Dhamma Knowledge

Dhamma Knowledge

Share

May you be good..

05/09/2021

🎈🎈 ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့
လက္ခဏာ (၉) မျိုး🎈🎈
================================

ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။

၁. အချိန်တိုင်းလိုလိုမောပန်းနေခြင်း

ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။

၂. ခံတွင်းပျက်ခြင်း

ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အတွက် အလိုလို အစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။

၃. မျက်လုံးတစ်ဝိုက် မို့နေခြင်း

ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့လက္ခဏာ တစ်ခုလို့ဆို ရမှာပါ။

၄. အိပ်မပျော်ခြင်း

ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။

၅. ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများ ကြုံခြင်း

ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။

၆. ခြေဆစ်လက်ဆစ်များ ရောင်ရမ်းခြင်း

ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။

၇. အသားအရေခြောက်ပြီး

ယားယံခြင်းကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်ပါ။

၈. မူးဝေအော့အန်ခြင်း

ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။

၉. ဟီမိုဂလိုဘင်လျော့ကျခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ ဖြစ်လာစေပါတယ်။

01/09/2021

(1-9-2021)ရမည်းသင်းကိုဗစ်ပိုးတွေ့ရှိစာရင်း
ကမ္မ(1)ဦး
ကျော်ဇင်(2)ဦး
ကြည်တော်ကုန်း(2)ဦး
စီဗ္ဗီလှိုင်း(1)ဦး
ညောင်ပင်(6)ဦး
ညောင်လေးပင်(9)ဦး
ထီးလှိုင်(2)ဦး
ပြန်/ဆက်(1)ဦး
ဗမကအရှေ့(1)ဦး
မာလီကုန်း(1)ဦး
မြို့မရဲစခန်း(1)ဦး
မြို့လှ(1)ဦး
ရွာတန်း(1)ဦး
ရွှေဒါးကားဂိတ်(5)ဦး
ရွှေပြည်သာ(1)ဦး
လက်ပံတော(2)ဦး
ဝကုန်း(1)ဦး
ဝါတိုးအလယ်(1)ဦး
အင်ကြင်းကန်(1)ဦး
အင်းဇင်း(1)ဦး

စစ်ဆေးသူဦးရေ 520 ဦး(ခရိုင်ဆေးရုံစစ်55 ဦးပါ)
ပိုးတွေ့သူဦးရေ 41 ဦး(ဆေးရုံစစ် 7 ဦး)

ယနေ့သေဆုံးသူ(0)ဦး။မရှိပါ

***ယနေ့ထိသေဆုံးဦးရေ 73ဦး။

***ယနေ့အထိပိုးတွေ့ဦးရေ 2834 ဦး
***ယခုလက်ကျန်ကုသမှူ့ခံယူဆဲဦးရေ 622 ဦး
**ကောင်းမွန်ရျ်အိမ်ပြန်ရသူဦးရေ 2135 ဦး

***Stay Home မြို့နယ်၏စည်းကမ်းနှင့်အညီ မနက္ကို တစ်အိမ်လျှင် တစ်ဦးသာသတ်သတ်မှတ်မှတ်ထွက်စေပြီး နေ့လည် ၁နာရီကျော်ပါက ပြည်သူများ မိမိအိမ်တွင်သာနေထိုင်စေခြင်းဖြင့် ပတ်ဝန်းကျင်နှင့်မိသားစုအား ကပ်ရောဂါဘေးမှကင်းဝေးရအောင်ကယ်တင်ပါ

***မနက်၁၀နာရီမှနေ့လည် ၁၂အထိ နည်းပညာတက္ကသိုလ်တွင် မိမိကိုယ္ကိုသံသယရွိသူမ်ား လာရောက်စစ်ဆေးပါ၊စစ်ဆေးပြီးပါက အိမ်တွင်သီးသန့်နေထိုင်ခြင်း၊စင်တာ၌သီးသန့်လာနေခြင်းတို့ဖြင့် ကန့်သတ်ထားရှိပါသည်။စင်တာတွင်နေထိုင်ပါက ကနဦးကုသမှူ့ခံယူရန်လွယ်ကူပါသည်။မိမိအိမ်တွင်နေထိုင်ပါကလည်း လိုအပ်သည့်ဆေးကုသမှူ့ပေးစေလိုခြင်း ကျန်းမာရေးအခြေအနေမေးမြန်းလိုပါက အရေးပေါ်ဖုန်းနံပတ် 09427729593(TMO)
/09797495531(MI)/09794979816(HA)သို့ ဆွေးနွေးအကြံတောင်းခံနိုင်ပါသည်

***မိမိရပ်ရွာတွင် သံသယရွိသူမ်ား ရုတ်တရက်သေဆုံးပါက ပြည်သူ့ကျန်းမာရုံးသို့ PPEဝတ်စုံလာရောက်ထုတ်ယူပြီးမှသာ ကိုင်တွယ်ကြပါ

**"မိမိဘာသာစစ်ဆေးခြင်း၊အခြားနေရာများတွင်စစ်ဆေးခြင်းများမှ ပိုးတွေ့သည်ဟုသိရှိရပါက မိမိအသိစိတ်ဖြင့် သီးသန့်ကန့်သတ်နေထိုင်ခြင်းဖြင့် မိမိမြို့ မိမိရပ်ရွာကို ကူညီကြပါ

"အစစအရာရာ ဂရုစိုက်လို့ကိုဗစ်ရောဂါဘေးမှကင်းဝေးကြပါစေဗျာ''
(MI)

20/03/2020

ဘဝဆိုတာ ဘာလဲကွယ်
ရဝေနွယ်(အင်းမ)

တစ်ခါတုန်းက ခရီးသွားယောက်ျားတစ်ယောက်ဟာ ကွင်းပြင်တစ်ခုကို ဖြတ်သန်းနေတုန်း ကျားတစ်ကောင်နဲ့ ပက်ပင်းတွေ့လိုက်ရပါတယ်။ ခရီးသွားယောက်ျားက ထွက်ပြေးရင်း ချောက်ကမ်းပါးတစ်ခုရောက်တော့ နွယ်ရိုင်းပင်တစ်ခုကို လှမ်းဆွဲပြီး သူ့ခန္ဓာကိုယ်ကို ချောက်ကမ်းပါး အောက်ကို လွှဲချလိုက်ပါတယ်။
ကျားက ချောက်ကမ်းပါးပေါ်ကနေ အနံ့ခံနေပါတယ်။ ခရီးသွားယောက်ျားက တုန်လှုပ် ချောက်ချားနေပြီး အောက်ငုံ့ကြည့်လိုက်တော့ အောက်မှာ နောက်ကျားတစ်ကောင်က သူ့ကို စားဖို့ အသင့်စောင့်နေပါတယ်။ ကိုင်ထားတဲ့နွယ်ရိုင်းပင်ကြီးကသာ သူ့အတွက် အားထားရာဖြစ်နေပါတယ်။ အဲဒီအချိန်မှာ ကြွက်ဖြူ ကြွက်မဲနှစ်ကောင်ကလည်း နွယ်ရိုင်းပင်ကို နည်းနည်းချင်း ကိုက်ဖြတ်နေပါတယ်။

အန္တရာယ်နဲ့ ဒုက္ခမျိုးစုံ တွေ့ကြုံနေတုန်း လက်အနီးမှာ စားချင်စဖွယ် စတော်ဘယ်ရီသီးကို တွေ့လိုက်ရပါတယ်။ ဒီတော့လက်တစ်ဖက်က နွယ်ရိုင်းပင်ကိုမြဲအောင်ကိုင်ပြီး ကျန်လက်တစ်ဖက်က စတော်ဘယ်ရီသီးကို လှမ်းခူးပြီး စားလိုက်ပါတယ်။ ပြီးတော့ စကားတစ်ခွန်း ပြောလိုက်ပါတယ်။ ''အလွန်အရသာရှိတဲ့ စတော်ဘယ်ရီသီးလေးရယ်''။
(101 ZEN STORIES )

ဘဝဆိုတာ ဘာလဲဆိုတာလေးကို ဖွင့်ပြထားတဲ့ ဂျပန်ဇင်ပုံပြင်လေးပါ။ ဒုက္ခမျိုးစုံဝန်းရံထားတဲ့ ဘဝတိုတိုလေးမှာ ပျော်အောင်နေတတ်ဖို့ သာဓကပြပုံပြင်လေးပါ။ ဒီထက်ကျယ်ပြန့်တဲ့ အတွေးတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်တွေးတတ်သလို ဆက်တွေးရုံပါပဲ။ ပုံပြင်ဇာတ်ဆောင် အမျိုးသားကတော့ အန္တရာယ်ဒုက္ခမျိုးစုံကြားထဲက စတော်ဘယ်ရီသီးလေးကို ပျော်ပျော်ကြီး စားသွားခဲ့ပါတယ်။
​
ဒီတော့ ဒုက္ခတောထဲက ဘဝတစ်ခုအတွက် ပျော်အောင် ဘယ်လိုနေမလဲ။
​
အဖြေကတော့ အမျိုးမျိုးထွက်လာနိုင်ပါတယ်။ အဖြေထုတ်တဲ့အခါ သူတစ်ပါးကို မထိခိုက်တဲ့မူဘောင်ထဲက ထုတ်ရမှာပါ။ စိတ်ခံစားမှုမျိုးစုံ ရှိနေကြတဲ့အတွက် အဖြေမျိုးစုံ ထွက်လာနိုင်ပါတယ်။ ကိုယ့်ဘဝနဲ့ ကိုက်ညီတဲ့ အဖြေကို စဉ်းစားရမှာပါ။ ကိုယ်ရထားတဲ့ဘဝနဲ့ ယှဉ်ပြီး စဉ်းစားရမှာပါ။ တစ်ခါတလေကျတော့လည်း ဘဝတွေက ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ပဲဘဝတွေကပြီးသွားခဲ့ပါတယ်။ မနက်စောစောအိပ်ရာနိုးစနဲ့ တရားထိုင်ပြီးစအချိန်လေးတွေမှာ စဉ်းစားရင် မှန်တဲ့အဖြေလေးတွေ တွေးမိတတ်ပါတယ်။

တရားသဘောအရ တစ်သက်လုံး ကုသိုလ်တွေနဲ့ ပျော်အောင်နေသွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ပုထုဇဉ် လူသားတစ်ယောက်အနေနဲ့ စားဝတ်နေရေးဆိုတာကြီးက နေ့စဉ် ရှိနေတဲ့အတွက် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရပါဦးမယ်။ ဒီတော့ တစ်သက်လုံး အကြားမရှိ ကုသိုလ်တွေနဲ့ နေသွားဖို့ကျတော့လည်း မလွယ်လှပြန်ပါဘူး။
​
လူ့ဘဝသက်တမ်း ယေဘုယျ(၇၅)နှစ်ဆိုပေမယ့် ရောက်နေတဲ့အသက်နဲ့တွက်ရင် လက်ကျန်က ဘာမှမကျန်တော့သလို ဒီကြားထဲမှာလည်း ငေါက်ခနဲ သေသွားနိုင်ပါတယ်။ မနက်ဖြန်တောင် သေချင်သေသွားနိုင်ပါတယ်။
​
မခိုင်မြဲတဲ့ဘဝတိုတို ခဏလေးမှာ စိတ်ညစ်စရာတွေတွေး စိတ်ညစ်စရာတွေ ပြောပြောနေမယ်ဆိုရင်တော့ ပုံပြင်ထဲကအတိုင်းဆို ဘဝက အဓိပ္ပါယ်မဲ့နေပါတယ်။ ပိုက်ဆံတွေ၊ ကျော်ကြားမှုတွေ၊ ရာထူးဋ္ဌာနန္တရတွေတော့ အများကြီး ရှိနေပါရဲ့။ ဒါပေမဲ့ နေ့စဉ် စိတ်ဆင်းရဲစရာစကားတွေ ကြားနေရမယ်။ နေ့စဉ် စိတ်ညစ်စရာ အာရုံတွေပဲ မြင်တွေ့နေရမယ်ဆိုရင် ကျားလိုက်ခံရရင်း စတော်ဘယ်ရီသီးကို ပျော်ပျော်ကြီးစားခဲ့တဲ့ ဇင်ပုံပြင်လေးကဘဝအတွက်အဖြေတစ်ခုပါ။ ဘဝမှာ လူတွေ အထင်ကြီးတဲ့အရာတွေ မရှိပေမယ့် ပျော်တဲ့အတွေးတွေ ပျော်တဲ့အပြောတွေ ပျော်တဲ့အလုပ်တွေ ရှိနေရရင် ဘဝက တကယ့်ကျေနပ်စရာပါပဲ။
​
တည်တောဆရာတော်ဘုရားကြီးရဲ့ ''ကာမဟူသည်'' စာအုပ်ထဲမှာ ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးပါတယ်။ တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်ရဲ့ တိုက်အနီးမှာ ဆင်းရဲသားလင်မယားနှစ်ယောက် နေထိုင်ကြပါတယ်။ ဆင်းရဲသား လင်မယား နှစ်ယောက်ဟာ တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ် ကြရပေမယ့်လည်း ညအချိန်ရောက်တဲ့အခါမှာတော့ လင်က ဗုံတီး မယားက သီချင်းဆိုနဲ့ အလွန် ပျော်မွေ့နေကြပါတယ်။
​
တစ်နေ့မှာတော့ သူဌေးကြီးက ဆင်းရဲသားလင်မယားနှစ်ယောက်ကို ခေါ်ပြီး ''မင်းတို့ လင်မယားနှစ်ယောက် အလုပ်လုပ်ကြရတာ အင်မတန် ပင်ပန်းတယ်။ မင်းတို့ကို သနားတဲ့အတွက် ငွေတစ်ထောင်ပေးမယ်။ ငွေတစ်ထောင်ကို အရင်းတည်ပြီး ကြီးပွားအောင် လုပ်ကိုင်စားသောက် ကြ''လို့ ုပြောပြီး ငွေတစ်ထောင် ပေးလိုက်ပါတယ်။
​
ဆင်းရဲသား လင်မယားနှစ်ယောက်ဟာ ငွေတစ်ထောင်ကိုယူပြီး မိမိတို့ တဲကုပ်ဆီကို ပြန်ခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီငွေတစ်ထောင်ရတဲ့နေ့ကစပြီး ဗုံတီးသံနဲ့ သီချင်းဆိုသံကို မကြားရတော့ပါဘူးတဲ့။ ရက်နည်းနည်းကြာတော့ ဆင်းရဲသားနှစ်ယောက်ဟာ ငွေထုပ်ကိုင်ပြီး သူဌေးကြီးဆီ ပြန်လာပါတယ်။ သူဌေးကြီးကိုတွေ့တာနဲ့ ''သူဌေးကြီးခင်ဗျား၊ ကျွန်တော်တို့ ဆင်းရဲနွမ်းပါးတဲ့အတွက် ငွေတစ်ထောင် ပေးတာကို ကျေးဇူးအထူးပဲတင်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကို သနားသောအားဖြင့် ဒီငွေတစ်ထောင်ကို ပြန်ယူပြီး ကျွန်တော်တို့ရဲ့ စိတ်ချမ်းသာတဲ့ဘဝလေးကို ပြန်ပေးပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ လင်မယားနှစ်ယောက်ဟာ ငွေတစ်ထောင်ရတဲ့နေ့ကစပြီး ဒီငွေအတွက်နဲ့ တစ်ရက်မှ စိတ်မချမ်းသာကြတော့ပါဘူး။ ဒီငွေကို သူခိုးပဲ ခိုးမလား၊ ဒီငွေကို ဘာပဲလုပ်ရမလဲ တွေး တွေးပြီး စိတ်မချမ်းသာကြတော့ပါဘူး''လို့ ပြောပြီး ငွေတစ်ထောင်ကို သူဌေးကြီးကို ပြန်ပေးလိုက်ပါသတဲ့။
​
တည်တောဆရာတော်ဘုရားကြီးရဲ့စာကို ဖတ်ခဲ့ဖူးတာ နှစ်တွေကြာခဲ့ပြီဖြစ်ပေမယ့် ဒီနေ့အထိ မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။ ငွေတစ်ထောင်ကို အရင်းတည် အလုပ်လုပ်ရင်း ကြီးပွား၊ ပြီးတော့ သူဌေးဖြစ်သွားဆိုတဲ့ နောက်ဆက်တွဲစိတ်ကူးအတွေးကို တွေးကို မတွေးမိပါဘူး။ သူတို့ရဲ့ စိတ်ချမ်းသာမှုလေး ပျောက်ဆုံးသွားခဲ့တယ်ဆိုတာလေးပဲ ထပ်ခါထပ်ခါ တွေးတွေးနေမိပါတယ်။ တွေးမိတိုင်းလည်း ဘဝတစ်ခုအတွက် အဖြေတစ်ခုကို ပေးပေးနေသလို ခံစားရပါတယ်။ ပိုက်ဆံအားနည်းပေမယ့် ကိုယ့်ဘဝကိုယ် ကျေနပ်နေဖို့ပါပဲ။ နေရာတကာ ပိုက်ဆံကစိတ်ချမ်းသာမှုကိုမဖန်တီးနိုင်ပါဘူး။
​
တိပိဋကယောဆရာတော်ဘုရားက ဒုတိယနာယကဘဝမှာ နွေရာသီရောက်ရင် မင်းကွန်းနဲ့ ကလေးတောင်ဖီလာတောရမှာ အချိန်တစ်ခု သွားသွားသီတင်းသုံးလေ့ရှိပါတယ်။ ပဓာနနာယကဖြစ်ပြီး နောက်ပိုင်းမှာတော့ များပြားလွန်းတဲ့ တာဝန်တွေကြောင့် မကြွဖြစ်တော့ပါဘူး။
​
ကိုယ်က လူဖြစ်လို့ တောရဆိုတဲ့ စကားလုံးနဲ့ မသင့်ပေမယ့် သံယောဇဉ်တွေ၊ အတွယ် အတာတွေ၊ ဖိအားတွေ၊ စိုးရိမ်မှုတွေရဲ့ တဒင်္ဂလွတ်မြောက်ရာ နယ်မြေတစ်ခုမှာ တစ်နာရီ၊ တစ်ရက်၊ တစ်ပတ်၊ ဆယ်ရက်၊ တစ်လလောက်လေး ဖုန်းတွေပိတ်၊ အင်တာနက်တွေပိတ်၊ ဖေ့စ်ဘွတ်တွေပိတ်၊ သူတစ်ပါးကို မထိခိုက်ဖို့ ငါးပါးသီလ နေ့စဉ်စောင့်ထိန်းမယ်။ စိတ်အေးချမ်းဖို့ မနက် နာရီဝက်၊ ညနာရီဝက် တရားထိုင်မယ်။ မနက်စာအတွက် ပဲပြုတ်ထမင်းကြော်ရယ်၊ ကော်ဖီခါးခါးတစ်ခွက်ရယ်၊ စာအုပ်တွေရယ်၊ သစ်ပင်လေးတွေရယ်၊ ငှက်သံလေးတွေရယ် ရှိနေရင် ကိုယ့်ကိုယ်ကိုကျေနပ်နေတဲ့ အေးချမ်းတဲ့ ဘဝလေးတစ်ခုဖြစ်နေပါပြီ။ ဘဝအဓိပ္ပါယ်လေးတစ်ခုဖြစ်နေတာပါ။ အဲဒီအချိန်မှာ ပိုက်ဆံလည်း မတွေးဘူး။ ရာထူးတွေလည်း မတွေးဘူး။ လူတွေအကြောင်းလည်း မတွေးဘူး။ ဘာဆိုဘာမှ မတွေးဘူး။ လက်ရှိ ပစ္စုပ္ပန် ဘဝအချိန်လေးမှာပဲစိတ်ကိုထားပြီး ကိုယ့်ကိုယ်ကိုယ် အေးချမ်းအောင် နေသွားရင် ဒါလည်း ဘဝတစ်ခုထဲကစတော်ဘယ်ရီသီးလေးကိုစားနေတာပါပဲ။

ကြီးမားတဲ့သံယောဇဉ်တွေ၊ ကြီးမားတဲ့ကျေးဇူးတွေက ဘဝခရီးမှာအဆင်ပြေမှုတွေရပါတယ်။ တစ်ခါတလေ အဲဒီကြီးမားတဲ့သံယောဇဉ်တွေ ကြီးမားတဲ့ကျေးဇူးတွေကပဲ ငဲ့ကွက်မှုတွေကိုအခြေခံပြီး ကိုယ့်စိတ်ကိုလောင်တော့တာပါ။ တချို့စိတ်ကိုလောင်တဲ့အလောင်က ငြှိမ်းသတ်ဖို့ခက်ပြီး လောင်ကျွမ်းမှုရက်ကြာနေတတ်ပါတယ်။ ဒါကြောင့် ကြီးမားတဲ့သံယောဇဉ်တွေ ကြီးမားတဲ့ ကျေးဇူးတွေ တဒင်္ဂလွတ်မြောက်ရာ နေရာတစ်ခုရှိရှိနေဖို့ပါ။ မကင်းနိုင်တဲ့ဘဝတစ်ခုမှာ ခဏလေးပဲဖြစ်ဖြစ်ပါ။
​
လောကသဘာဝအရ ထင်ရှားချင်ကြပါတယ်။ ထင်ရှားရင် ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုး အန္တရာယ်တွေကလည်း ဒွန်တွဲပါနေပါတယ်။ ထင်ရှားတဲ့အတွက် ဘက်နှစ်ဘက်ကို ရလိုက်တာပါ။ ကိုယ့်ကို ကြိုက်တဲ့သူရယ်၊ မကြိုက်တဲ့သူရယ်ပါ။ ကြိုက်တဲ့သူက ကြိုက်တဲ့စကားပြောမယ်၊ မကြိုက်တဲ့သူက မကြိုက်တဲ့စကားပြောမယ်။ ခြေလှမ်းတစ်ချက်မှားတာနဲ့ ဘဝက မြောင်းထဲ ရောက်သွားနိုင်ပါတယ်။ ဒါ ထင်ရှားခြင်းရဲ့ အန္တရာယ်တွေပါပဲ။ မထင်ရှားရင် အဲဒီအန္တရာယ်တွေ မရှိပါဘူး။
​
ဘဝမှာ low profile နဲ့ နေတာလေးက ကိုယ့်အတွက် အန္တရာယ်ကင်းပါတယ်။ စိတ်အေးချမ်းမှုကိုလည်း ရပါတယ်။ ကြိုက်သူ၊ မကြိုက်သူတွေမရှိရာ low profile နဲ့ နေတာလေးကလည်း အန္တရာယ်ကင်းတဲ့ အေးချမ်းတဲ့ ဘဝလေးတစ်ခုပါပဲ။
​
မုံရွာမြို့၊ ဆရာတော် ဦးကုဏ္ဍလရဲ့ မဟာသုတဒီပနီကျမ်း ဒုတိယတွဲမှာ ပညာရှိတွေဟာ မိမိကိုယ်ကို မေးခွန်း (၃)ခုနဲ့ သုံးသပ်ပြီး ကျင့်သုံးနေထိုင်လေ့ရှိတဲ့အကြောင်းကို ပဋိဘာန်ဂါထာအဖြစ် ဖော်ပြထားပါတယ်။
​
ကီဒိသော ဟံ ကတံ ကိံမေ၊
ကတံ နုယုတ္တကံ သိယာ။
ဣစ္စေတံ သမ္မသိတွာန၊
ယုတ္တာယုတ္တံ ကရေဇဟေ။
​
၁။ ငါ ဘယ်လို လူစားလဲ။
၂။ ငါ ဘာကို လုပ်မိလဲ။
၃။ ငါ လုပ်တာ မှန်ရဲ့လား။
​
ဒီလို မေးခွန်း သုံးချက်ကို သုံးသပ်ဆင်ခြင်ပြီး အဖြေရှာ၊ သင့်တာဆို ဆက်လုပ်၊ မသင့်တာဆို စွန့်ပစ်လိုက်ရပါမယ်တဲ့။
​
ဒါ ဂါထာရဲ့ လိုရင်း အဓိပ္ပာယ်ပါပဲ။
​
ရဟန်း၊ လူ၊ အုပ်ချုပ်သူ၊ သူဌေး၊ ဝန်ထမ်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်သား၊ ကျောင်းသား၊ ဆရာ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် မေးခွန်းသုံးခု မေးပြီး လုပ်သင့်တာဆို ဆက်လုပ်ပြီး မလုပ် သင့်တာဆို စွန့်ပစ်လိုက်ရမှာပါတဲ့။
​
ဥပမာ-မိသားစုအတွက် ပင်ပင်ပန်းပန်းနဲ့ ရှာဖွေလုပ်ကိုင်ကျွေးမွေးနေရတယ်။ တစ်ဖက်ဆီက မနှစ်သက်ရာ ဆန့်ကျင်ဘက်အပြော အပြုအမူကို ကြုံလိုက်ရလို့ စိတ်လိုက်မာန်ပါ ပြန်ပြီး တုန့်ပြန်လိုက်ခါနီးမှာ ''ငါ့အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုရှိတယ်လေ''လို့ တွေးပြီး ကိုယ့်ရဲ့ ကိုယ်နဲ့နှူတ်ကို စောင့်ထိန်းလိုက်တာဟာ ပညာရှိတွေရဲ့ မေးခွန်းသုံးခုနဲ့ ကျင့်သုံးပုံလေးကို လက်တွေ့ဘဝထဲမှာ ယူပြီးကျင့်သုံးပစ်လိုက်တာပါ။ ဒီလိုပါပဲ ချမ်းသာသူ၊ ရာထူးရှိသူ၊ ထင်ရှားသူ စသည်တွေလည်း မေးခွန်းသုံးခုနဲ့မေးပြီး ကျင့်သုံးကြရမှာပါ။ ဂါထာလေးက တွေးတတ်ရင် တွေးတတ်သလို ချဲ့ပြီး တွေးလို့ရတဲ့ဂါထာလေးပါ။ သက်တမ်းတိုတို ဘဝခရီးတစ်လျှောက်မှာ အမြဲလက်ကိုင်ထားရမယ့် လောကကျင့်စဉ်ဂါထာလေးပါ။ ဘာသာစုံ အလွှာစုံ ကျင့်သုံးလို့ရတဲ့ ဂါထာလေးပါပဲ။
​
ဘဝတွေက တိုတောင်းလွန်းလှပါတယ်။ ဟိုလူ့မုန်း၊ ဒီလူ့မုန်းနဲ့ မုန်းရတဲ့အချိန်တွေများနေရင် ဘဝတိုတိုအတွင်းမှာ အေးချမ်းတဲ့အချိန်လေးတွေ နည်းသွားပါလိမ့်မယ်။ တကယ်တမ်းကျတော့ အချစ်၊ အမုန်းတွေ တဒင်္ဂ ကင်းလွတ်ရာ အချိန်လေးတစ်ခု နေရာလေးတစ်ခုတော့ ကိုယ်စီ ရှိရှိနေဖို့ပါ။
​
ဘာပဲပြောပြောလေ။ လူ့ဘဝတိုတိုလေးမှာ စိတ်အေးချမ်းမယ်။ ကုသိုလ်ဖြစ်မယ်။ ဒီနှစ်ခုရှိရင် ကိုယ့်ဘဝကိုယ် ကျေနပ်စရာဘဝတစ်ခုပါပဲလေ။
ရဝေနွယ် (အင်းမ)
News Watch စောင့်ကြည့်ဂျာနယ်
၂၆-၅-၂၀၁၈။

04/11/2019

သမီးအတွက် စာပေ
**********************
အထက်တန်းကျောင်းမှာ
ရည်းစားထားရင်"
ကျောင်းသားနဲ့ပဲတွေ့လိမ့်မယ်
တက္ကသိုလ်မှာ
ရည်းစားထားရင်
တက္ကသိုလ်ကျောင်းသားနဲ့ပဲ
တွေ့လိမ့်မယ်
အလုပ်ခွင်မှာ ရည်းစားထားရင်
အလုပ်မှာ ကိုယ်နဲ့တန်းတူကြိုး
စားနေတဲ့ယောက်ျားလေးတွေနဲ့
တွေ့မယ်
သမီး"ပညာတတ်သူဋ္ဌေးမကြီး
ဖြစ်တဲ့အခါ"သမီးကိုလိုချင်တဲ့
ဥစ္စာပေါရုပ်ချောသူဋ္ဌေးတွေက
သမီးကိုကမ်းလှမ်းလာကြလိမ့်
မယ်"သမီးဖြတ်သန်းရမယ့်
ဘ တလျှောက်လုံး
သမီးကြိုးစားရင် ကြိုးစား
သလောက် ကိုယ်နဲ့ထိုက်တန်
တဲ့သူကိုတွေ့ရလိမ့်မယ်
အသက်အရွယ်အတွေ့အကြုံ
ရင့်ကျက်လာတာနဲ့အမျှ
သမီးအတွက်ရွေးချယ်စရာ
ယောက်ျားတွေပေါလာပါလိမ့်
မယ် သမီးဘဝအတွက်ရွေးချယ်
မှုဟာသမီးပေါ်မှာပဲမူတည်
တယ်""ကိုယ့်တန်ဖိုးနဲ့
ကိုယ့်ဂုဏ်ကို မြှင့်တင်ပါသမီး
ခုအချိန်မှာ ဘယ်အရာကိုမှ
မသာယာမိပါစနေဲ့
သာယာမိတဲ့တေန့ဟာ
သမီးဘဝအတွက်ပြန်ပြင်လို့
မရတဲ့နောင်တအမှားဆိုတာ
ကြီးနဲ့ကြုံရလိမ့်မယ်
*******မေတ္တာဖြင့်*******
သန့်စင်သောနှလုံးသား

13/06/2019

စန္ဒကုမာရ ဇာတ်တော်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤

စန္ဒကုမာရဇာတ်တော်သည် ဇာတ်ကြီး ဆယ်ဘတွင် ခုနစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော် ဝေဠုဝန်ကျောင်းတော်အနီး ဂိဇ္ဈကုဋ်တောင်ယံ၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောကြားတော်မူသည်။ ထိုဇာတ်တော်တွင် သစ္စာ၏ တန်ခိုးကို ထင်ရှားစွာ ဖော်ပြလေသည်။ ပါဠိကျမ်းဂန်များ၌ စန္ဒကုမာရဇာတ်တော်ကြီးကို ခဏ္ဍဟာလဇာတ်ဟု ပြသည်။ ဇာတ်တော်၏ အကြောင်းအရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
ရှေးလွန်လေပြီးသောအခါ ပပ္ဖဝတီပြည်၌ ဝသဝတီမင်း၏သား ဧကရာဇ် အမည်ရှိသောမင်းသည် နန်းစံ၏။ ထိုမင်း၏ သားတော်ကြီးကား စန္ဒကုမာရမည်၍ အိမ်ရှေ့အရာဖြင့် စံရသည်။ ထိုမင်းတွင် ခဏ္ဍဟာလ အမည်ရှိသော ပုဏ္ဏားအမတ်ကြီး တစ်ဦးရှိရာ ထိုအမတ်ကြီးသည် တရားစီရင်ရာ၌ လာဘ်ယူ၍ စီရင်လေ့ရှိသည်။
တစ်ခါသော် အမှုသည် ယောက်ျားတစ်ဦးသည် မတရားသဖြင့် အမှုရှုံးအောင် စီရင်ခြင်းခံရသဖြင့် စန္ဒကုမာရမင်းသားအား တိုင်ကြားရာ မင်းသားသည် နှစ်ဖက်သော အမှုသည်တို့ကို ခေါ်ယူ၍ တရားသဖြင့် စီရင်ပေးသည်။ ထိုအခါမှစ၍ လူအများက မင်းသားကို ကြည်ညိုလျက် အမတ်ကြီးကို ရွံ့မုန်းကြသည်။ အမတ်ကြီးလည်း မိမိသည် မင်းသားကြောင့် ဂုဏ်ပျက်ရသည်ဟု ရန်ငြိုးထားလေသည်။
တစ်နေ့သ၌ ဧကရာဇ်မင်းသည် နတ်ပြည်ကို အိပ်မက်တွင် မြင်သဖြင့် နတ်၏ စည်းစိမ်ကို လွန်စွာရလိုသောကြောင့် အမတ်ကြီး ခဏ္ဍဟာလကိုခေါ်၍ နတ်ပြည်ရောက်ရန် နည်းလမ်းကို မေးသည်။ အမတ်ကြီးလည်း နည်းလမ်းကို မသိစေကာမှ မင်းသားကို သတ်ဖြတ်ခွင့်ရစိမ့်သောငှာ လှည့်ဖြားလည်ဆယ်ဉာဏ်ဖြင့် သားသမီး၊ သူကြွယ်၊နွား၊ မြင်း စသည်တို့ကို သတ်လျှက် လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ရမည်ဟု ပြောကြားသည်။
မင်းလည်း ယုံကြည်၍ သားသမီး မိဖုရားတို့ကို သတ်ရန် ဆောင်ယူစေသည်။ စန္ဒကုမာရ မင်းသားသည် အမတ်ကြီး၏ အကောက်ကြံပုံကို သိရှိသည့်အလျောက် မိမိတစ်ဦးအတွက် အခြားသူများ မသေရလေအောင် လျှောက်ထားရန် ကြံစည်လျက် မင်းကြီးရှေ့တော်သို့ လိုက်ပါလာခဲ့သည်။
ဧကရာဇ်မင်း၏ ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ခမည်းတော် မယ်တော်တို့ သိသောအခါ ထိုသို့ပြုခြင်းဖြင့် ငရဲပြည်သို့သာ လားမည်ဖြစ်ကြောင်း၊ ဖျောင်းဖျဆုံးမသည်။ သို့သော် ဧကရာဇ်မင်းလည်း ထိုအဆုံးအမကို ပယ်လေသည်။ ထိုအခါ သားတော် စန္ဒကုမာရ မင်းသားနှင့်တကွ သားမယားများ၊ မှူးမတ်များနှင့် တကွ သားမယားတို့က တစ်လှည့်စီ ငိုကြွေးပန်ကြားကြသည်။ ထိုသို့ပန်ကြားတိုင်း မင်းလည်းစိတ်ညွတ်နူးသဖြင့် ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ဖျက်သိမ်းသည်။
သို့ရာတွင် အမတ်ကြီး ကြား၍ မင်းအားလှည့်ဖြား တိုက်တွန်းပြန်သော် မင်းလည်း ယဇ်အစီအစဉ်ကို ပြုမြဲ ပြုပြန်သည်။ အမတ်ကြီးလည်း အခွင့်သင့်ခိုက် မင်းသားတို့အား သတ်ဖြတ်ရန် စီစဉ်လေသည်။ ဤတွင် တစ်နန်းတော်လုံး ပူပန်ငိုကြွေးကြသည်။ တစ်ပြည်လုံးလည်း ပြည်သူပြည်သားတို့၏ ငိုကြွေးသံများဖြင့် ပဲ့တင်ထပ်လေသည်။
နောက်ဆုံးတွင် မင်းသား၏ မယ်တော် ဂေါတမီမိဖုရားသည် သစ္စာသာလျှင် ကိုး
ကွယ်ရာ ရှိတော့်သည်ဟု အောက်မေ့၍ သစ္စာအဓိဋ္ဌာန်ပြုသည်။ ထိုအခါ သိကြားမင်းသည် မနေသာပဲ သံလှံတံကို စွဲ၍ မင်းကြီးထံသို့ လာရောက်ကာ ပြစ်တင်မောင်းမဲသည်။
မင်းလည်း ကြောက်ရွံ့၍မင်းသားတို့ကို လွှတ်သည်။ ပြည်သူအများလည်း အမတ်ကြီးကို ခဲ၊ အုတ်တို့ဖြင့် ပေါက်သဖြင့် အမတ်ကြီးသေသည်။ မင်းကြီးကိုလည်း သတ်ကြမည်ပြုရာ သားတော်က တောင်းပန်သဖြင့် မသတ်ပဲ ဒွန်းစဏ္ဍားအဖြစ် အဝတ်နွမ်းကိုပေးလျက် နှင်ထုတ်သည်။
စန္ဒကုမာရမင်းသားလည်း ထီးနန်းကို ရရှိသည်။ ဇာတ်ပေါင်းသော် ဂေါတမ မြတ်စွာဘုရား၏ လက်ထက်တွင် ခဏ္ဍဟာလ ပုဏ္ဏားသည် ဒေဝဒတ် စန္ဒကုမာရ မင်းသားသည် မြတ်စွာဘုရားမြတ်စွာဘုရား မယ်တော် ဂေါတမီ မိဖုရားသည် မယ်တော်၊ မင်းသား၏ မိဖုရား စန္ဒဒေဝီကား ယသော်ဓရာ စန္ဒကုမာရမင်းသား၏သား ဝသုလကား ရာဟုလာ ညီတော် ဝါမဂေါတ္တကားရှင်မဟာ ကဿပမထေရ် ဘဒ္ဒသေနညီတော်ကား လက်ဝဲရံရှင်မောဂ္ဂလ္လာန် ညီတော် သူရိယ ကုလာရကား လက်ျာရံ ရှင်သာရိပုတ္တရာ အသီးသီး ဖြစ်လာသည်။
Thanks:
#စာပေနန်းတော်

13/06/2019
13/06/2019

သေခါနီးမှာ...
စည်းသုံးတန်ကျော်ရမှာနော်

(၁)ပထမစည်းက-
" ဝေဒနာပြင်းထန်လာချိန်
ဒီတောင်ကို ကျော်နိုင်ပါ့မလား " ဆိုတာ
ဒီအချိန်မှာ ကိုယ်စောင့် ဘာဝနာတွေ ပွားမထားခဲ့ရင်ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။
ကြောက်စိတ်ဝင်တော့မယ်။
ဥာဉ်နဲ့သေရင် နောက်ပြန်ရမယ်။
နောက်ပြန်တာ ဘာကိုပြောတာလဲ၊
'အပါယ်လေးဘုံကိုပြောတာပါဘုရား'

( ၂ )ဒုတိယစည်းက -
"ငါ့မိသားစုနဲ့ ခွဲရတော့မယ်"
ဆိုတဲ့ အသိ ၊ အတွေး။
ဒီအသိ၊ ဒီအတွေးနဲ့သေရင်
မိသားစုခင်တွယ်စိတ်ကြောင်
့ ပြိတ္တာဖြစ်သွား တတ်တယ်။
ကိုယ်စောင့်ဘာဝနာပွားထားသူဟာ
ဒီစည်းကိုကျော်နိုင်ပြီး ဘ၀ကောင်းဆီ ရှေ့ ဆက်နိုင်မယ်။

( ၃ ) တတိယစည်းကတော့ -
"မီးစာကုန် ဆီခမ်းနေချိန်
ကိုယ်တွင်းက ဓာတ်လေးပါး ပဋိပက္ခကြား
သတိမ၀င်ရင် " စွဲရာဘ၀ သွားရတော့မှာနော်။
လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက ''၀ိနိပါတိကဘေး''။
ထန်းသီးခိုင်ကြီး ချိုင်ပြီးပစ်ချလိုက်သလို
ဟိုတစ်လုံး သည်တစ်လုံး ဖွာလန်ကြဲပြီး
ရောက်မိရောက်ရာ ရောက်တော့မယ်နော်။

ကိုယ်စောင့်ဘာဝနာတရားလေးပါး
ပွားထားသူကတော့
ထန်းသီးခိုင်ချိုင်ပြီး ကြိုးနဲ့ချပေးသလို
လိုရာရောက် တယ်။ မှန်းရာရောက်တယ်။
ဒါကြောင့် အပါယ်လေးဘုံဆိုတဲ့
နောက်ကြောင်း မပြန်ချင်ရင်
လူနတ်ဗြဟ္မာ အရိယာဆိုတဲ့
ဘ၀ကောင်းတွေဆီ ရှေ့ဆက်သွားချင်ရင်
လူသက်ကို စောင့်ရှောက်ရမယ်။
ဘာနဲ့စောင့်ရှောက်ရမှာလဲ။
''ကိုယ်စောင့်ဘာဝနာ
တရားလေးပါးနဲ့ပါဘုရား"။
သာဓု….. သာဓု ….. သာဓု ။

(မဟာဗောဓိမြိုင် ဆရာတော်ကြီး)

ဒါန သီလ သမထ ဝိပဿနာ ကိုယ်စောင့်တရားများဖြင့်ခြံရံလျက် စောင့်ရှောက်ထားပါမှ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စတုအာရက္ခ ဘာဝနာ- မိမိတို့နေ့စဉ်နှင့်အမျှ
ပွားများဆင်ခြင်သင့်သည့် ကိုယ်စောင့် ဘာဝနာ
လေးပါးအကြောင်း
*****************************************

တို့သာနာက လုပ်တတ်လို့ရှိရင် တစ်ခါလုပ် နှစ်ခုပြီးတယ်။ တစ်ခုက မိမိတို့ဆောင်ရွက်နေကျအတိုင်း သညာအမှတ်ကလေးနဲ့ လုပ်နေတာ။ အဲဒီသညာအမှတ်ကလေးနဲ့ လုပ်နေတဲ့ ရုပ်နာမ်အပေါ် သတိနဲ့မှတ်တာ။ သညာက ပညတ်နဲ့ပြီးတာကိုး ။

သတိအမှတ်က အတွင်းထိ ထိုးဖောက်ပြီး ပရမတ်အထိ သိနိုင်တယ်။ တစ်ခါတည်းနဲ့ နှစ်လုပ်ပြီးနိုင်တယ်။ ဘုရားခေတ်ကလည်း ဘုရင်ကြီးတွေ ဘုရင်လုပ်နေရင်းနဲ့ အရိယာတွေ ဖြစ်သွားကြတယ်။ ဗိမ္မိသာရမင်းကြီးဆိုရင် သောတာပန် မဟုတ်လားဗျ ။

သီဟစစ်သူကြီးလည်း အရိယာပဲ။ ဆိုင်ရာ တာဝန်ထမ်းဆောင်ရင်း သူတော်ကောင်းဖြစ်အောင် ကြိုးစားသွားကြတာ။
အားမှ မှတ်မယ်ဆိုရင် အားချိန်ရှိလို့လား။ အားချိန်စောင့်မနေနဲ့ဗျ။ ရအောင်လုပ်။ လူ့ဘ၀ရောက်တုန်း လူသက်ကလေး ထိန်းသိမ်းဖို့ လိုသေးတယ်ဗျ။

တို့ခန္ဓာက အသက် (၂) ခုနဲ့သွားနေတာ။ ခန္ဓာမှာရှိနေတာ။ ဓာတ်သက် ၊ သတိနဲ့ ရှုမှတ်နေတာကမှ လူသက်၊ ဓာတ်သက်က ခန္ဒာငါးပါး ကလာတာ။ လူသက်က ကုသိုလ်ပြုစဉ်တုန်းကလာတဲ့ သဒ္ဒါနဲ့ သတိကပေးတာ။

လူ့ဘ၀ဆိုတာ အင်မတန်ကုသိုလ်ကံ ကောင်းလွန်းမှ ရတာ။ ဒီမှာ လူ့ဘ၀မှာ ဓာတ်သက်နဲ့ လူသက်ဆိုပြီး (၂) မျိုးရှိတယ်။ ဓာတ်ကောင်ကဖြစ်တဲ့ ဓာတ်သက်က ဥာဉ်ကိုသွားတယ်။ လူသက်က ဥာဏ်ကိုသွားတယ်။ ဥာဉ်နဲ့ဥာဏ် နှစ်မျိုးနော်။ ဥာဉ်ကို သညာက စောင့်တယ်။ ဥာဏ်ကို သတိကစောင့်တယ်။

ဥာဉ်ဆိုတာ ဓာတ်သက်ကဖြစ်တော့ ဓာတ်စာ အမြဲတောင်းလေ့ရှိတယ် ။ မြေဓာတ်အားကြီးသူက မြေဓာတ်စောင့်တဲ့ အစာပဲ တောင်းလေ့ရှိ တယ်။ သူ့ဥာဉ် ၊ သူ့ဓာတ်နဲ့တည့်ရင် ကြိုက်တယ်။ မတည့်ရင် မကြိုက်ဘူး ။ ကြိုက်တယ် မကြိုက်ဘူးဆိုတာ ဥာဉ်စကား ၊ ဥာဏ်မဟုတ်သေးဘူး။

ပြီးတော့ ကိုယ်ပိုင် မဟုတ်သေးဘူး ။ ဓာတ်ကောင်ကပိုင်တာ။
ပြီးတော့ မသိမှုဆိုတဲ့ မောဟလည်း ရှိသေးဗျ။ ဥပမာ – အိပ်ပျော်နေချိန် ဘာမှမသိဘူး။ တွေဝေနေချိန် ဘာမှမသိဘူး။ ဘယ်အာရုံမှ မဖမ်းမိတော့ဘူး။ အဲဒါမောဟ၊ အာရုံမိတစ်ချက် မမိတစ်ချက် လည်းမောဟပဲ။ စာလိုပြောတော့ ၀ိစိကိစ္ဆာ ၊ ချီတုံချတုံပေါ့။ ဘယ်အာရုံမှ မဖမ်းမိနိုင်ဘဲ ပြန့်လွင့်နေတဲ့စိတ်ကိုလည်း မောဟခေါ်တယ်။ မသိစိတ်မောဟက အများဆုံးဖုံးထားတာ ။

အဲဒီမသိစိတ်မှီ၍ ဓာတ်တည့်ရင် ကြိုက်တာပဲ။ အဲဒါဥာဉ် ၊ ဥာဏ်မဟုတ်သေးဘူး။ ဓာတ်မတည့်ရင် မကြိုက်တော့ဘူး ။ ဒါလည်းဥာဉ်ပဲ ။ ဥာဉ်အတိုင်းသွားရင် နောက်ကြောင်းပြန်လှည့်ရမယ်။ နောက်ကြောင်း ဆိုတာဘာတုန်း။ အပါယ်လေးဘုံကို ပြောနေတာ။ ဥာဏ်နဲ့သွားမှ ရှေ့  တက်ခွင့်ရှိတယ်။
လူသက်မရှိတဲ့ ပုဂိုလ်များဟာ အပါယ်လေးဘုံ နောက်ကြောင်းပြန်ရမှာနော်။

ဒါကြောင့် လူသက်ကို စောင့်ေ၇ှာက်ဖို့လိုအပ်သည်။ ဥာဉ်ကိုမွေးတာသညာ။ ဥာဏ်ကိုမွေးထုတ်မှာက သတိ။ သတိဆိုတာ ရှုမှတ်တာကို ဆိုလိုတယ်။ ပြောတဲ့အတိုင်း ကြက်ဆိုကြက် ၊ ထန်းလျက်ဆို ထန်းလျက်အတိုင်း မပါရဘူးပေါ့။

ဘာကိုကြက်ခေါ်တာတုန်း။ ဘာကို ထန်းလျက်ခေါ်တာတုန်း ။ ထန်းလျက်စားပြီး ထန်းလျက်နဲ့ မပြီးရဘူးပေါ့။ ထန်းလျက်ရဲ့ သတ္တိ ။ သူ့ရဲ့ လှုပ်ရှားပုံ သူ့ရဲ့ ဖြစ်ပျက်ပုံ ။ အဲဒါမြင်အောင် စားရင်းကြည့် ။ကြည့်ရင်း စားရတယ်။ အဲဒါသတိပဲ ။
အဲဒီသတိနဲ့ လူသက်ကလေးစောင့်ရှောက် ရမှာ။ စာလိုတော့ စတုအာရက္ခ ။ ကိုယ့်စောင့်ဘာဝနာ လေးမျိုး။ လူသက်ကိုစောင့်ရှောက်မယ့် အဖော်လေးမျိုး။

(၁) ဗုဒ္ဓါနုဿ တိ ဘာဝနာ

ဒီနေ့ လူတွေ လုပ်ကိုင်စားသောက်နေရတာက လွတ်လွတ်ကျွတ်ကျွတ် မဟုတ်ဘူး။ အပြိုင်အဆိုင် အလုအယက်တွေနဲ့ ဘောလုံးကစား နေသလိုပဲ။ ပြေးကြ ၊ လိုက်ကြ၊ ကန်ကြ ၊ တွန်းကြ ၊ လဲကြ၊ ပြိုကြနဲ့ ။

ဒီလိုကြားထဲမှာ ဗုဒ္ဓါနုဿ တိပွားထားတဲ့ပုဂ္ဂိုလ်သည် လူစိတ်မပျောက်ဘူး ။
ဗုဒ္ဓါနုဿ တိမှာ အရဟံ ဂုဏ်တော်က ထိပ်ဆုံးက ပူဇော်အထူးခံထိုက်သော မြတ်စွာဘုရား။

ဘာကြောင့်လဲ ။ မြတ်စွာဘုရားတို့မည်သည် အဆိုးလောကဓံ ပဲလာလာ ၊ အကောင်းလောကဓံပဲလာလာ မတုန်လှုပ်ဘူး။ နာဠာဂီရိဆင်ကြီး အရက်မူးအောင်တိုက်ပြီး ဘုရားကိုသေကြောင်းကြံတော့ ဘုရားက တုန်လှုပ်သလား။

“မတုန်လှုပ်ပါဘုရား”

လှူဖွယ်ဝတ္ထုတွေနဲ့ တောင်ပုံယာပုံ လှူဒါန်းပူဇော်တော့လည်း မတုန်လှုပ်ဘူး။ ကောင်းဆိုးနှစ်တန် လောကဓံ တရားတွေအပေါ်မှာ ညီအမျှထားပြီး ရှုမြင်တော်မူလေ့ရှိတယ်။ ဘုရားဂုဏ်တော် အာရုံပြုနေခြင်းဖြင့် တစ်နည်းအားဖြင့် ဗုဒ္ဓါနုဿ တိ ပွားနေခြင်းအားဖြင့် ကြုံတွေ့နေရတဲ့  အခက်အခဲ တွေအပေါ် မတုန်လှုပ်တော့ဘဲ သဒ္ဓါစိတ် ဖြစ်ပေါ်နိုင်တယ်။

တို့ရဟန်းဖြစ်စက ဥပဇ္ဈာယ်ဆရာက ပြောဖူးတယ်။
ငါဘုရားတည်တယ်ကွာ။ ငါ့တရားလေး ငါအေးအေးဆေးဆေး ရှုမှတ်ပြီး တည်ချင်တာ။ သို့သော်ကွာ ငါ့ခေါင်းပေါ် တုတ်ဝဲဓားဝဲနဲ့ တုတ်ကြား ဓားကြားက ဘုရားတည်ခဲ့ရတာ။ ငါစိတ်ဆင်းရဲတာပေါ့ကွာ။ ဒီတော့ ငါ့ဆရာ ငါလျှောက်ထားတယ် ။

တခြားတာဝန်ပေးချင်တာပေးပါ။ ဒီဘုရားတည်တဲ့ တာဝန်တော့မပေးပါနဲ့လို့။
ဒီလောက်တစ်ယောက်တစ်ပေါက်နဲ့ အန္တရာယ်များပြီး ဒေါသနဲ့ လုပ်နေကြတာ။ ဘုရားမတည်ချင်တော့ဘူးလို့ ။ ဆရာက တရားမှတ်နေရာက မျက်လုံးလေး ဖျပ်ခနဲ့ဖွင့်ကြည့်ပြီး….
မင်းတို့သာသနာက ဘယ်သူ့သာသနာလဲလို့ မေးတယ်။

“ဂေါတမဘုရား သာသနာပါဘုရားဆိုတော့”
ဟဲ့ တို့ဘုရားကော အတိုက်အခိုက်ကင်းလို့လား။ စိဉ္စိမာန မိန်းမယုတ်က လူလယ်ခေါင် အရှက်မခွဲဘူးလား။ နာဠာဂီရိ ဆင်ကြီးနဲ့ တိုက်တာလေကွာ။ ဘုရားတောင်ခံရသေးတာ။ မင်းက ဘာမို့လို့တုန်း…… ဆုံးမတော့မှ ငါသဘောပေါက်တယ်ကွ။

သာသနာပြုတဲ့နေရာတောင် လောကဓံဆိုတာ ကြုံရတယ်။ အတိုက် အခိုက်ဆိုတာရှိတယ် ။ လူတွေကြားတော့ပြောမနေနဲ့၊။ နိစ္စဓူဝ လောကဓံ ချည်းပဲ။ ဒီမှာ လောကဓံခံနိုင်ဖို့ဆိုတာ ဗုဒ္ဓါနုဿ တိပွားနေမှ လူစိတ်မပျောက် လူသက်မပျက်နေရမှာ ။ ဗုဒ္ဓါနုဿ တိပွားမထားရင် ဒေါသ ၊ မာနတွေ ၀င်လာမယ်။

ဒါဆိုရင် ဓာတ်ဥာဉ်ဘက် ပါသွားပြီနော်။ လူသွားလမ်း မဖြောင့်တော့ဘူး။ ဒါကြောင့် ဘုရားဂုဏ်တော် ပွားခြင်း။ ဘုရားဂုဏ်တော်အာရုံပြုခြင်း ဆိုတဲ့ ဗုဒ္ဓါနုဿ တိ သည် လူသက်ကို စောင့်တဲ့ ကိုယ်စောင့်ဘာဝနာ ……… ။

(၂) မေတ္တာကမ္မဋ္ဌာန်း

တို့ဘုရားက ကရုဏာပွား သမာပတ်လို့ခေါ်တယ်။ ရန်သူကိုပင် သားတော်ရာဟုလာကဲ့သို့ သဘောထားနိုင်တယ်။ ရန်သူကို ရင်ကဖြစ်သော သားကဲ့သို့ သဘောထားနိုင်တာ ကရုဏာ သမာပတ်ကြောင့်ပဲ။

လူမှာကျတော့ လူ့ဥာဏ်နဲ့ လူသက်ကို မေတ္တာက စောင့်ရှောက်တယ်။ တကယ်လို့ တစ်ဖက်နဲ့ အတိုက်အခံဖြစ်နေရင် သူ့နေရာမှာသာငါဆိုရင် ဒီထက်ပိုဆိုးမှာလို့ နှလုံးသွင်းကြည့်လိုက်ရင် ဒေါသမ၀င်သာတော့ဘူး။

ဒေါသရဲ့ နေရာမှာ မေတ္တာနဲ့ အစားထိုးရမှာ။ သူ့အပြစ်မရှုဘဲ ကိုယ့်အပြစ်ကိုယ် ရှုလိုက်တာ တောက်နေတဲ့မီး ငြိမ်းသွားနိုင်တယ်။ သူများအပြစ် ရှုနေရင် ငြိမ်းနေတဲ့မီး ထတောက်နိုင်တယ်။
သူ့နေရာကနေ ကြည့်တတ်မှ တန်းတူစိတ် ဖြစ်သွားတာ။ မေတ္တာဗျ။

မေတ္တာဆိုတာ ကိုယ်နဲ့ထပ်တူထားခြင်း။ မေတ္တာစိတ်ထားမှ ဒေါသနဲ့ မာနဥာဉ်မ၀င် သာတော့ဘူး။ ဥာဉ်မ၀င်ရင် ဥာဏ်ဝင်လာတော့မယ်။ ဥာဏ်ဝင်လာရင် ဥာဉ်မ၀င်နိုင်တော့ဘူး။

(၃) ကောဠာသကမ္မဋ္ဌာန်း

ဒီကမ္မဋ္ဌာန်းက (၃၂) ကောဋ္ဌာသ တစ်စစီအာရုံပြုရတာ။ ဆံပင် ၊ မွေးညှင်း ၊ ခြေသည်း၊ လက်သည်း၊ အရိုး ၊ အကြော စသည် …. တစ်ခုစီ ခွဲကြည့်ပြီး အမြဲဆင်ခြင်နေရင် ငါဆိုတဲ့ အတ္တာမာန် မ၀င်သာတော့ဘူး။ ကားပစ္စည်းတွေ တစ်ခုချင်း ဖြုတ်ထားရင်ကားလို့ ခေါ်လို့ရပါဦးမလား။

“မရပါဘုရား”

ဘီးတွေ စက်တွေ တစ်စစီဖြုတ်ထားလိုက်ဗျာ။ ကားမဟုတ်တော့ဘူးလား။ ကားသက်မ၀င်တော့ဘူး။ တစ်စစီ ဖြုတ်ထားတဲ့ ပစ္စည်းတွေ ပြန်တပ်လိုက် တော့ ကားဖြစ်သွားရော ။ ကောဋ္ဌာသမရှုရင် မာန်ဝင်ပြီး ဥာဉ်ဘက်ရောက်သွားမယ်။

ဥာဉ်ဘက်ရောက်သွားတိုင်း လူသက်ပျောက်ပြီမှတ်။ ဓာတ်သက်နဲ့ လူသက် ဥာဉ်နဲ့ ဥာဏ်။
ဥာဏ်ဦးစီးမှ အမှန်ရမယ်။ ဘယ်အလုပ်လုပ် ဥာဏ်ဦးစီးပြီး လုပ်ကြပါ။
ဒီနေရာမှာ ဆိုင်းသမားဥပမာ နဲ့ ပြောရဦးမယ် ။ ဆိုင်းဆရာ ဆိုင်းတီးတော့ လက်ဖျားနဲ့တီး။ လက်ဖနှောင့်နဲ့ အုပ်ပြီး တီးတာ။

ဒါမှ အသံမှန် အသံကောင်းထွက်တာ။ လက်ချောင်း လက်ဖျားလေးတွေနဲ့တီး။ လက်ဖနောင့်နဲ့ အုပ်ပေးတာ။ သတိကလေးနဲ့ ရှုမှတ်နေသလိုပဲ ။ လက်ဖနောင့်နဲ့က အသံမှန်အောင် ထိန်းပေးထားတာ။ လက်ဖနောင့်နဲ့သာ အုပ်မတီးရင် သံမှန်မထွက်နိုင်ဘူး။ တုန်ခါသံပဲရမယ်။

တုန်ခါမသွားအောင် လက်ဖနောင့်လေးနဲ့ ထိန်းပြီးတီးသွားတာ။ တို့လည်း သတိလေးနဲ့ ထိန်းထိန်းပေးနေရမှာ။ ကောဋ္ဌာသ ကမ္မဋ္ဌာန်းဟာလည်း အထိန်းတစ်မျိုး။ အစောင့်တစ်မျိုးပဲ။ ကိုယ်စောင့် ဘာဝနာအဖြစ် ပွားများနေရတယ်။

(၄) မရဏသတိကမ္မဋ္ဌာန်း

လူ့ဘ၀ဆိုတာ နေဖို့သာ သေချာတာ။ သေဖို့တော့ သေချာပါသဗျာ့ ။ ဒါ့ကြောင့် သေခြင်းတရားကိုလည်း ဆင်ခြင်ပွားများနေရတယ်။ ဒါကိုမရဏသတိကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။

သေခြင်းတရားနှလုံးသွင်းနေရင် ဥာဉ်မ၀င်နိုင်တော့ဘူး။ ဥာဏ်ပဲဝင်မယ်။ ဘုရားဟော ဥပမာက အဝေးကလာတဲ့ မြွေဆိုးကြီး လှမ်းမြင်နေရသလို သေခြင်းကို မသေခင် လှမ်းမြင်နေရမယ်တဲ့။

မြွေဆိုးကြီးမြင်နေရတော့ မြွေဆိုးကြီးနဲ့ နီးတဲ့ နေရာရောက်တော့ တုတ်ကလေးနဲ့ မြွေကိုဖယ်ပြီး ကိုယ့်လမ်းကိုယ်သွားနိုင်သလို သေခါနီးကျတော့ သေမင်းကြီးကို ဥပေက္ခာပြုပြီး ကိုယ့်ရိက္ခာထုပ် ကိုယ်ယူပြီး လူ၊နတ်၊ဗြဟ္မာ။အရိယာဘ၀တွေဆီ ရှေ့ဆက်သွားနိုင်တယ်။

သေမှာမကြောက်တော့ဘူး။
သေခါနီးမှာ စည်းသုံးတန်ကျော်ရမှာနော်။
ပထမစည်းက ဝေဒနာပြင်းထန်လာချိန် ဒီတောင်ကို ကျော်နိုင်ပါ့မလားဆိုတာ ဒီအချိန်မှာ ကိုယ်စောငှ်ု့ဘာဝနာတွေ ပွားမထားခဲ့ရင် ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။ ကြောက်စိတ်ဝင်တော့မယ်။ ဥာဉ်နဲ့သေရင် နောက်ပြန်ရမယ်။

နောက်ပြန်တာ ဘာကိုပြောတာလဲ၊

‘အပါယ်လေးဘုံကိုပြောတာပါဘုရား’

ဒုတိယစည်းက ငါ့မိသားစုနဲ့ ခွဲရတော့မယ်ဆိုတဲ့ အသိ ၊ အတွေး။ ဒီအသိ၊ ဒီအတွေးနဲ့သေရင် မိသားစုခင်တွယ်စိတ်ကြောင့် ပြိတ္တာဖြစ်သွား တတ်တယ်။ ကိုယ်စောင့်ဘာဝနာပွားထားသူဟာ ဒီစည်းကိုကျော်နိုင်ပြီး ဘ၀ကောင်းဆီေ၇ှ့ဆက်နိုင်မယ်။

တတိယစည်းကတော့ မီးစာကုန် ဆီခမ်းနေချိန် ကိုယ်တွင်းက ဓာတ်လေးပါး ပဋိပက္ခကြား သတိမ၀င်ရင် စွဲရာဘ၀ သွားရတော့မှာနော်။ လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက ၀ိနိပါတိကဘေး။

ထန်းသီးခိုင်ကြီး ချိုင်ပြီးပစ်ချလိုက်သလို ဟိုတစ်လုံး သည်တစ်လုံး ဖွာလန်ကြဲပြီး ရောက်မိရောက်ရာ ရောက်တော့မယ်နော်။

ကိုယ်စောင့်ဘာဝနာတရားလေးပါး ပွားထားသူကတော့ ထန်းသီးခိုင်ချိုင်ပြီး ကြိုးနဲ့ချပေးသလို လိုရာရောက် တယ်။ မှန်းရာရောက်တယ်။

ဒါကြောင့် အပါယ်လေးဘုံဆိုတဲ့ နောက်ကြောင်း မပြန်ချင်ရင် လူနတ်ဗြဟ္မာ အရိယာဆိုတဲ့ ဘ၀ကောင်းတွေဆီ ရှေ့ဆက်သွားချင်ရင် လူသက်ကို စောင့်ရှောက်ရမယ်။ ဘာနဲ့စောင့်ရှောက်ရမှာလဲ။

ဘာနဲ့စောင့်ရှောက်ရမှာလဲ။

ကိုယ်စောင့်ဘာဝနာ တရားလေးပါးနဲ့ပါဘုရား။

အေးဗျာ ။ လူသက်နဲ့ ရှေ့ခရီးဆက်နိုင်ကြဖို့ ကိုယ်စောင့်ဘာဝနာ တရာလေးပါး ပွားများနိုင်ကြပါစေ။

သာဓု….. သာဓု ….. သာဓု ။

(၁၃၇၁ ခု ၊ ပြာသိုလပြည့် ၃၀.၁၂.၂၀၀၉ တွင် မုံရွာမြို့ မှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ်ဂိုလ်များနှင့် ဒေသခံဝေနေယျများအား ဟောကြားသည်။)

"မဟာဗောဓိမြိုင်ဆရာတော် "
မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ (မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။

Credit _ original uploader.

03/06/2019

လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ဘာနှင့်တိုင်းမလဲ။ ဒီမေးခွန်းဟာ သိပ်ဖြေရခက်တဲ့ မေးခွန်းပါ။ ချမ်းသာ ကြွယ်ဝမှုဟာ အဆင့်အတန်း မြင့်မားတာလား။ ဘွဲ့ဒီဂရီတွေ မြောက်မြားစွာ ရရှိထားတာ အဆင့်အတန်း မြင့်မားတာလား။ ရုပ်ရည်လှပမှုက အဆင့်အတန်း မြင့်မားတာလား။ ပြင်ပ သတ်မှတ်ချက်တစ်ခုခုကို ကြည့်ပြီး လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သတ်မှတ်တာ လူ့အသိုင်းအ၀ိုင်းတစ်ခုရဲ့ စံသတ်မှတ်ချက် ပေတံလား။ အဲဒီ ပေတံကို စံသတ်မှတ်ချက်ပေတံလို့ သတ်မှတ်လိုက်ရင်တော့ ကျွန်တော် အဲဒီ အသိုင်းအ၀ိုင်းရဲ့ ဝေးရာကို ထွက်သွားမိမှာ သေချာတယ်။ ကျွန်တော်ရဲ့ ပုဂ္ဂလိက စံသတ်မှတ်ချက်တစ်ခုတော့ ရှိတယ်။ အခြားသူတွေနဲ့ စံသတ်မှတ်ချက်ခြင်း တူချင်မှ တူနိုင်မယ်။ ကျွန်တော်ကတော့ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သူရဲ့ ဂုဏ်သိက္ခာထိန်းသိမ်းမှု၊ မြင့်မြတ်သော စိတ်ထား၊ အများအကျိုးအတွက် အနစ်နာခံ စွန့်လွှတ်နိုင်မှု...စတဲ့စတဲ့ စံတွေနဲ့ပဲ သတ်မှတ်နိုင်မယ်။ အဲဒီလို လူကိုပဲ လူပီသသူလို့ သတ်မှတ်နိုင်မယ်။ ကျွန်တော် မချမ်းသာပါဘူး။ ရုပ်ရည်လည်း မရှိပါဘူး။ ဘွဲ့ဒီဂရီတွေလည်း လူအထင်ကြီးလောက်အောင် မရထားပါဘူး။ တစ်စုံတစ်ယောက်က မှင်သက်အံ့သြလောက်တဲ့ ပြင်ပလက္ခဏာသတ်မှတ်ချက် တစ်ခုမှ ကျွန်တော့်မှာ မပိုင်ဆိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် လူပီသချင်ပါတယ်။ လူပီသဖို့ အမြဲကြိုးစားနေပါတယ်။ လူပီသသူတွေ့နဲ့ လွတ်လပ်ပွင့်လင်းစွာ ဆက်ဆံချင်ပါတယ်။ ကျွန်တော် လူ့အသိုင်းအ၀ိုင်းတစ်ခုမှာ ရပ်တည်နိုင်ဖို့ လူပီသတဲ့ စိတ်ထားကလေးတစ်ခုတော့ အနည်းဆုံး ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေပါတယ်။

_____________________________________________

အဆင့်တန်းမရှိသူများ၏လက္ခဏာ ( ၁၈ ) ရပ်
********************************

၁။စကားကိုလိမ်ညာပြောတတ်ခြင်း

၂။လိုတစ်မျိုးမလိုတစ်မျိုးပြောတတ်ခြင်း

၃။အခုတစ်မျိုးနောက်တစ်မျိုးပြောတတ်ခြင်း

၎။ကိုယ်တဖက်ထဲကြည်၍ပြောတတ်ခြင်း

၅။ငြင်းခုံ၍အမှားများကိုပြောတတ်ခြင်း

၆။မရှိဘဲကြွားဝါး၍ပြောတတ်ခြင်း

၇။ရိုင်းစိုင်းစွာဆဲဆိုတတ်ခြင်း

၈။ကိုယ့်ကိစ္စကိုတာဝန်မယူခြင်း

၉။ဂတိသစ္စာမတည်ခြင်း

၁၀။အမှန်တရားကိုလက်မခံခြင်း

၁၁။ကိုယ့်အမှားကိုဝန်မခံခြင်း

၁၂။ဘာသာတရားကိုလေးစားမူမရှိခြင်း

၁၃။အမှန်အမှားကိုခွဲခြားမသိခြင်း

၁၄။မတော်လောဘဖြင့်စီးပွားရှာခြင်း

၁၅။ငွေကြေးချမ်းသာမူကိုအထင်ကြီးခြင်း

၁၆။ကိုယ်ကျင့်သိက္ခာဣနြေ္ဒမရှိခြင်း

၁၇။မထိုက်တန်တယ်ရာထူးနေရာယူခြင်း

၁၈။သီလသမာဓိမတည်ကြည်ခြင်း။

____________________________________________________

စိတ်နေသဘောထားနဲ့ အသိဉာဏ်
အဆင့်အတန်း မြင့်မားလာလေလေ
သဘောထား ကြီးလာလေလေ
ဖြစ်လာတာဟာ သဘာဝဖြစ်ပါတယ်။

“ကုသိုလ် အကုသိုလ်ဆိုတာ ဘာကို ပြောတာလဲ?”
အဆင့်အတန်းနိမ့်တဲ့ စိတ်ကို အကုသိုလ်လို့ ပြောတာ။
အဆင့်အတန်း မြင့်တဲ့စိတ်ကို ကုသိုလ်လို့ ပြောတာ။
စိတ်ကို ပြောတာနော်။
စိတ်ရဲ့ အရည်အသွေးကို ပြောတာ။
............................................................................

စိတ်ထားကောင်းပြီး စိတ်ချမ်းသာတဲ့သူ ၊
ပျော်တတ်တဲ့သူဟာ အပေါင်းအသင်းစုံတယ်။
အပေါင်းအသင်းစုံလို့ပဲ ဗဟုသုတလည်း စုံတယ်။
ဒါကြောင့် အလုပ်အကိုင် အမျိုးမျိုး ၊
အဆင့်အတန်း အမျိုးမျိုး ရှိတဲ့လူတွေနဲ့ ခင်မင်ရင်းနှီးတယ်။ အပေါင်းအသင်းနယ်ကျယ်တယ်။

သူပေါင်းနိုင်တဲ့သူဟာ အသက်အရွယ် အမျိုးမျိုး ၊
ပညာအရည်အချင်း အမျိုးမျိုး၊
အလုပ်အကိုင်အမျိုးမျိုးစုံတယ်။

အလေ့အကျင့်ရနေလို့သူဟာ ဘယ်သူနဲ့တွေ့တွေ့
အဆင်ပြေအောင် ပြောတတ်တယ်။
သူကသာ တွေ့ချင်ရင်လာတွေ့မယ့်သူတွေများတယ်။
သူ့မှာ အပေါင်းအဖော်မရှိလို့ အထီးကျန်ဖြစ်နေတာမရှိဘူး။

- (ဆရာတော်ဦးဇောတိက)

10/10/2018

၁။ မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့ဒီအချိန်မှာ
အဆိုးမြင်စကားပြောဆိုခြင်းနည်းနိုင်သမျှနည်းပါစေ၊

၂။ အခက်အခဲ ကိစ္စတစ်ခုကိုအမြဲတွေးတောပူပန်မနေပါနဲ့
ခံစာချက်တိုင်းကိုသင့် ဆီမှာသောင်တင်မနေပါစေနဲ့ သင့်မှာတိုင်ပင်စရာ
သူငယ်ချင်းတွေမိဘတွေရှိသေးတာကိုသတိရပါ၊

၃။ မှားမှာကို မကြောက်ပါနဲ့ တကယ်လို့မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့
လူဘဝဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ် ဘယ်လို့အခြေအနေပဲဖြစ်ဖြစ်
နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ပြီးခဲ့တဲ့အမှားတွေဟာ သိပ်တော့အရေးကြီးလှတာ
ကိုခံစားရပါလိမ့်မယ်၊

၎။ အဆိုးမြင်ခြင်းဟာ လူတွေမှာရှိတတ်ပါတယ် ဒါပေမယ့် ဒီလိုအဆိုးမြင်တဲ့အရာ
တွေဟာဘဝရဲ့သေးငယ်တဲ့အစိတ်အပိုင်းတွေဆိုတာ နာလည်းဖို့လိုပါတယ်
တကယ်တော့စိတ်ခံစားချက်ကို ဦးစားမပေးပဲမျှတအောင် အကောင်မြင်စိတ်လေးနဲ့
အစားထိုးပေးဖို့လို့ပါတယ်၊

၅။ တကယ်လို တစ်ယောက်ယောက်ကသင့်ကိုအဆက်အသွယ်လိုက်သည်ဖြစ်စေ
မလုပ်သည်ဖြစ်စေ စကားပြောပြော မပြောပြောဒါဟာသာမန်ပါပဲ ရေးကြီးခွင်ကျယ် အကျယ်
ချဲ့နေစရာမလိုပါဘူး တွေးပြီးဝမ်းနည်းမနေသင့်ပါဘူး၊

၆။ တကယ်လို့သင်တစ်ခုခုကို နာမလည်းရင် မေးမြန်းပြောဆိုပါ နားလည်ပြီးဆိုရင်
တော့ရင်ထဲမှာပဲသိမ်းထားပါ သိလိုက်ရတဲ့အတွက်ဝမ်းသာပါ၊

၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေအားလုံးက မိမိဘာသာရှာတာတွေများပါတယ်
ဒါကြောင့်ကိုယ့်ဘာသာဖြေရှင်းဖို့ကြိုးစားပါ သူငယ်ချင်းတွေကိုငိုယိုစိတ်ပူပန်စေမဲ့
အစားသူတို့တွေနဲ့အတူတူပျော်ပျော်နေပါ၊

၈။ ပြောပြီးသားကတိတည်ပါစေ စကားကိုလွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်
မှာမိတ်ဆွေတွေယုံကြည်မှု နည်းပါးစေပါတယ်၊

၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ မှုလသင်လုပ်နေကျ နေစဉ်ဘဝ
ကိုမဆုံးရှုံးပါစေနဲ့ အချိန်မှန်စား အချိန်မှန်အိပ်စက်ပါ၊

၁၀။ ကိစ္စတခုလုပ်တဲ့အခါ မကြောက်မရွံလုပ်ဆောင်ပါ
ထိခိုက်နာကျင်မှာ မကြောက်ပါနဲ့ မှားယွင်းပြောဆိုမှာကိုလဲ မကြောက်ပါနဲ့
ပြီးခဲ့တဲ့အရာတွေကိုလဲ ပြန်စဉ်းစားပူပန်မနေပါနဲ့၊

၁၁။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လမ်းကြောင်းဦးတည်ရာရှိပါစေ
ယုံကြည်မူနဲ့ရှေ့တိုးဆောင်ရွှက်ပါ လက်ရှိဘဝကို အမြဲသုံးသပ်ကြည့်ပြီး
ရှင်သန်နေထိုင်ပါ ဘယ်လိုလူတွေနဲ့တွေ့တွေ့မုန်းတီးစရာမလိုပါဘူး
အမှားအမှန်လူလောကမှာ အမှားကနေသင်ခန်းစာယူပြီး အမှန်ကိုရှေ့တိုးဆောင်ရွက်ပါ၊

၁၂။ သင့်ကိုသင် ညံ့ဖျင်းတယ်လို့ထင်တာဟာလိမ်လည်မှုတစ်ခုပါပဲ
သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလိုထင်ခြင်းကလဲ မှားယွင်းတဲ့ အတွေးတစ်ခုဖြစ်ပါတယ်၊

၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့ လောကမှာကြောက်စရာကောင်းတာတွေက
များပါတယ် သင်ကြောက်နေလိုလဲ ကုန်ဆုံးမှာမဟုတ်ပါဘူး အခက်အခဲကြုံလာရင်
ဖြေရှင်းပါ ဖြေရှင်းလို့မရနိုင်ရင် စွန့်လွှတ်ရုံပါပဲ တွေးတောကြောက်ရွံ့မနေပါနဲ့၊

၁၄။ ဘယ်လောက်အားကိုးရတဲ့သူဖြစ်ပါစေ စကားအားလုံးကို
အကျိုးမရှိပဲထုတ်ဖော်မပြောဆိုသင့်ပါဘူး၊

၁၅။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့ ဆိတ်ဆိတ်နေပါ
ပြောရင်းနဲ့အမှားပါတတ်လို့ပါ၊

၁၆။ ရလဒ်အတွက် ပူပန်မနေပါနဲ့ အကောင်းဆုံလုပ်ဆောင်ပါ
ရလဒ်ကအလိုလိုလိုက်ပါလာပါလိမ့်မယ်၊

၁၇။ နောတမရပါစေနဲ့ နောင်တရခြင်းက အမှားလုပ်လိုက်တာထက်ပိုပြီး
ကြောက်စရာကောင်းပါတယ် သင့်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုလဲပျက်ပြားစေပါတယ်
မှားပြီးရင်မှားတာတွေကြုံတွေ့ရတတ်ပါတယ်၊

၁၈။ ဘာကိစ္စပဲကြုံကြုံ ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေလို့ပြောပါ
ငါ့ကျမှဘာလိုဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့ အခုသင်ခံစားနေရတဲ့
အချိန်မှာကမ္ဘာကြီးရဲ့တခြားနေရာမှာ အခက်အခဲဒုက္ခခံစားညည်းတွားနေတဲ့
သူတွေအများကြီးပါပဲ၊

၁၉။ ဘဝမှာခါးသီးခြင်းနှင့် ပိုမိုကောင်းမွန်တဲ့အရာတွေကို ရွေးချယ်ရမယ်ဆိုရင်
ခါးသီးခြင်းကိုမေ့ပစ်ပြီး ပိုကောင်းတာရွေးပါ၊

၂၀။ ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ၊

၂၁။ တကယ်လို့ ကျွန်တော်ကျရှုံးရင်ထပ်ကြိုးစားမယ် တစ်ကြိမ်ပြီး
တစ်ကြိမ်းပေါ့ တကယ်လို့သင်ကျဆုံဲး့ရင်ရော
ထပ်ကြိုးစားမှာလား လူစိတ်ဝိဥာဉ်ဟာကျွန်တော်တို့ထင်ထားတာထက်
ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ် သင်ဘယ်လိုနိဂုံးချုပ်ချင်
လဲဆိုတာပေါ်မှာပဲမူတည်ပါတယ်။

Credit_Ashinsandimar.

Want your school to be the top-listed School/college in Yamethinn?
Click here to claim your Sponsored Listing.

Category

Website

Address


Yamethin
Yamethinn