Chit Su Lay

Chit Su Lay

Share

Happyfamily happy life
Love yourself

25/04/2026

"ကလေးတစ်ယောက်ရဲ့ ကမ္ဘာမှာ 'မိဘ' ဆိုတာ အရာအားလုံးပါပဲ... 👨‍👩‍👧‍👦
မိသားစုတစ်ခုမှာ သားသမီးကို လမ်းညွှန်ပြသဖို့ဆိုတာ မိဘနှစ်ပါးစလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် အလုပ်တွေကို ဦးစားပေးနေရတာ မှန်ပေမဲ့၊ ကျွန်တော်တို့ ခေါ်လို့ ဒီလောကထဲ ရောက်လာတဲ့ ကလေးငယ်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကိုလည်း အလေးထားဖို့ လိုပါတယ်။
သူတို့လေးတွေ တကယ်လိုချင်တာက မိဘနဲ့ အတူတူရှိနေတဲ့ ခံစားချက်ပါ။ တစ်ချိန်လုံး အတူရှိမနေနိုင်ရင်တောင် ရှိနေတဲ့ အချိန်လေးမှာ ဖုန်းတွေ၊ အလုပ်တွေကို ခဏဘေးဖယ်ထားပြီး သူတို့လေးတွေကို အပြည့်အဝ အချိန်ပေးကြည့်ပါ။
ကလေးတစ်ယောက်ရဲ့ ဉီးနှောက်ဖွံ့ဖြိုးမှုဟာ မိဘရဲ့ ဂရုစိုက်မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ပါပဲ။ ❤️✨"

"မိဘတိုင်း ဖတ်ကြည့်သင့်တဲ့ ကလေးပြုစုပျိုးထောင်ရေး အနှစ်ချုပ် (၅) ချက် 📝
၁။ တာဝန်ယူမှု - သားသမီးကို လမ်းညွှန်ဖို့ မိဘနှစ်ပါးစလုံးမှာ တာဝန်ရှိပါတယ်။
၂။ နွေးထွေးမှု - ငွေကြေးထက် 'နွေးထွေးတဲ့ မေတ္တာ' က ကလေးအတွက် ပိုအရေးကြီးပါတယ်။
၃။ ဦးနှောက်ဖွံ့ဖြိုးမှု - မိဘရဲ့ အလေးထား ဂရုစိုက်မှုက ကလေးရဲ့ ဉီးနှောက်ကို ပိုမိုဖွံ့ဖြိုးစေပါတယ်။
၄။ စံပြဖြစ်ပါ - အမိန့်ပေးတာထက် ကလေးနဲ့အတူ အကောင်းဆုံး ဖြစ်အောင် နေထိုင်ပြပါ။
၅။ Social Media ကို သတိထားပါ - ဖုန်း screen တွေထက် မိဘနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံတာက ကလေးရဲ့ Self-control ကို ပိုကောင်းစေပါတယ်။
ကိုယ့်ရဲ့ ကလေးငယ်လေးတွေကို အချိန်ပေးပြီး ချစ်ပေးကြပါဦး။ ❤️"

12/04/2026

#ချစ်ခြင်းမေတ္တာ #မိဘ

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရင်သွေးလေးရဲ့ ဝမ်းနည်းနေတဲ့ မျက်ဝန်းလေးတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတာဟာ သဘာဝပါ။ အထူးသဖြင့် အေးအေးဆေးဆေး ကြီးပြင်းလာတဲ့ ၂ နှစ်အရွယ် ကလေးငယ်လေးအတွက်တော့ အခုလို အနိုင်ကျင့်ခံရတဲ့ အခြေအနေမျိုးက တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ။
ဒီအခြေအနေအပေါ် မူတည်ပြီး မိဘများ သိထားသင့်တဲ့ အချက်တွေကို ဆောင်းပါးလေးတစ်ပုဒ်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ရင်သွေးငယ်များ၏ ကမ္ဘာနှင့် ကစားဖော်ကြားက ပွတ်တိုက်မှု- မိဘများ သိထားသင့်သည့် အချက်များ
ကလေးငယ်တွေရဲ့ ကမ္ဘာမှာ "ကစားခြင်း" ဆိုတာ သင်ယူမှုတစ်ခုပါ။ ဒါပေမဲ့ အမြဲတမ်း အလျှော့ပေးနေရတဲ့ ကလေးတစ်ယောက်နဲ့ အမြဲလုယူတတ်တဲ့ ကလေးတစ်ယောက်ကြားက ဆက်ဆံရေးဟာ ရေရှည်မှာ ကလေးရဲ့ စိတ်နေစိတ်ထားအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။
၁။ အမြဲအလျှော့ပေးခိုင်းခြင်းက စိတ်ဒဏ်ရာ ဖြစ်စေနိုင်သလား?
စိတ်ဒဏ်ရာ (Trauma) ဆိုတာထက် ကလေးရဲ့ ကိုယ်ပိုင်ယုံကြည်မှု (Self-esteem) ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးက "ငါ့ပစ္စည်းကို ငါကာကွယ်လို့မရဘူး"၊ "ငါ့ခံစားချက်ထက် တခြားသူကို ဦးစားပေးရမယ်" ဆိုတဲ့ အသိမျိုး ဝင်သွားတတ်ပါတယ်။ ဒါဟာ အရွယ်ရောက်လာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာ ဒါမှမဟုတ် တခြားသူတွေရဲ့ လွှမ်းမိုးမှုကို အလွယ်တကူ ခံရတာမျိုး ဖြစ်လာနိုင်ပါတယ်။
၂။ မိဘများ လိုက်နာသင့်သည့် အချက်များ (Do’s)
• ကလေးရဲ့ ခံစားချက်ကို အသိအမှတ်ပြုပေးပါ: "သားလေး ပစ္စည်းအလုခံရလို့ ဝမ်းနည်းသွားတာ မေမေသိတယ်နော်" ဆိုပြီး ကလေးရဲ့ ခံစားချက်ကို နားလည်ကြောင်း ပြသပေးပါ။ ဒါမှ သူဟာ အထီးကျန်မနေဘဲ လုံခြုံမှုရှိတယ်လို့ ခံစားရမှာပါ။
• စကားလုံးများ သင်ပေးပါ: "ဒါ သားသားပစ္စည်းပါ၊ ခဏနေမှ ပေးဆော့မယ်" ဒါမှမဟုတ် "မလုပါနဲ့" ဆိုတဲ့ စကားလုံးတွေကို ကလေးကိုယ်တိုင် ပြောတတ်အောင် သင်ပေးပါ။ ၂ နှစ်အရွယ်ဟာ စကားစပြောရုံပဲ ရှိသေးတာမို့ မေမေက ဘေးကနေ ကူပြောပေးရပါမယ်။
• Boundary (စည်း) သတ်မှတ်ပါ: ကလေးအချင်းချင်း ဆော့တဲ့အခါ "လုတာ မကောင်းဘူး၊ အလှည့်ကျ ဆော့ရမယ်" ဆိုတဲ့ စည်းကမ်းကို တိတိကျကျ ချမှတ်ထားပါ။
၃။ ရှောင်ကြဉ်သင့်သည့် အချက်များ (Don’ts)
• စကားမများချင်ရုံဖြင့် အမြဲအလျှော့မပေးပါနှင့်: လူကြီးအချင်းချင်း အဆင်ပြေဖို့အတွက် ကိုယ့်ကလေးဆီက ပစ္စည်းကို ယူပေးလိုက်တာမျိုးဟာ ကလေးအတွက်တော့ "မေမေက ငါ့ဘက်မှာ မရှိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်ပါတယ်။
• ကလေးကို "ကြောက်တတ်တယ်" ဟု တံဆိပ်မကပ်ပါနှင့်: ကလေးရှေ့မှာ တခြားသူကို "သူက ကြောက်တတ်တယ်၊ အသံကျယ်ရင် လန့်တတ်တယ်" လို့ ပြောတာမျိုး ရှောင်ပါ။ ကလေးက အဲ့ဒီစကားကို ကြားပြီး တကယ်ပဲ ပိုကြောက်တတ်တဲ့သူ ဖြစ်သွားနိုင်ပါတယ်။
• ကလေးကို ရန်ပြန်လုပ်ခိုင်းခြင်း: "သူ့ကို ပြန်လုလိုက်လေ" ဒါမှမဟုတ် "ပြန်ရိုက်လိုက်" လို့ သင်ပေးတာမျိုးဟာ အဖြေမဟုတ်ပါဘူး။
၄။ လုတတ်သည့်ကလေး၏ မိဘနှင့် မည်သို့ ပြောဆိုမလဲ?
တစ်ဖက်ကလေးအမေကို အားနာတတ်တာ သဘာဝပေမဲ့ ကိုယ့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုက ပိုအရေးကြီးပါတယ်။ "ကလေးတွေ အလှည့်ကျ ဆော့တတ်အောင် သင်ပေးရအောင်နော်၊ လုတာလေး ခဏတားပေးပါဦး" ဆိုတဲ့ ပုံစံမျိုးနဲ့ အေးဆေးစွာ အကူအညီတောင်းကြည့်ပါ။
နိဂုံးချုပ်
၂ နှစ်အရွယ် ကလေးငယ်လေးတွေအတွက် မိဘဟာ
သူတို့ရဲ့ တစ်ခုတည်းသော "လုံခြုံရာအရပ်" ပါ။ ကလေးကို အမြဲအေးအေးဆေးဆေး ပြောဆိုဆုံးမတာ ကောင်းတဲ့အချက် ဖြစ်ပေမဲ့၊ ကလေးရဲ့ ရပိုင်ခွင့်နဲ့ ပစ္စည်းလေးတွေကို ကာကွယ်ပေးတဲ့နေရာမှာတော့ မေမေက "ခိုင်မာတဲ့ အကာအကွယ်" တစ်ခုအဖြစ် ရပ်တည်ပေးဖို့ လိုအပ်ပါတယ်။
သားသားလေးကို ဖက်ထားပေးပြီး "သားသားမှာ မေမေ
ရှိတယ်၊ အရာအားလုံး အဆင်ပြေသွားမှာပါ" လို့ အားပေးစကား ပြောပေးပါ

09/04/2026

ကျွန်မ အမေ 😁😁

တစ်နေ ့တစ်ခါ မြေးနဲ့ဖုန်းမပြောရရင်အိပ်မပျော်သော

အသက် အရွယ် လေး ရလာတာရော
ဘဝ အတွေ ့အကြံု အရ ရော
ခုချိန်မှာ တစ်ခုခု ကို ပိုနားလည် လာတာ က

#ချစ်ခြင်းမေတ္တာ ပဲ

၅၂၈ ဖြစ်စေ ၁၅၀၀ ဖြစ်စေ လုပ်ယူဖန်တီးလို ့မရသလို အတင်း လုယူ လို ့လဲ မရ ဘူး ဟန်ဆောင် လို့လဲ မရဘူး

02/04/2026

❤️❤️❤️

30/03/2026

His fav ❤️

22/03/2026

ဖြစ်နိုင်ရင်ကိုယ်နဲ့သက်ဆိုင်သည်ဖြစ်စေမသက်ဆိုင်သည်ဖြစ်စေကမ္ဘာမှာရှိတဲ့လူသားအပါအဝင်သက်ရှိအားလံုး ကို ပျော်ရွှင်စိတ်ချမ်းသာအောင်ဖန်တီးချင်ပါတယ်
အဆင်ပြေစေချင်တယ် ကမ္ဘာ နဲ့ချီ ပြီး မဖန်တီးနိုင်ပေမယ့် လူသားတိုင်းသာကိုယ့်ရဲ့အနီးရပ်ဝန်းကိုတတ်နိုင်သမျှ ဖြူစင်သောချစ်ခြင်းသာဖြန် ့လွှမ်းနိုင်မယ်ဆိုရင် ကမ္ဘာကြီးကချစ်စရာကောင်းနေမှာပါ

အမုန်းမရှိတဲ့ရပ်ဝန်းမှာရှင်သန်ချင်တယ်
ရယူခြင်းထက်ပေးကမ်းနိုင်တဲ့လက်တစ်စံုဖြစ်ချင်တယ်
life happy family

16/03/2026

ည ၁၁ နာရီ ထိုးနေပြီးစိတ်ဝင်တစ်စားနဲ့ဖတ်နေတုန်း❤️❤️

09/03/2026

11/02/2026

အားကိုးလို ့ရနေပြီး မေ့မေ့သားလေး
❤️

07/02/2026

စေတနာမေတ္တာဆိုတာ အချစ်ကနေမြစ်ဖျားခံလာတာ
အချစ်ဆိုတဲ့အထဲမှာ ၅၂၈/၁၅၀၀ အကုန်ပါတယ်
မင်းမိဘ တွေက မင်းစိတ်ချမ်းသာဖို ့ဘာမဆို​ပေးနိုင်တယ်
Why?
:::ချစ်လို ့
But ချစ်တာကိုအ​ကြောင်းပြပြီး လိုတာထက်​တော့မပိုနဲ့​ပေါ့​လေ သိတတ်နားလည်ရမယ်
So:::::
ဟိုအကြောင်းပြဒီအကြောင်းပြတာ မယံုကြနဲ့ ညီမလေးတို ့
အချစ်မရှိလို ့စေနာမရှိတာ
စေတနာမရှိလို ့ ဘာမပေး နိုင်တာ ရှင်းင်းလေးပဲ
အဲ့​တော့ ဘာမှမ​ပေးရင်လမ်းခွဲလိုက်ပါ 😁😁
သူ ့ဘက်ကအချစ်ကလွဲပြီးဘာမှမ​ပေးနိုင်ဘူး( #ဂျင်းအကြီးစား)
ကိုယ့်ဘက်ကလဲအချစ်ကလွဲပြီးဘာမှ မလိုချင်ပါဘူးဆိုပြီး Fb က ပံု​တွေကြည့်ပြီး ကြိတ်ဝမ်းနည်းမ​နေနဲ့

ဒီအမ ပြောတာယံု ဆက်မမိုက်နဲ့
ရဲရဲသာလမ်းခွဲလိုက်ပါ 😁😁

(80%ေသာမိန်းကတေလးတေတွကတန်ဖိုးကြီးလက်ဆောင်ပေးမှ မဟုတ်ဘူးနော်
မိန်းကလေးတွေဆိုတာကိုယ့်ချစ်သူကပေးရင်ကျောက်စရစ်ခဲ လဲတန်ဖိုးထားတယ်)
#ဘာရယ်မဟုတ်ဘူး February 14 နီးလာပြီးမို ့Fb friထဲကအတွဲတွေကိုရန်တိုက်ပေးတာ 😬😬

Telephone

Website