N.Y.T
Education & Food Service Education & Food
04/12/2021
အားလုံးပဲ မင်္ဂလာပါရှင့်။
😨😨" ယခုလက်ရှိမှာ
ချစ်ရတဲ့ သားသားမီးမီးများ ပညာရေးအတွက် စိုးရိမ်နေပါသလား???? "
" ဒါဆိုရင် အဲ့အတွက်ကတော့ စိုးရိမ်စရာ မလိုတော့ဘူးနော် "
" ဘာလို့လဲဆိုတော့ ??? "
👇👇👇👇👇👇👇
" နေ့ရက်သစ် မှာ ပထမဦးဆုံး စတင်ဖွင့်လှစ်မယ့် သားသားမီးမီးတို့ပညာရေး အတွက် အိမ်ဝိုင်း အတန်းသစ်လေးတွေ အကြောင်း ပြောပြပေးမှာ မို့လို့ပါ "
👉 နေ့ရက်သစ် မှ စတင်ဖွင့်လှစ်မယ့် တန်းခွဲအသစ်လေးတွေ ကတော့ KG/G1 to G4 အတန်းလေးတွေ
ဖြစ်ပါတယ်ရှင်။ 🤗
👉 သားသားမီးမီး တို့အတွက်
ကျူရှင် အပ်နှံမယ့် မိဘတွေ မေးချင်နေမယ်ထင်တဲ့ မေးခွန်းလေးတစ်ချို့ကိုလဲ ကြိုတင်ဖြေကြားပေးထားပါတယ်နော်.🤗
(1)👉👉👉 ဘယ်လိုသင်ကြားပေးမှာလဲ?
👩🏫👩🏫👩🏫 KG မှ စ G4 အထိ စာနဲ့ ဝေးနေသော သားသားမီးမီး များအတွက်ကတော့ ကလေးချစ်တက်ပြီး တက်ကျွမ်း နားလည်သော ဆရာ/ဆရာမများဖြင့်
သင်ကြားပေးမှာပဲ ဖြစ်ပါတယ်ရှင်။
👨🏫👨🏫👨🏫 စာသင်ချိန် ဆရာတစ်ဦးတစ်ယောက်ထဲက သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ သားသားမီးမီးတို့က်ု သေချာ လေ့ကျင့်သင်ကြားပေးလို့ရအောင် လိုအပ်လျှင် စာသင်ချိန် တချိန်လျှင် ဆရာ/ဆရာမ နှစ် ယောက်စီ ထားရှိပေးမှာဖြစ်ပါတယ်ရှင်။
👩🏫👩🏫👩🏫Time Table ဖြင့်အချိန်ကိုတိတိကျကျတစ် သမတ်ထဲ သင်ကြားပေးမှာဖြစ်ပါတယ်ရှင်။
👨🏫👨🏫👨🏫 အတန်း တစ်တန်း ကို စာသင်သား ၁၀ ယောက်သာလက်ခံသင်ကြားပေးမှာပဲ ဖြစ်ပါတယ်ရှင်။
(2) 👉👉👉 " ကျူရှင်သာတက်တယ် ကလေးက စာလည်းနားမလည်ဘူး. စာလည်းမတက်ဘူး "
👩🏫👩🏫👩🏫 ဟုတ်ကဲ့ပါ. နေ့ရက်သစ် ရဲ့ အိမ်ဝိုင်းလေး မှာကတော့ အဲ့အရာတွေအတွက် ပူစရာမလိုပါဘူးရှင့်။
👨🏫👨🏫👨🏫 ဆရာ/ဆရာမများကလည်း စာသင်ကြားရေးမှာ ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံများလည်းရင့်ကျက်စွာရှိတာကြောင့် ကလေးများသင်ခန်းစာများကို နားလည်ရှင်းလင်းစွာ သင်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်။
👩🏫👩🏫👩🏫 နိူင်ငံတကာနှင့်ချိတ်ဆက်ထားသော Private University Life တွင် စာသင်နှစ် သက်တမ်း ၆ နှစ်ကျော်သက်တမ်း ရှိသော
ဆရာမ မှ ဦးစီး သင်ကြားပေးခြင်း။
(3)👉👉👉 ဘာလို့ သားသားမီးမီးတွေ တက်ရောက်သင့်တာလဲ?
👩🏫👩🏫👩🏫 အတန်းချိန်တိုင်းမှာ ဆရာ/ဆရာမ နှင့်အနီးကပ်သင်ကြားပေးခြင်း။
👨🏫👨🏫👨🏫 စာသင်ဝိုင်း တဝိုင်း/ စာသင်ချိန်တခုတွင် ကလေး အနည်းငယ်ဖြင့်သာ သင်ကြားရခြင်း။
👩🏫👩🏫👩🏫 သင်ကြားသင့်သောသင်ခန်းစာများကို သာမက ကလေးများ လိမ္မာရေးခြား ရှိအောင် တဖက်တလမ်းကနေ လေ့ကျင့်သင်ကြား ပေးခြင်း။
👨🏫👨🏫👨🏫 သားသားမီးမီးများဘဝ ငယ်စဥ်ကတည်းက English စာ အလေ့အကျင့်ရအောင် အတန်းချိန် တိုင်းမှာ နာရီဝက်ခန့် English Speaking& Listening အတွက် လေ့ကျင့်သင်ကြားပေးခြင်း။
👨🏫👨🏫👨🏫 သင်တန်းစျေးနှုန်းချိုသာခြင်း/အရစ်ကျပေးသွင်းနိူင်ခြင်း။
(4) 👉👉👉တက်ရောက်ရမည့် အတန်းချိန်လေးတွေက ရော ဘယ်နေ့ ဘယ်အချိန်တွေ လဲ?⏱⏱⏱
👩🏫👩🏫👩🏫 အတန်း တပတ် ၃ရက် တချိန် ၃နာရီ တလ ကိုစာသင်ချိန် ၃၆နာရီ ရှိပါတယ်
👉 KG /G1/G2
စနေ / တနဂ်နွေ /တနလာ်
9:00 -12:00 AM
👉 G3/G4
သောကြာ/စနေ/တနဂ်နွေ
3:00 - 5:00 PM
(5) 👉👉👉 သင်တန်းကြေးကရော ဘယ်လိုပေးရမှာ လဲ?💸
👩🏫👩🏫👩🏫 သင်တန်ကြေးကို အရစ်ကျစနစ်ဖြင့် ပေးသွင်း သင်ကြားနိုင်မှာပဲ ဖြစ်ပါတယ်
Kpay/Aya pay/Mobile banking /wave money
တို့ဖြင့်လည်းငွေပေးချေနိူင်ပါတယ်ရှင့်
(6) 👉👉👉 စဖွင့်မဲ့ ရက်ကတော့
၁၅.၁၂.၂၀၂၁ဖြစ်ပါတယ်ရှင့်
💞💞💞💞💞💞💞💞💞💞💞💞💞💞💞
ဒါ့အပြင် ဒီအတန်းလေးတွေကို Discount 5000 Free တက်ရောက်ခွင့်ရမယ့်အစီအစဥ်လေးလဲရှိပါသေးတယ်
အခု ပို့စ်လေးကို Like & Share လုပ်ပြီး messager မှာ screenshot ပို့ထားပေးရင် ၅၀၀၀ သက်သာစွာဖြင့် အတန်းအပ်နိူင်ပါပြီနော်
အိမ်ဝိုင်းအတန်းနဲ့ပတ်သတ်လို့ အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည့် ဖုန်းနံပါတ်များကတော့.......
☎ 09425306701
📞09774828764
လိပ်စာလေးကတော့.......
အမှတ် ၁၉၃ (၃လွှာ)
စံပြရပ်ကွက် ၄ လမ်း
သဃ်န်းကျွန်းမြို့နယ်မှာပါရှင့်
25/10/2021
အော်ဒါ
မှာလ်ု့ရပါတယ်နော်....
အိမ်ချက် ကြက်သားဒံပေါက်ပါ...
ရန်ကုန်၊ မြို့နယ်အလိုက် ကိုဗစ်ကာကွယ်
ဆေးထိုးရမည့်နေရာများ...
******************************
၁။ အရှေ့ပိုင်းခရိုင် အမှတ်(၁၀)၊ ဆေးရုံ
လမ်း၊ (၁၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊
၀၁-၅၄၂၉၄၆
၂။အနောက်ပိုင်းခရိုင် အမှတ်(၁၂၃)၊
နတ်မောက်လမ်း၊ ဗဟန်းမြို့နယ် ၊
၀၁-၄၃၀၂၆၈
၃။ တောင်ပိုင်းခရိုင် သီဟဒီပလမ်းနှင့်
ဗညားဦးလမ်းထောင့်၊ ပဲခူးစုရပ်ကွက်
သန်လျင်မြို့နယ် ၀၅၆-၂၃၃၈၃
၄။ မြောက်ပိုင်းခရိုင် အမှတ်(၃)လမ်းမ
ပေါ် ၊ကာယရပ်ကွက်၊ ပုလဲအိမ်ရာ
မှတ်တိုင်၊ပတ္တမြား RIIC နှင့်ကပ်လျှက်၊
မင်္ဂလာဒုံမြို့နယ် ၀၁-၆၃၈၄၃၅
၅။ ရန်ကင်း တိုက်(၂၀၁၇ )၊ အခန်း(၁)မှ
(၆)ထိ၊ ရန်ရှင်းလမ်း၊ (၁)ရပ်ကွက်၊
ရန်ကင်းမြို့နယ် ၀၁-၅၅၆၄၈၂
၆။တောင်ဥက္ကလာပ အင်းဝလမ်း၊
(၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်
၀၉-၄၅၀၅၄၂၄၅၆
၇။ မြောက်ဥက္ကလာပ ခေမာသီလမ်း၊ရုံး
သစ်မှတ်တိုင်၊ မြောက်ဥက္ကလာပမြို့နယ်
၀၉-၉၆၉၉၃၆၅
၈။သင်္ဃန်းကျွန်း လေးထောင့်ကန်လမ်းမ
ကြီး၊ ဗိုလ်ကံညွန့်ရပ်ကွက်၊သင်္ဃန်းကျွန်း
မြို့နယ် ၀၁-၅၆၄၁၆၁
၉။ သာကေတ မြင်တော်သာလမ်း၊ ထူပါ
ရုံ(၁)ရပ်ကွက်၊ သာကေတမြို့နယ်
၀၁-၅၅၆၈၃၉
၁၀။ ဒေါပုံ အမှတ်(၂၃)၊ ယမုံနာလမ်းမ
ပုသိမ်မြေရပ်ကွက်၊ ဒေါပုံမြို့နယ် ကြီး၊
၀၁-၅၅၆၈၅၂
၁၁။ တာမွေမြို့နယ် အမှတ်(၃၈၈ )၊
ဗညားဒလလမ်း၊ ကျောက်မြောင်း
(အထက်)ရပ်ကွက်၊တာမွေမြို့နယ်
၀၁-၅၅၅၈၃၀
၁၂။ ပုဇွန်တောင် အမှတ်(၅၁/၅၃)၊
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
(၁၀)ရပ်ကွက်ပုဇွန်တောင်မြို့နယ်၊
၀၁-၂၉၁၃၀၀
၁၃။ ဗိုလ်တထောင် အမှတ်(၁၅၇)၊
(၄၆)လမ်း၊ ဗိုလ်တထောင်မြို့နယ်
၀၁-၂၀၁၃၄၈
၁၄။ ဒဂုံမြို့သစ်(တောင်ပိုင်း) ပုလဲရတနာ
လမ်း၊ (၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ် ၀၁-၅၉၀၀၇၄
၁၅။ ဒဂုံမြို့သစ်(မြောက်ပိုင်း) အနော်ရ
ရာဇဓိရာဇ်လမ်းထောင့်၊ (၉)ရပ်ကွက်၊ဒဂုံ
မြို့ထာလမ်းနှင့်သစ်(မြောက်ပိုင်း)
မြို့နယ် ၀၁-၅၉၀၀၇၄
၁၆။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)
(၇)ဒေသန္တရကျန်းမာရေးဌာန၊ တိမ်ကြား
မင်းခေါင်းလမ်း(၇)ရပ်ကွက်ဒဂုံမြို့သစ်
(အရှေ့ပိုင်း)မြို့နယ်၊ ၀၁-၅၈၅၁၉၅
၁၇။ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ကနောင်
မင်းသားကြီးလမ်းနှင့် ကျန်စစ်သား
လမ်းထောင့်(၈၇ )ရပ်ကွက်၊ဒဂုံမြို့
သစ်(ဆိပ်ကမ်း)မြို့နယ် ၀၁-၅၉၂၂၃၁
၁၈။ မင်္ဂလာတောင်ညွန့် အမှတ်(၃၂၃၄)၊
ဗညားဒလလမ်း၊ မင်္ဂလာတောင်ညွန့်
မြို့နယ် ၀၁-၂၉၀၇၅၉
၁၉။ ကျောက်တံတား
အမှတ်(၂၀၂/၂၀၁၈)၊ ဗဟာဗန္ဓုလလမ်း
(အလယ်ဘလောက်)၊ (၂)ရပ်ကွက်၊
ကျောက်တံတားမြို့နယ် ၀၁-၃၇၅၃၃၈
၂၀။ လမ်းမတော် အမှတ်(၂၆၅)၊ မော်
တင်လမ်း၊ လမ်းမတော်မြို့နယ်
၀၁-၂၂၂၂၇၀
၂၁။လသာ အမှတ်(၁၁၂)၊ စဉ့်အိုးတန်း
လမ်း၊ (၄)ရပ်ကွက်၊ လသာမြို့နယ်
၀၁-၂၅၀၆၃၆
၂၂။ ပန်းဘဲတန်း အမှတ်(၁၂၈/၁၃၀)၊
ကုန်ဈေးတန်းအောက်လမ်း၊ ပန်းဘဲတန်း
မြို့နယ် ၀၁-၃၈၀၉၁၈
၂၃။ ကြည့်မြင်တိုင် အမှတ်(၄၈)၊
ကျောင်းကြီးလမ်း၊ ဈေးကြီးအရှေ့
ရပ်ကွက်၊ ကြည့်မြင်တိုင် ၀၁-၅၃၅၈98
၂၄။ စမ်းချောင်း အမှတ်(၁၅၂)၊ ဗားဂရာ
လမ်း၊ စမ်းချောင်းမြို့နယ် ၀၁-၅၁၀၆၆၈
၂၅။ လှိုင် အမှတ်(၄၂)၊ သီရိလမ်းမကြီး၊
(၂)ရပ်ကွက်၊ လှိုင်မြို့နယ် ၀၁-၅၃၅၉၀၂
၂၆။ ကမာရွတ် အမှတ်(၉၂/၉၄)၊ လှည်း
တန်းလမ်းမ၊ (၃)ရပ်ကွက်၊ ကမာရွတ်
မြို့နယ် ၀၁-၅၃၄၂၆၂
၂၇။ မရမ်းကုန်း အမှတ်(၅၄)၊ ကျိုက်ဝိုင်း
ဘုရားအနီး၊ မရမ်းကုန်းမြို့နယ်
၀၁-၆၆၀၇၂၉
၂၈။ ဒဂုံ အမှတ်(၃၈၄၀)၊ ပန်တျာလမ်း၊
ဘုရားကြီးရပ်ကွက်၊ ဒဂုံမြို့နယ်
၀၁-၃၇၅၈၆၄
၂၉။ ဗဟန်း အမှတ်(၃၂)၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ဗိုလ်ချုပ်(၃)ရပ်ကွက်၊
ဗဟန်းမြို့နယ် ၀၁-၅၅၄၀၈၁
၃၀။ အလုံ အမှတ်(၄၇)၊ သစ်တော်လမ်း
နှင့် ဝေဘာဂီလမ်းမ၊ စောရန်ပိုင်ရပ်ကွက်၊
အလုံမြို့နယ် ၀၁-၂၂၀၈၄၅
၃၁။ သန်လျင်
ဗိုလ်ချုပ်နေဝင်းလမ်း၊ ပဲခူးစုရပ်ကွက်၊
ဆေးရုံဝင်း၊ သန်လျင်မြို့နယ်
၀၅၆-၂၁၃၂၈
၃၂။ ကျောက်တန်း အလယ်ပိုင်း
ရပ်ကွက်၊ ကျောက်တန်းမြို့နယ်
၀၅၆-၂၅၅၁၁
၃၃။ ခရမ်း ဘုရားလမ်း၊ (၂)ရပ်ကွက်၊
ခရမ်းမြို့နယ် ၀၅၆-၃၀ဝ၁၈
၃၄။ သုံးခြ
မင်းရဲကျော်စွာလမ်း၊ (၁၁)ရပ်ကွက်၊ သုံး
ခွမြို့နယ် ၀၅၆-၄၀၃၉၅
၃၅။ ဒလ ဒလတွံတေးကားလမ်းမ၊
အောင်မင်္ဂလာရပ်ကွက်၊ ဒလမြို့နယ်
၀၁-၂၆၉၁၉၃
၃၆။ ကော့မှူး ဆေးရုံလမ်း၊ မြို့သစ်ရပ်
ကွက်၊ ကော့မှူးမြို့န ၀၁-၂၆၄၀၀၆
၃၇။ ကွမ်းခြံကုန်း ဗဟိုလမ်း၊ ခနောင်တို
အရှေ့ရပ်ကွက်၊ ကွမ်းခြံကုန်းမြို့နယ်
၀၁-၂၆၅၀၂၃
၃၈။ တွံတေး ရွှေဆံတော်ဘုရာလမ်း၊
(၁)လမ်း၊ တွံတေးမြို့နယ် ၁၄၅-၅၀၄၄၃
၃၉။ ဆိပ်ကြီးခနောင်တို ဗဟိုလမ်း၊
ခနောင်တို့အရှေ့ရပ်ကွက်၊ ဆိပ်ကြီး
ခနောင်တိုမြို့နယ် ၀၁-၂၆၈၀၃၆
၄၀။ လှိုင်သာယာ ရုံးရှေ့မှတ်တိုင်အနီး၊
ကျန်စစ်သာလမ်းနှင့် ညောင်တုန်းလမ်း
ထောင့်၊အောင်ဇေယျတံတားအဆင်း၊
လှိုင်သာယာမြို့နယ် ၀၁-၈၆၃၀၁၈၉
၄၁။ လှည်းကူး
အရှေ့မင်းလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊
လှည်ကူးမြို့နယ် ၀၁-၆၂၉၀၂၅
၄၂။ မှော်ဘီ
စုပေါင်းရုံးလမ်း၊ (၁)ရပ်ကွက်၊ မှော်ဘီ
မြို့နယ် ၀၁-၆၂၀၀၄၁
၄၃။ ထန်းတပင် (၁)ရပ်ကွက်၊ ဆရာစံ
လမ်း၊ ထန်းတပင်မြို့နယ် ၀၁-၆၁၉၀၁၄
၄၄။ အင်းစိန် အင်းစိန်ပန်းခြံရှေ့၊ လမ်း
သစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်
မြို့နယ် ၀၁-၆၄၀၂၃၉
၄၅။ မင်္ဂလာဒုံ (၁၄)လမ်း၊ ဈေးရပ်ကွက်၊
မင်္ဂလာဒုံမြို့နယ် ၀၁-၆၃၈၅၇၀
၄၆။ ရွှေပြည်သာ ဘုရင့်နောင်လမ်းမ၊
အမှတ်(၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်
၀၁-၆၁၁၀၀၈
၄၇။ တိုက်ကြီး ဆေးရုံလမ်း၊ ဘောဓိကုန်း
ရပ်ကွက်၊ တိုက်ကြီးမြို့နယ်။
ြစ်ပြီးပြီ
ျတော့ပေမယ့်
#လူကကောင်းမလာဘူး_ဆရာ
္ခဏာများ_နှင့်_အကြံပြုချက်များ
အမျိုးတွေအတွက်မိမိ မိသားစုအဖြစ်နှင့်တိုက်ဆိုင်လို့ဝေမျှပါတယ် ခင်ဗျ
1. အားမရှိဘူး ၊ နုံးနေတယ်၊ မလှုပ်ချင်ဘူး
2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်
3. ရင်ကြပ်တယ် သလိပ်ထွက်တယ်
4. ချောင်းဆိုးတယ် (အေးရင် ပိုဆိုးတယ်)
5. အစားမစားချင်ဘူး ၊ အစာဝင်ရင် ပျို့တယ် အန်တယ်
6. ခေါင်းကိုက်တယ်
7. ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး)
8. စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်
9. ည အိပ်မပျော်ဘူး
___________
1. #အားမရှိဘူး_နုံးနေတယ်
နေမကောင်းတုန်း အစားဘယ်လောက်ပဲ စားတယ်ပြောပြော ကောင်းနေစဉ်ကလောက် မစားနိုင်ပါဘူး၊
Virus အသစ်ကို သတ်ဖို့အတွက် ကိုယ်ခံအားက အစွမ်းကုန်ထုတ်ပြီး တိုက်ထားရတဲ့အတွက် #ခရီးအဝေးကြီးကိုပြေးထားရတဲ့_မာရသွန်အပြေးသမား လို ပင်ပန်းနွမ်းနယ်ပြီး အားမရှိဖြစ်ကာ နည်းနည်းလှုပ် လိုက်တာနဲ့ မောနေရတာပါ။
- ပုံမှန်အတိုင်း အစာပြန်စားပါ (ထမင်း၊ အသား/ငါး၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျှတအောင်စားပါ)
- ရေများများသောက်ပါ (ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ်ရပါတယ်)
- ချွေးထွက်များပါက (သွေးတိုးမရှိပါက ဓာတ်ဆားရည်သောက်ပါ)
- အားဆေးဆိုသည့် Multivitamins များကို အရမ်းကြီးအားမကိုးကြပါနဲ့ (Multivitamins တွေဟာ => ဟင်းသီးဟင်းရွက်တွေနဲ့ တူတူပဲမို့ အားဆေးလို့ခေါ်ပေမယ့် အားရှိစေတဲ့ဆေး မဟုတ်ပါဘူး)
2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်
Virus ဟာ အဆုတ်ကို အဓိက ဖျက်ဆီးတာဖြစ်လို့ လူတိုင်းမှာ အနည်း နဲ့ အများတော့ အဆုတ်က ဒဏ်ဖြစ်ပါတယ်
SpO2 ကျခဲ့တဲ့ လူနာတွေက ဒဏ်ရာပိုပြီးကြီးပါတယ် ၊ ရောဂါ သက်သာလာပြီး SpO2 ပြန်တက်လာပေမယ့်
ဒဏ်ရာတွေကို ကုစားဖို့ အချိန်ယူရပါသေးတယ်
ဒဏ်ရာတွေ ပို မဆိုးလာစေဖို့လည်း ဂရုစိုက်ရပါတယ်
- ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနဲ့
- ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါနဲ့
- အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
3. ရင်ကြပ်တယ် သလိပ်ထွက်တယ်
ရောဂါပြင်းထန်တုန်းက ထွက်ထားပြီး ခဲနေတဲ့ ချွဲသလိပ်တွေ ပြန်ပျော်နေတာ ဖြစ်လို့ သလိပ်ထွက်ပါတယ်၊
- Position ခဏခဏ ပြောင်းပေးခြင်း
- ကျောကုန်းကို ပုတ်ပေးခြင်း
- ရေနွေးသောက်ပေးခြင်း
- ရေနွေးငွေ့ရှူပေးခြင်း (ခဏပဲလုပ်ပါ အလွန်အကျွံမလုပ်ပါနဲ့ ရေပူငွေ့တွေက အသက်ရှူလမ်းကြောင်းကို အပူလောင်စေပြီး ပြန်ပြီးရောင်စေနိုင်ပါတယ်)
သလိပ်စွန့်ပစ်မှုကလည်း အလွန် အရေးကြီးပါတယ် (တပါးသူများကို ကူးစက်မှုမရှိအောင် အထူးဂရုစိုက်ပြီး စွန့်ပစ်ဖို့လိုပါတယ်)
4. ချောင်းခြောက်ဆိုးတယ်
အဆုတ်ကရောင်ထားတော့ လေပြွန်လေးတွေ ကျဉ်းသွားတဲ့အတွက် ရှူတဲ့လေကအေးပြီး ခြောက်သွေ့တဲ့အခါ၊ လှဲအိပ်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်
- နွေးနွေးထွေးထွေးနေပါ (စွပ်ကျယ်ဂျိုင်းပြတ်၊ လက်ပြတ်၊ ဘောင်းဘီတို ထက်စာရင် T-shirt, ဘောင်းဘီရှည်နှင့်နေပါ)
- ရေနွေးသောက်ပေးပါ (ချောင်းဆိုးချင်လာလျှင် ရေနွေးကို နည်းနည်း နည်းနည်း ခဏ ခဏ သောက်ပေးပါ)
- ဆားရည် + ရေနွေးဖြင့်ပါးလုတ်ကျင်းပါ (ပါးလုတ်ကျင်းတာ မျိုချတာမဟုတ်လို့ သွေးမတိုးပါဘူး) ဆားရည်မသုံးချင်လျှင် (ပိုက်ဆံပေါလျှင်) Betadine mouthwash သုံးပါ
- ငုံဆေးလေးငုံထားပါ (Lozenges - အဆင်ပြေရာ/ဝယ်လို့ရတာ ငုံလို့ရပါတယ်)
- မသက်သာရင် သောက်နေကျ ချောင်းဆိုးပျောက်ဆေး သောက်ပါ။
5. အစားမစားချင်ဘူး၊ အစာဝင်ရင် ပျို့တယ်
သာမန်နေကောင်းကာစ နလန်ထ လူနာတွေဟာ ဖျားနာတုန်းက ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ဖြည့်ဖို့အတွက် အစားများများပြန်စားကြပါတယ်၊ (နေကောင်းတာနဲ့ စားချင်သောက်ချင်စိတ် တိုးလာတယ်ပေါ့)
ကိုဗစ်လူနာတွေကြတော့
နောက်ဆက်တွဲအနေ နဲ့ အနံ့ပျောက်တာ၊ အရသာပျက်တာတွေကြောင့် (အာရုံ နှစ်ပါးချို့တဲ့ပြီး) စားချင်သောက်ချင်စိတ် မရှိကြပါဘူး၊
တချို့ ရောဂါပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ လူတွေမှာ ရောဂါခံစားရစဉ် အစာစားလည်း မောတဲ့အတွက် ရောဂါသက်သာလာလည်း အစာစားရမှာ ကြောက်နေတတ်ကြပါတယ်။
Virus နဲ့ ကိုယ်ခံအား တိုက်ပွဲကြီးဖြစ်တော့ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေဖြစ်တဲ့အတွက် အစာအိမ်နှင့်အူလမ်းကြောင်းပါ ထိခိုက်မိရင် အစာအိမ်အနာအခံရှိသူတွေ ရောဂါပြန်ကြွတတ်ပါတယ်
အူက ကောင်းကောင်း မလှုပ်တဲ့အခါ (Gastric emptying ကြာတဲ့အတွက်) စားလိုက်တာနဲ့ ရင်ပြည့်ပြီး အန်ချင်တာပါ။
- မစားချင်လည်း၊ အရသာမရှိလည်း ကြိုးစားပြီး စားကြပါ။
- အများကြီး မစားပဲ နည်းနည်းနဲ့ ခဏခဏ စားပါ
- ဘယ်လိုမှ ကိုမရဘူး နည်းနည်းဝင်တာနဲ့ကို ပျို့လာတယ်၊ အန်ပါတယ် ဆိုတဲ့ သူများကတော့ (Motilium M (သို့မဟုတ်) Maxalon ဆိုတဲ့ဆေးကို မနက်စာ၊နေ့လည်စာ၊ ညစာ မစားမီ မိနစ် (၃၀) ကြိုသောက်ပါ။
အရေးတကြီးမှာလိုတာက
အရသာမရတာဟာ လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ ခေတ္တခဏ အလုပ်မလုပ်နိုင်တာဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းပါတယ်
#အရသာမရဘူး (ပွင့်ထွက်သွားအောင် ဆိုပြီး) အရသာပြင်းလွန်းတဲ့ ချဉ်လွန်း စပ်လွန်း ပူလွန်းတဲ့ အစားများ ကို မစားကြပါနှင့်
တကယ်ပွင့်ထွက်သွားမှာက အစာအိမ်ပါ 😰 ပါးစပ်ကသာ အရသာမရတာ စားတဲ့ဟာတွေရဲ့ ဒဏ်ကို ကျန်းမာရေးသိပ်မကောင်းတဲ့အစာအိမ်က ခံရပြီး အစာအိမ်ပေါက်သွားပါလိမ့်မယ်
6. ခေါင်းကိုက်တယ် ၊ (7) ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး) ၊ (8)စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်၊ (9) ည အိပ်မပျော်ဘူး
ကျန်တဲ့ အချက်တွေကတော့ စိတ်နဲ့ပဲ ဆိုင်တာပါ။
ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ် (Pandemic stress reactions ) ကပ်ရောဂါကို အကြောက်ကြီးကြောက်နေရာက ကိုယ့်မှာဖြစ်လိုက်ရတဲ့ အခါ အကြောက်ကြီးကြောက်သွားတဲ့အတွက်
ပြန်ဖြစ်ရင် ဘယ်လိုဖြစ်မှာလဲ
ငါ့ ခန္ဓာကိုယ်ကြီးရော ဘယ်လောက်ပျက်စီးသွားပြီလဲ
အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေခံစားရတော့တကယ်ပြန်ကောင်းတာရောဟုတ်ရဲ့လား
စတဲ့ အတွေးတွေနဲ့က ညအိပ်မပျော်ပဲ အထက်ပါ (6,7,8,9) ကို ခံစားကြရပါတယ်။
- စိတ်အေးအေးထားပါ
- အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီးပြီ ကောင်းလာမှာပါ
- ချက်ချင်းကြီး မကောင်းနိုင်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်
- Post-covid မှာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ သတင်းတွေဖတ်ပြီး စိုးရိမ်မနေပါနဲ့ (ကိုယ့်အလုပ်ကိုယ်လုပ်ပါ နားနားနေနေ နေ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အစားဝင်အောင်စား၊ အိပ်ပျော်အောင်အိပ်
- ဖြစ်နိုင်တယ် ဒါပေမယ့် ရှားတယ်လေ (တစ်ကမ္ဘာလုံးမှာ တစ်ယောက်လောက်တွေ့လည်း) ဆောင်းပါးရေးတော့ (လူကိုခွေးက ကိုက်တာ သတင်းမဟုတ်ပေမယ့် ခွေးကိုလူကသွားကိုက်တာရေးတော့) နာမည်ကြီးတာပေါ့
- အိပ်ပျော်ရင် အားလုံးသက်သာလာပါလိမ့်မယ်
- ဘယ်လိုမှ အိပ်မရရင်တော့ Melatonin 3mg သောက်အိပ်ပါ။
(Melatonin နဲ့မရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး စိတ်ငြိမ်ဆေးသာသောက်ပါ)
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr ဘုန်းစည်သူလွင်
09:20 am/24.07.2021
ါဒေါက်တာခင်ဗျ
AYA COVID CENTER မှ သရုပ်ပြ Viedo
11/07/2021
အခုအရေးကြီးလူနာ အောက်ဆီဂျင်ကျလို့
အောက်ဆီဂျင်ရှူဖို့လိုတဲ့အခါ ဘယ်မှာမှရှာလို့မရပါဘူး။
အဲ့ဒီတော့ဘယ်လိုလုပ်ကြမလဲ?
1- ရေနွေးငွေ့ရှူပါ။
2- မှောက်ပြီး နေပါ
(edit_မှောက်နေရင် ခေါင်းကို ဘယ် (သို့) ညာစောင်းပေးထားပါ)
အရမ်းအရေးကြီးပါတယ် အရမ်းအရေးကြီးပါတယ် အရမ်းအရေးကြီးပါတယ်
ဒီနေ့လူနာတစ်ယောက် အောက်ဆီဂျင်Spo2-87_88ပဲရှိတယ် အောက်ဆီဂျင်ရှာမရ
ရေနွေးငွေ့ရှူပြီး မှောက်နေခိုင်းလိုက်တယ်
အောက်ဆီဂျင်ပြန်တိုင်းတော့94_95 ဖြစ်လာတယ်
လူတွေကရေနွေးငွေ့ရှူပါ၊မှောက်နေ ပါ ဆိုတာကိုပေါ့သေးသေးထင်ကြတယ် တကယ်အသက်ကယ်တဲ့နည်းပါနော်
အနံ့မရတော့ဘူးဖြစ်လာပြီဆိုရင် ရေနွေးငွေ့ကိုတစ်နေ့သုံးကြိမ်ရှူပါလို့ စေတနာရှေ့ထားပြီးပြောချင်ပါတယ်။
Crd
10/07/2021
ှင့်ကြက်ဥပြုတ်
===================
လူအများစားသုံးနေကြတဲ့ ကြက်ဥဟာ စားရင်အရသာရှိတယ် အားရှိတယ် လို့ သိထားပြီးကြမှာပါ
#ကြက်ဥမှာprotein ဓာတ်အပြည့်အဝပါဝင်ပြီး နလံထလူနာတွေ သွေးအားနည်းသူတွေအတွက် စားပေးသင့်တယ်လို့ အဟာရဗေဒ ပညာရှင်တယောက်ရေးထားတာဖတ်ဖူးပါတယ်
#တရုတ်ဆေးကျမ်းထဲမှာလဲ ကြက်ဥသည် အားကိုဖြစ်စေ၏ သန္ဓေကိုရစေ၏ အသားကိုလှစေ၏ ဝမ်းကိုမှန်စေ၏ နှလုံးကိုသန်စေ၏ အဆုတ်ကို ကောင်းစေ၏လို့ ရေးထားပါတယ်
#ဒါပေမဲ့ကြက်ဥဟာ အခုခေတ်ပေါ်ရောဂါ Covid19 ကို တနည်းတဖုံးနဲ့ကာကွယ် ကုသနိုင်တယ်ဆိုတာ ပညာရှင်တွေသိခဲ့ကြတာ သိပ်မကြာသေးပါဘူး
#ကျွန်တော်သိသလောက်တော့ ကိုရီးယား ဂျပန် နဲ့ အီတလီဆရာဝန်တွေက Covid19 ရောဂါသည်တွေကို ကာကွယ်ကုသဖို့အတွက်ကော အားရှိပြီးဆေးဒဏ်ခံနိုင်ဖိူ့အတွက်ပါ ဆေးရုံတွေမှာ နေ့စဉ် ကြက်ဥပြုပ်ကို စကျွေးခဲ့တယ်လို့ သိရပါတယ်
#ကြက်ဥမှာပါတဲ့အကာဟာ အဆုတ်ကြွက်သားတွေကို အားကောင်းစေပြီး အနှစ်ဟာ အသက်ရူပြွန်ကို သန့်စင်စေတယ် လိူ့လဲ ဆိူကြပါတယ်
#မြန်မာပြည်ကCovid19 ကုသပေးနေတဲ့ ဆရာဝန်တွေဟာ လဲ လူနာကို တနေ့ကို ကြက်ဥပြုပ် ၂ လုံးနဲ့ ဂျင်းပြုပ်ရည်နဲ့တွဲ ပြီး ကုသတယ်လို့လဲ ကြားသိရပါတယ်
#ဂျင်းပြုပ်ရည်ရဲ့Covid တိုက်ဖျက်တဲ့အစွမ်းကို ကျွန်တော့်ပိူ့စ်တခုတင်ရေးပြီးသားမို့ ဒီဆောင်းပါးမှာထဲ့မရေးတော့ပါဘူး
#ဝေဘါဂီဆေးရုံကCovid19 ခလေး လူနာတွေကို ကုသပေးနေတဲ့ ခလေးအထူးကု ဆရာဝန်က သူ့လူနာ ခလေးတွေကို ကြက်ဥပြုပ်နေ့တိုင်းကျွေးခိုင်းပြီး ကြက်ဥပြုပ်တွေ များများစားတယ်လို့ ကြားရတဲ့နေ့ဆိုရင် သူ့ခလေးလူနာတွေအတွက် စိတ်ချမိတယ်လို့ မနေ့က DVB မှာပြောသွားပါတယ်
#ဒီအချက်တွေကြောင့်ဒီရောဂါကို ကာကွယ်ဖို့အတွက်လဲ ကြက်ဥပြုပ်ဟာ အထောက်အကူပြု ကာကွယ်ဆေးတခွက်လိုဖြစ်နေပါပြီ
#လွယ်လွယ်ကူကူလဲဝယ်လို့ရတဲ့ကြက်ဥကို တနေ့ အနဲဆုံး ၂ လုံးပြုပ်စားပေးကြပါ
#ကြက်ဥကိုပြုပ်ပဲစားရမှာပါနော် Half fried ကြော်စားတာ မကျက်တကျက်ပြုပ်စားတာ မွှေကြော်ကြော်စားတွေ လုပ်လို့မရပါဘူး
#ကြက်ဥကိုအလုံးလိုက် ကျက်သည်အထိပြုပ်မှသာ ကြက်ဥကပေးတဲ့ အဟာရအပြည့်အဝ ရမှာပါ
#ဒါမှမဟုတ်ရင်ကြက်ဥကိုပြုပ် ခပ်ကြီးကြီးလေးတွေလှီး ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီးလေးနဲ့ ဆီလေး ဆားလေးထဲ့ သုတ်စားပေးမယ်ဆိုရင်တော့ ခရမ်းချဉ်သီး ကြက်သွန် ဖြူ/နီ တို့ရဲ့ Probiotic ဓာတ်တွေပါ ပေါင်းသွားလို့ အရသာလဲရှိ Covid19 တိုက်ဖျက်ဖို့အတွက် ပိုကောင်းတဲ့ ဆေးတခွက်ဖြစ်သွားပါကြောင်း တင်ပြရင်း
ါ
10/07/2021
အောက်စီဂျင် လျော့လျှင်
ဂွေးတောက်ရွက်ကို
လက်နဲ့များများပွတ်ပြီး
ရှူပေးပါ။
ဆရာကြီးဦးရန်အောင်(ပင်လုံစာပေ)ရဲ့
အဆုတ်သန့်ဆေးနည်းကလေးပါ။
အိမ်အပင်ကဂွေးတောက်ရွက်ကိုခူး
ဆားနဲနဲကို
ရေသန့်ကလေးထဲထည့်
၁၅မိနစ်စိမ်ထားပါတယ်။
(လက်နှစ်ဖက်လဲသန့်ရှင်းပါစေ)
အရွက်ကလေးကိုရေခါ
လက်ဖဝါးနှစ်ဖက်ထဲကိုထည့်
လက်ကလေးနှစ်ဖက်နဲ့ခြေပြီး
ဂွေးတောက်ရွက်ကိုရှူပါတယ်
(ဂွေးတောက်ရွက်ကို
လက်နှစ်ဖက်နဲ့ခြေပြီး
အရွက်အနံ့ကိုရှူပါတယ်)
----------------------------
ဂွေးတောက်ရွက်ရှူပါ။
အဆုတ်သန့်ပါတယ်။
နှာခေါင်းက ရှူပြီး
ဆယ်စက္ကန့်လောက်
အောင့်ထား
ပါးစပ်က ပြန်ထုတ်ပါ.
အနည်းဆုံး ၆ နာရီခြား
တကြိမ်လောက်လုပ်ပေးပါ. .
ပိုရှူလည်း
အန္တရာယ်မရှိပါ. .
ကျန်းမာကြပါစေ။
Credit :
09/07/2021
ရေနွေးဆူဆူ အငွေ့ရှုလို့
ဆားရည်ငုံကျင်း အာခံတွင်းမှ
ကြက်သွန်ကိုကိုက် အသာရှိုက်ကာ
အဟာရလို ကြက်ဥမြိုလို့
စွတ်ပြုတ်ကိုသောက် အနံ့မပျောက်အောင်
လေရှုကိုကျင့် စိတ်ဓါတ်မြှင့်ကာ
အပြင်မသွား အိမ်မှာနားလို့
ကိုဗစ်ရန်ကို တွန်းလှန်ကြစို့ ။
Credit #နွယ်ငြိမ်းခိုင်
#အတာ ကျောင်းကုန်း
အောက်စီဂျင် လျော့လျှင်
ဂွေးတောက်ရွက်ကို
လက်နဲ့များများပွတ်ပြီး
ရူပေးပါ အောက်စီဂျင် ချက်ချင်းတက်ပါတယ်
ဆရာကြီးဦးရန်အောင်(ပင်လုံစာပေ)
အဆုတ်သန့်ဆေးနည်းကလေးပါ
အိမ်အပင်ကဂွေးတောက်ရွက်ကီုခူး
ဆားနဲနဲကိုရေသန့်ကလေးထဲထည့်
၁၅မိနစ်စိမ်ထားပါတယ်
(လက်နှစ်ဖက်လဲသန့်ရှင်းပါစေ)
အရွက်ကလေးကိုရေခါ
လက်ဖဝါးနှစ်ဖက်ထဲကိုထည့်
လက်ကလေးနှစ်ဖက်နဲ့ခြေပြီး
ဂွေးတောက်ရွက်ကိုရူပါတယ်
(ဂွေးတောက်ရွက်ကို
လက်နှစ်ဖက်နဲ့ခြေပြီး
အရွက်အနံ့ကိုရူပါတယ်)
----------------------------
ဂွေးတောက်ရွက်ရှူပါ
အဆုတ်သန့်ပါတယ်
နှာခေါင်းက ရှူပြီး ဆယ်စက္ကန့်လောက်အောင့်ထား
ပါးစပ်က ပြန်ထုတ်ပါ.
အနည်းဆုံး ၆ နာရီခြား တစ်ကြိမ်လောက်လုပ်ပေးပါ. .
ပိုရှူလည်း အန္တရာယ်မရှိပါ. .
သင်တန်းမှာ သင်ယူခဲ့တာကို ပြန်လည်မျှဝေပါတယ်. .
ကျန်းမာကြပါစေ
Credit :
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Thingangyun
YANGON