Tech logic

Tech logic

Share

This Page only knowledge sharing

31/12/2019

အားလုံးဘဲမင်္ဂလာပါခင်ဗျ နှစ်သစ်မှာ လိုတိုင်းတလို့ရပြီး သာညိမ့်ညောင်း ပူပင်မှုကင်းသော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ

28/12/2019

နှစ်သစ်မှာစိတ်သစ်လူသစ်ဖြစ်အောင် သို့ အောင်မြင်အောင်ဘယ်လိုအကောင်အထည်ဖော်မလဲ

လူတိုင်းလိုလိုကတော့ နှစ်တစ်နှစ်ကူပြောင်းတော့ အောင်မြင်မှု သို့ အကောင်းတကာအကောင်းဆုံးကို လိုချင်ကြတာတွေပါဘဲ လက်ရှိဘဝကနေ တိုးတက်ဖို့ဆို လူတိုင်းထင်နေကြတဲ့ ကံ ၊ ဉာဏ် ၊ ဝိရိယ ကိုဘဲပြေးပြေးမြင်တတ် ပါတယ် ကျွန်တော်အနေနဲ့ အကြံပေးချင်တာကတော့ အခု ဒီစာကို ဖတ်နေတဲ့အချိန်မှာ ထို ၃ မျိုးကိုမေ့ထားပေးပါ အောင်မှုရရှိဖို အတွက်ဘဲဆိုတဲ့အတွေးကိုထည့်ထားပြီး မေ့နိုင်သလောက်ကိုစိတ်ထဲထည့်မထားဖို့ သတိပြုမိပါစေ ကျွန်တော်ကိုယ်ပိုင်အတွေးဆိုတော့ လူများနည်းနဲ့လည်းတူချင်မှတူနိုင်မယ် ဒါကလည်းစာဖတ်သူတို့မိတ်ဆွေတို့ စဉ်းစားမိပါစေခင်ဗျ ဟုတ်ပြီစာလေးစရအောင်
နှစ်သစ်ပထမဦးဆုံးညကိုဘယ်လိုဖြတ်သန်းမလဲ
နှစ်သစ်ကိုအညစ်ကြေးတွေမစွန်းစေပါနဲ့ ဘာကိုဆိုလိုတာလဲဆိုတာကတော့ New year ညမှာ အရက်သရေစာသောက်စားတာကိုလည်း တိုက်ရိုက်ဝေဖန်တယ်ဆိုတာလို့လည်းထင်နိုင်ပါတယ် သင့်ကိုယ်သင်စဉ်းစားကြည့်ပါ နှစ်သစ်မှာသူငယ်ချင်းတွေ သို့ မိဘတွေနဲ့ အချိန်ယူခြင်းက သင့်အတွက် ကောင်းမွန်းတဲ့ တက်လမ်းလို့ဆိုနိုင်ပါတယ် တကယ်ပါ ဉပမာပေးရမယ်ဆို မိဘတွေမရှိတော့လို့ သူငယ်ချင်းအပေါင်းအသင်းရှိတဲ့ သူဆိုပါက သူငယ်ချင်း အချင်းချင်း ရင်းနှီးကျွမ်းဝင်မှုကိုပိုမိုရရှိစေနိုင်ပါတယ် သူငယ်ချင်းဆိုတဲ့ အမျိုးကလည်း ရှိမကောင်းမရှိမကောင်းဘဲလေ နားလည်မယ်ထင်ပါတယ် နောက်တစ်ချက်အနေနဲ့ကတော့ ကိုယ်ပြသနာအမျိုးမျိုး သို့ ဒုက္ခရောက်တဲ့အခါ မိသတွေကိုပြောပြလို့မရတဲ့အခါမျိုးမှာ သင့်သူငယ်ချင်းတွေက သင့်ကို အကူအညီကောင်းကောင်းကြီးပေးနိုင်ပါတယ် သင့်အနေနဲ့စိတ်ထဲမှာတစ်မျိူးထစ်သွားမယ်ဆိုတာကျွန်တော်သိပါတယ် ငါလိုတိုင်းသူတို့က ကူညီမပေးနိုင်ကြပါဘူးကွာလို့ပေါ့ တစ်နည်းအားဖြင့် သင့်စိတ်ကိုသင်ပြင်လိုက်ပါ သူတို့တတ်နိုင်တုံးကကူညီခဲ့တာတွေရှိတာကိုသင် သတိရပါ ကျေးဇူးကန်းတာတွေကို ဖျောက်ပါ ဘာလို့ဆို ဒီစာကိုသင်အခုချိန်ထိဖတ်နေကတည်းကိုက သင်ကအောင်မြင်ချင်တဲ့ သူတစ်ယောက်ဆိုတာကျွန်တော်သိပါတယ် အဲ့အတွက် သင့်ကျေးဇူးကန်းတဲ့အတွေးတွေကို မေ့ထားပေးပါ သူ့တို့ကို အတတ်နိုင်ဆုံး ခင်မင်ရင်နီးမှုကိုနှစ်သစ်မှာရယူလိုက်ပါ
နောက်တစ်ချက်ကတော့ မိဘတွေနဲ့နေပေးပါ စောစောကပြောသလိုဘဲ ကိုယ်မိဘတွေနဲ့ ခင်မင်မှုကိုအောင်ယူပါ ဖေဖေ နဲ့မခေါ်ဘူး မေမေကို မခေါ်ဘူး စတဲ့ဘယ်လိုအကြောင်းတရားကြောင်းဘဲဖြစ်ဖြစ် နှစ်သစ်မှာအမုန်းတွေနဲ့ မစချင်ပါဘူး (မှတ်ချက်။မိဘတိုင်းကလည်း ကိုယ်သားသိမီးကို အလိုမကျလို့စိတ်ဆိုးယုံကလွဲလို့ မမုန်းပါ သားသမီးတိုင်းကလည်းမိဘတိုင်းကိုမုန်းလေ့မရှိပါ) နှစ်သစ်မှာမေမေကအလိုမကျဘူးဆိုလည်း ကိုယ်ကဘက်က အဆင်ပြေနိုင်အောင်ကြိုးစားပြီးနေပေးပါ သူ့အဆင်ပြေချင်တဲ့အချက်ကိုလိုက်ရောပေးလိုက်ပါ မိဘစကားနားထောင်တဲ့ သားသမီးတိုင်း ဒုက္ခတွေ့လေ့မရှိပါဘူး တကယ်လို့ဖြစ်နိုင်ရင် သူငယ်ချင်းတွေနဲ့ ကိုယ်မိဘတွေနဲ့ နှစ်သစ်ကိုအတူတူကြိုဆိုချင်း ကပိုကောင်းပါတယ် မဖြစ်နိုင်ရင် ပြသနာမရှိပါဘူး ဘယ်လိုဘဲဖြစ်ဖြစ်နှစ်သစ်မှာအမုန်းတွေကိုဖြေလျှော့ပြီး ပျော်ရွှင်မှုရရှိစေခြင်းက သင့်နောက်ဖြတ်သန်းရမဲ့ ရက်တွေအတွက်ခွန်းအားဖြစ်စေပါတယ်

ဘာကြောင့်အရက်သရေစာကိုညင်းရတာလဲ?

ကျွန်တော်ကိုယ်တိုင်ကလည်း လူငယ်တစ်ယောက်ပါဘဲ မသောက်တတ်ဘူးလို့လားဆိုတော့မဟုတ်ပါဘူး ကျွန်တော်လည်းတစ်ခါတစ်လေ သောက်တတ်ပါတယ် ဟုတ်ပြီ ရှောင်ခိုင်ရခြင်းရဲ့ အဓိကကို စပြောပါ့မယ် သင့်အနေနဲ့အောင်မြင်မှုဆိုတာကိုလိုချင်နေတာမလား ဟုတ်ပြီအဲ့အတွက်လို့ဘဲ အလွယ်မှတ်ပြီး စာကိုဆက်ဖတ်ပေးပါ သင့်ရင်ထဲကရှိနေတဲ့ အစာမကြေတာကို ကျွန်တော်ချေပေးချင်လို့ပါ နှစ်တစ်နှစ်ရဲ့ အစမှာသင် ကခွန်အားရှိနေဖို့လိုပါတယ် ကျန်းမာရေးကိုဆိုလိုတယ်လို့လည်းထင်လို့ရသလို သင့်အနေနဲ့ ထပ်ပြီးလိုအပ်နေသေးတာက စိတ်ခွန်အားတွေပါ မူးဝေပြီးတော့ ကုန်ဆုံးသွားရင်သင့်အနေနဲ့ နောက်နေ့မနက် မိုးလင်းတဲ့အခါမှာတော့ ဘာလုပ်ရမလဲဆိုတာသင်ဝေခွဲမရနိုင် ဖြစ်တတ်ပါတယ် အဲ့တာကိုရောသင်သတိမှုမိပါသလား? အရက်သောက်ပြီး ကုန်ဆုံးသွားမဲ့အစား ကျွန်တော်အပေါ်ကပြောသလို သင့်မိတ်ဆွေ သင့်မိသားစု တို့နဲ့အချိန်ကုန်တာက သင်အောင်မြင်ဖို့အတွက် လမ်းစကောင်းပါ စစချင်းမှာလမ်းမပျောက်ပါစေနဲ့ သင်အောင်မြင်ချင်တယ်ဆိုရင်ပေါ့ သင့်ရင်ထဲမှာ အစာမကြေတာကိုတော့ ကျွန်တော်ချေပေးနိုင်မယ်လိုထင်မိပါတယ် ဟုတ်ပြီနောက်တစ်ပိုင်းလေးကိုဆက်ပြီးဖတ်ပေးပါ

နှစ်သစ်ရဲ့ပထမဦးဆုံးရက်ကို ဘယ်လိုစတင်မလဲ?

ရိုးရှင်းပါတယ်ကွာလို့သင်ထင်နေပါသလား တကယ်တမ်းတော့ ဘယ်အရာမှ မလွယ်ကူဘူးနော် အရာရာတိုင်းကကြိုးစားကြရတာ စဉ်းစားရတယ် သင့်စိတ်ကိုပေါ့သေးသေးလို့တွေးမထားပါနဲ့ လူနေခြုံကြား စိတ်နေဘုံဖြားလေ အဲ့လိုဘဲစိတ်ဓာတ်ကိုမြှင့်တင်ထားပါ ဟုတ်ပြီထက်ပြီးတော့ဆက်ပါ့မယ် နှစ်သစ်မှာကျွန်တော်အနေနဲ့ကတော့ ဘုရားရှိခိုးပါ ရေလဲပါ ပန်းလဲပါလို့တော့ကျွန်တော်မပြောဘူး တကယ်လုပ်သင့်တာ ဇန်နဝါရီတစ်ရက်နေ့ဆိုတာက အလုပ်တိုင်းပိတ်ပါတယ် ကိုယ်က မိသားစုလိုစိတ်ဓာတ်ရှိတဲ့ဆိုတဲ့ အလုပ်လက်အောင်မှာဆိုရင်တော့ သင်အတွက်ကတော့ အလုပ်ပိတ်မှာမဟုတ်ပါဘူး ထားပါ သင့်အနေနဲ့အဲ့တာဝမ်းနည်းစရာမဟုတ်ဘူး အဲ့တာသင့်အတွက် အခွင့်ထူလိုယူဆလို့တောင်ရပါတယ် ဘာလို့လဲဆိုစိတ်ထဲမှာမေးနေမှာကျွန်တော်သိပါတယ် ဘာလို့လဲဆိုတော့ သင့်ကြိုစားမှုကိုအဲ့နေ့ကတည်းကစပြီးအကောင်အထည်ဖော်လို့ရပြီလေ သင့်အတွက် ကြိုစားဖို့အတွက်အချိန် တစ်ရက်တောင်ပိုရသေးတာ သင်မပင်ပန်းပါနဲ့ သင့်အနေအတွက်ကျွန်တော်ဂုဏ်တောင်ယူပါသေးတယ် သင့်အလုပ်ကိုသင်ဘယ်တော့မှစိတ်မပျက်မိပါစေ ဒီစာကိုဖတ်နေတယ်ဆိုကတည်းကိုကသင်ကအောင်မြင်အောင်ကြိုးစားမယ်ဆိုတဲ့ဖတ်နေတယ်ဆိုတာကျွန်တော် ယုံကြည်ပါတယ် ဆိုတော့အလုပ်ကိုသေသေချာချာလုပ်ဘဲမှာချင်ပါတယ်

ဘာတွေလုပ်ရဦးမလဲလတိုင်းလတိုင်းမှာ?

အကြံပေးရမယ်ဆိုရင်တော့ စာများများလေးဖတ်ဖို့ကြိုးစားသင့်ပါတယ် အခုခေတ်မှာကစာတွေက စာကြည့်တိုင်ရှိမှ ဖတ်လို့ရတဲ့ခေတ်ကကုန်သွားပါပြီ Ebook တွေကိုအလွယ်တကူဝယ်ပြီးတော့ဖတ်လို့ရနေပါပြီ စာအုပ်ဖတ်ဖို့ ပိုက်ဆံကုန်တာကို မသမျှောပါနဲ့လို့တော့အကြံပေးပရစေ တစ်နေ့တာအသုံးစရိတ်ကို မှတ်ပါ စာအုပ်နဲ့မှတ်ရမယ်ဆိုတဲ့ခေတ်ကလည်းကုန်နေပြီနော် ကိုယ်ဖုန်းမှာကိုယ်ဘဲ အလွယ်တကူ မှတ်သားလို့ရတဲ့ free app တွေအများကြီးများရှာလို့မတွေ့သည်ဖြစ်စေ သုံးရတာမသုံးတတ်လို့ဖြစ်စေကျွန်တော့်ကိုတိုက်ရိုက် အကူညီတောင်းနိုင်ပါတယ် မှတ်ချက်။ ကိုယ်သုံးလိုက်တဲ့ငွေကို အလကားအဖြစ်မခံစေချင်ဖြစ်သည် ဘာလို့လဲဆိုတော့သင့်အနေနဲ့ ငွေစုဖို့လည်းလိုတယ်လေ အာမခံထားပါ ငွေစုပြီးအာမခံထားလို့ရတာသင့်သိပါသလား ဘဏ်တွေထက်ပိုပြီးကောင်းတယ်ဆိုတာရောသင်သိပါသလား အသေးစိတ်ကိုမေးလိုလျှင်လည်း ကျွန်တော်ကိုမေးလို့ရပါတယ် ဘဏ်တွေမှာလည်းငွေစုပါ သင့်အနေနဲ့ social media အသုံးပြုမှုကိုတတ်နိုင်သလောက်လျှော့ပါ သင့်သုံးတာဘာအတွက်သုံးနေတာလဲဆိုတာကျွန်တော်အထင်တော့ သင့်စိတ်ကျေနပ်မှုအရသင် သုံးနေတယ်လို့ ပြောရင်သင်လက်ခံမလား လက်ခံသည်ရှိသော်ဖြစ်စေ လက်မခံသည်ဖြစ်စေ သင့်အတွက်လိုအပ်မှုဆို သင့်ကိုယ်သင်ဆုံးဖြတ်ရပါ့မယ် သင်အောင်မြင်ချင်တယ် ဆိုရင်တော့ သင့်အတတ်နိုင်ဆုံးတော့လုပ်ဆောင်နိုင်ရပါမယ် အတုယူပါ တိုက်ရိုက်နည်းသော်လည်းကောင်း သွယ်ဝိုက်ပြီး၍သော်လည်းကောင်း မခိုးချပါနဲ့ သင့်မှာကိုယ်ပိုင်အရည်အချင်းရှိပါတယ် သင့်စိတ်ကြောင့်သင့် ကိုယ်ပိုင်အရည်အချင်းကတိမ်မြုတ်နေတာပါ အဲ့တာကိုလက်ခံပါသလား?

အားလပ်ရက်တွေမှာဘာလုပ်သင့်သလဲ?

သင့်အနေနဲ့တော့ အစကတည်းက အပျော်အပါးမက်ခဲ့သည်လည်းရှိမယ် အပျော်အပါးမမက်ခဲ့တာလည်းဖြစ်ရင်ဖြစ်လိမ့်မယ် အခုသင်က သင့်ကိုယ်သင်အောင်မြင်အောင် သို့ ချမ်းသာအောင်လုပ်နေတာဘဲလေဟုတ်တယ်မလား ဟုတ်ပြီအဲ့တာဆို ကျွန်တော်ရေးတာသင့်အတွက် လှောင်ရာယ်စရာဖြစ်ကောင်းဖြစ်လိမ့်မယ် တခါတစ်လေမှာ သင်ကံကောင်းနိုင်ပါတယ် အဲ့တော့ ထီထိုးပါ ၅စောင်ထက်မပိုစေပါနဲ့ အကြံပေးပါတယ် အားလပ်ရက်ဆိုတာ သင်အားနေဖို့လို့ထင်မနေပါနဲ့ သင့်မှာ ကိုယ်ပိုင်အိပ်မက်ရှိပါတယ် သင့်အိပ်မက်အတွက်သင်ဘယ်ကစလုပ်မလဲစဉ်းစားပါ သင်ကိုယ်တိုင်လက်တွေစမ်းသပ်ပါ တစ်ခါရှုံးရုံလောက်နဲ့ လက်မလျှော့ပါနဲ့ သင့်အရှေ့မှာ သင်လက်ရှိသုံးနေတဲ့အရာတွေအကုန်လုံးက တစ်ကြိမ်ထဲနဲ့အောင်မြင်လာတာမဟုတ်ဘူး သူတို့လည်းအကြိမ်ကြိမ်အချိန်ပေးပြီ ကြိုးစားလာတာပါသင့်မှာလည်းအဲ့လိုမျိုး ဇွဲရှိတာကျွန်တော်သိပါတယ် သင့်အကောင်ထည်ဖော်ပါ သင့်ကြိုစားမှုကို အသိအမှတ်ပြုမှာပါ ဘယ်သူမှမပြုရင်နေပါ ဂရုမစိုက်ပါနဲ့ သင်ကိုလှောင်တာရာယ်တာကို ဂရုစိုက်မနေပါနဲ့ သင်အိပ်မက်ကသင့်အတွက် အောင်မြင်ဖို့ဆိုတာ လွယ်ကူပါတယ် အဲ့တာကိုသတိမှုမိပါစေ မျိုးချစ်စိတ်ကိုအပြည့်အဝထားပါ ဒီနေရာမှာသင့်မှာမေးခွန်းရှိပါတယ် ကျွန်တော်သိပါတယ် မဆိုင်ဘူးဆိုတာပြောမှာကို သင်စဉ်းစားကြည့်ပါ သင်အသက်ကဘယ်လောက်ရှိပြီလဲ ကျွန်တော်တို့ လွတ်လပ်ရေးနေမှာ ကျွန်တော်တို့မြန်မာအလံကို သင်ဘယ်နခါအလေးပြုပါသလဲ အလေးပြုပြီးတဲ့အချိန်ကျရင် သင့်စိတ်ထဲမှာခွန်အားတစ်ခုတိုးမလာဘူးဆိုတာမရှိပါဘူး သင့်အနေနဲ့ကြိုးစားချင်စိတ်ပိုမိုတိုးလာပါတယ် တကယ်ပါ နောက်တစ်ခုအနေနဲ့ကတော့ နိုင်ငံတကားသတင်းဆိုင်ရာ အမြင်ကြွယ်ဝပါစေ ကျွန်တော်စားဖတ်ဖို့လိုတယ်ဆိုတာအဲ့တာပါဘဲ ဟိုနိုင်ငံမှာ ကားတိုက် ဆန္နပြ အဲ့တာတွေကိုဆိုလိုတာမဟုတ်ပါ သင်ကိုယ်ပိုင် အိပ်မက်နဲ့ ပတ်သတ်တဲ့သတင်းအချက်အလပ်ကိုဆိုလိုတာပါ သူများနိုင်ငံမှာတော့ ငါစိတ်ဝင်စားတဲ့အရာတွေထွန်းပေါက်နေပြီ ကိုယ့်နိုင်ငံမှာတော့ ဘယ်လိုဖြစ်နေပြီဆိုတာ သင်ယှဉ်ပြီးသုံးသက်ပါ သင် အသိဉာဏ်ကြွယ်ဝခြင်းကဂုဏ်ယူစရာပါ တစ်ချိန်ချိန်ကျရင်သင်နဲ့ထိုက်တန်တဲ့နေရာ ကအလိုလိုရလာပါလိမ့်မယ် နောက်ပြီး လူမှုရေးတွေကိုအချိန်ပေးပါ ဘာကိုဆိုလိုတာလဲဆိုတော့ လူမှုကူညီရေးတွေကိုစိတ်ဝင်စားပြီး ကိုယ်တိုင်ပါဝင်လလုပ်ကိုင်ခြင်းကိုဆိုလိုတာပါ သင့်အနေနဲ့အားတာလည်းမရှိသလောက်နည်းလာမှာပါ အဲ့တာကိုပင်ပန်းတယ်လို့ သင်မထင်ပါနဲ့နော် အဲ့လိုစိတ်ရှိပြီဆိုတာနဲ့ သင်ပြိုလဲပါပြီ သင်လုပ်ခဲ့သမျှကရေဆုံမျှောပါပြီ သို့ပေမဲ့အချိန်းတိုင်မှာပြန်စလို့ရပါတယ်နော် ကြိုးစားနေရင်တော့နောက်ကျနေပါစေ ဖြစ်ကိုဖြစ်လာမှာပါ သင်စိတ်ခွန်အားမရှိတော့ရင်တော့ သင်ဘဝမှာကြီးမားသောနောင်တကကိုသာသင်ပိုင်ဆိုင်ပါလိမ့်မယ်လို့ပြောရင်း ကျွန်တော်အကြံပေးချင်တာကတော့ဒီလောက်ပါဘဲ
နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ အောင်မြင်မှုအပေါင်းခညောင်းပြီး သာယာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ

- win Htun( Techlogic founder)

20/11/2019

#ဘယ်ဖုန်းရွေးမလဲ???

အားလုံးပဲမင်္ဂလာပါခင်ဗျ ဒီနေ့မှာ compare လုပ်ပေးမှာကတော့ Xiaomi Redmi Note 8 Pro နဲ့ Realme 5 Pro တို့ဘဲဖြစ်ပါတယ်။


===============
Design ပိုင်းမှာတော့ Xiaomiရဲ့ Note 8 Pro design လေးကယဉ်ယဉ်လေးနဲ့ ကြည့်လို့အဆင်ပြေတယ်လို့ပြောရမယ်။
Realme 5 Pro မှာကျတော့ design ပိုင်းမှာက ပိုဆန်းတယ် ကြည့်ရတာ လူငယ်တွေအတွက်တော်တော်အဆင်ပြေတယ်။
Built quality အနေကတော့နှစ်ခုစလုံးမှာ အပြစ်ပြောစရာသိပ်မရှိပါဘူး။

===============
Realme အနေနဲ့တော့ာ main camera 48 MP, f/1.8 သုံးထားတယ် သူအနေနဲ့ Reami note 8 pro ကိုယှဉ်ရတာနည်းနည်းတော့ခက်တယ်
ဘာလို့ဆို 64 MP, f/1.9 main camera ကို Reami note 8 pro ကသုံးထားတော့ နှစ်ခုစလုံးအနေနဲ့ကတော့ကောင်းတာကကောင်းတယ်
Redmi note 8 proကတော့ detailပိုင်းနည်းနည်းပိုကောင်းပါတယ်။
Selfile အနေနဲ့ redmi note 8 pro က 20 MP, f/2.0သုံးထားတယ်
realme အနေနဲ့လည်း 16 MP, f/2.0 selfile camera ကိုသုံးထားပါတယ် ဆိုတော့ ကွာခြားမှုတော့ သိပ်မရှိပေမဲ့ Realmeကတော့ beauty effectနည်းနည်းပိုပါတယ်။

===============
Display အနေနဲ့ကတော့နှစ်မျိုးလုံးမှာ IPS LCD ကိုဘဲသုံးထားတယ် ဘယ်သူပိုကောင်းလဲမပြောခင် စာရွက်ပေါ်ကဟာလေးတွေအရင်ပြောကြည့်ကြတာပေါ့
realme 5 pro အနေနဲ့ 6.3 inches, 83.6% screen-to-body ratio, 1080 x 2340 pixels, Corning Gorilla Glass 3+ ကိုသုံးပေးထားပါတယ် သူအနေနဲ့အလွန်ကောင်းကြီးတော့မဟုတ်
ပေမဲ့ကောင်းတဲ့ display ထဲမှာတော့ပါပါတယ် Redmi note 8 pro မှာကျတော့လည်း redmi သည် price to peformance ဆိုတဲ့ ဂုဏ်ကိုဆက်ပြီးထိန်းထားပါတယ်
6.53 inches, 84.9% screen-to-body ratio, 1080 x 2340 pixel ကိုသုံးပေးထားတယ်ဆိုတော့ realme နဲ့ ပုခုံးချင်းညီလွန်းပါတယ် သြော် ကျန်သေးတယ် note 8 pro က
Corning Gorilla Glass 5 ကိုသုံးထားသေးတယ် ဆိုတော့ ဒီနေ့ရာမှာ redmi note 8 pro ပိုပြီးတော့လည်းအကြမ်းခံတယ်လို့ အကြမ်းဖျင်းအားဖြင့်ယူဆလို့ရပါတယ်။

===============
ဒီနေရာမှာပြောရတာနည်းနည်းလေးခက်ပါတယ် ဘာလို့ဆို note 8 Pro က Mediatek Helio G90T (12nm) ကိုသုံးထားတယ်ဆိုတော့ နည်းနည်းတော့ ပြောရခက်တယ်
တကယ်တန်းလက်တွေမှာ Realme 5 pro သုံးထားတဲ့ Qualcomm SDM712 Snapdragon 712 (10 nm) နဲ့ စွမ်းဆောင်ရည်ပိုင်းကွာခြားမှုသိပ်မရှိပေမဲ့ G90Tက Gamingပိုင်းပိုကောင်းတယ် အနည်းငယ် heat issu
လေးတော့တွေ့ရတယ်။

===============
Battery မှာဆိုရင်တော့ Redmi Note 8 Pro မှာ Li-Po 4500 mAh ပါဝင်တယ်ပြီးတော့ 18 W fastcharging support ပေးပါတယ် Realme မှာဆိုရင်တော့ Li-Po 4035 mAh ဘဲပါတယ် redmi ထက်နည်းတယ်
ဒါပေမဲ့ 10nm ပေါ်မှာအခြေခံထားတော့ ထင်ထားသလောက်တော့အားကုန်မြန်မှာတော့မဟုတ်ဘူး ပြီးတော့ fastcharging အနေနဲ့ 20W: 50% in 30 min (VOOC 3.0) ပါတယ်ဆိုတော့ ဘာလိုသေးလဲပေါ့။

===============
ဒီနေရာမှာတော့ကိုယ့်အကြိုက်ကကိုယ့်ကိုယ်ကို ဆွဲဆောင်စေမှာပါ redmi အနေနဲ့ကတော့ miui ကိုသုံးပေးထားတယ် Android 9.0 (Pie); MIUI 10 နဲ့ပွဲထွက်လာတယ် MIUI 11 လည်း updateရဦးမှာပါ။
Realme အနေနဲ့ကလည်း Android 9.0 (Pie), ColorOS 6 နဲ့ ပွဲထွက်လာပါတယ် ဆိုတော့ နှစ်ခုစလုံးကနောက်မကျသေးဘူး software update ကလည်းရဦးမယ်။
အနှစ်ချုပ်အနေနဲ့ကတော့...
Redmi Note 8 Proကတော့ မျက်နှာပြင်ကြီးကြီးကြိုက်ပြီး Gameအဆော့များတဲ့သူတွေအတွက် ပိုမိုအဆင်ပြေပီး

Realme 5 Proကတော့ MIUIရဲ့ china/globalစိတ်မညစ်လိုသူတွေ Selfieကင်မရာအရိုက်များသူတွေ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တာကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

ဒါကြောင့် ရွေးချယ်ရခက်နေတဲ့ စိတ်ဖိစီးမှုတွေကို မစဉ်းစားတော့ဘဲ ကိုယ်နဲ့သင့်တော်မယ်ထင်တဲ့ model တခုကိုရွေးချယ်လိုက်တာဟာ အသုံးပြုသူအတွက် နောင်တရနေစေမှာ မဟုတ်ပါဘူးဆိုတာ အကြံပေးပြောပြလိုက်ရပါတယ်။

နှစ်ခုစလုံးကလည်းဈေးကလည်းအဲ့လောက်မကွာဘူးဆိုတော့ ဘယ်ဟာရွေးရွေးမမှားဘူး Admin ကဘာကြိုက်လဲမေးရင်တော့ page message box မှာတိုးတိုးလေးလာမေးပြောပေးမယ်😜

30/09/2019

Unicode ပြောင်းသုံးသူများအဆင်မပြေပါက အကူအညီပေးပါမယ်
အခုလောလောဆယ်တော့အသုံး၀င်မဲ့ app link လေးတွေချပေးထားပါမယ် play store link ဖြစ်တဲ့ အတွက် play store သုံးတာအဆင်မပြေတဲ့သူများ comment မှာ ‌ပြောပေးပါ direct download link ပြန်ချပေးပါမယ် အားလုံးဘဲအဆင်ပြေပါစေ

Z Fount
https://bit.ly/2lJ57Jt

G board
https://bit.ly/1eUqSbA

29/08/2019

video လေးတစ်ပုဒ်လာမယ်ဗျာ ဘာလဲဆိုတာသိချင်နေပြီမလား
coming soon.....

11/07/2019

iphone တွေအတွက် second phone number အတွက် ကူညီပေးထားပါတယ်
Youtube Link- https://youtu.be/uyCYx1HVI78

09/07/2019

VPN အကြောင်းလေးသိသလောက်ပြောပေးထားပါတယ် အမှားပါရင်ခွင့်လွှတ်ပေးဖို့ကြိုတောင်းပန်ပရစေ
youtube link-https://youtu.be/z0xjz7W6PSU

07/07/2019

Mi band 4 review by TechLogic
youtube link-https://youtu.be/pvvbgnfI39U

30/01/2019

အားလုံးဘဲ မင်္ဂလာပါဗျာ ကျွန်တော် တို့ page မှာ အခုရက်ပိုင်း အခက်အခဲလေးတွေအနည်းငယ်ကြောင့် video လေးတွေအေးနေပါတယ် ကျွန်တော် တို့လည်းသိပါတယ် တတ်နိုင်သလောက်တော့ကြိုးစားပေးနေပါတယ် နောက်မကြာခင်မှာလည်း video အသစ်လေးတွေလာဖို့လည်းရှိပါတယ် ဒီရက်ပိုင်းမှာအခက်အခဲလေးအနည်းငယ်ဖြစ်နေတဲ့အတွက်ကြောင့်အနည်းငယ်သည်းခံပေးဖို့တောင်ပန်ချင်ပါတယ် အရင် video တွေမှာအားပေးခဲ့ကြတဲ့ သူငယ်ချင်းအပေါင်းအသင်းနဲ့ အခြားအခြားသောမိတ်ဆွေများကိုအထူးဘဲကျေးဇူးတင်ပါတယ်


25/01/2019
Want your business to be the top-listed Computer & Electronics Service in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thingangyun
11071

Opening Hours

Monday 09:00 - 01:00
Tuesday 09:00 - 01:00
Wednesday 09:00 - 01:00
Thursday 09:00 - 01:00
Friday 09:00 - 01:00
Saturday 09:00 - 01:00
Sunday 09:00 - 01:00