NGWE KYAL

NGWE KYAL

Share

Online Shopping & Good Product Quality and Customer satisfaction for buying our online shop.�

08/01/2026
08/01/2026

ဘုရား ပန်းလှူခြင်း🌹🌹🌹
🌹🌹🌹🌹🌹
ပန်းလှူရခြင်းအကျိုး
~~~~~~~~~~~~
၁။ရုပ်ရည်အဆင်းလှပခြင်း၊

၂။ကိုယ်ခန္ဓာ သန့်ရှင်းခြင်း၊

၃။စည်းစိမ်ဥစ္စာကြွယ်ဝခြင်း၊

၄။ရာထူးကြီးမားခြင်း၊

၅။အပါယ်ဘေးမှလွတ်ခြင်း၊

(အပါဒါန၊ဒု၊၁၉၄အပါဒါန၊ပ၊၁၇၈)


ပန်းအလှူရှင်များကောင်းကျိုးခံစားပုံသာဓကတွေကတော့
ကဿပ ဘုရားရှင်လက်ထက်က အမျိုးသမီးလေးဦးသည်
ဆွမ်းခံကြွမြန်းသည့် ရဟန်းတော်အား
အလွန်လှပသော ပန်းများကို သဒ္ဓါတရား ထက်သန်စွာဖြင့်
ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထိုပန်းအလှူရှင်အမျိုးသမီးတို့သည် ပန်းကိုလှူဒါန်းခဲ့ကြသော
ကုသိုလ်ကောင်းမှုကြောင့်
တာဝတိ ံသာနတ်ပြည်မှာ နတ်စည်းစိမ်ချမ်းသာကို
ကြီးကျယ်ခမ်းနားစွာ ခံစားကြရလေသည်။
ထိုတာဝတိ ံသာနတ်ပြည်မှာပင် ဘဝများစွာ
ဆက်လက်ကျင်လည်ရပြီး
ဂေါတမ ဘုရားလက်ထက်တော်တွင်
နတ်သမီးဘဝဖြင့်တရားတော်နာယူကြကာ
သောတာပန်ဖြစ်ကြလေသည်။

(ဝိမာန၊ဋဌှ၊၁၇၉)့

" ပစ် မထားပါနဲ့ "
~~~~~~~~~~~~~
ကိုရင်ဆိုတာ သာသနာ့ မျိုးစေ့တွေ
ရဟန်းဆိုတာ
သာသနာ့ သစ်ပင်တွေ ဖြစ်ပါတယ် ။

သာသနာ့ သစ်ပင် ရဟန်းတော်တွေ
များပြားလေလေ လောကကြီး
အရိပ်ရလေလေ
အေးမြလေလေ ဖြစ်ပါတယ် ။

သာသနာ့သစ်ပင် ရဟန်းတွေ
ရှင်သန်စေဖို့ မပျက်စီးစေဖို့
ပြုစုခြင်း စောင့်ရှောက်ခြင်း
လှူဒါန်းခြင်း ပြုကြရမှာ ဖြစ်သလို

သာသနာ့မျိုးစေ့ ကိုရင်တွေ
ရှင်သန်စေဖို့ မပျက်စီးစေဖို့
ပြုစုခြင်း စောင့်ရှောက်ခြင်း
လှူဒါန်းခြင်း ပြုကြရမှာ ဖြစ်ပါတယ် ။

မျိုးစေ့ကောင်းရှိမှ
သစ်ပင်ကောင်းဆိုတာ ဖြစ်လာတာ ။
ကိုရင်ပျောက်ရင် ရဟန်းပျောက်မယ် ။
ရဟန်းပျောက်ရင် သာသနာပျောက်မယ် ။
သာသနာပျောက်ရင် ဆင်းရဲကြမယ် ။

ဒါ့ကြောင့် သာသနာ့မျိုးစေ့နဲ့ တူသော
"ကိုရင်များကို ပစ်မထားပါနဲ့"
ဘုန်းဘုန်းကျောင်းမှာ သာရေးနာရေး
ဘယ်လိုပွဲ ရှိရှိ ကိုရင်တွေကို
လှူပါ ဘယ်လောက် လှူရမယ်
မပြောလိုပါဘူး ။
စွမ်းနိုင်သလောက်သာ လှူပါဟု
ဒါယကာ ဒါယိကာမများကို
အထူးတိုက်တွန်းရပါတယ် ။
Credit အရှင်ဉာဏာဝုဓ { ဉာဏရောင်ခြည် }

29/12/2025

2026 မှာ ထောပတ်ဆီမီး ပြန်ပူဇော်ဖို့ ဝယ်ယူကြလို့ ကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏

10/08/2025

တစ်နှစ်မှ တစ်ကြိမ် အထူလျော့ဈေးလေးပါ

Photos from NGWE KYAL's post 22/07/2025

ပိုက်ဆံအိတ်‌တွေ ဟောင်းနေရင် ငွေမစုမိပဲဖြစ်တက်ပါတယ်ရှင့် အဝါရောင်အိတ်လေး တွေ ဟောင်းနေလို့ အသစ်လဲ ချင်သူများ သို့မဟုတ် အခုမှ စ၀ယ်ယူသူများအတွက်
09-250315928
အဝါရောင်ငွေအိတ် အကျိကျေးဇူး
ငွေမြဲစေခြင်း
၀င်ငွေတိုးစေခြင်း
ထွက်ငွေနဲစေခြင်း
အသုံးလိုလို့ ထုတ်သုံးရင်လဲ ဒီထက်မကသောငွေများ ပြန်၀င်လာစေပါသည်
Credit ဆရာမဟန်ဟန်

Photos from NGWE KYAL's post 29/04/2025

ထောပတ်ဆီ 50 သား 10000
10 ဘူးဈေး 9500

14/03/2025

🙏 ခန္တီစေတီ ပုတီးစိပ်နည်း 🙏
======================

စေတီပုံပါ အချက်အလက်များ
(၁) ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
(၂) ဓမ်မံ သရဏံ ဂစ်ဆာမိ
(၃) သံဃံ သရဏံ ဂစ်ဆာမိ
(၄) အရဟံ
(၅) သမ္မာ သမ္ဗုဒ္ဓေါ
(၆) ဝိဇ္ဇာ စရဏသမ္မန္နော
(၇) သုဂေတာ
(၈) လောကဝိဒူ
(၉) အနုတ္တရော ပုရိသ ဓမ္မ သာရထိ
(၁၀) သတ္ထာ ဒေဝ မနုဿနံ
(၁၁) ဗုဒ္ဓေါ
(၁၂) ဘဂဝါ
(၁၃) အနိစ္စ (ရုပ်နာမ် )
(၁၄) ဒုက္ခ (ရုပ်နာမ် )
(၁၅) အနတ္တ (ရုပ်နာမ် )
(၁၆) ပုဒိအာ အာဒိပု

အထက်ပါအချက် ၁ မှ ၁၆ သည် စေတီတော်ပုံပါ အချက်အလက်များ ဖြစ်ပါသည်။

(၁)သည် စေတီတော်၏ပလ္လင်တော်ဖြစ်၍ (၁၆) သည် စိန်ဖူးတော်ကို ကိုယ်စားပြုပါသည်။

စေတီတော်စတည်တော့မည်ဆိုလျှင် အောက်ခြေ ပလ္လင်တော် (၁) မှ စ၍ စိပ်ရမည်ဖြစ်ပါသည်။ တစ်ရက်လျှင် တစ်ဆင့်သာ စိပ်ပါ။ (၁၆) ဆင့်အထိ ရက်ပေါင်း (၁၆) ရက်တွင် စေတီတစ်ဆူပြီးပါသည်။ မိမိလိုချင်တဲ့ ဆုတစ်ခုသာတောင်းပေးရမှာဖြစ်ပါတယ်။

စေတီတော်သည် ၁၆ ဆင့်ရှိသည်။ တစ်ဆင့်လျင် (၁၀) ပတ် ၁၆ ဆင့်လျင် စုစုပေါင်း (၁၆၀) အပတ်ပေါင်းစိပ်ရပါမည်။ ၁၆၀ ပတ် ပြီးလျင် စေတီတစ်ဆူ တည်ပြီး မည်ဖြစ်သည်။

စေတီအဆူပေါင်း မိမိအသက်နှင့်အမျှ သက်စေစိပ်ပြီးလျှင် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ပေးသည်မည်၏။

၎င်းပုတီးစိတ်နည်းကို ပလ္လင်တော်အောက်ခြေမှ အဆင့်(၁) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စ၍စိပ်ပေးရပါမယ်။ တစ်ရက်လျှင် တစ်ဆင့်သာ စိပ်ပါ။

၎င်း ပုတီးစိတ်နည်းသည် ရတနာသုံးပါး၊ ဂုဏ်တော်ကိုးပါး၊ လက္ခဏာသုံးပါး၊ ဉာဏ်တော်စဉ်သုံးပါး တည်းဟူသော သမထ ဝိပဿနာနှစ်ဖြာတို့ကိုပေါင်း၍ ပွားများစိတ်ရခြင်းကြောင့် အသက်ရှည် ကျန်းမာခြင်း၊ သွေးသားစင်ကြယ်ခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်း အစရှိသော အကျိုးတရာများကို ရှိစေပါသည်။

စေတီ ၁၀၈ ဆူ တည်နိုင်လျှင် ထွက်ရပ်ပေါက်များနှင့် တွေ့ဆုံရတတ်သည်။ ဤနည်းကို သမာဓိတည် ယုံကြည်စွာ စိပ်ပါ လက်တွေ့အကျိုးပေးပါမည်။

တစ်ဆူတည်ပီးတိုင်ဘုရားအနေကဇာတင်ပေးပါကပိုပီးကုသိုလ်ထူးပါမည်။

မိမိ နှလုံးသားမှာ စေတီတည်ပါ
ရည်ညွှန်း - မနောမယ

#မင်းသိင်္ခ
#ခန္တီစေတီပုတီးစိပ်နည်း
credit

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11052