May Lay
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Lay, Shopping & retail, Bahan, Yangon.
Hello
13/05/2023
ကျွန်တော်တို့ကိုလည်း ခေါ်သွားပေးကျပါ
မခေါ်သွားနိုင်ခဲ့ရင်တောင် ကျွန်တော်တို့က သခင်တို့ကို အပြစ်မတင်ရက်တာမို့ ကျွန်တော်တို့ရဲ့ ကြိုးလေးတွေကို ဖြည်ထားပေးခြင်း၊လှောင်အိမ်တံခါးဖွင့်ထားပေးခြင်းတွေတော့ ပြုလုပ်ပေးခဲ့ကျဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်🙏
အကယ်၍ ကျွန်တော်တို့ ကွဲကွာခဲ့ရင်တောင် ဒီအန္တရာယ်ကြီးပြီးရင် ပြန်ဆုံကျမယ်နော်
ဒါကြောင့်မို့ သခင်တို့လည်း အန္တရာယ်ကင်းအောင်နေပါနော် ။ သခင်တို့အားလုံး အန္တရာယ်ကင်းဘေးရှင်းပါစေ။
Credit
13/07/2022
#ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။
နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ
ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။
(၄) ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။
(၅) ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။
(၆) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။
(၇) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။
(၈) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။
(၉) ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။
ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ပါသည်။
https://www.facebook.com/100035922915502/posts/761673018373455/
13/06/2022
....စပါးလင် ရေနွေးကြမ်း....
စပါးလင်ရေနွေးကြမ်း မကြာခနသောက်ဖြစ်ပါတယ် .. ရေနွေးဆူဆူ တစ်ဖန်ခွက်ထဲကို သကြားအနည်းငယ်နဲ့သန့်စင်ထားသော စပါးလင် ၁ချောင်းပါးပါးလှီးထည့်ပြီး , အဖုံးခနလောက် အုပ်ထားလိုက်ရုံပါပဲ .. အနေတော် ခပ်နွေးနွေး အနေအထားဖြစ်ရင် သောက်နိုင်ပါပြီ .. အရသာလည်း ကောင်းပါတယ် ..
...
စပါးလင်၏ ကောင်းကျိုးဂုဏ်သတ္တိ
စပါးလင်ဟာ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရပ်စ်စတာတွေကြွယ်ဝပြီး ဆေးဖက်ဝင်အစွမ်းသတ္တိတွေရှိပါတယ် .. အစာခြေလမ်းကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေကို သေစေပြီး အူမထဲက အကျိုးပြုဘက်တီးရီးယားတွေ ကို တိုးပွားစေနိုင်တာကြောင့် ကောင်းစွာ အစာချေဖျက်နိုင်ဖို့ အထောက်အကူပြုပါတယ် .. နောက်ပြီး ကိုလက်စထရောပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ် ..
စပါးလင်ရဲ့ ပင်ကိုအစွမ်းသတ္တိအရအဆိပ်အတောက်တွေ၊ ယူရစ်အက်စစ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ဆီးသွားခြင်းဖြင့် စွန့်ထုတ်စေတာကြောင့် ကျောက်ကပ်အ တွက် ကောင်းကျိုး ပြုပါတယ် .. ပိုးမွှားတွေနဲ့ မှိုရောဂါတွေကို သေစေနိုင်စွမ်းရှိတာကြောင့် စပါးလင်နဲ့ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ ဖျားနာတာတွေကို ကုသနိုင်ပါတယ် ..
ကင်ဆာရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပြီး ခေါင်းကိုက်၊ ရင်ကျပ်၊လည်ချောင်းနာ၊ ချွေးထွက်လွန်၊ကိုယ်နံ့ဆိုးထွက်တာမျိုးဖြစ်ရင်လည်း စပါးလင်နှစ်ချောင်း၊ သုံးချောင်း ကို သစ်ကြံပိုးခေါက်၊ နနွင်းမှုန့်အနည်းငယ်နဲ့ဆူအောင် တည်ပြီး အရည်ကိုသောက် ပေးနိုင်ပါတယ် .. ကြွက်သားနာကျင်တာ၊ ဂေါက်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာနဲ့ အခြားသော အဆစ်အမြစ် နာကျင်တာတွေကို စပါးလင်ဆီလိမ်းပေးရင်သက်သာစေပါတယ် .. နို့တိုက်မိခင်တွေအတွက် ဆိုရင်လည်း နို့ထွက်အားကောင်းစေပြီး ရင်သွေးငယ်တွေကျန်းမာပြီး ရောဂါပိုးကူးစက်ခံရမှုတွေက ကာကွယ်ပေးပါတယ် ..
ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေကာ လန်းဆန်းတက်ကြွစေနိုင်တာကြောင့် စိတ်ကျဝေဒနာအတွက် အကောင်းဆုံးဆေးတစ်ခုပါ .. ကိုယ်နံ့မကောင်းတာနဲ့ အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ် .. ခြေ လက် အသားအရေလှဖို့အတွက် စပါးလင်ဆီ လိမ်းမယ်ဆိုရင်တော့ ရေ (ဒါမှမဟုတ်) သံလွင်ဆီနဲ့ရောပြီးမှ လိမ်းဖို့အကြံပြုပါတယ် ..
12/06/2022
#လူတစ်ယောက်ကျန်းမာချင်ရင် -
- ဝမ်းနှုတ်ဆေးမစားဘဲ ဝမ်းမှန်သူ ဖြစ်ရပါမယ်။
- ဆီးရွှင်ရွှင် သန့်သန့်သွားနိုင်သူ ဖြစ်ရပါမယ်။
- အရည်အချင်းမီသော သွေးပိုင်ရှင် ဖြစ်ရပါမယ်။
ဒီလိုဖြစ်ဖို့က ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတဖို့ လိုပါတယ်။ ညီညွတ်မျှတရာမှာလည်း သန့်သန့်စင်စင်လေးဖြစ်ဖို့ လိုပါတယ်။
ဒါကြောင့် -
- လေ သန့်ရမယ်။
- သွေး သန့်ရမယ်။
- ဆီး သန့်ရမယ်။
- ဝမ်း သန့်ရမယ်။
#လေသန့်အောင်စွမ်းဆောင်မယ်။
- ကရမက်ရည်ကျဲကျဲလေး လိမ်းအိပ်ပါ။
- ညှော်နံ့တွေ ရှောင်ပါ။
- အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန်တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးပါ။
#သွေးသန့်အောင်ပြုပြင်မယ်
သွေးသန့်ဖို့အတွက် ကန်စွန်းရိုးနီကို စားရပါမယ်။ ကန်စွန်းရိုးနီဟာ အဆိပ်ကို နိုင်တယ်ဆိုတာလည်း ကြားဖူးမှာပါ။
အဆိပ်မိလာတဲ့ခွေးလေးတွေကို ကန်စွန်းရိုးနီသတ္တုရည်လေးနဲ့ ထန်းလျက်လေးပါးစပ်ထဲထည့် ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး ပတ်ချာလှည့်လိုက်ရင် အန်ထွက်လာမယ်။ နောက်ထပ် သတ္တုရည်နဲ့ ထန်းလျက်ထပ်ကျွေးလိုက်ရင် အသက်မသေဘဲ ပြန်ရှင်နိုင်ပါတယ်။
ဒါကြောင့် ကန်စွန်းရိုးနီနဲ့ သွေးကို ပြင်တဲ့နေရာမှာ -
- ကန်စွန်းရိုးနီ ၁၅- ၂၀ ပင်လောက်ကို သန့်စင်ပြီး တောက်တောက်စင်းပါ။
- ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။
- ပွက်ပွက်ဆူလာရင် ကန်စွန်းရွက်အိသွားပြီး အရောင်ဖြူသွားပါလိမ့်မယ်။ ပြုတ်ရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။
- အဖတ်ကို စစ်ယူပါ။ သုပ်စားနိုင်ပါတယ်။ ပြုတ်ရည်ထဲကို ထန်းလျက်တစ်ခဲနဲ့ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းလေးနဲ့ တစ်ပွက်နှစ်ပွက်ဆူအောင် ပြန်တည်ပါ။ အဲသည့်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။
ဆီးသန့်အောင် ဆောင်ရွက်မယ်
- ဆီးအောင့်မထားပါနဲ့။
- အထူးသဖြင့် မနက်လေးနာရီလောက်မှာ သွားချင်တဲ့ဆီးကို အောင့်မထားပါနဲ့။ အောင့်ထားပါက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်ကာ ဒုက္ခပြန်ပေးပါယ်။
- ကျောက်ဖရုံသီးအစိမ်းကို ကြော်ချက်၊ ဟင်းချို၊ အသားနဲ့ ရောနှောကာ ချက်စားပါ။
- ဆေးကုလားမ ဖျော်ရည်သောက်ပါ။
- အုန်းနုဇွန်းခြစ်ကို ရက်ခြားသောက်ပေးပါ။
#ဝမ်းသန့်ဖို့အောက်ပါတစ်ခုခုစားသောက်ပါ။
- မန်ကျည်းမှည့်ချဉ်ချိုလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ။ (ဆီးချိုသမားများလည်း သောက်သုံးနိုင်ပါတယ်။) ချဉ်ချိုအရသာ ပြဌာန်းဦးစီးရပါမယ်။
- ဒိန်ချဉ်လည်း သောက်သုံးနိုင်ပါတယ်။ ထန်းလျက် မများရ၊ ရေခဲ မထည့်ရ၊ ဒိန်ချဉ်အရသာ ကဲပါစေ။
- ဖီးကြမ်းငှက်ပျောသီးမှည့်၊ ငှက်ပျော်ချဉ်မှည့်လေးလည်း စားနိုင်ပါတယ်။
(၂၁) ရက်တော့ လုပ်ဆောင်ပေးပါ
အထက်ကပြောခဲ့တဲ့ သန့်လေးသန့်ဖြစ်အောင် ၂၁ရက်လောက် နေထိုင်စားသောက်ပြီးရင် ဖောယောင်တာတွေ ကျသွားပါလိမ့်မယ်။ လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်သွားရင် ကျောက်တည်တာကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။
#ထပ်မှာချင်ပါတယ်။
- အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးပါ။
- ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။
- ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။
crd
ဆရာဦးရန်အောင်။
ဤစာကိုမေတ္တာဖြင့်ပြန်လည်၍ထပ်ဆင့်မျှဝေလိုက်ပါသည်ခမျာ
(မောင် ယဉ်ကျေး)
#တိုင်းရင်းဆေးနည်းများ
https://www.facebook.com/1555987857970217/posts/2746771695558488/
02/06/2022
.
စပျစ်သီးစားပြီး အစေ့ကိုမပစ်နဲ့ ရွှေထက်တန်ဖိုး
ရှိပါတယ်လူအများစု မစားဖြစ်ပဲ ထွေးထုတ်နေမိတဲ့
စပျစ်သီးအစေ့လေးတွေအကြောင်း ။
စပျစ်သီး အစေ့ရဲ့ အရသာက ခါးသက်သက်
စားရတာကလည်း မာဆတ်ဆတ်နဲ့ဆိုတော့
စပျစ်သီးစားတိုင်း ထွေးထုတ်ပစ် လိုက်တာ
များပါတယ် ။
ဒါပေမယ့် လူတွေ မသိတဲ့ အချက် တစ်ခုက
စပျစ်သီးက သူရဲ့အစွမ်းသတ္တိတွေ အကုန်လုံးကို
အစေ့ထဲမှာ သိမ်းဆည်း ထားတာပါ ။
စပျစ်သီး အစေ့ထဲ မှာပါတဲ့ အစွမ်းသတ္တိ တွေကိုသာ
သိခဲ့မယ်ဆိုရင် အရင်က ထွေးထုတ် ခဲ့မိတဲ့
စပျစ်သီးစေ့လေးတွေကို နှမြောမိမှာ
သေချာ ပါတယ် ။
နိုင်ငံတကာ မှာလည်း စပျစ်သီးအစေ့ရဲ့ အဆီအနှစ်
ကို ထုတ်ယူပြီး ဆေးဝါး အဖြစ် ထုတ်လုပ်
ရောင်းချ နေတာမျိုးလည်း ရှိပါတယ် ။
စပျစ်သီး အစေ့ထဲမှာ အရမ်းကို အစွမ်းထက်တဲ့
အင်တီအောက် ဆီးဒင့် တစ်မျိုး ပါဝင် ပါတယ် ။
အဲ့ဒီ ဓာတ်တိုးဆန့်ကျင် ပစ္စည်းရဲ့ အစွမ်းကြောင့်
အရွယ်တင် နုပျိုစေပြီး အသားအရေကို ကြည်လင်
လှပစေပါတယ် ။ ကင်ဆာရောဂါ မဖြစ်အောင်
ကာကွယ်ပေးပြီး ခန်ဓာကိုယ်မှာ ပျက်စီးသွားတဲ့
ဆဲလ်တွေကို ဖယ်ရှား ပေးပါတယ် ။
ဆံံချည်မျှင် သွေးကြောလေးတွေ ထိ
သွေးလည်ပတ်မှု ကောင်းစေလို့ ခန္ဓာ ကိုယ်ကို
ကျန်းမာ လန်းဆန်း စေပါတယ် ။ သွေးထဲက
မကောင်းတဲ့ အဆီတွေကို လျော့ကျစေလို့ နှလုံးနဲ့
သွေးကြော ဆိုင်ရာရောဂါတွေ မဖြစ်အောင်
ကာကွယ် ပေးပါတယ် ။
Omega 3 Fatty Acid တွေလည်း ပါဝင်လို့
ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို
ကောင်းမွန်စေတယ် ။ မျက်စိကျန်းမာရေး
အတွက် လိုအပ်တဲ့ VitaminA လည်း ပါဝင်တယ် ။
VtaminE လည်း ပါဝင်လို့ အသားအရည်နဲ့
ဆံသားကို စိုပြည်လှပ စေတယ် ။
Collagen ထုတ်လုပ် မှုကို တိုးတက်စေလို့ အသား
အရည်ကို တင်းရင်း စိုပြည်လှပ စေတယ် ။
အရေးပြားဆဲလ် အသစ်တွေကို ဖြစ်ပေါ်စေလို့
ထိခိုက်ဒဏ်ရာ များကို လျင်မြန်စွာ သက်သာ
ပျောက်ကင်း စေပါတယ် ။
အသည်းနဲ ကျောက်ကပ်ကို အားဖြည့်ပေးပြီး
ခန္ဓာကိုယ်ထဲက အဆိပ်ဓာတ်တွေကို ရှင်းထုတ်
ပေးနိုင်တယ် ။
- #မူရင်းရေးသားသူ
ယခုအချိန်အခါ 📢📣📣
သတိနဲ့သွားလာပါ🚷
ရပ်ပြီး ဖုန်းမပြောပါနဲ့📵
ရွှေဆွဲကြိုး ရွှေ မဝတ်ပါနဲ့❌
မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့🚷
ရှောင်သင့်တာကို ရှောင်သွားပါ🚫
ပိုက်ဆံအိတ် အိတ် မလွယ်ထားပါနဲ့❌
မလိုအပ်ဘဲမှတ်ပုံတင် အပြင်ယူမသွားပါနဲ့❌
ဆိုင်ကယ် ကလစ် စကိုဖီး စီးရင် သတိထားပါ🚳
သွားလာရင်း နောက်ကြည့်မှန်ကို ခဏခဏ ကြည့်ပါ⭕
လူသုံးယောက်လောက် အနားကပ်လာရင် မြန်မြန်စီးပါ🚨🏃
ဘယ်မြို့မှာနေနေ သတိထားသွားလာကြပါ🛑🚨🛑
မေတ္တာဖြင့်သတိပေးခြင်းမျှသာ
23/05/2022
⚠️☣️Warning☣️⚠️
မျောက်ကျောက် (Monkeypox)
ရောဂါလက္ခဏာများ —
မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။
ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ
တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ
ကွာကျလာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀) နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။
မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။
ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့ (၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။
ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့ ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။
လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
• မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့် အနီးကပ်မနေပါနှင့်။
• ကျန်းမာရေးဝန်ထမ်းများဟာ
ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။
ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။
ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။
တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း
• တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်။
• ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။
• အသားများအားလုံး မကျက်တကျက် စားသုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။
• အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။
မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။ (၁၉၈၀) မှာ ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ချေ ပိုများပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် အကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။
Credited : Aung Min
Source — WHO
20/05/2022
စီးပွားတက် လာဘ်ပွင့်ချင်ရင်
အိမ်နံပါတ်ကို
၁လုံးတည်းရအောင်ပေါင်းရပါမယ်..
ကိုယ်အိမ် No(403).
7 lucky ဂဏန်းလို့ပြေကြပေမယ့်..
အိမ်မှာ လူမမြဲဘူး
နယ်လှည့်ခရီးသည်တွေလိုပဲ..
အဲဒီတော့
ဆည်းလည်းလေးတော့ ချိတ်အူးမှဘာ
*****
၁ ဂဏန်းရတဲ့ အိမ်မှာ
ကျားရုပ်,ဆင်ရုပ် သို့မဟုတ်
ရုပ်ပုံထား
၂ ဂဏန်းရတဲ့ အိမ်မှာ
ရေတံခွန်ပုံ,တောင်တန်းပုံ
သူရသဌိ မယ်တော် ရုပ် (သို့) ပုံထား
၃ ဂဏန်းရတဲ့ အိမ်မှာ လိပ်ပုံထား
၄ ဂဏန်းရတဲ့ အိမ်တွေဆို
ရွေးချယ်လို့ရရင်မနေနဲ့
မရရင်တော့
အနီရောင်အပြားပေါ်
အိမ်နံပါတ်ကို
ရွှေရောင်နဲ့ရေးပြီးကပ်ထား
ခိုက္တတ္လို့
ပြီးရင် မျက်နှာစာမှာမှန်ချိတ်ထား
၅ ဂဏန်းရတဲ့အိမ်ဆို
စာအိတ်အနီမှာ
ငွေထည့်ပြီး
ဆန်အိုးထဲပစ်ထည့်ထားလိုက်
၆ ဂဏန်းရတဲ့ အိမ်ဆို
ရှေးဟောင်းပန်ချီကားချိတ်
ဂီတသံလေးဖွင့်ဖွင့်ပေး
၇ ဂဏန်း ရတဲ့အိမ်ဆို
အိမ်အ၀င်၀မှာ ဆည်းလဲချိတ်ထား
၈ ဂဏန်းရတဲ့ အိမ်ဆို
အိမ်ထဲမှာ
မှန်ကြီးကြီးတချပ်ဆောင်ထား
အိမ်မျက်နှာစာမှာ
မီးလုံးကြီးကြီးထားပေး ထွန်းပေး
၉ ဂဏန်းရတဲ့ အိမ်ဆို
ဘုရားခန်း မွှေးကြိုင်
သပ်ရပ်အောင်ထားပေး
တရားသံများများဖွင့်ပေး
အိမ်ရဲ့ မြင်သာတဲ့နေရာမှာ
ကြေးစည်ကြီးကြီး သို့
မောင်း ချိတ်ထားပေးပါ
crd_to_owner
ပြန်လည်မျှဝေပါသည်။
ပြန်လည်မျှဝေနှိုင်ပါသည်။
Photo crd.
12/05/2022
ဒီချိန်က ဒူးရင်းသီးပေါချိန်ဆိုတော့
အားလုံးသတိပြုရအောင်ပါရှင့်
Photo - crd
28/04/2022
☀️☀️☀️
အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။
ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။
တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။
ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။
တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။
နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ
🔹ချွေးတွေအရမ်းထွက်ပါတယ်
🔹ဆားတွေပါ ပါသွားပါတယ်။
🔹ဆားတွေများများပါသွားလေလေ
🔹ရေက မငတ်တော့လေလေ ပါပဲ။
🔹ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။
အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။
ဘယ်လိုထိန်းသလဲဆိုတော့
🔴ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
🔴ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။
ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။
ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။
ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။
သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)
🔴ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့
🟢အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။
🟢ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။
🟢လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။
🟢အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။
🟢ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။
တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။
ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။
ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။
Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ
ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ
🟥အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်🟥
#အပူလျှပ်ခြင်း
Credit ;
အထက်ပါအကြောင်းအရာရေးသားသူကို ကျေးဇူးတင်ပါတယ်🙏
ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်ရှင်
Click here to claim your Sponsored Listing.
Category
Website
Address
Bahan
Yangon
11181
Opening Hours
| 09:00 - 17:00 |