Wantha Rakhita Magazine

Wantha Rakhita Magazine

Share

To read our books and magazines and improve your life.

03/02/2018

ဒေါက်တာအေးချမ်းဖခင် ဦးစံထွန်းအောင်ရေးသားခဲ့သည့် "ကျွန်တော်သိသော မူဂျာဟစ်" စာအုပ်ထွက်ပြီ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂

ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ဘူးသီးတောင်မြို့မှ တစ်ချိန်က အထင်ကရ နိုင်ငံရေး သမား တစ်ဦးဖြစ်သူ ဦးစံထွန်းအောင်ရေးသားခဲ့သည့် “ ကျွန်တော်သိသော မူဂျာဟစ်၊ ကိုယ်တွေ့ မေယုမြေနှင့်ရိုဟင်ဂျာ” စာအုပ်သည် ယနေ့ ထွက်ရှိလာပြီ ဖြစ်သည်။

ဦးစံထွန်း၏သားဖြစ်သူ ဒေါက်တာ အေးချမ်းမှ ၎င်းစာအုပ်ကို စီစဉ်ထုတ်ဝေခြင်း ဖြစ်ပြီး စာအုပ်နှင့် ပတ်သက်ပြီး ယခုလို ပြောသည်။

“ စစ်တကောင်းနယ်သား ဘင်္ဂလီတွေ ဘယ်လို ရခိုင်ပြည်ကို ၀င်ရောက်လာသလဲဆိုတာ သူက ဘူးသီးတောင်မြို့သား တစ်ဦးအနေနဲ့ ကိုယ်တွေ့မြင်ခဲ့ရတဲ့ အခြေအနေကို ရေးသားမှတ်တမ်းတင်ထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ မူဂျာဟစ် အကြမ်းဖက်သမားတွေ ရခိုင်ရွာတွေကို ဘယ်လို မီးရှို့ဖျက်ဆီးခဲ့တယ်။ ဘယ်လို ကျူးကျော် စော်ကားခဲ့တယ် ဆိုတာက အစ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ ရည်ရွယ်ချက်တွေကို သူ့ကိုယ်တွေ့ မှတ်တမ်းတင် ရေးသားထားခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါက်တာ အေးချမ်းက ပြောသည်။

၎င်းပြင် ဘူးသီးတောင်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်း မယူကမ်း ဒေသတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီနှင့် ရပြီးစနောက်ပိုင်း မူဂျာဟစ်များ သောင်းကျန်းခဲ့ပုံကို သမိုင်းဆိုင်းရာ အချက်အလက်များတကွ သူ့ကိုယ်တွေ့ ဖြစ်ရပ်မှန်များကို အပိုအလိုမရှိ တိတိကျကျ ရေးသား ဖော်ပြထားသည်ဟု သိရသည်။

ဦးစံထွန်းအောင်သည် ပါလီမန် ဒီမိုကရေစီခေတ်တွက် ဖဆပလခေတ် အမတ်တစ်ဦးဖြစ်ပြီး ရခိုင်အရေးကို ၎င်းအချိန်က အနီးကပ် လေ့လာ သိမြင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

“ ဒီစာအုပ်က တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းမှတ်တမ်း တစ်စောင်လို့ ပြောလို့ရပါတယ်။ သူလို တစ်ယောက်မှလည်း ရေးနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက ၇ နှစ်သား ကတည်းက ဘူးသီးတောင်ကိုရောက်နေတယ်။ တောက်လျောက် သူမြင်တွေ့ခဲ့ရတာတွေကို မှတ်တမ်းတင်ထားခဲ့တဲ့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မှတ်တမ်းတစ်စောင်ပါ” ဟု ဒေါက်တာ အေးချမ်းက ပြောကြားသည်။

ကျွန်ုပ်သိသောမူဂျာဟစ် ကိုယ်တွေ့မေယုမြေ စာအုပ်ကို လွင်ဦးစာပေ (လှည်တန်း)မှ ထုတ်ဝေပြီး တန်ဘိုးမှာ ငါးထောင်ကျပ်ဖြစ်ကြောင်း သိရသည်။ စာအုပ်ဝယ်လိုသူများသည် ဖုန်း ၀၉ ၂၅၉၂၈၉၁၅၉ နှင့် ၀၉၃၁၀၂၉၆၂၃ ကိုဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

http://www.narinjara.com/burmese/%e1%80%b1%e1%80%92%e1%80%ab%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%80%a1%e1%80%b8%e1%80%81%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%96%e1%80%81%e1%80%84%e1%80%b9-%e1%80%a5%e1%80%ae%e1%80%b8/

03/02/2018

ဆရာအောင်လှသိန်း ပြုစုထုတ်ဝီရေ
အင်္ဂလိပ်- ရခိုင်
ပထမဆုံးအဘိဓာန်

တန်ဖိုး- ၃၀၀ဝ ကျပ်

ပျိုးခင်းသစ်
(အမှတ် - ၂၀၂၊ မင်းဘာကြီးလမ်း၊
ဘောက်သီးစုရပ်ကွက်၊ စစ်တွေ) မှာ
ဝယ်လို့ရပါယာ

Photos from Wantha Rakhita Magazine's post 26/12/2017
17/09/2017

Review ကဏ္ဍမှာတော့ အောင်မြင်မှုမရသေးတဲ့သူတွေအတွက် ခွန်အားဖြစ်စေမယ့် စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
တရုတ်စီးပွားရေးလုပ်ငန်းရှင် ဂျက်မားရဲ့ ဘ၀အကြောင်းကို ရေးသားထားတဲ့ စာအုပ်လေးဖြစ်ပြီး စာအုပ်အမည်ကတော့ ဂျက်မားနှင့်အလီဘာဘာဖြစ်ပါတယ်။ ဒီစာအုပ်ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလက ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ပြီး စာရေးဆရာဗန်းမော်သိန်းဖေက ဘာသာပြန်ဆို ရေးသားထားတာဖြစ်ပါတယ်။ စာမျက်နှာပေါင်း ၂၀၀ ကျော်ပါဝင်ပြီး ပဉ္စဂံစာအုပ်တိုက်က ဖြန့်ချိတာဖြစ်ပါတယ်။ အခန်းပေါင်း ၉ ခန်း နဲ့ ရေးဖွဲ့ထားတာဖြစ်ပြီး ဂျက်မားရဲ့ ငယ်စဉ်ဘ၀ရုန်းကန်လှုပ်ရှားရပုံ ၊ ကျောင်းဆရာ အလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ ကြိုးစားပုံ ၊ အလီဘာဘာလို့ အမည်ပေးထားတဲ့ ၀က်ဆိုက်စတင်တည်ထောင်ပုံ ၊ လုပ်ကိုင်နေရင်း အခက်အခဲတွေ ကြုံရပုံ ၊ အခက်အခဲတွေကြားက အောင်မြင်အောင်ကျော်ဖြတ်ပြီး လုပ်ငန်းတွေ ထပ်မံတိုးချဲ့ပုံ ၊ အောင်မြင်မှုရပုံစတာတွေကို ဗဟုသုတဖြစ်ဖွယ်ရေးသားထားတာဖြစ်ပါတယ်။ စာအုပ်ထဲမှာပါရှိတဲ့ အချက်အလက်တချို့ကို တင်ပြရရင်တော့ အလီဘာဘာတည်ထောင်သူ ဂျက်မားကို တရုတ်နိုင်ငံ ဟန်ဇိုးမြို့လေးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ မိဘတွေက တရုတ်ရိုးရာဇာတ်အဖွဲ့မှာ လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။ သူက အင်္ဂလိပ်စာ အရမ်းတတ်ချင်သူ တစ်ဦးဖြစ်ပြီး မြို့ကို အလည်လာတဲ့ တိုးရစ်တွေကို မြို့အနှံ့လိုက်ပြပေးကာ ပိုက်ဆံအစား အင်္ဂလိပ် စကားပြောသင်ပေးဖို့သာ တောင်းဆိုခဲ့သူဖြစ်ပါတယ်။ ဂျက်မားက ဘွဲ့ရပြီးနောက် ကုမ္ပဏီတွေမှာ အလုပ်လျှောက်ခဲ့ပေမယ့် ရွေးချယ်မခံခဲ့ရပါဘူး။ ကမ္ဘာကျော် KFC ကြက်ကြော်ဆိုင်မှာလည်း အလုပ်လျှောက်ခဲ့ပေမယ့် သူကလွဲပြီး ကျန်တဲ့လူတွေ အရွေးခံရတဲ့အထိ ဘ၀အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တက္ကသိုလ်တစ်ခုမှာ အင်္ဂလိပ်စာသင်တဲ့ ဆရာအဖြစ်လုပ်ခဲ့ပြီးနောက် အင်တာနက်နဲ့ပတ်သက်တဲ့ လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့စုပေါင်းပြီး အလီဘာဘာအမည်နဲ့ ကုမ္ပဏီတည်ထောင်ကာ အရောင်းအ၀ယ်ဝန်ဆောင်မှု ၀က်ဘ်ဆိုက်ကို စတင်လုပ်ကိုင်ခဲ့တယ်။ သူ့ရဲ့ လုပ်ငန်းက ပစ္စည်းဝယ်ချင်တဲ့လူတွေနဲ့ ပစ္စည်းရောင်းချချင်တဲ့လူတွေကို ချိတ်ဆက်ပေးတဲ့ ပုံစံမျိုးဖြစ်ပြီး အရောင်းအ၀ယ်ဖြစ်ရင် ၀န်ဆောင်ခယူတဲ့ လုပ်ငန်းမျိုးဖြစ်ပါတယ်။ စတင်ခါစကနေ ကာလအတန်ကြာထိ အခက်အခဲပေါင်းစုံကို ကြုံတွေ့ခဲ့ရပြီး ကုမ္ပဏီ ပျက်လုပျက်ခင်အထိ ကြုံတွေ့ခဲ့ရပေမယ့် ကြံ့ကြံ့ခံရင်ဆိုင်ရင်း အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ အခက်အခဲတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ တဖြည်းဖြည်းများပြားလာခဲ့ပြီး Alibaba အပြင် Taobao နဲ့ Tmail တို့ကိုလည်း ထပ်မံချဲ့ထွင်လုပ်ကိုင်ခဲ့ပါတယ်။ ဂျက်မားဟာ လက်ရှိမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လူငယ်တွေ စံနမူနာယူစရာ ပုဂ္ဂိုလ် တစ်ဦး လည်းဖြစ်ပါတယ်။ ဒါကြောင့် ဂျက်မားရဲ့ ဘ၀အကြောင်းကို တိတိကျကျရေးသားထားတဲ့ ဒီစာအုပ်ဟာ စီးပွားရေးလုပ်ကိုင်ရင်းအောင်မြင်မှုမရသေးတဲ့လုပ်ငန်းရှင်တွေ ၊ စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်တွေအတွက် အကျိုးရှိစေမယ့် စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ စာအုပ်ရဲ့ တန်ဖိုးကတော့ ၂၅၀၀ ကျပ်ဖြစ်ပါတယ်။

16/08/2017

ပျိုးခင်းသစ်​စာပီဝန်​​ဆောင်​မှုလုပ်​ငန်း(စစ်​​တွေ)
စာအုပ်​အ​ရောင်းစင်
(​အေနှစ်​ပွင့်​လင်းရာသီခါ ရခိုင်​နန့်​ပတ်​သက်​​တေစာအုပ်​တိ၊ အင်္ဂလိပ်​စာနန့်​ပတ်​သက်​​တေစာအုပ်​တိ၊ ဘာသာစကားနန့်​ပတ်​သက်​​တေ ပညာရပ်​ဆိုင်​ရာစာအုပ်​တိ ရနိုင်​သ​လောက်​ တင်​လားပါဖို့။ အ​ရောင်းအပ်​ချင်​​ရေလူတိဖြစ်​ဖြစ်​ဖြစ်​၊ ၀ယ်​ချင်​​ရေလူတိဖြစ်​ဖြစ်​ ဆက်​သွယ်​နိုင်​ပါ​ရေ။)

ပျိုးခင်းသစ်
အမှတ်​ ၂၀၂၊ မင်းဘာကြီးလမ်း၊
ဘောက်​သီးစုရပ်​ကွက်​၊ စစ်​​တွေမြို့။
ဖုန်း ... ၀၉၂၅၂၆၇၃၇၃၂
၀၉၂၅၀၈၉၇၆၂၈

12/08/2017

From Wantha Rakhita press

06/08/2017
Photos 15/01/2017

ဝမ်တိန်အသွားလမ်း
--- --- ---

ယခုတစ်ပတ်အတွက် ဘာသာပြန်စာအုပ်လေးဖြစ်တဲ့ ၀မ်တိန်အသွားလမ်း စာအုပ်လေးကို မိတ်ဆက်ပေးပါရစေ။

အဲဒီစာအုပ်လေးထဲမှာတော့ တိုင်းရင်းသား လူနည်းစုရဲ့ ဘ၀နေထိုင်ပုံတွေ အကြောင်း၊ လူနည်းစု တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေအကြောင်း ကို စာဖတ်သူတို့ စိတ်နှလုံးမှာ ထိမိအောင် ရေးဖွဲ့မှုများ တွေ့ရမှာပါ။ လူနည်းစု တိုင်းရင်းသားတွေထဲက “လု” လို့ စာရေးသူဆိုတဲ့ လူမျိုးစုတွေထဲက နဂါးဆိုတဲ့ ကောင်မလေး ရဲ့ ဘ၀အမြင်၊ ခံစားချက်တွေ၊ အခိုင်းအစေအဖြစ် ကျင်လည် ခဲ့ရပုံနဲ့ ဘ၀လမ်းတစ်လျှောက် ကြုံတွေ့ရခဲ့တဲ့ အကြမ်းအတမ်း ၊ အနုအချော အထွေထွေ ရသမှုတွေနဲ့ စာဖတ်သူတို့ရင်ကို ထိစေမယ့် ဘာသာပြန် စာအုပ်ကောင်းလေး တစ်အုပ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

ဒီစာအုပ်လေးရဲ့ အတွေး၊ အရေး များကို ဖတ်ရင်း တိုင်းရင်းသား တွေရဲ့ ဘ၀အနှစ်သာရ၊ ဖက်ဒရယ် အနှစ်သာရကို အရသာမိမိ ခံစားနိုင်ဖို့အတွက် ငါတို့စာပေက ထုတ်ဝေထားပြီး စာအုပ်တန်ဖိုး ၃၅၀၀ ကျပ် ဖြစ်ပါတယ်။

The Ladies News

Photos 06/01/2017

“ အနောက်ဘက်တံခါး မြေလု စစ်ပွဲ” စာအုပ် ထွက်ရှိ

မဘုကေ
စစ်တွေ၊ ဇန်နဝါရီ ၎

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အကြောင်းကို ရေးထားသားသော “အနောက်ဘက်တံခါးမြေလုစစ်ပွဲ” စာအုပ် ထွက်ရှိလာပြီဖြစ်သည်။

အဆိုပါစာအုပ်ကို ရခိုင်ဂျာနယ်လစ်တစ်ဦးဖြစ်သည့် သားရွှေဦး(ကစ္ဆပ)က ရေးသားထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ပထမအပတ်တွင် ထွက်ရှိလာခြင်းဖြစ်သည်။

“အနောက်ဘက်တံခါး အချုပ်အချာအာဏာအောက်ကို ပြန်လည်ရောက်ရှိရေးနဲ့ ရခိုင်လူမျိုးတွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် လုပ်တဲ့အခါ တစ်ထောင့်တစ်နေရာကနေ အထောက်အကူ ဖြစ်စေရေးအတွက် ဂျာနယ်လစ်တစ်ယောက်အမြင်နဲ့ တိကျခိုင်မာတဲ့ သတင်းအချက်အလက်တွေ အပေါ်မှာ အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒေသခံရခိုင်လူမျိုးတွေရဲ့ ဆန္ဒ၊ သဘောထား အမြင်၊ အသံပေါင်းများစွာကို ထည့်သွင်းရေးသားထားတဲ့ အပြင် အနောက်ဘက်တံခါး မြေလုစစ်ပွဲ ဆိုတဲ့ စာအုပ်ကို ပကတိ မြေပြင် အခြေအနေတွေကို လေ့လာပြီး မောင်တော ဒေသမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိရှိအောင် စာဖတ်သူတွေဆီ ချပြလိုက်ရခြင်းဖြစ်ပါတယ်” ဟု စာရေးသူ သားရွှေဦး (ကစ္ဆပ)က နိရဉ္စရာ သတင်းဌာသို့ ပြောသည်။

အဆိုပါစာအုပ်တွင် ရခိုင်မြေကို ဘင်္ဂါလီများ မြေလုရန်ကြိုးစားလာသည့်အကြောင်းများအပါအဝင် မကြာသေးမီက မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများအကြောင်းနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသည့်အဖွဲ့များအကြောင်းကိုလည်း သမိုင်းဆိုင်ရာအချက်အလက်အခိုင်အမာဖြင့် ဖော်ပြထားသည်။

အဆိုပါစာအုပ်အား တစ်အုပ်လျှင် ကျပ် ၂ဝဝဝ ဖြင့် တောင်မင်းကျော်ထွီးစာပေတိုက်က ထုတ်ဝေဖြန့်ချီနေခြင်းဖြစ်သည်။

http://www.narinjara.com/burmese/%e1%80%a1%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%98%e1%80%80%e1%80%b9%e1%80%90%e1%80%b6%e1%80%81%e1%80%ab%e1%80%b8-%e1%80%b1%e1%80%bb%e1%80%99%e1%80%9c%e1%80%af-%e1%80%85/

Want your business to be the top-listed Media Company in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address


154, Latluttyae Street , Gagyi Ward
Thingangyun