IT- Computer Knowledgs Center

IT- Computer Knowledgs Center

Share

IT COMPUTER KNOWLEDGS CENTER

23/10/2023

📱ဖုန်းတစ်လုံး 💻ကွန်ပြူတာတစ်လုံးရှိရုံနဲ့ ကွန်ပြုတာနည်းပညာတွေကို အိမ်မှာ သင်ကြမယ်....😘

ခေတ်မှီနည်းပညာတွေကို ခေတ်နှင့်အညီ လိုက်နိုင်ဖို့ ကြိုးစားချင်နေလား....❓
အလုပ်ကအချိန်ပြည့်ဖြစ်နေတာကြောင့် မိမိကိုယ်မိမိ Skill မြှင့်ဖို့ အချိန်မပေးနိုင်ဖြစ်နေလား....❓

ဒါဆိုရင်တော့ It Computer Knowledge center ရဲ့ OTG MEMORY STICK လေးတွေနဲ့ ဆို အိမ်မှာအားတဲ့အချိန် လေ့လာလို့ရပြီနော်.....💕

𝐌𝐞𝐦𝐨𝐫𝐲 𝐒𝐭𝐢𝐜𝐤 လေးက 𝐎𝐓𝐆စနစ်လည်း ပါဝင်တာကြောင့် 📖𝐄𝐛𝐨𝐨𝐤𝐬 နဲ့ 📺𝐕𝐢𝐝𝐞𝐨 သင်ခန်းစာတွေကို အိမ်မှာနေရင်း📱ဖုန်းလေးနဲ့လေ့လာချင်တာပဲဖြစ်ဖြစ် 💻Computerလေးနဲ့လေ့လာချင်တာပဲဖြစ်ဖြစ်
ချိတ်ဆက်ပြီးတော့လည်း အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပါတယ် ......📱

ပါဝင်မည့် သင်ခန်းစာများကတော့.....💁

▫️အခြေခံ ကွန်ပြူတာအသုံးပြုနည်းများ....💻
▫️အဆင့်မြင့် ကွန်ပြူတာအသုံးပြုနည်း သင်ခန်းစာများ...🖥️
▫️ Laptop နှင့် Desktop ကွန်ပြူတာ တပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း သင်ခန်းစာများ....🧑‍🔧
▫️ Mocrosoft Excel အခြေခံ အသုံးပြုနည်း သင်ခန်းစာများ....📊
▫️ Advance Excel အသုံးပြုနည်း သင်ခန်းစာများ....📈
▫️ Microsoft Access, Visual Basic အသုံးပြုနည်းများ
▫️ Microsoft Word 2007, 2010 အသုံးပြုနည်း သင်ခန်းစာ
▫️ Computer A+ အသုံးပြုနည်း သင်ခန်းစာများ
▫️ Programming သမားများအတွက် (Turbo C, C++, C #, PHP) ဆိုင်ရာ သင်ခန်းစာများ
▫️ ဓာတ်ပုံပြုပြင်ရန်အတွက် လွယ်ကူရှင်းလင်းစွာ တစ်ဆင့်ချင်းရှင်းပြထားသော Adobe Photoshop သင်ခန်းစာများ
▫️ Adobe Pagemaker အသုံးပြုနည်း သင်ခန်းစာ
▫️ Adobe Illustrator အသုံးပြုနည်း သင်ခန်းစာ
▫️ Adobe InDesign အသုံးပြုနည်း သင်ခန်းစာ
▫️ Adobe Premiere Pro အသုံးပြုနည်း သင်ခန်းစာ
▫️ Power Point အသုံးပြုနည်း သင်ခန်းစာ
▫️ Windows Installation လုပ်နည်းအမျိုးမျိုး
▫️ windows 10 အသုံးပြုနည်းသင်ခန်းစာ
▫️ MozilaFirefox, Youtube, Gmail စသည်တို့ကို ကျွမ်းကျင်စွာအသုံးပြုနည်းများ
▫️ Skype အသုံးပြုနည်း သင်ခန်းစာ
▫️ Twitter အသုံးပြုနည်း သင်ခန်းစာ
▫️ FACEBOOK ကျွမ်းကျင်စွာအသုံးပြုနည်း၊ အကောင့်သစ်ဖွင့်နည်းနှင့် လုံခြုံစွာထိန်းသိမ်းနည်း သင်ခန်းစာများ
▫️ Hacking နှင့်ပတ်သက်သော သင်ခန်းစာများ
▫️ Mobile Phone ပြုပြင်နည်း သင်ခန်းစာများ
▫️ Electronic ဆိုင်ရာ သင်ခန်းစာများ
▫️ Networking အခြေခံ အဆင့်မြင့်နှင့် Wireless ပိုင်းဆိုင်ရာ သင်ခန်းစာများ
▫️ Web & Network Security သမားများအတွက် အဆင့်မြင့် ကွန်ရက် လုံခြုံရေး ဆိုင်ရာ သင်ခန်းစာများ
▫️ Windows Server 2003 တည်ဆောက်ခြင်း၊ Server ပိုင်းအတွက် (Windows - Linux) ဆိုင်ရာ သင်ခန်းစာများ
▫️ Database ဆိုင်ရာ သင်ခန်းစာများ
▫️ ကိုယ်ပိုင်ဝက်ဆိုဒ် တစ်ခုတည်ဆောက်ခြင်းအစရှိတဲ့ သင်လို့မကုန်နိုင်အောင် သင်ခန်းစာတွေပါဝင်တဲ့ OTG MEMORY STICK ဈေးနှုန်းလေးကတော့...💸

𝟑𝟐𝙂𝘽 𝙊𝙏𝙂 𝙈𝙚𝙢𝙤𝙧𝙮 𝙎𝙩𝙞𝙘𝙠 စျေးနှုန်းလေးက - 22000𝐊𝐬
64 𝙂𝘽 𝙊𝙏𝙂 𝙈𝙚𝙢𝙤𝙧𝙮 𝙎𝙩𝙞𝙘𝙠 စျေးနှုန်းလေးက - 30000𝐊𝐬 လေးပဲဆိုတော့ သက်တောင့်သက်သာ အိမ်မှာ သင်ကြားနိုင်ပြီပေါ့....💕

𝙈𝙚𝙢𝙤𝙧𝙮 𝙎𝙩𝙞𝙘𝙠 𝙀𝙧𝙧𝙤𝙧 တစုံတရာ ဖြစ်ပါက အသစ်ပြန်လည် လှဲပေးသွားမှာပါနော်...🥺

𝘾𝙪𝙨𝙩𝙤𝙢𝙚𝙧 မှတ်တမ်း ရှိမှဖြစ်မှာမို့ ဝယ်ယူသူများအနေဖြင့် 𝙈𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 ကနေ မှာယူပေးယုံပါပဲရှင်.....💕

👉 မြန်မာနိုင်ငံအနှံ့ ဘယ်မြို့ကိုမဆို အခမဲ့အိမ်အရောက်ပို့ဆောင်ပေးတဲ့အပြင် ပစ္စည်းရောက်ငွေချေစနစ်လေးထားရှိပေးပါသေးတယ်နော်...🚚

❗မှတ်ချက် - မှာယူတဲ့အခါ မိမိတို့ကိုင်ဆောင်သော ဖုန်းအမျိုးအစား ပေါ်မူတည်၍ မှာ ယူပေးပါရှင့်....📱
🔸Android
🔸Type C
🔸IOS(iphone)
စသဖြင့်ခွဲခြားပြီး page messengerသို့မဟုတ် Viber တွင်မှာယူပေးပါနော်...💌
💁🏻‍♂️ အမည် -
☎ ဖုန်းနံပါတ် -
အိမ်အမှတ်
လမ်း/ရပ်ကွက်အမည်၊ မြို့နယ်, တိုင်းဒေသကြီး,ပြည်နယ် အပြည့်အစုံရေးသားပြီး မှာယူပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်......🤗

Phone number ☎️
09 799 423 499
09 446 444 337 သို့ ဆက်သွယ်မှာယူနိုင်ပါသေးတယ်နော်....💕

ကဲ OTG MEMORY STICK လေးနဲ့ဆို မိုးရာသီမှာ အပြင်ထွက်စရာမလိုပဲ ပညာတွေသင်ကြားနိုင်မှာမို့ အခုပဲ ဆက်သွယ်မှာယူလိုက်ပါနော်.....😘

02/10/2023

Networking ပိုင်းတွင် သိကိုသိထားသင့်သော Server (၁၀) မျိုးအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
1. ADDC Server (Active Directory Domain Controller)
Network ချိတ်ဆက်မှုမှာ အခြေခံအားဖြင့် Workgroup Network နဲ့ Domain Network ဆိုပြီး (၂) မျိုးရှိပါတယ်။ ချိတ်ဆက်မှု ရရင်ပြီးရော လုံခြုံရေး Security ဗဟို ထိန်းချုပ်မှု Centralization မလိုအပ်တဲ့ Network လိုမျိုး ဥပမာ Net Game ဆိုင်၊ ကွန်ပျူတာအလုံးရေ အနည်းငယ်သာပါဝင်တဲ့ အိမ်တွင်းသုံး Home Network တွေမှာ Workgroup စနစ်ကို အသုံးပြုကြပါတယ်။ Workgroup Network စနစ်ဟာ Computer အလုံးရေ (20) ထိပဲ ကောင်းပါတယ်။ Domain Networking စနစ်ကို သုံးမယ်ဆိုရင် Server OS တစ်ခုခုကို အသုံးပြုကြရပါတယ်။ Server မှာ Active Directory (Domain Controller) Service ကို Install လုပ်ပေးရပါမည်။ IP Address ပေး၊ Domain နာမည်ပေး၊ ADDC Service Install, User Management, Computer Management, Backup စတာတွေကို Server ကနေလုပ်လို့ရပါတယ်။
2. DHCP Server (Dynamic Host Configuration Protocol)
Network Engineer က ချိတ်ဆက်ထားတဲ့ Computer တွေအချင်းချင်း အပြန်အလှန် ချိတ်ဆက်လို့ရအောင် Reply ပြန်အောင် စက်တိုင်းကို IP Address ပေးရပါတယ်။ Computer အလုံးတွေ ရာထောင်ချီ များလာရင်တော့ Automatic IP Address ချပေးဖို့ လိုအပ်လာပါတယ်။ Networking မှာ ဒီအလုပ်ကို DHCP Server က ပြုလုပ်ပေးပါတယ်။

3. DNS Server (Domain Name System)
Website အားလုံးဟာ DNS System ပေါ်မှာ အခြေခံပြီး ပြုလုပ်နေတာပါ။ လူတစ်ယောက်ချင်းစီမှာ နာမည်တစ်ခု ကိုယ်စီ ရှိသလို ကွန်ပျူတာ တစ်လုံးစီမှာလည်း သူတို့ကိုလာရောက် ဆက်သွယ်လို့ရတဲ့ လိပ်စာတစ်ခု ရှိပါတယ်။ ဒါကို IP Address လို့ ခေါ်ပါတယ်။ Computer တွေက Machine Language တွေ ဖြစ်တဲ့ 0 နဲ့ 1 ဘာသာစကားကို အသုံးပြုပြီး လူတွေကတော့ အရောင်တွေ၊ နာမည်တွေ၊ စာသားတွေ၊ ဓာတ်ပုံ ဗွီဒီယို မီဒီယာဖိုင်တွေ နားလည်အသုံးပြု ကြပါတယ်။ ဂဏန်းနံပါတ်တွေ အများကြီးကို လူတွေ အလွယ်တကူ မမှတ်မိနိုင်ပါဘူး။ IP Address ကဲ့သို့သော ဂဏန်းအများကြီးထက် www.pnamyanmar.com ကပိုမှတ်မိပါတယ်။ ဒါကြောင့် DNS Server ကို အသုံးပြုကြရပါတယ်။ IP Address ဂဏန်းတွေကို လူတွေ နားလည်တဲ့ နာမည် Web Server တွေ ပြောင်းနိုင်အောင် အပြန်အလှန်အားဖြင့် Name တွေကို IP Address ပြောင်း၊ IP Address ကို Name ပြောင်း စတဲ့ အလုပ်တွေကို DNS Service က လုပ်ပေးပါတယ်။
4. ICS Gateway Server
အင်တာနက်စနစ်ကို Network အတွင်း ဖြန့်ဝေပေးတဲ့လုပ်ငန်းစဉ်ကို Internet Gateway Server လို့ ခေါ်ပါတယ်။ Internet Gateway Server ထိုင်နည်း အမျိုးမျိုး ရှိတဲ့အထဲမှာမှ အခြေခံအကျဆုံး၊ အလွယ်ကူဆုံး၊ အမြန်ဆုံးဖြစ်တဲ့ ICS (Internet Connection Sharing) ဖြစ်ပါတယ်။
5. NAT Gateway Server
ICS စနစ်ကို Windows Version တိုင်းမှာ ထည့်သွင်းပေးထားသော်လည်း NAT ကို Windows Server Version တွေမှာပဲ အသုံးပြုနိုင်ပါတယ်။ ICS ထက် Security ပိုကောင်းတာကလည်း NAT ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ အင်တာနက်ခြမ်းကနေ Private LAN Network ထဲက Computer တွေကိုမြင်တွေ့ခွင့်မရှိအောင် ပြုလုပ်နိုင်ပါတယ်။
6. File Server
ကျောင်း၊ ရုံး၊ ကုမ္မဏီ အစရှိသည့် network တွေမှာ သက်ဆိုင်ရာ ဖိုင် အသီးသီး (document, photo, video, sound, data, etc.) ကိုသိမ်းဆည်းရန်အတွက် File Server လိုအပ်ပါတယ်၊ File Server ကို အများအားဖြင့် RAID level တည်ဆောက်၍ရသော server များဖြင့် ပြုလုပ်ကြပြီး၊ file access လျှင်မြန်မှုရှိစရန်၊ SCSI interface, SCSI drive များကို အသုံးပြုကြပါတယ်။ File Server ပြုလုပ်ရခြင်း ၏ အဓိကအကြောင်းအရင်းမှာ File Server ကိုတချိန်တည်း၊ တပြိုင်တည်းတွင် လူပေါင်းများစွာ သုံးစွဲနိုင်သောကြောင့်ဖြစ်ပါတယ်။
7. Web Server
Web Server ဆိုတာကတော့အလွယ်ကူဆုံးပြောရမယ်ဆိုရင် Website တစ်ခုလွှင့်တင်ဖို့အတွက် အခြေခံအနေနဲ့တည်ထားရမဲ့ Server တစ်ခုပဲဖြစ်ပါတယ်။ Website ဆိုတာ အင်တာနက်ဝက်ဆိုဒ်တွေအတွက်တင်မဟုတ်ပဲ Local site တွေ monitoring tools တွေအတွက်သုံးမယ့် Web Interface တွေအတွက်လည်း Web Server ကနေ အခြေတည်ရတာပါပဲ။ အဲဒီတော့ Network Monitoring System တစ်ခုကို Web Interface နဲ့ တည်ဆောက်မည်ဆိုရင်၊ Local E-book Library လေးတစ်ခုတည်ဆောက်တော့မယ်ဆိုရင် Web Server ကိုအသုံးပြုပါတယ်။
8. ISA Server (Internet Security & Acceleration)
Security မြင့်မြင့်မားမားထားလို့ရနိုင်တဲ့ Policy တွေကိုချမှတ်နိုင်ပါတယ်။ ISA ကို Firewall Software တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အရင်က ထုတ်ဝေခဲ့တဲ့ NAT Internet Gateway ကိုလည်း ISA မှာ Setting ချပြီး အသုံးပြုနိုင်ပါတယ်။ Web Proxy, Cache Memory, Virtual Private Network တို့ကိုလည်း ISA Server မှာ အသုံးပြုနိုင်ပါတယ်။
9. VPN (Virtual Private Network)
လုပ်ငန်းတွေမှာ ရုံးချုပ်၊ ရုံးခွဲ၊ စက်ရုံ၊ ကုန်ပစ္စည်းသိုလှောင်ရုံ၊ Whole Sale Shop၊ Retail Sale Shop၊ ဖြန့်ချိတဲ့ ကိုယ်စားလှယ်ဆိုင်များ စသဖြင့် Business Infrastructure ရှိပါတယ်။ ဒါတွေ အကုန်လုံးကို တစ်ပေါင်းတည်း Network ချိတ်ချင်ရင် VPN System ကို အသုံးပြု ရပါတယ်။
10. Window Development Server
Window Development Server မှာ Computer အားလုံးကို တပြိုင်နက်တည်း Window တင်နိုင်တဲ့အတွက် အချိန်ကုန်သက်သာပါတယ်။ Network မှာ ရှိတဲ့ ကွန်ပျူတာအလုံးရေ အများကြီးကို Clone မရိုက်ချင်ဘူး ဆိုရင် ဒီစနစ်နဲ့ Window တင်ရလို့ရနိုင်ပါတယ်။



#မူရင်းရေးသားသူအားအစဉ်လေးစားလျှက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Photos from IT- Computer Knowledgs Center's post 14/06/2023

Excel အသုံးပြုသော မိတ်ဆွေတိုင်း
မဖြစ်မနေ အဓိက သိထားသင့်သည့်
အကြောင်းအရာများ...

မူရင်းရေးသားသူအားအစဉ်လေးစားလျှက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Photos from IT- Computer Knowledgs Center's post 22/05/2023

မေ့ပျောက်သွားသော Windows password ကို Reset/Change နည်း
+++++++++++++++++++++++++

ကွန်ပြူတာထဲမှာရှိတဲ့ မိမိတို့ရဲ့အရေးကြီးတဲ့ဒေတာတွေလုံခြုံမှုရှိဖို့အတွက် ကွန်ပြူတာအသုံးပြုသူအားလုံး Windows password တော့ထားရှိထားရပါမည်။ သို့သော် မိမိတို့ရဲ့ Windows password ကို မိမိတို့ကိုယ်တိုင်မမှတ်မိတာမျိုးကဖြစ်တတ်ပေမဲ့ သိပ်ကြွားလို့ကောင်းတဲ့အရာတော့မဟုတ်ပေ။ Windows password မမှတ်မိတော့လို့ Windows အသစ်ပြန်တင်ပြီးမှ ကွန်ပြူတာအသုံးပြုလို့ရမယ်ဆိုတာမျိုးကလည်း လက်ခံနိုင်စရာမရှိပါ။

Windows password ကို reset ချလို့ရတဲ့ Third-party tools များစွာရှိပါသည်။ ယခုပြောပြမဲ့နည်းလမ်းကတော့ Windows အခွေ (သို့) Windows Bootable Stick ကိုအသုံးပြုပြီး Windows password ကို reset ချတာဖြစ်ပါသည်။ ဒီနည်းလမ်းက Command prompt ကိုအသုံးပြုရမှာဖြစ်တဲ့အတွက် Command prompt နဲ့ပတ်သက်ပြီးဗဟုသုတအနည်းငယ်ရှိထားရင်တော့ ပိုပြီးအဆင်ပြေနိုင်ပါသည်။ ဤစာထဲတွင် စာဖတ်သူများအတွက်နားလည်လွယ်ပြီးအရှင်းလင်းဆုံးဖြစ်အောင် ကြိုးစားရေးသားထားပါသည်။

ကြိုတင်လိုအပ်ချက်များ နှင့် သိထားရမည့်အရာများ

Windows အခွေ (သို့) Windows Bootable Stick တခုတော့လိုအပ်ပါသည်။ Windows တင်ရင်လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်များလည်း သိထားဖို့လိုအပ်ပါသည်။ (ဥပမာ - Windows Bootable Stick ပြုလုပ်ပုံ၊ Bios ထဲဝင်ပြီး First Boot ရွေးချယ်ပုံ (သို့) ကွန်ပြူတာရဲ့ Boot Menu ခေါ်ပုံ စသဖြင့်) ဤစာတွင် Windows Bootable Stick ပြုလုပ်ပုံကိုတော့ ရှင်းပြမထားပါဘူးနော်။

ကွန်ပြူတာအသုံးသူအများစုသည် Windows နဲ့သက်ဆိုင်တဲ့ System files တွေတည်ရှိတဲ့ Partition (C:) ကို သွားရောက်ဖွင့်ကြည့်ကြတာနည်းပါသည်။ သို့သော် Partition (C:) အောက်တွင် မည်သို့သော Folders များတည်ရှိနေသည်ကို အနည်းငယ်သိထားဖို့လိုအပ်ပါသည်။ Partition (C:) အောက်တွင် Windows, Users, Program Files, Program Files (x86) စသော Folders များတည်ရှိနေသည်ကိုတော့သိထားရပါမည်။

Windows password ကို reset ပြုလုပ်ခြင်းသည် Partition (C:) အောက်မှာရှိတဲ့ System နဲ့သက်ဆိုင်တဲ့ Files တွေကိုဝင်ရောက်ပြင်ဆင်တာဖြစ်တဲ့အတွက် Partition (C:) ကို BitLocker ခံထားရင်တော့ BitLocker recovery key အရင်ထည့်ပေးပြီးမှ (C:) ထဲကိုဝင်ရောက်ပြင်ဆင်နိုင်ပါလိမ့်မည်။

Shift key ကို တချက်ချင်းစီ ၅ ကြိမ်နှိပ်ရင် Sticky Keys ပေါ်လာပါမည်။ ထို Sticky Keys သည် C:\Windows\System32\ အောက်တွင်ရှိပြီး ဖိုင်လ်နာမည်က sethc.exe ဖြစ်ပါသည်။ ထို Sticky Keys ကိုအသုံးပြုပြီး Windows password ကို reset ချမှာဖြစ်တဲ့အတွက်ကြိုတင်သတိထားမိအောင် ပြောပြထားခြင်းဖြစ်ပါသည်။

Command prompt တွင်အသုံးပြုမည့် command တချို့ရဲ့အလုပ်လုပ်ပုံကိုလည်း အနည်းငယ်နားလည်ထားရပါမည်။

Active ဖြစ်နေတဲ့အကောင့်များကြည့်ရှုပုံ

Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။

net user လို့ရိုက်ပြီး Enter ခေါက်ပါ။
ကွန်ပြူတာထဲတွင်ရှိသော အကောင့်နာမည်များ ဖေါ်ပြပေးပါလိမ့်မည်။

cls လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt screen ကိုရှင်းလင်းလိုက်တာဖြစ်ပါသည်။

Exit လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ကနေထွက်လိုက်တာဖြစ်ပါသည်။

သိထားရမည့် အခြေခံ Command တချို့

Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။ C:\Users\%UserProfile%> ဆိုတဲ့စာတန်းနဲ့ ညာဘက်မျာ မိတ်တုတ်မိတ်တုတ် အစက်ကလေးတစ်ခုကို မြင်တွေ့ရပါမည်။

cd.. လို့ရိုက်ပြီး Enter ခေါက်ပါ။
cd.. ဆိုတာ မိမိလက်ရှိတည်ရှိနေတဲ့နေရာကနေ အနောက်ကိုတချက်ဆုတ်တာဖြစ်ပါသည်။ C:\Users\%UserProfile%> ကနေ C:\Users> ဖြစ်သွားတာတွေ့ပါလိမ့်မည်။
#မှတ်ချက်- cd နေရာတွင် pushd ကို ပြောင်းလဲအသုံးပြုရင်လည်းရပါသည်။

cd.. လို့ထပ်ရိုက်ပြီး Enter ခေါက်ပါ။
C:\Users> ကနေ C:\> ဆိုပြီး Partition (C:) အောက်တည့်တည့်ရောက်သွားတာတွေ့ရပါမည်။

dir လို့ရိုက်ပြီး Enter ခေါက်ပါ။
Partition (C:) အောက်ကတည်ရှိနေတဲ့အရာတွေကို ပြပေးပါလိမ့်မည်။ အပေါ်ကပြောထားသလို (C:) အောက်တွင် Windows, Users, Program Files, Program Files (x86) စသော Folders များကိုတွေ့ရပါမည်။

cd Windows\System32 လို့ရိုက်ပြီး Enter ခေါက်ပါ။
ဒါက အရှေ့ကိုသွားတဲ့ command ဖြစ်ပါသည်။ ယခု C:\Windows\System32> ဆိုတဲ့နေရာရောက်သွားတာတွေ့ပါလိမ့်မည်။ ယခုနည်းလမ်းနဲ့ မိမိတို့သွားချင်တဲ့နေရာကို သွားလို့ရပါသည်။ သို့သော် မိမိသွားချင်တဲ့နေရာမှာရှိတဲ့ Folder နာမည်တွေအတိအကျသိထားဖို့တော့လိုအပ်ပါသည်။

Drive Letter ကြည့်ရှုနည်း

Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။

diskpart လို့ရိုက်ပြီး Enter ခေါက်ပါ။
UAC ပေါ်လာရင် Yes နှိပ်ပါ။ DISKPART> ဆိုတဲ့ နေရာအောက်ရောက်သွားတာတွေ့ပါလိမ့်မည်။

list vol လို့ရိုက်ပြီး Enter ခေါက်ပါ။
ကွန်ပြူတာထဲတွင်ရှိတဲ့ Partition တွေ၊ Drive Letters တွေ၊ Partition တခုချင်းစီ၏ Size ဘယ်လောက်ရှိလဲဆိုတာကို ပြပေးပါလိမ့်မည်။

#မှတ်ချက်- ကျွန်တော်တို့ Windows Bootable Stick ကိုအသုံးပြုပြီး Windows password ကို reset ချဖို့ကြိုးစားတဲ့အခါမှာ Windows ရှိတဲ့ Partition (C:) သည် တခြား Driver Letter တခုခုဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ မည်သို့ပင် Partition (C:) ရဲ့ Drive Letter ပြောင်းလဲသွားပါစေ Windows, Users, Program Files, Program Files (x86) စသော Folders များတည်ရှိနေသော Partition သည် Windows ရှိတဲ့ Partition ဖြစ်တာကိုတော့သိထားရပါမည်။

အောက်တွင် Windows password reset ချပုံကို ပုံနှင့်တကွရှင်းပြထားပါသည်။ ဆက်လက်ဖတ်ရှုပေးပါ။

==============================
-မူရင်းရေးသားသူအားအစဉ်လေးစားလျှက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Photos from IT- Computer Knowledgs Center's post 12/03/2023

📌မိမိ Computer ကို password ဖြင့် Lock ခတ်နည်း ဖြစ်ပါတယ်📌

Computer Centre.

Photos from IT- Computer Knowledgs Center's post 09/03/2023

လူတိုင်းအမေးများသော ကွန်ပျူတာပြဿနာ (၁၀) မျိုးနှင့်အဖြေများ။
========================

Online မှ လူတိုင်းအမေးများကြသော ပြဿနာ ၁၀ မျိုးနှင့် အဖြေများအား ပုံနှင့်တကွ စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဆရာကိုရန်နိုင်
-
(၁) Dsktop Sereen ဇောက်ထိုး/ဘေးစောင်းဖြစ်သွားလို့ ဘယ်လိုလုပ်ရမလဲ။

Keyboard က Ctrl+Alt+ Arrow Key ➡️⬇️⬅️⬆️ တွေ ကို နှိပ်ပြီး Screen ကို လိုသလို ပြန်ပြောင်းပါ။ ဇောက်ထိုးဖြစ်ရင် Ctrll+Alt နဲ့ အပေါ်မျှား ⬆️ ကိုနှိပ်ပါ။
မနှိပ်တန်ရင် Windows Display Setting ထဲက Display Orientation ကို ပြန်ပြောင်းပါ။
-
(၂) Wifi ချိတ်မရတာ ဘာ့ကြောင့်လဲ။

Desktop ဆိုရင် Wifi Chip/Card မပါလာတာကြောင့် Wifi မရတာများပါတယ်။ Laptop ဆိုရင်တော့ Wifi Adapter Driver File ကို Install လုပ်ထားခြင်းကိုပြန်စစ်ပါ။ Driver Update လုပ်ပါ။
(Driver File များသည် ထုတ်လုပ်သော Laptop ၏ ကုမ္ပဏီမှဖြန့်ချီသော File များဖြစ်၍ Laptop အမျိုးအစား Model ကို သိရှိနားလည်မှသာ ပြုလုပ်သင့်သည်။)
တချို့ Laptop များ၏ ကီးဘုတ်မှ Function Key (F- Key) များတွင် Wifi Key တစ်ခုပါတတ်သည်။ ဥပမာအားဖြင့် F4-F5-F12 Key များဖြစ်တတ်သည်။ ထိုကီးများကို Fn နှင့်တွဲနှိပ်မိရင်ဖြစ်စေ ဒီအတိုင်း မှားနှိပ်မိရင်ဖြစ်စေ Wifi ပျောက်တတ်ပါတယ်။
-
(၃) ကွန်ပျုတာမှာ Google Playstore ထည့်ပြီး App တွေဘယ်လိုသွင်းရသလဲ။

Windows စနစ် အသုံးပြုသောကွန်ပျူတာသည် Android စနစ်မဟုတ်သဖြင့် Google Playstore သို့မဟုတ် App တွေကို တိုက်ရိုက် ထည့်သွင်းအသံုးပြု၍မရပါ။ အသုံးပြု၍ ရအောင် ကြားခံ Emulator သို့မဟုတ် Virtualization နည်းပညာတစ်ခုခု သုံးရပါသည်။ ဥပမာ Bluesteak/MEMU Play ကို အရင်ထည့်သွင်းရပါသည်။ ထိုသို့ထည့်သွင်းရာတွင် ကွန်ပျူတာ၏ စွမ်းဆောင်ရည်နှင့် RAM ပမာဏများစွာလိုအပ်သဖြင့် တော်ရုံ RAM/CPU ရှိသော ကွန်ပျူတာများ မထည့်သွင်းနိုင်ပါ။
Wikdows 11 တွင် Android Subsystem အသုံးပြု၍ရသော်လည်း Google Play Service များအလုပ်မလုပ်ပါ။ Amazon Store သာ အလုပ်လုပ်ပါသည်။
-
(၄) Windows အတက်တွင် BSOD အပြာရောင် Screen တက်လာပြီး Error ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။

အပြာရောင် Screen ဖြစ်ပေါ်လာသည့် ပြဿနာရင်းမြစ်များစွာရှိပါသည်။ တချို့မှာ Hardware ကြောင့်ဖြစ်သလို တချို့မှာ Software ကြောင့်ဖြစ်ပါသည်။ တချို့မှာ System Repair/Restore လုပ်ခြင်း တင်ထားသော Update များကိုဖြုတ်ချခြင်းဖြင့်ကောင်းသွားတတ်သလိူ တချို့မှာ Windows Repair လုပ်ရုံဖြင့် ပြန်မကောင်းတတ်ကြပါ။ အဲဒါကြောင့် ဖျက်မရသော Data များရှိလျှင် နားလည်သည့် Services Technician နှင့် ‌ဆွေးနွေးသင့်ပါတယ်။
Boot Option များ/System File Error များ/RAM/GPU Error များအစရှိသဖြင့် Hardware နှင့် Software များကြောင့်ဖြစ်ပေါ်လာသော Computer Memory Dump ကွန်ပျူတာမှတ်ဉာဏ်ပြုတ်ကျခြင်းဖြစ်စဉ်ကြောင့် BSOD ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ BSOD နှင့်ပတ်သက်ပြီး တပွဲတိုး ဖြေရှင်းနည်းမရှိတာကို အသုံးပြုသူတွေသတိထားသင့်သည်။
-
(၅) Laptop တွင် Touch Pad ဘာ့ကြောင့်‌ေရွှ့မရတာလဲ။

Touchpad များရွှေ့မရခြင်းမှာ Driver File Error ကြောင့်ဖြစ်သလို Laptop ကီးဘုတ်မှ Fn + Touchpad key မှားမိနှိပ်တာကြောင့်လည်းဖြစ်တတ်ပါသည်။ တချို့ Laptop များတွင် Fn ခလုတ်ကို အမြဲ On ထားတတ်သဖြင့် Touchpad ခလုတ်ဖြစ်သော (ဥပမာ F7) ကို မှားနှိပ်မိလျှင်ဖြစ်တတ်သည်။ Touchpad Key သည် Laptop မော်ဒယ်နှင့်အမျိုးအစားအလိုက် F5-F6/F7/F9 အစရှိသဖြင့် သတ်မှတ်ထားကြသည်။ Fn Key မှားနှိပ်ခြင်းမဟုတ်လျှင် Hardware Error ဖြစ်တတ်သည်။
-
(၆) Laptop သုံးနေရင်း Screen ဘာ့ကြောင့်ပိတ်ပိတ်သွာသလဲ။

တချို့မှာ ကီးဘုတ်တွင်ပါဝင်သော Screen Sharing ခလုတ်ဖြစ်သော F6 ကဲ့သောသို့ ခလုတ်များကို မှားနှိပ်ခြင်းကြောင့်ဖြစ်သည်။ Touchpad နှင့် Wifi များကဲ့သို့ပင် Screen Sharing အတွက် Key တစ်ခုကို Laptop ၏ F Key များထဲတွင်ပါဝင်သည်။ ဥပမာ(F6-F8) ဖြစ်သည်။
-
(၇) Welcome Screen ပေါ်ပြီး ဘာ့ကြောင့် Windows ထဲဝင်မရဖြစ်တာလဲ။

Windows Update သို့မဟုတ် အင်တာနက်တွင် Microsoft Account တစ်ခုခုကို ဝင်မိသည့်အခါ သို့မဟုတ် Windows Office Application တစ်ခုခုသုံးရင် အင်တာနက်ချိတ်ပြီးချိန် ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်လျှင် ထိုပြဿနာဖြစ်တတ်သည်။ တခါတရံ သုံးနေရင် ခဏနားထားချိန် Log on Screen ပေါ်လာပြီး Mouse ပဲရွှေ့ရပြီး ဘာမှနှိပ်မရဖြစ်တတ်သည်။ အဲဒီအချိန် Ctrl+Alt+Delete ကို နှိပ်ပြီး Windows User Name ပေါ်အောင်လုပ်ပြီးပြန်ဝင်ခြင်းဖြင့် ပြဿနာအများစုကိုဖြေရှင်းနိုင်ပါသည်။
-
(၈) Zoom Meeting လုပ်နေချိန် Error တက်ခြင်း BSOD ဖြစ်ခြင်း၊ Windows ပြုတ်ကျခြင်းကို ဘယ်လိုဖြေရှင်းမလဲ။

Zoom/YouTube တို့၏ အခမဲ့အသုံးပြုသော Version များတွင် Hardware Performance ကို အသုံးပြုမှုများပြားလျှင် BSOD ဖြစ်တတ်သည့်အတွက် Zoom ကိုဖွင့်ထားချိန် Taskbar တွင်ရှိသော Zoom Icon မှ Setting ထဲတွင် နှိပ်၍ Advanced ထဲတွင် Hardware Performance ကိုဖြုတ်ပြီး Computer ကို Restart လုပ်ပြီး Zoom ကို ပြန်လည်အသုံးပြုခြင်းဖြင့် ထိုပြဿနာအများစုကို ဖြေရှင်းနိုင်ပါသည်။ တချို့ ကွန်ပျူတာများတွင် Model နှင့် Hardware လိုအပ်ချက်/Driver File/ Connection တို့ မကိုက်ညီသဖြင့် Error တက်ခြင်းများကိုတော့ အသေးစိတ်ဖြေရှင်းရပါမည်။
-
(၉) ကွန်ပျူတာများတွင် Microphone မိုက် သုံးလို့မရခြင်း။

Desktop ကွန်ပျုတာများတွင် Microphone မပါဝင်သဖြင့် မိုက်သီးသန့်တပ်ဆင်ရပါမည်။
Laptop များတွင်လည်း Built In Microphone မပါဝင်သော မော်ဒယ်နှင့် ပါဝင်သောမော်ဒယ်ဟူ၍ ရှိသဖြင့် ပါမပါစစ်ဆေးရပါမည်။
မိုက်ကရိုဖုန်းတပ်ဆင်ရာတွင် မိမိအသုံးပြုသော Desktop သို့မဟုတ် Laptop မှ Jack ဂျပ်ပင်ပေါက်သည် မိုက်ကရိုဖုန်းအတွက်သီးသန့်အသုံးပြုသောအပေါက် သို့မဟုတ် နားကြပ်/Audio Out နှင့် ပူးတွဲအသုံးပြု၍ရမရ စစ်ဆေးရပါမည်။ တချို့ကွန်ပျုတာမော်ဒယ်နိမ့်များတွင် Combo Jack အဖြစ် တစ်ပေါက်တည်းတွင်ပူးတွဲအသုံးပြု၍မရပဲ Mic အတွက်သီးသန့်အပေါက်ပါဝင်သဖြင့် သီးသန့်မိုက် သို့မဟုတ် သီးသန့်မိုက်ခေါင်းပါဝင်သော နားကြပ် Headset ကို အသုံးပြုရပါမည်။
Audio Driver File များ Update မဖြစ်လျှင် သို့မဟုတ် Install လိုအပ်ချက်ရှိလျှင်လည်း Mic အသုံးပြုမရပါ။
-
(၁၀) Windows နဲ့ Software များ ကို Download လုပ် Install လုပ်လျှင် ဘာ့ကြောင့် Error များဖြစ်သလဲ။

၎င်းပြဿနာအများစုကိုဖြစ်စေတဲ့အဓိက အချက်မှာ User များကြောင့်သာအဓိကဖြစ်ပါသည်။
-
- Install ပြုလုပ်သူအများကိုယ်တိုင် Windows နှင့် File System ဖိုင်စနစ်များ ဖိုင်အမျိုးအစားများကို လုံးဝနားမလည်ပဲ ဖုန်းကဲ့သို့ အလွယ်တကူ Install ပြုလုပ်ရမည်ဟု ယူဆကြခြင်း။
-
- မိမိတို့ကိုယ်တိုင် အခြေခံနှင့် သီအိုရီများကို စနစ်တကျမလေ့လာပဲ Youtube မှ တပွဲထိုးဖြေရှင်းနည်းများကို အားကိုးလွန်းခြင်း။
(နိုင််ငံတကာမှလွှင့်တင်ထားသော YouTube မှ ဖြေရှင်းနည်းအများစုသည် ကွန်ပျူတာအခြေခံပညာရေးစနစ်သင်ကြားခဲ့သော နိုင်ငံတကာမှ User များအတွက် သို့မဟုတ် အခြေခံပိုင်နိုင်သူများအတွက်သာသင့်လျှော်သည်။ )
-
- Computer နည်းပညာသည် နိုင်ငံတကာတွင် မူလတန်းမှစတင်ပြီး သင်ရိုးထည့်ကာ တက္ကသိုလ်များတည်ထောင် ဘွဲ့များ‌ေပးကာ စနစ်တကျသင်ကြားပေးသော ပညာရပ်တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပြည်တွင်းပညာရေးစနစ်နှင့် ဖွံဖြိုးမှုကြောင့် တပွဲတိုးနည်းလမ်းများအားကိုးပြီး ပြင်ပသင်တန်းများကိုသာ အရွယ်ရောက်ပြီးမှတက်ရောက်ကြခြင်း။
-
- အလုပ်နှင့် ခေတ်စနစ်လိုအပ်ချက်ကြောင့် ကွန်ပျူတာများကို အလွယ်တကူဝယ်ယူအသုံးပြုခွင့်ရကြသော်လည်း အများစုမှာယခုမှ စတင်ကိုင်တွယ်ဖူးကြခြင်းတို့ကြောင့်ဖြစ်ပါသည်။
-
ကွန်ပျူတာ ဆိုသည်မှာ စာစီစာ
ရိုက်ရုံပဲဟုသောအတွေးအခေါ်ရှိခဲ့သော သူများမှ နိုင်ငံကို နှစ်ပေါင်းများစွာဦးဆောင်ခဲ့ခြင်းကြောင့် ကွန်ပျုတာနှင့်ပတ်သတ်သော နည်းပညာနိုးကြားမှုမှာ နှစ်ပေါင်း များစွာခေတ်နောက်ကျခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကွန်ပျူတာ User များထဲတွင် ‌မျိုးဆက်အလိုက် ထိုပြဿနာများ ဖြစ်‌နေခြင်းဟုသုံးသပ်မိသည်။

Credit....Yan Naing Computech
မူရင်းသို့သွားရောက်လေ့လာရန်
https://www.facebook.com/102554872212243/posts/141581901642873/

01/03/2023

အင်တာနက်မလိုပဲ ကွန်ပျူတာ ပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်လိုပါသလား❓

Phoneတစ်လုံး (or) Computer တစ်လုံး ရှိရုံ နဲ့ ကွန်ပျူတာ ပညာရပ်တွေကို ကျွမ်းကျင်ဖို့ အိမ်မှာနေရင်း သင်တန်းတက်သကဲ့သို့ လေ့လာနိုင်ပါပြီ။

💻ကွန်ပျူတာ နည်းပညာတွေအကြောင်းကို
မြန်မာလို ရှင်းပြထားတဲ့
📌 𝐕𝐢𝐝𝐞𝐨 သင်ခန်းစာ 𝟏𝟎𝟎𝟎ကျော်
📌 မြန်မာလိုရေးသားထားတဲ့ 𝐄𝐛𝐨𝐨𝐤𝐬 𝟏𝟎𝟎𝟎ကျော် ပါဝင်တဲ့

🔹𝟑𝟐𝙂𝘽 𝙊𝙏𝙂 𝙈𝙚𝙢𝙤𝙧𝙮 𝙎𝙩𝙞𝙘𝙠 လေးပါ
စျေးနှုန်းလေးက......𝐏𝐫𝐢𝐜𝐞 22000𝐊𝐬
ပါပဲနော့
🔹64 𝙂𝘽 𝙊𝙏𝙂 𝙈𝙚𝙢𝙤𝙧𝙮 𝙎𝙩𝙞𝙘𝙠
စျေးနှုန်းလေးက......𝐏𝐫𝐢𝐜𝐞 30000𝐊𝐬
ပါ

💥𝐌𝐞𝐦𝐨𝐫𝐲 𝐒𝐭𝐢𝐜𝐤 လေးက
=========================
𝐎𝐓𝐆စနစ်လည်း ပါဝင်တာကြောင့် 𝐄𝐛𝐨𝐨𝐤𝐬 နဲ့ 𝐕𝐢𝐝𝐞𝐨 သင်ခန်းစာတွေကို
#အိမ်မှာနေရင်းဖုန်းလေးနဲ့လေ့လာချင်တာပဲဖြစ်ဖြစ်
ေးနဲ့လေ့လာချင်တာပဲဖြစ်ဖြစ်

ချိတ်ဆက်ပြီးတော့လည်း အလွယ်တကူ
သက်တောင့်သက်သာ ဖတ်ရှုလေ့လာနိုင်မှာပဲ ဖြစ်ပါတယ် 📱🎧

📝𝐎𝐓𝐆 အသုံးပြုနည်း လမ်းညွှန်စာရွက်လည်း ပူးတွဲထည့်ပေးထားပါသေးတယ်ဗျ

ပါဝင်မည့် သင်ခန်းစာများ (ပြထားတဲ့ သင်ခန်းစာအားလုံး ပါဝင်ပါမည်).........................................

▫️အခြေခံ ကွန်ပြူတာအသုံးပြုနည်းများ

▫️အဆင့်မြင့် ကွန်ပြူတာအသုံးပြုနည်း သင်ခန်းစာများ

▫️ Laptop နှင့် Desktop ကွန်ပြူတာ တပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း သင်ခန်းစာများ

▫️ Mocrosoft Excel အခြေခံ အသုံးပြုနည်း သင်ခန်းစာများ

▫️ Advance Excel အသုံးပြုနည်း သင်ခန်းစာများ

▫️ Microsoft Access, Visual Basic အသုံးပြုနည်းများ

▫️ Microsoft Word 2007, 2010 အသုံးပြုနည်း သင်ခန်းစာ

▫️ Computer A+ အသုံးပြုနည်း သင်ခန်းစာများ

▫️ Programming သမားများအတွက် (Turbo C, C++, C #, PHP) ဆိုင်ရာ သင်ခန်းစာများ

▫️ ဓာတ်ပုံပြုပြင်ရန်အတွက် လွယ်ကူရှင်းလင်းစွာ တစ်ဆင့်ချင်းရှင်းပြထားသော Adobe Photoshop သင်ခန်းစာများ

▫️ Adobe Pagemaker အသုံးပြုနည်း သင်ခန်းစာ

▫️ Adobe Illustrator အသုံးပြုနည်း သင်ခန်းစာ

▫️ Adobe InDesign အသုံးပြုနည်း သင်ခန်းစာ

▫️ Adobe Premiere Pro အသုံးပြုနည်း သင်ခန်းစာ

▫️ Power Point အသုံးပြုနည်း သင်ခန်းစာ

▫️ Windows Installation လုပ်နည်းအမျိုးမျိုး

▫️ windows 10 အသုံးပြုနည်းသင်ခန်းစာ

▫️ MozilaFirefox, Youtube, Gmail စသည်တို့ကို ကျွမ်းကျင်စွာအသုံးပြုနည်းများ

▫️ Skype အသုံးပြုနည်း သင်ခန်းစာ

▫️ Twitter အသုံးပြုနည်း သင်ခန်းစာ

▫️ FACEBOOK ကျွမ်းကျင်စွာအသုံးပြုနည်း၊ အကောင့်သစ်ဖွင့်နည်းနှင့် လုံခြံစွာထိန်းသိမ်းနည်း သင်ခန်းစာများ

▫️ Hacking နှင့်ပတ်သက်သော သင်ခန်းစာများ

▫️ Mobile Phone ပြုပြင်နည်း သင်ခန်းစာများ

▫️ Electronic ဆိုင်ရာ သင်ခန်းစာများ

▫️ Networking အခြေခံ အဆင့်မြင့်နှင့် Wireless ပိုင်းဆိုင်ရာ သင်ခန်းစာများ

▫️ Web & Network Security သမားများအတွက် အဆင့်မြင့် ကွန်ရက် လုံခြုံရေး ဆိုင်ရာ သင်ခန်းစာများ

▫️ Windows Server 2003 တည်ဆောက်ခြင်း၊ Server ပိုင်းအတွက် (Windows - Linux) ဆိုင်ရာ သင်ခန်းစာများ

▫️ Database ဆိုင်ရာ သင်ခန်းစာများ

▫️ ကိုယ်ပိုင်ဝက်ဆိုဒ် တစ်ခုတည်ဆောက်ခြင်းအစရှိတဲ့
ပြီးပြည့်စုံပြီး လေ့လာလို့မကုန်နိုင်မယ့် သင်ခန်းစာပေါင်းများစွာ သူ့အပိုင်းနဲ့သူ folder ခွဲပြီး ထည့်သွင်းပေးထားတဲ့အတွက် စနစ်တကျ လေ့လာနိုင်မှာဖြစ်ပါတယ်။

ဖော်ပြထားတဲ့ သင်ခန်းစာအားလုံးပါဝင်ပါသည်
"""""""""""""""""""""""""""""""""""""""""""""""""

ပေးရတဲ့စျေးထက်ပြန်ရမယ့် ပညာတွေကတန်ဖိုးကြီးချက်ပါပဲဗျ🤗

#ဝယ်ယူပြီးပါကလည်းတစ်သက်တာအာမခံပေးဦးမှာဗျ.....
===========================================
𝙈𝙚𝙢𝙤𝙧𝙮 𝙎𝙩𝙞𝙘𝙠 𝙀𝙧𝙧𝙤𝙧 တစုံတရာ ဖြစ်ပါက အသစ်ပြန်လည် လှဲပေးသွားမှာပါဗျ

𝘾𝙪𝙨𝙩𝙤𝙢𝙚𝙧 မှတ်တမ်း ရှိမှဖြစ်မှာမို့
ဝယ်ယူသူများအနေဖြင့်.....

𝙈𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 ကနေ မှာယူပေးယုံပါပဲဗျ

👉 မြန်မာနိုင်ငံအနှံ့ ဘယ်မြို့ကိုမဆို အခမဲ့အိမ်အရောက်ပို့ဆောင်ပေးတဲ့အပြင်

👉 ✅ပစ္စည်းရောက်ငွေချေစနစ်ဖြင့်ရောင်းချပေးနေပါတယ်နော့
ဒါ့အကြောင့် အခုပဲ ဝယ်ယူဖို့ အပြေးလေးလာခဲ့တော့နော်
ဒါနဲ့မိတ်ဆွေတို့က

❗မှတ်ချက် - မှာယူတဲ့အခါ မိမိတို့ကိုင်ဆောင်သော ဖုန်းအမျိုးအစား ပေါ်မူတည်၍ မှာ ယူပေးပါခင်ဗျ။
Android
Type C
Ios(iphone)
စသဖြင့်ခွဲခြားပြီး page messengerသို့မဟုတ် Viber တွင်မှာယူပေးပါ။

💁🏻‍♂️ အမည် -
☎ ဖုန်းနံပါတ် -
အိမ်အမှတ်
လမ်း/ရပ်ကွက်အမည်၊ မြို့နယ်, တိုင်း​ဒေသကြီး,ပြည်နယ် အပြည့်အစုံ​ရေးသားပြီး မှာယူပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျ🤗

ဖုန်းဆက်သွယ်၍မှာယူလိုပါက
=============================
📞Ph: 09 799 423 499/09 446 444 337 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်
Knowledgs Center

Photos from IT- Computer Knowledgs Center's post 01/03/2023

Microsoft Word ထဲမှာ CV Form ရိုက်နည်းလေးပါ
မသိသေးသူများပုံလေးတွေ ကြည့်ပီးလိုက်လုပ်နိုင်ပါစေ မရတာရှိရင် မေးနိုင်ပါတယ်။
အဆင်ပြေတယ်ဆိုရင်Like လုပ်ပီး
လိုအပ်ချက်များ နှင့် အကြံဥာဏ်လေးတွေ ရှိရင်Comment လေးရေးပေးခဲ့ပါ။
တခြားသူငယ်ချင်းအပေါင်းအသင်းတွေပါသိစေချင်ရင် Share လုပ်ပေးပါ။
နောက်ထပ်လဲ လေ့ကျင့်ခန်းလေးတွေထပ်တင်ပေးသွားပါ့မယ်။

# #အားလုံးကို ကျေးဇူးတင်ပါတယ်
Credit

Photos from IT- Computer Knowledgs Center's post 01/03/2023

Page Maker ဖြင့် စာအိတ်ပေါ်တွင် စာရိုက်၍ Print ထုတ်နည်း

၁။ File Menu > New (Ctrl+N) နှိပ်ပါ။
Page Size = Custom > Dimensions မှာ စာအိတ်ဆိုဒ်ရိုက်ထည့်ပါ။
စာအိတ်အကြီးဆိုဒ် 4.2, 9 နဲ့လုပ်ပြထားပါတယ်။

၂။ စာအိတ်ပေါ်မှာစာရိုက် အလယ်ညှီပါ။

၄။ File > Print (Ctrl+P) ကိုနှိပ်ပါ။
Printer နေရာမှာ အသုံးပြုမည့် Printer ကိုရွေးပါ။
Setup ကိုနှိပ် Document Size မှာ Envelope DL ကိုရွေးပြီး Print နှိပ်ပါ။

ူရင်းရေးသားသူအားအစဉ်လေးစားလျှက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

(မည်သူမဆိုလွတ်လပ်စွာမျှဝေနိုင်ပါသည်)

23/02/2023

Computer or Laptop အများစု ဘာလို့လေး ပြီးဟန်းနေလဲ Taskmanager ဖွင့်ကြည့်လိုက်ပါ HDD မှာပဲ 100% ပြည့်နေရင် အဓိကက HDD Speed ကြောင့် ကွန်ပျူတာအများစုလေးနေတာပါ.
Computer or Laptop တွေအားလုံးစဝယ်ဝယ်ချင်းမှာ speed မြန်နေပြီး ၃ နှစ်လောက်နေရင် စလေးလာတတ်ပါတယ် Harddisk က လက်တံနဲ့ဖတ်ရတဲ့အတွက် တဖြည်းဖြည်း Speed ကျလာကာ သိသိသာသာလေးပြီး ဟန်းလာတာကိုတွေ့ရမှာပါ ၃ နှစ်လောက်သုံးထားပြီးလေးနေတဲ့ကွန်ပျူတာ လက်တော့ကြီးကိုအသစ်ဝယ်နေစရာမလိုပဲ SSD ပြောင်းထည့်လိုက်တာနဲ့ ကွန်ပျူတာအသစ်လိုပြန်မြန်သွားနိုင်ပါတယ်.
အဲဒီအတွက် ဘယ်လိုဖြေရှင်းမလဲ
HDD နေရာမှာ SSD ( Solid State Drive )
အစားထိုးအသုံး ပြုပြီး Windows တင်သုံးကြည့်ပါ.
SSD က harddisk ထက် ပါဝါစားပိုသက်သာပြီး window အတက်လဲပိုမြန်ပါတယ်.
HDD နဲ့ SSD ဘယ်လောက်မြန်နှုန်းကွာလဲဆိုတာ ပုံမှာနှိုင်းယှဥ်ပြပေးထားပါတယ်


#မူရင်းရေးသားသူအားအစဉ်လေးစားလျှက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

16/02/2023

Adobe pagemaker shortcut key များ
--------------------------------------------------------
GENERAL COMMANDS_1
alt + space bar ===== open control menu box
ctrl + n ======= create new document/file
ctrl + o ======= open
ctrl + s ======= save
ctrl + shift + s ======= save as
ctrl + w ======= close
ctrl + d ======= place a vector/raster/image
ctrl + shift + d ======= link manager view/display
ctrl + shift + p ======= document (modify/change) setup
ctrl + p ======= print
ctrl + k ======= general/preference (view/display)
ctrl + q ======= quite/exit
ctrl + a ======= select all (text/object)
ctrl + c ======= copy (text/object)
ctrl + v ======= paste (text/object)
ctrl + z ======= undo (one time)
ctrl + e ======= edit/modify story
bangla pagemaker-7 tutorial
general commands_2
alt + ctrl + g ======= go to (page)
ctrl + t ======= character (gaps) specs
ctrl + shift + / ======= letter/word strike through
ctrl + m ======= setup/modify paragraph
ctrl + shift + v ======= reverse
ctrl + shift + b ======= bold
ctrl + shift + i ======= italic
ctrl + shift + u ======= underline
ctrl + shift + c ======= center (text) alignment
ctrl + shift + j ======= justify (text) alignment
ctrl + shift + l ======= left (text) alignment
ctrl + shift + r ======= right (text) alignment
ctrl + shift + > ======= increase size (font)
ctrl + alt + > ======= standard size (font)
ctrl + shift + < ======= decrease size (font)
ctrl + shift + k ======= upper/all caps letter
ctrl + \ ======= letter/word subscript
ctrl + shift + \ ======= letter/word superscript
ctrl + i ======= tabs/indents setup/modify
bangla pagemaker-7 tutorial
general commands_3
ctrl + + (plus)/ - (minus) ======= zoom in/out
ctrl + 1 ======= actual size view/display
ctrl + 2 ======= 200% view/display
ctrl + 4 ======= 400% view/display
ctrl + 5 ======= 500% view/display
ctrl + 7 ======= 75% view/display
ctrl + 0 ======= fit in window view/display
ctrl + 3 ======= define (text) style
ctrl + u ======= file & stroke setup window/option
alt + ctrl + f ======= display/view frame (option)
ctrl + } ======= object/text bring to front
ctrl + { ======= object/text send to back
ctrl + shift + } ======= object/text send backward
ctrl + shift + { ======= object/text bring forward
ctrl + shift ======= alignment (object) view/display
ctrl + alt + e/t + e ======= wrap (text)
ctrl + g ======= group (text/object)
ctrl + shift + g ======= un-group (text/object)
ctrl + 6 ======= mask (text/object)
ctrl + shift + 6 ======= unmask (text/object)
ctrl + l ======= lock (text/object)
alt + ctrl + l ======= unlock (text/object)
ctrl + f ======= find/search (text)
ctrl + h ======= change/modify
ctrl + l ======= spelling find/check
ctrl + y ======= index access/entry
ctrl + r ======= ruler (show/hide)
ctrl + j ======= color panel (show/hide)

Photos from IT- Computer Knowledgs Center's post 19/12/2022

💻ကွန်ပျုတာ Windows တွေမှာ အသုံးများတဲ့ Shortcut လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ မသိသေးတဲ့သူတွေအတွက်လဲမျှဝေပြီးသားဖြစ်အောင် Shareလုပ်ပေးကြပါအုံးခင်ဗျာ။



#မူရင်းpostပိုင်ရှင်အားလေးစားဖြင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

Want your business to be the top-listed Computer & Electronics Service in Yagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yagon

Opening Hours

Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00