Lifecare
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lifecare, Medical and health, Yangon.
17/05/2024
World Hypertension Day အထိမ်းအမှတ်အဖြစ် Webinar on “ Overcoming the Challenges in the Management of Hypertension “ အား တက်ရောက်နိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
Webinar ID - 874 1369 6838
Passcode - Microlife
ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် ပညာပေးပြောကြားမှု
ပါမောက္ခဦးမြင့်ဟန်
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့
20/07/2022
UVC Sterilization Box
တကိုယ်ရည်သုံး ပစ္စည်းများ ပိုးသတ်ချင်သူအတွက် အထူးသင့်လျော်ပါသည်။
😷 Mask ပါးစပ်နှာခေါင်းစည်း
😎 မျက်မှန်
💫 လက်ဝတ်ရတနာ
💸 ပိုက်ဆံ
🔑 သော့
⌚ နာရီ
📱 ဖုန်း
ရန်ကုန်မြို့အတွင်း အိမ်အရောက်ပို့ မှာယူနိုင်ပါသည်။
19/07/2022
သွေးပေါင်ချိန်ထိန်းရန်
----------------------------
“ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်“ ဟူသောစကားအတိုင်း ယနေ့ခေတ်တွင်အဖြစ်များလာသော သွေးတိုးရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ☝️
သွေးတိုးရောဂါသည် သာမန်အားဖြင့် ရောဂါလက္ခဏာ ပြလေ့မရှိပဲ နှလုံးရောဂါ၊ လေဖြတ်ခြင်းစသည်တို့ ခံစားရမှသာ သိရှိရလေ့ရှိသည်။ ထို့ကြောင့်လည်း "အသံတိတ်လူသတ်သမား" ဟုခေါ်ကြသည်။ သွေးတိုးရောဂါ ထိန်းနေစေသော အောက်ဖော်ပြပါ အမူအကျင့်များ လိုက်နာသင့်ပါသည်။ 👈
🔘ဆားနှင့် အသင့်စားအစာ လျော့စားပါ။
ဆားအစားများခြင်းသည် သွေးတိုးခြင်းဖြစ်စေသည်။ ဆိုဒီယမ်ပါဝင်မှုများသော အသင့်စားအစာများဖြစ်သည့် ဝက်/ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်နှင့် ဘာဂါ အစရှိသည်တို့ လျော့စားပါ။🧂🍔
🔘ပိုတက်ဆီယမ် ကြွယ်ဝသောအစာစားပါ။
ပိုတက်ဆီယမ် ကြွယ်ဝသောအစာများ ဖြစ်သည့် ဌက်ပျောသီး၊ပန်းသီး၊ ဘရိုကိုလီ၊ လိမ္မော်သီး၊ ဟင်းနုနွယ်ရွက် အစရှိသည်တို့စားခြင်းဖြင့် သွေးပေါင်ချိန် ထိန်းညှိပေးသည်။ 🍌
🔘ကျန်းမာရေးနှင့် ညီအောင်စားပါ။
အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားခြင်း၊ ပြည့်ဝဆီများရှောင်ခြင်း၊ အဆီထုတ်ထားသော နို့ထွက်ပစ္စည်း၊ ဆယ်မွန်ငါးကဲ့သို့ ကျန်းမာစေသော အဆီများသည့်ငါးများ အစရှိသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစာများစားပါ။ 🐠
🔘ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံး ဆိုးကျိုးများ ဖြစ်ပေါ်စေသည်။ ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းသည် သွေးပေါင်ချိန် တက်စေခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ နှလုံးသွေးကြောကျဥ်းခြင်း၊ သွေးခဲခြင်းများအထိ ဖြစ်စေသည်။ 🚭
🔘အရက်လျော့သောက်ပါ။
အရက်အလွန်အကျွံ သောက်ပါက သွေးပေါင်ချိန်တက်စေပြီး ကျန်းမာရေးဆိုးကျိုးများ ဖြစ်စေသဖြင့် အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ပါ။ 🍺
🔘ကိုယ်လက်လှုပ်ရှားပါ။
လမ်းမြန်မြန်လျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း အစရှိသော ေလ့ကျင့်ခန်းကို အနည်းဆုံးတနေ့လျှင် မိနစ် ၃၀ လုပ်ပေးပါ။ 🚶♂️
🔘ကိုယ်အလေးချိန်ထိန်းခြင်း
ကိုယ်အလေးချိန် ပုံမှန်ထက်များပါက သွေးတိုး၊ နှလုံး၊ ဆီးချိုသွေးချို အစရှိသည့် ရောဂါများ ပိုမိုဖြစ်ပေါ်နိုင်ပါသည်။ 💃
ထို့ကြောင့် အထက်ဖော်ပြပါ အချက်များလိုက်နာခြင်းဖြင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ရုံသာမက၊ သွေးတိုးရောဂါ ရှိနေပါကလည်း သွေးပေါင်ချိန်ကို ပုံမှန်ထိန်းနိုင်ရန် ကူညီပေးပါသည်။ 👍
သွေးတိုးရှိပါက ဆရာဝန်နှင့်ပြပြီး ကုသမှုခံယူဖို့ လိုပါသည်။ ဆရာဝန်ညွန်ကြားထားသောဆေးများ ပုံမှန် သောက်ရုံမက၊ ကျန်းမာရေးနှင့်အညီ နေထိုင် စားသောက်ရမည် ဖြစ်ပါသည်။👨⚕️
18/07/2022
Tecmen : Safety is everything !
Tecmen သည် တရုပ်ပြည်ရှိ PAPR ထုတ်လုပ်သည့်
အကြီးဆုံး ကုမ္ပဏီကြီးတခု ဖြစ်ပါသည်။ Tecmenမှ ထုတ်လုပ်သည့် အရည်အသွေးမြင့် Medical Grade PAPR များကို ကမ္ဘာအနှံ့ သုံးစွဲလျှက်ရှိပါသည်။
17/07/2022
ဆီးချိုသွေးချိုရောဂါ ပိုဂရုစိုက်ပါ။❗
ဆီးချိုသွေးချိုရောဂါသည် အဖြစ်များလာသော နာတာရှည် ရောဂါတခုဖြစ်ပြီး ဆီးချိုသွေးချိုရောဂါရှိသူများတွင် အနာကျက်နှေးခြင်း၊ အရေပြားတွင် ရောဂါပိုးမကြာခဏဝင်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ ခြေလက်ထုံကျဉ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ ဖြစ်ရုံသာမက ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း တို့ကြောင့် ဆေးရုံတက်ရခြင်းများ ပုံမှန်ထက်ပိုဖြစ်စေသည်။ 🏥
ဆီးချိုသွေးချို ရောဂါရှိသူများသည် သွေးတွင်းသကြားဓာတ် ပုံမှန်မဟုတ်သဖြင့် သွေးချိုဓာတ်ကျခြင်း၊ သွေးချိုဓာတ်တက်ခြင်း အစရှိသည့်လက္ခဏာများကြောင့်လည်း ဆေးရုံမကြာခဏတက်ရခြင်းများ ပုံမှန်ထက်ပိုများစေသည်။ 🏠
ထိုကြောင့် ဆီးချိုသွေးချို ရောဂါရှိသူများအနေဖြင့် အစားအသောက် ဂရုတစိုက်စားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း၊ ဆရာဝန်ညွှန်ကြားထားသောဆေးပုံမှန်သောက်ခြင်း၊ သွေးချိုဓာတ် ပုံမှန်တိုင်းခြင်း၊ စသည်တို့ပြုလုပ်ခြင်းဖြင့် ဆီးချိုသွေးချိုရောဂါကို ထိန်းနိုင်ပြီး မကြာခဏဆေးရုံတက်ခြင်းမှလည်း ကင်းဝေးစေမည်ဖြစ်ပါသည်။
16/07/2022
Pulse Oximeter ဆိုတာ..
သင်အသက်ရှူမဝသောအခါ၊ အသက်ရှူလမ်းကြောင်းရောဂါ ရှိသောအခါ၊ နှလုံးရောဂါရှိတဲ့အခါမှာ ဆရာဝန်များက Pulse Oximeter သုံးဖို့ အကြုံပေးပါလိမ့်မယ်။ 👨⚕️
Pulse Oximeter ဆိုတာက သွေးအတွင်းရှိ သွေးနီဥလေးတွေမှာ အောက်စီဂျင် ဘယ်လောက်ရှိလဲဆိုတာ တိုင်းတာပေးတဲ့ ကိရိယာလေးဖြစ်ပါတယ်။ ဤအောက်စီဂျင်ပမာဏ စစ်ဆေးသောနည်းပညာသည် သွေးခုန်နှုန်းနှင့် ချိန်ကိုက်ပြီး လက်ထိပ်ရှိသည်းခွံပေါ်သို့ အာရုံခံကိရိယာမှတဆင့် အနီ၊ အနီအောက်ရောင်ခြည်လှိုင်း အသွင် ဝင်ရောက်ဖြတ်သန်းပြီး တိုင်းတာရရှိသော ရလဒ်ကို ကိန်းဂဏန်းဖြင့် ဖော်ပြပေးခြင်းဖြစ်ပါသည်။ 9️⃣9️⃣
Pulse Oximeter သည် နာကျင်မှု၊ အန္တရာယ် တစုံတရာမရှိပဲ သုံးစွဲရလည်း လွယ်ကူသည်။ Pulse Oximeter များသည် အချိန်စက္ကန့်အနည်းငယ်အတွင်းမှာပင် သွေးတွင်းအောက်စီဂျင်ပမာဏနှင့် သွေးခုန်နှုန်းတို့ကို ပြသပေးသည်။ 📶
🟥 သွေးတွင်း ပုံမှန်မဟုတ်သော Hb ဟေမိုဂလိုဘင် များနေသောအခါ၊
🟥 နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့သောအခါ၊
🟥 လူနာ ရုန်းကန်လှုပ်ရှားနေသောအခါ၊
🟥 လူနာ သွေးပေါင်ကျခြင်း၊ သွေးကြောများကျဉ်းခြင်း၊ သွေးအားနည်းခြင်း၊ ကိုယ်အပူချိန် ကျခြင်းစသော ရောဂါများ ခံစားရသောအခါ၊
🟥 လူနာ နှလုံးရပ်သွားသောအခါ၊ သွေးခုန်နှုန်း မရှိသောအခါ၊
🟥 လက်သည်းဆိုးဆေး သို့မဟုတ် လက်သည်းကပ်ကွာ အသုံးပြုသောအခါ၊
- တို့တွင် တိုင်းတာမှုရလဒ်များ လွှဲချော်မှုရှိနိုင်သည်ကို သတိပြုသင့်ပါသည်။
အချုပ်ဆိုရလျှင် Pulse Oximeter ဖြင့် သွေးဖောက်ရန် မလိုဘဲ သွေးတွင်း အောက်စီဂျင်ပမာဏကို အလွယ်တကူ တိုင်းနိုင်ပါသည်။ ခန္ဓာကိုယ်အတွင်းရှိ အောက်စီဂျင်ပမာဏကို သိရှိမှသာ ဆရာဝန်က လိုအပ်သလို ကုသမှုများ ဆောင်ရွက်ပေးနိုင်မှာဖြစ်သောကြောင့် Pulse Oximeter အိမ်တိုင်းတွင် ဆောင်ထားသင့်ပါတယ်။ 🩺
15/07/2022
ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဆက်စပ်မှုရှိသည်။☝
ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါတို့ ဖြစ်စေသောအကြောင်းရင်းခံများ တူသောကြောင့် ဆီးချိုသွေးချိုရောဂါရှိပါက သွေးတိုးရောဂါဖြစ်နိုင်ခြေ ၂ဆ ပိုများလာပါသည်။ ထို့အတူ သွေးတိုးရောဂါရှိပါကလည်း ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများလာပါသည်။✌
ဆီးချိုသွေးချိုရောဂါကို ဆရာဝန်နှင့် သေချာစွာဆွေးနွေးကုသမှုခံယူရမည်ဖြစ်ပြီး၊ ဆေးဝါးများအပြင်၊ အစားအသောက် ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း အပါအဝင် လူနေမှုပုံစံပြောင်းလဲပြုပြင်ခြင်းတို့ကို ပြုလုပ်ပေးရမည် ဖြစ်ပါသည်။ 🩺
သွေးချိုဓါတ်ကိုလည်း ပုံမှန်တိုင်းတာ စစ်ဆေးသင့်ပါသည်။ i-Sens သည် ကိုရီယားနိုင်ငံရှိ အကြီးဆုံး သွေးချိုတိုင်းကိရိယာများ ထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်ပါသည်။🏳
13/07/2022
ဒီအချိန် ဖျားလျင် အထူးဂရုစိုက်ဖို့လိုပါသည်။ ‼
ကူးစက်ပိုးမွှားတွေ ကူးစက်ခံရလျှင် အဖျားတက်နိုင်ပါသည်။ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ဖို့လိုပါသည်။ တကိုယ်ရေသုံး ကိုယ်ပူချိန်တိုင်းကိရိယာ လူတိုင်းမှာ ဆောင်ထားသင့်ပါသည်။ 👨⚕️
Microlife သည် ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ် ကိုယ်ပူချိန်တိုင်းကိရိယာထုတ်လုပ်သည့် ကုမ္ပဏီကြီးတခု ဖြစ်ပြီး အရည်အသွေး စံချိန်စံညွှန်း အထူးကောင်းမွန် စိတ်ချရပါသည်။ 👍
မိသားစုကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ Microlife ကို ရွေးချယ်လိုက်ပါ။ 👌
12/07/2022
လေထဲရှိရောဂါပိုးတွေကို အမှန်တကယ် သန့်စင်ပေးမည့်
Novaerus ရဲ့ NanoStrike နည်းပညာ။
Covid-19 အပါအဝင် ရောဂါပိုးမွှား ၉၉.၉၉% ကို အမြန် သုတ်သင်ရှင်းလင်းပေးနိုင်ပါသည်
11/07/2022
Pulse Oximeter အသုံးပြုနည်း ❗
--------------------------------------------
Brand အမျိုးအစား တစ်မျိုးနှင့်တစ်မျိုး မတူညီပေမဲ့ အိမ်သုံး Pulse Oximeter များမှာ တိုင်းတာရ လွယ်ကူပြီး အသုံးပြုရတာ ရိုးရှင်းပါတယ်။ 👌
Microlife ရဲ့ Pulse Oximeter "OXY-200" အသုံးပြုပုံ အဆင့်ဆင့်ကတော့ -
အဆင့် (၁) ▶️ ပထမဦးဆုံး Pulse Oximeter စက်၏ နောက်ကျော ဘက်ထရီအခန်းတွင် ဓါတ်ခဲထည့်ပါ။ အသုံးပြုနိုင်သော ဓါတ်ခဲအမျိုးအစားကတော့ 1.5 v AAA အရွယ်အစား ဖြစ်ပါတယ်။ အရောင်းဆိုင်များမှာ TV ရီမုတ် ဓါတ်ခဲအသေးလို့ ပြောဝယ်နိုင်ပါတယ်။
အဆင့် (၂) ▶️ လက်ညှိး သို့မဟုတ်လက်ခလယ် လက်တစ်ချောင်းကို အာရုံခံ မီးနီလင်းနေသော နေရာအောက် လက်ထိပ်အဆစ် အပြည့်ဝင်သည်အထိ ထည့်သွင်းပါ။
အဆင့် (၃) ▶️ လက်ချောင်းကို ထိန်းရန် Pulse Oximeter ညှပ်နှစ်ဖက်ကြား အံဝင်ခွင်ကျဝင်နေအောင် စစ်ဆေးပါ။
အဆင့် (၄) ▶️ ကိရိယာကို ခလုပ်နှပ်၍ ဖွင့်နိူင်ပါပြီ။
အဆင့် (၅) ▶️ တိုင်းတာနေစဉ်အတွင်း ငြိမ်ငြိမ်နေရန် လိုအပ်ပါတယ်။ လူနာထိုင်ပြီးတိုင်းလျှင် ပိုကောင်းပါတယ်။
အဆင့် (၆) ▶️ သွေးခုန်နှုန်းနှင့် သွေးတွင်း အောက်စီဂျင် ပြည့်ဝနှုန်းရလဒ် ပေါ်လာပါလိမ့်မည်။
အဆင့်(၇) ▶️ အဖြေရလဒ် ကြည့်ပြီးလျှင် လက်ကို ဖယ်နိုင်ပါပြီ။ ဘာတခုနှင့်မှ ဖောက်ခြင်း၊ နာခြင်း၊ စူးခြင်း အလျင်းမရှိပါ။
အဆင့်(၈) ▶️ အသုံးပြုပြီးသောအခါ အရက်ပြန်နှင့် သန့်ရှင်းနိူင်ပါတယ်။ စက်ကိရိယာလေးကတော့ (၈) စက္ကန့်အကြာ အလိုအလျေက် ပိတ်သွားပါမယ်။
ပုံမှန်ဆိုလျင် သွေးအတွင်းအောက်ဆီဂျင် ပမာဏ ၉၅%-၁၀၀% ရှိပါသည်။ ၉၀%-၉၄% ဆိုလျင် နာရီဝက် အကြာတွင် ထပ်တိုင်းသင့်ပါသည်။ ဆရာဝန်နှင့် ပြသရန် လိုအပ်နိုင်ပါသည်။ 🩺
သတိပြုရန်မှာ - အရေပြားနှင့် ထိတွေ့မှုရှိခြင်း၊ Sensor နေရာ ပြောင်းနိုင်ခြင်းတို့ကြောင့်၊ လက်တချောင်းထဲကို အများဆုံး မိနစ် ၃၀ ထက်ပို၍ တဆက်တည်း အကြာကြီး မတိုင်းသင့်ပါ။ ⏰
နှလုံးသွေးလန့်ခြင်း၊ သွေးပေါင်ကျခြင်းများ ကြုံပါက ရလဒ်မတည်မငြိမ် ဖြစ်လာတတ်ပါတယ်။ ထိုအခါမျိုးမှာ ဆရာဝန်နှင့် ကုသမှု အမြန်ဆုံး ခံယူသင့်ပါတယ်။ ☝️
အခုလောက်ဆိုလျင် ရိုးရှင်းတဲ့ Pulse Oximeter အသုံးပြုနည်းကို နားလည်လောက်ပါပြီ။ အိမ်မှာဆောင်ဖို့လိုအပ်လျင် ဆေးဆိုင်ကြီးများတွင် စုံစမ်းဝယ်ယူနိုင်ပါတယ်။ 👈
Microlife ရဲ့ Pulse Oximeter ဟာ Medical Grade ဖြစ်ပြီး၊ အရည်အသွေး စိတ်ချယုံကြည်ရပါတယ်။ မော်ဒယ်က "OXY-200" ပါ။ 👍
Click here to claim your Sponsored Listing.
Category
Website
Address
Yangon