THE PLATFORM
We Build The Ground Brands Stand On.
17/04/2026
ဤနှစ်သစ်မှစ
ပိတောက်လို လန်းဆန်း၊
ရွှေရင်အေးလို အေးမြ၊
မုန့်လုံးရေပေါ်လိုပျော်ရွှင်ပြီး
အတာအိုးလေးလို
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ။
THE PLATFORM 2026
သက်ဝင်လှုပ်ရှား။
ခိုင်မာတည်ငြိမ်။
IN MOTION.
STILL GROUNDED.
THE PLATFORM 2026.
15/02/2026
A NEW GROUND.
Form. Color. Type. Structure.
Built to work as one.
Built to hold weight.
THE PLATFORM 2026.
14/02/2026
THE PLATFORM 2026.
A Strategic Foundation for the Visionary.
Beside you.
Around you.
Beneath you.
THE PLATFORM 2026.
အမြင်ထူးအတွက် အခြေခံခိုင်တဲ့ဗျူဟာ။
အနားမှာရှာ။
ဝန်းကျင်မှာရှာ။
ရပ်နေတဲ့မြေပေါ်မှာ ရှာ။
13/02/2026
Elevate the VISION. Perspective changes everything.
အမြင်ကို မြှင့်တင်ပါ။အမြင်ပြောင်းရင် အရာအားလုံး ပြောင်းလဲပါတယ်။
12/02/2026
SOLID GROUND is the first step. Nothing rises without ground.
ခိုင်မာတဲ့အခြေခံကနေ စတင်ပါ။ အခြေခံမရှိရင် မမြင့်တက်နိုင်ပါဘူး။
11/02/2026
Who is actually seeing YOU?
သင့်ကို တကယ်မြင်သွားမယ့်သူက.. ?
09/01/2026
Good products fail when their packaging looks untrustworthy.
ထုတ်ကုန်ကောင်းတစ်ခုဟာ Packaging က ယုံကြည်မှုမပေးနိုင်ရင် မအောင်မြင်နိုင်ပါဘူး။
Skin’s Miracles အတွက် ဒီ packaging design series ကို လှအောင်လုပ်ဖို့သက်သက်မဟုတ်ဘဲ လျော့တိလျော့ရဲဖြစ်နေတဲ့ Brand ယုံကြည်မှုနဲ့ အရည်အသွေးကိုမြှင့်တင်ဖို့အတွက် ဒီဇိုင်းဆွဲခဲ့ပါတယ်။
Ingredient အပေါ်အခြေခံထားတဲ့ ရှင်းလင်းတဲ့ Visual System Consistency နဲ့ Illustration Quality တွေကို တည်ဆောက်ပြီး မှေးမှိန်နေတဲ့ Product Design တွေကို ကောင်းမွန်ခိုင်မာတဲ့ Cohesive Brand Experience အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။
ရလဒ်ကတော့ —
• Shelf ပေါ်မှာ ယုံကြည်မှု ပိုမိုမြင်သာလာတယ်၊
• Quality ကို ပထမမြင်ကွင်းမှာပဲ ခံစားရစေတယ်၊
• စျေးနှုန်းမြှင့်တင်နိုင်တဲ့ Brand အဆင့်ကို ရောက်လာစေပါတယ်။
Design ဆိုတာ အလှဆင်တာမဟုတ်ပါဘူး။
Brand ကို လူတွေ ဘယ်လိုမြင်မလဲ ဆိုတာကို ထိန်းချုပ်ပေးတဲ့ Quality Control တစ်ခုပါပဲ။
Packaging that looks cheap lowers trust.
Design that’s intentional builds value.
— The Platform
Elevated ground for brands ready to stand higher.
17/09/2024
ကျွန်တော်တို့ Designer တွေက ဒီလောကထဲစရောက်တဲ့အခါ Latin Typeface တွေရဲ့ Anatomy ကိုပဲ စံထားပြီးလေ့လာခဲ့ရပေမယ့် မူလ အခြေခံဖြစ်တဲ့ မြန်မာဘာသာရဲ့ စာလုံးတည်ဆောက်ပုံတွေကို လေ့လာဖို့ခက်ခဲခဲ့ပါတယ်။ အခုလို စံအနေနဲ့သတ်မှတ်လို့ရတဲ့ မြန်မာစာလုံးတွေကို အသေးစိတ်ခွဲခြမ်း စိတ်ဖြာထားတာကို အခြေခံကနေ စလေ့လာနိုင်ပြီဖြစ်ပါတယ်။
Myanmar Type Anatomy
ကျနော်တို့ ဖောင့်တွေဖန်တီးရင်းနဲ့ တစ်ဖက်က Myanmar Typography နဲ့ပတ်သက်တာလေးတွေလဲ လေ့လာဖြစ်ပါတယ်၊ ခုဟာကတော့ typography ထဲကမှ အခြေခံဖြစ်တဲ့ Type Anatomy (မြန်မာလိုဆိုရင်တော့ အက္ခရာခန္ဓာဗေဒ လို့ပြောရမယ်ထင်ပါတယ်) တွေနဲ့ပတ်သက်တာလေးပါ၊ typeface တွေကို ဖန်တီးဖို့၊ အမျိုးစားခွဲဖို့၊ အသုံးပြုဖို့ စတဲ့အရာတွေအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်၊ ခုပုံပါ အချက်လက်တွေကတော့ အခြေခံနဲ့ အသုံးများမယ့်ဟာလေးတွေကို ဦးစားပေးဖော်ပြထာပါတယ်၊ ပိုပြီးအသေးစိတ်ရမယ့်အပိုင်းလေးတွေတော့ကျန်ပါသေးတယ်၊ မြန်မာလိုအမည်တွေကတော့ အားလုံးနီးပါရှိပြီးသာဖြစ်ပြီး အတိုင်းတာတစ်ခုထိအဆင်ပြေတာမို့ Eng အမည်ကိုပဲ ဦးစားပေးလုပ်ဖြစ်ပါတယ်၊ ရေးဆွဲရာမှာကော အသုံးပြုတဲ့နေရာမှာပါ သတိထားရမယ့် အစိတ်ပိုင်းတွေကို သေချာခွဲထားပါတယ်၊ နောက် အမည်ပေးတဲ့နေရာမှာလဲ လွယ်လွယ်ကူကူနဲ့ သိပ်မစိမ်းတဲ့အမည်မျိုးတွေ ဦးစားပေးထားပါတယ်၊ Latin Typography ရဲ့လွှမ်းမိုးမှုကတော့ အားလုံးနီးပါးမှာရှိတာမို့ စပ်စပ်မှုရှိအောင်လဲ ပေးထားပါတယ်၊ Eng အမည်တွေပေးရတာတော့ အတော်လေးခက်ပါတယ် သက်ဆိုင်ရာ အဓိပ္ပါယ်တွေကိုသိဖို့လိုတဲ့အပြင် နယ်ပယ်အလိုက် အသုံးပြုမှုတွေကိုလဲသိဖို့လိုပါတယ်၊ အဲ့အပိုင်းတွေမှာ ကျနော်သိချင်သမျှ မေးသမျှတွေကို စိတ်ရှည်လက်ရှည်ဖြေပေးပြီး အစစအရာရာကူညီပေးခဲ့တဲ့ မြန်မာအပါအဝင် အာရှ typeface တွေကို ကျွမ်းကျင်စွာဖန်တီးနိုင်တဲ့ Ben Mitchell ကိုလဲ အထူးကျေးဇူးတင်ပါတယ် 🙏။ Myanmar Typography တွေစနစ်တကျပေါ်လာစေဖို့ ခြေလှမ်းတစ်လှမ်းစာလေး စလှမ်းကြည့်တဲ့သဘောပါ၊ ပြည့်စုံဖို့ဆိုတာကတော့ ခရီးရှည်ကြီးပါပဲ ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာတော့ မသိနိုင်ပါဘူး နောက်ဆက်လုပ်နိုင်မယ့်သူတွေအတွက် အတိုင်းတာတစ်ခုထိအထောက်ကူဖြစ်ရင်ပဲ ကျေနပ်ပါပြီ။ လိုအပ်တာများရှိရင်လဲ ဝေဖန်အကြံပြုနိုင်ပါတယ်ခဗျ။
အားလုံးပဲအဆင်ပြေကြပါစေခဗျာ 🙏
#မြန်မာဖောင့်
04/07/2024
မင်္ဂလာပါ။
ကျွန်တော်တို့ရဲ့နောက်ထပ် ပရောဂျက်အသစ်တစ်ခုဖြစ်တဲ့ “𝐇𝐥𝐚𝐩𝐚 𝐒𝐭𝐮𝐝𝐢𝐨” အတွက် လိုဂိုဒီဇိုင်းအသစ်ကို ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။
“𝐇𝐥𝐚𝐩𝐚 𝐒𝐭𝐮𝐝𝐢𝐨” မှာ သဘာဝအတိုင်းရှိပြီးသား အလှတရားတွေကို ပိုမိုပေါ်လွင်အောင် လိမ်းကျံချယ်သပေးနိုင်ရုံသာမက 𝐖𝐨𝐦𝐞𝐧 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 ကို မြှင့်တင်ပေးနိုင်တဲ့ သက်မွေးသင်တန်းကျောင်းတွေကိုပါ အကျိုးအမြတ်မယူဘဲ ဖွင့်လှစ်ပေးသွားမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ အခွင့်အလှမ်းတွေ မလွတ်သွားရအောင် ဆက်လက် စောင့်မျှော်ကြည့်ရှုပေးသွားဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။
𝐋𝐨𝐠𝐨 𝐃𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧:
The Hlapa Studio logo features bold and elegant letters "H," "L," "A," and "P." The "A" is uniquely designed with a woman's silhouette, emphasizing the studio's focus on beauty and femininity. The thick, serif lines convey strength and sophistication.
𝐓𝐲𝐩𝐨𝐠𝐫𝐚𝐩𝐡𝐲:
Font Family: Moglite, a modern serif font that combines elegance with a contemporary feel, perfectly representing the studio's commitment to sophisticated beauty services.
𝐂𝐨𝐥𝐨𝐫 𝐏𝐚𝐥𝐞𝐭𝐭𝐞:
Pastel Avocado Green: Represents tranquility and renewal, creating a soothing and inviting atmosphere.
Dark Green: Adds a touch of stability and growth, reflecting the studio's solid reputation and professional growth.
𝐒𝐜𝐨𝐩𝐞 𝐨𝐟 𝐖𝐨𝐫𝐤:
We designed a distinctive logo, created detailed logo guidelines, and crafted an appealing Facebook cover. Additionally, we made professional business cards and custom membership cards for loyal clients. To enrich the brand’s visual identity, we developed custom illustrations.
𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫: 𝐇𝐨𝐤𝐢𝐞 𝐎𝐨
𝐃𝐚𝐭𝐞: 𝐌𝐚𝐲 𝟐𝟎𝟐𝟒
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon