Vampire
မင်္ဂလာပါ
ဗန်ပိုင်ယာ(သွေးစုပ်ဖုတ် စနစ်)စာစဥ်မှ ကြိုဆိုပါတယ်။
Please Like & Follow me. Thanks you. translator
ကွင်းကို ပြန်လည်မွေးဖွားခြင်း...
အစကနေ ပြန်ရေးချင်တယ်...
စာစဉ်လေး ပြန်တင်ပေးရင် ဖတ်မည့်သူ ရှိသေးလား။
စောင့်မျှော်နေသူတွေကို တောင်းပန်ချင်ပါတယ်...။
ဒီနေ့ အပိုင်းသစ် တင်ပေးထားပါတယ်နော်။
#ဗန်ပိုင်ယာ
အခန်း (၂၅၆) မွန်မြတ်သော ယစ်ပူဇော်ခြင်း
အခြေအနေက ရှုပ်ထွေးနေပြီး အားလုံးက နားမလည်နိုင် ဖြစ်သွားကြသည်။ ကွင်း၏ တိုက်ခိုက်မှုက သားရဲအပေါ် ထိမှန်သွားသည်ကို အားလုံးက မယုံနိုင်ကြပေ။ သားရဲ တစ်ခုခု အမှားဖြစ်သွားသည်ဟု ထင်ကြသည်။ ယခင်က လိုဂန်သာလျှင် သားရဲကို ထိခိုက်အောင် တိုက်ခိုက်နိုင်ပေသည်။ သို့ရာတွင် ယခုအချိန်၌ သူသည် အားနည်းနေပြီဖြစ်သဖြင့် ယခုအခါ နှေးကွေးနေပြီဖြစ်သည်။
မည်သို့ ဖြစ်ပျက်သွားသည်ကို သိရှိသူကတော့ ကွင်းကိုယ်တိုင်ပဲ ဖြစ်ပါသည်။ သူသည် မာယာလက်သီး သိုင်းကွက်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုသိုင်းကွက်သည် လူသားဆန်သည့် ဉာဏ်ရည်မြင့် သားရဲများအပေါ်တွင်သာ သက်ရောက်မှုရှိပေသည်။ ယခုအခါ ဤ ဘုရင်အဆင့် သားရဲသည် လူသားဆန်သော သားရဲတစ်ကောင်ဖြစ်ကြောင်း ကွင်းက သတိထားမိလိုက်ပြီး ဤတိုက်ကွက်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ကွင်းသည် အမှန်တကယ် အလုပ်ဖြစ်မည်ကို မသေချာသော်လည်း ကြိုးစားမှု တစ်ခုအနေဖြင့် တိုက်ခိုက်ကြည့်လိုက်ခြင်းဖြစ်သည်။ သို့ရာတွင် တိုက်ကွက်က မမျှော်လင့်ဘဲ အလွန်အသုံးကျနေသည်ကို တွေ့လိုက်ရသည်။ ဉာဏ်ရည် မြင့်လွန်းသော သတ္တဝါများကို လှည့်စား၍ ရမည်မဟုတ်သကဲ့သို့ နိမ့်လွန်းသော သတ္တဝါများကိုလည်း လှည့်စား၍ မရနိုင်ပေ။ လှည့်စားမှုဟူသည် အလယ်အလတ် ဉာဏ်ရည်ရှိသူများတွင်သာ အလုပ်လုပ်မည်ဖြစ်သည်။ ဤအချက်မှာ မာယာလက်သီး၏ အနှစ်သာရဖြစ်သည်။ ထို့ကြောင့်လည်း သိုင်းကွက်က သားရဲအများစု အပေါ်တွင် သက်ရောက်မှု မရှိခြင်းဖြစ်သည်။
ယခု ဘုရင်အဆင့် သားရဲသည် ထိုအချက်များနှင့် ကိုက်ညီနေသည် မဟုတ်ပါလား။ ထို့နောက် ကွင်းလဲ သားရဲအား မာယာလက်သီး တိုက်ကွက်နှင့် မနားတမ်း ဆက်တိုက်ဆိုသလို ဖိထိုးနေ၏။ ကွင်း၏ လက်သီးချက်များက ဘယ်ကဘယ်လို ပေါ်မလာမှန်း မသိနိုင်လောက်အောက်ပင် မြန်ဆန်လွန်းပြီး သားရဲ၏ ခန္ဓာကိုယ်ပေါ်တွင် မိုးသီးမိုးပေါက်ပမာ တဝုန်းဝုန်းနှင့် ကျရောက်လျက်ရှိတော့သည်။ လက်သီးချက်များက သွေးစွန်းတူကဲ့သို့ ပြင်းထန်မှု မရှိသော်လည်း အထိုက်အလျောက်သော ပြင်းထန်မှုနှင့်အတူ ထိချက်က စိပ်လှပေသည်။
ကွင်း၏ လက်သီးချက်များက သားရဲ၏ ဦးခေါင်း၊ လည်ပင်း၊ ဝမ်းဗိုက်တစ်ဝိုက်နှင့် ကျောဘက်ပင်မကျန် တရစပ် ကျရောက်နေသည်ကို ကြည့်ပြီး စီရာက ကိုယ့်မျက်စိကိုပင် မယုံကြည့်နိုင် ဖြစ်နေတော့သည်။
‘ သားရဲက နှေးသွားတာလား ‘ စီရာက တွေးလိုက်မိသည်။ သို့သော်လည်း အသေချာကြည့်ပါက ယခင်အတိုင်း လျင်မြန်မှု ကျမသွားပေ။ ကွင်း၏ တိုက်ခိုက်မှုများကသာ ပိုမြန်လာကြောင်း သိလိုက်ရသည်။
ထို့အတူ ဖက်သည်လည်း ကွင်း၏ တိုက်ခိုက်မှုအပေါ် စိတ်ဝင်စားလာခဲ့သည်။ ယခုအခါ ကွင်းက သားရဲအပေါ် လွှမ်းမိုးကာ ဖိတိုက်နေကြောင်း သိသာလှပေါသည်။ သားရဲသည် ကွင်း၏ မမျှော်လင့်သော ထူးဆန်းသည့် တိုက်ခိုက်မှုများကြောင့် ခံစစ်သို့ ပြောင်းလိုက်ရပေသည်။ သူသည် သူ၏ ဦးခေါင်းကို မကြာခဏ အထိုးခံလိုက်ရပြီးနောက် ပြန်လည် တုံ့ပြန်ရန်ပင် စဉ်းစားချိန်မရဘဲ သူ၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်သည်။ ထိုအခါ ကွင်း၏ လက်သီးများက ဝမ်းဗိုက်ဆီသို့ ဝင်လာပြန်သည်။ သူက ဝမ်းဗိုက်ကို ကာကွယ်လိုက်ချိန်တွင် လည်ပင်းတစ်ဝိုက်ကို အထိုးခံလိုက်ရပြန်သည်။ နောက်ဆုံးတွင် သားရဲသည် နောက်သို့ ဆုတ်ကာဆုတ်ကာနှင့် အနိုင်နိုင်ရှောင်တိမ်းနေရလေသည်။
ဖက်သည် ကွင်း၏ တိုက်ခိုက်မှုများကို ကြည့်ရင်းက တစ်စုံတစ်ရာကို သတိရသွားသည်။ သူသည် အတတ်ပညာတစ်ခုကို ပြေးမြင်လိုက်မိသည်။
” ဒါဟာ မာယာလက်သီးပဲ။ သူ့ကို ဘယ်သူ သင်ပေးတာလဲ။ ဒီကောင် ငါနဲ့တစ်ချိန်လုံး ငါ့ကျောင်းမှာမြန်း ရှိနေတာလား။ ဒါမှမဟုတ် ဒီကောင်နဲ့ငါ ကျောင်းချင်းမြန်း မှားနေတာလား ”
ဖက်က တွေးမရနိုင်အောင် စိတ်ရှုတ်သွားသည်။ အကယ်၍ ယခုကျောင်းတွင်ပင် သူ့အားဆရာတစ်ယောက်က သင်ပေးသည်ဆိုလျှင်တောင် ဤပညာသည် အချိန်ယူ လေ့ကျင့်ရန် လိုအုပ်အုံးမည် ဖြစ်သည်။ ကွင်းသည် သူနှင့် တစ်ချိန်လုံးနီးပါး အတူရှိနေသဖြင့် ထိုသို့ လေ့ကျင့်နေသည်ကိုလည်း မတွေ့ရပေ။
ဖက်သည် ကွင်း၏ ပိုမို သန်မာလာပုံကို မြင်လိုက်ရသည့်အခါတိုင်း ထူးဆန်းသည့် ခံစားချက်ကို ခံစားရမြဲဖြစ်သည်။ ကွင်းသည် သာမာန်လူများ မဖြစ်နိုင်သော တိုးတက်မှုကို အချိန်နှင့်အမျှ ပိုင်ဆိုင်နေပုံရသည်။ မည်သို့ပင်ဆိုစေ ကွင်းသည် ဖက်အမြင်၌ လူနှစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
ကွင်း၏ လက်သီးချက်များက ရေတံခွန်အလား သားရဲအပေါ် လွှမ်းမိုးလျက်ရှိရာ တိုက်ပွဲတွင် သားရဲက အနိုင်ကျင့်ခံနေရသကဲ့သို့ ဖြစ်လာခဲ့သည်။
” ငါမှားသွားခဲ့တယ်။ သူ့ကို အသုံးမဝင်ဘူးလို့ ထင်ခဲ့မိတာ။ အခုတော့ မယုံကြည်နိုင်စရာဘဲ။ တောင်းပန်ပါတယ် လေလာ။ နင့်စကားကို အစက ငါလက်မခံခဲ့မိတာ နောင်တရလို့ မဆုံးပါဘူး ”
တိုက်ပွဲကို ကြည့်ပြီး စီရာက လေလာကို တောင်းပန်လိုက်သည်။
အားလုံး၏ အတွေးနှင့် ဆန့်ကျင်စွာ နားလည်နေသူကတော့ လေလာ ဖြစ်သည်။ ကွင်းသည် သားရဲအား အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေသော်ငြားလဲ သားရဲ၏ ခန္ဓာကိုယ်တွင် ပြင်းထန်သည့် ဒဏ်ရာကို မပေးနိုင်ခဲ့ပေ။ ကွင်းသည် တိုက်ပွဲတွင် အားသာနေပြီး ဦးဆောင် တိုက်ခိုက်နေသော်လည်း ရေရှည်တွင် သူ၏ ခံနိုင်ရည်က ဆက်လက်ထိန်းထားနိုင်ရန် မလွယ်ကူလှပေ။ တစ်ချိန်မှာတော့ လက်ပမ်းကျသွားပေလိမ့်မည်။ ထို့ကြောင့်လည်း အသာစီးရနေချိန်တွင် သားရဲအား ယခုထက် ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးနှင့် တိုက်ခိုက်ရန် လိုအပ်နေပြီ ဖြစ်သည်။
” တစ်ခုခုတော့ လုပ်ရလိမ့်မယ်ထင်တယ်။ ဒီအတိုင်း ရေရှည် ထိန်းထားနိုင်မှာမဟုတ်ဘူး ” လေလာက အကြံရကာ ကွင်းကို သတိလှမ်းပေးလိုက်သည်။
” တစ်ခုခု ထပ်လုပ်အုံး ကွင်း ”
ကွင်းလည်း တိုက်ပွဲအတွင်းမှပင် လေလာ၏ အသံကို ကြားလိုက်ရသည်။ သူ၏ အကြံပေးမှုက မှန်ပေသည်။ မိမိ၏ ခံနိုင်ရည်က မကြာခင် ကုန်တော့မည်ဖြစ်ပြီး သားရဲက ခုခံနေရရုံမှအပ ကြီးမားသည့် ထိခိုက်မှုကို မခံရသေးသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ တဖန်ပြန်ပြီး ထိုးစစ်ဆင်လာတော့မည် ဖြစ်လေသည်။
ကွင်းသည် တိုက်ပွဲတွင် အချိန်ကြာလာသည်နှင့်အမျှ လေလာ မပြောခင်ကပင် သားရဲအား အခြားတိုက်ကွက် တစ်ခုနှင့် အလဲထိုးနိုင်ရန် အချိန်စောင့်နေခဲ့ပေသည်။ ယခုအခါ လေလာက သတိပေးလိုက်သည့်အတွက် သူ၏ ဆုံးဖြတ်ချက်က ပိုမို ခိုင်မာသွားလေသည်။ သားရဲ၏ အပြင်ပ အသွင်သဏ္ဌာန်တွင် တစ်စုံတစ်ရာ ထိခိုက်ပုံ မရသဖြင့် သူသည် ယခုအခါ သားရဲအား ပြင်းထန်သည့် အခြား တိုက်ခိုက်မှု တစ်ခုခုနှင့် မဖြစ်မနေ ထိုးနှက်တိုက်ခိုက်ရန် လိုအပ်နေပြီဖြစ်သည်။
ထို့ကြောင့်ပင် ကွင်းသည် သူ၏ အပြင်းထန်ဆုံးတိုက်ကွက်ဖြစ်သည့် သွေးစွန်းတူကို သုံးနိုင်မည့် အခွင့်အရေးကို ဖန်တီးယူလိုက်သည်။ ထိုတိုက်ကွက်သည် အပြင်းထန်ဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်သော်လည်း အားနည်းချက်အနေဖြင့် ထိုတိုက်ကွက် တိုက်ခိုက်နိုင်ရန် ပြင်ဆင်မှုအတွက် လုံလောက်သည့် အချိန်တစ်ခုရရန် လိုအပ်လေသည်။ ထိုတိုက်ကွက်က မာယာလက်သီးကဲ့သို့ လျှင်မြန်မှုမှုမရှိပေ။
နောက်ဆုံးတွင် ကွင်းသည် သားရဲအား ပုံမှန်တိုက်ခိုက်မှုမှ ပြောင်းလဲလိုက်ပြီးနောက် သားရဲ၏ အရှေ့မှနေကာ အနီးကပ် အကွာအဝေးမှပင် သွေးလခြမ်း ကန်ချက်ကျွေးလိုက်သည်။ သတိရှိနေသော သားရဲက အနီရောင် စွမ်းအားလှိုင်းကို တွေ့လိုက်ရသည်နှင့် သူ၏ ဓားနှစ်လက်ကို စကြာကဲ့သို့ မွှတ်နေအောင်လှည့်ပြီး ကာကွယ်လိုက်သည်။ ကွင်း၏ သွေးစွမ်းအားလှိုင်းများက သားရဲ၏ ဓားသွားတွင် ကပ်ငြိကုန်လျက် ရှေ့သို့ တိုးမပေါက်နိုင် ဖြစ်သွားလေသည်။
ထိုအခါ သားရဲက သူခုခံနိုင်လိုက်ခြင်းအပေါ် သဘောကျသွားပြီး အခိုက်အတံ့အားဖြင့် မင်သက်သွားလေသည်။ ထိုစဉ်မှာပင် ကွင်းက သူ၏ လျှပ်စီးခြေလှမ်းကို သုံးကာ သားရဲ၏ နောက်ဖက်သို့ ရောက်နေပြီဖြစ်လေသည်။ ထို့နောက် ကွင်းလည်း အချိန်မဆိုင်းဘဲ သွေးစွန်းတူကို ပြင်ဆင်လိုက်ကာ သားရဲ၏ ဦးခေါင်းဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တော့သည်။
ထိုစဉ် သားရဲက ကွင်း၏ သွေးလခြမ်းကန်ချက် တိုက်ခိုက်မှုအပေါ် အမှတ်မထင် သံသယဝင်သွားပြီး ခြေကိုလိမ်ကာ ခန္ဓာကိုယ်ကို လက်ရှိနေရာမှ အနည်းငယ် တိမ်းလျက် နောက်သို့ လှည့်လိုက်သည်။ ထို့နောက် အပေါ်စီးမှ ကျရောက်လာသော စွမ်းအားလှိုင်းကို တွေ့မြင်သွားပြီး လက်နှစ်ဖက်ကို မြှောက်ကာ အတတ်နိုင်ဆုံး ကာကွယ်လိုက်တော့သည်။ ထိုသို့ ကာကွယ်ချိန်၌ သူ၏ခွန်အားအလုံးစုံကို လက်နှစ်ဖက်စီသို့ ပို့လွှတ်လိုက်သည်။
” ဖျောင်း....... ”
ကွင်း၏ တူချက်နှင့် သားရဲ၏ လက်နှစ်ဖက် ထိတွေ့သွားပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် ကွင်း၏ သွေးစွန်းတူ စွမ်းအားလှိုင်းများက သားရဲ၏ လက်မှတဆင့် ခန္ဓာကိုယ်ထဲသို့ ရိုက်ခတ်သွားရာ သားရဲသည် မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ကွင်းက သားရဲ၏ လျှင်မြန်သော တုံ့ပြန်မှုကြောင့် မိမိ၏ တူရိုက်ချက် အပြည့်အဝ အလုပ်မဖြစ်လိုက်ကြောင်း သိလိုက်ရသည့်နောက်တွင် ဒုတိယ မြောက်တိုက်ခိုက်မှုအဖြစ် လိုဂန်၏ လက်နက်စွမ်းရည်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ကာ အခွင့်အခါကောင်းကို ဖန်တီးရန် အသင့်ပြင်လိုက်သည်။
ထိုစဉ်မှာပင် သားရဲ၏ ခန္ဓာကိုယ်တွင် ထူးခြားသည့် ပြောင်းလဲမှုများ အမှတ်မထင် ဖြစ်ပေါ်လာလေသည်။
သားရဲ၏ စိမ်းလမ်းသော အမြစ်သဖွယ် ကြွက်သားများက အနီရောင်သို့ ရုတ်ချည်း ပြောင်းလဲသွားလေသည်။ ဘုရင်အဆင့်သားရဲများတွင် ၎င်းတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသည့် အခြေအနေမျိုးတွင် ၎င်းတို့သည် ဒေါသမု အခြေအနေသို့ အလိုလျောက် ပြောင်းလဲတတ်ကြပေသည်။ အဆင့်မြင့် သားရဲများ၏ သွေးရူးသွေးတမ်း အခြေအနေနှင့် ဆင်တူပေသည်။ ထိုအခြေအနေမျိုးတွင် ၎င်းတို့၏ သားရဲသလင်းကျောက်မှ စွမ်းရည်များသည် ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားမည်ဖြစ်ပြီး ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုသည် နှစ်ဆ တိုးသွားမည် ဖြစ်သည်။ သို့သော်လည်း သားရဲ သလင်းကျောက်တွင် စွမ်းအားများ ကျဆင်းသွားသဖြင့် ထိုအခြေအနေမျိုးတွင် သေဆုံးသွားသော သားရဲ၏ သလင်းကျောက်သည် တစ်စုံတစ်ရာ အသုံးမဝင်တော့ချေ။
အခြေအနေကို စောင့်ကြည့်နေသော ကွင်းသည် သားရဲ၏ ခန္ဓာကိုယ်ပေါ်သို့ အရိပ်ပြင်နှင့် ဖုံးလွှမ်းလိုက်ပြီးနောက် လိုဂန်အား လက်နက်ကို အသင့်ပြင်ထားရန် အချက်ပေးလိုက်သည်။
” လိုဂန်... အသင့်ပြင် ” ကွင်းက အော်လိုက်သည်။
ထိုအခါ လိုဂန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ယခုအခါ သူ၏ လက်နက်တွင် အဆင့်မြင့် သားရဲ သလင်းကျောက် မရှိတော့ချေ။ သို့သော်လည်း ကွင်းကိုပြောချိန်မရတော့ပေ။ နောက်ဆုံး၌ သူ့တွင်ရှိသော အလယ်လတ်ဆင့် သားရဲသလင်းကျောကိုပင် အသုံးပြုရန် လက်နက်တွင်းသို့ ထည့်သွင်းလိုက်ရတော့သည်။
” ချ..... ” ကွင်းသည် လိုဂန်အား အချက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် သူ၏ အရိပ်စွမ်းရည်ကို သားရဲအပေါ်မှ ရုတ်တရက် ပယ်ဖျက်လိုက်သည်။
လိုဂန်လည်း သူ၏ လက်နက်ကို သားရဲ၏ ဦးခေါင်းစီ ချိန်ရွယ်လျက် ခလုပ်ကို နှိုပ်ချလိုက်လေသည်။
ထိုအချိန်၌ မျှော်လင့်မထားသည့် အဖြစ်အပျက်တစ်ခုက ဖြစ်ပျက်သွားလေသည်။ သားရဲက လိုဂန်အား သူ၏ လက်တစ်ဖက်နှင့် လျှပ်တစ်ပျက် ရိုက်ချလိုက်ရာ လိုဂန်၏ လက်နက်မှ စွမ်းအင်များ မထွက်နိုင်မီမှာပင် သားရဲ၏ ရိုက်နှက်မှုကြေင့် ကျိုးကျေသွားလေသည်။ ထို့ပြင် သားရဲ၏ လက်ဖျားမှ ဓားသွားက လိုဂန်၏ ဝတ်စုံကို ဖောက်ဝင်သွားကာ အထဲမှ လိုဂန်၏ အသားများပင် ကွဲထွက်သွားခဲ့လေသည်။ စွမ်းအားအရှိန်ကြောင့် လိုဂန်သည် ထိုနေရာမှ လွင့်စင်ထွက်သွားကာ အဝေးရှိ အဆောက်အအုံတစ်ခု၏ နံရံနှင့် ပြေးစောင့်လေတော့သည်။
” ဘာလို့လဲ။ လောကကြီးက ငါတို့အားလုံးကို သေစေချင်နေတာလား ” လေလာက စိတ်မချမ်းမြေ့စွာ ညည်းညူလိုက်၏။
ထိုအခြေအနေကို ကြည့်နေသော ဖက်သည် တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချလိုက်သည်။ ဤဆုံးဖြတ်ချက်သည် သူ့အတွက် ရွေးစရာ နောက်ဆုံးလမ်းတစ်ခုလည်း ဖြစ်သည်။ ဖက်သည် ထိုဆုံးဖြတ်ချက်အတွက် လိုအပ်ပါက အသင့်လုပ်ဆောင်နိုင်ရန် မကြာခင်ကပင် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
ထို့နောက် ဖက်၏ ခန္ဓာကိုယ်တွင် ထူးဆန်းသော ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာလေသည်။ သူ၏ ကြွက်သားများက အဆမတန် ကြီးမားလာပြီးနောက် လူသန်ကြီး တစ်ယောက်ပမာ ပြောင်းလဲလာလေသည်။
” မင်း တကယ်ပဲ ဆုံးဖြတ်လိုက်ပြီပေါ့ ”
ဟမ် သည် ဖက်ကို ကြည့်လိုက်ပြီးနောက် အလွန် စိတ်ထိခိုက်စွာနှင့် ရေရွတ်လိုက်၏။ သူသည် ဝမ်းနည်းသည့် အကြည့်များနှင့် ဖက်ကိုကြည့်ကာ ထိုနေရာမှ ပျံတက်သွားလေသည်။
ဘာသာပြန်သူ သန့်စင်
ဗန်ပိုင်ယာကို တစ်သက်စာ အခမဲ့ဖတ်ခွင့်ရမယ့် အစီအစဉ်လေးတစ်ခု လုပ်ပေးဖို့ရှိပါတယ်။
အသေးစိတ်ကို Post ပြန်တင်ပေးပါမယ်။
မင်မင်ရဲ့ မွေးနေ့အထိန်းအမှတ်အနေနဲ့ စာစဉ် (၂၄) ကို ဖရီး တင်ပေးလိုက်ပါတယ်။
ဖတ်ရှုလိုသူများ မန့်မှာ ဝင်ယူနိုင်ပါပြီ။
18/05/2023
အခန်း (၃၅၀) မှာတော့ ငါတို့ လေလာလေး ဒီလို သတ္တဝါလေး ဖြစ်သွားတယ်နော်။ Paid ဂရုမှာ တင်ပေး နေပါပြီ။
ဗန်ပိုင်ယာ စာစဉ် (၂၃) ရပါပြီ။
ကြိုမှာထားသူများ အခု လိုက်ပို့ ပါပြီ။ အသစ် မှာလိုသူများလည်း Cb မှာ လာရောက် မှာယူလို့ ရပါပြီ။
m.me/thantzintun.author
PDF နဲ့ ဖတ်ချင်ရင်လည်းရ၊ ဂရုထဲ ဝင်ဖတ်ချင်ရင်လည်းရပါတယ်။
21/04/2023
#ဗန်ပိုင်ယာ စာစဉ် (၂၂) ရပြီဗျာ။ မနက်မှပဲ ရောင်း ပေးတော့ မယ်။
ခုညတော့ တအား အိပ်ချင်နေလို့ အိပ်လိုက်တော့မယ်နော်။
ကြိုမှာထားသူများအားလုံးကို ကျွန်တော် မနက် အိပ်ယာနိုးတာနဲ့ လိုက်ပို့ ပေးထားလိုက်မယ်နော်။ အသစ် လာဝယ်ချင်သူများလည်း မနက်ကျရင် cb မျာ လာရောက် မှာယူ အားပေးနိုင်ပါပြီခင်ဗျ။
ကျေးဇူးတင်ပါတယ်။ ကျွန်တော် မောင်ကွင်းပါ။
21/04/2023
Padi Gp မှာ ဒီနေ့အတွက် နှစ်ပိုင်း ကြိုတင်ပေးလိုက်ပါပြီ။ ည ၇ နာရီမှာ တက်လာပါလိမ့်မယ်။
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Yangon