GLOSS
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GLOSS, Auto Detailing Service, 37th Street, Between 75th&76th Street, Mandalay.
07/09/2024
မင်္ဂလာပါဗျ
ကျွန်တော်တို့Glossဆိုင်လေးနေရာအခြေနေကြောင့်
ခေတ္တပိတ်ထားရပေမယ့်Glossရဲ့အမာခံcustomerလူကြီးမင်းတို့အတွက် Home service လေးနဲ့ပြန်လာပါပီဗျ
လက်ရှိHome service ဆောင်ရွက်ပေးနေတာလေးတေကတော့
🔺Premium Polish
🔺Coating
🔺PPF (Paint production film)
👏လူကြီးမင်းတို့ရဲ့အဖိုးတန်ကားများကို
မအားလပ်၍ဆိုင်ကိုမပို့နိုင်ခဲ့သည်ရှိသော်
ကျွန်တော်တို့Glossရဲ့အိမ်အရောက်(home service)လေးကိုသတိရလိုက်ပါဗျ
👏Home serviceရဲ့အဓိကအားသာချက်ကတော့ လူကြီးမင်းတို့ရဲ့အဖိုးတန်ကားများကို လူကြီးမင်းတို့မျက်စိရှေ့မှာတင်စနစ်တကျဆောင်ရွက်ပေးတာဖြစ်လို့ လူကြီးမင်းတို့ရဲ့အဖိုးတန်ကားများအတွက်စိတ်အချရဆုံးပဲဖြစ်ပါတယ်ဗျ
👏Gloss ရဲ့လူကြိုက်အများဆုံးရေဆေးserviceလေးလဲမကြာမှီhome serviceရတော့မှာဖြစ်တဲ့တွက်ကြောင့် ကျွန်တော်တို့ရဲ့Glossလေးကို အရင်လိုပဲဆက်လက်အားပေးကြပါဦးဗျ
Glossရဲ့ထမင်းရှင်customerလူကြီးမင်းများအားအစဉ်ကျေးဇူးတင်လျက်🙇♂️🙇♀️
📞 09777792023
25/10/2023
17/10/2022
‘What do you want to make your bike to look beautiful?’
Shop Address:37st bt 75 x 76 ,Mandalay
Phone Number:09777792023 , 09777744375
17/10/2022
ကားတွေညစ်ပတ်နေတာ မဟုတ်ပါဘူး
GLOSS ကို မလာရသေးလို့ပါ💦😍
Shop Address:37st bt 75 x 76 ,Mandalay
Phone Number:09777792023 ,09777744375
17/10/2022
အပူဒဏ်နဲ့စပ်စပ်စုစု အကြည့်တွေကို မခံနိုင်ဘူးလား
Window Film ကပ်ထားလိုက်ပါ😍
Shop Address: 37st bt 75 x 76 ,Mandalay.
Ph No: 09777792023, 09777744375
17/10/2022
Service -Polish & Coating (1 Year )
Used By- IGl
Coating - EZ
Shop
Location -37st bt 75 & 76, mandalay
Phone _09 777792023 - 09 777744375
17/10/2022
INTERIOR DETAILING SERVICE
Car Interior Detailing (ကားအတွင်းခန်းသန့်ရှင်းခြင်း)
Car Interior Detailing ဆိုတာကတော့ ကားအတွင်းခန်းမှာရှိတဲ့ လယ်သာ၊Plastic ၊ Vinyl ၊ Carbon Fiber တွေနဲ့ ရှန်မွိုင်းသား စတာတွေကို အသေးစိတ်သန့်ရှင်းရေးလုပ်တာဖြစ်ပါတယ်။
ကားအတွင်းခန်းသန့်ရှင်းခြင်းမှာ အဓိကလုပ်ပေးတဲ့ Process တွေကတော့
• Vacuuming (ဖုန်စုတ်သန့်စင်ခြင်း)
ဖုန်စုတ်သန့်စင်ခြင်းကတော့ ကားအတွင်းခန်းသန့်ရှင်းခြင်းမှာ ပထမဆုံးအဆင့်ဖြစ်ပါတယ်၊
ကားထိုင်ခုံတွေ၊ ခေါင်းခန်း၊ နောက်ခန်း၊ မျက်နှာကျက်၊ နောက်ဖုံးများစတဲ့ အတွင်းခန်းတွေကို သန့်ရှင်းတာဖြစ်ပါတယ်။ ဖုန်စုတ်လို့အဆင်မပြေတဲ့နေရာတွေကို air compressor သုံးပြီးမှုတ်ထုတ်တာဖြစ်ပါတယ်။
• Brushing and steam cleaning
Brushing and steam cleaning မှာတော့ ကားအတွင်းခန်းမှာ ခင်းထားတဲ့ ကော်ဇောတွေ၊ခြေနင်းပြားတွေကိုသန့်ရှင်းတာဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှဖြစ်လာသော အစွန်းအထင်းများနှင့်အပြစ်အနာအဆာများကိုဖယ်ရှားရန်အသေးစိတ်သန့်စင်ဆေးကြောခြင်းများလုပ်ခြင်း၊ ကားအတွင်းရှိကော်ဇောများကို မှိုများမတက်စေရန်အတွက် ရေနွေးငွေ့ဖြင့် သန့်ရှင်းပြီး အခြောက်ခံခြင်းများ ပြုလုပ်ပါတယ်။
• Glass cleaning ( မှန်များကို သန့်စင်ခြင်း)
Glass Cleaner ကိုအသုံးပြုပြီး ကားတွင်ရှိသော မှန်များအားလုံးကို အသေးစိတ်သန့်စင်တိုက်ချွတ်ခြင်း။
• Leather cleaning
လယ်သာများကို leather soap, leather cleaner, and saddle soap စတာတွေကို အသုံးပြုပြီးတော့ အသေးစိတ်သန့်စင်ခြင်း။ သန့်စင်ပြီးအခြောက်ခံထားသော လယ်သာများကို တောက်ပြောင်လာစေရန် လယ်သာများအတွက်အထူးပြုလုပ်ထားသော Conditioner ကိုအသုံးပြုပြီးသန့်ရှင်းခြင်းများပြုလုပ်ပါသည်။
• Re-vacuuming and wiping (ပြန်လည်ဖုန်စုတ်သန့်စင်ခြင်းနှင့် သုတ်ခြင်း)
ပြန်လည်ဖုန်စုတ်သန့်စင်ခြင်းကလည်း ဖုန်စုတ်ခြင်းလိုဘဲ အရေးကြီးပါတယ်။ ရှေ့ကသန့်ရှင်းရေးတွေလုပ်ထားတုန်းကကျန်နေတဲ့ အစအနတွေကို ထပ်ပြီးသန့်ရှင်းရပါတယ်။
ကား Dashboard နဲ့ မှန်တွေကို cleaning detergent သုံးပြီးထပ်မံသန်ရှင်းရေးလုပ်ရပါတယ်။
• Perfuming (ရေမွှေးဖြန်းခြင်း)
ကားအတွင်းပိုင်းတခုလုံးကို အသေးစိတ်သန့်ရှင်းရေးလုပ်ပြီးသော အခါတွင် ကားအတွင်း အနံ့အသက်ကောင်းစေရန်အတွက် ရေမွှေးဖြန်းခြင်းကိုပြုလုပ်ပေးရပါတယ်။
• Prevent excess wear and tear
မိတ်ဆွေရဲ့ကားကို ပုံမှန် အတွင်းခန်းသန့်ရှင်းခြင်းမလုပ်ပါက ဆိုတာကတော့ ကားအတွင်းခန်းမှာရှိတဲ့ လယ်သာ၊Plastic ၊ Vinyl ၊ Carbon Fiber တွေနဲ့ ရှန်မွိုင်းသားစတာတွေက ညစ်ပေတာ၊ အရောင်ကျလာတာ၊ စုတ်ပြဲတာ၊ အက်ကွဲတာတွေဖြစ်လာနိုင်ပါတယ်။
Car Interior Cleaning or Detailing (ကားအတွင်းခန်းသန့်ရှင်းခြင်း)ကို ပုံမှန်လုပ်ခြင်းအားဖြင့် ကားအတွင်းမှာရှိတဲ့ ပစ္စည်းတွေရဲ့ Quality ကိုမကျအောင်အကောင်ဆုံးထိန်းသိမ်းနိုင်ပါတယ်။
• Avoid health issues
ကားမောင်းပြီဆိုတာနဲ့ အလုံပိတ်အခန်းတစ်ခုထဲမှာ ထိုင်နေရသလိုပါဘဲ။ ကားအတွင်းခန်းက ဖုန်တွေ၊ အညစ်အကြေးတွေများနေမယ်ဆိုရင် အသက်ရှုူလမ်းကြောင်းနဲ့ ပက်သက်တဲ့ရောဂါအခံရှိတဲ့သူတွေ၊ Allergies တွေဖြစ်တတ်တဲ့ သူတွေအတွက် အဆင်မပြေဖြစ်နိုင်ပါတယ်။. ကားအတွင်းခန်းသန့်ရှင်းခြင်းက အတွင်းခန်းထဲမှာရှိတဲ့ ဖုန်တွေ၊ အညစ်အကြေးတွေ စတာတွေကို အသေးစိတ်ရှင်းလင်းပေးတဲ့အတွက်ကြောင့် ကျန်းမာရေးရှူ့ထောင့်အနေနဲ့ လုပ်သင့်တဲ့ထဲမှာပါပါတယ်။
• Stain removal and prevention
ကားအတွင်းခန်းထဲမှာရှိတဲ့ လယ်သာ၊Plastic ၊ Vinyl ၊ Carbon Fiber တွေနဲ့ ရှန်မွိုင်းသားစတာတွေက အချိန်ကြာလာတဲ့ အခါမှာ စွန်းထင်းတာတွေ၊ ပေကြံတာတွေဖြစ်တတ်ပါတယ်။ ကားအတွင်းခန်းကို ပုံမှန်အသေးစိတ်သန့်ရှင်းရေးလုပ်ခြင်းဖြင့် ရေရှည်မှာ အတွင်းခန်းကို ဒုက္ခပေးနိုင်တဲ့ အစွန်းအထင်းတွေကို ပျောက်စေနိုင်ပြီးတော့ အစွန်းအထင်းများ ဖြစ်စေတဲ့ ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
• ရာသီဥတုဒဏ်မှကာကွယ်ပေးန်ိုင်ခြင်း
Mandalay လိုမျိုးအပူပိုင်းဒေသတွေမှာ နေရောင်အရမ်းပြင်းထန်တဲ့အတွက် ကားအတွင်းရှိ လယ်သာများ၊
ထိုင်ခုံများ၊ Dashboard များ ကွဲအက်တာတွေ၊ အက်ကြောင်းလိုက်တာတွေရှိတတ်ပါတယ်။ မိုးတွင်းနဲ့ ဆောင်းတွင်းတွေမှာလည်း စိုထိုင်းဆတွေများတဲ့အတွက် ကားအတွင်းခန်းမှာ မှိုစွဲတာတွေဖြစ်တတ်ပါတယ်။
ကားအတွင်းခန်းကို ပုံမှန်အသေးစိတ်သန့်ရှင်းရေးလုပ်ခြင်းဖြင့် ရာသီဥတုဒဏ်ကြောင့် ထိခိုက်ပျက်စီးတာတွေကိုလည်း အကောင်းဆုံးလျှော့ချပေးနိုင်ပါတယ်။
• Eliminate odor
ကားအတွင်းခန်းများကို အသေးစိတ် Detail သန့်ရှင်းရေးလုပ်ခြင်းအားဖြင့် ကားတွင်ရှိနေသော အနံ့ဆိုးများကို ဖယ်ရှားပေးနိုင်ပါသည်။ Car Interior Cleaning or Detailing ရဲ့ နောက်ဆုံး Process ဖြစ်တဲ့ ရေမွှေးဖြန်းခြင်းကလည်း ကားရဲ့ အနံ့ အသက်ကို ကောင်းမွန်စေပါတယ်။
• Retain vehicle’s value
ကိုယ်ရဲ့ ကားကို နောင်အနာဂတ်မှာ ပြန်ရောင်းတဲ့ အခါမှာ ပုံမှန် Car Interior Cleaning or Detailing လုပ်ထားတဲ့ကားက ဝယ်သူတွေပို အကြိုက်တွေ့စေနိုင်ပြီးတော့ ဈေးပိုရနိုင်ပါတယ်။
Shop Address:37st bt 75 x 76 ,Mandalay
Phone Number:09777792023 ,09777744375
Detailing service
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
37th Street, Between 75th&76th Street
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |