SKY.Com
Consumer goods
11/04/2025
လိုချင်တာရအောင်
လုပ်ဆောင်နိုင်စွမ်းမရှိတဲ့အခါ
အငုံ့စိတ်ဆိုတာ ဖြစ်လာတယ်။
အငုံ့စိတ်ဖြစ်လာတဲ့အခါ
အဖြေရှာဖို့ထက်
အပြစ်တင်ဖို့ကို
လုပ်ဆောင်တတ်တယ်။
ဒါကို စိတ်ပညာရှင်
Alfred Adler က
Inferiority Complex လို့ခေါ်တယ်။
ငယ်ဘဝမှာ လိုချင်တာကို
ပြည့်ပြည့်စုံစုံရခဲ့တာနဲ့
မရခဲ့တာကွာတယ်။
တချို့သူတွေဆို သူတို့ကို
နှိမ်လို့နှိမ်နေမှန်းမသိဘူး။
တခြားသူတွေကိုလဲ
မနှိမ်တတ်ဘူး။
အဲ့လိုလူတွေအများကြီးတွေ့ဖူးတယ်။
တချို့သူတွေက တစ်ခုခုဆို
comment မှာ
wall မှာ တခြားသူတွေကို
အပြစ်ပြောတာ နှိမ်နေတာကိုတွေ့လိမ့်မယ်။
ဒါက အငုံ့စိတ်ရဲ့ တုန့်ပြန်မှုပဲ။
ကျွန်တော်လဲ အဲ့လို
inferiority complex တော်တော်ဖြစ်ခဲ့ဖူးတယ်။
အထူးသဖြင့် ၂၀၁၀ ထိပဲ။
လုပ်ချင်တာမလုပ်ရတဲ့ဘဝ။
ကိုယ့်မှာအစွမ်းအစရှိတယ်လို့ယုံကြည်ပြီး
တခြားသူတွေ ဖြစ်မြောက်တာတွေ့တော့
ဒေါသထွက်။
လောကကို အပြစ်တင်မိတာ။
သတင်းတွေရဲ့ comment မှာဆို
ကိုယ့်ကို အရင်ဆုံးတွေ့လိမ့်မယ်။
နောက်ပိုင်းကျတော့
ဒါကို ကောင်းတဲ့အပိုင်းအသုံးချဖို့
နည်းလမ်းရှာဖြစ်တယ်။
ဒီ inferiority complex ကို
ကောင်းတဲ့ဖက်မှာသုံးဖို့
ဖြစ်ချင်တာဖြစ်ဖို့
လောကအမြင်ကို update လုပ်ဖို့
စဥ်းစားကြည့်တယ်။
နောက်ပိုင်းမှာ ဒီဥပဒေသနှစ်ခုသုံးတယ်။
"အပြင်မတင်နဲ့ အဖြေရှာ။"
"ပြိုင်မငြင်းနဲ့ မေး။"
Phyo Paing @ Derek
#ဦးနှောက်အာဟာရ
မွန်းကြပ်မှုကိုကနေ ပြေးထွက်သွားလိုက်ချင်ရဲ့........
ဘယ်အရပ် ဘယ်ဒေသကများ ကိုယ်ကိုစိတ်သက်သာရာရစေလိမ်မယ်မသိ........
18/07/2024
ချစ်ခြင်းမေတ္တာတွေထပ်တူကျချင်တယ်
ဘဝမှာလူတစ်ယောက်ကို
စိတ်ချလက်ချချစ်ချင်တယ်။
အရာအားလုံးနဲ့ယှဥ်ရင်တောင်
ကိုယ့်ကိုရွှေးချယ်စေချင်တယ်ဘယ်တော့မှ
နောက်ပြန်မကြည့်ရတဲ့အထိစိတ်လုံခြုံချင်တယ်။
12/07/2024
အချစ်ခံရပြီလို့ထင်ပေမယ့် တကယ်တမ်း အပယ်ခံလူသားပဲဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်
အဲ့ဒီအမျိုးသမီးဟာ သံယောဇဉ်ကြီးပြီး အရမ်းခင်တွယ်တတ်ပေမယ့် တစ်ယောက်ထဲ အထီးကျန်နေရတာပဲများတယ်
သူမက ဂရုစိုက်ခံချင်ပေမယ့် ဘယ်သူကမှ မနွေးထွေးခဲ့ကြဘူး
လိုအပ်တဲ့အချိန် သတိရကြတဲ့ လိုသုံးတစ်ယောက်ထက် မပိုခဲ့ဘူး
တစ်ခါတလေ နားကြပ်လေးကိုတပ်ပြီး သီချင်းနားထောင်နေတတ်သလို ဝမ်းနည်းတဲ့အခါ တစ်ယောက်ထဲ ကြိတ်ငိုနေတတ်ပြန်တယ်
သူမဟာ ဘယ်တုန်းကမှ အချစ်မခံခဲ့ရဖူးပါဘူး
သနားစရာ အဲ့ဒီအမျိုးသမီးကတော့ ကျမ ကိုယ်တိုင်ပါပဲ.....😔
16/06/2024
မုန်းတီးရတဲ့သူကို မေ့ပစ်လိုက်တာထက်
ချစ်ခဲ့တဲ့သူကို မေ့နိုင်ဖို့က ပိုပြီးခက်ခဲတယ်နော်။
သူတို့တွေက နာကျင်အောင် လုပ်လိုက်လို့ ဒဏ်ရာတွေရလာတဲ့အခါမှာလည်း ချစ်ရတဲ့သူကြောင့် ဖြစ်တည်လာရတဲ့ ဒဏ်ရာတွေက ပိုပြီးနက်နဲနာကျင်ရတယ်။
မုန်းတဲ့သူပေါ်ထားရတဲ့ စိတ်ခံစားချက်တွေပဲဖြစ်ဖြစ်
ချစ်ရတဲ့သူအပေါ် နှစ်ထားမိတဲ့ စိတ်ခံစားချက်တွေပဲဖြစ်ဖြစ် အကုန်လုံးက စိတ်မထားတတ် ၊ မဖြတ်တတ်တဲ့အခါမှာ အတော်ကြီးကို လေးလံကြရတယ် ။
လွှတ်ချပြီး အရှေ့ကို ဆက်လျှောက်နိုင်ရင်လည်း အင်မတန်ပေါ့ပါးရတယ် ။ ချစ်ရတဲ့သူရော မုန်းရတဲ့သူရော ပေးတဲ့ စိတ်ဒုက္ခက ကိုယ်သယ်လာသ၍ကတော့ လေးနေဦးမှာ ။
ဆက်ပြီးထမ်းသယ်လာမလား ၊ လွှတ်ချပြီး ပေါ့ပေါ့ပါးပါးရှေ့ဆက်မလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ့ ။
—— မာရင်ရင်
05/02/2024
စိတ်ထဲကပါလိုဘဲဖြစ်ဖြစ် မပါလို့ဘဲဖြစ်ဖြစ် ငါ့အပေါ်မယုတ်မာသ၍တော့ မင်းကိုငါ အလေးထား ဆက်ဆံနေမှာပါဘဲ 🫶🫶
မင်းယုတ်မာပြလိုက်တာနဲ့ မင်းကမ္ဘာကြီးမှောင်မိုက်သွားလိမ့်မယ် ငါဆိုတဲ့အလင်းတန်းကို မင်းဆုံးရှုံးသွားပြီမို့ 😊😊
တုပြိုင်ပြီး မင်းလဲကျတဲ့ထိ ပြန်ထိုးနှက်မယ့်သူထဲ ငါမပါဘူး ငါကမင်းလို အတုအယောင်စိတ်ထားနဲ့ ယှဉ်ဖို့မှ မထိုက်တန်ဘဲ 🥰🥰
#ကြာကြာပေါင်းကြည့်မှလူတွေအကြောင်းသိရမယ်
31/12/2023
.ကြောက်စရာကောင်းတဲ့လူ ...
သူ့ အိမ်က
ပိုကောင်းတယ်လို့
ပင့်ကူ အချင်းချင်း မတွေးကြဘူး။
သူ့ အသံက
ပိုချိုတယ်လို့
ဥဩ အချင်းချင်း မတွေးကြဘူး။
သူ့ အတောင်ပံက
ပိုလှတယ်လို့
လိပ်ပြာ အချင်းချင်း မတွေးကြဘူး။
သူ့ အရောင်က
ပိုလင်းတယ်လို့
ကြယ် အချင်းချင်း မတွေးကြဘူး။
သူက အမှတ်ပိုများတယ်
သူက အလုပ်ပိုကောင်းတယ်
သူက ရာထူးပိုမြင့်တယ်
သူက နာမည်ပိုကြီးတယ်
သူက ပိုသာတယ်
သူက ပိုတော်တယ်
သူက ပိုတယ်
လူအချင်းချင်း တွေး
လူအချင်းချင်း တွန်း
လူအချင်းချင်း တိုက်ကြတယ်။
ကူ မလိုနဲ့ ယူ
ထူ မလိုနဲ့ ခြူ
ခြေထိုး ပြီးမှ ရှေ့တိုးတက်တာ လူ။
လျှာဖျားမှာ မေတ္တာတရား
နှလုံးသားက မစ္ဆရိယပွားတာ လူ။
ဆင်းရဲတာကြားရင် အားရ၊
မျက်ရည်ကျတာမြင်ရင် ပျော်ကြတာ လူ။
ပင်လယ်ရေကို မောင်ပိုင်စီး
ဝန်တိုလောင်မီးနဲ့
မနာလိုစိတ်ကြီးတာ လူ။
လူ လူ လူ
ကြောက်စရာကောင်းတဲ့ လူ။
ေဩာမြေ့လို့
"ငါ"ဆိုတဲ့ကောင်ကလည်း
အဲဒီလူတွေထဲက "လူ"
အဲ့လို လူ မဖြစ်အောင် ဆင်ခြင်နေရတဲ့ ငါ့လိုလူ
Credit -To Original Writer
မေတ္တာဖြင့် တဆင့်_
ပြန်လည်မျှဝေသည်....
15/12/2023
ငါချစ်တဲ့ အမျိုးသားလေးက ပေးရင် ပန်းတစ်ပွင့်ဆိုလဲ ပျော်ရတယ်။
သကြားလုံးလေးဆိုလဲ ပျော်ရတာပဲ။
မိန်းမတွေရဲ့စိတ်ဆန္ဒက ရိုးရှင်းပါတယ်ကွယ်။
ငါတို့အပေါ် စစ်မှန်ရင်၊
ငါတို့အတွက်ဆိုပြီး သီးသန့် ရည်ရွယ်ရင်
ပျော်စရာဖြစ်ဖြစ် ၊ ဒဏ်ရာဖြစ်ဖြစ်
အလုံးစုံကို လက်ခံဖြစ်တာပါပဲ။
အဓိကက စိတ်ကို လုံခြုံစေခြင်းပဲ။
စိတ်ကိုအေးချမ်းစေတယ်လို့ ငါတို့သတ်မှတ်ပြီးရင်
အဲ့ဒီနေရာမှာပဲ အမြစ်တွယ်၊
အဲ့ဒီလူကိုပဲ မေတ္တာထားချင်တော့တယ်။
💭 || 13.12.2023
13/12/2023
ကိုယ်တိုင်တောင်မပြည့်ပဲ ငါတို့က..
တခြားသူတွေကို ဖြည့်ခဲ့ကြတယ် ။
ကိုယ့်ဒုက္ခကိုမကြည့်ပဲ...
တစ်ဖက်သားမပြေလည်မှာပဲ စိုးရိမ်ခဲ့ကြတယ်။
အနစ်နာခံခြင်း ငဲ့ညာခြင်းတွေကို..
လွယ်လွယ်ကူကူပဲ ချစ်ခြင်းမေတ္တာလို့..
ခေါင်းစဉ်တပ်ကြတယ် ။
ဒီလိုနဲ့ပဲ..
ဒဏ်ရာတွေနဲ့ ပြေးလို့မောတော့မှ..
ကိုယ့်ကိုယ်ကို ချစ်ဖို့သတိရတယ် ။
-ကမ်း ဝေး အိမ်
15/11/2023
14/11/2023
နေပူလို့ ထင်တယ်
ချဉ်ပေါင်းသယ်လေးတောင် အရင်လိုမသွားနိုင်တော့ဘူး
ကိုယ့်အိမ်ရှေ့က အရိပ်လေးထဲမှာပဲ
သူ့လှည်းလေးကိုရပ်ပီး တနေကုန်ငိုင်နေရှာတာ
စျေးလည်း ရောင်းမကောင်းဘူးထင်ပါရဲ့ ..
ကိုယ်ကလည်း အဲလိုတွေမြင်ရင် မနေတတ်တော့
သွားမေးကြည့်တယ် ..
ကျနော် နေမကောင်းဘူး အစ်ကိုတဲ့
ဟုတ်တယ် ..
သူ့နဖူးကိုစမ်းကြည့်တော့ ကိုယ်တွေအရမ်းပူနေတယ်
အဲဒါနဲ့သူ့ရှေ့မှာပဲ စည်ပင်ကိုဖုန်းဆက်ပေးလိုက်တယ် .. .
သူ့ခမျာ လှည်းလေးတွန်းပြီး ပြေးတာပြေးတာဆိုတာလေ
အာ့မှ ချွေးတွေထွက်ပီး အဖျားပျောက်သွားမှာလေ
03/11/2023
#ငှက်ပျောဖူး ကျန်းမာရေးအကျိုးပြုပုံ
ကူးစက်ရောဂါတွေကို ကာကွယ်ပေးတယ်။
ငှက်ပျောဖူးမှာ ethanol ပါဝင်နေတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အနာကျက်စေနိုင်သလို ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတယ်။
ငှက်ပျောဖူးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရှိသူတွေ စားပေးလို့ရပါတယ်။
နောက်ထပ် အကျိုးကျေးဇူး တစ်ရပ်က ဟီမိုဂလိုဘင် ပမာဏကို မြင့်တက်စေတာကြောင့် သွေးနီဥဆဲလ် ထုတ်လုပ်မှုကို တိုးစေပါတယ်။ သွေးအားနည်းရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
နို့ထွက်များစေတယ်။
နို့တိုက် မေမေတွေ နို့ထွက်များစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ငှက်ပျောဖူးက သွေးတအားဆင်းတာ၊ ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သားအိမ်ကိုလည်း ကျန်းမာစေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။
ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးတယ်။
ငှက်ပျောဖူးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဝိတ်ကျစေတယ်။
ငှက်ပျောဖူးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကျစေဖို့ ထောက်ပံ့ပေးပါတယ်။ အခြောက်ခံထားတဲ့ ငှက်ပျောဖူးကို ရေနွေးထဲ စိမ်သောက်တာကလည်း ဝိတ်ကျစေဖို့ ထောက်ကူပေးမှာပါ။
စိတ်ခံစားမှု ကောင်းစေတယ်။
ငှက်ပျောဖူးမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် စိတ်ပူပန်တာ၊ စိတ်ဓာတ်ကျတာကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းမွန်စေနိုင်ပါတယ်။
အစာခြေစနစ် ကျန်းမာစေတယ်။
ငှက်ပျောဖူးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အူနံရံတွေကို ကျန်းမာစေပြီး အာဟာရ စုပ်ယူမှု ကောင်းစေသလို ဝမ်းချုပ်တာလည်း ကင်းစေပါတယ်။
မပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ကလည်း အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။
ဒါတွေအပြင် ငှက်ပျောဖူးက ဗီတာမင် A၊ ဗီတာမင် C ၊ ဗီတာမင် E နဲ့ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေပြီး
လေဒီလေးတွေမှာ ရာသီလာစဉ် ခံစားရတဲ့ ပြဿနာကို သက်သာစေနိုင်သလို အရွယ်တင်စေနိုင်ပါတယ်။
နှလုံး ကျန်းမာစေပါတယ်။
ကင်ဆာ ကာကွယ်ပေးပါတယ်။
အာရုံကြောစနစ်ကို ကျန်းမာစေပါတယ်။
ကဲ ငှက်ပျောဖူးကို အရသာရှိရှိလေးစားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။
ဘာတွေ သတိထားရမလဲ
ငှက်ပျောဖူးက ကျန်းမာရေး အကျိုးများတယ်။ စားရတာ အရသာရှိတယ်ဆိုပေမယ့် အများကြီးစားရင် လေချုပ်တာ ဗိုက်အောင့်တာတွေ ဖြစ်နိုင်တာကြောင့် အများကြီး မစားဖို့ ပြောပါရစေ။
Crd hellosayarwom
Click here to claim your Sponsored Listing.
Category
Website
Address
Yangon