Collab Tech

Collab Tech

Share

Your one-stop destination for all things technology.

Photos from Collab Tech's post 25/03/2023

Camera lens အတွက်သုံးပေးထားတဲ့ Glass ကပိုပြီးတော့ Durability ပိုင်းမှာအားနည်းနေတာလား

18/03/2023

Varcamp ဆိုတာဘာလဲ

Varcamp ဆိုတာကိုမပြောခင် ကျွန်တော်တို့ Barcamp ဆိုတာကိုအရင်ပြောပြဖို့တော့လိုမယ်ထင်တယ်။

Barcamp ဆိုတာကတော့ မတူညီတဲ့နယ်ပယ်အသီးသီးက ဝါသနာရှင် ပညာရှင် ဟိုးဆရာကြီးကနေ ပေါက်စအထိပါဝင်လို့ရပြီးတော့ Confrence တွေနဲ့ Wrokshop တွေနဲ့ Speaker တွေက Barcamper တွေကို ကိုယ့်ရဲ့အတွေ့အကြုံတွေကို Sharing လုပ်ပေးမယ် စုဝေးပွဲကြီးလို့ဘဲပြောရမယ်။

ကိုယ်တွေလို Barcamper တွေအနေနဲ့ကလည်း ကိုယ်ကြိုက်နှစ်သက်ပြီး စိတ်ဝင်စားတဲ့ Topic တွေကိုသက်ဆိုင်ရာအခန်းလိုက်ပြီး Workshop တွေလုပ်မလား Sharing လုပ်တာတွေနားထောင်မလား စတဲ့ Activities တွေလုပ်လို့ရတယ်။

Speaker လို့ပြောလိုက်ရင် တစ်သီးတစ်သန့်ကြီးဖိတ်ခေါ်ထားတဲ့ ဆရာကြီးတွေဘဲ မိန့်မိန့်ကြီးပြောပြီး ထိုင်နားထောင်ရတဲ့ပွဲလို့ထင်နေကြဦးမယ်။

Barcamp ရဲ့အနှစ်သာရဟာ ဘယ်သူမဆို Speaker အနေနဲ့ join လို့ရပြီးတော့ ကိုယ့်ရဲ့အတွေ့အကြုံတွေကို တက်ရောက်သူတွေကို Sharing လုပ်ပေးလို့ရတယ်။ ကိုယ့်နဲ့ ဝါသနာတူ နယ်ပယ်တူကလူတွေ Seniors, Juniors တော်တော်များများလာကြတဲ့အတွက် ကိုယ့်ရဲ့ Network အတွက်အများကြီးအကျိုးရှိစေတဲ့ ပွဲလို့ပြောရမယ်။

Covid ကြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ Barcamp ကို Online ကနေတစ်ဆင့် Virtual ပွဲအဖြစ်ပြောင်းလဲပြီး Varcamp အနေနဲ့ဖြစ်သွားပြီးတော့ Video Confrencing တွေကိုအသုံးပြုပြီး အရင် Barcamp ပုံစံအတိုင်းဘဲ Speaker တွေနဲ့ Varcamper တွေတစ်စုတစ်ဝေေးထဲ စုံစည်းနိုင်တဲ့ ပွဲတစ်ခု။

ကျွန်တော့အနေနဲ့ နည်းပညာလောကထဲကိုစဝင်ကာစ 2015 ခုနှစ်လောက်ကစပြီး Barcamp (Yangon) ကို Join ဖြစ်ခဲ့တယ်။ အတော်လေးကိုပျော်ဖို့လည်းကောင်းတယ် မိတ်ဆွေတွေဖွဲ့ရင်း Speaker တွေ Sharing လုပ်တာတွေလိုက်နားထောင် (အင်္ကျီတွေလိုက်ယူ :3) ခဲ့တာပေါ့ဗျာ။

လူငယ်အတွေအနေနဲ့ Join သင့်တဲ့ event တစ်ခုလို့ပြောလို့ရတယ်။ အသေးစိတ်ကိုတော့ https://var.camp/ မှာ ဝင်ပြီးဖတ်ကြည့်ပြီးတော့ စိတ်ဝင်စားလို့ join ချင်တယ်ဆိုရင်တော့ https://var.camp/attendee-registration/ ဒီလင့်မှာ ဝင်ပြီး အခမဲ့ Register လုပ်ပြီး Join လို့ရပါပြီ။

image credit to varcamp

18/03/2023

ကျွန်တော့အတွက် Samsung ရဲ့ Lineup တွေထဲမှာမှ သဘောမကျဆုံးနဲ့ ပေးရတာနဲ့သိပ်ပြီးတန်မနေဘူးလို့ခံစားရစေတဲ့ Lineup ဆို Galaxy A54 လို့ဘဲပြောရမလား။ ဘယ်လိုမျိုးမှန်းကိုမသိတာ :3

Photos from Collab Tech's post 13/03/2023

Camera Design အသစ်၊ 8GB Ram နဲ့ Hand-on ပုံရိပ်များပေါက်ကြားလာတဲ့ Google Pixel 7a

ဒီအပတ် ထွက်လာတဲ့ Hand-On Leak အရ Google ရဲ့ Budget ဖုန်းဖြစ်တဲ့ Pixel 7a မှာတော့ Ram Upgrade လုပ်တယ်ဆိုတဲ့သတင်းဟာ သေချာသွားပြီဘဲဖြစ်ပါတယ်။

Zing News လို့ခေါ်တဲ့ Website ကနေပြီးတော့ Pixel7a ရဲ့ Hardware ပုံရိပ်တွေကို အသေးစိတ်ရိုက်ပြထားတဲ့ ဓာတ်ပုံတွေနဲ့ Leak လုပ်ခဲ့တာဘဲဖြစ်ပါတယ်။

ဒီနှစ်ရဲ့ အဓိက ပြောင်းလဲသွားတာကတော့ အခုထွက်ရှိမယ့် Pixel 7a ဟာ Pixel 7 အတိုင်း Camera Bar နဲ့ထွက်ရှိလာမှာဘဲဖြစ်ပါတယ်။ Buzel တွေကတော့အရင်နှစ်ကအတိုင်းဘဲ မပြောင်းလဲတာကိုတွေ့ရတယ်။

အခုထွက်ရှိလာတဲ့ Leak အရ ဖုန်းကို Boot Up လုပ်ရုံသာရခဲ့ပြီးတော့ Fastboot ရဲ့အချက်အလက်တွေအရ 128GB Storage, 8GB Onboard Ram ထည့်သွင်းပေးထားတာကိုတွေ့မြင်ရမှာဘဲဖြစ်ပါတယ်။ 90Hz Display ပါဝင်တယ်ဆိုတာကိုလည်း Original Owner က Confirm လုပ်ပေးထားပါသေးတယ်။

10/03/2023

Messenger Application သွင်းစရာမလိုတော့မယ့် Facebook

လွန်ခဲ့တဲ့ 9 နှစ်လောက်ကတည်းကစပြီး Facebook နဲ့နီးစပ်တဲ့လူဆိုရင်တော့ ဒါကိုတစ်သီးတစ်သန့်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လို့ဆိုလို့ရ​မယ့် အချိန်မှာ Facebook နဲ့ Messenger ဟာတစ်ပါးတည်းဆိုတာကိုကြိမ်ပြောစရာဖြစ်ကောင်းဖြစ်နေလိမ့်မယ်။

ဒါပေမယ့် 2000 နောက်ပိုင်းအတော်များများဟာ Facebook နဲ့ Messenger တူတွဲပြီးမြင်တွေ့ခဲ့ရတာမျိုးမဟုတ်ခဲ့တဲ့အတွက် ဒါကိုအထူးတလည်ရှင်းပြရမယ်ထင်တယ်။

ဟဲဟဲ ....။ ဟိုးအရင်တုန်းကကိုကြီးတို့ခေတ်တုန်းကပေါ့ကွယ်။ Facebook​ Applicaiton ရှိရုံနဲ့ Messenger ပါသုံးလို့ရသကွဲ့။

ဟဲဟဲ ထားပါတော့ အရင်ကတည်းက အတူတကွသုံးလို့ရနေတဲ့ Facebook ကသူတို့ရဲဲ့ Message ပို့တဲ့စနစ်ကို လွန်ခဲ့တဲ့ ၉ နှစ်လောက်က Messenger ဆိုပြီး Application တစ်ခုအနေနဲ့ခွဲထုတ်ခဲ့ပေမယ့် အခုချိန်မှာတော့ Twitter Applicaiton တစ်ခုထဲမှာဘဲ Message ရော Newfeed လိုမျိူးပြန်လည် ပေါင်းထည့်ပေးတော့မှာဘဲဖြစ်ပါတယ်။

ထူးဆန်းလားဆိုတော့။ မထူးဆန်းပါဘူး Facebook ဟာ ဗမှားပြည်မှာဘဲ B2B B2C အသုံးအများဆုံးဖြစ်ပေမယ့် Internation မှာတော့ တခြားသော Platform တွေသုံးနေခဲ့တဲ့အတွက် ဒါကတော့အထူးခြားဆုံးအပြောင်းအလဲနေနဲ့ မြန်မာပြည်မှာဘဲဖြစ်လိမ့်မယ်ထင်တယ်။ ကျွန်တော့်အနေနဲ့ဒါမျိုးကိုတော့သဘောကျတယ် တစ်သီးတစ်သန့်ကြီးသွင်းစရာမလိုတော့ဘူးလို့ထင်တယ်ပိုပြီး Productive ဖြစ်လာလိမ့်မယ်လည်းထင်တယ်။

ခင်ဗျားတို့ရောအရင်ခေတ်ကလိုမျိုး Application တစ်ခုထဲကနေပြီးတော့ Newfeed ရော Messenger ရော Access ရမယ်ဆိုရင်ဘယ်လိုခံစားရလဲဗျ။

09/03/2023

ပထမကတော့ Video လေးလုပ်မယ်ဆိုပြီးစဉ်စားထားပေမယ့်။ လူကဂိနေတာနဲ့ စာနဲ့ဘဲ လက်ရှိသုံးနေတဲ့ JBL အကြောင်းလေးပြောပြပါ့ရစေ။

စနေကျအတိုင်း ဒီဇိုင်းပိုင်း မှာတော့ ရိုးရိုးရှင်းရှင်းနဲ့ လူငယ်ဆန်တယ်။ ကျွန်တော့လိုမျိုး ရိုးရိုးရှင်းရှင်းကြိုက်တတ်တဲ့လူဆို အဆင်ပြေတယ်ပြောရမယ်။ အရမ်းပြောင်ချောချောကြီးဖြစ်မနေဘဲနဲ့ အငြိမ်လေးသွားတယ်။ ထူးထူးခြားခြားပြောစရာတော့မရှိပါဘူး။ Charging အတွက် LED Indicator လေးပါမယ်။ Logo လေးပါမယ် ဒါဘဲ။ အရင် Version တွေထပ်ပိုပြီး Compact ဖြစ်တဲ့ဘက်သွားတယ်။ လက်ထဲမှာ သေးသေးလေး ဒါပေမယ့်ကျစ်တဲ့ထဲတော့မပါဘူး ကိုင်ကြည့်ရင် နည်းနည်းဖွာတယ်လို့ထင်ရတယ်။ Color အနေနဲ့ ပန်းရောင် အနက်ရောင် အဖြူရောင်နဲ့ အပြာရောင်ဆိုပြီးရွေးချယ်လို့ရတယ်။ သူ့ Color တွေက အမှိုင်းဘက်ကိုသွားတယ်။ အဲ့အရာကဘဲကျွန်တော့ကို မျက်စိကျစေတယ်။ Sweatproof (IPX2) ဖြစ်တဲ့အတွက် အတော်လေးလည်း Durability ပိုင်းကောင်းတယ်။

နောက်တစ်ချက်ကအတော်လေးကိုပေါ့တယ်။ နားထဲထည့်ထားချိန်ဆို တပ်လို့တပ်ထားမှန်းမသိရအောင်ကိုပေါ့တယ်။ Perfect Fit ဖြစ်တယ်။ ဒါပေမယ့် ဘယ်လောက်ဘဲ Perfect ဖြစ်ဖြစ် တပ်ချိန် 5 နာရီကျော် 6 နာရီဝန်းကျင်ဆိုရင်တော့ နားတော့နည်းနည်းနာသေးတယ်။ however ဒါကတော့လက်ခံလို့ရတာဘဲ။

Battery Life ကတော့ Official မှာတော့ 6hr လို့ပြောထားပေမယ့် 8 နာရီအောက်ခံတယ်လို့ပြောလို့ရတယ်။ Chargining Case ကလည်း 20+ hour သွင်းလို့ရတယ်ဆိုတော့ အတော်လေးကို အားခံတယ်လို့ပြောလို့ရတယ်။ နောက်အချက်က အားအကုန်ကုန်နေရင်တောင်မှ 10min လောက်အားသွင်းပြီး တစ်နာရီဝန်းကျင်လောက်သုံးလို့ရတယ်။ Thumb Up ပါ။

JBL Deep Bass ကြောင့် Bass သံပိုင်းမှာအတော့်ကိုအားရဖို့ကောင်းတယ်။ Dual Connect Technology, Connectivity ပိုင်းမှာ Bluetooth 5.2 Technology ကိုသုံးထားတဲ့အတွက် Smooth ဖြစ်တယ်။ Voice Assistant ရတာက အားသာချက်တစ်ခုလို့ပြောရမယ်။ Touch Control နဲ့ Play/Pause, Next/Previous Track, Pickup/ Hang up, Mute/Unmtue စတာတွေ control လို့ရတယ်ဆိုပေမယ့်လို့ ကျွန်တော်ကတော့ သိပ်ပြီးတော့မသုံးဖြစ်ဘူး။

Overall အရဆိုရင်တော့ သူ့ရဲ့ Sound Quality ပိုင်းမှာ JBL ကဆိုတဲ့အတွက်အရမ်းကြီးပြောစရာမရှိဘဲနဲ့ မျှော်လင့်ထားလိုမျိုး Quality ကိုရတယ်။ မကြိုက်တဲ့အချက်ဆို ကိုင်ရတဲ့ Feel က ဖွာတာတာကြီးဖြစ်တာကလွဲလို့ Look, Feel တွေကလုံးဝမိုက်တယ်။ ဈေးနှုန်းအနေနဲ့ ၂ သိန်းပတ်ချာလည်ကျသင့်တယ်ဆိုတော့ Mid Range ထဲလို့ပြောရမယ်။ အရမ်းကြီးတော့ Budget အရမ်းမဖြစ်ဘူး။ အဲ့အောက်မှာရွေးချယ်စရာတွေအများကြီးရှိသေးတယ်။ ဒါပေမယ့် JBL Wave 300 TWS ကလည်းရွေးချယ်သင့်တဲ့ Earbuds တစ်ခုလို့ဘဲပြောရမယ်။

04/03/2023

Foldable ဈေးကွက်မှာ Samsung အတွက်ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ Honor

Android လို့ပြောလိုက်ရင် ပထမဆုံး စိတ်ထဲပေါ်လာတာဟာ Samsung ဆိုတာကတော့ငြင်းလို့ရပါဘူး။ ယခင်တုန်းက Huawei နဲ့ Samsung ဟာ သူတစ်ပြိုင်ကိုယ်တစ်ပြိုင် Android လောကကိုဦးဆောင်ကြခဲ့ကြပေမယ့် Huawei ကို US Senction ပြုလုပ်ပြီးနောက်ပိုင်းမှာ Samsung ဟာ Android လောကကို ပြိုင်ဘက်မရှိဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတောင်ကိုရီးယား Tech Giant ကြီးအတွက် ပြိုင်ဘက်ကောင်းဖြစ်လာနိုင်မယ့် သူပေါ်လာခဲ့ပါပြီ။ Honor ရဲ့ CEO Zhao Ming ဟာ MWC 2023 မှာ သူတို့ရဲ့ ကုမ္ပဏီ Goal ဖြစ်တဲ့ ကမ္ဘာ့ Smarphone ဈေးကွက်ကိုဦးစားပေးယှဉ်ပြိုင်သွားမယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ သူ့အနေနဲ့ဘယ်သူ ဘယ်ဝါလို့ ထုတ်မပြောသွားပေမယ့်လည်း ယခု Andoid လောကရဲ့ အကြီးမားဆုံးကုမ္ပဏီဟာ Samsung ဆိုတာကတော့သေချာပါတယ်။

Honor Smarphone Brand ဟာ Shenzhen's မြူနီစပယ်အစိုးရ လက်အောက်ခံ Brand ဖြစ်ပြီးတော့ ယခုနောက် Smartphone တွေမှာပိုမိုကောင်းမွန်တဲ့ Battery Life တွေ၊ Communitcation တွေ၊ Photography, Display နဲ့ AI ပိုင်းတွေမှာအများကြီးတိုးတက်လာတဲ့ Brand တစ်ခုဘဲဖြစ်ပါတယ်။

မကြာသေးမှီကဘဲ Honor ဟာ Magic 5 နဲ့ Magic 5 Pro တို့ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ပြီးခဲ့တြ့ MWC 2023 မှာလည်း Samsung ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Honor အပါအဝင်အခြားသော Brand တွေဟာ Announcements များများစားစားနဲ့ နည်းပညာအသစ်တွေအများကြီးချပြခဲ့ပေမယ့် Samsung အနေနဲ့ Galaxy S23 Series နဲ့ Galaxy Book3 Laptop တို့ကိုသာချပြခဲ့ပါတယ်။

Samsung အနေနဲ့တော့ ကမ္ဘာ့ Smartphone လောကမှာ ပြိုင်ဘက်အသစ်တစ်ခုတိုးလာမှာတော့အသေအချာပါဘဲ။

04/03/2023

အံ့အားသင့်ဖွင့်များနဲ့ပြည့်နှက်နေပေမယ့် မျှော်လင့်မထားသင့်တဲ့ Rollable Phones

နောက်ပိုင်း Mobile Era မှာ Phone တွေဟာ သမာရိုးကျမှ ကွဲထွက်ပြီး ပိုပြီးဆန်းပြားတဲ့ Shape Shifting ပြုလုပ်နိုင်တဲ့ဖုန်းမျိုးတွေကို Tech Giant ကြီးတွေကအပြိုင်အဆိုင်ချပြလာကြပါတယ်။ ဒီ Tech Giant တွေထဲကတစ်ခုဖြစ်တဲ့ Motorola ကုမ္ပဏီဟာလည်း MWC (Mobile World Congress) မှာသူတို့ရဲ့ Shapeshifting Prototypes ဖုန်းတစ်လုံးဖြစ်တဲ့ Screen ချုံ့ချဲ့ ပြုလုပ်နိုင်တဲ့ Rollable Phone ကိုချပြသွားခဲ့ပါတယ်။

နည်းပညာအသစ်များဖြစ်တဲ့အလျှောက် စိတ်ဝင်စားဖွယ်များနဲ့ပြည့်နှက်နေပမယ့်လည်း တကယ့်လက်တွေ့ဘဝအတွက် အားနည်းချက်တွေများနေဆဲဖြစ်ပြီး အဆင်သင့်မဖြစ်သေးတဲ့ နည်းပညာအဆင့်မှာသာရှိနေပါသေးတယ်။

ဈေးနှုန်းမြင့်မားခြင်း၊ အကြမ်းခံခြင်းနဲ့ တကယ့်လက်တွေ့ဘဝအတွက်အခြေခံ Use cases တွေအတွက်ဆင်သင့်မဖြစ်တာ စတဲ့အားနည်းချက်တွေရှိနေဆဲပါဘဲ။ ဒီလိုအားနည်းချက်တွေကြောင့်လည်း ဒီ Concepts Devices တွေဟာ Real Life Product အနေနဲ့ထွက်လာဖို့အတွက်ကို အတော်လေးကို အချိန်လိုသေးတယ်လို့ပြောလို့ရတယ်။ တကယ်လို့ထွက်လာခဲ့ရင်တောင်မှ အပေါ်ကအားနည်းချက်တွေကြောင့် ချက်ချင်းမဝယ်ယူသင့်သေးဘဲနဲ့ အချိန်တစ်ခုစောင့်သင့်ပါသေးတယ်။

04/03/2023

အနာဂတ်ဖုန်းတွေမှာ eSIMS နေရာအစားထိုးဝင်ရောက်လာနိုင်တဲ့ iSIMS

ပြီးခဲ့တဲ့နှစ်တွေအထိ ဖုန်းကုမ္ပဏီတော်တော်များများဟာ Physical SIMS card တွေအစား eSIMS လို့ခေါ်တဲ့ ဖုန်းအတွင်း SIMS Card ကို Embedded လုပ်တဲ့နည်းပညာကိုအစားထိုးအသုံးပြုလာကြပါတယ်။ ဒီလိုအသုံးပြုခြင်းအားဖြင့် Sims Card Service Provider တစ်ခုနဲ့တစ်ခုအပြောင်းအလဲလုပ်တဲ့အချိန်မျိုးမှာ အရင်တုန်းကလိုမျိုး Physical Sims card ထုတ်ဖို့အတွက် Pin လိုက်ရှာစရာမလိုအပ်တော့ဘဲ Phone Setting ထဲကနေအလွယ်တကူပြောင်းလဲနိုင်မှာဘဲဖြစ်ပါတယ်။

Qualcomm ဟာ eSIMs နည်းပညာကိုအစားထိုးအသုံးပြုနိုင်မယ့် iSIM နည်းပညာကို Snapdragon 8 Gen 2 မှာစတင်ထည့်သွင်းအသုံးပြုသွားမယ်လို့သိရပါတယ်။

eSIMs နဲ့ iSIMs ကွာခြားချက်ကတော့ eSIMs ကဖုန်းအတွင်းတစ်နေရာရာမှာထည့်သွင်းပေးရတာဖြစ်ပြီးတော့ iSIMs ကတော့ Phone ရဲ့ Processor မှာထည့်သွင်းပေးထားနိုင်မှာဘဲဖြစ်ပါတယ်။ အဲ့လို Phone Processor အတွင်းထည့်သွင်းပေးနိုင်တဲ့အတွက် ပိုပြီးတော့ ကုန်ကျစရိတ်ပိုမိုလျှော့နည်းလာပြီး အသုံးပြုသူတွေအတွက်လည်းပိုပြီးအဆင်ပြေစေနိုင်တယ်လို့ဖော်ပြပေးထားပါတယ်။

အနည်းဆုံးတော့သွားကြာားထိုးတံတွေနဲ့ထိုးပြီး SIMs Tray မှာကျန်ခဲ့တဲ့ဒုက္ခကင်းရတော့မှာပါ။

02/03/2023

Pixel Phone တွေကိုအလိုလျှောက် Reboot ဖြစ်သွားစေမယ့် Youtube Video

ခင်ဗျားတို့ "The Ring" ဆိုတဲ့ Horror Movie ကြည့်ဖူးကြတယ်မှတ်လား။ အဲ့ဇာတ်ကားထဲမှာ Creepy Video တစ်ခုကိုကြည့်လိုက်မိတဲ့လူတိုင်းဟာ (၇) ရက်နေ့မြောက်ကျရင် ထူးဆန်းစွာသေဆုံးသွားကြရတယ်။ အခုလည်းအဲ့လိုပါဘဲ ၁၉၇၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ "Alien" ဇာတ်ကားထဲကဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ Video (Comment မှာ Link ထည့်ပေးထားပါတယ်) ကိုကြည့်လိုက်တဲ့အချိန်တိုင်းမှာ Google Pixel Phone တွေဟာအလိုအလျှောက် Reboot ဖြစ်ဖြစ်သွားပါတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီဖြစ်ရပ်ကို "OGPixel5" အမည်ရှိ လူတစ်ယောက်ဟာ Google Pixel 6, 6a, Pixel 7 တို့ကိုအသုံးပြုစမ်းသပ်ကြည့်တဲ့အချိန်တိုင်းမှာ Reboot ဖြစ်ဖြစ်သွားတယ်လို့ Google Pixel Subreddit မှာရေးသားဖော်ပြထားပါတယ်။ တစ်ချို့သော Pixel User တွေကလည်း Reboot ဖြစ်ရုံတင်မဟုတ်ဘဲနဲ့ Reboot ဖြစ်ပြီးနောက်ပိုင်းမှာလည်း ဖုန်းလိုင်းမမိတာမျိုးတွေဖြစ်တတ်ပြီး နောက်တစ်ကြိမ် Reboot ပြုလုပ်ပေးဖို့လိုအပ်တယ်လို့လည်းဖော်ပြထားပါတယ်။

ယခုလိုဖြစ်ရပ်မျိုးဟာပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။ 2020 ခုနှစ်က ကျိန်စာသင့် Wallpaper လို့နာမည်ကြီးခဲ့တဲ့ ဖြစ်ရပ်မျိုးလည်းကြုံခဲ့ရပါသေးတယ်။ (Wallpaper Link ကိုတော့ Comment မှာဖော်ပြပေးသွားပါ့မယ်။) ဒီကျိန်စာသင့် Wallpaper ကို မိမိိဖုန်းမှာ Wallpaper အဖြစ်ထားမိခဲ့ရင် မအိမိရဲ့ Phone ကို Crash ဖြစ်သွားစေမှာဘဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးဟာ Google's Exynos Drived Tensor Soc တွေမှာဖြစ်လေ့ရှိတာ တွေ့ရပေမယ့် Exynos အသုံးပြုထားတဲ့ Samsung တွေမှာတော့ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။

ကဲ Pixel ကိုင်ထားတဲ့လူများရှိခဲ့ရင် စမ်းကြည့်ပြီးတော့ Comment မှာအတွေ့အကြုံလေးတွေမျှဝေပေးသွားနိုင်ပါတယ်။

02/03/2023

Emoji အသစ်တွေပါဝင်လာမယ့် Apple ရဲ့ iOS 16.4 Public Beta

ဒီနေ့မှာတော့ Apple ဟာ သူတို့ရဲ့ Second Beta တွေဖြစ်တဲ့ iOS 16.4 iPadOS 16.4 တို့ကို Public Beta အဖြစ်ထုတ်ပေးလိုက်ပြီဘဲဖြစ်ပါတယ်။ Public Beta ဆိုတာကတော့ Non Developer မဟုတ်တဲ့လူတွေအတွက် Software တွေကိုစမ်းသပ်အသုံးပြုနိုင်ဖို့အတွက် ထုတ်ပေးတဲ့ Version တစ်မျိုးဘဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ Apple ဟာ First Public Beta ထုတ်ပြီးပြီးချင်း ဒုတိယမြောက်အပတ်မှာဘဲ Second Beta ကိုထုတ်ပေးခဲ့တာဘဲဖြစ်ပါတယ်။ ဒီ iOS 16.4 မှာတော့ Emoji Character အသစ် (ပုံတွင်ဖော်ပြထားပါသည်) တွေပါဝင်လာမှာဖြစ်ပါတယ်။ နောက်ပြီး Safari Web Push Notification လည်းပါဝင်လာမှာဖြစ်ပြီးတော့ ကျွန်တော်တို့ Mac မှာအသုံးပြုတဲ့အတိုင်း အသုံးပြုလို့ရမှာဘဲဖြစ်ပါတယ်။

02/03/2023

Samsaung Galaxy Z Fold 4 ထပ် ထက်ဝက်နီးပါး ဈေးသက်သာမယ့် "Techno Phantom V Fold"

Foldable ဈေးကွက်ကပိုပြီးတော့ အပြိုင်အဆိုင်များလာတာနဲ့အမျှ ဈေးတွေကပိုပြီးတော့နည်းသထပ်နည်းလာကြတတယ်။ MWC 2023 မှာတော့ Techno ဟာ Samsung ရဲ့ Galaxy Z Fold နဲ့ဆင်တူဖြစ်တဲ့ Phantom V Fold ဆိုတဲ့ Foldable ကို ထက်ဝက်သက်သာတဲ့ဈေးနဲ့ မိတ်ဆက်သွားခဲ့ပါတယ်။

$1099 နဲ့စတင်ရောင်းချသွားမယ့် ဒီ​ "Techno Phantom V Fold" ဟာ "Qualcomm" အစား "MediaTek's Dimensity 9000+ Chipset" ကိုအသုံးပြုပေးထားတယ်။ Qualcomm Chip ကိုမသုံးထားပေမယ့် Oppo's Find N2 Flip မှာအဆင်ပြေပြေသုံးပြသွားတာကိုတွေ့ရတယ်။ ဒီ Chip နဲ့အတူ RAM 12GB, UFS 3.1 Storage 256GB ဒါမှမဟုတ် 512 GB ဆိုပြီးတော့ ရွေးချယ်စရာရှိတယ်။ Android 13 ကို Outofthebox ကို Techno Skin နဲ့ရမယ်။

Spec တွေကတော့ရွတ်ပြမနေတော့ဘူး။ ပြောစရာ​ရှိတာက ဈေးနည်းတိုင်းရောတကယ်ကောင်းမှာလား။ ဘာလို့ဒီလိုမေးခွန်းမျိုးမေးရတာလဲဆိုရင် Techno ရဲ့ UI ဟာအတော့ကိုရွဲတဲ့ထဲကိုပါတယ်လို့ပြောလို့ရတယ်။ ဒီနေရာမှာ Samsung ရဲ့ UI ကအသာကြီး။ Oppo တို့ Huawei တို့ဆိုတာလည်း UI ကသူ့ဟာနဲ့သူအဆင်ပြေတဲ့အဆင့်ကိုရောက်နေပြီ။ ဒါပေမယ့် Techno ရဲ့ UI ကတကယ်ရော Foldable Phone တွေအတွက်အဆင်သင့်ဖြစ်ရဲ့လား။ နည်းပညာကရော အဆင်သင့်ဖြစ်ပြီလား။

Foldable Phone တွေကိုဈေးသက်သက်သာသာနဲ့ ထွက်လာစေချင်တာမှန်ပေမယ့် ကျွန်တော့ Personal အမြင်အရတော့ Techno Phantom V Fold ကိုတော့နည်းနည်းသံသယဝင်မိတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Phoeyarzar Street Lanmadaw Tsp
Yangon
11131