The Knowledge Hub by Yu Thet
Education Sharing
"မုန်တိုင်းထနေတဲ့ စျေးကွက်ထဲမှာ ငြိမ်ငြိမ်လေး ရပ်ကြည့်နေနိုင်တာဟာ ကျွန်မတို့ရဲ့ ရင့်ကျက်မှုပါပဲ"
Candlestick တွေက အရူးအမဲလိုက်သလို ရိုက်ခတ်ပြီး Pips တွေ ရာနဲ့ချီ ခုန်ပျံနေချိန်မှာ ...
မှီအောင်လိုက်ဝင်ရင်လည်း SL ထားရဖို့နေရာ စဥ်းစားရခက်၊ Counter Trade ဝင်ဖို့လုပ်ပြန်ရင်လည်း SL ထိမှာ စိုးရနဲ့ ... Pips တွေ ရွေ့နေတာကို ကြည့်ပြီး ရင်ဘတ်ထဲ ဟာတာတာ တခုခုလိုအပ်နေသလိုနဲ့ ရင်တုန်တာမျိုး ဖြစ်ဖူးတယ် မဟုတ်လား ?
ဘာမှ လုပ်လို့မရလို့ ထိုင်ကြည့်နေရပြီး အမြတ်မရလိုက်တာကို ... ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ မထင်လိုက်ပါနဲ့။
"သမုဒ္ဒရာထဲမှာ မုန်တိုင်းကျနေချိန် လှေငယ်လေးနဲ့ ပင်လယ်ထွက်ဖို့ ကြိုးစားနေခဲ့ရင်" ဆိုပြီး တွေးကြည့်လိုက်ပါ။ ဒါဟာ သတ္တိရှိတာလား ?? မိုက်ရူးရဲဆန်တာလား ??
စျေးကွက်က အလွန်အကျွံ တရစပ် တဖက်တည်းကို အချိန်အဆ မရှိတော့ပဲ သွားနေချိန်မှာ လက်ပိုက် ကြည့်နေနိုင်တာဟာ ... အခွင့်အရေး လွတ်သွားတာ မဟုတ်ပါဘူး၊
ကျွန်မတို့ရဲ့ ငွေရယ်၊ စိတ်အေးချမ်းမှုရယ်ကို၊ အသိဉာဏ်ရှိရှိ ကာကွယ်လိုက်တာပါ။
စျေးကွက်ရဲ့ မုန်တိုင်းတွေ ငြိမ်းသက်သွားပြီး၊ ရေပြင်ညီ ပြန်ဖြစ်လာတဲ့အခါမှ ကိုယ့်လှေလေးနဲ့ ခေါင်းအေးအေးထားပြီး ပြန်လှော်ခတ်ပါ။
စျေးကွက်ကြီး ရွေ့သမျှအရာရာတိုင်းကို မှီအောင် လိုက်ဖမ်းဖို့ မကြိုးစားပါနဲ့ ... Pro Trader တိုင်းဟာ မုန်တိုင်းထဲမှာ ကူးခတ်လေ့မရှိဘဲ၊ မုန်တိုင်းအပြီး ငြိမ်သက်မှုကိုပဲ အေးဆေးစွာ စောင့်ကြတာပါ။
Yu Thet
28.9.2026 (9:00 p.m - MMT)
https://t.me/theknowledgehub_YT
"Account ထဲက Balance က နည်းပါးသွားပေမဲ့ ကျွန်မတို့ရဲ့ ရင့်ကျက်မှုက ထူထဲလာတာကို မမေ့ပါနဲ့"
ရှုံးနိမ့်မှုတွေ ခါးစည်းခံခဲ့ရလို့ Account ထဲမှာ ပိုက်ဆံနည်းသွားတဲ့အခါ ကိုယ့်ကိုယ်ကို လူညံ့လို့ မထင်လိုက်ပါနဲ့။
ကျွန်မတို့ရဲ့ Balance က နည်းပါးသွားပေမဲ့ ကျွန်မတို့ရဲ့ အတွေ့အကြုံနဲ့၊ ကျွန်မတို့ရဲ့ (ရန်သူဖြစ်တဲ့ လောဘနဲ့ ကြောက်ရွံ့မှု ကို သိမြင်တဲ့ အသိစိတ်က) ပိုပြီး ရင့်ကျက် ထူထဲလာခဲ့ပြီပဲ။
အဲဒီ ရင့်ကျက်မှုကပဲ နောက်တစ်ချိန်မှာ ကျွန်မတို့ကို ဘယ်တော့မှ လဲမကျတော့မယ့် Trader တစ်ယောက်ဖြစ်အောင် ပြန်လည် တည်ဆောက်ပေးမှာပါ။
Yu Thet
28.9.2026 (12:30 p.m - MMT)
https://t.me/theknowledgehub_YT
ကမ္ဘာ့ရွှေစျေးဟာ ဒီနေ့မှာ 4267 နဲ့စျေးဖွင့်လာပြီး၊ လက်ရှိအချိန်အထိတော့ အမြင့်ဆုံး 4275 နဲ့ အနိမ့်ဆုံး 4191 ကြားမှာ ရှိနေပါတယ်။
စက်တင်ဘာလ (၂၈) ရက်နေ့အတွက် ကမ္ဘာ့ရွှေစျေးကွက်သုံးသပ်ချက်
သတိထားရမယ့်စျေးကွက်အခြေအနေတွေကို အသေးစိတ်ရှင်းပြသုံးသပ်ပေးထားပါတယ်ရှင်။ အချိန်ရတဲ့အချိန်မှ အေးဆေးကြည့်ပြီး၊ လူကြီးမင်းတို့အတွက် အထောက်အကူပြုစေမှာပါ။
နေ့စဉ်စျေးကွက်သုံးသပ်ချက်များကို ကျွန်မရဲ့ Public Telegram Channel မှာ အရင်ဆုံးမျှဝေပေးတာဖြစ်လို့ Telegram ကို Join ပြီး၊ အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်ပါတယ်ရှင်။
https://t.me/yuthetforexchannel
Basic to Advanced Level အထိ Online Training များ စနစ်တကျ တက်ရောက်လေ့လာ လိုပါက ယခု Telegram Acc : https://t.me/yuthet_ytc မှတဆင့် လာရောက် မေးမြန်းဆွေးနွေးလို့ ရပါတယ်ရှင်။
"အမြတ်ဆိုတာ ကျွန်မတို့ ပန်းတိုင်ဆီ သွားတဲ့ လမ်းမှာ ခူးဆွတ်ခဲ့တဲ့ ပန်းလေးတစ်ပွင့်ပါပဲ"
Trade တစ်ခု အမြတ်ရသွားတိုင်း၊ ကမ္ဘာတစ်ခုလုံးကို အပိုင်ရလိုက်သလို သာယာမသွားပါနဲ့။
အမြတ်ဆိုတာ ကျွန်မတို့ စည်းကမ်းတကျ လျှောက်လှမ်းခဲ့လို့ ရရှိလာတဲ့ ဆုလာဘ် သေးသေးလေးတစ်ခုပါပဲ။
အဲဒီလို လမ်းတလျှောက်မှာခူးခဲ့ရတဲ့ ပန်းပွင့်လေးတွေကြောင့် ကျွန်မတို့ ရှေ့ဆက်လျှောက်ရမယ့် ပန်းတိုင် လမ်းပျောက်မသွားပါစေနဲ့။
ပန်းတိုင်ဆိုတာ အမြတ်ရဖို့တင် မဟုတ်ပါဘူး၊ အချိန်နဲ့အမျှ ပိုပြီး အေးချမ်းရင့်ကျက်လာတဲ့ Trader တစ်ယောက် ဖြစ်လာဖို့ပါ။
Yu Thet
28.9.2026 (8:00 a.m - MMT)
https://t.me/theknowledgehub_YT
"တနင်္လာနေ့ စျေးကွက်ဖွင့်ချိန်မှာ ကျွန်မတို့ဟာ ဒေါသနဲ့ မဟုတ်ဘဲ စည်းကမ်းနဲ့ ပြန်လာရပါမယ်"
ဒီနေ့ည အိပ်ခါနီးမှာ စိတ်ကို လုံးဝ ငြိမ်းအေးစွာ ထားလိုက်ပါ။
မနက်ဖြန် တနင်္လာနေ့ စျေးကွက်ဖွင့်ရင် အရင်တပတ်က ရှုံးထားတာတွေကို လက်စားချေချင်တဲ့ ဒေါသစိတ်နဲ့ မဝင်ပါနဲ့။
စည်းကမ်းအတိုင်း အေးအေးဆေးဆေး ဆုံးဖြတ်မယ့် စိတ်နဲ့ပဲ ပြန်လာပါ။
ဒီညတော့ ဖုန်းတွေကို ပိတ်၊ Chart တွေကို ပိတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေ။
ကျွန်မတို့ အဆင်သင့်ဖြစ်နေပြီး၊ မနက်ဖြန်မှာ ခေါင်းအေးအေးနဲ့ Trading သီတင်းပတ်တခုကို ပြန်စကြတာပေါ့ ... ။
Yu Thet
27.9.2026 (9:00 p.m - MMT)
https://t.me/theknowledgehub_YT
"တနင်္ဂနွေ ညနေခင်းရဲ့ တိတ်ဆိတ်မှုထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်လည် တည်ဆောက်ပါ"
နေဝင်ချိန်ရောက်ရင် စိတ်ထဲမှာ "ငါ လုပ်နိုင်ပါတယ်" ဆိုတဲ့ ယုံကြည်မှုကို ပြန်ပျိုးထောင်ပါ။
ပြီးခဲ့တဲ့တပတ်က ရှုံးခဲ့ရင်လည်း အဲဒါ ကျွန်မတို့ရဲ့ နိဂုံးမဟုတ်ပါဘူး၊ အမှားတစ်ခုကို အကျိုးရှိရှိ သင်ယူလိုက်ရုံပါပဲ။
ကျွန်မတို့မှာ သင်ခန်းစာတွေ ရှိသွားပြီ၊ အတွေ့အကြုံတွေ ရှိသွားပြီ။
ကိုယ့်ကိုယ်ကို အကဲဖြတ်မနေပါနဲ့တော့၊ ကျွန်မတို့ရဲ့ ခရီးစဉ်ကို ယုံကြည်ပါ။
ညနေခင်းရဲ့ ငြိမ်သက်မှုက ကျွန်မတို့ကို ပိုပြီး အေးဆေးရင့်ကျက်လာစေတယ် မဟုတ်လား ... ။
Yu Thet
27.9.2026 (6:00 p.m - MMT)
https://t.me/theknowledgehub_YT
"နောက်တစ်ပတ်မှာ ကျွန်မတို့ရဲ့ Account ကို မပျက်စီးစေချင်ရင် ဒီနေ့ နေ့လည်မှာ Plan ဆွဲပါ"
နေ့လည်ခင်းမှာ နောက်တစ်ပတ်အတွက် အေးအေးဆေးဆေး ပြင်ဆင်ပါ။ ဒါပေမဲ့ စိတ်တိုတိုနဲ့ မဟုတ်ဘဲ ခေါင်းအေးအေးနဲ့ ပြင်ဆင်ပါ။
ဘယ်နေရာရောက်ရင် Risk ဘယ်လောက်ပဲ ယူမလဲ ? ဘယ်လို အခြေအနေဆို မဝင်ဘူးလဲ ? ဆိုတဲ့ စည်းကမ်း (Trading Plan) ကို သေချာ ရေးဆွဲထားပါ။
Plan မရှိဘဲ တနင်္လာနေ့ စျေးကွက်တံခါးဖွင့်တာနဲ့ တိုးဝင်တဲ့ Trader ဟာ မိုက်ရူးရဲဆန်မှုနဲ့ တိုးဝင်တာနဲ့ အတူတူပဲ။
Plan က ကျွန်မတို့ကို မနက်ဖြန်မှာ ကာကွယ်ပေးပါလိမ့်မယ်။
Yu Thet
27.9.2026 (12:30 p.m - MMT)
https://t.me/theknowledgehub_YT
"တနင်္ဂနွေ မနက်ခင်းဟာ ကျွန်မတို့ရဲ့ စိတ်ကို ပြန်လည် အသစ်ပြင်ဆင်ရမယ့် အချိန်ပါဘဲ"
ဒီနေ့ မနက်မှာ Strategy တွေ၊ News တွေအကြောင်း ဘာမှ စဉ်းစားမနေပါနဲ့ဦး။
အပတ်စဉ် ကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ ဇဝေဇဝါ ဖြစ်မှုတွေကို ဒီမနက်ခင်း ကော်ဖီတစ်ခွက်နဲ့အတူ အဝေးကို လွှင့်ပစ်လိုက်ပါ။
စိတ်ကို လွတ်လွတ်လပ်လပ် ထားပါ၊ မနက်ခင်းရဲ့ အေးချမ်းမှုကို ခံစားပါ။
စိတ်အေးချမ်းမှုမရှိရင် ဘာ Analysis မှ မှန်မှာ မဟုတ်ပါဘူး။
ဒီနေ့ မနက်မှာ ကျွန်မတို့ရဲ့ စိတ်ဓာတ် (Energy) ကို ၁၀၀% ပြည့်အောင် ပြန်ဖြည့်လိုက်ပါဦး။
Yu Thet
27.9.2026 (8:00 a.m - MMT)
https://t.me/theknowledgehub_YT
"စနေညမှာ ဘာ စိတ်ဖိစီးမှုမှ ပိုက်မထားဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေ"
ဒီတစ်ပတ်မှာ မြတ်ခဲ့သည်ဖြစ်စေ၊ ရှုံးခဲ့သည်ဖြစ်စေ ပွဲက ပြီးသွားခဲ့ပါပြီ။
စနေနေ့ညဆိုတာ လွန်ခဲ့တဲ့ အပတ်က အမှားတွေအတွက် နောင်တရနေရမယ့် အချိန်မဟုတ်သလို၊ လာမယ့်အပတ်အတွက် ပူပန်နေရမယ့် အချိန်လည်း မဟုတ်ပါဘူး။
မျက်လုံးကို မှိတ်လိုက်ပါ၊ စိတ်ကို လွတ်ချလိုက်ပါ။
ကျွန်မတို့ရဲ့ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ်ကို အနားပေးလိုက်တာဟာ နောက်တစ်ပတ်မှာ ပိုမို ထက်မြက်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ခြင်းပါပဲ။
Yu Thet
26.9.2026 (9:00 p.m - MMT)
https://t.me/theknowledgehub_YT
Category
Contact the business
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when The Knowledge Hub by Yu Thet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.