Atee Score

Atee Score

Share

Good for nothing food critic. Don't like honest review? Don't watch my posts.

27/06/2023

အထာကျကျ Coffee ဖျော်နည်း

Coffee ကို သောက်တတ်ရုံတင်မကပဲ ကိုယ်တိုင်ပါဖျော်တတ်ပြီး Coffee ရဲ့ အနှစ်သာရကိုကောင်းကောင်းခံစားချင်လို့ ကိုယ်တိုင် Barista သင်တန်းသွားတက်ခဲ့တယ်။
ကိုယ်ဖျော်တာကိုဆရာကကြည့်နေတဲ့ stress နဲ့ Latte art ပုံဆွဲတော့လက်တုန်ပြီးအရမ်းမလှဘူးဖြစ်သွားတယ်။

ဒီ Video ကတော့သင်တန်းမှာ Certificate ပေးတဲ့နေ့လေးမှာရိုက်ထားတာပါ။

စိတ်ရှည်ရှည်နဲ့သေချာ တတ်မြောက်အောင်သင်ပေးတဲ့ Barista Coffee HOUSE Professional Barista Master Class က ဆရာအောင်ဇော်ဟိန်းကိုလည်းကျေးဇူးအထူးတင်ပါတယ်။

Photos from Atee Score's post 11/06/2023

ဒီတခါအတီးရောက်ခဲ့တဲ့နေရာက သံလွင်လမ်းပေါ်က Bittersweet ဆိုတဲ့ Cafe လေး။ Atee Score ဘယ်လောက်ရမလဲကြည့်လိုက်ရအောင်။

Coffee taste အပိုင်းပြောရမယ်ဆိုရင်
Iced Shaken Espresso အရသာက Espresso ရဲ့ အခါးကို Brown sugar ရဲ့အချိုလေးနဲ့ပြန်ထိန်းသွားတယ်။ Espresso ရဲ့အခါးကိုမခံနိုင်တဲ့လူတွေအတွက်ဆိုအနေတော်ပဲ။
Iced Caramel Latte ကတော့ ကျွန်တော့်အတွက်တော့ Caramel နည်းနည်းလေးများတယ်။ Coffee taste ကတော့အနေတော်ပဲ။ အချိုသိပ်မကြိုက်ရင်တော့ အချိုနည်းနည်းလျှော့ခိုင်းရင်ပိုအဆင်ပြေလိမ့်မယ်။
Cake လေးတွေလည်းစားကောင်းမယ့်ပုံလေးတွေပဲ။ ဗိုက်ပြည့်နေလို့ Cake တော့မစားခဲ့ဖြစ်ဘူး။
Price အနေနဲ့တော့ Coffee က 3500~6000 ပတ်ဝန်းကျင်လောက်ရှိတယ်။

Decoration ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ။ အောက်ထပ်မှာစကားပြောလို့ကောင်းပြီး အပေါ်ထပ်မှာကတိတ်တိတ်ဆိတ်ဆိတ်နဲ့အလုပ်လုပ်လို့ကောင်းမယ့် Vibe မျိုးလေး။ ဘယ်လောက်ထိတိတ်ဆိတ်လဲဆိုရင် သီချင်းတွေ bgm တွေတောင် မဖွင့်ထားဘူး။ တကယ်တမ်း သူ့ Vibe နဲ့ဆို Jazz တိုးတိုးလေးဖွင့်ထားရင်တော်တော်မိုက်မှာ။

Car Parking လည်းအဆင်ပြေတယ်။

နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် အတီးမိုးအေးအေးလေးနဲ့တယောက်တည်း ရှုခင်းလေးကြည့်ရင်း chill ချင်ရင်ဖြစ်ဖြစ်၊ အေးဆေး laptop လေးနဲ့ အလုပ်လုပ်ချင်ရင်ဖြစ်ဖြစ်နောက်တခါထပ်သွားဖြစ်လောက်မယ့် cafe လေးတခုတိုးလာပါပြီ။

Atee Score
Taste - 8.5/10
Service - 8/10
Vibe - 8.5/10

Photos from Atee Score's post 31/03/2023

အတီးဒီနေ့ရောက်ခဲ့တာက အနောက်ရွှေဂုံတိုင်လမ်းမကြီးပေါ်က ဒီနေ့မှ soft opening စဖွင့်တဲ့ Burgundy Hills Cafe & Lounge.....

ပထမဆုံးပြောရမယ်ဆိုရင် sourdough toast with bacon. သူ့ sourdough ကအိအိလေးနဲ့အချဥ်ဓါတ်နဲနဲပါတယ်။ Bacon ကြွပ်ကြွပ်လေးနဲ့ sauce ကလည်းလိုက်ဖက်တယ်။ အဲ menu မှာ Potato wedge ပါသေးတယ်။

ဒုတိယကတော့ Chicken Lasagna. သူ့ Lasagna က အိအိလေးနဲ့ cheese ရော tomato sauce ရော အရသာတော်တော်ပေါ်လွင်တယ်။ Layer လေးတွေလုပ်ထားတာလည်းမဆိုးဘူး။ တခုပဲပြောစရာရှိတာက plating ကအပြန့်မဟုတ်တော့ Lasagna ရဲ့ layer အလှလေးတွေမပေါ်ဘူးဖြစ်သွားတယ်။

Coffee ကတော့ Iced Hazelnut Latte နဲ့ Iced Yuzu-cano သောက်ခဲ့တယ်။

Iced Hazelnut latte က Latte အရသာရော၊ Hazelnut အရသာရော သဟဇာတဖြစ်တယ်။ coffee ကုန်ခါနီးထိကို Hazelnut အရသာမပျောက်သွားဘူး။ Admin ဘော်ဒါကြီးကတော်တော် recommend ပေးတယ်ပြောတယ်။

Iced Yuzu-cano ကတော့ Lemon နဲ့ espresso shot ကိုမှ spice အနံ့လေးပါတယ်။ Spice အနံ့မကြိုက်ရင်တော့ Yuzu-cano မမှာသင့်ဘူး။

Environment ကတော့မဆိုးဘူး။ slow-bar လေးကိုတော်တော်သဘောကျတယ်။ air-con နဲ့ထိုင်ချင်ရင် အပေါ်ထပ်မှာတင် Decoration မတူနဲ့နေရာလေးတွေရှိတယ်။ ဆေးလိပ်သောက်တတ်တဲ့လူတွေအတွက် outdoor area ရှိတယ်။

သူ့ဆီမှာ Private room 2 ခန်းရှိတယ်။ ကျွန်တော်မေးကြည့်တာတော့ Private room အသေးက ၄ယောက်လောက်အေးဆေးထိုင်လို့ရတယ်။ Private room အကြီးက ၆ယောက်လောက်ဆံ့တယ်။

Soft-opening ဆိုတော့ တချို့နေရာလေးတွေလိုအပ်တာရှိပေမယ့် ခြုံပြောရမယ်ဆိုရင် ထိုင်လို့ကောင်းတဲ့နေရာတခုပဲ။ နောက်လည်းသွားဖြစ်မယ့် Cafe တခုပေါ့။

24/02/2023

တခွက် 800 ကနေစတဲ့ Budget Cafe???

တခွက် 800 ကနေစတဲ့ Budget Cafe လေးက Atee Score ဘယ်လောက်ရမလဲ?

Photos from Atee Score's post 23/08/2021

ကျော်ကြီးရဲ့ အာလူး​ကြော် Review

​ကျော်ကြီးကသူ့အကိုအတီး ခုမှ​နေပြန်​ကောင်းခါစ ပိန်သွားလို့ သူ့ထက်​ချောသွားမှာစိုးလို့တဲ့ သူ့ရဲ့အာလူး​ကြော် အရသာမျိုးစုံပို့လိုက်တယ်။ 🤣

ကိုယ်ကလည်းသိပ်​တော့မစားချင်ရှာဘူး၊ ​ရောက်လာတာနဲ့တန်းဆွဲတာ 😆

ညီအကို​တွေဆို​ပေမဲ့ Honest review ပဲ​ရေးမှာ ဘာမှလာမရှင်းပြနဲ့

ပထမဆုံးစမြည်းကြည့်ဖြစ်တာ Cheese Potato Chips 🍟
Cheese ဆို​တော့အငန်ဘက်သွားမယ်ထင်တာ၊ ထင်သ​လို အငန်မဟုတ်ဘူး။ Cheese Powder အချို​လေးနည်းနည်းနဲ့အာလူး​ကြော်အရသာ​လေးနဲ့ကွက်တိ။ ဆနွင်းမှုန့်နံ့​လေး​တော့နည်းနည်း​လေးရတယ်၊ အဲဒါ​တော့သိပ်သ​ဘောမ​တွေ့။

ဒုတိယတစ်ခုမြည်းဖြစ်တာ Corn Potato Chips 🍟
ဗူးဖွင့်လိုက်တည်းက Corn အနံ့လေး​မွှေး​နေတာ Corn အရသာချိုချို​လေးနဲ့ရှယ်ပဲ၊ အရသာ ၆မျိုးလုံးထဲမှာကိုယ်အကြိုက်ဆုံးတခုပဲ။

တတိယတစ်ခုမြည်းဖြစ်တာက Spicy Potato Chips 🍟
Spicy ဆိုတဲ့အတိုင်း စပ်စပ်​လေး အရသာ​က​တော့နည်းနည်း​လေးတဲ့ဘက်သွားတယ်။ ကိုယ်ကအငန်သိပ်မကြိုက်​ပေမဲ့ Spicy Potato chips အ​နေနဲ့ အဲ​လောက်​လေးမှစား​ကောင်းမှာဆို​တော့ Acceptable ပါ။

​နောက်တစ်ခုမြည်းဖြစ်တာက Tom Yum Potato Chips 🍟
ကိုယ်က Tom Yum အစတည်းကကြိုက်လို့လားမသိဘူး၊ ချဥ်ချဥ်စပ်စပ်​လေးနဲ့ အ​တော်သ​ဘောကျတယ်။ Tom Yum powder ​ရွေးတာ​တော်တယ်​ပြောရမယ် ကိုယ့်ဒုတိယအကြိုက်ဆုံးပဲ။

​နောက်တခုက Spicy seaweed Potato sticks 🍟
Seaweed ရဲ့အငန်အရသာ​​လေးကိုအစပ်ပါ​တော့ ပိုပြည့်စုံသွားတာ​​ပေါ့၊ အားနည်းချက်ဆိုရင်​တော့ Seaweed အဖတ်​လေး​တွေနည်းနည်း နည်းတယ်။

​နောက်ဆုံးတခုက Original Potato sticks 🍟
Original ဆိုတဲ့အတိုင်း အာလူး​ကြော်အရသာ​ပေါ့ဗျာ၊ ဒါ​ပေမဲ့ အရသာ​ပေါ့​ပေါ့​လေးနဲ့ ကိုယ့်လိုအငန်မကြိုက်တဲ့လူအတွက် အဆင်​ပြေတယ်။
တခုပဲ ဒီထက်ပိုပြီးပါး​အောင်လုပ်နိုင်ရင်ပိုကြွပ်ပြီးပိုစား​ကောင်းမယ်ထင်တယ်။

​နောက်ဆုံးအ​နေကနဲ့ပြောချင်တာက Packaging
အာလူး​ကြော်စားလို့ကုန်သွားရင်​တောင် ဗူးကို​သေချာ​ဆေးပြီး တခြား Snacks ​တွေဘာ​တွေပြန်ထည့်လို့ရတယ်၊ မီးဖို​ချောင်မှာဆားဘာညာထည့်လည်းရတယ် အဆင်​ကို​ပြေလို့။

28/01/2021

***စောင်တလွဲအကိုကို အကြံသွားတောင်းမိသောအခါ***

Photos from Atee Score's post 22/01/2021

ညညဆို
ဟိုတယောက်ကိုလွမ်းသလိုလို
ဒီတယောက်ကိုလွမ်းသလိုလိုနဲ့
အလွမ်းဓာတ်ခံတွေအပြည့်နဲ့ Depression ပါဝင်ချင်သလိုလို

ဒါမျိုးလေးတွေချက်စားလိုက်တော့မှ "သြော် ဗိုက်ဆာနေတာပါလား" ဆိုတာသိသွားတယ် 😂

13/01/2021

***မြန်မာကား vs အိန္ဒိယကား ရန်ဖြစ်နည်း ကွာခြားပုံ***

Cast - Lwin Min Thant(Lwin Gyi) x Ho Shu Rong

Website