Trendy House

Trendy House

Share

Fashion and essential things

09/06/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Photos from Trendy House's post 12/04/2025

Earthquake ကြောင့် အားလုံးစိတ်ရောလူရော ပင်ပန်းနေကြရင် ကိုယ့်ကိုယ်ကို MOTi လေးနဲ့အားပြန်ယူရင်း ပြန်တည်ဆောက်ကြရအောင် 💖

30/03/2025

Hello! တတ်နိုင်တာလေးနဲ့ ကူညီပေးချင်လို့ပါရှင် 🤍
စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုသင်ကြားပေးခြင်း (အခမဲ့)

မြန်မာနိုင်ငံမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်က တစ်နိုင်ငံလုံးအပြင် ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာပြည်သူ၊ ပြည်သားအားလုံးရဲ့စိတ်ထဲကို အများကြီးထိခိုက်လှုပ်ခတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ကြားနေရတဲ့သတင်းအမျိုးမျိုးက စိတ်ပိုင်းဆိုင်ရာကိုအလွန်မင်းထိခိုက်စေပါတယ်။ သတင်းတွေကြည့်ရုံနဲ့တင် ကိုယ့်ကိုယ်ကိုသာ မထိန်းချုပ်နိုင်ဘူးဆိုရင် လဲပြိုသွားရမယ့်အခြေနေတွေပါပဲ။ တကယ်ထိခိုက်နစ်နာသူများအတွက်တော့ ဆိုဖွယ်မရှိတော့ပါဘူးနော်။

အခုချိန်မှာ ကြေကွဲနေကြမယ့်အစား ကိုယ်နိုင်ရာဝန်ကို ဘယ်လိုကူပေးရမလဲဆိုတာကိုတွေးဖို့က အင်မတန်အရေးကြီးပါတယ်။

📌 ဒီအတွက် ပထမဆုံးကျော်ဖြတ်ရမှာက ကိုယ့်ကိုယ်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာဖြစ်ပါတယ်။ လူတိုင်းအနည်းနဲ့အများ ဆောက်တည်ရာမရဖြစ်နေတဲ့အခြေနေ၊ သွေးပူနေတဲ့အချိန်လည်းဖြစ်တာမို့ ကိုယ့်ကိုယ်ကိုအရင်ဆုံးဂရုစိုက်ဖို့လိုပါတယ်။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှ အခြားသူတွေကိုလည်း လက်တွဲကူညီနိုင်မှာမလား။

📌 နောက်ထပ်ကတော့ အခုလိုသဘာဝငလျင်ဘေး ကြုံတဲ့အခါ လူတွေ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံး၊ မိသားစုတွေနဲ့ တကွဲတပြားဖြစ် စိတ်သောကရောက်ရပါတယ်။ ငလျင်ဒဏ်ခံရတဲ့သူတွေ မကြာခင် shelter တွေဆီ ရောက်ရှိနေထိုင်တဲ့အခါ ကလေးသူငယ်တွေအပါအဝင် လူတွေက စိတ်ဒဏ်ရာကြီးမားစွာ ရရှိနေမှာ ဖြစ်ပါတယ်။
သူတို့အတွက် အလိုအပ်ဆုံး basic needs တွေအပြင် အနီးအနားကလူတွေက စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှူ အချိန်မှီပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ သူတို့ရှေ့ဆက်မယ့် ဘဝမှာ စိတ်ဒဏ်ရာတွေ တတ်နိုင်သမျှနည်းမှာ ဖြစ်ပါတယ်။

အဲ့အတွက် ကုလသမဂ္ဂမှ ထုတ်ပြန်ထားတဲ့ ညွှန်းတမ်းတွေနဲ့အညီ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုနည်းလေးကို mental heal ရဲ့ founder & counselor တစ်ဦးဖြစ်တဲ့ ဆရာမ မအင်ကြင်းက အခမဲ့သင်ကြားပေးသွားပါမယ်ရှင်။

ဒီသင်တန်းတိုလေးက
▫️သတင်းအမျိုးအမျိုးကြောင့် ပြင်တွင်းပြည်ပက ကိုယ်တိုင်စိတ်ထိခိုက်နေကြသူများ ကိုယ့်ကိုယ်ကိုဦးစွာ handle လုပ်နိုင်ဖို့အတွက် mental resilience ဆိုင်ရာများပို့ချပေးမှာဖြစ်ပြီး
စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးသူများက ငလျင်ဘေးကိုတွေ့ကြုံခဲ့ရတဲ့ ပြည်သူများအတွက်ကူညီနိုင်ဖို့
▫️ ပရဟိတ ကူညီပေးချင်ကြသူများ
▫️မြေပေါ်၊ အွန်လိုင်းပေါ် ကူညီဖို့ နည်းလမ်းရှာနေသူများ
▫️အနီးအနားမှာရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများနဲ့ ချိတ်ဆက်ထားသူများ
▫️မိသားစု၊ မိတ်ဆွေများကို ဂရုစိုက်ပေးချင်သူများ
အတွက်ပါ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုနည်းလမ်းများ Psychological first aid training များ ပို့ချပေးသွားမှာဖြစ်ပါတယ်ရှင်။

ဘယ်သူမဆို တက်ရောက်ပြီး လက်တွေ့အသုံးချနိုင်ပါတယ်။ ဆေးပညာ background ကမဟုတ်လဲ လူတိုင်း တက်ရောက်နိုင်ပါတယ်။
သင်တန်းရက် - 30.3.2025/ 31.3.2025 (တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့)
သင်တန်းချိန် - 1:30 pm - 4 pm
သင်တန်း platform - zoom
တက်ရောက်လိုသူများ google form က စာရင်းပေးသွင်းနိုင်ပါတယ်။ zoom link ကို telegram group ကနေ ပို့ပေးပါမယ်။ ကျေးဇူးတင်ပါတယ်ရှင်။ 🤍
✅ form link
https://forms.gle/5HQKFMNi6rywdyjS9

Photos from Clean Yangon's post 30/03/2025

ငလျင်လှုပ်ပြီးချိန်တွင်

💢 မိမိတို့၏ ကျန်းမာရေးကို စောင့်ရှောက်ရန်နှင့် အခြားသူများကို ကူညီနိုင်ရန် မည်ကဲ့သို့ လုပ်ဆောင်ရမလဲ
💢 သောက်သုံးရေနှင့် အစားအစာများကို စိတ်ချရအောင် ဘယ်လိုလုပ်မလဲ
💢 ကလေးတွေရဲ့ ကျန်းမာ‌ရေးကို ဘယ်လို ကာကွယ်စောင့်ရှောက်နိုင်မလဲ
💢 နို့တိုက်မိခင်တစ်ဦးအနေနဲ့ ဘာတွေလုပ်သင့်သလဲ
💢 မိမိမှာ နာတာရှည်ရောဂါရှိနေပါက ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်နိုင်မလဲ
💢 ဘယ်လိုနည်းလမ်းတွေနဲ့ နောက်ဆုံး သတင်းအချက်အလက်တွေကို ရယူနိုင်မလဲ
💢 ငလျင်လှုပ်ချိန်နှင့် နောက်ပိုင်းတွင် ယာဥ်ကို ဘေးကင်းစွာ အသုံးပြုနည်း
စသည့်အကြောင်းအရာတို့ကို အောက်ပါ infographic များတွင် လေ့လာဖတ်ရှုနိုင်ပါတယ်
card

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon