Big Bee
We built apps that helps online shops for
1. More Sales
2. Better Productivity
24/10/2025
ကိုယ်ပိုင် Brand နဲ့ E-commerce website တည်ဆောက်ပါ...
ဒီနေ့ခေတ် Online shopping လုပ်တာကြာလာရင် သတိထားမိလိမ့်မယ်။ ကျွန်တော်တို့ ကြော်ငြာခနဲ့ လုပ်ငန်းကို ရှင်သန်ရတာ အရင်လို မလွယ်တော့ဘူး။
ရေရှည်ရပ်တည်ဖို့ ကြော်ငြာမှ ရောင်းရတာ မဟုတ်ဘဲ မကြော်ငြာလည်း ကိုယ့်လုပ်ငန်းရဲ့ E-commerce website ကို ဝင်ကြည့်ပြီး ဝယ်သွားတာမျိုးဖြစ်ဖို့ လိုတယ်။
ဒါပေမဲ့ E-commerce website လုပ်မယ်ဆို လုပ်ငန်းအများစု ဘာတွေပါရမယ်၊ ဘယ်လို Feature တွေပါရင်လုပ်ငန်းလုပ်ရတာ ပိုလွယ်မယ် ဆိုတာကို မသိကြတာများတယ်။
ဒါ့ကြောင့် Big Bee မှာ ကိုယ့်လုပ်ငန်းအကြောင်း ခရေစေ့တွင်းကျကျ နားလည်ပြီး လွယ်ကူရိုးရှင်းစွာ အလုပ်လုပ်နိုင်ဖို့ ဖန်တီးထားတယ်။ Features တွေအနေနဲ့ကတော့ အခြေခံအချက်တွေအပြင်
✅ လက်ကျန်ကုန်ပစ္စည်းစာရင်း၊ ဝယ်စာရင်း၊ ရောင်းစာရင်းတွေ ကြောင့် ခေါင်းကိုက်စရာ မလိုဘဲ အချိန်နဲ့တပြေးညီ ကြည့်လို့ရအောင် လုပ်ပေးထားတယ်။
✅ Order ကောက်ရတာလည်း အရင်ကထက် သုံးဆပိုမြန်သွားမယ်။
✅ Promotion ချတာ၊ ဈေးလျှော့တာအပြင် Loyalty Program တွေလည်း လုပ်လို့ရတော့ ဖောက်သည်တွေကို ရေရှည်ထိန်းသိမ်းနိုင်လိမ့်မယ်။
✅ Customer တယောက်ချင်းစီ ဘာတွေဝယ်လဲ စတဲ့ အသေးစိတ်ကို ပြောပြပေးမဲ့ Reporting Tools တွေပါမယ်။
✅ နောက်တချက်က Facebook နဲ့ ချိတ်ဆက်ထားနိုင်လို့ အချိန်ကုန် အလုပ်ရှုပ်တာ သက်သာသွားမယ်။
ဒီလို Features တွေနဲ့ E-commerce website ကို တစ်နှစ်ကို ငါးသိန်းနဲ့ Big Bee မှာ တည်ဆောက်လို့ ရပါပြီ။ သေချာစဉ်းစားကြည့်ရင် တစ်လကို ငါးသောင်းတောင် မပြည့်ပါဘူး။
ဒါပေမဲ့လည်း လုပ်ငန်းရှင် မိတ်ဆွေတို့အနေနဲ့ စဉ်းစားစရာတွေ၊ စိုးရိမ်စရာတွေ ရှိမယ်ဆိုတာ နားလည်ပါတယ်။ ဒါ့ကြောင့် ပထမဆုံး 15 ယောက်ကိုပဲ အခမဲ့ 14 ရက်တိတိ ပေးသုံးပါမယ်လို့ စဉ်းစားထားပါတယ်။
စိတ်ဝင်စားတယ်၊ တကယ်လည်း သုံးမဲ့ဆိုသူတွေပဲ Comment မှာ Big Bee လို့ ရိုက်ခဲ့ပေးပါ။
Big Bee
ကိုယ်တကယ်ပိုင်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
19/09/2025
ကျွန်တော် page ထောင်
စီးပွားရေးလုပ်လာတာ 2017 တည်းက
အဲ့အချိန်တုန်းကတော့ ရောင်းရလွယ်သလို
ကြော်ငြာရင် ကြော်ငြာနိုင်သလောက် မြတ်တဲ့ကာလပေါ့ဗျာ။
$ 100 သုံးရင် တစ်ထောင်လောက်
ပြန်ရတဲ့ခေတ်ဆိုတော့ တကယ်လည်း
ကျွန်တော့်ဘဝ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
တစ်နေ့ကျ ကျွန်တော် သတိထားမိလာတာ Facebook က ကြာလာလေလေ ရောင်းတော့ရောင်းရတယ်၊ မမြတ်တော့ဘူးဗျ။ ဒေါ်လာတစ်ရာရင်းရင် နှစ်ရာပြန်ရဖို့တောင် မလွယ်တော့ဘူး။
တစ်ရက်ကဆို ကိုယ့်ဆီက ဝယ်နေကျ ဖောက်သည်တစ်ယောက် ဘာလို့လာမဝယ်လဲမေးတာ Post မတွေ့တော့ မမြင်မိလို့ မဝယ်ဖြစ်တာတဲ့ဗျ။
ဒီစကားက ကျွန်တော့်ကို တော်တော် ခံစားရခက်စေတယ်။ ဒါကြောင့် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ်။ ငါ့ကို customer တွေကို အမြဲမြင်နေမှရမယ်၊ သူတို့နဲ့အမြဲထိတွေ့နေမှရမယ်။
ဒါနဲ့ ကျွန်တော်လေ့လာရင်း ကိုယ့်လုပ်ငန်းကို အမြဲမြင်စေချင်ရင် ကိုယ်ပိုင် Platform တခု၊ App တစ်ခု ဖန်တီးရမယ် ဆိုတာ သိခဲ့ရတယ်။ App တစ်ခုကလည်း ထင်သလောက် မလွယ်ဘူးဗျ။ အနည်းဆုံး သိန်းခြောက်ဆယ်လောက်ကစတော့ ရင်းနှီးဖို့က ခက်တယ်။
အဲ့အချိန် ကံကောင်းချင်တော့ မိတ်ဆွေတစ်ယောက်က မိတ်ဆက်ပေးရင်း Big Bee App ကို တွေ့တယ်ဗျ။ သူက Online shop တွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်ထားတာ၊ ပထမနှစ်ကို 15 သိန်း၊ နောက်ပိုင်းနှစ်တွေအတွက် တစ်လကို တစ်သိန်းဆိုတော့ စမ်းပြီးလုပ်ကြည့်ဖြစ်တယ်။
အကောင်းဆုံးအချက်ကတော့ သူက page နဲ့ သီးခြားဖြစ်မနေဘဲ၊ တိုက်ရိုက်ချိတ်ဆက်လို့ရတော့ Comment reply, message reply လုပ်ရတာ အလုပ်မရှုပ်တော့ဘူး။
order ကောက်တာ၊ ပစ္စည်းလက်ကျန် Stock တွေ စစ်ဆေးတာ၊ အရောင်းစာရင်းတွေ၊ customer စာရင်းတွေကလည်း ခလုတ်တစ်ချက်နှိပ်လိုက်ရုံပဲ။ ကိုယ့်လုပ်ငန်းတစ်ခု ဘာတွေဖြစ်နေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရတယ်။
နောက်ပြီး ဖောက်သည် တွေ များများဝယ်အောင် Promotion တွေ၊ KBZ pay လို App Campaign တွေလည်း လုပ်လို့ရတယ်။
ဒါ့အပြင် ဖောက်သည်မြဲဖို့ Loyalty Program တွေ တည်ဆောက်လို့ရတာ၊ customer data တွေကို အသေးစိတ်ကြည့်လို့ရတာက ကျွန်တော်လိုချင်တာနဲ့ ကွက်တိဖြစ်သွားတယ်။
ကျွန်တော့်ဆီက ဝယ်နေကျ ဖောက်သည်တွေ မြင်ရဖို့ ကြော်ငြာစရာ မလိုတော့ဘူး။ သူတို့ App ကို မဝင်ဖြစ်ရင်တောင် ကျွန်တော်က Notification ပို့ပြီး ကြော်ငြာလို့ရတယ်။
သူတို့ကိုယ်တိုင်လည်း Page မှာထက် Appကနေ ဝယ်ရဝာာ ပစ္စည်းအမျိုးအစား စုံလင်ပြီး တစ်နေရာထဲမှာ မြင်ရလို့ ပိုအဆင်ပြေတာကို တွေ့ရတယ်။ Discount တွေ မလွတ်တော့တာလည်း ပါတာပေါ့။
စိတ်ဝင်စားလို့ အသေးစိတ်ကို သိချင်ရင်တော့ Big Bee Page ကိုသာ မေးဗျာ။ သူတို့က သေချာရှင်းပြပေးပါလိမ့်မယ်။
Big Bee
ကိုယ်တကယ်ပိုင်တဲ့ဈေးဆိုင် တည်ဆောက်ပါ။
18/09/2025
ကိုယ်တကယ်ပိုင်တဲ့ ဈေးဆိုင် တည်ဆောက်ပါ...
ဆိုင်ရဲ့ စာရင်းဇယားတွေက ရှုပ်ယှက်ခတ်နေလား?
Customer တွေက တစ်ခါလာပြီးရင် ပျောက်သွားတာများနေလား?
Promotion လုပ်ချင်တိုင်း Facebook မှာပဲ Boost လုပ်နေရတာ ငွေကုန်ကြေးကျ များနေပြီလား?
ဒီလိုခေါင်းစားစရာတွေအတွက် အဖြေက ကိုယ့်လုပ်ငန်းအတွက် ကိုယ်ပိုင် E-commerce App တစ်ခု ဖန်တီးဖို့ပါပဲ။
App တစ်ခု ဖန်တီးမယ်ဆိုရင် သုံးစွဲသူ customer အတွက် လွယ်ကူဖို့လိုသလို ကိုယ့်အတွက် လုပ်ငန်းကို စီမံခန့်ခွဲရာမှာလည်း အထောက်အကူ ပြုနိုင်ဖို့ လိုပါတယ်။
ကျွန်တော်တို့ရဲ့ Big Bee မှာတော့ ဒီလိုအခြေခံအချက်တွေ အပြင်
✅ ကိုယ်ပိုင် App
App Store, Play Store တို့မှာ ကိုယ်ပိုင် Brand နာမည်နဲ့ App ပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်လို့ ကြာလာတာနဲ့အမျှ customer တွေရဲ့ စိတ်ထဲမှာ ခိုင်မာတဲ့ အမှတ်တံဆိပ်တခုကို ဖန်တီးနိုင်ပါလိမ့်မယ်။
✅ Loyalty System (ပွိုင့်စနစ်)
Customer တွေအတွက် ပွိုင့်စုဆောင်းနိုင်မယ့်စနစ်ကို ထည့်သွင်းပေးထားလို့ customer တွေရဲ့ သစ္စာရှိမှုကို တည်ဆောက်နိုင်ပြီး ပြန်လည်ဝယ်ယူမှုနှုန်းကို မြှင့်တင်နိုင်ပါတယ်။
✅ Sale Dashboard
ကိုယ့်လုပ်ငန်းရဲ့ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် အရောင်းစာရင်းတွေ၊ customer တစ်ဦးချင်းစီရဲ့ ဝယ်ယူပုံတွေကို အသေးစိတ်ကြည့်ရှုနိုင်တာကြောင့် လုပ်ငန်းကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ပါတယ်။
✅ Notification
အထူးပရိုမိုးရှင်းတွေ၊ ကုန်ပစ္စည်းအသစ်ရောက်ရှိမှုတွေနဲ့ သတင်းအချက်အလက်တွေကို customer တွေဆီ တိုက်ရိုက် notification ပို့ပေးနိုင်ပါတယ်။ ဒါမှသာ ကိုယ့်လုပ်ငန်းရဲ့ သတင်းအချက်အလက်တွေကို customer တွေဆီ အမြန်ဆုံးရောက်ရှိစေမှာပါ။
✅ Inventory Management
ကိုယ့်လုပ်ငန်းရဲ့ ပစ္စည်းလက်ကျန်တွေကို အချိန်နဲ့တပြေးညီ စစ်ဆေးနိုင်တာကြောင့် ပစ္စည်းပြတ်တာ၊ ပိုနေတာမျိုး လုံးဝမရှိဘဲ ကောင်းကောင်းလည်ပတ်နိုင်ပါလိမ့်မယ်။
✅ Facebook Integration
page နဲ့ ချိတ်ဆက်ထားနိုင်လို့ App နှစ်ခုသုံးစရာ မလိုဘဲ Big Bee App တစ်ခုတည်း သုံးရုံနဲ့ Comment မန့်တာ၊ Reply ပြန်တာတွေကို လွယ်လွယ်ကူကူ လုပ်နိုင်မှာပါ။
ဒီလိုမျိုး ကိုယ်ပိုင် App ကို စတင်ဖို့ ငွေကြေးအရင်းအနှီး အများကြီး မလိုပါဘူး။ တစ်နှစ်လုံးစာကို (၁၅) သိန်း သုံးရုံနဲ့ ကျွန်တော်တို့ Big Bee မှာ ကိုယ်ပိုင် App ကို ဖန်တီးနိုင်ပါပြီ။
ဒီမှာ လုပ်ငန်းရှင်မိတ်ဆွေများ App က အဆင်ပြေပါ့မလား၊ အလုပ်ရောဖြစ်ပါ့မလားလို့ တွေးနေမယ်ဆိုတာ နားလည်ပါတယ်။
ကျွန်တော်တို့နဲ့ တွဲလုပ်ထားတဲ့ လုပ်ငန်းပေါင်းနှစ်ဆယ်ကျော် ရှိတဲ့အပြင် ပထမအဆင့်မှာ ငါးသိန်းပေးသွင်းရုံနဲ့ အဆင်ပြေမပြေ စမ်းသပ်လို့ ရပါတယ်။ အဆင်မပြေရင် ကျွန်တော်တို့ဘက်က 100% ပြန်အမ်းပေးမှာမလို့ စိုးရိမ်စရာ မရှိပါဘူး။
ကိုယ်ပိုင် App ဖန်တီးဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်များ အသေးစိတ်ကို ဆွေးနွေးတိုင်ပင်ချင်ရင် Comment မှာ Big Bee App လို့ ရိုက်ခဲ့ပါ။
Big Bee
ကိုယ်တကယ်ပိုင်တဲ့ ဈေးဆိုင်တည်ဆောက်ပါ။
16/08/2025
ဒီလိုအဖြစ်မျိုးတွေ ကြုံနေရပြီလား? 😓
Messenger က message ပေါင်း 200 ကျော်
နေရာအနှံ့က Order တွေ
ဘယ်ရောက်သွားမှန်းမသိတဲ့ Stock စာရင်းတွေ
ဒီအခက်အခဲတွေ အားလုံးကို ဖြေရှင်းပေးဖို့ Big Bee ရောက်ရှိလာပါပြီ။ 🐝
✅ ကိုယ့်ရဲ့ page နဲ့ အလွယ်တကူ ချိတ်ဆက်နိုင်မယ်။
✅ Comment မန့်တာ ၊ Reply ပြန်တာတွေကို Big Bee App ထဲမှာပဲ လုပ်လို့ရမယ်။
✅ Order တွေ၊ Stock စာရင်းတွေနဲ့ Customer စာရင်းတွေကိုလည်း App တစ်ခုတည်းကနေ စီမံခန့်ခွဲနိုင်မှာပါ၊
နှစ်ပတ်အတွင်းမှာ အချိန်တွေအများကြီးသက်သာပြီး
Order တစ်ခုလေးတောင် လက်လွတ်တော့မှာ
မဟုတ်ပါဘူး။
ရောင်းရလို့ စိတ်ရှုပ်တယ်၊ ပင်ပန်းတယ်
ဆိုတာမျိုး မဖြစ်ပါစေနဲ့။
လုပ်ငန်းတစ်ခုကို ဖုန်းတစ်လုံးထဲနဲ့
စမတ်ကျကျ စီမံခန့်ခွဲလိုက်ပါ။
Big Bee
Stress to Smart
10/08/2025
လုပ်ငန်းတစ်ခု အမြတ်ရဖို့
ဝယ်သူများမှ၊ ဖောက်သည်များမှ
မဟုတ်ဘူး။ များများဝယ်အောင်
လုပ်နိုင်ရင်လည်း အပြောင်းအလဲဖြစ်တယ်။
ဒါ့ကြောင့် Big Bee Owner တွေအတွက်
ကိုယ့်ရဲ့ App မှာ
များများဝယ်လာအောင်
ဆွဲဆောင်နိုင်ဖို့ ပထမဆုံး
နည်းလမ်း (၃) ခုကို ပြောပြပေးမယ်။
(၁) ပေါင်းစပ်ဝယ်ယူမှုကို အားပေးပါ။
ဝယ်သူက ပစ္စည်းတစ်ခုကို စိတ်ဝင်စားနေပြီဆိုရင်
အဲဒီပစ္စည်းနဲ့ ဆက်စပ်ပြီး တွဲဖက်သုံးလို့ရတဲ့
တခြားပစ္စည်းတွေကိုပါ
တစ်ခါတည်း ဝယ်ဖို့ ပြသပေးပါ။
ဥပမာ - ဖုန်းတစ်လုံးဝယ်သူကို
ဖုန်းကာဗာ၊ Screen Protector၊ နားကြပ်
စတာတွေနဲ့ တွဲဖက်ပြီး "Bundle Deal" အဖြစ်
လျှော့စျေးနဲ့ ရောင်းချပေးတာမျိုးပါ။
(၂) ကန့်သတ်ချက်နဲ့ Delivery Free လုပ်ပါ။
ဝယ်သူတွေ အများဆုံး စိတ်ဝင်စားကြတဲ့
အရာတွေထဲက တစ်ခုက Delivery Free ပါ။
App မှာ Delivery Free ရဖို့
အနည်းဆုံး ဝယ်ယူရမယ့် ပမာဏတစ်ခု
သတ်မှတ်ပေးပါ။
ဥပမာ - ၁၅,၀၀၀ ကျပ်ဖိုးအထက် ဝယ်ယူတာနဲ့
Delivery Free ဆိုတာမျိုးပါ။
ဒီလိုသတ်မှတ်လိုက်ရင် အများစုက
နောက်တခေါက် ပို့ဆောင်ခ
မကုန်ချင်တဲ့အတွက် လိုအပ်တာထက်
ပိုပြီးဝယ်ယူဖို့ ဆုံးဖြတ်တတ်ကြပါတယ်။
(၃) Loyalty Program တွေ တည်ဆောက်ပါ။
ဝယ်သူတွေ များများဝယ်လေ
အမှတ်တွေ ပိုရလေ
အကျိုးခံစားခွင့်တွေ ပိုရလေဖြစ်တဲ့
Loyalty Program တွေ
ဖန်တီးထားပါ။
Loyalty Program တွေထဲမှာ
အကောင်းဆုံး နည်းဗျူဟာကို ပြောပါဆိုရင်
Starbucks ပဲ။
ဝယ်ယူမှုတိုင်းမှာ ကြယ်ပွင့်တွေစုပြီး
Free Drink တွေ၊ မွေးနေ့လက်ဆောင်တွေ
လဲလှယ်ရရှိနိုင်တာကြောင့် ဝယ်သူတွေက
Starbucks မှာ အမြဲတမ်း ပုံမှန်ဝယ်ယူဖို့
စိတ်အားထက်သန်ကြပါတယ်။
ဒီလိုမျိုး နောက်ထပ်နည်းလမ်းတွေကို
သိချင်ရင် Comment မှာ
Yes လို့ မန့်ခဲ့ပါဦး။
Big Bee
အွန်လိုင်းပေါ် ဈေးဆိုင်တည်ပါ။
Big Bee ကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုလို့ရပါပြီ။
🎉 🎉 🎉
⚠️ SYSTEM MAINTENANCE ⚠️
ယနေ့ည ( 21 July 2025 9:00 PM to 12:00 PM) တွင် system upgrade ပြုလုပ်မည်ဖြစ်ပါသည်။ ထို အချိန်အတွင်း application ကို ခေတ္တ သုံးလို့ ရမှာ မဟုတ်ပါဘူးနော်။
30/04/2025
ဝယ်သူတွေကို အကြွေးတင်သလို ခံစားရစေမဲ့ Marketing Strategy
အကြွေးရှိတဲ့ ခံစားချက်က မကောင်းဘူး။ ကျေးဇူးကြွေးဆိုရင် ပိုဆိုးတာပေါ့။
စဉ်းစားကြည့်။ ကိုယ်နဲ့မသိတဲ့ လူတစ်ယောက်ယောက်က မုန့်လာကျွေးတယ် ဆိုပါစို့။
အဲ့ဒီအချိန် ဘာပြန်ပြောမလဲ။ ကျေးဇူးတင်ပါတယ်လို့ ပြောကောင်းပြောမယ်။
ပြီးရင်ရော ဘာဆက်လုပ်ဖြစ်လဲ?
ဟုတ်တာပေါ့..သူ့ကိုလည်း ကိုယ့်ရဲ့မုန့် ပြန်ကျွေးချင်တဲ့စိတ်မျိုး ဖြစ်လိမ့်မယ်။
ဒါဟာ လူတွေမှာရှိတဲ့ ဖြစ်တတ်တဲ့ အကြွေးတင်တတ်စိတ် တစ်နည်းအားဖြင့် ကျေးဇူးတင်တတ်တဲ့စိတ်ပဲ။
ဒီစိတ်ကို ကိုယ့်ရဲ့လုပ်ငန်းတွေမှာ ရေရှည်ဖောက်သည်ရဖို့ အသုံးချလို့ ရတယ်။
ဘယ်လိုအသုံးချမလဲဆိုရင် ဖောက်သည်တွေကို ကူညီပေးတာပဲ။ သူတို့အတွက် အကျိုးရှိမဲ့အရာတွေ ပြောပြတာ၊ အသုံးဝင်မဲ့ အကြံဉာဏ်တွေ ပေးတာမျိုးပေါ့။
ဥပမာ ကိုယ်က အင်္ကျီတွေရောင်းတယ်ဆိုရင် စတိုင်ကျပြီး ခေတ်စားတဲ့ အဝတ်အစားတွေကို ပြောပြတာမျိုး၊ ဘယ်လို တွဲဝတ်ရင် လိုက်တယ်ဆိုပြီး အကြံဉာဏ် ပေးတာမျိုး
အစားအသောက်ရောင်းတယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်နည်းတွေ၊ အစားအသောက်တွေ မျှဝေတာမျိုး လုပ်လို့ရပါတယ်။
ဒါက လူတွေကို အကြွေးတင်တယ်လို့ ခံစားရစေပြီး ကိုယ့်လုပ်ငန်းဆီက အမြဲဝယ်ယူဖို့ ဝန်မလေးကြဘူး။
Big Bee
အွန်လိုင်းပေါ် ဈေးဆိုင်တည်ပါ။
17/04/2025
မြန်မာ့သက္ကရာဇ် (၁၃၈၇) ခုနှစ်၊
နှစ်ဆန်းတစ်ရက်နေ့မှ စတင်ပြီး
လုပ်ငန်းရှင်များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး၊ စီးပွားဥစ္စာများ တိုးတက်ပါစေလို့ Big Bee Team မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
#နှစ်ဆန်းတစ်ရက်နေ့
#မြန်မာ့နှစ်သစ်ကူးနေ့
06/04/2025
BigBee မှာ Point တွေကို ဘယ်လိုသတ်မှတ်ပြီး ပေးရမလဲ?
ဒီနေ့ခေတ်မှာ Point တွေနဲ့ လဲလှယ်ပြီး ဆုလက်ဆောင်တွေ ပေးတာက New Normal ဖြစ်လာတယ်။
customer အသစ်ရဖို့၊ customer တွေမြဲနေဖို့၊ customer တွေများလာဖို့ လုပ်ငန်းတိုင်းက မဖြစ်မနေ လုပ်လာကြတယ်။
Big Bee ကို အသုံးပြုကြတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ကိုယ့်စိတ်ကြိုက် Point တွေကို သတ်မှတ်ပြီး ဆုလက်ဆောင်တွေကို လဲလှယ်ပေးလို့ ရပါပြီ။
ဘယ်လိုလုပ်ရမလဲ ဆိုရင်တော့
(1) ပထမဆုံး Menu ထဲက Business Settings ကိုနှိပ်ပါ။
(2) Point Setting ကိုနှိပ်ပြီး on ပေးပါ။
(3) ပြီးရင်တော့ ကိုယ့်စိတ်တိုင်းကျ Point တွေကို သတ်မှတ်လို့ ရပါပြီ။
Point တွေကို သတ်မှတ်တဲ့အခါ 1 point ကို 1000 ကျပ်လား၊ 10000 ကျပ်လား စသည်ဖြင့် ဖြည့်ပါ။
Point Expire Duration ဆိုတာကတော့ Point တွေကို သတ်မှတ်ရက်အတွင်း မသုံးဖြစ်ရင် Customer Acc ထဲမှာ ပျောက်သွားမှာပါ။
Product တခုချင်းစီပေါ် ပေးမှာလား၊ ဝယ်တဲ့ပမာဏပေါ် မူတည်ပြီး Point တွေပေးမှာလား ရွေးလို့လည်း ရပါတယ်။
Big Bee
အွန်လိုင်းပေါ် ဈေးဆိုင်တည်ပါ။
Click here to claim your Sponsored Listing.
Category
Website
Address
First Floor, No. 677 Myittar Road
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |