NEXT STEP Real Estate

NEXT STEP Real Estate

Share

NEXT STEP Real Estate Service

20/07/2022

ကိုယ့်ရဲ့ငွေပိုငွေလျှံတွေကို ဘယ်လိုနေရာမျိုးတွေမှာ
ရင်းနှီးမြှုပ်နှံမှု အကောင်းဆုံး ဖြစ်မလဲ❓

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ဘယ်နေရာမှာ
ရင်းနှီးမြှုပ်နှံလို့ အသင့်တော်ဆုံးဖြစ်မလဲ
ဆိုရင်တော့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံထားချင်တဲ့
သူတွေအနေနဲ့ အခုချိန်မှာ မြေ၊ လုံးချင်းအိမ်နဲ့ ကွန်ဒို
တိုက်ခန်းတွေကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံထားသင့်ပါတယ်

ရင်းနှီးမြှုပ်နှံမှုတွေထဲမှာမှ မြေ ကို ဝယ်ယူထားခြင်းဟာ အချိန်ကြာလေ အကျိုးအမြတ်များစွာ ရရှိလေပဲ ဖြစ်တဲ့အပြင် မြေစျေးကျသွားဖို့ဆိုတာ ရာခိုင်နှုန်းနည်းပါတယ်

ဒါကြောင့် ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့သူတွေက
အလားအလာကောင်းများစွာရှိတဲ့ နေရာမျိုးတွေမှာ
အိမ်ခြံမြေ ဝယ်ထားသင့်ပါတယ်

အိမ်ခြံမြေနှင့် ပတ်သက်လို့ ရင်းနှီးမြှုပ်နှံချင်တယ်
ဆိုရင်တော့ " Next Step Real Estate "နဲ့သာ
ယုံကြည်စွာ လက်တွဲလိုက်ပါ

အိမ်ခြံမြေနှင့် ပတ်သက်သမျှ သိလိုသည့်အကြောင်းအရာများကို အသေးစိတ်သိရှိလို့ပါက
📞 09 442 9999 09 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
🏡 No.5, ward 1, Ywarmakyaung Street, Hlaing Township, Yangon.

14/07/2022

" Luxury "ဆိုတာ မတူညီကွဲပြားတဲ့ အရာတွေထဲမှာမှ ထူးခြားကောင်းမွန်တဲ့ အရည်အသွေးနဲ့ ပြီးပြည့်စုံတဲ့ ခံစားမှုပဲ ဖြစ်ပါတယ်

အဆင့်မြင့်မြင့် Luxury အိမ်ပုံစံမျိုးမှ သဘောကျနှစ်သက်တဲ့ လူကြီးမင်းတို့အတွက် ကိုယ့်ရဲ့အိမ်လေးကို လွယ်ကူရိုးရှင်းဆုံးနဲ့ ဘယ်လို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရမလဲဆိုတာ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် 🤗

ကိုယ့်ရဲ့အိမ်လေးကို Luxury ဆန်တဲ့ ပုံစံမျိုးဖြစ်အောင်
🔺🔺 အိမ်အပြင်အဆင်များကို Luxury ဆန်ဆန် လှပ​​သေသပ်စွာ အကောင်းဆုံး ဖန်တီးပေးတဲ့ အတော်ဆုံး Designer များထံ အကူအညီရယူပါ
🔺🔺 ကိုယ့်အကြိုက်ဆုံး Theme တစ်မျိုးကို ရှာဖွေပါ
🔺🔺 အိမ်ရဲ့နေရာအကျယ်အဝန်းကို ထည့်တွက်ပြီး Luxury ဆန်တဲ့ အိမ်ပုံစံမျိုး ရရှိအောင် ဖန်တီးပါ
🔺🔺 အရောင်များကို သေချာရွေးချယ်ပြီး အိမ်နံရံမှာ ပန်းချီကားချပ်များချိတ်ဆွဲပြီး အလှဆင်ရပါမယ်
🔺🔺 အရည်အသွေးကောင်းသော ပရိဘောဂပစ္စည်းများကို ဝယ်ယူပြီး နေရာတကျ သေချာထားမယ်ဆို လူကြီးမင်းတို့ရဲ့ အိမ်လေးဟာ ခမ်းနားထည်ဝါလှတဲ့ Luxury ဆန်တဲ့ အိမ်ပုံစံမျိုး ရရှိမှာပဲ ဖြစ်ပါတယ်

အိမ်ခြံမြေနှင့် ပတ်သက်သမျှ သိလိုသည့်အကြောင်းအရာများကို အသေးစိတ်သိရှိလို့ပါက
📞 09 442 9999 09 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
🏡 No.5, ward 1, Ywarmakyaung Street, Hlaing Township, Yangon.

07/07/2022

ယုံကြည်မှုဆိုတာ စက္ကူဖြူနဲ့တူပြီး တစ်ခါစွန်း​ထင်ရင် မူလပုံစံပြန်ဖြစ်ဖို့မလွယ်တာကြောင့် ဘဝကြီးနဲ့ တိုက်ရိုက်အချိုးကျပါတယ်

ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့အခါ ထိုလူဟာ အဲ့ဒီအသိုင်းအဝိုင်းအတွက် အသုံးမဝင်တော့ပါဘူး

♦ အရောင်းအဝယ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံတဲ့အခါမှာပဲဖြစ်ဖြစ် ပူးတွဲလုပ်ဆောင်တဲ့အခါ လူတစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှု ရှိဖို့က အဓိကပါပဲ🤗

ဒါ့အပြင် ယုံကြည်မှုလို့ ဆိုလိုက်ရင် နောက်ဆက်တွဲပါလာတဲ့အရာကတော့ ကတိနှင့်သစ္စာပဲ ဖြစ်ပါတယ် ကိုယ်ပြောလိုက်တဲ့စကားကို တန်ဖိုးထားတတ်ဖို့လည်း အရေးကြီးပါတယ် ❤

✨ ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဆိုသည့်အတိုင်း အခြေခံကျတဲ့ ကတိနဲ့ သစ္စာကို အုတ်မြစ်ချပြီးမှ ယုံကြည်မှုကို တည်ဆောက်ရတဲ့အတွက် အခြေခံအုတ်မြစ်ကလဲ ခိုင်မာမှ ဖြစ်မှာပါ

အိမ်ခြံမြေ အရောင်းအဝယ်လုပ်ရမှာလဲ အရောင်းမှားအဝယ်မှား မဖြစ်စေဖို့အတွက် ယုံကြည်စိတ်ချရတဲ့ * Next Step Real Estate * ကိုသာ ယုံကြည်အားကိုးလိုက်ပါ🤗🤗

အိမ်ခြံမြေနှင့် ပတ်သက်သမျှ သိလိုသည့်အကြောင်းအရာများကို အသေးစိတ်သိရှိလို့ပါက
📞 09 442 9999 09 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
🏡 No.5, ward 1, Ywarmakyaung Street, Hlaing Township, Yangon.

06/07/2022

ကိုယ့်ရဲ့ နွေထွေးတဲ့အိမ်လေးကို ဘယ်လိုအကောင်းဆုံးဖြစ်အောင် အလှဆုံးပြင်ဆင်မလဲ❓

သင့်ရဲ့အိမ်လေးကို အသစ်တိုင်းဖြစ်အောင် ပြန်အသက်သွင်းဖို့ ငွေကြေးအများကြီး ကုန်ကျခံစရာမလိုပါဘူး🤗
♦ အချက်အလက်အနည်းငယ်ကိုသာ ဂရုစိုက်လုပ်ဆောင်မယ်ဆို သင့်ရဲ့ အိမ်လေးဟာ အချိန်တိုအတွင်း လှပသပ်ရပ်ပြီး ဆွဲဆောင်မှု ရှိစေမှာပါ

ပစ္စည်းအသစ်တွေ အများကြီးမသုံးရဘဲ အခန်းသစ်သဖွယ်လှပသွားစေဖို့ ဒါလေးတွေ လိုအပ်ပါတယ်
🔺🔺ဟောင်းနွမ်းပြီး မလိုအပ်တဲ့ ပစ္စည်းတွေကို အရင်ဆုံး ဖယ်ရှားရှင်းလင်းပြီး အခန်းသန့်ရှင်းရေး အရင်လုပ်ရပါမယ်
🔺🔺 ပရိဘောဂတွေနဲ့ အခန်းပြင်ဆင်ပစ္စည်းတွေကို အသွင်သစ် အမြင်သစ် ဖြစ်စေဖို့အတွက် ထားနေကျနေရာမှာမထားပဲ လိုက်ဖက်တဲ့နေရာလေးမှာ ထားသင့်ပါတယ်
🔺🔺 အခန်းကို ပိုပြီးလင်းစေမယ့် အရောင်လေးတွေကို ရွေးချယ်ပြီး ဆေးသုတ်ဆေးချယ်ရပါမယ်
🔺🔺 အိမ်နောက်ဖေး မီးဖိုချောင်သပ်ရပ်စေဖို့အတွက် ကြွေပြားခင်းပြီး မီးဖိုချောင်ပစ္စည်းတွေကို နေရာတကျနဲ့ သေသေသပ်သပ် သိမ်းဆည်းရပါမယ်

အခြေခံအချက်လေးတွေဖြစ်တဲ့ ဒီအချက်လေးတွေနဲ့ဆို သင့်ရဲ့အိမ်လေးဟာ ရိုးရိုးရှင်းရှင်းလေးနဲ့ သပ်ရပ်လှပသွားစေမှာပါနော် 🤗🤗

*Next Step Real Estate*
📞 09 442 9999 09
🏡 No.5, ward 1, Ywarmakyaung Street, Hlaing Township, Yangon.

02/07/2022

အိမ်ခြံမြေစျေးကွက်မှာ ကိုယ့်ရဲ့ငွေတွေကို ဘာလို့
ရင်းနှီးမြှုပ်နှံထားသင့်လဲ❓

♦ လူကြီးမင်းတို့အနေနဲ့ အိမ်ခြံမြေစျေးကွက်မှာ ရင်းနှီးမြှုပ်နှံပြီး အဝယ်အရောင်းလုပ်ချင်တယ်ဆိုရင် ပထမဆုံးဝယ်ယူမှုကို မပြုလုပ်မိ လေ့လာစရာတွေအများကြီးနဲ့ သိထားရမယ့် အကြောင်းအရာတွေ အများကြီးရှိပါတယ် 🤗

ဒါ့အပြင် အိမ်ခြံမြေ ရင်းနှီးမှုလုပ်တဲ့အခါ စိတ်ရှည်သည်းခံပြီး လွယ်လွယ်နဲ့မြန်မြန် အမြတ်ရတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး မဟုတ်ဘူးဆိုတာ သိထားဖို့လိုအပ်ပါသေးတယ် 👍

အိမ်ခြံမြေစျေးကွက်မှာ ကိုယ့်ရဲ့ငွေတွေကို ဘာလို့
ရင်းနှီးမြှုပ်နှံထားသင့်လဲဆိုတော့
🔺🔺 ငှားရမ်းလို့ရပါတယ်
🔺🔺 ပြန်လည်ပြင်ဆင်ရောင်းချလို့လည်း ရပါတယ်
🔺🔺 အပန်းဖြေအိမ်ငှားရမ်းလည်း ရပါတယ်
🔺🔺 ဖွံ့ဖြိုးလာနိုင်ချေရှိတဲ့ ရပ်ကွက်တွေမှာမြေ၊ အိမ် ဝယ်ယူမယ်ဆိုရင် အိမ်စျေး၊ မြေစျေးတက်လာဖို့ အလားလာကောင်းရှိပါတယ်
🔺🔺ဒါ့အပြင် အချိန်ကောင်းကို နားလည်ပြီး ဘယ်အချိန် ဘယ်လို လှုပ်ရှားရမလဲဆိုတာ ဆုံးဖြတ်နိုင်ရပါမယ်

ဒါကြောင့် လူကြီးမင်းတို့ရဲ့ငွေတွေကို အလဟဿ
မဖြစ်သွားစေဖို့ အိမ်ခြံမြေစျေးကွက်မှာ ရင်းနှီးမြှုပ်နှံလိုက်ပါ 🤗

အိမ်ခြံမြေနှင့် ပတ်သက်သမျှ သိလိုသည့်အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက
📞 09 442 9999 09
🏡 No.5, ward 1, Ywarmakyaung Street, Hlaing Township, Yangon.

29/06/2022

အိမ်ခြံမြေ၊ ဂရန်မြေ၊ ပါမစ်မြေ ဝယ်ယူတော့မယ်ဆိုရင် အမျိုးအစားလိုက် အဝယ်မှား အရောင်းမှား မဖြစ်အောင် စစ်ဆေးရမယ့် စာရွက်စာတမ်းတွေရှိပါတယ်

♦ အိမ်ခြံမြေ ဝယ်ယူတော့မယ်ဆိုပါက အမျိုးအစားလိုက် ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းအပြည့်အစုံကို မဖြစ်မနေ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်

ဘယ်လိုစာရွက်စာတမ်းတွေ စစ်ဆေးရမလဲ
ဆိုရင်တော့
👉👉 တိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် ဆက်စပ်စာချုပ်အပြင် မဖြစ်မနေ စစ်ဆေးရမယ့် စာရွက်
စာတမ်းတွေကတော့ BBC ( လူနေထိုင်ခွင့် )၊ မြေရှင်လတ်မှတ်၊ ရေမီတာ၊ မီးမီတာ စတဲ့ စာရွက်စာတမ်းတွေကို ကိုက်ညီမှုရှိမရှိ စစ်ဆေးသင့်ပါတယ်

👉👉 ဂရန်မြေဝယ်မယ်ဆိုရင်တော့ စစ်ဆေးရမယ့်စာရွက်စာတမ်းတွေ နည်းတာဖြစ်လို့ ဂရန်အမည်ပေါက်" မှန် မမှန်နဲ့ စစ် မစစ် "ကို သက်ဆိုင်ရာ မြေစာရင်းမှာ သွားရောက် စစ်ဆေးရမှာပဲ ဖြစ်ပါတယ်

👉👉 ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချပေးထားတဲ့ မြေအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ပါမစ်မြေကို ဝယ်ယူတော့မယ်ဆိုရင် ချထားပေးတဲ့ ပါမစ် မှန်/မမှန် နဲ့ ပါမစ်အင်ထရီ ပြင်ထားချက် ရှိ/မရှိ စစ်ဆေးရပါမယ်။
ပါမစ်အင်ထရီဆိုတာကတော့ မြေနေရာအကွက်ချပြီး ထုတ်ပေးလိုက်တဲ့ ပါမစ်ကို ပြန်လည်စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့ အမှတ်တံဆိပ်ပဲ ဖြစ်ပါတယ်။
အင်ထရီဝင်ပြီးသားပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ်ပြီးဖြစ်ကြောင်း ပါရှိပါတယ်။ ဒါ့အပြင် အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံတင်၊ သန်ခေါင်းစာရင်းတွေနဲ့ ပါမစ်မြေစာရွက်စာတမ်း အချက်အလက်များ မှန်ကန်မှုရှိမရှိ၊ အင်ထရီဝင်ထားပြီးသား ဟုတ်မဟုတ်၊ ဆိုတာတွေကို သေချာစစ်ဆေးရပါမယ်

အိမ်ခြံမြေနှင့် ပတ်သက်သမျှ သိလိုသည့်အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက
📞 09 442 9999 09
🏡 No.5, ward 1, Ywarmakyaung Street, Hlaing Township, Yangon.

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 5 , 5 Quater , Ywar Ma Kyaung Street , Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00