Spring Box Fashion Art
We always take care about the Inspiration of Your Grandness.
11/06/2026
အဝတ်အစားတစ်ထည်ကို ဝတ်လိုက်တဲ့အခါ ချက်ချင်း လန်းဆန်းသွားတာမျိုး၊
စိတ်အေးချမ်းပြီး တည်ငြိမ်သွားတာမျိုး ကြုံဖူးကြတယ်ဟုတ်...🤗🤍🤍🤍
ချည်သားစစ်စစ်တွေက အေးချမ်းခြင်း၊ စစ်မှန်ခြင်းနဲ့ ကိုယ်ခန္ဓာကို သက်တောင့်သက်သာအရှိဆုံး ဖြစ်စေပါတယ်...🫶🫶
စိတ်ပူလောင်တာတွေကို ဖယ်ရှားပေးပြီး နှလုံးသားကို တည်ငြိမ်စေတဲ့အတွက် ရှေးခေတ်ကတည်းက အရိုးရှင်းဆုံးနဲ့ အမြတ်နိုးဆုံး သုံးစွဲလာကြတဲ့ မိခင်ကမ္ဘာမြေပြင်ကြီးရဲ့ "နွေးထွေးဖြူစင်တဲ့ သက်ရှိစွမ်းအင်" တစ်ခုပါတဲ့🫠
ကြာပန်းလေးတွေကတော့ ရှင်းသန့်ခြင်း၊ လှပခြင်း၊ သီးသန့်ဖြစ်တည်မှုအလှတရားနဲ့အတူ အဆိုးအညစ်တွေကို ဖယ်ရှားပေးပြီး
ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတဲ့ မြင့်မြတ်တဲ့စွမ်းအင်အဖြစ် တန်ဖိုးထားကြတဲ့ ပန်းလေးပါ..🪷🪷🪷🪷
မင်မင့်အတွက်တော့ အရမ်းချစ်ရပြီး အနက်ရှိုင်းဆုံး တန်ဖိုးထားရတဲ့ အရာတွေ အကုန်လုံးကို
အချိန်ပေး ပေါင်းစပ်ဖန်တီးထားတဲ့ "ဝတ်ဆင်လို့ရတဲ့ အနုပညာ " လေးတစ်ခုပါပဲ..
မိမိကိုယ်ကိုယ် သေသေချာချာ ချစ်ပေးတတ်ပြီး ရင်ထဲမှာ အေးချမ်းတည်ငြိမ်တဲ့ သီးသန့်အလှတရားကို ပိုင်ဆိုင်ချင်တဲ့ မင်မင့်ရဲ့ ချစ်ရသူတွေအတွက်...
ဒီ စွမ်းအင်အပြည့်နဲ့ ကြာပန်းဝတ်စုံလေးကို ချစ်ခြင်းများစွာနဲ့ မင်မင်ထုတ်ပေးလိုက်ပါတယ်ရှင်..
M size ကနေ 2XL အထိ Instock ပါနော်
🤍🪷
#ချစ်ခြင်းဖြင့်သီဖွဲ့ #လက်ပန်းထိုးအနုပညာ #မြန်မာဝတ်စုံ
❤️🫠🤍 ချည်သားတွေပေါ်က အနုပညာတွေက ရင်ခုန်စိတ်လှုပ်ရှားမှုကိုပေးတာ #လက်ပန်းထိုးအနုပညာ #ချစ်ခြင်းဖြင့်သီဖွဲ့ #လက်မှုပန်းထိုး #မြန်မာဝတ်စုံ
10/06/2026
ချစ်သောတို့ရေ
မင်မင်က ဒီအထည်လေးတွေကို
မင်မင်တို့ ရိုးရာ ထုတ်ကုန်ဖြစ်တဲ့အင်းလေးချည် ကိုသုံးပြီးလဲထုတ်ပေးထားတယ်😍🌻
၁၀၀%ချည်သားစစ်စစ်ဖြစ်တဲ့ ယိုးဒယားချည်ကိုလဲသုံးပြီးထုတ်ပေးတယ်🌟🌟🌟
အင်းလေးချည်ကတော့ ပြည်တွင်းကနေ ေဒသခံ အင်းသူအင်းသားတွေ ကလူကိုယ်တိုင်ပါ၀င်အားဖြည့်ပြီး လူအင်အားနဲ့ စက်အင်အားနဲ့ ရောပြီး
မိရိုးဖလာ ယက်က္ကန်းတွေကနေထုတ်ရတာဖြစ်လို့အလုံးစုံချောမွေ့တဲ့ကုန်ကြမ်း မဟုတ်ပါဘူး ရှင် ဒါပေမယ့်
အင်းထဲက ရွာတွေရဲ့အဓိကလုပ်ငန်းဖြစ်ပြီး ယက္ကန်းစင်တစ်ခု ချည်ထည်တစ်အုပ်မှာ ဆို တစ်မိသားစုလုံးပါ၀င်လုပ်အားဖြည့်ရတဲ့ ကုန်ကြမ်းလေးတွေပါ
အင်းချည်နဲ့ ထုတ်ထားတဲ့ ဒီ၀တ်စုံလေးပုဝါလေးတစ်set လုံးကိုမှ 120000 ကျပ်ပါရှင့်..
အလားတူ ချည်သားကြိုက်တယ် ပွဲတက်လေးကိုလဲ လှလှပပ error မရှိတဲ့ချည်သားလေး သံုးချင်တာဆိုတဲ့ မမတွေအတွက်လဲ
မင်မင်တို့ ယိုးဒယားဖြစ်ချည်ထည်လေးကိုလဲသုံးပေးထားပါတယ် သူကတော့ ၀တ်စုံလေးပုဝါလေးတစ်set လုံးကို 140000 ကျပ်ပါရှင် ..
စက်ပစ္စည်းတွေအများကြီးနဲ့ အရာရာထုတ်လုတ်နေတဲ့ခေတ်မှာ အရာအားလုံးကို ချစ်မြတ်နိုးမှု ခံစားချက်တွေနဲ့ထုတ်ထားတဲ့အထည်လေးတွေဆိုတာကိုတော့ မင့်မင့်အထည်တွေမြင်တာနဲ့ အများကြိးဖော်ပြစရာမလိုပဲ ခံစားမိမှာာပါ ...
ကိုယ့်ဆိုဒ်လေးနဲ့ order လေးတင်လို့ရပါပြီနော်
#လက်ပန်းထိုးအနုပညာ #ချစ်ခြင်းဖြင့်သီဖွဲ့ #လက်မှုပန်းထိုး #မြန်မာဝတ်စုံ
10/06/2026
Morning ခ 😍🫠🌻🌻🌻
မြင်မြင်သူအသဲမှာ စွဲလို့မူး 🫠😍🩷 #ချစ်ခြင်းဖြင့်သီဖွဲ့ #လက်ပန်းထိုးအနုပညာ #အင်းလေးချည် #ရွှေညာသူ
09/06/2026
ချည်စစ်စစ်လေးရဲ့အရသာရယ်
ဝတိရတာ သက်သောင့်သက်သာနဲ့ တည်ငြိမ်ပြီး ကျက်သရေရှိတဲ့အလှကိုပေးနိုင်တာရယ်
တယုတယထိုးပြီး ဖန်တီးရတဲ့ လက်မှုပညာရယ်
မြန်မာ့တွေရဲ့ ရင်ဖုံးလေးရယါ
ဘယ်လိုပြောရမလဲ
သူ့အရသာက
အဆာပလာမများတဲ့ အမေ့လက်ရာ
တောဟင်းခွက်လေးလိုပဲ
လတ်ဆတ်ချိုမြိန်ပြီး စိတ်ကျေနပ်သွားတဲ့ ခံစားချက်မျိုး
သူ့ခံစားချက်ကို ဝတ်ကြည့်မှသိနိုင်တာ
#ရွှေညာသူ
#အင်းလေးချည်
#ချစ်ခြင်းဖြင့်သီဖွဲ့
#လက်ပန်းထိုးအနုပညာ
08/06/2026
အပြင်ပုံတွေက AI ထက်ပိုလှတယ်မလား 🤭🤭
Model ဝတ်တာလေးပြချင်လို့တာ AI ခိုင်းရတယ်
အပြင်က လှလှပပလက်ရာကို AI က မမှီဘူးကွယ်
#ချစ်ခြင်းဖြင့်သီဖွဲ့ #လက်ပန်းထိုးအနုပညာ
08/06/2026
ခုနောက်ပိုင်း ကိုယ့်မမတွေအတွက်
မင်မင်က Instock လေးတွေ အများကြီးထုတ်ထားပေးသလို 🫶🫶
တစ်ချိန်လုံး Pre- Order လေး မှာချင်လို့ ပူဆာတဲ့မမတွေအတွက် မင်မင်.. ဒီလထဲ Pre-order လေးနိုင်သလောက် လက်ခံပေးပါ့မယ် 🌻🤗🌻🌻🌻
အထည်အရေအတွက် ကန့်သန့်ထားတာမို့ ကြိုဦးပြီးမှာပေးနော် 🤗
ဆာရမ်းငဲ🫶🫠🫠🫠🫠
#ချစ်ခြင်းဖြင့်သီဖွဲ့ #လက်ပန်းထိုးအနုပညာ
ဒီ၀တ်စုံလေးက မင်မင်တို့ spring box ကို အမြဲပြန်ကြည့်တိုင်းချစ်ရတဲ့ ကျေနပ်မိစေတဲ့ ၀တ်စုံလေး
tiktok ဖွင့်တုန်းကလဲ ဒီ၀တ်စုံကြောင့် follower တွေအများကြီးသိသွားခဲ့တာ 😍😍
Telephone
Website
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 05:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 15:00 |