KKK Brick Manufacturing
အုတ်မှာ အကောင်းဆုံး ကေသုံးလုံး (K.K.K Brick)
Hello.... မတ္တရာဘက်မှာ အလုပ်တွေ နားထားလို့ page မှာ ကြော်ငြာ မတင်တာကြာနေပါပြီ... ခုက မန္တလေးမှာ AP2ဆိုတဲ့ စက်အုတ်လေး ထုတ်လုပ်နေပါတယ်... မိတ်ဟောင်းမိတ်သစ် အမျိုးများ အားလုံး ဝယ်ယူ အားပေးနိုင်ပါတယ်ရှင့်... ဝယ်ယူအားပေးကြသော customer များ အားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်...
☎️ 09787117800 / 09402018116 ဖုန်းများသို့ ဆက်သွယ်မှာယူနိုင်ပါတယ် ရှင့်... 🫰
30/04/2024
မြန်မာပြည်လို ဒေသအပူချိန် အရမ်းပြင်းတဲ့နိုင်ငံမျိုးမှာ
အိမ်ဆောက်ကျတဲ့အခါ အပြင်နံရံ အုတ်ရိုးတွေကို
1. Cavity Wall
2. 9” Thick Brick Wall (၉” အုတ်ရိုး)
စတဲ့ ပုံစံမျိုး လုပ်ပေးနိုင်မယ်ဆိုရင် အခုလို အပူချိန် အရမ်းပြင်းတဲ့ အချိန်မျိုးမှာဆိုရင် ပြင်ပ အပူချိန်ကို သိသိသာသာ လျော့ချပေးနိုင်ပါမယ်
လွှတ်လပ်ရေးရပြီးစ တည်ဆောက်ခဲ့ကြတဲ့ အဆောက်အဦးတွေနဲ့ 𝟏𝟗𝟖𝟎 ဝန်းကျင်မှာ တည်ဆောက်ခဲ့ကြတဲ့ အဆောက်အဦးတွေထဲကို ဝင်ကြည့်လိုက်ရင် “အေးလိုက်တာ” ဆိုတဲ့ ခံစားချက်မျိုး ရသလိုဖြစ်ပါမယ်
သို့သော် ခေတ်ကာလ ဆောက်လုပ်ရေးပစ္စည်းစျေးတွေကြောင့် ကုန်ကျစရိတ် သင့်တင့်မျှတအောင် စဉ်းစားကြရင်းနဲ့ နောက်ပိုင်း အပြင်နံရံအုတ်ရိုးတွေက 𝟒.𝟓“ အုတ်ရိုးဖြစ်လာပြီး ပြင်ပအပူချိန် လိုတာထက် ပိုဝင်လာပြီး အပူများစွာ ခံစားရတော့ ကျန်းမာရေးဆိုတဲ့ ရှုထောင့်မှာ ထိခိုက်စေပါတယ်
𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐚𝐥 မှာ လူမှုနေထိုင်ရေး သင့်တင့်မျှတရမယ် ကျန်းမာရေးဆိုတဲ့ 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐁𝐚𝐥𝐚𝐧𝐜𝐞 ဖြစ်အောင်ဖန်တီးရမယ်ဆိုတာ ရှိထားပြီးသားမို့ အဆောက်အဦးတည်ဆောက်တဲ့အခါ ကျွမ်းကျင်တဲ့ ဗိသုကာပညာရှင် တည်ဆောက်ရေးပိုင်းဆိုင်ရာ အင်ဂျင်နီယာများနဲ့ ဆွေးနွေးတိုင်ပင်ပြီး တည်ဆောက်နိုင်မယ်ဆိုရင် 𝐂𝐨𝐬𝐭 𝐒𝐚𝐯𝐞, 𝐋𝐢𝐟𝐞 𝐁𝐚𝐥𝐚𝐧𝐜𝐞 ,𝐌𝐨𝐝𝐞𝐫𝐧𝐢𝐳𝐞𝐝 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 ဖြစ်တဲ့ အဆောက်အဦးမျိုး ရရှိစေမှာ အမှန်ပါ
နောက်ပိုင်းတွေ ကျတော်တို့နဲ့ ဆက်သွယ်တည်ဆောက်မဲ့ အိမ်ရှင်တွေကို 𝐄𝐱𝐭𝐞𝐫𝐢𝐨𝐫 𝐖𝐚𝐥𝐥 တွေကို (𝟗“) စီဖို့ အကြံပြုသွားပါမယ်
13/04/2024
မြန်မာတို့ရဲ့ နှစ်သစ်ကူး မဟာသင်္ကြန် အတာရေသဘင် ကာလအချိန်မှစ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်အတူ အောင်မြင်မှု့တွေ ဆထက်ထမ်းပိုး ပိုင်ဆိုင်နိုင်ကြပါစေလို့ ကေသုံးလုံး (K.K.K) အုတ်လုပ်ငန်း မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏🙏🙏
*K_Brick
📱09787117800
10/02/2024
🐲 🐉🧨 Happy Chinese New Year 2024 🐲 🐉🧨
新年快乐 , 𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 🐉🧧🎉
ကံကောင်းခြင်းတွေ ယူဆောင်လာမည်လို့ ယုံကြည်ရတဲ့ နဂါးနှစ် တရုတ်နှစ်ကူးလေးမှ အားလုံးကို ကျန်းမာ ချမ်းသာ စိတ်ရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း တရုတ်နှစ်သစ်ကူးနေ့လေးကို ကြိုဆိုလိုက်ရပါတယ်ခင်ဗျာ ... 😇✨🤲🏻
🐉🧧✨ Let’s RING IN the CHINESE NEW YEAR for prosperity and exciting adventures as we RISE TO GREATNESS in the Year of the Dragon 🐲
25/12/2022
Marry Christmas to you all... 🎄🎊☃️
12/07/2022
🌕ဝါဆိုလပြည့် ❝ ဓမ္မစကြာအခါတော်နေ့ ❞ 🌕
မြန်မာသက္ကရာဇ်(၁၃၈၄)ခုနှစ်၊ ဝါဆိုလပြည့် (၁၅)ရက်နေ့ (ဓမ္မာစကြာအခါတော်နေ့)မှာ "ကေသုံးလုံး (K.K.K) အုတ်လုပ်ငန်း" ကို ဝယ်ယူအားပေးကြသော customer များနှင့်တကွ၊ ဆွေမျိုးမိတ်ဆွေများ အားလုံး ဘေးရန်အပေါင်းကင်းဝေးပြီးစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
🙏🙏🙏
29/05/2022
စီးပွါးရေးလုပ်တဲ့ ရည်ရွည်ချက်က
“ပျော်ဖို့”။
စျေးရောင်းကောင်းရင်ပျော်မယ်။
အမြတ်ငွေရရင် ပျော်မယ်။
တိုးတက်မှုရှိရင် ပျော်မယ်။
လူတွေ ကိုယ့်လုပ်ငန်းကိုချစ်ရင် ပျော်မယ်။
ကိုယ့်လုပ်ငန်းကြောင့် လူတွေ
မတူညီတဲ့ အတွေ့အကြုံတွေ
ရသွားရင်ပျော်မယ်။
ကိုယ်လုပ်ချင်တဲ့အပိုင်းကိုပဲလုပ်ပြီး
တချို့အပိုင်းတွေကို လက်လွဲလို့ရရင်
ပျော်မယ်။
အလုပ်လုပ်နေပြီး နေ့စဉ်နဲ့အမျှ
စိတ်ဆင်းရဲနေရရင် တစ်ခုခုတော့မှားနေပြီ။
လုပ်ငန်းလုပ်တဲ့
အဓိကရည်ရွယ်ချက်ဆိုတာ
ပျော်ဖို့ဆိုတာ မမေ့ပါနဲ့။
Phyo Paing @ Derek
15/01/2022
ကျေးဇူးရှင် ဖခင်ကြီး (ဦးကျော်အေး)အား ရည်စူး၍ မိခင်ကြီး ဒေါ်ခင်ဝင်း ကေသုံးလုံး (K.K.K) အုတ်လုပ်ငန်း နှင့် ပေါင်းသကြားစက်၊ မိသားစုမှ မန္တလေးမြို့၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ကျောင်းတော်ကြီးပြုပြင်ရွှေချရန် အတွက် (၃၀၀၀၀၀) သုံးသိန်းကျပ်တိတိ လှူဒါန်းခဲ့ပါသည်။
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ... နတ်၊ လူ သာဓုခေါ်စေသော်ဝ်။ 🙏🙏🙏
*K_Brick
01/01/2022
2022 ခုနှစ် နှစ်ဦး မင်္ဂလာ ဆုတောင်းလွှာ 🙏🙏🙏
17/11/2021
ယခု ~ လာမည့် တန်ဆောင်မုန်း လပြည့်၏ ဆေးပေါင်းခ ချိန်သည် ၈နာရီ ၄၆ မိနစ် ၃၅ စက္ကန့် ဖြစ်ပါသည်။
အလွန် ထူးခြား၍ ရှားပါးသော (Super moon )လပြည့်လည်း ဖြစ်ပါသည်။ ၁၉၄၈တွင် တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး နှစ် (၇၀)ကျော်ကြာ မှတစ်ကြိမ် ထပ်မံကြုံခွင့်ရှိသော Super Moon ဖြစ်ပါသည်။ လ ဟာ ကမ္ဘာနဲ့အနီးဆုံးအနေအထားမှာ ရှိနေမှာ ဖြစ်တဲ့အတွက် အဆမတန်ကြီးမားတဲ့ လပြည့် ကြီးကို မြင်တွေ့ရမှာပါ။
ယခု မမြင် လိုက်ရ ဘူးဆိုရင် နောက် လာမည့် ၂၀၃၄ နိုဝင်ဘာ ၂၅ မှ ထပ်မြင် ရမှာပါ။
17/08/2021
ခု မန္တလေး lockdown စည်းကမ်းဖတ်ရင်း မရှင်းတာက တည်ဆဲဥပဒေဖြင့် အရေးယူမယ်ဆိုတဲ့စာသားဗျ။ ဒါနဲ့ ဌာနဆိုင်ရာက မိတ်ဆွေတွေဆီ အပူကပ်မေးမြန်းကြည့်တော့ တော်တော်လန့်ဖို့ကောင်းတယ်။
သဘာဝဘေးနဲ့ အမှုဖွင့်တာဗျ... ထောင်၆လထိ ချလို့ရတဲ့ဥပဒေကြီး...
အစက ထင်တာက ထုတ်ပြန်သည့်စည်းမျဉ်းများကို မလိုက်နာတဲ့ ဥပဒေ နည်းဥပဒေထင်ပြီး ကျနော်လည်း ခပ်ပေါ့ပေါ့ပဲ သွားလာ ဆိုင်က ကားသမားလည်း အပြင်လွှတ်တာပဲ...
ဖြစ်တော့လည်း ဒဏ်ငွေဆောင်၊ ခံဝန်ထိုး၊ စခန်းပါသွားလည်း အာမခံနဲ့ နေ့ချင်းပြီးထုတ် ဒီလောက်ပဲ ထင်ထားတာ... အဖမ်းခံရတဲ့သူတွေ သတင်းကြားတာနဲ့ သေချာလိုက်မေးမိတာ...
ခုကျမှ အတိအကျသိတော့တယ်။
မန္တလေးက မိတ်ဆွေတွေ ဂရုစိုက်ကြဗျို့... ဘာမှ မဖြစ်ရင် ဘာမှမဖြစ်ဘူး... ဖြစ်ရင်လည်း ဘယ်သူမှ မကယ်နိုင်ဘူးဆိုတာ ဒီလိုအချိန်ပဲဗျ။
28/06/2021
#တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ
ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။
၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5°C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲ
ရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။
၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။
၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37° C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။
၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။
၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။
၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်
ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။
ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။
👉အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ။
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ။
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ။
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ။
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ။
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ။
မိဘပြည်သူများ အထူး ဂရုစိုက်ကြပါ။
ျှဝေပါသည်
*K_Brick
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Madaya