြစ်‌စေတဲ့ ပိုးမွှားနဲ့ ဓာတ်ပစ္စည်း‌တွေ ရောနှောဝင်ရောက်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဝမ်းရောဂါကပ်တွေပါ နောက်ဆက်တွဲဖြစ်လာနိုင်လို့ မိမိအသုံးပြု၊ သောက်သုံးမယ့်ရေဟာ သန့်ရှင်းဖို့ အထူးအရေးကြီးလာပါတယ်။

အရေးပေါ်အခြေအနေမှာ သောက်ရေပြဿနာဖြေရှင်းနည်းတွေကို ဖတ်ဖူးသလောက် ပြန်မျှဝေပေးပါမယ်။ သောက်ရေသန့်ဗူးတွေရှိရင်တော့ အရေးပေါ်အခြေအနေမှာ သောက်ရေသန့်ဗူးတွေကို အရင် အားထားသင့်ပါတယ်။ အခုအောက်မှာဆက်ပြောမယ့် နည်းလမ်းတွေကတော့ သောက်စရာ စိတ်ချရတဲ့ ရေသန့်ဗူးမျိုး မရနိုင်တဲ့ အနေအထားမျိုးအတွက် ဖြစ်ပါတယ်။

Standard guideline အရတော့ နည်းကတော့ ၃ နည်းရှိတယ်လို့ အကြမ်းဖျင်းခွဲလို့ရမယ်။

1. Boiling - ကျိုချက်တဲ့နည်း

2. Disinfecting - ပိုးသတ်နည်း

3. Filtering - ဇကာစစ်နည်း

1. Boiling - ကျိုချက်တဲ့နည်း
Guideline အရကတော့ ရေကို အနည်းဆုံး ပွက်ပွက်ဆူနေအထားမှာ 1 မိနစ် ကျိုချက်ရပါမယ်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ 6500 အထက်ဆိုရင် 3 မိနစ်ကျိုချက်ရပါမယ်။ ရေက အနည်အမှုန်အရမ်းများတဲ့ အနေအထားဆိုရင် Boiling မလုပ်ခင် 3 pots sedimentation လိုမျိုး အိုး ၃ အိုးနဲ့ အနည်ထိုင်စေခြင်းနည်းကို လုပ်သင့်ပါတယ် (သို့) filter၊ အဝတ်ဇကာ၊ coffee filter စသဖြင့် ရှိရင် filter နဲ့ အရင်စစ်တာမျိုးလုပ်သင့်ပါတယ်။ 3 pot sedimentation ဆိုတာ အနည်ပါတဲ့ ရေကို ပထမအိုးထဲထည့်၊ အနည်ထိုင်ပြီဆိုမှ အပေါ်ရေကြည်ကို ဒုတိယအိုးထဲ ထပ်ပြောင်း၊ ထပ်အနည်ထိုင်စေပြီး ဒုတိယအိုးက ရေကြည်ကို နောက်တတိယအိုးထဲထပ်ထည့်ပြီးမှ နောက်ဆုံး တတိယအိုးက အပေါ်ရေကြည်ကို ယူတဲ့ နည်းပါ။ အနည်ထိုင်ချိန်ကို အနည်းဆုံး ပထမအိုးမှာ ၁-၆ နာရီ၊ ဒုတိယအိုးမှာ ၁-၂ နာရီ၊ တတိယအိုးမှာ ၀-၃၀ မိနစ် အနည်းဆုံး အနယ်ထိုင်ချိန်ပေးရပါမယ်။ ရေအနည်ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး အနည်ထိုင်ချိန်တွေ ကွာနိုင်ပါတယ်။ ဘယ်လိုပြောပြော အရေးပေါ်အခြေအနေမှာ ရေကို အမြင်အရပဲ အရင်ဦးစွာ ဆုံးဖြတ်ရမှာပါ။ ရေကို စနစ်တကျ ကျိုချက်ခြင်းက ရေထဲက ပိုးမွှားတွေ၊ bacteria, virus တွေနဲ့ parasites တွေကို ‌ေ-သ စေနိုင်ပါတယ်။ ကျိုချက်ပြီးရင်တော့ ရေကို သန့်ရှင်းပြီး လုံခြုံတဲ့ ဗူး/ပုလင်းတွေထဲ ထည့်သွင်းသိုလှောင်သင့်ပါတယ်။

2. Disinfecting - ပိုးသတ်နည်း
ရေကို ကျိုချက်ဖို့ လုံးဝအဆင်မပြေတဲ့ အရေးပေါ် အနေအထားမျိုး၊ ကိုယ့်ဆီမှာ ‌အရေးပေါ် ရေသန့်ဆေးရည်၊ ဆေးပြား၊ ကလိုရင်းအရည်/အနံ့မပါတဲ့ household chlorine bleach လိုမျိုး chemical ရှိခဲ့ရင် အဲ့ဒါတွေနဲ့ ပိုးသတ်လို့ရပါတယ်။ အိမ်သာသုံး bathroom bleach ၊ အနံ့ ထည့်ထားတဲ့ bleach တွေ လုံးဝမသုံးရပါ။ ရှေ့ကလိုပဲ အနည်များတဲ့ ရေဆို အနည်အရင်စစ်ပြီးမှ chemical disinfection လုပ်သင့်ပါတယ်။ chemical ဗူးပေါ်က instruction တွေကို သေချာဖတ်ပြီးမှ chemical ကို ရေထဲ ထည့်သင့်ပါတယ်။ Chlorine ခပ်ပြီးရေကို အနည်းဆုံး မိနစ် ၃၀ စောင့်ပြီးမှ သုံးစွဲသင့်ပါတယ်။ အကယ်လို့ instruction အညွှန်း မပါဘူးဆိုရင် ဗူးပေါ်မှာပါတဲ့ sodium hypochlorite ရဲ့ % ကို ကြည့်ပြီး comment ထဲက ဇယားနဲ့ တိုက်ကြည့်လို့ရပါတယ်။ အချို့အရေးပေါ်သုံး ရေသန့်ဆေးပြားတွေကိုသုံးမယ်ဆိုလဲ ဆေးပြားရဲ့ အညွှန်းကို သေချာဖတ်ဖို့ အကြံပြုပါတယ်။ Chlorine disinfection စနစ်က bacteria နဲ့ virus ကို ထိန်းချုပ်နိုင်ပေမယ့် resistance ကောင်းတဲ့ parasites အချို့ (Cryptosporidium , Giardia, etc) ကို ထိန်းချုပ်ဖို့ ခက်ခဲတတ်တာကို ဂရုပြုရပါမယ်။ ကိုယ့်ဆီမှာ ရှိနေတဲ့ ရေသန့်ဆေးရည်၊ ဆေးပြားတွေ အသုံးမပြုတတ်တာမျိုးဖြစ်နေရင် ကျွန်တော့ကို အချိန်မရွေးဆက်သွယ်လို့ရပါတယ်။ (WaterLab by Dr. Sai Consultation Hotline (Viber): 09965718943)

ပိုးသတ်နိုင်တဲ့ chemical မရှိတဲ့ အခြေအနေမျိုးမှာဆိုရင် နေရောင်ခြည်အသုံးပြုပြီး ပိုးသတ်နိုင်ပါတယ်။
Solar Water Disinfection (SODIS) ပြုလုပ်ရန် ရေ၊ ရေထည့်ရန် သန့်ရှင်းသော ပလက်စတစ်ရေဗူး (PET ဗူး) အကြည် နဲ့ နေရောင်ခြည် လိုအပ်ပါတယ်။

၁။ ရေဗူးအကြည်ထဲ ရေထည့်ပါ။ ရေကို အရင်ဦးဆုံး အတိုင်းအတာ တစ်ခုထိ အတတ်နိုင်ဆုံး ကြည်လင်အောင် ဇကာစစ်/အနည်ထိုင်ပြီးမှ အသုံးပြုနိုင်ရင် ပို‌ထိရောက်ပါတယ်။
၂။ နေ‌ရောင်တိုက်ရိုက် ကျသောနေရာမှာ ရေဗူးကို အနည်းဆုံး ၆ နာရီ ထားထားရပါမယ်။ တိမ်ထူးရင်တော့ အနည်းဆုံး ၂၄ နာရီ ထားရပါမယ်။
၃။ နေရောင်ထဲက UV ဓာတ်ရောင်ခြည်က ရေထဲမှာရှိနေနိုင်တဲ့ bacteria, virus နဲ့ parasite တွေကို ‌tay စေနိုင်ပါတယ်။
၄။ ရေဗူးကို အလင်းပြန်နိုင်တဲ့ သွပ်ပြား၊ သံပြား‌မျိုးတွေပေါ်မှာ ထားရင် ပိုမိုထိရောက်တဲ့ SODIS စနစ်ကို ရစေပါတယ်။ (Comment ထဲမှာ ပုံထည့်ထားပါတယ်။)

3. Filtering - ဇကာစစ်နည်း
ကျွန်တော့ တစ်ဦးထဲ အမြင်ဆိုရင် filtering လုပ်တာတစ်ခုထဲက safe မဖြစ်ပါဘူး။ Filtering နည်းက parasites တွေကို ဖယ်ရှားတာ အဆင်ပြေပေမယ့် bacteria နဲ့ virus ကိုထိထိရောက်ရောက်ဖယ်ရှားနိုင်ဖို့ကတော့ filter ရဲ့ membrane အမှေးပါးဇကာ အပေါက်အကျယ်၊ အမျိုးအစား၊ brand တွေပေါ် အများကြီးမူတည်ပါသေးတယ်။ Filtering နည်းကို မဖြစ်မနေ သုံးရမယ်ဆိုရင်တော့ ကိုယ်သုံးမယ့် filter အမျိုးအစားကို သေချာကြည့်ပါ။ အချို့ filter တွေက အနည်အမှုန်လောက်ပဲ ဖယ်ရှားပါတယ်၊ အချို့ filter တွေက ရေထဲက ပိုးမွှားတွေ၊ သတ္တုဓာတ်‌တွေ အထိ ဖယ်ရှားနိုင်ပါတယ်။ အသုံးပြုမယ့် Filter အညွှန်းစာရွက်ကို သေချာဖတ်ပါ။ Filter စနစ်တွေက တော်ရုံ မရင်းနှီးတဲ့သူတွေအတွက် အသုံးပြုရတာ ခက်ခဲတတ်လို့ ကိုယ့်ဆီက Filter အဆင်ပြေမပြေ သိချင်ရင်လဲ ကျွန်တော့ကို အချိန်မရွေး လှမ်းမေးနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ filter လုပ်ပြီးသားရေကို ကျိုချက်(boiling) (သို့) ပိုးသတ် (chemical disinfection) (သို့) SODIS ပြန်လုပ်ပြီးမှ သောက်သုံးတာ အကောင်းဆုံးပါ။

--------------

ဖြည့်စွက်အကြံပေးချင်တာကတော့ ရေတစ်ခုက လူ့ကျန်းမာရေးကို ဒုက္ခပေးနည်း ၂ နည်းရှိပါတယ်။

1. Microorganism (ပိုးမွှား) Bacteria, Virus, Parasites တွေက တဆင့် ဒုက္ခပေးတာရယ်

2. Chemical - ပျော်ဝင်ဓာတ်ပစ္စည်းတွေက ဒုက္ခပေးတာရယ်ပါ။

ဒီ ၂ ချက်မှာ Microorganism ပိုးမွှားတွေကတော့ လူ့ကျန်းမာရေးကို ချက်ချင်းထိခိုက်နိုင်လို့ အရေးပေါ်အခြေအနေဆိုရင် သူ့ကို ကာကွယ်ဖယ်ရှားတာက အရေးအကြီးဆုံးနဲ့ အရင်ဆုံးလုပ်ရမှာပါ။

Chemical တွေထဲမှာလဲ လူ့ကျန်းမာရေးကို ချက်ချင်းပြဿနာပေးနိုင်တဲ့ chemical တွေရှိပေမယ့် အများစုက ထိတွေ့ချိန်ကြာမြင့်လာမှ ပြဿနာပေးတာမျိုးဖြစ်လို့ တကယ် emergency အရေးပေါ် အခြေအနေဖြစ်လာရင် chemical တွေကို အသေးစိတ်လိုက်ဂရုစိုက်နေဖို့ လက်တွေ့မှာ မလွယ်ပါဘူး။ Guidelines တွေအရလည်း အရေးပေါ်အခြေအနေမှာ သောက်မယ့်ရေကို ပိုးမွှားကင်းစင်စေဖို့က ပထမဦးစားပေးဖြစ်ပြီး ပိုးကင်းပြီဆိုမှ ရေထဲက ဓာတ်ပစ္စည်းတွေကို ဒုတိယဦးစားပေးအဖြစ် စဉ်းစားကြပါတယ်။

ထပ်ပြောချင်တာ ဘယ် ပိုးသ-တ်chemical, ဘယ် filter ကိုသုံးသုံး အညွှန်းစာရွက်ကို သေချာဖတ်သင့်ပါတယ်။ သောက်ရေသန့်ဗူး အနီးအနားမှာ ရနိုင်ရင်တော့ သောက်ရေသန့်ဗူးတွေကို အရင် ဦးစားပေး အသုံးပြုတာ အကောင်းဆုံးပါ။ ဘာမှ မလုပ်တတ်ရင် ရေကို SODIS လုပ်သောက်ပါ၊ ကျိုချက်သောက်ပါ။

လူသားအားလုံး သန့်ရှင်းသောရေ ရရှိနိုင်ကြပါစေ။
ဘေးကင်းကြပါစေ။


#သောက်ရေအရေးပေါ်

31/03/2025

ချည်လောကကပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အမှန်တကယ် ဖုန်းဘေလ်လိုအပ်နေသူများ ညီမဆီဆက်သွယ်နိုင်ပါတယ်ရှင်
ငလျင်ကြောင့်လူရောစိတ်ပါတက်အားသလောက်ကူညီချင်ပင်မဲ့ လူလိမ်တွေလည်းကြောက်ရလို့ ညီမ‌ မရောက်နိုင်တဲ့နေရာတွေအတွက် ဒီနေရာကနေပဲကူညီလိုက်ပါတယ်

Amount မကန့်သတ်ထားလို့ အမှန်တကယ်လိုအပ်နေသူများဆက်သွယ်ပေးပါရှင် ကူညီဖို့အသင့်ပါ

Photos from Handmade By Daffodil's post 06/08/2024

ပုံကောင်းကောင်းမရိုက်ရသေးပင်မဲ့ ပုံလှလှလေးထွက်လာလို့အတိုင်းမသိဝမ်းသာ
အမြဲတမ်းအမှတ်တရရှိနေမဲ့မငြိုးသောပန်းလေးများ

Photos from Handmade By Daffodil's post 28/04/2024

ချည်အပ် (Hook) ကိုင်ပုံကိုင်နည်း
အပ်ကိုင်တဲ့အခါမှာ ‌
🌿ခဲတံကိုင်နည်းနဲ့ဓားကိုင်နည်း🌿 ဆိုပြီးရှိပါတယ် ဘယ်လိုပုံစံကိုင်ကိုင် မှန်ပါတယ်ရှင်

တစ်ချို့ဝါရင့်သူတွေကပြောတယ်ခဲတံကိုင်နည်းကအမှန်ဆိုတာမျိုး ဒါကတော့ personally နဲ့ပဲဆိုင်တယ်လို့မြင်မိပါတယ်

ညီမဆို Cotton တွေထိုးတဲ့အခါခဲတံပုံစံကိုင်ပြီး
နိုင်လွန်လိုချည်အကြစ်အမာတွေသုံးတဲ့အခါဓားပုံစံမျိုးကိုင်ပါတယ်
အပ်ကိုင်တာကွာသလိုလက်ရာကလည်းကွားသွားမယ်ဆိုတာမျိုးမရှိပါဘူးရှင်
ဘယ်လိုပဲကိုင်ကိုင် ကိုယ့်လက်ရာကကိုယ့်လက်ရာပါပဲ
တစ်ချို့ကကျတစ်မျိုးထဲပဲကိုင်တက်တဲ့သူရှိတယ် ဘယ်လိုပဲကိုင်ကိုင်မှန်ပါတယ်

ကွာခြားချက်ကတော့ လက်နာတဲ့နေရာလက်အောင့်တဲ့နေရာကွာပါတယ် ချည်ကိုကျစ်ကျစ်ဆွဲတဲ့သူတွေဆိုကြုံဖူးမယ်လို့ထင်ပါတယ်

🍂ခဲတံကိုင်နည်းကကျလက်နာတဲ့အခါလက်ညိုးလက်မနဲ့ လက်ခလည်လိုအဓိကသုံးတဲ့နေရာတွေကပဲအနာများတာပါ 🍂

🎈ဓားကိုင်နည်းကကျလက်မအပြင်လက်မအောက်ကကြွက်သားလို့ခေါ်လားအသားလို့ခေါ်လားရှင့်အဲ့နေရာတွေအထိလိုက်ပြီးအောင့်နေတာပါ ပြီးရင်ညီမတို့ချည်ထိုးတဲ့အခါအပ်ကိုင်တဲ့လက်ကနေချည်သိမ်းတဲ့လက်တွေအထိပါအောင့်တက်လာတာပါ 🎈

ကွာခြားပုံကတော့နာပုံနာနည်းကွာတာပဲရှိတာပါရှင်
အပေါ်မှာဖော်ပြထားတဲ့အရာအားလုံးဟာညီမရဲ့personallyသုံးသပ်ချက်တွေပါရှင်
အမြင်မတူတာညီမပြောတဲ့အထဲလွဲနေတာပါရင်ထောက်ပြလို့ရပါတယ်ရှင်

15/04/2024

သင်္ကြန်ကာလမို့လားမသိ သင်္ကြန်ရဲ့ကိုယ်စားပြုအရောင်လေးနဲ့ထိုးထားတဲ့အိတ်လေးတောက်ထွက်နေလိုက်တာ

Photos from Handmade By Daffodil's post 21/03/2024

Customer Order လေး

အနီလေးကိုမှပန်းဆီရောအရောင်လေးကို အိတ်လေးတစ်လုံးအသွင်ပြောင်းလဲထားမှုလေး ဘယ်လောက်တောင်လှလိုက်သလည်းကွယ်

ယုံကြည်စွာမှာယူပေးသော customer တစ်ဦးဆီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်

13/03/2024

❣️🍂 နဂိုအိတ်လေးတွေကို Update ထပ်တင်မဲ့အမှာလေး 💛🍂
အသစ်အသစ်သော Design လေးတွေနဲ့ ပြန်လာခဲ့မယ်နော်
အိတ်လှလှလေးတွေကို customer လှလှလေးတွေနဲ့သာပေါင်းဆက်လိုက်ရင်ဘယ်လောက်တောင်မှ လှပနေလိုက်မလည်း 🤭

Photos from Handmade By Daffodil's post 13/03/2024

အမှာလေးသွားပို့ လှတယ်ကြိုက်တယ်ပြောတော့ ဝမ်းသာရပါတယ်ရှင့် အားပေးကြသူတစ်ဦးခြင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
🍂 Daffodil 🍂

07/03/2024

ယူ လေးပဲမန့်ပေး

08/02/2024

တက်သိပညာလေးနဲ့ ဝယ်သူတွေရဲ့စိတ်ကိုပျော်ရွှင်စေလိုစိတ်အပြည့်ပဲမို့ အမြဲလည်းမေတ္တာအထားခံရတယ်
🍂 ကိုယ့်ရဲ့အားသာချက်လေး🍂
တစ်ချို့ကျစေတနာထားတော့လိုတာထက်ပိုရယူလိုကြတယ်
🌿 ဘယ်သူတွေနဲ့ကြုံကြုံ ကျွန်မကတော့ကျွန်မပါပဲ 🌿

အိတ်မျိုးစုံ Orderတင်မယ်ဆို CBကိုလာခဲ့ပေးကြပါနော်

Photos from Handmade By Daffodil's post 07/02/2024

တစ်ယောက်ထဲမှာယူသွားသော Customer Order လေးကို packaging လှလှလေးနဲ့လက်ဆောင်လေးပါထည့်ပေးလိုက်ပါတယ်နော်

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon