Lingo - Foreign Languages Training Center
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lingo - Foreign Languages Training Center, Thingangyun.
13/08/2020
မင်္ဂလာပါခင်ဗျာ... 🙏
💢 လူ (၃၀) ထိ စုဝေးခွင့် ရရှိပြီ ဖြစ်လို့ မကြာခင်မှာ
တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသူများအတွက်
Four Skills ( Reading, Writing, Speaking and Listening) ကို ဖွင့်လှစ်ပေးသွားမှာပါ...
💢(၈) တန်းအောင် တတ်ကြမည့် သင်ရိုးသစ် (Grade 10) အတန်း ( သင်ရိုး + Four Skills) အတန်းကိုလဲ ဖွင့်လှသ်ပေးပါမည်။
💢 စနစ်ဟောင်း Grade 10, Grade 11 အတွက် Essay & Letter တန်းခွဲများ လစဉ် ပုံမှန် ရှိပါမည်။
💢 အင်္ဂလိပ်စာ ဘာသာရပ်ကျွမ်းကျင်တန်းခွဲများကို အိမ်ဝိုင်းများလည်း လက်ခံသင်ကြားပေးသည်။
ဆက်သွယ်စုံစမ်းရန် - 09 764 033 133
17/04/2020
မြန်မာနှစ်သစ်ဦး အချိန်သမယတွင်
မြန်မာနိုင်ငံ နိုင်ငံသားများသာမက
ကမ္ဘာသူ ကမ္ဘာသား အားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
မေတ္တာတရား၊ မုဒိတာတရား၊ ကရုဏာတရား များနှင့်
ပြည့်စုံ ထုံမွှန်း နိုင်ကြပါစေကြောင်း၊
ယခု ကျရောက်နေသော COVID-19 ရောဂါ ကပ်ဆိုးကြီးဘေး မှ
လျှင်မြန်စောစီးစွာ လွတ်ကင်းနိုင်ကြပါစေကြောင်း
Lingo မိသားစုမှ ဆုတောင်းမှု ပြုလိုက်ရပါတယ် ခင်ဗျာ 🙏🏻🙏🏻🙏🏻
06/04/2020
𝑳𝒆𝒂𝒓𝒏 𝒇𝒓𝒐𝒎 𝑯𝒐𝒎𝒆
******************
COVID -19 ကြောင့် ရပ်နားထားရတဲ့ ဖွင့်လက်စ
Four Skills သင်တန်းတွေ အတွက်
𝗟𝗲𝗮𝗿𝗻 𝗳𝗿𝗼𝗺 𝗛𝗼𝗺𝗲 (𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒆𝒂𝒄𝒉𝒊𝒏𝒈) ကို စတင် သင်ကြားပေးနေပါပြီ ....
အစပိုင်းမှာ Technical problem လေးတွေ ရှိပင်မဲ့
ယနေ့ခေတ် နည်းပညာ တွေက user-friendly ဖြစ်အောင်လုပ်ထားတော့ အတော်လေး အဆင်ပြေပါတယ် ...
အားတတ်သရော join ပေးကြတဲ့ သင်တန်းသားတွေလဲ
ကျေးဇူးပါ😍
Livestreaming ကို အချိန်မရလို့
ဝင်မတတ်နိုင်တဲ့ သူတွေလဲ စိတ်မပူပါနဲ့
Recorded Video file ကို Group ထဲ Share ပေးပါ့မယ် ...
(တချို့ကျောင်းသား/သူ တွေ အိမ်မှာ ဆိုတော့ မုန့်လေးစားရင်း စာလေး နားထောင်တာ ဟန်ကို ကျနေတာပဲ 😆😆😆)
နောက်လဲ Online course နှင့် Online Short Video လေူတွေ လုပ်ဖို့ရှိပါတယ်။
𝗛𝗼𝗺𝗲 𝗦𝘁𝗮𝘆 နေရင်း ကိုယ့်အတွက်
ဘာမသိသေးတာတွေ သိလာလဲ
ဘာ အကျိုးအမြတ်၊ တိုးတက်မှုတွေ ရလိုက်လဲ
ပြန်လည်သုံးကြပါလို့ တိုက်တွန်းလိုပါတယ်....
မြန်မာပြည်သူ/သား၊ ကမ္ဘာသူ/သား အားလုံး
ဒီ COVID - 19 ကပ်ဆိုးကြီးမှ မြန်မြန် ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းရင်း 🙏🏻🙏🏻🙏🏻
❗️ Announcement ❗️
ကျောင်းသား/သူ များ နှင့် ကျောင်းသား မိဘများ ခင်ဗျာ
တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက်ရှိသော COVID - 19 အခြေအနေသည် ပိုမိုဆိုးရွားလျက်ရှိပါသည်။
ယခုအခါ မြန်မာနိုင်ငံ ကျန်မာရေးဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ Positive Patient (၂) ယောက်တွေ့ရှိနေသည်ဟု သိရှိရပါသည်။
ထို့ကြောင့် Lingo Training Center တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများ အားလုံးကို မတ်လ (၂၄) ရက်နေ့ မှ စ၍ ခေတ္တ ရပ်နားလိုက်ပါသည်။
ကျန်မာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အပေါ်မူတည်၍ သင်တန်းများ ပြန်လည်ဖွင့်လှစ် နိုင်မည့်ရက်ကို ထပ်မံကြောငြာပေးသွားပါမည်။
လက်ရှိသင်ကြားနေသော သင်တန်းကာလ မပြီးသေးသည့် တန်းခွဲများ( Four Skills Courses) အားလုံးကို Online မှ ဆက်လျက်သင်ကြားပေးနိုင်ရန် စီစဉ်လျက် ရှိပါသည်။
YLE Classes များအားလုံးကို ပြန်လည်ဖွင့်လှစ်နိုင်မည့် အချိန်တွင် ပြန်လည်အစားထိုး၍ သင်ကြားပေးမည် ဖြစ်သည်။
ဤကာလ အတောအတွင်း ကျောင်းသား/သူ အားလုံး ကျန်:မာရေးကို အထူးဂရုစိုက်ပေးကြပါ။
သင်တန်းနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းစရာများ ရှိပါက သင်တန်းဖုန်း 09 764 033 133 ကို ဆက်သွယ်နိုင်ပါသည်။
Lingo Languages Training Center
22/03/2020
The limits of your language is the limits of your world!
Don’t limit your challenge!
Challenge your limits !!!
13/03/2020
နွေရာသီ Grammar & Essay, Letter Class
◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆ ◆
မင်္ဂလာပါ 🙏🏻🙏🏻🙏🏻
ကျွန်တော်တို့Lingo Languages Training Center မှ Grade 9,10,11 ကျောင်းသား၊သူတွေ အတွက် အင်္ဂလိပ်စာ လေ့လာရာမှာ မသိမဖြစ် အခြေခံ အုတ်မြစ်ဖြစ်တဲ့ Grammar and Writing Course တစ်ခုကို တစ်နှစ်ပတ်လုံးတက် တန်းခွဲများသာမက နွေရာသီ (၃) လ သင်တန်းများလည်း သင်ကြားပို့ချနေကြောင်း သတင်းကောင်းပါး အပ်ပါတယ်ခင်ဗျာ...
ယခု သင်တန်းသည် အခြေခံ ပညာအဆင့် Grade 9,10,11 အဆင့်များ အတွက် တက်ရောက်ရန် အသင့်တော်ဆုံး ဖြစ်ပါသည်။
✍️ Grammar ဆိုတာ ငယ်စဉ် ကတည်းက သင်ခဲ့သော်လည်း တကယ်တတ်မြောက်ခဲ့သည့် ကျောင်းသား၊သူ က အလွန်နည်းလှသည်။ (တတ်မြောက်ခြင်း ဆိုရာမှာ သင်ကြားပြီးသား Grammar များကို ကောင်းစွာ အသုံးချတတ်ခြင်း ကိုဆိုလိုပါသည်။)
✍️ အင်္ဂလိပ်စကားပြောဆိုရာတွင် Fluent (ပြေပြေပြစ်ပြစ်) ဖြစ်ဖို့ကလဲ အရေးကြီးသလို Accurate (အမှားကင်းပြီး မှန်ကန်တိကျ) ဖို့လဲ အရေးတကြီး လိုအပ်တယ်ဆိုတာ ငြင်းဆို လို့မရနိုင်ပါ။
✍️ ဒါကြောင့် အင်္ဂလိပ်စာရဲ့ Accuracy ကိုပါ တွဲဖက်၍ စနစ်တကျ လေ့လာမှသာ သင်လိုချင်သည့် English Skills (Speaking, Listening, Reading and Writing) ကို လေ့လာရာတွင် အခက်အခဲများအား လွယ်ကူစွာ ကျော်လွားနိုင်ပါမည် ဖြစ်ပါသည်။
💥 ဒီကွက်လပ်ကို ကျွန်တော်တို့က ဖြည့်စွပ်ပေးပါ့မည်။ သင့်ဖက်မှ မပျက်မကွက် တတ်ရောက်ရန်သာ တာဝန်ယူပါ။ 💥
အခြေခံ Grammar ကို နိုင်ငံတကာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီး ကျောင်းသား/သူ များအတွက် များစွာ အသုံးဝင်သော Essential Grammar in Use စာအုပ်ကို အသုံးပြု ပြီး မြန်မာကျောင်းသားများ နားလည်လွယ်အောင်၊ လက်တွေ ကိုယ်ပိုင်စာကြောင်းတွေ ရေးတဲ့ အခါ ဆောင်ရန် ၊ရှောင်ရန်တွေကိုပါ တပါထဲ ထည့်သွင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
နွေရာသီ (၃) လပြတ်ကိုတော့ (14-March-2020) မှာ စတင်သင်ကြားတော့မှာ ဖြစ်ပါတယ်ခင်ဗျာ...
✣ ✣ ✣ Timetable ✣ ✣ ✣
🏅Grammar & Essay, Letter Class
Level - Grade 9,10 & 11
Day - Sat & Sun
Time - 2:00 - 3:30 PM
Starting Date - 14-March-2020
Fees - 65,000 MMK (3 months)
သင်ကြားမည့်ဆရာ
******************
Saya AK
Dip in English (YU)
Dip in English (YUFL)
B.B.A ( Management, UoU, South Korea)
B.E (Mechanical)
Grammar & Essay, Letter တက်ရောက်ခဲ့သော ကျောင်းသူ တစ်ယောက်၏ Interview ကို အောက်ပါ Link တွင် ကြည့်ရှု့နိုင်ပါသည်။
https://web.facebook.com/lingo.trainingcenter/posts/882197872235903?__tn__=K-R
YLE ကျောင်းသား တစ်ယောက်နှင့် တွေ့ဆုံခြင်းကို အောက်ပါ link တွင် ကြည်ရှူ့နိုင်ပါသည်။
https://www.facebook.com/lingo.trainingcenter/videos/495996917770780/
📲ဆက်သွယ်ရန် - 09 764 033 133 / 096 7473 5000
🏛လိပ်စာ - အမှတ် (၃၀)၊ အခန်း (C2) ၊ ပထမထပ်၊ အောင်ဇေယျ(၂) လမ်းယာ၊ သုဝဏ္ဏဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
🚌 လမ်းညွှန် -
− 75, 81,42, 96 စီး၍ အောင်ဇေယျ မှတ်တိုင်ဆင်းပါ။
− 25, 59, 63, 97 စီး၍ သုဝဏ္ဏဈေး မှတ်တိုင်ဆင်းပါ။
Click here to claim your Sponsored Listing.
Website
Address
Thingangyun
11071
Opening Hours
| Monday | 09:00 - 20:45 |
| Tuesday | 09:00 - 20:45 |
| Wednesday | 09:00 - 20:45 |
| Thursday | 09:00 - 20:45 |
| Friday | 09:00 - 20:45 |
| Saturday | 09:00 - 20:45 |
| Sunday | 09:00 - 20:45 |