JKT Japanese Language Center
ဂျပန်ဘာသာစကားသင်တန်းများကို Level တစ်ခုစီအတွက် 4 skillsလုံး အတန်းစုံ ဖွင့်လှစ် သင်ကြားနေပါပြီ 🟨🟩🟥
18/06/2026
💡 JLPT စာမေးပွဲမှာ အောင်မှတ်သေချာပေါက်ရစေမယ့် "မေးခွန်းအရင်ဖြေနည်း" (၅) ချက် 🇯🇵✏️
JLPT စာမေးပွဲဖြေတဲ့အခါ စာတတ်ဖို့တင်မကဘဲ "အချိန်ကို ဘယ်လိုစီမံခန့်ခွဲပြီး ဘယ်မေးခွန်းတွေကို အရင်ဖြေမလဲ" ဆိုတဲ့ Strategy ကလည်း အောင်မြင်ဖို့အတွက် အလွန်အရေးကြီးပါတယ်နော်။
စာမေးပွဲခန်းထဲမှာ ခက်တဲ့ပုစ္ဆာတွေဆီမှာ အချိန်ပိတ်မနေဘဲ အောင်မှတ် အမြန်ဆုံး ရရှိစေမယ့် ဦးစားပေး ဖြေဆိုနည်းလမ်း (၅) ချက် ကို JKT က မျှဝေပေးလိုက်ပါတယ်ရှင်။ 🥰👇
🔤 ၁။ စာလုံး/ဝေါဟာရ (文字・語彙) ထဲက "စကားလုံးအဓိပ္ပာယ်" တွေကို အရင်ဆုံး ဖြေပါ။
ဒီအပိုင်းဟာ ကိုယ်ကျက်ထားရင် ချက်ချင်းအဖြေထွက်ပြီး မကျက်ထားရင် စဉ်းစားနေလည်း အချိန်ကုန်ရုံပဲမို့လို့ မြင်မြင်ချင်း စက္ကန့်ပိုင်းအတွင်း အဖြေတန်းထွက်တဲ့ စာလုံးပေါင်း (Kanji Reading) နဲ့ ဝေါဟာရတွေကို အရင်ဆုံး ဖြေထားလိုက်ပါ။ ဒီနေရာမှာ အချိန်ကုန် သက်သာသွားမှ နောက်ပိုင်း အပိုင်းတွေအတွက် အချိန်ပိုထွက်လာမှာပါ။
🧩 ၂။ သဒ္ဒါ (文法) ထဲက "ပုံသေ သဒ္ဒါကွက်လပ်ဖြည့်" ကို အရင်ဖြေပြီး "စတား (*)" ကို ချန်ထားပါ။
သဒ္ဒါအပိုင်း ဝင်ဝင်ချင်းမှာ အလွယ်တကူ ကွက်လပ်ဖြည့်လို့ရတဲ့ ရိုးရိုးသဒ္ဒါပုံစံတွေကို အရင်အမြန်ဖြေပါ။ ကျောင်းသားတွေ အချိန်အပုပ်ဆုံးဖြစ်တဲ့ စာကြောင်းစီရမယ့် စတား (*) ပြထားတဲ့ မေးခွန်းတွေ ကိုတော့ ခဏကျော်ထားပြီး သဒ္ဒါရဲ့ နောက်ဆုံးမှ ပြန်လာတွေးတာက အချိန်စီမံခန့်ခွဲမှုအတွက် အကောင်းဆုံးပါပဲ။
📖 ၃။ Reading (読解 - Dokkai) မှာ "စာတို (Short Passage)" တွေကို ဦးစွာ ဖြေပါ။
စာဖတ်စွမ်းရည်ပိုင်း ရောက်တာနဲ့ အမှတ်လည်းများ၊ ဖတ်ရတာလည်း လွယ်ကူတဲ့ စာတို (Short Passages) တွေနဲ့ သတင်းအချက်အလက် ရှာဖွေခြင်း (Information Retrieval) မေးခွန်းတွေကို အရင်ဆုံး အပိုင်တွက်ပြီး ဖြေပါ။ စာတိုတွေကို အရင်သိမ်းထားခြင်းက အောင်မှတ်အတွက် စိတ်အေးသွားစေပါတယ်။
📑 ၄။ "စာပိုဒ်ရှည် (Long Passage)" တွေကို မဖတ်ခင် "မေးခွန်း" ကို အရင်ဖတ်ပါ။
စာအရှည်ကြီးတွေကို တစ်လုံးချင်း ထိုင်ဖတ်နေရင် အချိန်မလောက်တော့ပါဘူး။ ဒါကြောင့် စာပိုဒ်ကြီးတစ်ခုလုံးကို မဖတ်ခင် သူမေးထားတဲ့ မေးခွန်းကို အရင်ဖတ်ပါ၊ ပြီးမှ မေးခွန်းရဲ့ Keyword ပါတဲ့ စာကြောင်းကို စာပိုဒ်ထဲမှာ လိုက်ရှာပြီး ဖတ်တာက အဖြေကို အချိန်တိုအတွင်း ကွက်တိရစေပါတယ်။
🎧 ၅။ Listening (聴解 - Choukai) မှာ "ပုံပါတဲ့ မေးခွန်း" တွေကို ကြည့်ပြီး ခန့်မှန်းထားပါ။
နားထောင်ခြင်းအပိုင်းမှာ ပုံပါတဲ့ မေးခွန်းတွေ (ဥပမာ - ဘယ်ပုံစံကို ရွေးချယ်ရမလဲ ဆိုတာမျိုး) က အမြင်အာရုံနဲ့ တွဲမြင်ရလို့ အဖြေရှာရ ပိုလွယ်ကူပါတယ်။ အသံဖိုင် မလာခင်ကတည်းက ပုံတွေကို ကြိုကြည့်ပြီး ဘာမေးမလဲဆိုတာ ခန့်မှန်းထားပါ။ တကယ်လို့ တစ်ပုဒ်က ဇဝေဇဝါ ဖြစ်သွားရင်လည်း အချိန်ဆွဲမနေဘဲ အနီးစပ်ဆုံးတစ်ခုကို တန်းခြစ်ပြီး နောက်တစ်ပုဒ်အတွက် အမြန်အာရုံပြောင်းပါ။
🌟 စာမေးပွဲခန်းထဲမှာ ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်တည်းမှာ (၃) မိနစ်ထက်ပိုပြီး အချိန်မပေးပါနဲ့။ မရရင် ခဏ ကျော်သွားပါ။ လွယ်တဲ့မေးခွန်းတွေ အားလုံးကို အရင်ဖြေပြီးမှ ကျန်တဲ့အချိန်နဲ့ ခက်တာတွေကို ပြန်ဖြေတာက အောင်မှတ်ရဖို့ အသေချာဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်ရှင်။ ✨
စာမေးပွဲဖြေမယ့် မောင်လေး၊ ညီမလေးတို့အားလုံး ဒီနည်းဗျူဟာ (၅) ချက်ကို သုံးပြီး အေးဆေးတည်ငြိမ်စွာနဲ့ အောင်မှတ်တွေကို အပိုင်သိမ်းပိုက်နိုင်ကြပါစေနော်။ 💪🔥
17/06/2026
✈️ ဂျပန်မှာ Language School တက်မယ်ဆို ဘာတွေပြင်ဆင်ထားရမလဲ? 🌸🎒
ဂျပန်နိုင်ငံမှာ ပညာသင်ယူရင်း မိမိရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ Language School (ဂျပန်စာသင်ကျောင်း) တက်ဖို့ ပြင်ဆင်နေတဲ့ မောင်လေး၊ ညီမလေးတို့အတွက် ဘာတွေ ကြိုတင်ပြင်ဆင်သွားရမလဲဆိုတာ JKT ကနေ သေချာလေး လမ်းညွှန်ပေးလိုက်ပါတယ်ရှင်။
ဂျပန်ကို မထွက်ခွာခင် ဒီအချက် (၄) ချက်ကို မဖြစ်မနေ အမိအရ ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်နော် 👇
📚 ၁။ ဂျပန်စာ အရည်အချင်း (Japanese Language Skills)
ဂျပန်နိုင်ငံရောက်ရင် Language School တက်ရမှာမှန်ပေမယ့် မြန်မာပြည်မှာကတည်းက အခြေခံ JLPT N5 နဲ့ N4 အဆင့်အထိ (အထူးသဖြင့် စကားပြောစွမ်းရည်) ကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဗီဇာလျှောက်တဲ့အခါ စိတ်ချရမယ့်အပြင် ဂျပန်ရောက်ရောက်ချင်း နေ့စဉ်လူမှုဘဝနဲ့ အချိန်ပိုင်းအလုပ် ရှာဖွေရလွယ်ကူမှာ ဖြစ်ပါတယ်။
💵 ၂။ ငွေကြေးဆိုင်ရာ ပြင်ဆင်မှု (Financial Planning)
ပထမနှစ် ကျောင်းလစာနဲ့ ဂျပန်ရောက်စ ပထမ (၂) လ သုံးစွဲရန် အဆောင်ခ၊ စားစရိတ်တွေကို ကြိုတင်ပြင်ဆင်ထားရပါမယ်။ ဂျပန်မှာ အချိန်ပိုင်းအလုပ် လုပ်ခွင့်ရှိပေမယ့် ရောက်စမှာ အလုပ်ချက်ချင်းမရနိုင်တာမျိုး ရှိတတ်လို့ အရေးပေါ်သုံးစွဲနိုင်မယ့် ဘတ်ဂျက်ကို စနစ်တကျ တွက်ချက်ထားဖို့ လိုပါတယ်။
📄 ၃။ စာရွက်စာတမ်းနှင့် အထောက်အထားများ (Required Documents)
ကျောင်းလျှောက်ထားတဲ့အခါနဲ့ COE (ဗီဇာ) လျှောက်ထားတဲ့အခါ မိမိရဲ့ ပညာအရည်အချင်း အထောက်အထားများ၊ မိဘ (ငွေကြေးထောက်ပံ့သူ) ရဲ့ လုပ်ငန်းခွင်ဝင်ငွေ အထောက်အထားနဲ့ ဘဏ်စာရင်းတောင်းခံလွှာ စတဲ့ Document တွေကို အမှားအယွင်းမရှိ တိတိကျကျ ပြင်ဆင်ထားရပါမယ်။
🧠 ၄။ စိတ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှု ပြင်ဆင်ခြင်း (Mental & Cultural Readiness)
မိသားစုနဲ့ ခွဲခွာပြီး တစ်ယောက်တည်း ရုန်းကန်ရမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်မယ့် စိတ်ဓာတ် မွေးမြူထားရပါမယ်။ ပြီးတော့ ဂျပန်လူမျိုးတို့ရဲ့ အချိန်တိကျမှု၊ စည်းကမ်းရှိမှု စတဲ့ နေ့စဉ်လူမှုဘဝ ယဉ်ကျေးမှုတွေကို ကြိုတင်လေ့လာထားရပါမယ်ဗျာ။
🚨 မင်တို့ JKT Japanese Language Center မှာ ၂၀၂၇ ခုနှစ်၊ ၄ လပိုင်း (ဧပြီ Intake) အတွက် ကျောင်းလျှောက်ခွင့် စတင်လက်ခံနေပါပြီ။ 🚨
ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ ရည်မှန်းချက်ကြီးမားတဲ့မောင်လေး၊ ညီမလေးတို့အတွက် ၂၀၂၇ ခုနှစ်၊ ဧပြီလ Study Intake အတွက် ဂျပန် Language School ကျောင်းလျှောက်ခွင့်တွေကို JKT ကနေ စတင်လက်ခံပေးနေပြီ ဖြစ်ပါတယ်။
ဂျပန်ကျောင်းလျှောက်ထားမှု လုပ်ငန်းစဉ်တွေဟာ အချိန်ယူ ပြင်ဆင်ရတာဖြစ်လို့ စိတ်ချရတဲ့ COE (ဗီဇာ) ရရှိနိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင် လျှောက်ထားခြင်းက အကောင်းဆုံးပါပဲ။
💡 ဂျပန်ကျောင်းလျှောက်ထားမည့်သူများအတွက် အခြေခံ Basic N5 + N4 အတန်း တက်ရောက်ထားရန် မဖြစ်မနေ လိုအပ်တာမို့၊ အတန်းများအကြောင်းနှင့် ကျောင်းလျှောက်ထားခြင်း အသေးစိတ်ကို JKT Messenger (Chat box) မှာ အခုပဲ မေးမြန်းစုံစမ်းလိုက်တော့နော်။ 📬🌟
📢 10ရက်နေ့က စထားတဲ့ Basic + N5 + N4 Package အတန်းလေး အပ်နှံခြင်းကို မနက်ဖြန် နောက်ဆုံးထားပြီး လက်ခံပေးသွားပါမယ်နော် 🇯🇵
ဒီမနက်ပိုင်းအတန်းလေးက လူပြည့်နေပါပြီ 😊
နယ်ကနေ လာတက်မယ့် ကလေးတွေလည်း ရှိတာကြောင့် အတန်းကို သေချာသင်ကြားနိုင်ဖို့ မနက်ဖြန် နောက်ဆုံးထားပြီးပဲ လက်ခံပေးပါမယ်နော်။
ဒီ Package လေးကိုတော့ December JLPT ကို အမီဖြေဖို့ ရည်ရွယ်ပြီး သင်ကြားပေးမှာပါ။ ဒါကြောင့် နောက်ထပ်ဖွင့်မယ့် Batch ကို စောင့်မယ်ဆိုရင် December JLPT ကို မမီတော့ပါဘူးနော်။
ဂျပန်စာကို အခုမှ စပြီး ဒီနှစ် JLPT ကို အမီဖြေချင်တယ်ဆိုရင် ဒီနေ့အတွင်း အပ်ထားဖို့ အကြံပြုပါတယ်နော် ✨
📩 သိချင်တာရှိရင် Page Messenger မှာ အချိန်မရွေး လာမေးလို့ရပါတယ်။
15/06/2026
🇯🇵 ဂျပန်မှာ အလုပ်လုပ်မယ်ဆိုရင် သိထားသင့်တဲ့ "နားရက်" နှင့် "အလုပ်ချိန်ဆိုင်ရာ" အသုံးအနှုန်းများ
ဂျပန်ကုမ္ပဏီတွေမှာ ခွင့်ယူတာ၊ နားရက်သတ်မှတ်တာတွေကို သီးခြားဝေါဟာရတွေနဲ့ ခေါ်ကြပါတယ်။ အလုပ်လျှောက်မယ့်သူတွေ၊ အလုပ်လုပ်နေသူတွေအတွက် သိထားသင့်တဲ့ စကားလုံးတွေကို လေ့လာကြည့်ရအောင် 📚
🔹 欠勤(けっきん)
အလုပ်ပျက်ခြင်း
အကြောင်းတစ်ခုခုကြောင့် အလုပ်မဆင်းနိုင်တဲ့အခါ အသုံးပြုပါတယ်။ များသောအားဖြင့် အဲဒီရက်အတွက် လစာမရရှိပါ။
🔹 有給休暇(ゆうきゅうきゅうか)
လစာပါ ခွင့်ရက်
အလုပ်မဆင်းသော်လည်း လစာရရှိတဲ့ ခွင့်ရက်ဖြစ်ပါတယ်။ ကြိုတင်လျှောက်ထားပြီး အသုံးပြုရပါတယ်။
🔹 公休(こうきゅう)
ပုံမှန်နားရက်
ကုမ္ပဏီက သတ်မှတ်ပေးထားတဲ့ နားရက်ဖြစ်ပြီး Shift Schedule ထဲမှာ ဖော်ပြထားလေ့ရှိပါတယ်။
🔹 振替休日(ふりかえきゅうじつ)
အစားထိုး နားရက်
နားရမယ့်နေ့မှာ အလုပ်ဆင်းခဲ့ရတဲ့အတွက် နောက်ပိုင်းရက်တစ်ရက်ကို အစားထိုးနားခွင့်ပေးတာ ဖြစ်ပါတယ်။
🔹 特別有給(とくべつゆうきゅう)
အထူးခွင့်ရက်
မင်္ဂလာဆောင်ခြင်း၊ မိသားစုအရေးပေါ်ကိစ္စများ၊ ကလေးမွေးဖွားခြင်း စတဲ့ အထူးအခြေအနေများအတွက် ပေးတဲ့ လစာပါခွင့်ရက် ဖြစ်ပါတယ်။
━━━━━━━━━━━━━━
📌 အလုပ်ချိန်နှင့် သက်ဆိုင်သော အသုံးအနှုန်းများ
🔹 勤務変更(きんむへんこう)
အလုပ်ဆင်းရမည့် ရက်၊ အချိန် သို့မဟုတ် တာဝန်များ ပြောင်းလဲခြင်း
🔹 遅刻(ちこく)
အလုပ်ချိန်နောက်ကျရောက်ခြင်း
🔹 早退(そうたい)
အလုပ်ချိန်မပြည့်မီ စောစီးစွာ ပြန်ဆင်းခြင်း
━━━━━━━━━━━━━━
📝 ခွင့်ယူသည့်အခါ အသုံးများသော အကြောင်းပြချက်များ
🔹 私用の為(しようのため)
ကိုယ်ရေးကိုယ်တာကိစ္စရှိသောကြောင့်
🔹 体調不良の為(たいちょうふりょうのため)
ကျန်းမာရေးမကောင်းသောကြောင့်
💡 ဒီဝေါဟာရတွေကို နားလည်ထားမယ်ဆိုရင် ဂျပန်နိုင်ငံမှာ အလုပ်လုပ်တဲ့အခါ အလုပ်ရှင်နဲ့ ဆက်သွယ်ရာမှာ ပိုပြီးအဆင်ပြေစေမှာ ဖြစ်ပါတယ်။
ဂျပန်မှာ လုပ်နေတဲ့ အသိမိတ်ဆွေတွေရှိရင် သိရအောင်လို့ like and share လေးလုပ်ပေးခဲ့ဖို့မမေ့နဲ့နော်။ 👀💥
#日本語勉強
14/06/2026
🎓🇯🇵 ဂျပန်တက္ကသိုလ်ကျောင်းသားဘဝကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား?
JLPT N3 / N2 Level ရှိထားတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် Sapporo International University (SIU) ရဲ့ 2026 October Intake ကို လျှောက်ထားနိုင်ပြီနော် 🎓✨
ဒီ Program ရဲ့ အားသာချက်ကတော့...
✅ လျှောက်ထားသူတိုင်း ကျောင်းလခ 30% Scholarship ရရှိနိုင်ပြီး Entrance Exam ရလဒ်ပေါ်မူတည်ကာ 100% Scholarship အထိ ရနိုင်ပါတယ်။
✅ Entrance Exam ကို ဂျပန်အထိ သွားဖြေစရာမလိုဘဲ JKT Test Center မှာပဲ ဖြေလို့ရပါတယ်။
✅ တက္ကသိုလ်ဘွဲ့ရပြီးပါက ဂျပန်နိုင်ငံတွင် Work Visa ဖြင့် အလုပ်လျှောက်ထားနိုင်မည့် အခွင့်အရေးများ ရှိပါတယ်။
✅ COE Reject ဖြစ်ဖူးသူများလည်း လျှောက်ထားနိုင်ပါတယ်။
📌 လျှောက်ထားမယ့်သူတွေအနေနဲ့ စာရွက်စာတမ်းများကို ပြည့်စုံမှန်ကန်စွာ တင်ပြပေးဖို့ လိုအပ်ပါတယ်။
📚 လျှောက်ထားနိုင်သူများ
▪️ JLPT N2 အောင်မြင်ထားသူ
(သို့မဟုတ်)
▪️ JLPT N3 အောင်ပြီး N2 Level တက်ရောက်နေသူ/ပြီးဆုံးထားသူ
▪️ 10 တန်း (သို့မဟုတ်) 12 တန်း အောင်မြင်ထားသူ
▪️ Passport (PV) ရှိထားသူ
💴 Entrance Exam Fee – ¥10,000
ဂျပန်မှာ ပညာသင်ယူရင်း အနာဂတ် Career ကိုပါ တည်ဆောက်ချင်တယ်ဆိုရင် ဒီအခွင့်အရေးကို လက်မလွတ်သင့်ဘူးနော် ✨
အသေးစိတ်သိရှိလိုပါက —
🏢 JKT Japanese Language Center
အမှတ် 86(B), 3rd Floor,
ရှင်စောပုလမ်းမကြီး၊ မြေနီကုန်း၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
(Oriental House Restaurant အပေါ်ထပ် / City Mart Car Parking အနီး)
📱 09-770411708, 09-781886055
🎌ဂျပန်တက္ကသိုလ်တက်ရောက်ဖို့ သင့်ရဲ့အခွင့်အရေးကို လက်မလွတ်စေဖို့ အခုကတည်းက ပြင်ဆင်လိုက်ပါ။ 💚
🇯🇵 Basic + N5 + N4 Package (ကြားရက် မနက်ပိုင်းအတန်း) စတင်သင်ကြားနေပါပြီ ✨
ဒီနေ့ကစပြီး ကျောင်းသား/ကျောင်းသူများနဲ့အတူ စာသင်ခန်းထဲမှာ ဂျပန်စာလေ့လာရေး ခရီးစဉ်လေးကို စတင်လိုက်ပါပြီ။ 📚🇯🇵
JKT Japanese Language Center မှာတော့ ကျောင်းသားတွေ စာကို နားလည်တတ်မြောက်ပြီး သေချာအသုံးချနိုင်အောင် အခြေခံကနေ စနစ်တကျ သင်ကြားပေးနေပါတယ်။ 💪
📌 အတန်းအသစ် စတင်သင်ကြားနေပြီဖြစ်ပေမယ့် 12လပိုင်းJLPT အမှီသင်ကြားပေးမယ့်အတန်းလေးဖြစ်လို့
သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားသူများနှင့် ထပ်မံအပ်နှံလိုသူများအတွက်လည်း လက်ခံပေးနေဆဲ ဖြစ်ပါတယ်။
⚠️ သင်တန်းသားဦးရေ ကန့်သတ်ထားသောကြောင့် တက်ရောက်လိုသူများ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့ အကြံပြုလိုပါတယ်နော်။
🏠 နယ်မှလာရောက်သင်ယူမည့် မိန်းကလေးများအတွက်လည်း အမျိုးသမီးသီးသန့် အဆောင်ရှိပါတယ်။
📩 အသေးစိတ် သိရှိလိုပါက Page Chat Box (or) 09-770411708 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
11/06/2026
🇯🇵 ဂျပန်မှာ အမှိုက်ပစ်တာ ဘာကြောင့် ခက်တာလဲ?
ဂျပန်ကို ရောက်သွားတဲ့ နိုင်ငံခြားသားအများစု ပထမဆုံး ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ အမှိုက်ပစ်ခြင်း ပါပဲ။ 😅
မြန်မာနိုင်ငံမှာလို အမှိုက်တစ်အိတ်ထဲ ထည့်ပစ်လိုက်ရုံနဲ့ မရဘဲ ဂျပန်မှာတော့ အမျိုးအစားအလိုက် သေချာခွဲပြီး ပစ်ရပါတယ်။
🗑️ ၁။ အမှိုက်အမျိုးအစားတွေ အများကြီး ခွဲရတယ်
ဥပမာ - ♻️ Burnable Garbage (燃えるゴミ)
အစားအစာကျန်
စက္ကူ
အဝတ်အစား
🥫 Non-Burnable Garbage (燃えないゴミ)
သတ္တု
ကြွေထည်
ဖန်ခွက်
🍶 Plastic (プラスチック)
ပလတ်စတစ်ထုပ်
အစားအစာဘူးခွံ
🥤 PET Bottle
ရေဘူး၊ အချိုရည်ဘူး
📦 Recyclable Paper
ကတ်ထူပုံး
သတင်းစာ
📅 ၂။ နေ့ရက်သတ်မှတ်ထားတယ်
အမှိုက်တိုင်းကို နေ့တိုင်း ပစ်လို့မရပါဘူး။
ဥပမာ - တနင်္လာ → Burnable
ဗုဒ္ဓဟူး → Plastic
သောကြာ → PET Bottle လိုမျိုး စည်းကမ်းသတ်မှတ်ထားပါတယ်။
နေ့မှားပြီး ပစ်မိရင် အမှိုက်ကားက မယူသွားဘဲ အဲဒီနေရာမှာပဲ ကျန်ခဲ့တတ်ပါတယ်။
🚫 ၃။ လမ်းပေါ်မှာ အမှိုက်ပုံး နည်းတယ်
ဂျပန်မှာ ထူးခြားတာက လမ်းပေါ်မှာ အမှိုက်ပုံး အရမ်းနည်းပါတယ်။
ဒါပေမဲ့ လမ်းတွေက သန့်ရှင်းနေဆဲပါ။
အကြောင်းရင်းကတော့ လူတွေက ကိုယ့်အမှိုက်ကို ကိုယ်အိမ်ထိ ပြန်သယ်သွားပြီး ပစ်ကြလို့ပါ။
🏠 ၄။ အိမ်ပြောင်းတဲ့အခါ ပိုခက်တယ်
ရေခဲသေတ္တာ၊ Washing Machine၊ TV စတဲ့ အကြီးစားအမှိုက်တွေကို အလွယ်တကူ ပစ်လို့မရပါဘူး။
သီးသန့် ဝန်ဆောင်မှုခ ပေးပြီး စီစဉ်ရပါတယ်။
🌱 ၅။ ဘာကြောင့် ဒီလောက်တင်းကြပ်တာလဲ?
ဂျပန်ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အရမ်းအလေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။
အမှိုက်ခွဲခြားပစ်ခြင်းကြောင့်
✅ Recycling လုပ်နိုင်တယ်
✅ အမှိုက်လျော့နည်းတယ်
✅ မြို့တွေ သန့်ရှင်းတယ်
✅ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်တယ်
ဂျပန်မှာ အမှိုက်ကို စည်းကမ်းမလိုက်နာဘဲ ပစ်မိရင် အိမ်နီးချင်းတွေရဲ့ သတိပေးခြင်း ခံရနိုင်သလို၊ တချို့နေရာတွေမှာ ဒဏ်ငွေတောင် ပေးရနိုင်ပါတယ်။
ဒါကြောင့် ဂျပန်မှာ နေထိုင်မယ့်သူတွေအတွက် "အမှိုက်ခွဲပစ်နည်း" ဟာ ဂျပန်စာလေ့လာတာလောက် အရေးကြီးတဲ့ Life Skill တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ 🇯🇵♻️
"ဂျပန်ရောက်ရင် အမှိုက်ပစ်တာက စာမေးပွဲဖြေသလိုပဲ" ဆိုတဲ့ စကားက အကြောင်းမဲ့ မဟုတ်ပါဘူး။ 😄🇯🇵
📚 ဂျပန်စာ၊ ဂျပန်ယဉ်ကျေးမှုနဲ့ ဂျပန်မှာနေထိုင်တဲ့အခါ သိထားသင့်တဲ့ ဗဟုသုတတွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့...
💚 ဒီလို ဗဟုသုတတွေကို ဆက်တိုက် သိချင်တယ်ဆိုရင် Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်!
🇯🇵✨
10/06/2026
🇯🇵 ဂျပန်စာလေ့လာနေသူများနှင့် ဂျပန်သွားဖို့ ပြင်ဆင်နေသူများ မဖြစ်မနေ Join ထားသင့်တဲ့ JKT ရဲ့ Platform များ 🌸✨
မောင်လေး ညီမလေးတို့ရေ... ဂျပန်စာလေ့လာရုံတင်မကဘဲ ဂျပန်နိုင်ငံကို အောင်အောင်မြင်မြင်နဲ့ ခြေချနိုင်တဲ့အထိ JKT ကနေ အဖိုးတန်တဲ့ သတင်းအချက်အလက်တွေကို အမြဲတမ်း အခမဲ့ မျှဝေပေးနေတဲ့ Official Social Media Channels တွေကို အလွယ်တကူ သိရှိနိုင်ဖို့ စုစည်းပေးလိုက်ပါတယ်နော်။ 🥰👇
📚 ၁။ ဂျပန်စာအတန်း Info အသစ်များနှင့် Knowledge တွေအတွက်
🔵 page: https://www.facebook.com/share/1GCM8wkzQ6/
🖤 TikTok : https://www.tiktok.com/?_r=1&_t=ZS-93gXNWrGiU4
✈️ Telegram Channel: https://t.me/+6esGrxZd4bwxMWJl
💜 Viber Channel: https://invite.viber.com/?g2=AQBqze7It83cxVX%2BNzSgh046iC2XU8hopH5rQBEHdR2B7XPZ%2FuL50d0rUy%2FGOjLw
💡 ဂျပန်စာသင်ကြားမှုအပြင် ဂျပန်အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဂျပန်ဘဝမှာ တကယ်အသုံးဝင်မယ့် Knowledge တွေကို လက်မလွတ်တမ်း အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ အခုပဲ ကိုယ်အသုံးအများဆုံး Channel လေးတွေမှာ ဝင်ရောက် Follow လုပ်ပြီး တန်ဖိုးရှိတဲ့ အခွင့်အရေးတွေကို ရယူလိုက်ရအောင်နော်။ 🌟🤝
09/06/2026
🇯🇵 ဂျပန်လို "No" ပြောတဲ့အခါ いいえ (iie) တစ်ခွန်းတည်း မသုံးကြဘူးဆိုတာ သိပြီးပြီလား?
ဂျပန်လူမျိုးတွေက တိုက်ရိုက်ငြင်းဆိုတာထက် တစ်ဖက်လူ စိတ်မထိခိုက်အောင် နူးနူးညံ့ညံ့ ပြောဆိုတာကို ပိုနှစ်သက်ကြပါတယ်။ ✨
ဒါကြောင့် Business ပိုင်းမှာ အသုံးများတဲ့ ယဉ်ကျေးသော ငြင်းဆိုနည်း (၄) မျိုးကို ဖော်ပြပေးလိုက်ပါတယ်👇
✨ ၁။ ကမ်းလှမ်းချက်ကို နူးညံ့စွာ ငြင်းချင်တဲ့အခါ
🔹 せっかくですが、今回は遠慮させていただきます。
👉 အားနာပေမယ့် ဒီတစ်ခေါက်တော့ ငြင်းပါရစေ။
✨ ၂။ အချိန်/ရက်ချိန်း မအားတာကို သွယ်ဝိုက်ပြောချင်တဲ့အခါ
🔹 あいにく、その日は都合がつかねます。
👉 စိတ်မကောင်းပါဘူး၊ အဲဒီနေ့တော့ အချိန်မအားလို့ပါ။
✨ ၃။ တစ်ဖက်လူရဲ့ စေတနာကို တန်ဖိုးထားပြီး ငြင်းချင်တဲ့အခါ
🔹 お気持ちは嬉しいのですが、辞退させていただきます。
👉 စေတနာကို တန်ဖိုးထားပါတယ်၊ ဒါပေမယ့် လက်မခံနိုင်သေးလို့ပါ။
✨ ၄။ သေသေချာချာ စဉ်းစားပြီးမှ ငြင်းပယ်ကြောင်း ပြလိုတဲ့အခါ
🔹 前向きに検討いたしましたが、今回は見送らせていただきます。
👉 သေချာစဉ်းစားခဲ့ပေမယ့် ဒီတစ်ခေါက်တော့ မလုပ်ဖြစ်တော့ပါဘူး။
💡 ဂျပန်ဘာသာမှာ ဒီလို တစ်ဖက်လူ စိတ်မနာအောင် ရှေ့ကနေ နူးညံ့တဲ့ စကားလုံးခံပြီး ပြောတဲ့ပုံစံကို 「クッション言葉」(Cushion Kotoba) လို့ ခေါ်ပါတယ်။
စကားလုံးတွေတင် မဟုတ်ဘဲ ပြောဆိုပုံယဉ်ကျေးမှုကိုပါ နားလည်ထားမယ်ဆိုရင် ဂျပန်လူမျိုးတွေနဲ့ ဆက်ဆံတဲ့အခါ ပိုအဆင်ပြေစေမှာပါနော် 🇯🇵🌸
ဂျပန်စာအပြင် ဂျပန်လူမျိုးတွေရဲ့ အတွေးအခေါ်နဲ့ လုပ်ငန်းခွင်သုံး စကားပြောယဉ်ကျေးမှုတွေကိုပါ အခြေခံကစပြီး ထိထိရောက်ရောက် လေ့လာချင်တယ်ဆိုရင်တော့ JKT ရဲ့ အတန်းသစ်တွေက အမြဲတမ်း ကြိုဆိုနေပါတယ်နော်။ 🌸✨
📩 သင်တန်းအသေးစိတ်ကို Page Messenger (Chat box) ကနေ အခုပဲ လှမ်းမေးလိုက်ပါဦးရှင်။
08/06/2026
ဂျပန်စာ အခြေခံ 'ဝ' ကနေစပြီး N4 အထိ တစ်ဆက်တည်းလေ့လာပြီး ၂၀၂၇ ဂျပန်အိပ်မက်ကို အကောင်အထည်ဖော်မယ့် ညီလေး၊ ညီမလေးတို့အတွက်ပါ။ ⏳
ကျောင်းဝတ်စုံ (Uniform) လေးတွေ စနစ်တကျ ဝတ်ဆင်ပြီး ဆရာမနဲ့ မျက်နှာချင်းဆိုင် ထိထိရောက်ရောက် သင်ရမယ့် In-Person အတန်းဟာ လာမည့် ဇွန်လ ၁၀ ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ နောက်ထပ်လူ (5)ဦးသာ လက်ခံတော့မှာဖြစ်လို့ အမြန်ဆုံး စာရင်းသွင်းဖို့ လိုမယ်နော်။ 🏃♂️💨
✨ ဒီအတန်းမှာ ဘာတွေ ရရှိမှာလဲ?
📝 အခြေခံမှစ၍ N4 အထိ အခန်း (၁) မှ (၅၀) အထိ သဒ္ဒါ၊ ဝေါဟာရနဲ့ စာမေးပွဲအောင် Technique များ။
🗣️: ကျောင်းဝင်ခွင့် အင်တာဗျူးတွေအတွက် အမူအရာပိုင်းနဲ့ အခြေခံစကားပြော (Kaiwa)။
🎒 သင်တန်းအပ်တာနဲ့ စာအုပ်နှင့် ယူနီဖောင်းပါ တစ်ခါတည်း အပြီးအစီး ပါဝင်ပြီးသား။ 🥰
📅 သင်တန်းအသေးစိတ်အသေးစိတ်ကို အောက်ကလင့်မှာ ဝင်ကြည့်ပေးနော်။
https://www.facebook.com/share/p/18NVZJHVFj/
📩 ခုံနေရာပြည့်သွားလို့ နောက်ကျမကျန်ခဲ့ရအောင်... အခုပဲ Page Messenger ကနေ အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်။ ၁၀ ရက်နေ့ ကျောင်းမှာ ဆုံကြမယ်။ 📬🌟
📍 ကျောင်းလိပ်စာ: အမှတ် 86ဘီ ၊ 3လွှာ ၊ ရှင်စောပုလမ်းမကြီး၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ Oriental House Restaurant အပေါ်ထပ်။ City Mart Car Parking အနီး။
📞 ဖုန်းနံပါတ်: 09-770411708, 09-781886055
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 86(B) , 3rd Floor, Shin Saw Pu Road, Myay Ni Gone , Sanchaung Township
Yangon
11111
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |