W Entertainment
One of the BEST Entertainment service in Myanmar who love to create the rave society.
13/07/2022
ကျွန်တော်တို့ ဆီမှာ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် Festival တွေ ပြန်မလုပ်နိုင်ကြသေးဘူးဆိုတာလဲ အားလုံး အသိပါပဲ။
လောလောဆယ် အခြေအနေအရ Nightlife event တွေ Festival တွေမှာပဲ Intl'dj တွေကို ခေါ်ပြီး Local Power Headliner တွေနဲ့ ကြမ်းနေရတဲ့ Ravers တွေအတွက် အိမ်နီးခြင်း နိုင်ငံတွေထဲက ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး Festival တွေထဲက နံပါတ် ၁ ဖြစ်တဲ့ Wonderfruit Festival အကြောင်းကို ဒီနေ့မှာ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အနဲဆုံးတော့ သွားရည်ယိုလို့ ရတာပေါ့လေ ... နော် .. 🤭
ထိုင်းနိုင်ငံရဲ့ Iconic အဖြစ်ဆုံးနဲ့ ရှေ့ဆုံးက ပြေးနေတဲ့ Music Festival ကို ပြပါဆိုရင် Wonderfruit ကို ပြရမှာပါ။
Local power DJ တွေနဲ့ International DJ တွေ ပေါင်းစပ်ပြီး ပြုလုပ်တဲ့ ဒီပွဲဟာ ၄ ရက်တောင် လုပ်တဲ့ပွဲလဲ ဖြစ်ပါတယ်။
Music Genre မျိုးစုံပါတဲ့အပြင် ကွဲပြားခြားနားတဲ့ Zone တွေလဲ ခွဲထားပါသေးတယ်။
Music တစ်မျိုးထဲ အတွက်တင် မကဘဲ Art, Culture, Fashion, Food, Workshops, Inspirational Talks တွေ အတွက်ပါ ရည်ရွယ်တာမို့ အရှေ့တောင် အာရှရဲ့ Coachella လို့တောင် တင်စားကြပါတယ်။ (Coachella) အကြောင်း သပ်သပ်ရေးပေးပါဦးမယ်။
Techno, trance, deephouse, hiphop, reggae စတဲ့ music genre ပေါင်းစုံအပြင် ထိုင်းရိုးရာဂီတ Molam တောင် ပါပါတယ်။ တကယ့်ကို အမိုက်စားပွဲကြီးပါ။
သီချင်းနားထောင်ဖို့တင် မဟုတ်တဲ့အပြင် Activities တွေ အနေနဲ့ Yoga, Cooking, Motivational Talks, Workshops စတဲ့ ခေါင်းစဥ်တွေ အများကြီးလဲ ပွဲတော်ထဲမှာ ရှိသေးတာမို့ ၄ ရက်စလုံးက စိတ်လှုပ်ရှားစရာတွေချည်းပါပဲ။
တစ်နေ့ကို လူပေါင်း ၂သောင်းကျော်လောက် လာတဲ့ပွဲမို့ ကိုယ်တွေဆီက FA တွေ သွားလဲ စော်ရနိုင်ခြေ အလွန်ကို များတဲ့ပွဲကြီးလဲ ဖြစ်ပါတယ်။ Honey Nest မှာ စော်မရတဲ့ ညိုကီတို့ အဲ့ကို သွားသင့် .. 🤭
ထိုင်းမှာလဲ ကိုဗစ် ဘာညာကြောင့် ၂၀၂၂ ထဲမှာပဲ လုပ်ဖြစ်မလား ၊ ၂၀၂၃ ကိုပဲ ရွှေ့မလားကတော့ ခုထိ ဘာသံမှ မကြားရသေးပါဘူး။
လုပ်ဖြစ်မယ် ဆိုရင်တော့ December 15 ကနေ 18 ထိ လုပ်မယ်လို့ သတင်းရထားပါတယ်။ ခုထဲက ပိုက်ပိုက်ကြိုစုထားဖို့တော့ လိုပါတယ်။ ချူသစ်လေးနဲ့ သွားကဲနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ ...
ကျွန်တော်ကတော့ ဟိုရောက်မှပဲ သဘော်သီးထောင်းလေး စားတော့မယ် စိတ်ကူးထားပါတယ်။ 😆
လုပ်မယ့် နေရာက ပတ္တယားနားမှာ ရှိတဲ့ Siam Country Club မှာဆိုတော့ အရှိန်မကုန်သေးရင် ပတ္တယားထိ ဆင်းကဲလို့လဲ ရပါသေးတယ် ဆိုတဲ့အကြောင်းလေး ပြောပြရင်း Wonderfruit အကြောင်း ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ။
နောက်ပို့စ်တွေကျရင် တခြား Festival တွေအကြောင်းကိုလဲ အခုလိုပဲ ပြောပြမယ်နော်။ အနဲဆုံးတော့ အခြေအနေတွေ ပြန်ကောင်းလာခဲ့ရင် သွားဖို့ ရွေးထားလို့ ရတာပေါ့ဗျာ..။
12/07/2022
Hey Ravers‼️
=========
📌Let us announce the dramatic news is that your Legendre W Entertainment is come back to your festival nights with new tastes, new styles and new themes but we never change our festival vibes.
⚠️Stay tune buddies ...
More announcements will be in soon.
CALL US:
0️⃣9️⃣ 9️⃣7️⃣7️⃣ 9️⃣2️⃣0️⃣ 3️⃣0️⃣4️⃣
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon