Smile Excel Learning
Friendly Excel Tips & Training
Excel Learning & Data Analysis Service
https://t.me/SmileExcelLearning
19/09/2026
အဲလောက်ဆွဲလည်း UNO လို့တောင် မအော်နိုင်ခဲ့ပါဘူး 🤭
゚
🔸️Sort (အစဉ်လိုက်စီခြင်း)🔸️
Alphabet (စာလုံးများ)
▪️A to Z (အက္ခရာစဉ်အတိုင်း)
▪️Z to A (အက္ခရာစဉ် ပြောင်းပြန်)
Number (ကိန်းဂဏန်းများ)
▪️Smallest to Largest (ငယ်စဉ်ကြီးလိုက်)
▪️Largest to Smallest (ကြီးစဉ်ငယ်လိုက်)
Date (ရက်စွဲများ)
▪️Oldest to Newest (အဟောင်းမှ အသစ်)
▪️Newest to Oldest (အသစ်မှ အဟောင်း)
🔸️Filter (စစ်ထုတ်ခြင်း)🔸️
မိမိကြည့်ချင်တဲ့/လိုချင်တဲ့ အချက်အလက် သီးသန့် (ဥပမာ - နာမည်၊ ရက်စွဲ သို့မဟုတ် ပမာဏ) များကိုပဲ ရွေးထုတ်ပြီး ကျန်တာတွေကို ခဏ ဖျောက်ထားချင်တဲ့အခါ သုံးပါတယ်
゚
17/09/2026
📊 Advance Excel သင်တန်း အတန်းသစ် ဖွင့်ပါပြီ
(ရုံးချိန်လွတ် Sunday Only Class)
တနင်္ဂနွေနေ့တစ်ရက်ပဲ အချိန်ပေးရုံနဲ့ Advance Excel ကို ကျွမ်းကျင်သွားစေရမယ်... 👍
📆 October 4 ရက်နေ့ စပါမည်
🗓️ Days: Every Sunday
⏰ Time: ည ၈:၀၀ မှ ၉:၃၀
🗓️ Online - Zoom Class
⏳ ကြာချိန်: ၁ လခွဲ (ခန့်မှန်း)
😫 ဒုက္ခတွေကို နှုတ်ဆက်လိုက်ပါတော့! 👋
▪️ ရုံးဆင်းချိန်ရောက်ခါနီးမှ Report တောင်းလို့ အလုပ်မဆင်းရသေးတဲ့ ဒုက္ခတွေ...
▪️ အိပ်ရေးပျက်ခံပြီး Calculator နဲ့ လိုက်ခေါက်နေရတဲ့ အချိန်တွေ...
🤔 ရုံးဝန်ထမ်းတော်တော်များများ Excel ကို Calculator တစ်လုံးလိုပဲ သုံးနေကြတုန်းလား? ❓
Data တွေ ထောင်နဲ့ချီ ရှိလာရင် ဘယ်ကစကိုင်ရမှန်း မသိဖြစ်နေပြီလား?
⚙️ တကယ်တော့ Advance Excel ကို ကျွမ်းကျင်ထားရင် (၃) နာရီကြာမယ့်အလုပ်ကို (၃) မိနစ်တည်းနဲ့ ပြီးသွားအောင် လုပ်လို့ရပါတယ်ရှင်
💯 သင်တန်းကြေးထက်
ပိုတန်တဲ့ Skill တွေ ပြန်ရစေဖို့
အာမခံပါတယ် 💯
✨ ဒီသင်တန်း တက်ပြီးရင် ဘာတွေ ပြောင်းလဲသွားမလဲ?
💻 Smart Calculation: Logic Formula တွေ သုံးပြီး Data သွင်းလိုက်တာနဲ့ အဖြေ အလိုအလျောက် ထွက်လာမယ် (Calculator ကို ဘေးဖယ်ထားလိုက်ပါတော့!)
⚡ Data Power: Data တွေ ဘယ်လောက်များများ... ချက်ချင်းရှာမယ်၊ စစ်ထုတ်မယ်၊ Error မရှိတဲ့ Report ကို အမြန်ဆုံး တည်ဆောက်နိုင်မယ်
📈 Visual Reports: ထောင်နဲ့ချီတဲ့ Data တွေကို ၁ မိနစ်အတွင်း အနှစ်ချုပ်ပြီး လူကြီးတွေ ကြည့်ရလွယ်မယ့် Pivot Chart တွေအထိ ပုံဖော်တတ်သွားပါမယ်
🔥 Smile သင်တန်းရဲ့ ထူးခြားချက်🔥
❌ Theory သက်သက် မဟုတ်ဘူး
✅ Real-World Projects: လုပ်ငန်းခွင် (Sales / HR / Inventory Management) ထဲက ပရောဂျက်အစစ်အမှန် (၃) ခုကို လက်တွေ့ ကိုင်တွယ်ရမှာပါ
🙋 ကိုယ့်ရဲ့ Career အတွက် အခြေခံ Logic တွေ ရသွားမှာ အသေအချာပါပဲ
💼 လုပ်သက် (၂၀) နှစ် Experience အပေါ် အခြေခံပြီး လွယ်ရာကနေ ခက်ရာကို စနစ်တကျ စီစဉ်ထားတဲ့ သင်ရိုးဖြစ်လို့ တကယ် အသုံးဝင်မှာ သေချာပါတယ်
👨💻 ဘယ်သူတွေ တက်သင့်လဲ?
🛑 Manual အလုပ်တွေ လုပ်ရလွန်းလို့ ခေါင်းတွေ ကိုက်နေတဲ့ ရုံးဝန်ထမ်းများ
📈 Excel Skill ကို Level-Up လုပ်ပြီး Professional CV လှလှလေး တည်ဆောက်ချင်သူများ
📊 Data ကို စနစ်တကျကြည့်ပြီး လုပ်ငန်းတိုးတက်ချင်တဲ့ Business Owner များ
💢 Excel အခြေခံ လောက်ရှိရုံနဲ့
တက်ရောက်နိုင်ပါတယ်ရှင် 💢
(အခြေခံ မပိုင်နိုင်သေးသူများအတွက်လည်း သီးသန့် (၁) ရက် အချိန်ပေးပြီး အမီလိုက်နိုင်အောင် ပြန်နွှေးပေးဦးမှာမို့ စိုးရိမ်စရာ မလိုပါဘူးနော်)
🎯 Smile ရဲ့ အာမခံချက်
သင်တန်းပြီးရင် လက်တွေ့အသုံးချနိုင်ဖို့ Basic ကနေ Advanced အထိ သေချာနားလည်သွားစေရမယ်။ ပိုမြန်၊ ပိုကောင်းအောင် မသုံးတတ်သေးရင် Smile ကို အချိန်မရွေး ပြန်လာမေးလို့ ရပါတယ်
(အိပ်ချိန်လေးတော့ ချန်ပေးပေါ့နော် 😆)
🙋 သင်တန်းသားဟောင်းများအတွက်
အရင် Payment Screenshot လေးပြပြီး Page
Chatbox ကနေ လာပြောပေးပါရှင်
📌 လုပ်ငန်းခွင်ထဲမှာ Level up ဖြစ်ဖို့ဆို Excel သုံးတတ်ရုံနဲ့ မရတော့ပါဘူး၊ သူများထက် ပိုမြန်၊ ပိုတိကျတဲ့ Advanced Skill ရှိဖို့ လိုအပ်ပါတယ် 📌
📥 သင်တန်းတက်ရောက်လိုပါက အခုပဲ Page Messenger ကနေတစ်ဆင့် [အမည်] နှင့် [ဖုန်းနံပါတ်] ပေး၍ စာရင်းပေးသွင်းနိုင်ပါပြီရှင်
📩 Course Outline အပြည့်အစုံကို Comment မှာ မန့်ပေးထားပါတယ်ရှင်။ အသေးစိတ် သိချင်တာရှိရင် Message မှာ အခုပဲ လှမ်းမေးလိုက်ပါနော်! 💬✨
゚ #ရုံးဝန်ထမ်းများအတွက် #ချစ်ခြင်းများစွာဖြင့်
16/09/2026
ကဲ ဒီနေ့တော့ Quiz လေး ဖြေကြည့်ရအောင်ကွာ
A - Merge & Center
B - Sort
C - Wrap Text
D - Filter
အဖြေမှန်လေး မနက်ဖြန် ပြန်ပြောပေးမယ်နော် 😊
15/09/2026
AI ကို ယုံစားမိသူ
သူများတွေ 1980 ဆိုလို့ လုပ်ကြည့်လိုက်တာကွယ် သူများတွေတော့ လှလှလေး ထွက်လာပီး ငါ့ကျမှပဲ
Gender တောင် ပြောင်းသွားတယ်လို့ အသားကလည်းမဲသွားသေး 🙄
AI က ငါ့ကိုယ်ငါထက်များ ပိုသိနေတာလားပဲ 😁
အေးအေး 1980 မှာ ရေသန့်ဗူးနဲ့ဆိုတော့ကာ ငါ နံနံခြားများ ရောက်နေတာလားပဲ 🤣
14/09/2026
ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ....
Excel ကို ကြောက်ကြတယ်တဲ့ တကယ်ကလေ Excel ကတောင် ကိုယ့်ကို ကြောက်ရသေးတာ 😇
တကယ်တမ်းကျ ကိုယ်က Keyboard ကနေ တဂျောက်ဂျောက် ခေါက်ပီး သူ့ကို ခိုင်းနေတာကို သူ့ခမျာ ကိုယ်ခိုင်းတဲ့အတိုင်း သူ့မှာ အတိအကျ လိုက်လုပ်ပေးရတာ
Excel ကို သုံးရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပေမယ့် တကယ်တမ်း အတိုချုပ် အနေနဲ့ ပြောရရင် သူ့ကို သုံးပီး
▪️လိုချင်တာကို ရှာမယ်
▪️မှန်လား မှားလား စစ်မယ်
▪️တွက်ချက်တာတွေအတွက် သုံးမယ်
ဒါတွေကိုပဲ လုပ်ငန်းခွင်မှာ တဝဲလည်လည် သုံးရတာပါရှင် 🎯
ဒါကြောင့် ကိုယ်က ခိုင်းတဲ့သူ Excel က အခိုင်းခံရတဲ့သူမို့ Excel ကို ဘာလို့ ကြောက်ရမှာလဲလို့ 😆
13/09/2026
ဖုန်းခေါ်မယ်ဆိုပီး တို့ကို အပျော်ကြံသွားတယ် 😝
မျှော်လိုက်ရတာဆိုတာ လိုင်းမမိမှာ စိုးလို့ အိမ်ထဲတောင် မ၀င်ရဲဘူး လူဆိုး 😁
10/09/2026
ခုတခေါက်ရဲ့ ဂယက် ၁ သောင်း အဖွဲ့ ပုံလေး မကြွားရသေးလို့ 😁
စတာပါ ပျော်လို့ 🥰
#ချစ်ခြင်းများစွာဖြင့်
07/09/2026
လောကကြီးမှာ ဘယ်အရာမှ တစ်နေရာတည်း ရပ်မနေပါဘူး
ပြောင်းလဲနိုင်တယ်၊ သင်ယူနိုင်တယ်၊ နောင်တရလို့လည်းရတယ်၊ တစ်ချိန်က မှားခဲ့ဖူးတဲ့လမ်းကို မှားတယ်ဆိုတာ သိပီးတဲ့နောက် နောက်ထပ် အဲဒီလမ်းမရွေးတော့ဘဲ လမ်းသစ်တစ်ခုကို ရွေးလို့ရတယ်၊ တစ်ချိန်က ဘာမှ မလုပ်ချင်အောင် ပျင်းခဲ့ဖူးသူဟာ နောက်တစ်ချိန်မှာ ကြိုးစားတဲ့သူ ဖြစ်လာနိုင်သလို၊ တစ်ချိန်က လမ်းပျောက်ခဲ့ဖူးသူဟာ နောက်တစ်ချိန်မှာ ကိုယ့်လမ်းကိုယ် ရှင်းရှင်းလင်းလင်း သိတဲ့သူဖြစ်လာနိုင်ပြီး၊ တစ်ချိန်က ကိုယ့်ကိုယ်ကိုတောင် မချစ်တတ်ခဲ့သူဟာလည် တစ်နေ့မှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာနိုင်ပါတယ်
ဒါကြောင့် မနေ့က ဘယ်လိုပဲဖြစ်ခဲ့ပါစေ၊ ဒီနေ့မှာ အသစ်ကပြန်စဖို့ ဘယ်တော့မှ မနောက်ကျပါဘူး
Cerdit - Witchy Candy
#ဘဝသင်ခန်းစာ #ခွန်အားဖြည့်စာစု #ပြောင်းလဲခြင်း #ကိုယ့်ကိုယ်ကိုချစ်ပါ #မျှော်လင့်ချက် #စိတ်ဓာတ်ခွန်အား
06/09/2026
အာညောင်းနေရင် မစားသင့်တဲ့အသီး
လက်ရော ပါးစပ်ရော အငြိမ်မနေရတဲ့အသီး
စားပီးရင်လည်း ဆော့လို့ရတဲ့အသီး 😝
Category
Contact the business
Website
Address
Yangon