Save The Trees
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Save The Trees, Nonprofit Organization, Toungoo.
25/12/2025
တောင်ကြီးမြို့ တောင်ပေါ်မှာ..
ချယ်ရီပန်းတွေ စပွင့်နေပါပြီ ...
ပွင့်စမှာဘဲ လမ်းဘေးအပင်ငယ်အချို့ ခူးယူခံရလို့ အကိုင်းတွေကျိုးကျနေတာ မြင်မ ကောင်းအောင်တွေ့ခဲ့ရလို့ ....ကျွန်တော်တို့ 👇👇👇အောက်ပါစာသားတွေနဲ့ ချယ်ရီပန်းတွေမခူးကျဖို့ ...
#ချယ်ရီပန်း #ချယ်ရီပန်းမခူးရ
#ချယ်ရီပန်းအကိုင်းခက်များမချိုးရ
#ချယ်ရီပင်လေးတွေကိုချစ်ကြမယ်
#တောင်ကြီးမြို့
#တောင်ကြီးသူ
#သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းကြမယ်
#သဘာ၀ပတ်၀န်းကျင်ကိုကာကွယ်ကြမယ်
#ချယ်ရီပန်းရောင်းတာတွေ့ရင်မဝယ်ပါ
ကျားဖြန်လူလိမ်Pageပါဗျ သတိထားကျဖို့ပါ
11/11/2025
06/05/2025
#အင်းလေးနဲ့မနက်ဖြန်များစွာ(၇)
ငလျင်မလှုက်ခတ်မှီ အင်းလေးမှာ လွန်ခဲ့တဲ့နှစ်၃၀လောက်ကတည်းက မတွေရတော့တဲ့ ဖျံမျိုးစိတ် ပေါ်ထွက်လာပါတယ်(ဘေးလွတ်ရာကိုရွေ့ပြောင်းတာဖြစ်နိုင်ပါတယ်) အင်းလေးမှာမှတမ်းမတင်ရသေးတဲ့ မျိုးစိတ်အသစ်ပါ
တချိန်တုန်းကပေါပေါများများရှိခဲ့ပြီး တရားမ၀င်းထောင်ချောက်တွေနဲ့ ဖမ်းစီးမှုကြောင့် ရှားပါးသွားသလို့ ဖျံတွေရဲ့အနေအထိုင်သိုသိပ်မှုကြောင့်လည်း တွေ့ရခတ်ပါတယ်
လည်ရှည်ရွာမှာတော့ငလျင်မလှုက်မှီ အင်းလေးအိမ်တွေထဲ ကြောင်တွေသားပေါက်လေးတွေချီပြီး ကုန်းပေါ်တက်လာသလို့ ကြွက်တွေကလည်း ကုန်းပေါ်တက်နေရာပြောင်းသွားကြတယ်လို့ပြောပါတယ်
ငါးတွေကလည်း အင်းခေါင်ရွာ အင်းရဲ့အလည်ကနေ ရေကြည်သန့်တဲ့ နေရာတွေ အင်းရဲ့ရေစီး၀င်တဲ့ နေရာ တချိုကို ပြောင်းရွေ့တာတွေတွေရှိပါတယ်
ငလျင်လှုက်နေစဉ်မှာတော့ အမြင့်ခုန်နိုင်တဲ့ငါးတွေ ရေပြင်ထက်ကိုခုန်ပျံနေပြီး အင်းကန်အောက်ခြေက ခရုတွေဟာလည်း ရေပေါ်မှာပေါ်ပြီး အင်ရေပြင်မှာ
ပြန့်ကျဲနေပါတယ်
ပြီးခဲ့တဲ့ ရေကြီးမှုဖြစ်စဉ်ကတည်း က ခေါင်တိုင်ရွာဘက်အင်းထဲက ရေမှော်တွေ နုံးတွေးဖုံးအုပ်ပျက်စီးသွားပြီး ရေနေသတ္တဝါတွေတချို့ရဲ့ဂေဟစနစ်ပျက်စီးသွားပါတယ် ငလျင်လှုက်ပြီးချိန်မှာတော့ တပူပေါ်နှစ်ပူဆင့်ခဲ့ပါပြီ
ဆက်ရန်
06/05/2025
#အင်းလေးနဲ့မနက်ဖြန်များစွာအပိုင်း(၆)
အဓိကအချက်ကတော့ အင်းလေးကန်၀န်းကျင်မှာနေထိုင်တဲ့ အင်သားအများစုက အင်းလေးကန်နဲ့ဆက်နွယ်တဲ့ စိုက်ပျိုးရေး ငါးဖမ်းလုပ်ငန်း ခရီးသွားလုပ်ငန်း တွေရဲ့အကျိုးအမြတ်ကိုဘဲအလေးထားတာပါ
အင်းလေးရဲ့ အကျိုးစီးပွားအရင်းမြစ်တွေကို စောင့်ရှောက်ခြင်တဲ့ လူနည်းစုရှိနေပေမည့် လုံလောက်တဲ့အထောက်ပံ အကူညီမရကြပါဘူး
ဒါကအင်းလေးမှမဟုက်ပါဘူး တနိုင်ငံလုံးဒီအတိုင်းပါ အင်းလေးကန်ကို ၀န်းရံထားတဲ့တောင်တန်းတွေရှိပါတယ်တောင်ပေါ်မှာ တိုင်းရင်သားမျိုးနွယ်စုတွေနေကျပါတယ် အဓိကလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးကို ရွှေပြောင်းတောင်ယာစနစ်နဲ့ လုပ်ကိုင်နေတာကြောင့် သစ်တောပြုန်းတီးသွားပါတယ်
သစ်ပင်မရှိတော့တဲ့ တောင်တန်းတွေဟာ
မြေဆီလွာကိုရေတိုက်စားပြီး အင်းထဲကိုနုံးတွေအနည်ထိုင်စေပါတယ် ကြာလာတော့ ၁၅ပေအနက်ရှိတဲ့ အင်းလေးကန်ဟာ ၅ပေတောင် အနက်မရှိတော့ပါဘူး
ကန်ကောလာသလို ကန်ရေနောက်ကျိပြီး
ဒေသငါးတွေအသက်မရှင်နိုင်တော့သလို နုံးတွေကြောင့် ရေညှိနဲ့ ရေမှာ်ပင်တွေပျက်စီးကုန်ပါတယ်
ငလျင်ရဲ့ သက်ရောက်မှုကလည်း ရှိနေခဲ့ပါတယ်
ဆက်ရန်
29/04/2025
#အင်းလေးရဲ့မနက်ဖြန်များစွာ(၅)
အင်းလေးကန်ထဲစရောက်တော့ အာဖရိကငါးခူပေါက်လေးတွေတွေတော့ ထခုန်မိမတက်လန့်သွားခဲ့တယ် မြေပြင်သတင်းအချက်လတ်အရလည်း ကန်းထဲအာဖရိကငါးခူတွေရောက်နေတာကို သတိထားမိတာ တနှစ်ကျော်ပါပြီ
ဇလားဗီးယားကတော့ အင်းထဲအများဆုံးပါ တချိန်ကအများဆုံးဖြစ်ခဲ့တဲ့ ငဖိန်းကတော့ မရှိတော့သလောက်ပါ အင်းလေးရဲ့ ဘယ်နေရာကြည့်ကြည့် ကျုးကျော်မျိုးစိတ်ငါးတွေကြီးစိုးနေပါတယ်
တချိန်က ကြည်လင်ခဲ့တဲ့ရေပြင်ဟာ နှုန်းအနည်နှစ်တွေ့ပို့ချမှုကြောင့် နောက်ကျိနေသလို မြင်သာအောင်ကောလာတဲ့ ကန်ရဲ့ အခြေနေဟာ နေ၀င်ချိန်ရောက်လုနီးပါးပါ
အင်းလေးကို ပြန်လည်ထူထောင်ရေးထောက်ပံရေးနဲ့ရောက်လာတာဆိုပေမည့် အင်းလေးရဲ့ ပျက်စီးဆုံးရှုံးမှုဟာ လူတွေရဲ့ အိုအိမ်ဆုံးရှုံးမှုထက် ဂေဟစနစ်ပျက်စီးမှုက အင်းလေးကန်ပျောက်ကွယ်ဆုံးရှုံးမှုကို ပိုတွန်းပို့နေတယ်ဆိုတာကို သတိထားမိခဲ့တယ်
အင်းလေးကန်ရဲ့ ငလျင်မလှုက်ခင်နဲ့ ငလျင်လှုက်ပြီးနောက် ဇီ၀မျိုးစိတ်တွေနဲ့ ဂေဟစနစ်ပျက်စီးမှုကို
လေ့လာဖို့ မိတ်ဖက် NSClကို အကူညီတောင်းခဲ့ပါတယ်
ရောက်ရောက်ခြင်း အင်းလေးရဲ့ဂေဟစနစ်ပျက်စီးမှုကို အင်းထဲဆင်းပြီး လေ့လာဖို့ပြင်ဆင်ခဲ့တယ်
ရေအနက် ရေအရည်အသွေး အင်းလေးကန်ကြမ်းပြင်ကရေညှိ အပင်နဲ့ ရေနေသတ္တာဝါတွေ မြွေငှက်ကအစပါ
ငှက်လိုမျိုးစိတ်တွေက လေ့လာဖို့လွယ်ပေမည့်
ရေနေသတ္တဝါမျိုးစိတ်တွေ မြွေလိုမျိုးစိတ်တွေက လေ့လာဖို့ ခတ်ခဲ့ပါတယ် သမုဒ္ဓယာထဲမှာ လှေလှော်နေရသလိုပါ လေ့လာခြင်စရာတွေမရေတွက်နိုင်
အဓိကကတော့
ဆက်ရန်
29/04/2025
#အင်းလေးရဲ့မနက်ဖြန်များစွာ(၄)
ကျွန်တော်တို့ အင်းလေးအတွက် ကူညီကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးတွေဟာ နှစ်စဉ်ကူညီနေရမယ့်အခြေနေတခု ဖြစ်လာဖို့ရှိပါတယ်
အင်းလေးကန် ကောလာမှုနဲ့အတူ အင်းလေးရဲ့ဂေဟစနစ်ပျက်သုံးပြီး ဇီ၀မျိုးစိတ်တွေဟာလည်း ပျောက်ကွယ်သွားမှာပါ လက်ရှိအခြေနေတိုင်းသာဆို တောင်ပေါ်ဒသရဲ့ ရေချိုကန်လို့ ကမ္ဘာကသိတဲ့ အင်းလေးဟာ နှစ်၃၀အတွင်း လုံး၀ပျောက်ကွယ်သွားမှာပါ
အင်းလေးကန်တိမ်ကောလာမှုနဲ့အတူ နှစ်စဉ်ဆိုးဝါးတဲ့ရေကြီးရေလျှံမှုကို ကြုံတွေ့လာရတော့မှာပါ အဲ့တော့ အင်းလေးကန်တည်မြဲဖို့ အင်းလေးကန်ထဲ နုန်းတွေ့ပို့ချပေးနေတဲ့ ရေဝေရေလဲဒေသတွေကို ပြုပြင်ထိမ်းသိန်းကာကွယ်ဖို့လိုပါတယ် သစ်ပင်တွေစိုက်ဖို့လိုပါတယ်
အင်းလေးရဲ့ ဂေဟစနစ်ဟာ ပြီးခဲ့တဲ့ရေကြီးမှုကတည်းကတော်တော်ပျက်စီးသွားပါတယ်အထူးသဖြင့် အင်းမျိုးရင်ငါးတွေ ရဲ့ အစာဖြစ်တဲ့ ရေညှိရေမှော်တွေ နုန်းတွေပိပြီးသေဆုံးကုန်တာရယ် အင်းရေနောက်ကျိပြီး အောက်ဆီဂျင်နည်းသွားတာကြောင့် ဒေသငါးတွေ သေကုန်ပါတယ် အောက်စီဂျင်နည်းပါးလည်း အသက်ရှင်နိုင်တဲ့ ကျုးကျော်မျိုးစိတ်ငါးတွေ မတရားပွားများလာပါတယ်
အင်းအပေါ်မှီတင်းနေထိုင်တဲ့ငါးအပါအ၀င်အခြားသော ငှက်တွေ မွေ့တွေအင်းဆက်တွေရဲ့ အစာကွင်းဆက်နဲ့ ရှိနေတဲ့အတွက် ဒေသ မျိုးစိတ်တွေကို ထိမ်းသိန်းရေးအတွက်ပါ တပါတည်းလုပ်ဆောင်ဖို့လိုပါတယ်
ဒီနေ့ ကျွမ်းကျင်ပညာရှင်တချို့နဲ့ အင်လေးရဲ့ ငှက်နဲ့မြွေမျိုးစိတ်တွေကို လေ့လာမှတ်တမ်းတင်ခဲ့ပြီး မနက်ဖြန်ရောက်မည့် ငါးနဲ့ရေနေသတ္တာဝါပညာရှင်
တွေနဲ့အတူ ငါးနဲ့ ရေနေသတ္တဝါတွေကို လေ့လာမှတ်တမ်းတင်ပြီး ငလျင်ရဲ့သတ်ရောက်မှုကြောင့် အင်းလေးရဲရေအရင်းမြစ် နုန်းပို့ချမှု မြစ်ကြမ်းပြင်အခြေနေ ရေအတိမ်အနက်ပြောင်းလဲမှုတွေကို ခေတ်မှီစက်ကိရိယာတွေနဲ့ လေ့လာမှတ်တမ်းတင်သွားမှာပါ
ဆက်ရန်
#အင်းနဲ့မနက်ဖြန်များစွာ(၃)
အင်းလေးကန်ကို ရေစီး၀င်တဲ့ ရေဝေရေလဲနေရာတွေမှာ ကိုလိုနီခေတ်က အင်္ဂလိပ်တွေ နုံး တားကန် ကိုးခုဆောက်ပြီး ထိမ်းသိန်းခဲ့ပါတယ်
ကန်မရှိတဲ့ အခြမ်းတွေမှာတော့ ကန်တူးဖို့ ရွေ့ပြောင်းတောင်ယာနဲ့ ဓားမဦးချပိုင်ဆိုင်မှု ဓလေ့တွေကြောင့် အကောင်ထည်ဖေါ်ဖို့အခတ်ခဲရှိနေပါတယ်
အင်းလေးကန်ကို ရေစီး၀င်တဲ့ ရေချောင်းသုံးခုထဲကတခုကိုရောက်ခဲ့ပါတယ် တချိန်က အတန်သင့်ကျယ်၀န်းတဲ့ချောင်းတခုပါ သုံးနှစ်တကြိမ် နုံး တွေပြည့်သွားလို့ ဘက်ဖိုးနဲ့ဖော်လိုက် ချောင်းဘေးပုံလိုက်နဲ့ ကြာတော့ မြောင်းသာသာဖြစ်ပြီး ကောသွားတာပါ
ချောင်းထိပ်မှာတော့ တာပိတ်ပြီး နုံးတွေကို ချောင်းထဲစုပုံစေပြီး အပေါ်ကရေကြည်ကိုဘဲ အင်းထဲစီး၀င်စေတာပါ အဲ့လိုမှမဟုက်ရင် အင်းလည်ဟာ ငါးနှစ်အတွင်းကောပြီး စက်လှေသွားမရတဲ့ အထိဖြစ်သွားမှညပါ မြောင်းကလည်း သုံးနှစ်တကြိမ်ဖေါ်နေရပါတယ်
ဒါတွေကလည်း လုံလောက်တဲ့ အနေထားတခုလုံးမဟုတ်သေးပါဘူး
ဆက်ရန်
#အင်းလေးနဲ့မနက်ဖြန်များစွာ(၂)
အင်းလေးကန်ရဲ့ ရေကြီးရေလျံမှုဘေးက နှစ်စဉ် အနည်းနဲ့အများဆိုသလို ကြုံနေရတော့မှာပါ လွန်ခဲ့တဲ့ နှစ်သုံး၃၀က ရေနက်ကွင်းတွေ နွေအခါမှာတောင် ၇ပေအနက်ရှိတဲ့ နေရာတွေဟာ အခု၃ပေထက်မပိုတော့ပါဘူး တချိန်က အင်းလေးရဲ့ရေပေါ်ရွာများစွာဟာ အခုကုန်မြေသတ်သတ် ကားတောင်ကောင်းကောင်းမောင်းလို့ရနေပါပြီ
တချိန်က နာမည်ကျော်ရေပေါ်ဈေးရှိတဲ့ ဟဲရာရွာမဆိုရင် အခုကုန်းမြေဖြစ်သွားတာကသတ်သေပါ ပွဲစားကုန်းရွာမဘုန်းကြီးကျောင်းဆို တချိန်ကရေပေါ်မှာဆိုတာကို အင်းလေးကိုလာရောက်တဲ့ ပညာရှင်တချို့တောင်မယုံနိုင်ကြဘူး
လူခဲ့တဲ့ နှစ်၃၀ကျော် နှစ်၄၀နီးပါး လောက်က လူရည်ချွန်စခန်းရှိတဲ့ ခေါင်တိုင်ရွာဆိုရင် နှစ်စဉ်လာရောက်တဲ့ လူရည်ချွန်တွေအတွက် လူရည်ချွန်စခန်းမျက်ခင်းပြင်မှာ ပိတ်ကားကြီးတွေ ထောင်ပြီး ရုပ်ရှင်ပြလေ့ရှိတယ်
ဒီအချိန်ရောက်ရင် အင်းလေးဒေသရွာပေါင်းများစွာက ခေါင်တိုင်ရွာ လူရည်ချွန်စခန်းအထိ ရုပ်ရှင်လာကြည့်လေ့ရှိပါတယ် အထူးသဖြင့် ညောင်ရွေဘက်ကဆို အင်းရေပြင်ကျယ်ပြီး နေအနက်၁၅ခန့်နက်လို့ လှေကြီးတွေနဲ့ ကွေ့ပတ်လာလေ့ရှိတယ်လို့သိရတယ် အခုရေအနက်၇ပေပါ
ဆက်ရန်
#အင်းလေးနဲ့မနက်ဖြန်များစွာ(၁)
ကျွန်တော်က လူမှုကူညီရေးတွေ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဆောင်ကူညီနေတဲ့အပြင် ကျွန်တော့ရဲ့မူရင်းပင်မအလုပ်က သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုတာလည်း တချို့သိကြမယ်ထင်ပါတယ်
အင်းလေးကန် ငလျင်ဘေးသင့် ပြန်လည်ထူထောင်ရင်း အင်းလေးကန်ရဲ့ ဂေဟစနစ်ပျက်စီးမှုနဲ့အတူ တဖြည်းဖြည်းနဲ့ တိမ်ကောပျောက်ကွယ်သွားတော့မည့် အင်းလေးကန်ရဲ့ အနာဂတ်ကိုလည်း မြင်ရ လေတော့ ဗီဇစိတ်ကမနေနိုင်ခဲ့ပါဘူး
ပထမကြိမ်ရေးဘေးသင့်ပြီး ဒုတိအကြိမ်ငလျင်ဘေးသင့်ခဲ့တဲ့ အင်းသားတွေရဲ့ သောကတွေဟာ ထက်ပြန်တလဲလဲ ကြုံရမည့် ရေကြီးမှုတွေကို ဂျာအေးသူ့အမေရိုက် ကူညီနေတာထက် ဖြစ်လာမည့်အရင်းမြစ်ကို ရှာဖွေပြီး ကာကွယ်ပေးဖို့လိုပါတယ်
ဒီအတွက် နိုင်ငံတကာအဖွဲ့စည်းအစုံ ပြည်တွင်းအဖွဲစည်းစုံ ၀င်ရောက်ကူညီဖို့ လုပ်ဆောင်ခဲ့ကြပေမည့် ငါးနှစ်တာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားခဲ့ပါတယ် ဘယ်သူကူကူမကူကူ
ကိုယ်ထုကိုယ်ထပြီး အင်းသားတွေနဲ့အတူ သုံညကပြန်စပြီး အခြေနေတခုရောက်အောင် ၀န်းရံကူညီဖို့
ကျိုးစားနေပါတယ်
လက်တလောပြန်လည်ထူထောင်ရေးအတွက်အခက်ခဲတွေနဲ့ ဘာတွေလိုအပ်ချက်ရှိတယ်ဆိုတာရယ်
အင်းလေးကန်ဂေဟစနစ်ပျက်စီးမှု
ရေဝေရေလဲဒေသတွေပျက်စီးမှု
သဘာ၀ဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံမှုတွေကိုကာကွယ်နိုင်ဖို့
နယ်ခံပရဟိတအသင်းတွေ အင်းလေးကိုရောက်ရှိကူညီနေတဲ့အသင်းတွေနဲ့ သဘက်ခါတွေ့ဆုံဆွေးနွေးတိုင်ပင်အဖြေရှာသွား ဖို့ရှိပါတယ် ဒီနေ့သွားရောက်ခဲ့တဲ့ videoမှတ်တမ်းလေးကိုလည်း တင်ပေးထားပါတယ်
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Toungoo