H Creative Studio
H Creative Studio ဆီမှာသင့်တော်ပြီးအကြိုက်တွေ့တဲ့ လက်တွဲလုပ်ဆောင်မှုဖြစ်ဖို့ မျှော်လင့်ပါတယ်။
သိ - ကြိုက် - ဝယ် အဆင့် (3) ဆင့်ဆိုတာဘာတွေလဲ ❓🤔
⭐သိကြိုက်ဝယ်ဆိုတာ စျေးရောင်းသူတိုင်းသိထားရမယ့် အဆင့် ၃ ဆင့်ဖြစ်ပါတယ်။
သေချာပြောပြရရင်👇
1️⃣ သိ - Customer ကကိုယ့် Offer ကိုသိအောင်လုပ်ရမယ်။
2️⃣ ကြိုက်- Customer ကကြိုက်လာအောင်လုပ်ရမယ်။
3️⃣ ဝယ်- နောက်ဆုံးအဆင့်အနေနဲ့ကတော့ Finally ဝယ်အောင်လုပ်ရပါမယ်။
ဒီသုံးဆင့်လုံးကိုသိထားပြီး အကောင်အထည်ဖော်မှသာ Sale ဆိုတဲ့ နောက်ဆုံး Target ကိုအောင်အောင်မြင်မြင်ရောက်ရှိမှာဖြစ်ပါတယ်။✅✅✅
ဒီ Content လေးကအကျိုးရှိတယ်ဆိုရင် Like & Share လုပ်ဖို့မမေ့ပါနဲ့။🤗🤗
အားလုံးပဲ နောက်နေ့တွေမှာပြန်တွေ့ပါမယ်နော်။🙋♂️
ဈေးနှုန်းပြောပြီးဈေးနှုန်းပြောပြီးဈေးနှုန်းပြောပြီးဈေးနှုန်းပြောပြီး ရောင်းတာကောင်းလား❓
မတင်ပဲရောင်းတာကောင်းလား❓
ဒီကိစ္စက တော်တော်များများ Page တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါ။
ပစ္စည်းတစ်ခုရောင်းပြီဆိုရင် ဈေးထည့်မလား၊ မထည့်ဘူးလားပေါ့။ 🤔🤔
ဒီနေရာမှာလဲ ၂ ခုလုံးမှာကောင်းကျိုး ဆိုးကျိုးတွေလဲရှိနေပါတယ်။
✅ ဆိုးကျိုးတွေကို ပြောရရင်
ပြိုင်ဖက်တွေရဲ့စောင့်ကြည့်တာကိုခံရမယ်။
စျေးကွက်ထဲမာ စျေးနှုန်းပြိုင်တာ &
အောက်စျေးနှိုက်တာတွေ ခံရနိုင်ပါတယ်။
✅ကောင်းကျိုးတွေကတော့
Customer တွေရဲ့ Trust ကိုပိုရမယ်
စျေးနှုန်းကိုစိုးရိမ်ပြီး လာမအပ်တော့တာတွေ မရှိတော့ဖူး
စျေးလာမေးပြီးပျောက်သွားတာမျိုးတွေမရှိတော့တဲ့အပြင် 😉
လူလဲသိသိသာသာများလာမှာပါ။👍👍
** ဘာကြောင့်လဲဆို လူတွေရဲ့ စျေးနှုန်းမသိတာကိုကြောက်တတ်တဲ့ Behaviour ကြောင့်ပါပဲ။
ဒါကြောင့် စိုးရိမ်မှုတွေကိုဘေးဖယ်လိုက်ပါ။
သင့်ရဲ့ Customer တွေပိုပြီးကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ပါ။🤝🤗
သိသာတဲ့ Result တစ်ခုရရှိလာပါလိမ့်မယ်။👍✌
သင့်အတွက်အကျိုးရှိတယ်ဆိုရင် Page လေးကို Like & Share လုပ်ဖို့မမေ့ပါနဲ့။🤗🤗
နောက်နေ့တွေမှာပြန်တွေ့ပါမယ်နော်။🙋♂️
ကိုယ့် Brand ကိုရောင်းအားကောင်းအောင်ဘယ်လိုလုပ်မလဲ?
❓❓❓
ကိုယ်ပိုင်စီးပွားရေးလုပ်နေသူတော်တော်များများ အများဆုံးတွေးမိကြတာက
"ငါတို့ Brand တွေက Quality လဲကောင်းတယ်၊ Design လဲဆန်းတယ်။ ဒါပေမယ့် ရောင်းမကောင်းတာ ဘာလို့လဲ" ပေါ့။
ကဲအဖြေက ဘာကြောင့်လို့ထင်လဲ?
အဓိကအကြောင်းအရင်းကိုပြောရရင်တော့ Marketing အားနည်းတာကြောင့်ပါ။
လုပ်ငန်းစနေသူတစ်ယောက်အနေနဲ့ ကိုယ့်ပစ္စည်း အကြောင်းကိုသေချာသိတာသေချာပေမယ့် ကိုယ်သိသလိုသူများတွေလဲသိအောင်လုပ်ဖို့လိုပါတယ်။
အဲ့လိုလုပ်တဲ့အခါမှာလဲ ရောက်တတ်ရာရာတွေတင်နေတာထက် Marketing ကိုသေချာလုပ်မယ်ဆိုရင် ကိုယ့်ပစ္စည်းကို လူပိုသိအောင်လုပ်တဲ့နေရာမှာ သေချာပေါက် သိသာစေမှာပါ။
အလွယ်ဆုံးနည်းလမ်းနဲ့ ဘယ်လိုလုပ်ရမလဲ?
ဟုတ်ကဲ့ Social media ပါပဲ။
မိတ်ဆွေတို့အနေနဲ့ ကိုယ့် Brand ကို Customer တွေနဲ့ မိတ်ဆက်ဖို့အတွက် facebook / tiktok စတဲ့ Social Media Platform တွေကိုအသုံးပြုပြီး Budget သိပ်မသုံးပဲ Marketing လုပ်လို့ရပါတယ်။
Marketing အတွက်ဘယ်ဘယ်ကစရမလဲမသိဖြစ်နေတယ်ဆိုရင်တော့ ကျွန်တော်တို့ H Creative မှာအခမဲ့ဆွေးနွေးလို့ရသလို Page ကလဲဆက်တိုက်တင်ပေးနေမှာဖြစ်လို့ Page ကို Like လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။
နောက်နေ့တွေမှာပြန်တွေ့မယ်နော်။
သီတင်းကျွတ်ကာလပြီးရင်ဘာလုပ်ကြမလဲ
စျေးကွက်ရဲ့ရောင်းလိုအား ဝယ်လိုအားဆိုတာ လှိုင်းလုံးတစ်ခုလိုပါပဲ။
အချိန်တစ်ခုမှာတက်လာမယ်၊ တက်ပြီးရင်ကျသွားမယ်၊ ကျပြီးရင်ပြန်တက်လာဦးမှာပါ။
Product တွေအများကြီးကိုရောင်းနေသူတွေ ဒါမှမဟုတ် အခြေခံလူသုံးကုန်တွေကိုရောင်းနေသူတွေက အချိန်မရွေးရောင်းနေရပေမယ့် အဝတ်အထည်လိုမျိုး လူသုံးကုန်တွေအတွက်ကတော့ သီတင်းကျွတ် Sale Season ပြီးတာနဲ့ အရောင်းပါးမှာသေချာပါတယ်။
အရောင်းပါးမှာကိုသိကြတဲ့အခါ လူအများလုပ်ကြတာ ၂ ခုရှိပါတယ်။
1. နားလိုက်ကြတယ်။
စျေးရောင်းလဲပါးနေတုန်း Boost လဲမလုပ် Post လဲမတင်ပဲ ခနနားလိုက်ကြပါတယ်။
2. ပုံမှန်အတိုင်း ဆက်သွားကြတယ်။
Sale Season ပြီးသွားပေမယ့် မနားပဲ Reach, Engagement, Page Like, Follower တွေရအောင် Post လေးတွေတင်တယ်။ Boost လေးနည်းနည်းပါးပါးလုပ်တယ်။
Customer တွေရဲ့မျက်စိအောက်ကပျောက်မသွားအောင်နေတယ်။
Online Shopping တွေအနေနဲ့ ဒီ ၂ ချက်ထဲက ဘာလုပ်မလဲဆိုတာက ရှေရှည်မှာလုပ်ငန်းအတွက် သက်ရောက်မှုရှိစေမှာပါ။
မိတ်ဆွေတို့ရော ဘယ်လို လုပ်ဖြစ်ကြလဲ။
ဘာကြောင့်လဲဆိုတာ ကျွန်တော်လဲသိချင်သလိုအားလုံးလဲသိရအောင် Comment မှာရေးပေးခဲ့ပါဦးနော်။
😉😉😉
ဘာလုပ်ရမှန်းမသိရင်တော့ ကျွန်တော်တို့ Page ကို Messenger Or
Tele/ Viber Ph no -09 7999 50 969 ကနေ Hello လိုက်နော်။
🙋🙋🙋
အသင့်တော်ဆုံးအကြံဉာဏ်တွေကိုဆွေးနွေးပေးဖို့ ကျွန်တော်တို့အသင့်ရှိနေပါတယ်။
ဒီကာလမှာရောင်းအားတက်အောင်ဘယ်လိုလုပ်မလဲ? ??
💸💸💸💸
မကြာခင်မှာ မြန်မာနိုင်ငံရဲ့ Promotion ကာလတွေထဲက တစ်ခုဖြစ်တဲ့ သီတင်းကျွတ်ကာလကြီးက ရောက်ရှိလာတော့မှာပါ။
🏮🏮🏮
Promotion တွေလဲအပြိုင်အဆိုင်လုပ်ကြတော့မှာဆိုတော့ သူများနဲ့မတူတဲ့ Promotion တွေဘယ်လိုလုပ်ကြမလဲ...
Promotion ချင်းတူရင်တောင် Profit ပိုရစေဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာ ပြောပြပေးလိုက်တယ်နော်။
ပထမဆုံးအနေနဲ့ ကိုယ်က ဘယ်အတိုင်းအတာအထိ Promotion လုပ်မယ်ဆိုတာအရင်ဆုံးတွက်ချက်ရပါမယ်။
တစ်ခုရှိတာက Promotion အချိန်မှာပဲလူရှိပြီး မရှိတော့တာနဲ့ ပျောက်မသွားစေရအောင် ရေရှည် အမြတ်ကို ထည့်တွက်စေချင်ပါတယ်။
🤔🤔🤔
ပြီးရင်တော့ 30% off, 40% off ဆိုတာမျိုးတန်းပေးလိုက်တာထက် တစ်မျိုးဝယ်ရင် မဲတစ်ခါနှိုက်
"သီတင်းကျွတ်မှာ ကံစမ်းပါ " ဆိုတာမျိုးလုပ်ရင်ပိုပြီး လူစိတ်ဝင်စားစေမှာပါ။
မြန်မာကလူတွေက မဲဆိုရင် ဗလာမိတာများတော့ ဗလာမပါတာကိုမှ စောနကပြောတဲ့
✅ % Off Promotion. တွေ
✅ တစ်ထည်ဝယ် တစ်ထည်ယူဆိုတာမျိုးတွေ
✅ 2 ထည်ဝယ်တစ်ထည် Free ဆိုတာမျိုးတွေ
✅ နောက်တစ်ခါ လာဝယ်ရင် % off ဆိုတာမျိုးတွေ လုပ်သင့်ပါတယ်။
✅ Membership ရှိရင်တော့ Member Card တွေကိုပါထည့်လို့ရပါတယ်။
ကျွန်တော်ပေးတဲ့အကြံလေးကအကျိုးရှိတယ်ဆိုရင် Like & Share လေးလုပ်ပေးခဲ့ကြပါဦးနော်။
အကြံပေးချင်တာရှိရင်လဲ Comment မှာဖြစ်ဖြစ် Messenger မှာဖြစ်ဖြစ်လာပြောလို့ရပါတယ်ဗျ။
Marketing တင်မဟုတ်ပဲ Branding ပိုင်း Content တွေပါမျှဝေပေးဦးမှာဖြစ်လို့ Page ကို Like လုပ်ထားဖို့မမေ့ပါနဲ့နော်။
22/01/2024
အခုတစ်လောကတော့ ခံစားချက် Typo နဲ့ Doodle တွေဖက်ပဲ လှည့်ဖြစ်နေတယ်။
အဆွေးဓာတ်ခံရှိရင်လဲ ဝင်ငိုကြပေါ့ဗျာ။
15/11/2023
Like များတဲ့ Page တစ်ခုကိုသူများဆီကဝယ်တာနဲ့ ကိုယ်တိုင် Page ထောင်ပြီး Like များအောင် Boost တာနဲ့ ဘယ်တစ်ခုကပိုကောင်းမလဲ🤔?
ဒီတစ်ခါမျှဝေပေးမဲ့အကြောင်းအရာက Like များတဲ့ page တစ်ခုကိုဝယ်တာကောင်းမလား ဒါမှမဟုတ် ကိုယ်တိုင် page ထောင်ပြီး like များအောင် boost လုပ်မလား ။
ဆိုတာပဲဖြစ်ပါတယ်
🤔 တွေးတော့တွေးစရာပဲနော်🤔🤔
ဒီအကြောင်းအရာနှစ်ခုကို Eaindra ကနှိုင်းယှဉ်ပြပါမယ်ရှင့်😍
🌟 သူများဆီက like များတဲ့ page ကို ဝယ်တာက ပိုမြန်တယ် ပိုရောင်းကောင်းတယ်လို့ လူတော်တော်များများက တွေးကြမှာအမှန်ပါပဲ။
ဘာလို့လဲဆိုတော့ ကိုယ်တိုင်လည်း ငွေကုန်ကြေးကျခံပြီး boost စရာမလိုတော့ဘူး အရမ်းလွယ်ကူသက်သာပြီး ကိုယ်ကအဆင်သင့်ရောင်းရုံပဲလေနော်။ 😎
⭐ဒါပေမယ့်အမြဲတမ်းလွယ်ကူနေရင်လည်းကိုယ့်အတွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
🌟ဥပမာပေးရမယ်ဆိုရင် အသင့်စားအစားအစာတွေကိုအမြဲတမ်းစားသုံးတဲ့အခါ ကြာရင်ကိုယ့်အတွက်ဘေးထွက်ဆိုးကျိုးအနေနဲ့ ရောဂါဖြစ်လာတာမျိုးပေါ့ 🌟
❄️ထို့အတူပါပဲ like များတဲ့ page တစ်ခုကို ကိုယ်ကအခကြေးငွေပေးပြီးဝယ်တဲ့အခါ လိမ်လည်မှုတွေ ကြုံတွေ့ရတတ်သလို
Page မှာပါလာတဲ့ Like က ကိုယ့်လုပ်ငန်းရဲ့ Audience အစစ်တွေမဟုတ်တဲ့အခါ ဘယ်လိုပဲ Account အစစ်တွေဖြစ်ရင်တောင် ရောင်းအားရရှိမှာမဟုတ်ပါဘူး။
🌟ကဲအဲ့တော့မင်မင်ရေ ကိုယ်တိုင် page ထောင်ပြီး like များအောင် Boost တာကောင်းတယ်လို့ပြောချင်တာလား 🌟
အဲ့လိုလည်းမဟုတ်ပါဘူး ကိုယ်တိုင် page ထောင်ပြီး like များအောင်လုပ်ရင်တော့ စိတ်ရှည်သည်းခံဖို့လိုအပ်ပါတယ်။
🫶 Page Like 0 ကစလို့ ကိုယ့် Page ရဲ့ Audience အမှန်တွေကို ဖြည်းဖြည်းချင်းစုဆောင်းရမှာဖြစ်တာကြောင့် Page ဝယ်သလိုတော့ မမြန်နိုင်ပါဘူး။
ဒါပေမယ့် ကြာလာတဲ့အခါ စိတ်ရှည်မှုတွေက အကျိုးပြုလာပြီး Like များတဲ့ Page တွေမရောင်းရချိန်မှာတောင် သင့် Page က လည်ပတ်နေပါလိမ့်မယ်။
❤️ကဲအဲ့ဒါမို့မင်မင်ကတော့ နှစ်ခုလုံးရဲ့အားသာချက်တွေအားနည်းချက်တွေပြောပြပြီးပြီဆိုတော့ ရွေးချယ်မှုကတော့ ကိုယ်တိုင်ပဲပေါ့နော်😁
အားလုံးပဲတာ့တာပါ နောက်နေ့တွေမှာလဲ ဘယ်လိုအကြောင်းအရာတွေကိုပြောပြသွားမလဲဆိုတော့စောင့်ကြည့်ပေးပါအုံးနော်။ 😍
သင့်အတွက်အကျိုးရှိတယ်ဆို Like ကလေးနှိပ်ခဲ့ပါ။
အခြားသူတွေကိုလဲ သိစေချင်တယ်ဆိုရင်တော့ Share လေးနှိပ်ပေးခဲ့လို့ရပါတယ်ရှင့်။
နောက်နေ့တွေမှာ ပြန်တွေ့ကြမယ်နော်။😍🥰🫶👋
10/11/2023
Customer ရဲ့အခက်အခဲတွေကိုဘယ်လိုဖြေရှင်းပေးမလဲ🤔?
အားလုံးပဲမင်္ဂလာပါရှင် H Creative Studio မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်
❤️ ဒီတစ်ခေါက်မှာတော့ Customer တွေကိုနားလည်ဖို့အတွက် ဘယ်အချက်တွေလိုအပ်လဲဆိုတာကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်
❤️အရင်ဆုံးအနေနဲ့ ပြောပြပေးသွားမဲ့အကြောင်းအရာကတော့ Customer တွေရဲ့စိတ်ကို ဝင်ပြီး ဖတ်ကြည့်ရပါမယ်🤓
ဥပမာအနေနဲ့ 🌟🌟🌟
🔥သူတို့ညဉ့်နက်တဲ့ထိမအိပ်ပဲတွေးနေတဲ့အကြောင်းတွေကဘာတွေဖြစ်မလဲ
🔥သူတို့အမှန်တကယ်လိုအပ်နေတဲ့အရာတွေကဘာဖြစ်မလဲ
🔥သူတို့ကြောက်ရွံ့တာတွေနဲ့ သူတို့မလိုချင်ဆုံးအရာတွေကဘာတွေဖြစ်မလဲ
🌟ဒီလိုအကြောင်းအရာတွေပေါ်မှာမူတည်ပြီးတော့ဖြေရှင်းတဲ့အပေါ်မှာလည်းနည်းလမ်းတွေကွဲသွားလေ့ရှိပါတယ်
ဥပမာ ကိုယ်က skincare ပစ္စည်းရောင်းတဲ့သူတစ်ယောက်ဆိုပါစို့ ကိုယ့်ရဲ့ customerမှာ ဘယ်လိုပြဿနာတွေဖြစ်မလဲဆိုတာ ဝယ်သူဘက်နေ ဝင်ပြီးတွေးပေးတက်ရပါမယ်ရှင်
🔥ဒီလိုနေလောင်တာတွေပျောက်အောင်ဘယ်လိုလုပ်ရမလဲ
🔥ဒီအဆီဖုလေးတွေပျောက်သွားရင်အမာရွတ်ကြီးကျန်ခဲ့မှာလား
🔥မျက်နှာကအမာရွတ်လေးတွေရှင်းပျောက်သွားအောင်ဘယ်လိုလုပ်ရမလဲ စသည်ဖြင့်ဝယ်သူရဲ့ စိတ်ခံစားချက်ကိုဝင်ပြီးတွေးပေးတက်ရမှာပါရှင်
အဲ့လိုတွေးပေးတက်မှပဲကိုယ်ကလည်းပြဿနာပေါ်မူတည်ပြီးတော့အဲ့ပြဿနာနဲ့ကိုက်ညီမဲ့ဖြေရှင်းရေးနည်းလမ်းကိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ရှင် 😍
ကဲဒီနေ့တော့ဒီလောက်နဲ့ရပ်လိုက်ပါပြီရှင် နောက်နေ့တွေမှာလဲ Customer တွေနဲ့ပတ်သက်ပြီးပြောပြအုံးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြဖို့လဲမမေ့နဲ့နော် 😍
သင့်အတွက်အကျိုးရှိတယ်ဆို Like ကလေးနှိပ်ခဲ့ပါ။
အခြားသူတွေကိုလဲ သိစေချင်တယ်ဆိုရင်တော့ Share လေးနှိပ်ပေးခဲ့လို့ရပါတယ်ရှင့်။
နောက်နေ့တွေမှာ ပြန်တွေ့ကြမယ်နော်။😍🥰🫶👋
09/11/2023
Digital Marketing ဆိုတာ ဘာလဲ...🤔
အားလုံးပဲ မင်္ဂလာပါ။
ကျွန်မကတော့ H Creative ရဲ့ New Admin Eindra ဖြစ်ပါတယ်ရှင့်။🤓
ဒီနေ့မှာတော့ လူတွေခနခနပြောနေကြပြီး ဘာလဲဆိုတာ ခနခနရှင်းပြရတဲ့ Digital Marketing ဆိုတဲ့အကြောင်းကိုနည်းနည်းလေးပြောပြပေးပါ့မယ်။😎
Digital Marketing ဆိုတာကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ အသုံးပြုနေကြတဲ့ Facebook, Instagram, TikTok စတဲ့ social media ကိုအသုံးပြုပြီး Marketing ပြုလုပ်ခြင်းကိုဆိုလိုတာပါ။
အပြင်မှာ ပြုလုပ်ရတဲ့ သတင်းစာတွေ၊ လက်ကမ်းစာစောင်တွေကိုအသုံးပြုပြီး မိမိရဲ့ကုန်ပစ္စည်းကိုလူသိများလာအောင်ကြော်ညာပေးတာမျိုးကို Traditional Marketing ( မိရိုးဖလာ ရောင်းချခြင်း) လို့ခေါ်ကြပြီး
Social Media ပေါ်မှာ ပြုလုပ်တဲ့ Marketing တွေကိုတော့ Digital Marketing လို့ခေါ်ဆိုကြပါတယ်။❤️
Traditional Marketing နဲ့ Digital Marketing နှစ်ခုနှိုင်းယှဉ်လိုက်ရင်တော့ Digital Marketing ကပိုပြီးအကုန်အကျသက်သာပြီးတော့ရောင်းသူနဲ့ဝယ်သူကိုတိုက်ရိုက်ချိတ်ဆက်ပေးနိုင်တဲ့အပြင်အမြတ်အစွန်းလည်းပိုမိုများပြားလာတာကိုတွေ့ရပါတယ်ရှင်။🤑
ဒါကြောင့် နိုင်ငံတကာမှာ Digital Marketing ကို1990 ပြည့်နှစ်လွန်ကစပြီး ကျယ်ကျယ်ပြန့်ပြန့်စပြီးအသုံးပြုလာကြပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာနဲ့ယှဉ်ရင် Digital Marketing စတင်ကျယ်ပြန့်လာတာ သိပ်မကြာသေးဘူးလို့ပြောရမှာပါ။😁
သေချာပြောပြရရင်တော့ တစ်ထောင့်တစ်ညပုံပြင်ထက်တောင်ရှည်ဦးမှာဖြစ်လို့ ဒီလောက်ဆို အကြမ်းဖျင်း သိလောက်ပြီထင်ပါတယ်။
သင့်အတွက်အကျိုးရှိတယ်ဆို Like ကလေးနှိပ်ခဲ့ပါ။
အခြားသူတွေကိုလဲ သိစေချင်တယ်ဆိုရင်တော့ Share လေးနှိပ်ပေးခဲ့လို့ရပါတယ်ရှင့်။
နောက်နေ့တွေမှာ ပြန်တွေ့ကြမယ်နော်။😍🥰🫶👋
04/11/2023
H Creative Studio ကတော့ရောက်နေပါပြီနော်
တွေ့ရင်ခေါ်ကြပါဦး
17/10/2023
Page မှာစာပြန်လို့မရတဲ့ Error လေးတွေဖြစ်နေတယ်နော်။
မင်မင့် Customer တွေက Phone 09799950969 , Viber or telegram ကနေဆက်သွယ်လို့ရပါတယ်။
အခြား Page admin တွေကလဲ messenger မဟုတ်တဲ့ application ကနေလောလောဆယ် ပြောင်းပြီး အလုပ်လက်ခံလို့ရပါတယ်ခဗျ။
အားလုံးအဆင်ပြေကြပါစေနော်။
15/10/2023
Page Quality နီနေရင် Boost လုပ်လို့ရလား
⚠️⚠️⚠️⚠️
Facebook ဆိုတဲ့ Platform ပေါ်မှာ အလုပ်လုပ်နေကြရင်း Page Quality နီသွားတယ်ဆိုတာ ဖြစ်နေကြကိစ္စပါ။
မနီရင်တော့ အကောင်းဆုံးဆိုပေမယ့် နီသွားပြီးမှတော့ ဘာမှလုပ်မရတော့ပါဘူး။
🤷♂️🤷♂️🤷♂️
ဒါဆို နီနေရင်ရော ပုံမှန်လိုပဲ ဈေးရောင်းလို့ရနေသေးလား၊ Boost ရောလုပ်လို့ရသေးလားဆိုတာ ပြောပြပေးပါ့မယ်။
Page နီပြီဆိုတာနဲ့ အရင်လုပ်ရမှာက ဘာကြောင့်နီတာလဲ ဆိုတာ အရင်ရှာဖို့လိုပါတယ်။
🔭🔭🔭
Product တွေက Brand တွေဖြစ်မယ်၊ Facebook Policy နဲ့မလွတ်ကင်းတာကြောင့်ြငိတာဆိုရင်တော့ အဲ့တာတွေသတိထားရမှာပေါ့။
Boost လုပ်လို့ရသေးလားမေးရင် Boost Unavailable မဖြစ်သရွေ့ကတော့ ရပါသေးတယ်။
✅✅✅
But...
အရင် Quality စိမ်းတုန်းကလောက် Result တွေတော့ မကောင်းနိုင်တော့ပါဘူး။
🥲🥲
တရားသေကြီးတော့မှတ်လို့မရဘူးပေါ့။
Quality နီနေပေမယ့် Result တွေရှယ်ကောင်းတဲ့ Page တစ်ခုလဲ ကိုင်ခဲ့ဖူးတာဆိုတော့ Page နဲ့ပဲဆိုင်တယ် ပြောရမှာပါပဲ။
ဒါပေမယ့် အများစုကတော့ Reach တွေနည်းတတ်ပါတယ်။
ဒီနေ့အတွက် ဒီလောက်ဆိုလုံလောက်ပြီထင်ပါတယ်။
မနက်ဖြန်မှာ ပြန်တွေ့ကြမယ်နော်။
.
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon