Myanmar
ပြည်သူများအတွက် အများအကျိုးပြုသော ?
22/12/2021
"နိူင်မယ်ထင်တဲ့ ဘက်က တော်လှန်ရေးအတွက် အားစိုက်ရင်း ဘယ်လိုနည်းလမ်းနဲ့ပိတ်ပိတ် ရပ်တန့်မရကြောင်း သက်သေပြကြဖို့ တောင်းဆိုလိုက်တဲ့ နိုဗန်ထူး "
Photo By Phyoe Dhana
10/12/2021
ဒေါ်ခင်ကြည်နေရာက သရုပ်ဆောင်ထားတဲ့ မဇာခြည်လင်း ကွယ်လွန်
ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကနေသရုပ်ဆောင်ခဲ့တဲ့ ဧရာဝတီတိုင်းက ကျောင်းဆရာမလေး မဇာခြည်လင်း ဒီကနေ့၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သွေးကင်ဆာရောဂါကြောင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။
CDM ကျောင်းဆရာမတစ်ဦးဖြစ်သူ မဇာခြည်လင်းဟာ
ကင်ဆာရောဂါကို ပုသိမ်မှာ ကုသနေစဉ် ကွယ်လွန်သွားတာပါ။
မိသားစုနဲ့ ထပ်တူ ဝမ်းနည်း၊ ကြေကွဲရပါတယ်။
ဆရာမလေး မဇာခြည်လင်း ကောင်းရာ၊ မွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေခင်ဗျာ။
10/12/2021
❝ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ❞ ကမ်ပိန်းမှာ ပါဝင်ခဲ့တဲ့ ကိုကိုအောင်ထက်နိုင်
"Silence shall be our loudest WAR CRY! "
10/12/2021
စစ်ကိုင်းမြို့ ရဲ့ Silent Strike
ဒီဇင်ဘာ ၁၀၊ ၂၀၂၁
ငါတို့မွို့၊ ငါတို့ပိုငျတယျ။
ငါတို့ ငွိမျခငြျ ငွိမျမယျ။
ငါတို့ လှုပျခငြျ လှုပျမယျ။
09/12/2021
ကောလင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကျွဲဝင်ခတ်၊ စစ်သားတယောက် အူပွင့်သေ
ကောလင်းမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်များကို ကျွဲတစ်ကောင်ဝင်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး အူပွင့်ပြီး ဒီဇင်ဘာလ ၈ရက်က သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် ကြို့ပင်အုပ်စု အုတ်တိုက်ကုန်းကျေးရွာ အတွင်း နှောက်ယှက်ဖျက်ဆီးပြီး ပြန်အလာ ညောင်ပင်ရိုးကျေးရွာမှ အနောက်ဘက် ပျဉ်းပင်ရွာသို့အကူး တာဝါတိုင်အနီးအရောက်တွင် ကျွဲတစ်ကောင်မှ ဝင်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ကောလင်းအနောက်ခြမ်းဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထွက်နေတုန်း ကျွဲဝင်ခတ်တာပဲ။ တယောက် အူပွင့်ပြီးသေသွားတယ်။ ကျွဲကိုတော့ ပြည်သူချစ်သောကျွဲလို့ နာမည်ပေးထားတယ်။ စစ်ကောင်စီတပ်တွေ ပြည်သူ့ကျိန်စာသင့်နေတာ” ဟု ကောလင်းဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။
ကောလင်းခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ရင်ဆိုင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထားသည့်အတွက် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုများ ရပ်တန့်နေချိန်လည်း ဖြစ်သည်။
07/12/2021
🗣 ဖြုစင်ခြင်းကို အပြစ်မြင်
လိုသလိုပုံဖော် အာဏာရူးပြီး
မေတ္တာရှင်ကို အမိန့်ချသတဲ့လား...
ဒါဟာ မတရားစီရင်ခြင်းမို့
အမေကတော့ အပြုံးပျက်မည်မဟုတ်👨💻
Crd ပါ
06/12/2021
အပြင်မှာအေးပြီး
ရင်မှာ ပူတဲ့ဆောင်း
ဒီတစ်ခါကြုံတာ
နောက်ဆုံးဖြစ်ပါရစေ
#မင်းကိုနိုင်
10/11/2021
ပြည်မြို့က ရင်ခြင်းဆက်အမွှာ ယောင်္ကျားလေး(၂)ဦး သေဆုံး
နိုဝင်ဘာ ၉-၂၀၂၁
GH (VOM )
ပြည်မြို့နယ်က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ မွေးဖွားခဲ့တဲ့ ရင်ခြင်းဆက်အမွှာယောင်္ကျားလေးနှစ်ဦး ဒီကနေ့ နိုဝင်ဘာလ ၉ ရက်နေ့လယ် ၁ နာရီမှာ သေဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။
သေဆုံးကလေးငယ် အမွှာ၂ဦးကို မိဘတွေရဲ့နေရပ်ဖြစ်တဲ့ ပြည်မြို့၊ ဖိုးခေါင်ရွာကို ပြန်လည်သယ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ် ။
"မနေ့ကတည်းက ကလေးလေးတွေရဲ့မစင်လမ်းကြောင်း မမှန်လို့ ကုသဖို့ကြိုးစားရင်း အခြေအနေဆိုးပြီး ပြာနှမ်းလာလို့ အရေးပေါ် သွေးသွင်းကုသမှုတွေ လုပ်နေရတယ်လို့ သိရတယ်။ ဒီနေ့ ၁နာရီမှာတော့ ကလေးတွေ သေဆုံးသွားပါတယ်။ " လို့ ကလေးနဲ့ပတ်သက်ပြီး အကူအညီပေးနေတဲ့လူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရင်ခြင်းဆက်အမွှာကလေးနှစ်ဦးကို ပြည်မြို့က အောင်ဇော်ဦးဆေးရုံမှာ အောက်တိုဘာ ၃၁ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ ဆေးကုသဖို့ ရန်ကုန်က ဟယ်ပင်ကလေးဆေးရုံကြီးကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ကလေးငယ်တွေမှာ ခြေချောင်းတစ်စုံသာ ပါရှိသလို အမျိုးသားငယ်ပါ တခုပဲပါရှိပြီး စအိုပေါက်ကလည်းတခုသာပါရှိကြောင်း၊ နှလုံးကတော့ နှစ်ခုဖြစ်နေပြီး ကျောက်ကပ်ကတော့ တစ်ခုတည်းဖြစ်တယ်လို့ သိရပါတယ်။
23/09/2021
သွေးလေးဖက်နာအတွက် ဆေးနည်း
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
#ပါဝင်ပစ္စည်း
၁ ။ ထန်းလျှက်မဲ … တစ်ပိသာ ။
၂ ။ ဇီးဖြူသီး … တစ်ပိသာ ။
#ဆေးဖော်စပ်ပုံ
ဇီးဖြူသီးပြုတ်အစေ့ထုတ် ညက်အောင်ထောင်းပါ ။
ထန်းလျှက်ကိုရေနဲ့ကျို အရေစစ် ဇီဖြူသီးထောင်းနှင့် ရောပြုတ်ပြီး အနှစ်ရသည်ထိချက်ပါ ။
ရပြီဆိုရင်ဘူးထဲထည့်ပြီး မနက်ထမင်းမစားမှီတစ်နေ့တစ်ဇွန်းစားသုံးခြင်းဖြင့်သက်သာပျောက်ကင်းနိုင်ပါသည်။
ကျန်းမာချမ်းသာကြပါစေ
ခရက်ဒစ်ပြန်လည်မျှဝေသည်
13/09/2021
ချွဲအရမ်းကျပ်နေရင်
ချောင်းကို အဆိုပဲဖြစ်ဖြစ် အခြောက်ပဲဖြစ်ဖြစ် ဆိုးနေရင် ဟင်းသောက်ပန်းကန်တလုံးထဲကို
ပဲပင်ပေါက် လက်တစ်ဆုပ်ထည့်
ရေနွေးဆူဆူကိုလောင်းထည့်
ပန်းကန်ပြားတချပ်နဲ့ အုပ်ထားထားပါ
သောက်လို့ရတဲ့ အပူပမာဏ ရောက်ရင်
တကျိုက်ကျိုက်နဲ့ သောက်ချလိုက်ပါ
ပဲပင်ပေါက်ကတော့ ကြိုက်ရင်စား မကြိုက်ရင်လွှင့်ပြစ်ပါ
ချက်ခြင်းချွဲကျစေပြီး ချောင်းဆိုးတာရပ်သွားပါလိမ့်မယ်
ကိုယ်တွေ့ပါခင်ဗျာ
ကျန်းမာရေး မှတ်စု
ကံတလူ
#ℂ𝕣𝕖𝕕𝕚𝕥
ပြန်လည်မျှဝေပါသည် ။
04/09/2021
#ဆီးလမ်းကြောင်ပိုးဝင်ရင်ကျောက်ကပ်ပျက်စီးစေနိုင်တယ်။
ဒါကြောင့် အထူသဖြင့်
ကျောက်ကပ်ထဲမှာကျောက်တည်းရင်ကျောက်ကပ်ဆေးပင်ကို
သုံးခွက်တစ်ခွက်ပြုတ်ပြီးသောက်ပါ။
ကျောက်ကပ်ထဲကကျောက်တွေတစ်ဖြည်းဖြည်လျော့နည်းစေပြီး
( ၇)ရက် တစ်ပတ်သောက်သုံးမယ်ဆိုရင်
ကျောက်ကပ်ထဲကကျောက်တွေတစ်ဖြည်ဖြည်းပျောက်ကွယ်ပြီးဖြစ်ပါတယ်။
ကျမတို့မိသားစုအားလုံးကျောက်ကပ်ပင်လိုခေါ်ပါတယ်။
ကျောက်ကပ်ပင်သုံးခွက်တစ်ခွက်တင်ပြုတ်ပြီးသောက်ရမည်ဖြစ်ပါတယ်။
အရသာခါသောအရသာဖြစ်ပါတယ်။
ဆီးလမ်းကြောင့်ပိုးဝင်ရင်သောက်သုံးပါနိုင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်ရင် လက္ခဏာကတော့ ဆီးခဏခဏသွားမယ်
တစ်ရက်သုံးကြိမ် လေးကြိမ် ငါးကြိမ် လောက် ဆီခဏခဏ သွားရင်
ဆီးလမ်းကြောင်းပိုးဝင်တယ်လက္ခဏာပါ။
ဆီးမကြာခဏသွားမယ်။
ဆီးအောင့်မည်။
ဆီးလမ်းကြောင်း နာကျင်မည်
ဆီးသွားမည်အချိန်မှာ ဆီးအိမ်အောင့်မည်။
အဲဒီအချက်အလက်တွေက ဆီးလမ်းကြောင်ပိုးဝင်တယ်လက္ခဏာအချက်ဖြစ်ပါတယ်။
ကျောက်ကပ်ဆေးပင်လို အမျာခေါ်ကြတယ်
ကရင်တောင်ပေါ်လူမျိုး တွေကအခေါ်အဝေါ်က
( ကျောက်ကပ်ဆေးပင် )လိုခေါ် ကြပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ရင် ကျောက်ကပ်ဆေးပင်ကိုသုံးခွက်တစ်ခွက်တည်ပြုတ်ပြီးသောက်သုံးနိုင်ပါတယ်။
ဆေးပညာဗဟုသုတကိုမျှဝေပေးခြင်းဖြစ်ပါတယ်
အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်
ဆေးပညာဗဟုသုတ ပြန်လည်မျှဝေပေးနေပါတယ်ရှင်
ဆေးပညာဗဟုသုဖြစ်ပါတယ်
03/09/2021
🔰 #ချွေတာတတ်ပါစေ..🔰
တစ်ချိန်က ငွေကို ရှိရင်ရှိသလို
နဲ့သုံးခဲ့ဖူးတယ်
လက်ထဲမှာ ငွေလေးရှိတာနဲ့
လိုအပ်တာရော မလိုအပ်တာတွေကို ရော အကုန်စုပြုံပြီး ဝယ်ခဲ့ဖူးတယ်
အစားအသောက်ဆိုလည်း
မကုန်မခမ်းတွေဝယ်ပြီး
မကုန်တဲ့အခါ လွှင့်ပစ်လိုက်တဲ့အခါလဲရှိတယ်
အဝတ်အစား တွေပေါနေရဲ့သားနဲ့လည်း
တစ်ထည်ပြီးတစ်ထည် ဝယ်တယ်။
ချွေတာစုဆောင်း
သူဌေးလောင်းဆိုတဲ့အတိုင်း
ကိုယ်ကငွေကို ချစ်မှ
ငွေကလည်းကိုယ့်ကိုချစ်ပြီး
ကိုယ့်အနားမှာ နေမှာပါ။
ကိုယ်က ငွေကို တန်ဖိုးမထားပဲ
ရှိရင်ရှိသလိုသုံးနေမယ်ဆိုရင်တော့
အရေးအကြောင်းကြုံတဲ့အခါ
သုံးစရာ မရှိပဲ ဒုက္ခရောက်တတ်တယ်။
ကိုယ့်မှာ ရှိတဲ့ငွေလေးကို
မလိုအပ်တဲ့နေရာတွေမှာ
ဖြုန်းနေမယ့်အစား
တစ်ခုခုကြိုးစားလုပ် ဒါမှမဟုတ်
ရင်းနှီးမြှပ်နှံလိုက်တာကမှ
ကိုယ့်မှာရှိတဲ့ငွေကို
သိမ်းပြီးသားလည်းဖြစ်သလို
တိုးပွားပြီးသားလည်းဖြစ်တယ်။
ရေရှားတဲ့နေရာမှာ နေဖူးမှ
ရေတစ်စက်ရဲ့တန်ဖိုးကိုသိသလို
ငွေရှိတဲ့အချိန်တုန်းက
ထင်သလိုသုံးခဲ့ပြီး ဒုက္ခရောက်တဲ့အချိန်မှ
ငွေရဲ့တန်ဖိုးကို ပိုနားလည်လာခဲ့တယ်
ငွေတစ်ရာ နှစ်ရာ ပိုနေတဲ့အခာ
မသိသာပေမယ့်
လိုနေတဲ့အခါ အရမ်းသိသာတယ်
တန်ဖိုးထားတတ်ပါစေ။
(ဘဝစာပေ)
Crd.
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Thingangyun
11401