Perfectly Clear

Perfectly Clear

Share

သားသားတို့မှာ ဖြစ်တတ်တဲ့ fungal infections မျာ?

26/09/2021

ဒီနေ့ မီးတွေပြတ်နေလို့ စာပြန်နောက်ကျတာ ခွင့်လွှတ်ကြပါဗျ..

Photos from Perfectly Clear's post 01/09/2021

page ကခုမှစလုပ်ဖြစ်တော့ product ပုံလေးတွေမတင်မိဘူးဖြစ်နေတာ....လာမေးတဲ့သူတွေပြောမှ သတိထားမိတယ်.. အစကတော့ ပုံကောင်းကောင်းလေးတွေရိုက်ပြီး shop အနေနဲ့လုပ်မလို့.... လောလောဆယ် product ကလည်းတခုတည်းပဲဆိုတော့ ဖုန်းနဲ့ပဲရိုက်တင်လိုက်တော့တယ်..

ပထမ product size အနေနဲ့ 100ml ပလက်စတစ်ဘူး တစ်မျိုးတည်းထုတ်ထားပါတယ်.. ‌ဈေးကတော့ ၃၅၀၀ကျပ်ပါ.. အစကတော့ အိမ်သုံးအတွက် ရည်ရွယ်ထားတာပါ... breeder တွေ trainer တွေ နဲ့ rescue centre တွေအတွက် နောက်ပိုင်းမှ size အမျိုးမျိုးနဲ့ ထပ်လုပ်ပါ့မယ်ဗျ..

ဒုတိယက ရန်ကုန်ပဲ target ထားပြီးရောင်းပေးဖို့လုပ်ထားပေမယ့် နယ်ကမှာတဲ့သူတွေရှိလို့ royal express နဲ့ချိတ်ပြီးပို့ပေးပါ့မယ်ဗျ..

တတိယကတော့ လောလောဆယ် အခြေအနေတွေအရ ဆိုင်တွေနဲ့ချိတ်ဖို့ မလွယ်သေးတာမို့ online ကပဲ delivery တွေနဲ့ချိတ်ပြီးပို့ပေးပါ့မယ်.. ရွှေပြည်သာနဲ့နီးရင်တော့ လာဝယ်ရင်လည်းရပါတယ်ဗျ...နောက်အခြေအနေပေးမှ.. ကျွန်တော့်သားကို ဆေးလိုက်ကုတုန်းက ခင်ခဲ့တဲ့ဆေးဆိုင်တွေ ဆေးခန်းတွေမှာ တင်ရောင်းဖို့လုပ်ပါ့မယ်ဗျ..

နောက် ringworm ပုံလေးတွေလည်း internet ကပဲရှာပြီးတင်ပေးလိုက်ပါတယ်ဗျ.. တခြားယားနာတွေအတွက်ကတော့ အနာအရမ်းမစိုရင် လိမ်းလို့ရပါတယ်ဗျ.. အရမ်း အသားနုတဲ့နေရာမျိုးတော့မှာလိမ်းမယ်ဆိုရင်တော့ ရေအနည်းငယ်ရောပြီးလိမ်းပေးနိုင်ပါတယ်... ဥပမာ နားရွက်အတွင်းဘက်, စအိုတဝိုက်/ဝှေးစေ့ တဝိုက်...

16/07/2021

အရေပြားမှိုရောဂါ (fungal infection) သည်စတင်ဖြစ်ပွားစဉ် သတိမပြုမိပါက ကုသရန်ခက်ခဲလေ့ရှိပါသည်။ ဆေးမျိုးစုံ နှင့် ဆေးခန်းပေါင်းစုံတွင် ကုသသော်လည်း မပျောက်ကင်းသော ခွေးလေးများအတွက် ဘေးထွက်ဆိုးကျိုးမရှိစေရန် ကိုယ်တိုင်စမ်းသပ်ဖော်စပ်ထားသော ထိရောက်သည့်လိမ်းဆေးဖြစ်ပါသည်။

ဆေးမလိမ်းမှီ ဖြစ်ပွားသည့်နေရာအား သန့်ရှင်းခြောက်သွေ့စေပြီး တစ်ရက်လျင် ၁ ကြိမ် လိမ်းပေးနိုင်ပါသည်။ (အမွှေးရှည်မျိုးဖြစ်လျင် အမွှေးညှပ်ပြီး လိမ်းပေးပါက ပိုမိုထိရောက်ပါသည်။)

Neem extract, Turmeric extract, Salicylic acid, Benzoic acid, Povidone-iodine တို့အဓိကပါဝင်ပါသည်။

Salicylic acid သည် ဆဲလ်သေများကို ဖယ်ရှားပေးသောကြောင့် ဆေးလိမ်းပြီး ၁ ရက်မှ ၂ရက်အတွင်း မှိုများ (ringworm)၏ အပေါ်ယံလွှာကို ကွာကျစေပါသည်။
(ဆေးလိမ်းပေးစဉ် လက်အားဆေးထိပါက လက်ချောင်းထိပ်လေးများမှ ဆဲလ်အသေများလည်း ကွာကျနိုင်ပါသည်။ Salicylic acid ကြောင့်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးမရှိပါ။ Salicylic acid ကိုအလှကုန်အမျိုးမျိုးတွင်လည်း peeling agent အဖြစ်အသုံးပြုကျပါသည်။)

Benzoic acid သည် ဆေးမယဉ်စေသော ပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး မှိုများကိုထိရောက်စွာနှိမ်နင်းနိုင်ပါသည်။
Neem and Turmeric သည်ဆေးလိမ်းပြီးနောက် ထပ်မံ၍မှိုစွဲမှု မရှိစေရန်ကာကွယ်ပေးပါသည်။

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


67 Mya Yadanar Street, 5/2 Qtr, Shwe Pyithar Tsp
Yangon