APEX Creative
Creative Strong and Magic Goal 💪🏻
06/03/2024
𝐖𝐡𝐲 𝐬𝐨 𝐬𝐞𝐫𝐢𝐨𝐮𝐬 𝐄𝐥𝐨𝐧 𝐌𝐮𝐬𝐤 ? 😎
“If you’re reading this post, it’s because our servers are working.”
02/03/2024
တောင်သူဦးကြီးများရဲ့ ကျေးဇူးတရားကို မမေ့လျော့သောအားဖြင့် ယနေ့ ၂၀၂၄၊ မတ်လ(၂)ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား 𝗔𝗣𝗘𝗫 မိသားစု မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
လူကြီးမင်းတို့အားလုံးမင်္ဂလာပါ 🙏🙏
- ယနေ့လို အပြိုင်အဆိုင်များတဲ့ စီးပွားရေးစျေးကွက်မှာ မိမိရဲ့ Brand/Service ကို လူအများသိဖို့ စိတ်ဝင်စားဖို့ကနေ ဖောက်သည်ဖြစ်လာဖို့အထိ ကြိုးစားကြတဲ့အခါ Marketing ကို မဖြစ်မနေလုပ်ကြရပါတယ်။
- လူအများစိတ်ပါဝင်စားလာဖို့ Online/Offline Marketing Campaign တွေ အများကြီးပြုလုပ်လာကြတဲ့အခါ စျေးကွက်ထဲမှာ ကိုယ့်ရဲ့ကြော်ငြာတစ်ခုက offline ပဲဖြစ်စေ online ပေါ်မှာပဲဖြစ်စေ ဆွဲဆောင်မှုရှိနေဖို့ အလွန်အရေးကြီးတဲ့ အခန်းဂဏ္ဍကနေ ပါဝင်လာပါပြီ။
- ယနေ့ခေတ်မှာ ကုမ္ပဏီပေါင်းများစွာက ကြော်ငြာတွေပြုလုပ်တဲ့အခါ နေရာတိုင်းမှာ သူ့ထက်ငါကောင်းအောင်၊ ပိုပြီးစိတ်ဝင်စားအောင်၊ သိချင်လာအောင် နည်းအမျိုးမျိုးနဲ့ နေ့စဉ် အိုင်ဒီယာတွေထုတ်ပြီး စဉ်းစားနေကြတာဖြစ်ပါတယ်။
- အကြံကောင်းရင်တစ်ချက်ဆိုတဲ့အတိုင်း အိုင်ဒီယာကောင်းတစ်ခုက လူကြီးမင်းရဲ့ ကုန်အမှတ်တံဆိပ်က အခြားပြိုင်ဖက်တွေကို နောက်ကောက်ချနိုင်လောက်ထိ ဖြစ်နိုင်ပါတယ်။
- ကျနော်တို့ရဲ့ Apex Creative Advertising ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းဟာ ဒါကြော်ငြာချင်တယ် ဒါလုပ်ပေးမယ်ဆိုတဲ့ ဝန်ဆောင်မှုလုပ်ငန်းမဟုတ်ဘဲ လူကြီးမင်းတို့ လုပ်ငန်းရဲ့ လိုချင်တဲ့ Key Point တွေကို ဆွေးနွေး Meeting ပြုလုပ်ကာ အကြံဉာဏ်များ မျှဝေပေးပြီး အောင်မြင်မှုရရှိအောင် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
လူကြီးမင်းရဲ့ ကုမ္ပဏီမှာ
Online/Offline ကြော်ငြာတွေ ဖန်တီးဖို့
- အချိန်မအားလပ်တာ၊
- ဖန်တီးလိုက်တဲ့ ကြော်ငြာတွေကို Trace လိုက်ဖို့ Analysis တွေလုပ်ချင်တာ၊
- အိုင်ဒီယာတွေကိုအကောင်ထည်ဖော်ချင်တာ(သို့)အိုင်ဒီယာအသစ်အဆန်းတွေနဲ့ ဈေးကွက်ကိုထိုးဖောက်ချင်တာ စတဲ့ ဝန်ဆောင်မှုတွေကို ရယူချင်တယ်၊ ဆွေးနွေးချင်တယ်ဆိုရင် Apex Creative Advertising Group ရဲ့ Page Messenger ကနေ ခင်မင်ရင်းနှီးစွာနဲ့ ဆက်သွယ်လို့ရနိုင်ပါပြီဆိုတဲ့ အကြောင်းမိတ်ဆက်သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
24/02/2024
Copy writing နဲ့ Content writing ဘာကွာခြားလဲ ❓
▪️ Copywriting နှင့် content writing နှစ်မျိုးလုံးဟာ အရေးအသားပုံစံ တွေဖြစ်ပြီးတော့ (၂)မျိုးလုံးမှာ မတူညီတဲ့ ရည်ရွယ်ချက်တွေ၊ တူမလိုနဲ့ လုံး၀ကွဲပြားတဲ့ လက္ခဏာတွေရှိပါတယ်။
▪️ copywriting နှင့် content writing တို့ကြားက အဓိကကွာခြားတဲ့ အကြောင်းအရာလေးတွေကို အနည်းငယ် Sharing လုပ်ပေးချင်ပါတယ်။
===========================
ပထမဆုံးတစ်ခုက - Purpose (ရည်ရွယ်ချက်)
Copywriting က အဓိကအားဖြင့် စာဖတ်သူတွေ/တနည်းအားဖြင့် Customer တွေကိုပေါ့ဗျာ။ ကိုယ့်ရဲ့ပစ္စည်းကိုဝယ်အောင် (သို့) ကိုယ့်ရဲ့ ဝန်ဆောင်မှုတစ်ခုကိုသုံးချင်လာအောင် ဆွဲဆောင်ဖို့အတွက် ရည်ရွယ်ပါတယ်။ customer ဆီက စိတ်ပါဝင်စားမှု တစ်ခုခုကိုရအောင်လုပ်ပြီး ကိုယ့်ရဲ့ထုတ်ကုန်/ဝန်ဆောင်မှုကို သုံးစွဲလာဖို့ အောင်မြင်အောင်လုပ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။
Content writing အရေးအသားပုံစံကတော့ Customer တွေ/စာဖတ်သူတွေကို သတင်းအချက်အလက်တွေ၊ ဗဟုတုတတွေ၊ ရသမျိုးစုံနဲ့ ဖျော်ဖြေမှုပေးပြီး စီကာပတ်ကုံးရေးဖွဲ့ကာ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို စိတ်ပါဝင်စားအောင်လုပ်ဖို့ရည်ရွယ်ချက်နဲ့ရေးသားကြပါတယ်။ Customer တွေနဲ့ ရေရှည်ဆက်ဆံရေးကို ဖြည်းဖြည်းချင်းပြုစုပျိုးထောင်လာပြီး ကိုယ့်ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို တည်ဆောက်တာမျိုးဖြစ်ပါတယ်။
======================
ဒုတိယတစ်ခုက - Style (စတိုင်)
ရေးသားတဲ့စတိုင်ကလဲ ၂မျိုးက မတူညီကြပါဘူး။
Copywriting မှာ ရေးသားတဲ့စတိုင်က ကုန်ပစ္စည်း/ဝန်ဆောင်မှု တစ်ခုရဲ့ အားသာချက်(Hight Light) ကို ရွေးထုတ်ပြီး customer တွေ အာရုံစိုက်မှုရရှိအောင် တိကျပြီး ဆွဲဆောင်မှုရှိတဲ့ ထိမိဂွိ ရေးသားမှုစတိုင်နဲ့ ရေးသားကြပါတယ်။
Content writing မှာကတော့ ကိုယ့်ရဲ့ကုန်ပစ္စည်းရဲ့ သတင်းအချက်တွေ၊ သက်ဆိုင်တဲ့ကောင်းကျိုး စတာတွေ စကားပြောဟန်နဲ့ရေးသားပါတယ်။ customer တွေလိုအပ်တဲ့ အချက်အလက်တွေကို ပိုပြီးအသေးစိတ်ရေးသားဖော်ပြကြပါတယ်။ ဒီလိုရေးသားမှုစတိုင်ကိုတော့ ကျနော်တို့တွေ့နေကျ blog posts တွေ၊ ပစ္စည်းမိတ်ဆက် ဆောင်းပါးတွေ စတာတွေမှာ တွေ့မြင်နိုင်ပါတယ်။
=======================
Call to Action (မိတ်ခေါ်ယူခြင်း)
Copywriting post တွေ ကြော်ငြာတွေမှာ များသောအားဖြင့် Call to Action(CTA) ဆိုတာပါဝင်ပါတယ်။ Customer တစ်ယောက်က ဒီကြော်ငြာတစ်ခုကိုကြည့်မိသွားပြီး စိတ်ပါဝင်စားသွားတဲ့အခါ ချက်ချင်းဆိုသလို ဝယ်ဖို့အတွက် (Buy Now),(Where to Buy), (Call Now), (Ask Price) စတဲ့ Option လေးတွေထည့်ပေးထားပြီး customer နဲ့ စကားပြောဆိုမှုရရှိအောင်လုပ်ပါတယ်။
Content Writing မှာတော့ CTA ပါတဲ့အခါလဲရှိသလို မပါတဲ့အခါလဲရှိပါတယ်။ သူ့ရဲ့အဓိကရည်ရွယ်ချက်ကိုက customer တွေကို တန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေပေးပို့ပေးဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်းကျနော်တို့ နောက်ပိုင်းတွေ့နေရတဲ့ Content တွေမှာတော့ CTA လေးတွေများသောအားဖြင့်ထည့်လာကြပါပြီ။ ဒါ့အပြင် Customer တွေကို comment လေးတွေမန့်ခိုင်းတာ၊ Share လုပ်ပေးဖို့ Request လုပ်တာမျိုးတွေလဲ လုပ်လေ့ရှိကြပါတယ်။
▪️ Copywriting အရေးအသားကို များသောအားဖြင့် ကြော်ငြာကမ်ပိန်းတွေ၊ အရောင်း post တွေ၊ ပစ္စည်းအသစ်ရဲ့အားသာချက်ကို ဈေးကွက်ဖောက်တာတွေ စတဲ့ကြော်ငြာတွေမှာ ကိုယ့်ရဲ့ပစ္စည်းကိုရောင်းဖို့အတွက် ရေးသားကြပါတယ်။
▪️ Content writing ကိုတော့ blog posts တွေ၊ social media posts တွေ၊ website content တွေ၊ ဆောင်းပါးတွေမှာ ရေးသားကြပြီး customer နဲ့ ရေရှည်ဆက်ဆံရေးကိုတည်ဆောက်ကြပါတယ်။
ဒီ (၂)မျိုးလုံးက တစ်ခါတစ်ရံမှာ ရောထွေးသွားတက်ပြီး တစ်ချို့သောကြော်ငြာတွေ၊ဆောင်းပါးတွေမှာလဲ ၂မျိုးလုံးပါနေတက်ပါတယ်။ အချို့သော Writer တွေက ၂မျိုးလုံးမှာ ထူးချွန်ကြပြီးတော့ သူတို့ရဲ့ project အောင်မြင်ဖို့အတွက် ဒီရေးသားပုံ (၂)မျိုးလုံးကို အသုံးပြုရေးသားကြပါတယ်။ အဆုံးထိဖတ်ပေးကြလို့ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ကြော်ငြာကောင်း၊ Content ကောင်းတွေ ထပ်ပြီး ဖန်တီးနိုင်ကြပါစေလို့ဆန္ဒပြုလျှက် ...
03/01/2024
APEX Creative Group ရဲ့ Social Media Package များနဲ့ မိတ်ဆက်ပေးပါရစေ။
ကျွန်တော်တို့ APEX Group မှာ
📌 Media Buying
📌 Content/ Copy Writing
📌 Chatbot Service
📌 Graphic Design
အစရှိတဲ့ Service များကို ရနိုင်ပါတယ်ခင်ဗျာ။
Package တစ်ခုချင်းစီတိုင်းရဲ့ စျေးနှုန်းများဖော်ပြပေးထားပြီး ပေးရတဲ့ စျေးနဲ့ပြန်ရတာတန်စေမယ့် ကွာလတီမျိုးကို APEX မှာပဲ ရနိုင်ပါတယ် 🤩
ဒါကြောင့် Digital ခေတ်ကြီးမှာ လူကြီးမင်းတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေ ရောင်းအားကောင်းပြီး တစ်ဟုန်တိုး တိုးတက်ဖို့ အခုပဲ APEX နဲ့ လက်တွဲကြပါစို့။
03/10/2023
လူကြီးမင်းတို့လုပ်ငန်း ဒီ့ထက်ပိုရောင်းအားကောင်းဖို့ဆို ကျွန်တော်တို့ 𝗔𝗽𝗲𝘅 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗚𝗿𝗼𝘂𝗽 နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ 🙏
𝗔𝗽𝗲𝘅 မှာ Boosting ( Media Buying ), Content Writing, Copy Writing, Graphic Design, Logo Design စသည့် services များ ရပါတယ်နော် 😊
𝗣𝗮𝗰𝗸𝗮𝗴𝗲𝘀 အလိုက်ရှိပြီး စျေးနှုန်းအနေနဲ့လည်း သက်သာတာမို့ စိတ်ချယုံကြည့်စွာ အပ်နှံနိုင်ပါတယ်။
19/09/2023
𝗔𝗽𝗲𝘅 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗚𝗿𝗼𝘂𝗽 မှ ရယူနိုင်သော 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 များမှာ
▪️𝗕𝗼𝗼𝘀𝘁𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 ( 𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗶𝗻𝗴 )
▪️𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗪𝗿𝗶𝘁𝗶𝗻𝗴/ 𝗖𝗼𝗽𝘆 𝗪𝗿𝗶𝘁𝗶𝗻𝗴
▪️𝗚𝗼𝗼𝗴𝗹𝗲 𝗔𝗱𝘀 𝗦𝗲𝗿𝘃𝗶𝗰𝗲 ( 𝗦𝗘𝗢/ 𝗦𝗘𝗠 )
▪𝗚𝗿𝗮𝗽𝗵𝗶𝗰 𝗗𝗲𝘀𝗶𝗴𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲
အစရှိသည့် 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 များကို စျေးနှုန်းချိုသာစွာဖြင့် ရယူနိုင်မှာပဲ ဖြစ်ပါတယ်။
တိကျ၊ မှန်ကန်ထိရောက်သောနည်းဖြင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်ရန်အတွက် 𝗔𝗽𝗲𝘅 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗚𝗿𝗼𝘂𝗽 နှင့် အခုပဲ လက်တွဲလိုက်ကြပါစို့ ☺️
ထိရောက်၊ အောင်မြင် 𝗔𝗽𝗲𝘅 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 နဲ့သာလျှင်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11181