Online
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Online, Sports, main Road, Tigyaing.
31/07/2023
ဘောလုံးပွဲများ 8လပိုင်း12ရက်စတင်ပါမည်
11/07/2023
မျိုးဆက်သစ်တစ်ခုရဲ့ ပုခုံးထမ်းအကူးအပြောင်းကာလကတော့ ရှိလာစမြဲပေါ့ ဒီဂီယာရေ။ ပရီးမီးယားလိဂ်ဖလားရအသင်းက နောက်ဆုံးလက်ကျန် သရဲနီ ခင်ဗျား ထွက်သွားတော့ Color နဲ့သူ မရှိတော့တဲ့ ဒီဓာတ်ပုံလေးကတော့ လွမ်းမောစရာ ကောင်းလှပါရဲ့ဗျာ 🥲
11/07/2023
"ပပ်နဲ့ ကလော့ပ်နဲ့ ဘာကွာသွားလဲ"
"ပပ်ဂွာဒီယိုလာနဲ့ ဂျာဂင်ကလော့ပ်ဆိုတာ ဒီဘက်ခေတ် ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးနည်းပြ 2 ယောက်ပါ။
လေ့လာသင်ယူပုံတွေ၊ Tactical Set up တွေက အမြဲတမ်း ပြောင်းလဲနေပြီး...
မော်ဒန်ဘောလုံးလောကမှာ သက်ဆိုင်ရာအသင်းတွေကို အမြင့်ဆုံးဆိုတဲ့ နေရာတွေဆီ ပို့ဆောင်ပေးနေတာပါ။
ဒါပေမယ့်...
အောင်မြင်မှုမှာတော့ ပပ်က အသာရနေပြီး ကလော့ပ်က စိတ်မကောင်းစွာနဲ့ နောက်ကျကျန်ရစ်နေပါတယ်။
အဓိက ကွာသွားတာကတော့...
ပပ်ဟာ ဘယ်တုန်းကမှ အသင်းရဲ့ Legend ဆိုတာမျိုး၊ အသင်းနဲ့ ဘယ်လိုသံယောဇဥ်ရှိတာမျိုး၊ သူနဲ့ ဘယ်လိုပတ်သက်တယ်ဆိုတာမျိုးကို မကြည့်ဘဲ...
သူ အောင်မြင်မှုရဖို့တစ်ခုတည်းကိုပဲ ကြည့်တာပါ။
ဒါဟာ သူ့ရဲ့ Underrated အဖြစ်ဆုံး Quality ပါပဲ။
တစ်ဖက်မှာတော့...
ကလော့ပ်ဟာ သာမန် Average Player တွေနဲ့တောင် အသင်းကို တည်ဆောက်နိုင်ပေမယ့်...
သူ့တပည့်တွေကို သံယောဇဥ်ကြီးလွန်း၊ ချစ်လွန်းတဲ့အတွက် ပြင်ဆင်သင့်တဲ့အချိန် မပြင်ဆင်ဘဲ နောက်ကျနေခဲ့တာပါ။
ပြောရရင် နည်းစနစ် ကျွမ်းကျင်မှုအပိုင်းမှာ ပပ်နဲ့ ကလော့ပ်ဟာ အရည်အသွေးပိုင်း မကွာလှပေမယ့်...
အပေါ်မှာဆိုခဲ့သလို ကလော့ပ်ရဲ့ သံယောဇဥ်ကြီးမားတဲ့ အားနည်းချက်ဟာ သူ့ကို ဆွဲထားခဲ့တဲ့အတွက် အောင်မြင်မှုပိုင်းမှာ ကွာခြားသွားတာ ဖြစ်ပါတယ်။
11/07/2023
ကစားသမား ၇ ဦးကို အောင်မြင်စွာ သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် အိုဒီဂတ်ကို သက်တမ်းတိုးနိုင်ဖို့ အာဆင်နယ် တာဝန်ရှိသူတွေက ကြိုးပမ်းနေကြောင်း သိရပါတယ်။
Crd
11/07/2023
ဘိုင်ယန်မြူးနစ်အသင်းဟာ
စပါးတိုက်စစ်မှူး ကိန်းအတွက်
ဒုတိယအကြိမ်မြောက်
ကမ်းလှမ်းမှု ပြုလုပ်လိုက်ပါတယ်။
ယူရိုသန်း (၈၀+ဘောနပ်စ်)ပါ။
ပထမတစ်ကြိမ် ကမ်းလှမ်းတုန်းက
ယူရို (၇၀)သန်း+ဘောနပ်စ်ပဲရှိလို့
စပါးဘက်က ပြတ်ပြတ်သားသား
ပယ်ချလိုက်ပါတယ်။
ဒီပမာဏက နီးစပ်မှု
လုံးဝ မရှိဘူးဆိုပြီးဖြစ်ပါတယ်။
ဒုတိယအကြိမ် ကမ်းလှမ်းတဲ့
ဈေးနှုန်းကိုတော့ အနည်းငယ်
နီးစပ်မှုရှိလာပြီလို့ ခံစားရလို့
စတင် လက်ခံဆွေးနွေးပါမယ်။
လက်ခံတာတော့ မဟုတ်ပါဘူး။
ဘိုင်ယန်သာ ကိန်းကို
တကယ်ခေါ်ဖို့ စဉ်းစားထားရင်
ဘောနပ်စ်အပါအဝင် ယူရိုသန်း ၉၀
လောက်နဲ့ ဈေးတည့်သွားဖို့
မျှော်လင့်ရပါတယ်။
ဟယ်ရီကိန်းတစ်ယောက်
ကစားသမားဘဝ အကောင်းဆုံး
အသက်အရွယ်မှာ ဘိုင်ယန်ကို
ပြောင်းဖြစ်မလားက စပါးဥက္ကဌ
လာဗေးအပေါ်ပဲ မူတည်ပါတယ်။
ဘိုင်ယန်ဘက်ကတော့
စပါးဆီကအဖြေကို မျှော်လင့်နေပါတယ်။
09/07/2023
မာကိုရူးစ်တစ်ယောက် ဒေါ့မွန်အသင်းခေါင်းဆောင်နေရာကနေ ဖယ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။
မာကိုရူးစ်🗣
"ကျွန်တော်ဒီကိစ္စကို အားလပ်ရက်ခရီးမှာ အများကြီးစဥ်းစားခဲ့တာပါ။ ကျွန်တော့်ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို အခြားသူဆီလွှဲပြောင်းပေးလိုက်ပါတော့မယ်..."
အဲ့ဒါအပြင် လာမယ့်ရာသီဟာ မာကိုရူးစ်အတွက် ဒေါ့မွန်ကစားသမားဘဝ နောက်ဆုံးရာသီလည်း ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။
09/07/2023
အမ်ဘာပေရဲ့ အင်တာဗျူးကြောင့် တော်တော်လေးဂယက်ရိုက်ကုန်ပါပြီ။
"PSG အသင်း ချန်ပီယံလိဂ်ဖလားဘယ်လိုယူမလဲဆိုတဲ့မေးခွန်းကို ကျွန်တော့်ကို လာမမေးကြပါနဲ့။ ဒါက ကျွန်တော့်ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်တို့က ကစားသမားတွေပါ။ ကစားသမားဆိုတာက ကျွန်တော်တို့ တတ်နိုင်သလောက်ပဲ အစွမ်းကုန် ကြိုးစားလို့ရတာပါ။ အဲ့ဒီမေးခွန်းကို အသင်းပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့ကိုပဲ သွားမေးကြပါ..."
"ကျွန်တော်ကတော့ ပြိုင်ဆိုင်ရတာကို အရမ်းကြိုက်ပါတယ်။ ချန်ပီယံလိဂ်ဖလားမှမဟုတ်ဘူး။ ဖလားအားလုံးကို လိုချင်တာပါ။ ပြီးတော့ ဘယ်ဂျာစီပဲဝတ်ရဝတ်ရ... ဘယ်နိုင်ငံမှာပဲ ကစားရကစားရ...ဘယ်အသင်းဖော်နဲ့ပဲ ကန်ရကန်ရ...ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော့်စိတ်ထဲမှာ အနိုင်ရဖို့ပဲ စဥ်းစားပါတယ်။ တခြား ဘာမှစဥ်းစားတာမဟုတ်ပါဘူး..."
"ကျွန်တော့်ရဲ့ အဲ့ဒီလို အိပ်မက်တွေအတွက် PSG အသင်းက သင့်တော်တဲ့အသင်းလို့ မထင်ပါဘူး။ ဒီအသင်းက အထဲမှာစည်းလုံးမှုမရှိဘဲ ပြိုကွဲနေတဲ့ အသင်းပါ..."
အမ်ဘာပေက ဒီအင်တာဗျူးကို ဖခင်ဖြစ်သူရဲ့မွေးရပ်မြေ ကင်မရွန်းနိုင်ငံကိုပြန်ရောက်နေတုန်းမှာ ပြုလုပ်ခဲ့တာပါ။ အင်တာဗျူးမှာ ပြောသွားတဲ့စကားတွေကြောင့် အမ်ဘာပေကို PSG အသင်းဥက္ကဋ္ဌ အယ်လ်ခလိုင်ဖီတစ်ယောက် အတော်လေးစိတ်ဆိုးဒေါသထွက်နေပြီး အသင်းကနေရောင်းထုတ်ဖို့ စီစဥ်နေပါပြီ။
09/07/2023
နံနက်ခင်း အားကစား သတင်းများ
⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽
အင်တာမီလန် အသင်းဟာ ဘိုင်ယန်မြုးနစ် ဂိုးသမား ယန်း ဆွမ်မာ အတွက် ယူရို ၆ သန်း နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင် ထားပြီလို့ သိရပါတယ် ။
အင်တာ ဟာ အိုနာနာ အတွက် မန်ယူနိုက်တက် နဲ့ သဘောတူညီမှု ရရှိပြီးတာနဲ့ ဆွမ်မာ ကို စတင် ကမ်းလှမ်း သွားမယ်လို့ သိရပါတယ် ။
ဘိုင်ယန်ကတော့ နာပိုလီ ခံစစ်မှူး ကင်မင်ဂျေး ရဲ့ စာချုပ် ဖျက်သိမ်းကြေး ကို ပေးချေလိုက်ပြီ ဖြစ်တာကြောင့် ကိုရီးယားခံစစ်မှူး ကို မကြာခင် ဆေးစစ်ကာ အပြီးသတ် ခေါ်ယူစာချုပ် နိုင်တော့မှာ ဖြစ်ပါတယ် ။
PSG အသင်းကတော့ တောင်ကိုရီးယား ခံစစ်မှူး လီကမ်အင် ကို ၂၀၂၈ ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်နဲ့ ခေါ်ယူ လိုက်တယ်လို့ အတည်ပြု ကြေညာ သွားခဲ့ပါတယ် ။
ချဲလ်ဆီးကတော့ အဲဗာတန် ကနေ အသက် ၁၇ နှစ်သာ ရှိသေးတဲ့ လူငယ် နောက်ခံလူ ဆင်းမြုးရပ်စ် စမစ် ကို ပေါင် ၄ သန်း နဲ့ ခေါ်ယူလိုက်တယ်လို့ သိရှိရပါတယ် ။
အင်တာမီလန် အသင်းဟာ နယ်သာလန် ခံစစ်မှူး စတီဖန် ဒီဗာ့ဂျ် ကို ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို လိုက်တယ်လို့ ကြားသိရပါတယ် ။
မန်ယူနိုက်တက် နည်းပြကြီး တန်ဟတ် ဟာ လာမယ့် ဘောလုံး ရာသီမှာ အသင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်သွားဖို့ ရှိနေပြီး ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ ဟယ်ရီ မက်ဂွဲယား ဆီက လက်ပတ်ကို ဆက်ခံရမယ်လို့ သတင်းထွက်ပေါ် လာခဲ့ပါတယ် ။
ချဲလ်ဆီးကတော့ လူကာကူ အတွက် ပေါင် သန်း ၄၀ တန်ကြေး သတ်မှတ်လိုက်ပါတယ် ။ အင်တာမီလန် ဟာ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ကို အပြီးသတ် ခေါ်ယူဖို့ အတွက် ချဲလ်ဆီးနဲ့ ညှိနှိုင်းနေပြီး လူကာကူ ကို ရောင်းချအပြီးမှာ ချဲလ်ဆီး အနေနဲ့ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒို ဘက်ကို အာရုံစိုက် လုပ်ဆောင် သွားမယ်လို့ သိရှိရပါတယ် ။
ဘိုင်ယန်မြုးနစ် ဟာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း အတွက် ပေါင် သန်း ၇၀ နီးပါးအထိ ကြေးတိုးမြှင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ ဒါပေမယ့် စပးါ ဥက္ကဌ လီဗိုင်း ကတော့ သန်း ၁၀၀ မရောက်မချင်း လက်ခံ စဉ်းစားဖို့ အလားအလာ နည်းပါးတယ်လို့ သိရှိရပါတယ် ။
ချဲလ်ဆီး ဟာ မနှစ်တုန်းက ပြင်သစ်လိဂ် မှာ ခြေစွမ်းပြ ကစားခဲ့တဲ့ အာဆင်နယ် လူငယ်လေး ဘာလိုဂန် ကို ခေါ်ယူဖို့ အတွက် ကစားသမားရဲ့ အေးဂျင့်နဲ့ ပြောဆို ဆွေးနွေးနေတယ်လို့ သိရှိရပါတယ် ။
09/07/2023
အသင်းကိုဦးဆောင်သူဖြစ်ချင်ကြောင်း ဖွင့်ဟလာသည့် ကွင်းလယ်လူ ကက်စီမဲရို
" တကယ်တမ်းတော့ ဘယ်ကစားသမားမဆို အသင်းအတွက် အကျိုးပြုစေချင်တာရယ် နဲ့ အသင်းဘက်ကနေ လေးစားမှုတွေကို ရချင်ကြပါတယ်။ ဒါပေမယ့် ယူနိုက်တက် မှာ ဒါမျိုးအရာတွေမြန်မြန်ဖြစ်သွားမယ်လို့ ကျွန်တော် ယုံ တောင်မယုံနိုင်ခဲ့ဘူး။ အရမ်းကို အထိုင်ကျခဲ့သလို နောက်ပြီး ဒီအရာတွေအတွက်လည်း အံ့သြရပါတယ်။
ကျွန်တော့် အပြောင်းအရွှေ့ကိစ္စလား? အပြောင်းအရွှေ့ချက် ချင်းဖြစ်လာဖို့ မိသားစုနဲ့ အရင်ဆုံး ကျွန်တော်စကားပြောခဲ့ရ ပါတယ်။ ဒါကလည်း အသင်းကြီးတစ်သင်းကိုပြောင်းရွှေ့ဖို့အတွက် ရခဲတဲ့ အခွင့်အရေးတစ်မျိုးပဲလေး။ ကျွန်တော့် အတွက်တော့ ပရီးမီးယားလိဂ်မှာကစားဖို့က ရသင့်တဲ့ ထိုက်တန်မှုပါ။ ဘာလို့လဲဆို ပြိုင်ပွဲကအရမ်းပြင်ထန်းပါတယ်။ တစ်ခါတစ်လေ ကိုယ့်ဘက်က (90%) ပေးဆပ်ကစားထားရင်တောင် ရှုံးပွဲနဲ့တောင် ကြုံရနိုင်ပါတယ်။
အသင်းမှာ ရှိကြတဲ့လူတိုင်းက မိသားစုစိတ်ဓာတ်ရှိကြသလို အရမ်းကိုလည်း ချစ်ခင်တက်ကြပြီး ဖော်ရွေမှုရှိပါတယ်။ ကျွန်တော်ဆိုရင် ပထမဆုံးရောက်တဲ့နေ့ကစလို့ ပျော်ခဲ့ရပါတယ်။ နောက်ပြီး ဒီအရာက ကျွန်တော့်အထိုင်ကျမယ့်ကိစ္စ အတွက် အတော်လေး အကူညီဖြစ်ခဲ့ပါတယ်။ တစ်ခါတုန်းက တော့ မန်ချက်စတာမြို့မှာနေရတာ ကျွန်တော့်အတွက် အတော်လေးခက်ခဲမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အခု တော့ ကျွန်တော်က အဲ့နေရာကို ကြိုက်နှစ်သက်ပါပြီး။
ပထမဆုံးရောက်လာတဲ့ရာသီဆိုပေမယ့် ကျွန်တော်က အသင်းသားတွေကို ဥပမာအနေနဲ့ အဖေတစ်ယောက်လို ဦးဆောင်ချင်ပါတယ်။ အဲ့နေရာကိုလည်း ကျွန်တော်ပိုင်ဆိုင်ချင်ပါတယ်။ အသင်းခေါင်းဆောင်လက်ပတ်ဆိုတာက ဘာမှမဟုတ်ဘူး။ အဲ့တာက အမှတ်တစ်ခုအနေနဲ့ပါ။ ဒါပေမယ့်လို့ အသင်းခေါင်းဆောင်လက်ပတ်ဝတ်တဲ့ ကစားသမားတွေ ကတော့ ဒိုင်လူကြီးဆီကနေ တာဝန်ယူရပါတယ်။
ကျွန်တော့်ရဲ့အကြီးမားဆုံး ပန်းတိုင်လား? အဲ့တာကတော့ ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလားရရှိဖို့ နဲ့ ယူနိုက်တက်ကို တစ်ချိန် တုန်းက အောင်မြင်မှုနေရာမှာ ထားရှိဖို့ပါ။"
[Placar]
Credit
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Tigyaing