Ko Naing

Ko Naing

Share

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ရှိခိုးပါ၏။

Photos from Ko Naing's post 03/06/2025

#

05/10/2023

Photos from Ko Naing's post 22/03/2023
31/12/2022

အစစ အရာရာ အဆင်ပြေကြပါစေ...
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပြီး
အလိုရှိရာ ပန်းတိုင်သို့ ရောက်ကြပါစေ
🙏🙏🙏🙏🙏

Photos from Ko Naing's post 24/12/2022

UPS အကြောင်း အကျဥ်းချုပ် (Part # 4)

Battery များတွင် အခြေခံအားဖြင့် Cathode (အပေါင်းငုတ်)၊ Anode (အနှုတ်ငုတ်)၊ electrolyte (လျှပ်စစ်စီး၀င်နိုင်သော အရည်/အစိုင်အခဲ)၊ Container (ကိုယ်ထည်) တို့ပါ၀င်ပြီး အဆိုပါ Cathode (အပေါင်းငုတ်) နှင့် Anode (အနှုတ်ငုတ်)တို့ အကြားတွင် load တစ်ခု (ဥပမာ မီးသီးတစ်လုံး) အား ပတ်လမ်းတစ်ခုအဖြစ် ဆက်သွယ်လိုက်သောအခါ လျှပ်စစ်စီး၀င်နိုင်သော အရည်/အစိုင်အခဲ electrolyte များအတွင်းတွင် chemical reaction များ ဖြစ်ပေါ်လာကာ electron များ load ကို ဖြတ်သန်းစီးဆင်းစေခြင်းဖြင့် electrical energy (လျှပ်စစ် စွမ်းအင်) ကို ရရှိစေပါသည်။

Battery cell များတွင် primary cell (တစ်ခါသုံး battery) နှင့် secondary cell (rechargeable အားပြန်သွင်းနိုင်သော battery) ဟူ၍ နှစ်မျိုးရှိပါသည်။
Primary cell (တစ်ခါသုံး battery) များတွင် တစ်ကြိမ်သာ chemical reaction ဖြစ်ပေါ်ကာ ထွက်ပေါ်လာ သော energy စုစုပေါင်းကို အကုန် အသုံးပြုပြီးပါက နောက်တစ်ကြီမ် chemical reaction မဖြစ်ပွားနိုင်သောကြောင့် ထို battery အား အသုံးပြု၍ မရနိုင်တော့ပါ။ Primary cell (တစ်ခါသုံး battery) များသည် chemical reaction မှ electrical energy (လျှပ်စစ် စွမ်းအင်) သို့ ကူးပြောင်းနိုင်ပြီး electrical energy (လျှပ်စစ် စွမ်းအင်) မှ chemical reactionသို့ မကူးပြောင်းနိုင်ပါ။
ဥပမာအားဖြင့် နာရီ ဓာတ်ခဲများ၊ ရီမုများတွင် အသုံးပြုသော ဓာတ်ခဲများသည် primary cell (တစ်ခါသုံး battery) အမျိုးအစားများ ဖြစ်ပါသည်။

Secondary cell (rechargeable အားပြန်သွင်းနိုင်သော battery) တွင်မူ chemical reaction ဖြစ်ပွားကာ ထွက်ပေါ်လာ သော energy များကို အသုံးပြုပြီးပါက charger များအားဖြင့် ပြန်လည်အားသွင်းယူနိုင်ပြီး chemical reaction များ အကြိမ်ကြိမ်ဖြစ်ပွားစေကာ energy (electrical energy လျှပ်စစ်စွမ်းအင်) များ အကြိမ်ကြိမ် ရရှိစေပါသည်။ Secondary cell (rechargeable အားပြန်သွင်းနိုင်သော battery)များသည် chemical reaction မှ electrical energy (လျှပ်စစ် စွမ်းအင်) သို့ ကူးပြောင်းနိုင်ပြီး electrical energy (လျှပ်စစ် စွမ်းအင်) မှလည်း chemical reactionသို့ အကြိမ်ကြိမ် ကူးပြောင်းနိုင်ပါသည်။
စမတ်ဖုန်းများတွင် အသုံးပြုသော battery များ၊ solar များနှင့် ချိတ်ဆက်အသုံးပြုသော battery များ၊ UPS များတွင် အသုံးပြုသော battery များသည် Secondary cell အမျိုးအစား battery များဖြစ်ပါသည်။

UPS များတွင် Secondary cell အမျိုးအစား battery များဖြစ်သော rechargeable battery များကို parallel (ပြိုင်ဆက်)ချိတ်ဆက်၍သော်လည်းကောင်း၊ series (တန်းဆက်) ချိတ်ဆက်၍သော်လည်းကောင်း ချိတ်ဆက်မှုပုံံအမျိုးမျိုးကို ရည်ရွယ်ချက် အမျိုးမျိုးအတွက် အသုံးပြု‌လေ့ရှိကြပါသည်။ Rechargeable battery ဟု ဆိုရာတွင်လည်း battery အတွင်း အသုံးပြုသော electrolyte အပေါ်မူတည်ပြီး wet cell battery (အိုးဆို) နှင့် dry cell battery (အိုးခြောက်) ဟူ၍ နှစ်မျိုးရှိရာ UPS များတွင် rechargeable dry cell battery types များကိုသာ အသုံးပြုလေ့ရှိကြပါသည်။

UPS Battery Technologies
UPS များတွင် အသုံးပြုသော battery type များကို အကြမ်းအားဖြင့် အောက်ပါအတိုင်း ၃ မျိုးတွေ့နိုင်ပါသည်။
1. Lead-Acid UPS Batteries
a) Valve-Regulated Lead-Acid (VRLA) UPS Batteries
b) Vented Lead-Acid (VLA) UPS Batteries
2. Nickel-Cadmium UPS Batteries
3. Lithium-Ion UPS Batteries ဟူ၍ တွေ့နိုင်ပါသည်။

1. Lead-Acid UPS Batteries
Lead-Acid technology အသုံးပြုသော batteries များသည် အမှန်တကယ် လက်တွေ့ပွဲတိုးပြီး ယုံကြည်စိတ်ချရသော အမျိုးအစားဖြစ်ရာ UPS များနှင့် တွဲစပ်အသုံးပြုရန် မှန်ကန်သော ‌ရွေးချယ်မှု ဖြစ်စေပါသည်။ သို့ပါသော်လည်း lead acid battery များသည် တခြားသော technology အသုံးပြုသော batteries များနှင့် စာလျှင် အလေးချိန်အားဖြင့် ပိုမိုလေးလံပြီး service life ပိုမိုနည်းပါပါသည်။
Lead-Acid technology အသုံးပြုသော batteries များကို Valve-Regulated Lead-Acid (VRLA) UPS Batteries နှင့် Vented Lead-Acid (VLA) UPS Batteries ဟူ၍ (၂)မျိုး ပိုင်းခြားနိုင်ပါသည်။

‌a) Valve-Regulated Lead-Acid (VRLA) UPS Batteries
VRLA battery များကို အခြေခံအားဖြင့် positive plate, negative plate, separator, battery slot cover, electrolyte နှင့်အတူ အခြားသော component များနှင့် ဖွဲ့စည်းထားရှိပြီး AGM battery နှင့် gel battery ဟူ၍ ခြွဲခားနိုင်ပါသေးသည်။Valve-Regulated Lead-Acid (VRLA) UPS Battery များကို sealed (အလုံပိတ်) battery များဟုလည်း ခေါ်‌‌ဆိုနိုင်ပြီး battery acid ယိုစိမ့်မှုမှ ကာကွယ်ရန် polypropylene plastic ဖြင့် အလုံပိတ်ထားတတ်ပါသည်။
ယေဘုယျအားဖြင့် VRLA UPS ဘက်ထရီများ၏ service life သည် ငါးနှစ် သက်တမ်းခန့် ရှိတတ်ပါသည်။ VRLA battery များကို UPS များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်ကို တွေ့ရပါသည်။

b) Vented Lead-Acid (VLA) UPS Batterie
Vented Lead-Acid (VLA) UPS Battery ဘက်ထရီများသည် အလွန်ယုံကြည်စိတ်ချရပြီး ပုံမှန်အားဖြင့် VRLA အမျိုးအစားများထက် များစွာပိုကြာရှည်ခံပါသည်။ သို့ပါသော်လည်း အချို့သော safety ပိုင်းဆိုင်ရာ အချက်များကြောင့် အခြားသော IT ပစ္စည်းများနှင့် ဝေးကွာသော သီးခြားဘက်ထရီအခန်းတွင် ထားရှိရန် လိုအပ်ပြီး VRLA များလောက် အသုံးပြုမှု မရှိကြပါ။

2. Nickel-Cadmium UPS Batteries
High ambient temperature တွင် အသုံးပြုနိုင်ခြင်း၊ design life များပြားခြင်း စသော အချက်အလက်များကြောင့် NiCad battery များကို UPS များအတွက် အသုံးပြုရန် သင့်လျော်သော်လည်း စျေးနှုန်းကြီးမြင့်ခြင်း၊ toxic material များပါ၀င်သဖြင့် disposal and recycling process များကို ရှုပ်ထွေးစေခြင်း၊ အခြားသော safety ပိုင်းဆိုင်ရာ အချက်များကြောင့် NiCad battery များကို VRLA battery များလောက် UPS များတွင် အသုံးမပြုကြခြင်း မရှိကြခြေ။

3. Lithium-Ion UPS Batteries
နောက်ဆုံးပေါ် battery technology များထဲမှ တစ်ခုဖြစ်ပြီး ကနဦးစျေးနှုန်းမှာ အခြားသော battery များထက် ပိုမိုမြင့်မားသော်လည်း lithium-Ion battery များသည် VRLA ဘက်ထရီများ၏ service life ထက် နှစ်ဆခန့် ရှိပြီး (maintenance လိုအပ်ချက်) ပြုပြင်ထိန်းသိမ်းမှုလိုအပ်ချက်များကို လျှော့ချပေးနိုင်သောကြောင့် ပိုင်ဆိုင်မှုစုစုပေါင်းကုန်ကျစရိတ်မှာ နည်းပါးလေ့ရှိသောကြောင့် UPS များနှင့် တွဲစပ်အသုံးပြုလာကြသည်ကို တွေ့ရပါသည်။ Lithium-Ion battery များသည် သေးငယ်၊ ပေါ့ပါးသည့်အပြင် ဘက်ထရီကျန်းမာရေးကို စောင့်ကြည့်ရေးစွမ်းရည်များ built-in ပါရှိသောကြောင့် အရေးကြီးသော စက်မှု လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ IT လုပ်ငန်းများ နှင့် တခြား အရေးကြီးသော လုပ်ငန်းများတွင် UPS များနှင့် တွဲစပ်အသုံးပြုရန် အလွန်ယုံကြည်စိတ်ချရသော ရွေးချယ်မှုတစ်ခု ဖြစ်စေပါသည်။

UPS အကြောင်း အကျဥ်းချုပ် (Part # 5)
>>> ဆက်ရန်
UPS battery charging

UPS
(Pirlozaw)


သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ရှိခိုးပါ၏။

Photos from Ko Naing's post 11/12/2022

UPS အကြောင်း အကျဥ်းချုပ် (Part # 3)

System Operation

Modular type online UPS များတွင် rectifier/charger, inverter နှင့် တခြားသော ဆက်စပ်ပစ္စည်းများကို အများအားဖြင့် သီးခြားယူနစ် power module/cabinet များတွင် ထည့်သွင်း တည်ဆောက်ပြီး အဆိုပါ power module တစ်ခုစီလျှင် 50 kVA ရှိသည်ဆိုပါက power module 3 လုံးဖြင့် တည်ဆောက်ထားသော UPS၏ capacity ကို 150 kVA မှတ်ယူနိုင်ပါသည်။
ဥပမာအားဖြင့် ထုတ်လုပ်ရာ brand ပေါ်မူတည်၍ 150 kVA capacity UPS တစ်လုံးအတွက် 50 kVA ရှိသော power module 3 လုံးပေါင်းစပ်၍လည်းကောင်း၊ 30 kVA ရှိသော power module 5 လုံးပေါင်းစပ်၍လည်းကောင်း တွဲ ထုတ်လုပ်လေ့ရှိကြပါသည်။

UPS Main electrical input/output အခြေအနေများ၊ power module များ၏ လုပ်ဆောင်မှု အခြေအနေများ စသော Online UPS တစ်လုံး၏ အ‌ရေးကြီးသော system operationများကို UPS၏ သက်ဆိုင်ရာ monitoring software နှင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ user-interface display/LCD screen မှသော်လည်းကောင်း ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

System Operation

Online UPS များ၏ ရှေ့ဖက်မျက်နှာပြင်တွင် တွေ့ရတတ်သော LCD မှတဆင့် modular type online UPS တစ်လုံး၏ system operation ကို လေ့လာမည်ဆိုပါက အောက်ပါအခြေခံ အချက်အလက်များမှ စတင် သင့်ပေသည်။

1. ‌Working Mode
မိမိလေ့လာစစ်ဆေးမည့် UPS တစ်လုံးသည် မည်သည့် working mode (Normal Mode, Battery Mode, Static Bypass Mode & Maintenance Mode စသော အခြေခံ ‌working mode (၄) မျိုး) နှင့် အလုပ်လုပ်နေသည်ကို ရှေ့ဖက်မျက်နှာပြင် LCD မှတဆင့် ဦးစွာပထမ လေ့လာစစ်ဆေးနိုင်ပါသည်။
Online UPS working mode (၄) မျိုးကို UPS အကြောင်း အကျဥ်းချုပ် (Part # 2) တွင် အသေးစိတ် ဖတ်ရှု့နိုင်ပါသည်။

2. Battery Status
Online UPS တစ်လုံး၏ ရှေ့ဖက်မျက်နှာပြင်တွင် တွေ့ရတတ်သော LCD မှတဆင့် UPS နှင့် တွဲစပ် အသုံးပြုနေသော battery များအား မည်သည့် charging mode နှင့် အားသွင်းနေသည်ကိုလည်းကောင်း (float charging, boost charging) ၊ (+) terminal voltage များ၊ (-) terminal voltage များအားလည်းကောင်း၊ charging လုပ်နေသော ampere များကိုလည်း လေ့လာ စစ်ဆေးနိုင်ပါသည်။

3. Electrical Parameters
Online UPS Cabinet တစ်ခုလုံး၏ electrical input & output status များဖြစ်သော voltage, ampere, frequency & PF များ၏ အခြေအနေသည် သက်မှတ်ထားသော range တစ်ခုအတွင်း ရှိ၊ မရှိကိုလည်း LCD မှတဆင့် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

4. Module’s Working Status
Capacity များသော UPS များတွင် အများအားဖြင့် power module တစ်ခုခြင်းစီ၏ electrical input & output status များဖြစ်သော voltage, ampere, frequency & PF များအပြင် load % များ၊ inlet temperature များ၊ outlet temperature များ၊ capacitor time များ၊ fan time စသော အချက်များကို ဖော်ပြ ကြည့်ရှု့နိုင်သည်ဖြစ်ရာ မိမိတွင် ရှိသော multi clamp meter များ၊ portable temperature gun များနှင့် သက်ဆိုင်သော နေရာများကို တိုက်ဆိုင်စစ်ဆေးခြင်းအားဖြင့် ပိုမိုတိကျသော လေ့လာ စစ်ဆေးမှု result များ ရရှိနိုင်ပါသည်။

5. Event Log/Alarm History
Event log or alarm history system တွင် ပါရှိသော/ဖော်ပြသော log တစ်ခုချင်းစီ သို့မဟုတ် alarm history တစ်ခုချင်းစီကို ဖော်ပြချက်နှင့်တကွ အဓိပ္ပါယ် ရှင်းလင်းချက်များကို သေချာရှင်းလင်းစွာ နားလည် သိရှိရန် လေ့လာသင့်ပါသည်။
ဥပမာအားဖြင့်
a) Utility Abnormal Set/Main AC Power Fault Alarm
Main incoming power supply (လျှပ်စစ်) ပြတ်တောက်သွားခြင်း၊ သတ်မှတ်ထားသော အရည်အသွေးမမှီခြင်း စသည်တို့ ဖြစ်ပွားချိန်တွင် online UPS တစ်လုံးသည် normal mode မှ battery mode သို့ ပြောင်းလဲအလုပ်လုပ်ပြီး ထိုကဲ့သို့ ပြောင်းလဲအလုပ်လုပ်သော ထူးခြားဖြစ်စဥ်များကို Event Log/Alarm History system တွင် utility abnormal set/main AC power fault alarm ဟု မှတ်တမ်းတင် ဖော်ပြတတ်သည်ဖြစ်ရာ alarm or log များကို description နှင့် တကွ မှတ်ထားသားခြင်းအားဖြင့် မိမိလေ့လာမည့် UPSသည် incoming power supply အခြေအနေအပေါ် မူတည်၍ မည်ကဲ့သို့ ‌ပြောင်းလဲ အလုပ်လုပ်သည်ကို သိရှိနိုင်ပါသည်။

6. Function Button
Online UPS အများစုတွင် normal operation mode မှ bypass mode သို့လည်းကောင်း၊ transfer to inverter (normal mode) သို့ ပြန်လည်ပြောင်း၍ စမ်းသပ်ရန်သော်လည်းကောင်း၊ event log များ၊ alarm history များကို ရှင်းလင်းရန် clear button များကိုလည်းကောင်း၊ Dust/air filter များ၏ using time ကို reset ချရန်ခလုတ်/touch function များကို လည်းကောင်း function button တွင် တွေ့ရတတ်ပါသည်။

7. Test Mode/Command
ဤအပိုင်းတွင်မူ battery test, maintenance test ပြုလုပ်နိုင်ခြင်းများ၊ battery များကို မည်သည့် စနစ်နှင့် အားသွင်းမည်၊ တခြားသော စနစ်ဖြင့် အချိန် အတိုင်းအတာ တစ်ခုအထိ အားသွင်းမည် စသည့် အရေးကြီးသော operation system တို့ ပါ၀င်ပေရာ ကျွမ်းကျင်သော ပညာရှင်ဖြစ်မှသာ ကိုင်တွယ် အသုံးပြုသင့်ပေသည်။
UPS ထုတ်လုပ်သူများမှလည်း ဤကဲ့သို့ အ‌ရေးကြီးသောအပိုင်းများကို password များ ထားရှိခြင်းဖြင့် အသုံးပြုကိုင်တွယ်မှုကို အဆင့်ဆင့်ကို ကန့်သတ်ထားတတ်ပါသည်။

UPS အကြောင်း အကျဥ်းချုပ် (Part # 4)
>>> ဆက်ရန်
UPS Battery Charging & Battery

UPS
(Pirlozaw)


သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ရှိခိုးပါ၏။

Photos from Ko Naing's post 04/12/2022

UPS အကြောင်း အကျဥ်းချုပ် (Part # 2)

Online UPS (Double Conversion UPS)

Online UPS တလုံးသည် main အဝင် AC အား rectifier/charger ဖြင့် DCသို့ ပြောင်းလဲပြီး အဆိုပါ DC အား Battery System သို့ အားဖြည့်ပါသည်။ တချိန်တည်းမှာပင် Rectifier မှ DC အား Inverter ဖြင့် AC သို့ ပြန်လည်ပြောင်းယူကာ Load အတွက် တည်ငြိမ်သော လျှပ်စစ်အားကို ပေးသဖြင့် နှစ်ဆင့် ပြောင်းလဲသော အချက် (AC မှ DC သို့၊ DC မှ AC သို့) အပေါ် မူတည်၍ Double Conversion UPS ဟူ၍လည်း ခေါ်ဝေါ်ကြပါသည်။

အသုံးပြုရာ နေရာများ
1. Data Center များ
2. Server Room များ
3. Network Operation Center များ
4. Hospital များ
5. Laboratory များ
6. စက်မှုကုန်ထုတ် လုပ်ငန်းများ နှင့်
တခြား အရေးကြီးသော နေရာ အများအပြားတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်ကို တွေ့ရပါသည်။ အသုံးပြုသော load များ၏ အ‌ရေးကြီးမှု၊ အသုံးပြုသူအပေါ် မူတည်၍လည်း UPS များကို parallel (အခန့်မသင့်၍ တစ်လုံးပျက်ဆီးသွားပါက အရန်သင့် နောက်တစ်လုံးမှ output ထုတ်ပေးနိုင်ရန်) ချိတ်ဆက်၍ အသုံးပြုသည်ကို တွေ့ရပါသည်။
Load အများအပြား အသုံးပြုသော နေရာများတွင်မူ UPS Capacity (kVA) များသော Standalone Type/Industrial Type UPS များကို centralized ပုံစံဖြင့် အသုံးပြုသည်ကို တွေ့ရှိရပါသည်။

မိမိ လုပ်ငန်းအတွက် Online UPS တစ်လုံး တပ်ဆင် အသုံးပြုရန် လိုအပ်ပါက အကြမ်းအားဖြင့် အောက်ပါ အချက်များကို ပထမဦးစွာ ထည့်သွင်းစဥ်းစားရန် လိုအပ်ပါသည်။

1. Estimated Back-up Time
(Commercial supply နှင့် အရန် မီးစက်များ ပျက်တောက်သွားပါက မိမိ အသုံးပြုနေသော system များအားလုံးကို စနစ်တကြ တဆင့်ချင်း shut down ချရန် လိုအပ်သော ကြာချိန်ထပ် ပို၍ UPS back-up time ရရှိစေရန် ထည့်သွင်းတွက်ချက်မှသာ တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုများမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။)
2. UPS Capacity
(အကြမ်းအားဖြင့် မိမိ အသုံးပြုမည့် load စုစု‌ပေါင်း၏ အနည်းဆုံး 130% အသုံးပြုသင့်ပါသည်။)
3. Main Power Supply/Input Voltage Quality for UPS
(အသုံးပြုရာနေရာဒေသ၏ supply voltage fluctuation, မတည်မငြိမ်ဖြစ်ခြင်း၊ အတက်အကြဖြစ်ခြင်း တို့ကို သိရှိပြီး စိတ်ချရမှု နည်းပါးပါက voltage stabilizer သပ်သပ်ထားရှိ အသုံးပြုနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။)
4. Input Frequency for UPS
5. Battery System
6. Operation/ Storage Temperature & Relative Humidity (°C & RH)
(အပူချိန် နှင့် စိုထိုင်းဆများသည် electronic & electrical ပစ္စည်းများ၏ ရည်ရှည်ကြံ့ခိုင်မှုကို များစွာ အကျိုးသက်‌ရောက်စေနိုင်သဖြင့် UPS ထားရှိ အသုံးပြုမည့်နေရာကို မှန်ကန်သော အပူချိန် နှင့် စိုထိုင်းဆ ရရှိစေရန် စနစ်တကျ ထားရှိအသုံးပြုသင့်ပါသည်။
7. Communication Interface
(သက်ဆိုင်ရာ monitoring tool/ များနှင့် ချိတ်ဆက်ရမည့် နေရာ၊ စနစ်)
8. UPS Output Voltage Regulation
9. UPS Output Frequency များ စသော အခြေခံ အချက်အလက်များအား ထည့်သွင်း စဥ်းစားသင့်ပါသည်။

ဖွဲ့စည်းတည်ဆောက်ပုံ

Online UPS များတွင် rectifier/charger, inverter နှင့် တခြားသော ဆက်စပ်ပစ္စည်းများကို အများအားဖြင့် သီးခြားယူနစ် power module/cabinet များတွင် ထည့်သွင်း တည်ဆောက်ပြီး battery များကိုမူ ထို power module များနှင့် တွဲစပ်၍သော်လည်းကောင်း သီးခြား module/cabinet များတွင် ထားရှိ၍သော်လည်းကောင်း အသုံးပြုပါသည်။ သီးခြား battery module တည်ဆောက်၍ battery များ ထားရှိအသုံးပြုခြင်းကို capacity (kVA) များသော UPS များတွင် အတွေ့ရများပါသည်။

Online UPS တစ်လုံးကို အခြေခံအားဖြင့် အောက်ပါပစ္စည်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။
1. Power Distribution Terminal များ
2. Electrical Protection Device များ
3. Fan များ
4. Battery များ
5. Switch များ
6. Display Unit
7. Power Module/cabinet များ
8. Control Module များ
9. Communication စနစ်များနှင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။

Working Mode

1. Normal Mode
2. Battery Mode
3. Static Bypass Mode
4. Maintenance Mode (Manual Bypass)
ဟူ၍ အခြေခံ mode (၄) မျိုး တွေ့နိုင်ပါသည်။

1. Normal Mode
Online UPS တစ်လုံးသည် Normal Mode တွင် main power supply AC အား rectifier ဖြင့် DCသို့ ပြောင်းလဲပြီး အဆိုပါ DC အား Batter System သို့ အားဖြည့်ပါသည်။ တချိန်တည်းမှာပင် Rectifier မှ DC အား Inverter ဖြင့် AC ပြန်လည် ပြောင်းယူကာ load အတွက် တိကြသောချာသော AC supply ထုတ်ပေးပါသည်။

2. Battery Mode
Main power supply ပုံမှန် မဟုတ်သော အခါ (သို့မဟုတ်) ပြတ်တောက်သွားသောအခါနှင့် rectifierများ ပုံမှန် မဟုတ်သော အခါ (သို့မဟုတ်) အကြောင်းမသင့်၍ ပျက်ဆီးသွားသော အခါများတွင် online UPS များသည် battery mode သို့ ပြောင်းလဲ လုပ်ဆောင်ပါသည်။
Battery များမှ သိုလှောင်ထားသော DC အား Inverter ဖြင့် AC ပြန်လည် ပြောင်းယူကာ load အတွက် AC supply ထုတ်ပေးသည်ကို battery mode ဟု ခေါ်ဆိုပါသည်။

3. Static Bypass Mode
UPS power module များတွင် over temperature ဖြစ်ခြင်း၊ over load ဖြစ်ခြင်းနှင့် တခြားသော fault များ ဖြစ်ပွားခြင်းများသည် inverter များကို shut down ဖြစ်စေနိုင်ပြီး၊ ထိုသို့သော အချိန်များတွင် UPS သည် အလိုအလျှောက် static bypass mode သို့ ပြောင်းလဲပြီး load အတွက်လိုအပ်သော power ကို bypass static switch မှဖြတ်၍ bypass input မှ တိုက်ရိုက်ထုတ်ပေးပါသည်။

4. Maintenance Bypass Mode (Manual Mode)
UPS cabinet အတွင်းရှိ ပစ္စည်းများအား maintenance ပြုလုပ်စဥ်တွင် အထပ်ပါ mode အား အသုံးပြုနိုင်ပါသည်။ ထိုအချိန်တွင် load အတွက်လိုအပ်သော power ကို maintenance bypass switch မှဖြတ်၍ bypass input မှ တိုက်ရိုက်ထုတ်ပေးပါသည်။

UPS အကြောင်း အကျဥ်းချုပ် (Part # 3)
>>> ဆက်ရန်
System Operation


(Pirlozaw)


သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ရှိခိုးပါ၏။

Photos from Ko Naing's post 20/11/2022

UPS အကြောင်း အကျဥ်းချုပ် (Part # 1)
************************************
ယနေ့ခေတ်တွင် အရေးကြီးသော ဘဏ်လုပ်ငန်းများ၊ IT လုပ်ငန်းများ နှင့် တခြား အရေးကြီးသော စက်မှု လုပ်ငန်းများ၏ နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများတွင် အဆင်ပြေ ချောမွေ့စေရန်၊ (လျှပ်စစ်မီး ပြတ်တောက်ပြီး အရန် မီးစက် မနိုးခင်) operation ပြတ်တောက်မှု မဖြစ်စေရန်အတွက် UPS (uninterruptible power supply)များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည်ကို တွေ့ရပါသည်။

UPS များသည် လျှပ်စစ်မီး ပြတ်တောက်သွားသော အခါ milli second အတွင်း load side အတွက် လိုအပ်သော power ကို (Battery + Inverter) မှ ထုတ်ပေးနိုင်သောကြောင့် မိမိ လုပ်ငန်းအတွက် အ‌ရေးကြီးသော equipment၊ device၊ system များအား UPS များနှင့် ချိတ်ဆက် အသုံးပြုခြင်းအားဖြင့် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုများမှ ကာကွယ်နိုင်ပြီး၊ operation များအဆင်ပြေ ချောမွေ့စေသော အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။

သို့ပါသောကြောင့် UPS များအား ကျွမ်းကျင်သော Service Provider များနှင့် ချိတ်ဆက်ပြီး၊ ကြိုတင်ကာကွယ် ထိန်းသိမ်းခြင်း (Preventative Maintenance) နှင့် စစ်‌ဆေးခြင်းများ (Inpection) လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန် အထူးပင်လိုအပ်ပါသည်။

UPS များတွင် အဓိက ပါ၀င်သော အစိတ်အပိုင်းများနှင့် လုပ်ဆောင်ပုံ။

1. Rectifier/charger
(Main power supply အ၀င် AC အား DC သို့ ပြောင်းလဲပြီး battery များအား အားသွင်းရန်။)
2. Battery System
(Rectifier/charger မှ DC အား လက်ခံ သိမ်းဆည်း သိုလှောင်ရန်/သိုလှောင်ထားသော DC အား main power supply ပြတ်တောက်သွားချိန်တွင် ပြန်လည် ထုတ်ပေးရန် - standby/offline UPS)
(Rectifier/charger မှ DC အား လက်ခံ သိမ်းဆည်း သိုလှောင်ခြင်း နှင့် inverter အတွက် လိုအပ်သော DC(တချို့) အား ပြန်လည် ထုတ်ပေးခြင်း တို့ကို တပြိုင်တည်း ပြုလုပ်ရန် - online UPS)
3. Static Bypass Switch
(Output အတွက် လိုအပ်သော power အား inverter (သို့မဟုတ်) main power supply မည်သည့်နေရာမှ ယူဆောင် အသုံးပြုရမည်ကို အလိုအလျောက် ဆောင်ရွက်ပေးရန်။)
4. Inverter
(Battery system မှ DC အား AC (AC၊ AC sine wave၊ AC pure sine wave) သို့ ပြောင်းလဲပြီး load side အတွက် လိုအပ်သော AC power အား ထောက်ပံ့ရန်။)
ဟူ၍ အဓိကအစိတ်အပိုင်း (၄) မျိုး ပါ၀င်ပါသည်။

UPS အမျိုးအစားများ။

1. Standby/Offline UPS
2. Line-interactive UPS
(အထပ်ဖော်ြပပါ UPS (၂) မျိုးသည် load side အတွက် လိုအပ်သော power ကို main အ၀င် AC မှ ယူသုံးပြီး main အ၀င် AC (လျှပ်စစ်မီး) ပြတ်တောက်သွားသောအခါ millisecond အတွင်း static switch ဖြင့် (battery + inverter) မှ ‌ပြောင်းလဲ ထုတ်ယူသုံးစွဲပါသည်။)
(Personal computer များတွင် သုံးသော UPS များမှာ Offline UPS များဖြစ်ပါသည်။)
3. Online UPS (Online double conversion)
(Online UPS များတွင် load side အတွက် လိုအပ်သော power ကို main အ၀င် AC မှ တိုက်ရိုက်မထုတ်ယူဘဲ (battery + inverter) မှ သာ ထုတ်ယူသုံးစွဲပါသည်။)
(ဘဏ်လုပ်ငန်းများ၊ IT လုပ်ငန်းများ နှင့် တခြား အရေးကြီးသော စက်မှု လုပ်ငန်းများတွင် Online UPS များကို အသုံးပြုပါသည်။)
ဟူ၍ (၃) မျိုး ရှိပါသည်။

Online UPS တလုံးသည် main အဝင် AC အား charger (rectifier) ဖြင့် DCသို့ ပြောင်းလဲပြီး အဆိုပါ DC အား Batter System သို့ အားဖြည့်ပါသည်။ တ​ချိန်တည်းမှာပင် Rectifier မှ DC အား Inverter ဖြင့် AC သို့ ပြန်လည်ပြောင်းယူကာ Load အတွက် တည်ငြိမ်သော လျှပ်စစ် အားကို ပေးသဖြင့် နှစ်ဆင့် ပြောင်းလဲသော အချက် (Ac မှ DC သို့၊ DC မှ AC သို့) အပေါ် မူတည်၍ Double Conversion UPS ဟူ၍လည်း ခေါ်ဝေါ်ကြပါသည်။

UPS ပုံစံများ။

မိမိအသုံးပြုရာ နေရာအပေါ် မူတည်ပြီး မည်သည့် UPS ပုံစံ အသုံးပြုမည်ကို စဥ်းစားသင့်ပါသည်။ အကြမ်းအားဖြင့် ပုံစံ (၂)မျိူး တွေ့ရှိရပါသည်။
1. Standalone Types
(အသုံးပြုရာ ကြမ်းပြင်တွင် ထား၍ အသုံးပြုရသော ပုံစံ။)
2. Rack Mounted Types
(Server Rack များတွင် တပ်ဆင်အသုံးပြုရသော ပုံစံ။)
ဟူ၍ (၂) မျိုး တွေ့နိုင်ပါသည်။

UPS အကြောင်း အကျဥ်းချုပ် (Part # 2)
Online UPS
• Working Environment
• Necessary Component & Description
• Function
>>> ဆက်ရန်

(Pirlozaw)


သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ရှိခိုးပါ၏။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon