UXMM
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from UXMM, Science, Technology & Engineering, Yangon.
User Interface & Experience Design Myanmar wants to share knowledge especially on User Interface Design (UI) and User Experience Design (UX) for those who are interested, especially for local citizens.
11/05/2026
📣 ဒီနေ့တော့ ဝမ်းသာစရာ announcement လေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ UXMM ကနေပြီးတော့ Game နဲ့ပက်သက်တဲ့နည်းပညာတွေ၊ တီထွင်ဖန်တီးမှုတွေကို စိတ်ဝင်စားသူတွေအတွက် အတူတစ်ကွ နည်းပညာတွေမျှဝေနိုင်ဖို့ Game Makers Myanmar နဲ့ ပူးပေါင်းဆောင်ရွက်တော့မှာဖြစ်ကြောင်း ပြောကြားလိုက်ရပါတယ်။ 🥳
🎮 Game Makers Myanmar ဟာဆိုရင်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ စိတ်ပါဝင်စားသူ ဝါသနာရှင်များကို ဂိမ်းဖန်တီးမှုတွေကို သင်ကြားပြသပေးနေရုံမျှမက အဖိုးတန် Workshop တွေ၊ Tutorial တွေနဲ့ ဗဟုသုတတွေကို မျှဝေလျက်ရှိပါတယ်။ သင်တန်းတွေကိုလည်းဖွင့်လှစ်သင်ကြားလျက်ရှိကာ သင်တန်းသားပေါင်းများစွာရဲ့ Review ကောင်းများစွာကိုလည်း ရရှိထားပါတယ်။ ဒါ့အပြင် ပိုမို တက်ကြွအောင်နဲ့ Challenges တွေဖြစ်စေဖို့အတွက် Events တွေနဲ့ ပြိုင်ပွဲတွေကိုလည်း စီစဉ်ကာ မြန်မာ့လူငယ်လေးတွေကို နောက်ကောက်မကျစေဖို့ဝိုင်းဝန်း support ပေးနေတဲ့ Organization တစ်ခုလည်းဖြစ်ပါတယ်။ ✨
UXMM ကလည်း Game Makers Myanmar နဲ့ Official Partnership အဖြစ်လက်တွဲရတာဂုဏ်ယူကြောင်းနဲ့ ထပ်မံရောက်ရှိလာမယ့် အစီအစဉ်လေးတွေကို စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုပေးကြဖို့ ပြောကြားလိုက်ရပါတယ်။ 🤝
06/05/2026
🎙💭 ဒီအပတ် UXMM ရဲ့ UXMM ရဲ့ One Insight At A Time Podcast Program မှာတော့ စာရေးသူ Ma Wai Yi ရဲ့ Remote Job ကို Professionally လုပ်မယ်ဆို ဘာတွေပြင်ဆင်ထားသင့်လဲ? ဆိုတာကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ဒီ epi လေးမှာတော့ Host. Ei Thaw ကနေ share ပေးသွားမှာမို အခုပဲနားဆင်လိုက်တော့နော်။ 💯
YouTube - https://youtu.be/0708Uxz5lM0
Spotify - https://open.spotify.com/episode/5GIw7iLAKagLqEXpA4tY3w?si=OsAgW9mYQMWsjNLei-aYnw
Apple Podcasts- https://podcasts.apple.com/de/podcast/uxmm/id1523879034?l=en-GB&i=1000766435179
Title - Remote Job ကို Professionally လုပ်မယ်ဆို ဘာတွေပြင်ဆင်ထားသင့်လဲ?
Host - Ei Thaw Zin
25/04/2026
The Whiteboarding Intensive Workshop 👩💻
Product Design Interview တွေမှာ Whiteboarding ကို ကြောက်နေတုန်းပဲလား?
Product Design Interview တွေရဲ့ Step တစ်ခုဖြစ်တဲ့ Whiteboarding ကို အခက်ခဲဆုံးအပိုင်းတစ်ခု ဖြစ်နေလို့ စိုးရိမ်နေပါသလား? ဒါမှမဟုတ် Whiteboarding ကို ပိုမိုကျွမ်းကျင်အောင် လေ့လာချင်ပါသလား? 🤔
ဒါဆိုရင်တော့ UXMM HUB ကနေ စီစဥ်ပေးထားတဲ့ The Whiteboarding Intensive Workshop လေးမှာ ပါဝင်ပြီး သင့်ရဲ့ Whiteboarding Skills ကို မြှင့်တင်လို့ရပါပီနော် ✨
ဒီ Workshop လေးကိုတော့ Instructor အဖြစ် Ko Phyo Hein Kyaw မှ ဦးဆောင်ပေးသွားမှာ ဖြစ်ပြီး Product Design Whiteboarding Interview များနှင့် ပတ်သက်ပြီး ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်စေရန် အခြေခံသဘောတရားများကို စနစ်တကျ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ လက်တွေ့ Interview ပုံစံအတိုင်း Simulation ပြုလုပ်ခြင်းနှင့် Facilitators များထံမှ တန်ဖိုးရှိသော တိုက်ရိုက် Feedback များကို ရယူခြင်းဖြင့်လည်း Whiteboarding Skills ကို မြှင့်တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 🤗
About Instructor :
Ko Phyo Hein Kyaw ကတော့ Product Design လောကတွင် အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားပြီးလက်ရှိတွင် Agoda မှာ Product Designer အဖြစ် လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ Oozou, Codigo နှင့် Dinger ကဲ့သို့သော ကုမ္ပဏီများတွင်လုပ်ကိုင်ခဲ့သည့်အပြင် Streaming platform services, Travel industry, Fintech စသဖြင့် နယ်ပယ်အစုံမှာ အတွေ့အကြုံများစွာရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
Interview များ Design Challenge များကို ကိုယ်တိုင်ကျော်ဖြတ်လာသူဖြစ်သည့်အတွက် Whiteboarding Workshop တွင် ပါဝင်သူများအတွက် အမှန်တကယ် လက်တွေ့ကျပြီး ထိရောက်သော အကြံဉာဏ်များကို အနီးကပ် လမ်းညွှန်ပေးသွားမှာပဲ ဖြစ်ပါတယ်။
The Whiteboarding Intensive Workshop လေးကိုတော့
Date : 10 May, 2026 ( Sunday )
Time : 5:00 PM - 7:00 PM MMT ( 2hrs )
Fees : 100,000 MMK
ဖြင့် Join လို့ရမှာ ဖြစ်ပြီး Comment က Register Link လေးမှာ Register လုပ်လို့ရပါပီနော် ။ 🤗
**လူဦးရေ ကန့်သတ်ထားတာမလို့ အမြန်ဆုံး စာရင်းသွင်းဖို့တော့ လိုမယ်နော် ✨
24/04/2026
🎉 UXMM ရဲ့ Social Media မှာတင်သမျှ ပိုစ့်တွေမှာ အပြောင်မြောက်ဆုံး Visual Graphics တွေရယ်၊ Video တွေနဲ့ Cotnent တွေကိုဖန်တီးပေးလျက်ရှိတဲ့ Social Media Team လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
22/04/2026
📣 UXMM မှာ Consultant အနေနဲ့ ထပ်မံပြီး အင်အားဖြည့်ပေးမယ့်သူတစ်ဦးကို မိတ်ဆက်ပေးချင်ပါတယ်။
UXMM က ကျင်းပခဲ့တဲ့ Event တွေမှာ Speaker အနေနဲ့ရော Trainer အနေနဲ့ပါဝင်ဖူးပြီးတော့ အမြဲကူညီပေးနေကြဖြစ်တဲ့ အားလုံးနဲ့ရင်းနှီးပြီးသား မဖြူမွန်သိမ့်ပဲ ဖြစ်ပါတယ်။ 🎉🎉
မဖြူမွန်သိမ့်ဟာဆိုရင်တော့ Digital Experience Consultant တယောက်အနေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေပြီး South East Asia ရဲ့ Digital Products တွေဖန်တီးတဲ့အပိုင်းမှာ ဆယ်စုနှစ်တစ်ခုလောက် အတွေ့အကြုံရှိသူဖြစ်ပါတယ်။ Interactions, inclusion, innovation, digital transformation နဲ့ researchတွေကို လုပ်ကိုင်လျက်ရှိပြီး နဲ့ strategy တွေချမှတ်ကာ Startup သာမက International Company တွေကို customer-centric approach နဲ့အောင်မြင်မှုတွေဆွတ်ခူးနိုင်အောင် ကူညီဆောက်ရွက်ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။ 🤝
ဒီလိုမျိုး မဖြူမွန်သိမ့်ရဲ့ အကူအညီနဲ့ အားလုံးအတွက်အကျိုးရှိမယ့် UXMM နောင်လာမယ့် Program အစီအစဉ်လေးတွေကိုလည်းစောင့်မျှော်ပေးကြပါဦးနော်။
UXMM HUB ကနေ Workshop အတန်းတွေဆိုရင်ကော စိတ်ဝင်စားကြလား??
13/04/2026
မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယမှာ အတာသင်္ကြန်ရေနှင့်အတူ အေးချမ်းပျော်ရွှင်ကြပါစေကြောင်း UXMM မှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။
Batch 3 registration open!
09/04/2026
လာလာမေးနေတဲ့ UIUX KDF batch 3 အတွက် Registration open ပါပြီ
06/04/2026
📹 Deadline Extension: Screening Test Closure Date Updated
📹 Screening Test Close Date!!
အနီးကပ်မှ လုပ်တတ်တဲ့ Designer များအတွက်ရော UXMM Hub ကို deadline မမှီနိုင်တဲ့အကြောင်း လာပြောတာကြောင့် Screening Test Video တင်ရန် Closing Date ကို April 5 မှ April 10 အထိ တိုးချဲ့ပေးလိုက်ပါတယ်။
ဒါအပြင် သင်္ကြန် ကာလ မတိုင်ခင် ပါဝင်နိုင်ဖို့ ရည်ရွယ်ကာ Register link ကိုဆက်ဖွင့်ထားပြီး Video မပို့ရသေးသူများ April 10 နောက်ဆုံးထား ပို့ပေးပါရန်အသိပေးလိုက်ပါတယ်။
အခုမှထရိုက်မယ့်သူတွေအတွက် Info ထပ် share လိုက်ပါတယ်နော်။
📹 Screening Test Video Submission!!
------
ဒီနေ့ကစပြီး 5 April 2026 ထိ Screening Test Video တွေ ပို့လို့ရပါမယ်!
တင်သွင်းရန် အညွှန်း
- တစ်ချက်တည်း အဆက်မပြတ် ရိုက်ထားပါ (no cut, no edit)
- ကြာချိန်: အများဆုံး ၃ မိနစ်
- ဘာသာစကား: မြန်မာလို သို့မဟုတ် အင်္ဂလိပ်လို
- Google Drive (Share access ကို Anyone with the link တစ်ခါတည်းပေးပေးပါ) သို့မဟုတ် YouTube (unlisted) ကို တင်ပါ
- Link ကို [email protected] သို့ ပို့ပေးပါ။ Email subject ကိုအောက်ပါအတိုင်းထည့်ပါ။
"Design to Influence Screening Test Cohort2 - [Candidate Name]"
--------
Video ထဲမှာပါရမည့်အချက်များ
- သင့်အကြောင်း မိတ်ဆက်ပါ
- သင်၏ design ခရီးစဉ်
- Design ဒါမှမဟုတ် Product development နဲ့ပတ်သက်လို့ ဘာတွေလုပ်ခဲ့ဖူးလဲ
- Career တလျှောက်လုံးမှာ မှတ်မှတ်ရရရှိနေခဲ့တဲ့ ရလဒ်တခုအကြောင်းပြောပြပါ
- အလုပ်မှာ ကိုယ်သဘောမတူတဲ့ ဆုံးဖြတ်ချက်တခုခုကို ဆွေးနွေးခဲ့ရဖူးတဲ့အချိန် တခုအကြောင်း ပြန်ပြောပြပါ
- နောက်ကြောင်းအကျဥ်းချုပ်
- ကိုယ့်ဘက်က ဘယ်လိုတုံ့ပြန်ခဲ့လဲ
- ဒီအတွေ့အကြုံကနေ ဘာတွေသင်ခန်းစာရခဲ့လဲ
- Design leader တယောက်ဘာဖြစ်လို့ဖြစ်ချင်တာလဲ
- ဘာတွေက ကိုယ့်အတွက် စိတ်ဝင်စားစရာကောင်းပြီး ဘာတွေက အခက်အခဲကြုံလာနိုင်တယ်လို့မြင်လဲ
- ဒီ course ပြီးသွားတဲ့အခါ ကိုယ့်ဘဝမှာ (သို့) ကိုယ့်လုပ်ငန်းခွင်မှာ ဘာတွေပြောင်းလဲသွားဖို့မျှော်လင့်လဲ
** Screening Test အောင်မြင်သူများသာ Payment Form ပေးပို့ပေးပါမည်။
🗓️
Class Start Date : 22 April 2026
Discussion Class Time : Every Monday and Wednesday 7:00 PM to 8:00 PM
Fees - 400,000 MMK
----
🖋️
Registration open now
Registration Link : https://forms.gle/SrExFiPKh8SQ3daJA
----
🗓️
Screening Test Submit Date : 30 March
Screen Test Close Date : 10 April
Payment Date : 11 April
29/03/2026
⏳Registration will close tomorrow ‼️
UXMM ရဲ့ Mentorship Program လေးမှာ ပါဝင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ Registration Form လေးကို မနက်ဖြန် (30.3.2026) ည ၉ နာရီ ဆိုရင် ပိတ်တော့မှာမို့ လက်မနှေးဘဲ အမြန်ဆုံးလျှောက်လိုက်ပါတော့နော်
👉 Register & Apply here : https://forms.gle/prDo5Wb94dA81ijM9
ဒီ Program ကို ဘာကြောင့် Join သင့်တာလဲ❓
💡 Real-world Insights: လုပ်ငန်းခွင်ထဲက Professional ကြီးတွေဆီကနေ စာအုပ်ထဲမှာမရှိတဲ့ အတွေ့အကြုံတွေကို တိုက်ရိုက်သင်ယူရမယ်။
🤝 1-on-1 Mentorship: ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်အပေါ်မူတည်ပြီး တစ်ဦးချင်းအလိုက် သေချာလမ်းပြပေးမယ့် ဆရာကောင်းတွေရှိမယ်။
📁 Industry-Standard Portfolio: အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေမည့် အဆင့်မီ Portfolio တစ်ခုကို (၃) လအတွင်း အပြီးသတ်ဖန်တီးမယ်။
Program လေးကိုအများကြီး စိတ်ဝင်စားပေးကြလို့ UXMM ကနေပြီးတော့ အမိုက်စား Mentor တွေကို ထပ်ခေါ်ပေးထားတာမို့ ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်ပေးသွားကြပါဦးနော် 💕💕
🧠 UXMM Mentorship Program📚
📅 Key Dates:
🔹 Registeration Deadline: March 30 (9:00 PM)
🔹 Program Duration: 10 weeks
👉 Register & Apply here : https://forms.gle/prDo5Wb94dA81ijM9
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon