Central Lab

Central Lab

Share

Hope for best quality control

07/07/2023

Part time Vacancy post

Lab technician - Med tech or grade 1 ( 2 ) post
Working hour - 9am-5pm , 5pm -7am
Working days - Saturday & Sunday
Location - Ahlone

ဓာတ်ခွဲခန်းလုပ်ငန်းအတွေ့အကြံု ရှိသူ ဖြစ် ရမည်။
မည်သည့် section မဆို လုပ်ကိုင်နိုင်သူဖြစ်ရ မည်။

စိတ်ဝင်စား ၍လျှောက်ထားလိုပါက အောက်ပါ viber number သို့ CV ပို့လျှောက်ထားနိုင်ပါသည်။

Viber : 095172550

28/06/2023

Lab runner ကျား ( ၁ ) ဦး အလိုရှိသည်…

အလုပ်ချိန် 8 am -5 Pm

တစ်ပတ် ၁ ရက်နား

Location - အလုံ

CV form အပြည့် အစုံ ဖြင့် ဆေးခန်းသို့ လာရောက် လျှောက်ထားနိုင်ပါသည်…
095172550 သို့ လည်း viber မှ တဆင့် cv form များ ပို့၍ လျှောက်ထားနိုင်ပါသည်။

09/01/2022

Haemoglobin A1C (HbA1C)

HbA1C ဆိုတာ ဘာလဲ?
HbA1C ဆိုတာ နောက်တစ်မျိုးခေါ်ရရင်
Glycated Haemoglobin or Glycosylated Haemoglobin ပဲဖြစ်ပါတယ်။
အနားလည်ဆုံးပြောရရင် သွေးထဲမှ သကြားဓာတ်
နှင့်တွဲနေသော ဟေမိုဂလိုဘင် (Hb) ကိုဆိုလိုပါတယ်။

HbA1C ကို ဘယ်လိုလူတွေအတွက် စစ်သလဲ?
အဓိက အားဖြင့် ဆီးချိုရောဂါခံစားနေရသူများ၊
ဆီးချိုရောဂါလက္ခဏာကို စတင်သိရှိသူများ၊
ဆီးချိုရောဂါဟုသိရှိပြီး ဆေးကုသမှုခံယူသူများတွင် အဓိက စစ်ဆေးပါတယ်။

ဘာကြောင့် HbA1C စစ်ရတာလဲ?
ပုံမှန်အားဖြင့် မိမိတို့သွေးထဲရှိ သကြားဓာတ်ကိုတိုင်းတာရာတွင် Blood Glucose ကို လက်ထိပ်ဖောက်၍ Glucometer ဟုခေါ်သော ဆီးချိုတိုင်းစက်ဖြင့် တိုင်းတာလို့ရသလို သွေးကြောတွင်းမှ သွေးထုတ်ယူ၍ Analyzer လို့ခေါ်တဲ့ စက်ကြီးများနှင့်လည်းတိုင်းတာနိုင်ပါတယ်။
သို့သော် Blood Glucose test သည် လူနာမှ မစစ်ဆေးမီအချိန် သကြားဓာတ်ပမာဏမြင့်စေသော အစားအစာရှောင်ထားပါက အဖြေပမာဏ နည်းပါစေသလို သကြားဓာတ်ပိုမိုစားသုံးပါက အဖြေပမာဏ များပြားနိုင်ပါတယ်။

HbA1C ကိုတိုင်းတာရာတွင် သကြားနှင့်တွဲနေသော haemoglobin ကိုစစ်ဆေးသည့်အတွက် သွေးနီဥ သက်တမ်းကာလ ဖြစ်သည့် 120 days (ရက်ပေါင်းတစ်ရာ့နှစ်ဆယ်) အတွင်း မိမိတို့ကိုယ်ခန္ဓာထဲမှာ သကြားဓာတ် ထိန်းညှိမှုကို သိရှိနိုင်ပါတယ်။

ထို့ကြောင့် HbA1C ကို စစ်ဆေးခြင်းဖြင့် ဆီးချိုရောဂါအတွက်ဆေးသောက်နေသူများသည် မိမိတို့ သကြားဓာတ် ထိန်းညှိမှုကောင်းမကောင်းသိရှိနိုင်သလို ဆီးချို လက္ခဏာ စတင်ခံစားရသူများလည်း အမှန်တကယ် ဆီးချိုရောဂါရှိမရှိကို သိရှိနိုင်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ အနေဖြင့် ဆီးချိုရောဂါကုသရာမှာ အကျိုးပြုစေဖို့ HbA1C(ဟေမိုဂလိုဘင် A1C) ကို Central Lab🔬🔬 မှာ လာရောက်စစ်ဆေးဖို့ အကြံပြုလိုက်ပါတယ်။💉💉

Contact ph no: 09400400650

Photos from Central Lab's post 11/11/2021

Pap smear ဆိုတာဘာလဲ?
Pap smear ဆိုတာ အမျိုးသမီးများရဲ့ သားအိမ်ခေါင်းကို Ayre Spatula ဆိုတဲ့ တုတ်တံလေးနဲ့သော်လည်းကောင်း၊ Cytobrush နဲ့သော်လည်းကောင်း အချွဲအကျိလေးတွေကို ခြစ်ယူပြီး စမ်းသပ်တဲ့ test တစ်မျိုးဖြစ်ပါတယ်။

Pap smear ဆိုတဲ့ test ဟာ သားအိမ်ခေါင်းကင်ဆာနှင့် သားအိမ်ကင်ဆာ တို့အတွက် ကင်ဆာမဖြစ်မိီအဆင့် (Precancerous stage)၊ ကင်ဆာအဆင့် (Cancerous stage)၊ တို့ကို စောစီးစွာ သိနိုင်မယ့် ကနဦးစစ်ဆေးနိုင်သည့် (Screening test) တစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် ကင်ဆာမဟုတ်ဘဲ အ​ခြားသောအကြောင်းအရာများ​ကြောင့် သားအိမ်ခေါင်းရောင်ရမ်းခြင်းတို့ကိုပါ ရှာဖွေနိုင်သော test တစ်မျိုးလည်း ဖြစ်ပါတယ်။

အမျိုးသမီးတွေ ဘယ်အသက်အရွယ်မှာ စစ်သင့်သလဲ?
အမေရိကန်(US)တို့လို နိုင်ငံတွေမှာတော့ အရွယ်ရောက်ပြီး(ပျိုဖော်ဝင်ပြီး) မိန်းကလေးများ အသက် 21 နှစ်မှစ၍ အသက် 65 ထိတိုင်အောင် ကနဦး စစ်ဆေးခြင်းလုပ်ငန်းစဥ် (Screening Project) အဖြစ် လုပ်ဆောင်လေ့ရှိပါတယ်။

Pap smear ရဲ့ အကျိုးကျေးဇူး
အဓိကအကျိုးကျေးဇူးကတော့ ကင်ဆာမဖြစ်မိီ အဆင့်တွင် Pap smear ဖြင့် သိရှိပါက စောစီးစွာ ရောဂါကုသမှု ခံယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် မမ၊ဒေါ်ဒေါ်၊တို့ အနေနှင့် သက်ဆိုင်ရာ နားလည်တတ်ကျွမ်းသော သားဖွားမိီးယပ်အထူးကုဆရာဝန်များနှင့်ပြသ၍ မိမိတို့၏ဓာတ်ခွဲနမူနာများကိုရယူကာ Central Lab တွင် လာရောက်စစ်ဆေးနိုင်ကြောင်း သတင်းကောင်းပါးလိုပါတယ်။

23/10/2021

ဒီတစ်ခါ သီတင်းကျွတ်ကာလ Promotion အနေနှင့်
Central Lab မှ အခြေခံသွေးစစ်ခြင်း ကို မိတ်ဆက်
ပေးမှာဖြစ်ပါတယ်။

Basic Package မှာ ပါဝင်တဲ့စစ်ဆေးမှုတွေကတော့

1. Complete Blood Count with film
သွေးနီဥ သွေးဖြူဥ သွေးဥမွှားစစ်ဆေးခြင်း

2. ESR

3. Urea and Electrolytes and Creatinine
ကျောက်ကပ်လုပ်ငန်းစွမ်းရည်စစ်ဆေးခြင်း

4. Liver Function test and GGT
အသည်းစွမ်းဆောင်ရည်စစ်ဆေးခြင်း

5.Blood Glucose(RBS/FBS)
သွေးတွင်းသကြားဓာတ်တိုင်းတာခြင်း

6.Lipid profile
သွေးတွင်းရှိ cholesterol ကိုလက်စ်ထရော 4 မျိုး တိုင်းတာခြင်း တို့ပါဝင်ပါတယ်။

အမြန်လေး Booking တင်ထားမှ စိတ်ချရမယ်နော်။
📲📲0944547908, 09458887977

19/10/2021

"Thadingyut Promotion"
သီတင်းကျွတ်လက်ဆောင်အနေနဲ့ မေမေတို့အတွက် "Antenatal Care Pakage" လေးနဲ့မိတ်ဆက်ပေးပါရစေ။

Central Lab မှာ မေမေတို့အနေဖြင့် Antenatal Care Package အလိုက် သွေးနှင့်ဆီးစစ်ဆေးမှုများကို အခုပဲလာရောက်ပြုလုပ်ဖို့ဖိတ်ခေါ်ပါတယ်။🔬🔬

ပုံမှန်စျေးနှုန်းထက် 20% off စျေးနှုန်းလေးကို မေမေတို့အနေနှင့် ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။💵💵

Antenatal Care Package တွင်ပါဝင်သော စစ်ဆေးမှုများမှာ
1. Complete Blood Count or CP Auto (သွေးနီဥ သွေးဖြူဥ သွေးဥမွှား အရေအတွက်စစ်ဆေးခြင်း)

2. ABO & Rh grouping (သွေးအုပ်စုအမျိုးအစားခွဲခြားခြင်း)

3. Blood Glucose (သွေးတွင်းရှိသကြားဓာတ်တိုင်းတာခြင်း)

4. Infection Screening (ကူးစက်ရောဂါများကို ကနဦးအဆင့်စစ်ဆေးခြင်း)
- HBs Ag (အသည်းရောင်အသားဝါ B ပိုး)
- Anti HCV Ab (အသည်းရောင်အသားဝါ C ပိုး)
- Anti HIV 1&2 Ab (ခုခံအားကျဆင်းမှုရောဂါပိုး)
- VDRL (ကာလသားရောဂါပိုး)

5. Urine RE (ဆီးစစ်ဆေးခြင်း) တို့ပါဝင်ပါတယ်။

အမြန်လေး Booking တင်ထားမှ စိတ်ချရပါမယ်နော်။

Promotion Peroid: (20.10.2021 မှ 31.10.2021 ထိ)
📲📲 Phone number: 09444547908, 09458887977

10/10/2021

Uric acid (ယူရစ်အက်စစ်)

Uric acid ဆိုတာ လူတစ်ဦးရဲ့သွေးထဲမှာရှိနေတဲ့ အညစ်အကြေးဓာတ်တစ်မျိုး(waste product) ပဲဖြစ်ပါတယ်။

Uric acid ဘယ်ကလာသလဲ?
လူခန္ဓာကိုယ်မှာ Purines လို့ခေါ်တဲ့ဓာတုပစ္စည်းတစ်မျိုးကို ဖြိုခွင်းဖျက်ဆီးခြင်းမှ ရလာပါတယ်။

Uric acid က ခန္ဓာကိုယ်ထဲမှာများရင် ကောင်းသလား?
အဖြေကရှင်းပါတယ်။ ရှိသင့်တဲ့ပမာဏထက် များရင်မကောင်းပါဘူး။

ဘယ်အခြေအနေတွေမှာ Uric acid များသလဲ?
1. Uric acid ကြွယ်ဝသော အစားအစာများစားသုံးခြင်း
(ဥပမာ ပင်လယ်စာ၊ နီရဲသောအသားများ၊ ပဲပင်ပေါက်၊ corn syrup၊ အရက်၊ဘီယာ စတဲ့အစားအစာများ)🍺🍻
2. Uric acid ကိုစွန့်ထုတ်ဖို့အတွက် ကျောက်ကပ်အားနည်းခြင်း
3. Uric acid ထွက်စေအောင် ပိုမိုအားပေးသော ရောဂါများ (ဥပမာ သွေးကင်ဆာရောဂါတွင် ဆဲလ်များဖြိုခွင်းဖျက်ဆီးမှုများပြားခြင်း)

Uric acid များရင် ဘာတွေဖြစ်မလဲ?
ရှိသင့်တဲ့ပမာဏထက်ပိုများရင် Uric acid များသည် crystals (အစိုင်အခဲ)💎💎 အဖြစ်ပြောင်းကာ ခန္ဓာကိုယ်ရှိ ခြေဆစ် လက်ဆစ်များတွင် စုပုံကာ အဆစ်ရောင်ရမ်းခြင်း (Gout) ရောဂါကိုဖြစ်စေပါတယ်။
ထို့ပြင် ကျောက်ကပ်တွင်စုပုံကာ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းတို့ဖြစ်စေပါတယ်။ ထိုမျှသာမက အခြားသော ရောဂါအခံရှိသူများ (ဥပမာ သွေးတိုးရောဂါ၊ဆီးချ်ိုရောဂါ) တို့တွင် ဖြစ်ပွားပါက ကျန်းမာရေးထိခိုက်နိုင်ပါတယ်။🌡🌡

ဒါဆိုရင် လူကြီးမင်းတို့အနေနှင့် ကိုယ်ခန္ဓာထဲမှာ Uric acid level ကို Central Lab တွင် စစ်ဖို့ အကြံပြုပါရစေ။🔬🔬

Uric acid သာမက အခြားသော စစ်ဆေးမှုများကိုပါ စျေးနှုန်းသင့်တင့်စွာစစ်ဆေးနိုင်ပြီး သွေးအဖြေများကိုလည်း နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သတင်းကောင်းပါလိုပါတယ်။🖥💻📲

07/10/2021

လူကြီးမင်းတို့အနေနှင့် COVID-19 ကူးစက်ရောဂါ
ကြောင့် အပြင်ထွက်ပြီး ကျန်းမာရေးစစ်ဆေးဖို့ရာ
အခက်တွေ့​နေပါသလား။

ဒီ့အတွက် စိတ်မပူပါနဲ့။ သွေးစစ်ဆေးမှုများအတွက် Central Lab မှ တာဝန်ယူပေးပါရစေ။🔬🔬🔬

တိကျမှန်ကန်ပြီးကောင်းမွန်သောဝန်ဆောင်မှုအတွက်
အိမ်တိုင်ရာရောက် (Home service) ကို လုပ်ဆောင်ပေးနေပါတယ်။🚘🚘

ဖုန်းလေးတစ်ချက်သာဆက်ပြီး Booking ယူလိုက်ရုံပါပဲ။☎☎

📲📲09444547908

01/10/2021

Lipid Profile or Lipid Panel Test

Lipid Profile Test စစ်ဆေးခြင်း
အထက်ပါ Lipid panel စစ်ဆေးရာတွင်
1. Total Cholesterol
2. LDL Cholesterol
3. HDL Cholesterol
4. Triglycerides တို့ပါဝင်ပါတယ်။

ထိုလေးမျိုးထဲတွင် HDL cholesterol သည် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော (Good Cholesterol) ဖြစ်ပီး ကျန်သုံးမျိုးသည် (Bad Cholesterol) ဖြစ်ပါသည်။

HDL cholesterol ပမာဏများများရှိပါက LDL cholesterol တည်ဆောက်မှုကိုလျော့ချစေနိုင်ပါတယ်။

ဒါဆိုရင် Total cholesterol, LDL cholesterol and Triglycerides တွေသွေးထဲတွင် ပမာဏ များနေလျှင် ဘာတွေဖြစ်နိုင်ပါသလဲ။

ရှိသင့်ထက်ပမာဏထက်များနေပါက
သွေးကြောထဲတွင် အဆီများတဖြည်းဖြည်းစုပုံ
လာပြီး သွေးကြောပိတ်သည်အထိဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲအနေဖြင့် နှလုံးသွေးကြောပိတ်ပါက နှလုံးကြွက်သားပုပ်ခြင်း၊ ခြေထောက်သွေးကြောပိတ်ပါက သွေးထောက်ပံမှုမရှိတော့ဘဲ ခြေသလုံးခြေချောင်းများ ဖြတ်ရခြင်းအထိဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်ခန္ဓာထဲမှာ Lipid အဆီဓာတ်တွေကို စမ်းသပ်စစ်ဆေးနိုင်ဖို့ Lipid Profile test ကိုစစ်ဆေးဖို့အကြံပြုလိုပါတယ်။

အရေးကြီးတာတစ်ခုက Lipid Profile စစ်ဆေးမှုမခံယူခင် အနည်းဆုံး 9-12 hours အစားမစားပဲ Fasting လုပ်ဖို့လိုအပ်ပါတယ်။
ထိုမှသာ တိကျမှန်ကန်သောအဖြေရလဒ်ရရှိမှာဖြစ်ပါတယ်။

25/09/2021

Renal Function Test ဆိုတာ ဘာလဲ?

Renal Function Test(RFT)ဆိုတာ လူကြီးမင်းတို့၏
ကျောက်ကပ်(Kidneys)တွေ လုပ်ဆောင်ချက်ကိုစစ်ဆေးတာဖြစ်ပါတယ်။

ကျောက်ကပ်(Kidneys) ရဲ့အလုပ်ဟာ အဓိကအားဖြင့် နှစ်ပိုင်းရှိပါတယ်။
1.Filtration စစ်ထုတ်ခြင်း
2.Reabsoprtion ပြန်လည်စုပ်ယူခြင်း တို့ဖြစ်ပါတယ်။

Renal Function Test(RFT)မှာများသောအားဖြင့် အပိုင်းတွေအများကြီးရှိပေမယ့် စစ်ဆေးမှုအများဆုံး Test လေးတွေကိုပြောပြပါမယ်။

1. Urea (BUN)
2. Creatinine
3. Electrolytes

Urea ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ပရိုတင်းတွေ ဖြိုခွဲပျက်ဆီးခြင်းမှရလာတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ထို Urea ဆိုတဲ့ waste product ကို ကျောက်ကပ်မှစွန့်ထုတ်ပေးပြီး သွေးထဲမှာ ရှိသင့်တဲ့ပမာဏထက်များနေရင်တော့ ကျောက်ကပ်ပြဿနာရှိနေပြီဆိုတာသိနိုင်ပါတယ်။

Creatinine ကတော့ ကိုယ်ခန္ဓာမှာရှိတဲ့ ကြွက်သားတွေ ပြန်လည်ပြင်ဆင်ပြုပြင်ခြင်းနှင့် ဖြိုခဲဲခြင်းမှရလာတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး Creatinine ကိုလည်း ကျောက်ကပ်မှ အကုန်နီးပါးပြန်လည်စွန့်ထုတ်ပါတယ်။ Creatinine ပမာဏဟာ သွေးထဲမှာများနေပြီးဆိုရင် ကျောက်ကပ်ကို လိုအပ်တာတွေထပ်မံစစ်ဆေးပြီး စောစီးစွာကုသမှုခံယူသင့်ပါတယ်။

Electrolytes စစ်ဆေးခြင်းမှာ အဓိကအားဖြင့်
Sodium, Potassium, Chloride and Bicarbonate တို့ပါဝင်ပါတယ်။ ထို ဓာတ်လေးမျိုးသည်လည်း ရှိသင့်တဲ့ပမာဏထက် နည်းလို့မရသလို များလို့လည်းမရပါဘူး။ ပုံမှန်ပမာဏအတွင်းမှာရှိနေသင့်ပါတယ်။

ဒါဆိုရင် လူကြီးမင်းတို့ရဲ့အဖိုးတန်တဲ့ ကျောက်ကပ်နှစ်လုံးကို စစ်ဖို့ အကြုံပြုလိုက်ပါတယ်။

16/09/2021

What is Liver Function Test(LFT)?
Liver function test ဆိုတာဘာလဲ?

ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့
အသည်း(Liver) ရဲ့ လုပ်ငန်းဆောင်တာက ဘာတွေလဲ?

အသည်းရဲ့ အဓိက အလုပ်ကတော့ ထုတ်လုပ်ခြင်းနဲ့ စွန့်ထုတ်ခြင်းတွေပါပဲ။

1. Albumin ဆိုတဲ့ပရိုတင်းနဲ့ Bile လို့ခေါ်တဲ့ သည်းခြေရည်တွေကို ထုတ်ပေးခြင်း
2.Vitamins လို့ခေါ်တဲ့ သက်စောင့်ဓာတ်တွေနဲ့ Minerals ဆိုတဲ့ သတ္ထုဓာတ်တွေကို သိုလှောင်ပေးခြင်း
3. Amino acids နှင့် သွေးခဲခြင်းစနစ်(Blood Clotting) တို့ကို ထိန်းညှိခြင်း
4. သွေးအတွင်းမှ ပိုလျှံနေသော Glucose တွေကို ဖယ်ရှားပေးပြီး Glycogen အဖြစ် သိုလှောင်ပေးခြင်း
5. သွေးအတွင်းမှ အဆိပ်ဓာတ် Toxins တွေအပြင် ကိုယ်ခန္ဓာရဲ့ Metabolic waste products လို့ခေါ်တဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးပါတယ်။

ဒါဆို အသည်းရဲ့လုပ်ဆောင်ချက်တွေက အရေးပါတာမို့ လူကြီးမင်းတို့ရဲ့အသည်း(Liver)လေးကို စစ်ကြည့်ဖို့ အောက်ပါ Tests လေးတွေ လုပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။

1.Total Bilirubin
2.Alanine transaminase(ALT)
3.Aspartate transaminase(AST)
4.Alkaline phosphatase(ALP)
5.Albumin and Total protein
6.Gamma-glutamyltransferase(GGT)
7.Lactate dehydrogenase(LD)
8.Prothrombin Time(PT)

14/09/2021

What is CBC or FBC?

CBC stands for Complete Blood Count

FBC stands for Full Blood Count

ဆရာဝန်တစ်ယောက်ရဲ့ညွှန်ကြားချက်အရ လူတစ်ယောက်ရဲ့ အခြေခံ သွေးစစ်ဆေးမှုမှာ CBC or FBC ဟာ မပါမဖြစ် စစ်ဆေးတဲ့ Blood Test တစ်ခုပါပဲ။

ဒါဆို CBC ကနေ ဘယ်လို Information တွေပေးနိုင်လဲ?

CBC ဆိုတဲ့ သွေးစစ်ဆေးမှုမှာ အဓိက အပိုင်းသုံးပိုင်းကို ကြည့်ပြီး လူတစ်ယောက်ရဲ့ health status ကိုပြောနိုင်ပါတယ်။

အဓိကသုံးပိုင်းက ဘာတွေလဲ?

1. Red Blood Cells သွေးနီဥ
2. White Blood Cells သွေးဖြူဥ
3. Platelets သွေးဥမွှားတို့ဖြစ်ပါတယ်

သွေးနီဥမှာဆိုရင် အဓိကအားဖြင့် Haemoglobin Hb% ကိုစက်ဖြင့်တိုင်းတာပြီး သွေးအားနည်းမှုရှိမရှိပြောနိုင်ပါတယ်။ ထပ်မံအသေးစိတ်ပြောရပါက သွေးနီဥ များ၏ အရွယ်အစား (size) နှင့် ပုံသဏ္ဍန် (shape) တို့ကိုပါပြောနိုင်ပါတယ်။

သွေးဖြူဥမှာဆိုရင် ထပ်မံ၍ အမျိုးအစားငါးမျိုး ထပ်ခွဲပါတယ်။ Neutrophils, Lymphocytes, Monocytes, Eosinophils, Basophils တို့ပါဝင်ပါတယ်။ သွေးဖြူဥတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ ခုခံစနစ် (Immune System) အတွက်အရေးပါပြီး ဝင်ရောက်လာတဲ့ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။

နောက်ဆုံးတစ်ခုဖြစ်တဲ့ သွေးဥမွှားလေးဟာဆိုရင် ကိုယ်ခန္ဓာရဲ့ သွေးခဲမှုစနစ် နှင့် သွေးယိုစီးမှု စနစ်တို့တွင် အဓိကပါဝင်လုပ်ဆောင်ပေးပါတယ်။

ကဲ ဒါဆို CBC or FBC ကိုစစ်ဆေးပြီး မိမိတို့၏ ကျန်းမာရေးကို ဂရုစိုက်ကြရအောင်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


51/A, Min Ye Kyaw Swar Road, Ahlone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00