IT Pro

IT Pro

Share

IT Pro (Electrical Engineering & IT Solution)

Photos from E&AC -M&E Service & Installation.'s post 21/11/2020
15/06/2019

နည်းပညာသစ်များနှင့် မီးသတ်ဗဟိုဌာန၏ ထိန်းချုပ်ရေးစင်တာ

and Control Centre
Fire Service Department

ပေသုံးဆယ်ပတ်လည်ရှိသော အခန်းကျယ်ထဲတွင် စနစ်တကျဒီဇိုင်းဆွဲကာ တည်ဆောက်ထားသည့် ကွန်ပျူတာ ၁၆ လုံး၏ ရှေ့၌ လူအချို့အလုပ်ကိုယ်စီ လုပ်နေကြသည်။

၎င်းတို့၏ အရှေ့အခန်းနံရံတွင် ၁၈ ပေခန့်ရှိသော မော်နီတာဖန်သားပြင်တစ်ခုတပ်ဆင်ထားကာ ရန်ကုန်မြို့၏ နေရာအနှံ့မှ အပေါ်စီးမြင်ကွင်းများကို တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ယင်းမြင်ကွင်းများမှ တစ် ဆင့် ရန်ကုန်တိုင်းအတွင်း မီးဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက မြေပြင်အခြေအနေကို အချိန်မီသိ ရှိပြီး ငြှိမ်းသတ်နိုင်ရန် မီးသတ်ဦး စီးဌာနမှ တည်ဆောက်ထားသည့် Command Control Center မှမီးဘေးအခြေအနေများ စောင့်ကြည့်နေခြင်းဖြစ်သည်။

Command Control Centerသည် ရန်ကုန်တိုင်းအတွင်း မီးဘေးအန္တရာယ်များ ကြုံတွေ့လာရပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ကားများနှင့် မီးလောင်မှုအခြေအနေများကို နည်းပညာအသုံးပြုကာ စောင့်ကြည့်ထိန်းချုပ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမီးလောင်မှုတွင် ရန်ကင်းမြို့နယ်ရှိ အထပ်မြင့် အဆောက်အအုံတစ်ခုပေါ်၌ တပ်ဆင်ထားသည့် စီစီတီဗီကင်မရာမှတစ်ဆင့် မီးလောင်နေခြင်းကို တွေ့ရှိခဲ့၍ CommandControl Center နှင့် အနီးဆုံးတာမွေမီးသတ်စခန်းသို့ ဆက်သွယ်ကာ Level-2 အဆင့် သတ်မှတ်၍ မီးသတ်ကားများသို့ စေလွှတ်ပေးခဲ့သည်။

မီးသတ်ကားများ စေလွှတ်ပြီး ခဏအကြာတွင် မီးလောင်ကျွမ်းမှုမြင့်တက်လာသည်ကို ကင်မရာမှ တွေ့ရသည့်အတွက် Level-5 အဆင့်သတ်မှတ်၍ မီးသတ်ကားများ ချက်ချင်းစေလွှတ်ခဲ့ပြီး မီးထိန်းချိန် ငါးနာရီ၊ မီးငြှိမ်းချိန် ၁၂ အတွင်း အပြီးသတ်ဆောင်ရွက် နိုင်ခဲ့သည်။

၂၀၁၁ တွင် မင်္ဂလာဈေး၌ မီးလောင်ခဲ့ရာ ၂၂ နာရီကျော် ငြှိမ်းသတ်ခဲ့ရပြီး ယခုတစ်ကြိမ် မီးလောင်မှုတွင် အချိန်မီသိရှိခဲ့၍ မီးငြှိမ်းသည့်အချိန် လျော့သွားကြောင်း Control Center မှ သိရသည်။

‘‘ဒီစင်တာကို တည်ထောင်ရတဲ့ အဓိကရည်ရွယ်ချက်က မီးသတင်းတွေကို မြန်မြန်သိချင်တာပဲ။ နည်းပညာအသုံးပြုပြီး မီးငြှိမ်းသတ်ရေးအတွက် မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်’’ ဟု Command Control Center ၏ တာဝန်ခံအရာရှိက ရှင်းပြသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် Command Control Center အား၂၀၁၃ တွင် အပြီးတည်ဆောက် ကာ စတင်လည်ပတ်ခဲ့ပြီး မီးဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်မီမီးငြှိမ်းသတ်ရန် မီးသတ်ကားများကို ညွှန်ကြားခြင်း၊လိုအပ် သည့် အထောက်အပံ့များပေးခြင်း တို့အတွက် ကျွမ်းကျင်ဝန်ထမ်း ၂၀ ဦးက အလှည့်ကျစနစ်ဖြင့် နည်းပညာအခြေခံသည့် စနစ်လေးမျိုးကို အသုံးပြုကာ စောင့်ကြည့်လျက်ရှိသည်။

Control Center အတွက် အသုံးပြုသည့် စနစ်များထဲတွင် မီးလောင်မှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိနိုင်ရန် စောင့်ကြည့်ခြင်းကို အထပ်မြင့်အဆောက်အအုံများ၏ထိပ်တွင် စီစီတီဗီကင်မရာ တပ်ဆင်ကာအွန်လိုင်းဖြင့် ချိတ်ဆက်၍ ၂၄ နာရီစောင့်ကြည့်သည့် E-Watching စနစ်ကို အသုံးပြုထားသည်။

အဆိုပါစနစ်ကို အသုံးပြုရာတွင် ရန်ကုန်မြို့၏ အဓိကနေရာများနှင့် စက်မှုဇုန်များရှိသည့် နေရာငါးနေရာတွင်ရှိသော အထပ်မြင့်အဆောက်အအုံများ၏ ထိပ်တွင် ၃၆၀ ဒီဂရီလှည့်ပတ်ကြည့်ရှုနိုင်သည့် စီစီတီဗီကင်မရာများ တပ်ဆင်ထားပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၂၀ ကျော်ကို တိုက်ရိုက်စောင့်ကြည့်နိုင်မည်ဖြစ်သည်။

‘‘ရန်ကုန်မြို့ရဲ့ အဓိကငါးနေရာမှာ စီစီတီဗီကင်မရာတွေ တပ်ဆင်ထားပြီး နေ့ဆို မီးခိုး၊ ညဆို မီးရောင် အဲဒါတွေကို စောင့်ကြည့်တယ်။ တစ်ခုခုတွေ့တာနဲ့ အနီးဆုံးမီးသတ်စခန်းကို သတင်းပို့ပြီး မီးသတ်ကားတစ်စီးနဲ့ သွားကြည့်ခိုင်းပါတယ်။ သေချာပြီဆိုရင်တော့ မီးအနည်းအများပေါ် မူ တည်ပြီး မီးသတ်ကားတွေကို Level အလိုက် လွှတ်ပြီးတော့ မီး ငြှိမ်းသတ်စေပါတယ်’’ဟု Control Center တာဝန်ခံအရာရှိက အဆို ပါစနစ်အသုံးပြုပုံကို ရှင်းပြသည်။

စီစီတီဗီကင်မရာများကို MPT ၏ မိုဘိုင်းတာဝါများ၊ ဆီဒိုးနားနှင့် ဆူးလေးရှန်ဂရီလာ ဟိုတယ်စသည် တို့အပါအဝင် ကျောက်တံတား၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ရှစ်မိုင်၊ ဘုရင့်နောင်၊ လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့ရှိ အထပ်မြင့် အဆောက်အအုံများတွင် တပ်ဆင်ထားပြီး စောင့်ကြည့်လျက်ရှိသည်။

E-Watching Tower စနစ်သည် မီးလောင်မှုအခြေအနေများ စောင့်ကြည့်ရာတွင် အဓိကအသုံးပြုသည့် စနစ်ဖြစ်ပြီး မီးလောင်သည့်နေရာသို့ မီးသတ်ကားများ အချိန်မီရောက်ရှိရန်နှင့် အချိန်မီ မီးငြှိမ်းသတ်နိုင်ရန် လိုအပ်ချက်များ ရှိနေသေးသည့်အတွက် အခြားသော စနစ်များကို တွဲဖက်အသုံးပြုရမည်ဖြစ်သည်။

အဆိုပါလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် မီးသတ်စခန်းများနှင့် Control Center တို့ကြားတွင် ဆက်သွယ်ရေး ဖိုက်ဘာကေဘယ်များဖြင့် ချိတ်ဆက်ထားပြီး အပြန်အလှန်သတင်းပို့ခြင်းများ ဆောင်ရွက်နိုင်မည့် မီးငြှိမ်းသတ်ခြင်း စီမံခန့်ခွဲရေးဆိုင်ရာစနစ် (FSOMS) ကို အသုံးပြုထားသည်။

FSOMS စနစ်၏ အဓိကအချက်မှာ မီးလောင်မှုဖြစ်ပွားသည့်နေရာကို မီးသတ်ကားများ အမြန်ဆုံးသွားနိုင်ရန် လမ်းညွှန်ပေးခြင်းနှင့် မီးလောင်သည့် နေရာနှင့် အနီးဆုံးရေရရှိသော တည်နေရာများ ညွှန်ပြပေးခြင်းတို့ လုပ်ဆောင်ခြင်းဖြစ်သည်။

‘‘ FSOMS စနစ်ဟာ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို မီးသတ်ကားတွေက အမြန်ဆုံးဘယ်လိုသွားမလဲ၊ အဲဒီအနီးနားမှာ ရေရယူနိုင်မယ့် နေရာတွေက ဘယ်နေရာတွေလဲ။ အဲဒါတွေကို မြေပုံနဲ့ ဖော်ပြပေးတဲ့ စနစ်ပါ။ ပြီးတော့ ဖိုက်ဘာကေဘယ်နဲ့ ချိတ်ဆက် ထားတဲ့အတွက် ဒီဘက်က လမ်းညွှန်ပေးရုံတင်မကဘဲ သူတို့ဘက်ကလည်း လှမ်းပြီးသတင်းပို့နိုင်ပါ တယ်’’ ဟု Control Center တာဝန်ခံအရာရှိက ပြောသည်။

Control Center အနေဖြင့် မီးလောင်မှုအခြေအနေ စောင့်ကြည့်ခြင်း၊ မီးသတ်စခန်းများနှင့် ချိတ်ဆက်ထားကာ ညွှန်ကြားပေးခြင်းတို့ကိုသာ ပြုလုပ်ခြင်းမဟုတ်ဘဲ မီးသတ်ကားများတွင် GPS တပ်ဆင်ကာ သွားလာလှုပ်ရှားမှုများကို ခြေရာခံပေးနိုင်မည့် Vehicle Tracking System စနစ်အသုံးပြုထားသည်။

‘‘ဒီစနစ်က ကျွန်တော်တို့ရဲ့ယာဉ်တွေ လှုပ်ရှားထွက်ခွာမှုကို အချိန်ပြည့်စောင့်ကြည့်လို့ ရပါတယ်။ မီးလောင်တဲ့နေရာကို သွားတဲ့လမ်းကြောင်းမှာ ယာဉ်ကချို့ယွင်းမှုဖြစ်ခဲ့ရင် အချိန်မီအစားထိုးနိုင်မှာ ဖြစ်သလို မီးလောင်တဲ့နေရာကို လွှတ်လိုက်တဲ့ ယာဉ်တွေ တကယ်သွား၊ မသွားကိုလည်း စောင့်ကြည့်လို့ရပါတယ်’’ ဟု ပြောသည်။

Vehicle Tracking System စနစ်ဖြင့် GPS များတပ်ဆင်ခြင်း ကို ဌာနချုပ်အပါအ၀င် မီးသတ် စခန်း ၃၁ ခုမှ မီးသတ်ကားအစီးရေ ၁၄၀ တွင် အဆိုပါစနစ် တပ်ဆင်ထားပြီး ရန်ကုန်တိုင်းအတွင်း ရှိ အစိုးရ၏ ဘတ်ဂျက်လိုအပ်ချက် ကြောင့် မီးသတ်ကားအားလုံး၌ တပ်ဆင်ခြင်း မပြုလုပ်နိုင်သေး ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးအသုံးပြုထားသည့် စနစ်မှာ မီးသတ်ကားများပေါ်တွင် 3G အင်တာနက်အသုံးပြုနိုင်သည့် ကင်မရာများ တပ်ဆင်ထားပြီ မီးငြှိမ်းသတ်နေချိန်တွင် မီးလောင်မှုအခြေအနေများကို အွန်လိုင်းမှ တိုက်ရိုက်ပေးပို့နိုင်သည့် IP ကင်မရာစနစ်ဖြစ်သည်။

အဆိုပါကင်မရာမှတစ်ဆင့် မီးသတ်ကားသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ဖြစ်ပျက်သမျှကို တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး မီးလောင်မှုအခြေအနေများကို အနီးကပ်ကြည့်ရှုကာ လိုအပ်ချက်များ ထောက်ပံ့ပေးနိုင်မည့်အပြင် မီးသတ်ကားများ မောင်းနှင်မှုနှုန်းကိုလည်း ကြည့်ရှုနိုင်သောကြောင့် Control Center မှ လိုအပ်သလို လမ်းညွှန်မှုများ ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။

‘‘ဒီယာဉ်တင်ကင်မရာဟာ သူ့ရှေ့မှာ ဖြစ်နေတဲ့ လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေ၊ မီးလောင်မှုတွေ၊ ရေဘေး၊ ဘာပဲဖြစ်ဖြစ် တကယ့်ဖြစ်စဉ်တွေကို လက်တွေ့ကျကျမြင်တွေ့ရတဲ့အတွက် လိုအပ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ ကူညီထောက်ပံ့နိုင်မှာ ဖြစ်တဲ့အတွက် အများကြီး အသုံးဝင်ပါတယ်’’ဟု Control Center တာဝန်ခံအရာရှိက ပြောသည်။

လက်ရှိတွင် IP ကင်မရာများကို ရန်ကုန်တိုင်း၌ အလုံး ၂၀၊ မကွေးတိုင်း၌ ၁၀ လုံးနှင့် နေပြည်တော်၌ ၁၀ လုံးစီ တပ်ဆင်ပေးထားပြီး လာမည့်ဘဏ္ဍာနှစ် အခြားသော ပြည်နယ်နှင့်တိုင်းများအား ဆက်လက်တိုးချဲ့သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးမှ မီးလောင်မှုအခြေအနေများကို စောင့်ကြည့်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ Control နဲ့ ထိန်းချုပ်တဲ့ စနစ်တွေ လုပ်သွားဖို့ရှိပေမယ့် အရင်ဆုံး IP ကင်မရာစနစ်ကိုပဲ တိုးချဲ့သွားပါမယ်။ နောက်ပိုင်းကျမြို့ကြီးတွေမှာ ကိုယ်ပိုင် Control Center တွေနဲ့ စောင့်ကြည့်ပြီး ထိန်းချုပ်နိုင်ဖို့အတွက်ကိုလည်း လုပ်ဆောင်သွားဖို့ရှိပါတယ်’’ ဟု Control Center တာဝန်ခံအရာရှိက ပြောသည်။

Control Center စနစ်ဖြင့် မီးဘေးအခြေအနေများ စောင့်ကြည့်ခြင်းများခြင်းကြောင့် မီးလောင်သည့် နေရာသို့ မီးသတ်ကားများ အချိန်မီရောက်ရှိနိုင်ရန် လမ်းညွှန်ပေးခြင်း၊ အချိန်တိုအတွင်း မီးငြှိမ်းသတ်နိုင်ရန် လိုအပ်သည့် အထောက်အပံ့များပေးခြင်းတို့ကြောင့် မီးလောင်မှု အခြေအနေများကို ထိန်းသိမ်းနိုင်ခြင်းမှာ ယခင်ကထက် ၂၀ ရာခိုင်နှုန်းခန့် ပို၍မြန်ဆန်လာကြောင်း ၎င်းက ပြောသည်။

မီးငြှိမ်းသတ်ရာတွင် ပို၍မြန်ဆန်လာခြင်းမှာ မီးလောင်မှုအခြေအနေများကို အချိန်နှင့် တစ်ပြေးညီသိရှိသည့်အတွက် မီးသတ်ကားများ အချိန်မီသွားရောက်နိုင်ခြင်း၊ မြေပြင်အခြေအနေကို စောင့်ကြည့်နိုင်၍ လိုအပ်သည့် မီးသတ်ကားအကူများ အချိန်မီပေးပို့နိုင် ခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။

သို့သော်လိုအပ်ချက်များ ရှိနေသေးပြီး ရန်ကုန်တိုင်းတစ်ခုလုံးကို မြို့အစွန်မှ နေရာများပါမကျန် စောင့်ကြည့်နိုင်ရန် ဆက်လက်တိုးချဲ့မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

============
Credit dr.fire
7Day News Journal

Photos from Dr. Fire's post 13/06/2019
Photos from IT Pro's post 06/06/2019

HAC-HFW1230TP-A
2MP Starlight HDCVI IR Bullet Camera

👍👍2MP Starlight Camera ဖြစ်ပြီး အသံပါတစ်ပါတည်း
ပါဝင်တာကြောင့် လူကြိုက်များနေတဲ့ HDCVI IR Bullet
Camera တစ်မျိုးပဲဖြစ်ပါတယ်။ Camera တစ်လုံးတည်းနဲ့
မြင်ကွင်းကျယ်ကျယ်မြင်နိုင်တဲ့2MP Starlight ဖြစ်ပါတယ်။
IR Length ကတော့ 30M ဖြစ်ပြီး Smart IR အမျိုးအစား
ဖြစ်ပါတယ်။ ပြတ်သားကြည်လင်သောရုပ်ထွက်ကိုပေးစွမ်း
နိုင်တဲ့ 2MP Starlight HDCVI IR Bullet Camera
ပဲဖြစ်ပါတယ်။ ဆိုင်ခွဲတွေတိုင်းမှာရနေပါပြီ။ဈေးနုန်းလည်း
ချိုသာပြီး Quality ပိုင်းအထူးစိတ်ချရတဲ့ Dahua Brand ပဲ
ဖြစ်ပါတယ်။👍👍

👏👏CCTV တပ်ဆင်လိုသူ Customerများအတွက်
ဖုန်းလေးဆက်လိုက်ရုံဖြင့်အိမ်အရောက်ကုန်ကျ
စရိတ်အသေးစိတ်တွက်ချက်ပေးနေပါပြီ။👏👏

IT Pro (Electrical Engineering & IT Solution)

မှအောက်ပါဝင်ဆောင် မူ့များကို ပြုလုပ်ပေးနေပါသည်

Electrical wiring
Fire alarm
Fire fighting
Air con
Chiller
Door access
CCTV
MATV
PABX
PA System
Networking

လူကြီးမင်း တို့စိတ်တိုင်းကျပြုလုပ်ပေးနေပါသည်

အမှတ် ၃၃၀ (ခ) မင်းရဲကျော်စွာလမ်း ၊ ကြီးပွားရေး ရပ်ကွက် ၊ သင်္ဃန်းကျွန်းမြို့နယ် မြယမုံ ကမ်းသာယာ အိမ်ယာ အနီး

09 420192770 ,09 961890012 , 09 964292770 ,09 975536474 , 09 961890012 , 09 795435184

Photos from M&E Hub Engineering Learning Center's post 17/02/2019
09/02/2019

ဒို့များ အင်ဂျင်နီယာတွေ ကြက်ဥ ကြော်ကြတဲ့အခါ...
===================================
ကျနော်တို့ဟာ ကြက်ဥ ကို ဝယ်တော့မယ် ဆိုရင်
ကြက်ဥရဲ့အရောင် RGB : 255,245,195 ရှိပြီးတော့
အရွယ်အားဖြင့် 57mm ရှည်ကာ ကြက်ဥရဲ့အကျယ်ဆုံး
နေရာက Diameter ဟာ 44.5mm ကျယ်ဖို့ လိုတဲ့အပြင်
အလေးချိန်အားဖြင့် ပျမ်းမျှ 57g ဒါမှမဟုတ် 1.75 ounces
ရှိတဲ့ ကြက်ဥများ ကိုသာ ရွေးချယ်ဝယ်ယူကြပါတယ်။

ဒါမှသာ အဲ့ဒီကြက်ဥကနေ ကျနော်တို့ဟာ proteins,
vitamin D,A,B2,B6,B12, folic acid, iron, calcium,
potassium, phosphorus, carbohydrates, fats နဲ့
fluoride ဓာတ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီအပြင် ကျနော်တို့ဟာ ကြက်ဥကို ရေခဲသေတ္တာ အပူချိန်
35˚F နဲ့ 40˚F အတွင်း ထားရှိကာ ဝယ်ယူစဉ်ကာလမှ စတင်၍
သုံးပတ်အတွင်းသာ ထားရှိပြီး ကြော်ကြပါတယ်။

စကြော်မယ်ဆိုရင် ကျနော်တို့ဟာ ကြက်ဥတစ်လုံးအတွက်
အထူးသင့်တော်တဲ့ အရွယ်ဖြစ်တဲ့ radius 120mm ကျယ်ဝန်းပြီး
အနက်အားဖြင့် 13mm ရှိကာ carbon steel နဲ့ ပြုလုပ်ထားပြီး
မျက်နှာပြင်တွင် CERMIGUARD II ကို coating လောင်းထားသော
Silicon လက်ကိုင်ရိုးတပ် ဒယ်အိုးကိုသာ အသုံးပြုကြပါတယ်။

မီးဖိုကိုတော့ 1500W ထုတ်ပေးနိုင်တဲ့ မီးဖိုကို အသုံးပြုကြပြီး
ဆီကို 5 teaspoon ထည့်ကာ ဆီအပူချိန် 360˚F ရောက်တဲ့အထိ
204.6438 sec ကြာအောင် စောင့်ကြပါတယ်။

အဲ့ဒီနောက် ကြက်ဥကို ကြော်ဖို့အတွက် စခွဲတော့မယ်ဆိုရင်
ကြက်ဥအကွဲကြောင်းဟာ 20mm လောက်ရဖို့ လိုအပ်တဲ့အတွက်
ကြက်ဥကို 15 cm အမြင့်မှကိုင်ပြီး 50 Newtons အားနဲ့
ချိန်ဆကာ တိကျအောင် ခွဲကြပါတယ်။

အဲ ကြက်ဥကို ခွဲအပြီး ဆီထဲ ထည့်လိုက်ပြီးတဲ့နောက်
2.5091 sec အတွင်း ဆား 1/8 teaspoon, အရသာမှုန့်
1/10 teaspoon ထည့်ရပါတယ်။ ထည့်တဲ့အခါမှာလည်း
ကြက်ဥရဲ့ surface တစ်ခုလုံးကို အရသာတွေ scatter
ဖြစ်သွားအောင် ဂရုစိုက်ရပါတယ်။ မဟုတ်ရင် အရသာတွေဟာ
တစ်နေရာတည်းမှာ dump ဖြစ်သွားတဲ့အခါ ကြက်ဥကြော်ရဲ့
property ကို damage ဖြစ်စေလို့ပဲဖြစ်ပါတယ်။

အဲ့ဒီနောက် မိမိတို့နှစ်သက်ရာ ရာခိုင်နှုန်းများအလိုက်
စက္ကန့်အတိအကျ ကြော်ပြီးသည့်အခါ (ဥပမာ half fried ဆိုရင်
40 % ၊ စက္ကန့်အားဖြင့် 100.2659 sec သာ ကြော်ရပါတယ်။)

ကြက်ဥကြော်တဲ့ကိစ္စ ပြီးစီးသွားတဲ့အခါ ကြော်ပြီးသား
ကြက်ဥဟာ 44g လောက် အလေးချိန်ရှိတာဖြစ်တဲ့အတွက်
သူ့ကို ဆယ်ယူနိုင်ဖို့ရာ ခံနိုင်ဝန်အား 10kg ကို မ,နိုင်တဲ့
Slice အမျိုးအစား ဇွန်းပြားကြီးများကို အသုံးပြုကြပါတယ်။

ကြော်ပြီးတဲ့ ကြက်ဥကြော်ဟာ အကာရဲ့Diameter 110mm နဲ့
အနှစ်ရဲ့ Diameter 35mm ရှိတာဖြစ်တဲ့အတွက် သူ့ကိုထည့်ဖို့
Diameter 170mm ကျယ်ဝန်းတဲ့ ပန်းကန်ပြားအပေါ်သို့ တင်ပြီးသည့်အခါ ကြက်ဥကြော်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။

(ဖတ်တဲ့သူတော့ မပြောတတ်ဘူး၊ ရေးတဲ့သူတော့ မောတာ😂)

credit - Wai Phyo Maung

Want your business to be the top-listed Engineering Company in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Address


No. 330 (B) 4 Floor , Min Ye Kyaw Syar Road , Kye Pwar Yae Ward
Thingangyun
95420192770,09253388736,09795435184,09975536473,09975536474

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00