Globalland Computer & Network Service

Globalland Computer & Network Service

Share

သင့်ရုံးရဲ့ IT စနစ်တိုးတက်ဖို့ Globalland ဖြင့်ချိတ်ဆက်စို့။

Photos from Globalland Computer & Network Service's post 02/11/2023

သင့်ရုံးမှာ...𝗜𝗻𝘁𝗲𝗿𝗻𝗲𝘁 ပိတ်ထားရင် ဒီနည်းလမ်းသုံးကြည့်ပါ။

𝗪𝗶𝗻𝗱𝗼𝘄𝘀 𝟭𝟭 ကနေ..... 𝗪𝗶-𝗙𝗶 𝗛𝗼𝘁𝘀𝗽𝗼𝘁 လွှင့်ခြင်း။

မဂ်လာပါ ။𝐆𝐥𝐨𝐛𝐚𝐥𝐥𝐚𝐧𝐝 𝐈𝐓 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 မှကြိုဆိုပါတယ်။မိတ်ဆွေတို့ဖြစ်ဖူးကြလားတော့မသိဘူး။ရုံးတွေ Company တွေမှာ Internet ပေးသုံးတဲ့အခါကျရင် သတ်မှတ်ထားတဲ့ Computer တွေ Mobile တွေကလွဲလို့ ကျန်တဲ့ Personal Device တွေကို ပေးမသုံးပါဘူး။Limit လုပ်ထားတယ်ပေါ့ MAC Address Control, Captive Portal, Firewall တွေနဲ့ Device တွေကို Limitလုပ်ထားပြီး Internet Line ကိုပိတ်ဆို့ထားတတ်ပါတယ်။ကိုယ်ရဲ့ Mobile မှာလည်း Bill မရှိတဲ့ အချိန် အရေးပေါ်ကိစ္စတစ်ခုခုပေါ်လာလို့ Online သုံးဖို့လိုအပ်လာတဲ့အခါကျရင် စိတ်အနှောက်အယှက်ဖြစ်ပြီလေ။"ကျွန်တော်တို့ Service သွားနေတဲ့ company တွေမှာလည်း အဲ့လိုမျိုးတွေကြုံလာတဲ့အခါကျရင် Service လုပ်နေတဲ့ Laptop တစ်လုံးကနေ 𝐖𝐢-𝐟𝐢 𝐇𝐨𝐭𝐬𝐩𝐨𝐭 လွင့်ထားလိုက်တယ်။ ကဲ.....အဆင်မပြေဘူးလား။"

ဆိုတော့...... မိတ်ဆွေမှာ Wireless ရတဲ့ Window 11, 10 သုံးနေတဲ့ Laptop, PC, ဆိုရင် 𝐌𝐨𝐛𝐢𝐥𝐞 𝐇𝐨𝐭𝐬𝐩𝐨𝐭 ဆိုတဲ့ Featureလေးကို အသုံးချလို့ရပါတယ်နော်။ကျွန်တော်တို့ Mobile Phone တွေမှာပါတဲ့ Wi Fi Hotspot Feature နဲ့ သဘောတရား အတူတူပါပဲ။၊Windows တွေမှာ wi-fi hotspot function ပါလာတာဟာ တစ်ကယ်ကို အသုံး၀င်ပါတယ်။ Install လုပ်စရာမလိုပဲ windows မှာတစ်ခါတည်းတွဲပါတဲ့ Function လေးဖြစ်ပါတယ်။လုပ်ရတဲ့ အဆင့်လေးကလည်း Very Easyပါပဲ။ ဆိုတော့မိတ်ဆွေတို့လည်း လေ့လာကြည့်ပါဦး။ အခြားသူတွေကိုလည်း Sharing လုပ်ပေးခြင်းဖြင့် ကူညီပေးပါဦး။ပြီးတော့.... မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကိုလည်း Comment မှာပြန်လည်မျှဝေပေးလို့ရပါတယ်နော်။

အားလုံးပဲ..... ဗဟုသု‌တတွေ တိုးပွားကြပါစေ။

မိတ်ဆွေတို့ အနေနဲ့ 𝗜𝗧 𝗦𝗲𝗿𝘃𝗶𝗰𝗲 နဲ့ပက်သက်လို့ ပြဿနာတွေ ဖြေရှင်းချင်တယ်ဆိုရင် 𝗚𝗹𝗼𝗯𝗮𝗹𝗹𝗮𝗻𝗱 𝗢𝘂𝘁𝗱𝗼𝗼𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗧𝗲𝗮𝗺 က သင့်အတွက်ပါပဲ မိတ်ဆွေ။

𝐆𝐥𝐨𝐛𝐚𝐥𝐥𝐚𝐧𝐝 𝐎𝐮𝐭𝐝𝐨𝐨𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐓𝐞𝐚𝐦
𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐢𝐧𝐟𝐨: 𝟎𝟗 𝟒𝟒 𝟏𝟏𝟏 𝟒𝟒 𝟓𝟒
𝟎𝟗 𝟕𝟕𝟕 𝟖𝟒 𝟖𝟒 𝟐𝟑

Photos from Globalland Computer & Network Service's post 22/10/2023

𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐖𝐢𝐧𝐝𝐨𝐰𝐬 အတွက် အသက်ကယ်ဆေး

𝐖𝐢𝐧𝐝𝐨𝐰𝐬 ပျက်မှာကြောက်ရင် Recovery Drive ကိုဆောင်ထားပါ။

မဂ်လာပါ။ 𝐆𝐥𝐨𝐛𝐥𝐥𝐚𝐧𝐝 𝐈𝐓 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 မှကြိုဆိုပါတယ်။ မိတ်ဆွေဟာ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐏𝐂 𝐨𝐫 𝐋𝐚𝐩𝐭𝐨𝐩 ကိုပိုင်ဆိုင်ထားတယ်ဆိုရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ Microsoft Windows နဲ့ပက်သက်ပြီး ပြဿနာကတော့ ဖြစ်လာမှာပဲ။ Virus ထိတာတွေ ၊ OS Hang နေတာတွေ ၊ Hard Drive အသစ် လဲလိုက်တာမျိုးတွေ တွေဆိုရင် Windows ကို Installation ပြန်လုပ်ရတာမျိုးတွေရှိပါတယ်။ တစ်ချို့windows ကို Copy မသုံးပဲ ၊ License သုံးတာမျိုးတွေရှိတဲ့အတွက် ကိုယ့်ရဲ့ License OS လေးကို မပျက်စေချင်ဘူးပေါ့ဗျာ။ Copy တွေကတော့ ပြန်ပြီး Activate ပြန်လုပ်ရတဲ့အတွက် ရေရှည်အတွက် အဆင်မပြေဘူး။နောက်တစ်ချက်က.....Oversea သွားတဲ့သူတွေအတွက်လည်း Cyber Law တွေအရ Rules တွေရှိတဲ့အတွက် License ကိုပဲသူတို့က သုံးစေချင်ပါတယ်။

ဆိုတော့.... 𝐖𝐢𝐧𝐝𝐨𝐰𝐬 𝐑𝐞𝐜𝐨𝐯𝐞𝐫𝐲 𝐃𝐫𝐢𝐯𝐞 ကိုရှင်းပြချင်ပါတယ်။

▪️ Recovery Drive ပြုလုပ်ထားခြင်းကအကြောင်း တစ်ခုခုကြောင့် Windows Crush ဖြစ်သွားတာမျိုးတွေ ၊ Windows မတက်ဘူးပေါ့ဗျာ။ အဲ့လိုမျိုးဆိုရင် Recovery Drive ကိုသုံးပြီး Windows ကို Default အတိုင်းပြန်ထားလို့ရတယ်။နောက်တစ်ခုသိရမှာက Recovery Drive ဟာ Windows and Driver ပဲပါမှာနော်။ Other Software Program တွေပါမှာ မဟုတ်ပါဘူးနော်။

▪️ Windows တက်တာ အရမ်းကြာနေတာကို စိတ်မရှည်လို့ ပြန်ပြီး Install လုပ်ချင်တဲ့သူတွေအတွက် Recovery Drive ကိုသုံးလို့ရပါတယ်နော်။

▪️ Virus ထိသွားလို့ Windows ကို Reinstall ပြန်လုပ်ချင်တဲ့သူတွေအတွက် ခြုံပြောရရင်...Recovery Drive လုပ်ထားခြင်းဟာ Good Idea ပါ။ Computer ကိုကာကွယ်ဖို့ ၊ Something Wrong ဖြစ်လာရင် အဲ့ကောင်လေးက သင့်ကိုကူညီပါလိမ့်မယ်။

▪️ Windows ရဲ့ Free Features ဖြစ်တဲ့အတွက် Setup လုပ်ရတာလည်း Very Easy ပါပဲ။

▪️ Windows 10 and Windows 11 အတွက်ပါ ပုံစံက အတူတူပါပဲ။ တစ်ခုသတိထားရမှာက မိတ်ဆွေရဲ့ USB Flash Drive က Quality ကောင်းပြီး
USB Version မြင့်တာကိုသုံးရမှာပါ။ USB 2.0 ကိုတော့ မသုံးပါနဲ့တော့လို့ အကြံပေးပရစေ။ နောက်ပြီး USB Stick လေးကိုလည်း မကြာခဏ Test လုပ်ပေးပါ။ တစ်ခါတစ်လေကျရင် USB Stick တွေက ကြောင်တောင်တောင် ဖြစ်တတ်လို့ပါ။

အဲ့တော့.... Windows Recovery Drive ကို ဘယ်လို Setup လုပ်မလဲ။

▪️ Windows Start Menu ရဲ့ Search Box မှာ Recovery Drive လို့ရိုက်ပါ။

▪️ Backup system files to the recovery drive မှာ အမှန်ခြစ်ပါ။

▪️ USB Flash Drive ကို USB Port မှာ ထိုးထားပါ။

▪️ USB Flash Drive ကို Select လုပ်ပြီး Create လုပ်ပါ။

အချိန်ကတော့ နည်းနည်းကြာမှာဖြစ်တဲ့အတွက် မိတ်ဆွေ ခဏအနားယူနေလိုက်ပါ။

Recovery Drive လုပ်ပြီးသွားရင် ဘယ်လိုသုံးမလဲဆိုတော့.....

▪️ Computer BIOS ရဲ့ Boot Options , First Boot မှာ USB Recovery Drive ကိုထားပေးရမှာပါ။

▪️ Computer BIOS ထဲကိုသွားချင်ရင် PC အတွက်ဆိုရင် Keyboard ကနေ Delete Key ကိုနှိပ်ထားပါ။

▪️ Laptop တွေအတွက်ဆိုရင် Keyboard ကနေ F1, F2, F10, F12 တစ်ခုခုကိုအသုံးပြုပါတယ်။

ဆိုတော့ စာလေးကတော့ နည်းနည်းရှည်သွားတယ်။ ကျွန်တော်ကလည်း မိတ်ဆွေတို့ကို တစ်ကယ်ကို သိစေချင်တဲ့အတွက် Sharing လုပ်ပေးခြင်းဖြစ်ပါတယ်။ ဆိုတော့.....မိတ်ဆွေတို လေ့လာကြည့်ပါဦး။
တစ်ခြားသူတွေအတွက်လည်း Knowledge ရအောင် Sharing လုပ်ပေးခြင်းဖြင့်ကူညီပေးပါဦး။ ပြီးတော့ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကိုလည်း ကျွန်တော်တို့ကို အဆင်ပြေရင် ပြန်လည် မျှဝေပေးပါဦးလို့ Request လုပ်ပါတယ်နော်။

အားလုံးပဲ...ဗဟုသုတတွေ တိုးပွားကြပါစေ။ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐢𝐬 𝐚 𝐩𝐨𝐰𝐞𝐫.

မိတ်ဆွေတို့ အနေနဲ့ IT Service နဲ့ပက်သက်လို့ ပြဿနာတွေ ဖြေရှင်းရှင်တယ်ဆိုရင် Globalland Outdoor Service Team က သင့်အတွက်ပါပဲ မိတ်ဆွေ။

𝐆𝐥𝐨𝐛𝐚𝐥𝐥𝐚𝐧𝐝 𝐎𝐮𝐭𝐝𝐨𝐨𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐓𝐞𝐚𝐦
𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐢𝐧𝐟𝐨: 𝟎𝟗 𝟒𝟒 𝟏𝟏𝟏 𝟒𝟒 𝟓𝟒
𝟎𝟗 𝟕𝟕𝟕 𝟖𝟒 𝟖𝟒 𝟐𝟑

Photos from Globalland Computer & Network Service's post 17/10/2023

" 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 မေ့တတ်တဲ့ သောက ကင်းဝေးအောင် "

"𝐆𝐨𝐨𝐠𝐥𝐞 𝐏𝐚𝐬𝐬𝐤𝐞𝐲𝐬အသုံးပြုပြီး Google Account မှာ Sign-in ၀င်မယ်။"

မဂ်လာပါ 𝐆𝐥𝐨𝐛𝐚𝐥𝐥𝐚𝐧𝐝 မှ ကြိုဆိုပါတယ်။ဒီနေ့ကတော့…..ကျွန်တော် Windows11 မှာ Browserကနေ Google Account ကို Sign-in ၀င်တဲ့အခါ ခါတိုင်းလို Passwordအစား Google Passkeys ကို အသုံးပြုတာလေး Sharing လုပ်ပေးမှာပါ။Google Passkeys ဆိုတာ တိုတိုပြောရရင် Password less ပါပဲ။ Passwordနေရာမှာ PIN Number, Fingerprint, Facescanတို့ဖြင့်အသုံးပြုတာပဲဖြစ်ပါတယ်။ဘယ်လိုအဆင်ပြေသွားလဲဆိုတော့ ကျွန်တော်တို့လို Google Service သုံးနေတဲ့သူတွေအတွက် Gmail တို့ Google drive တို့ Sign-in ၀င်တဲ့အခါ Password အစား Passkeys ဖြင့်သုံးလိုက်တာပါပဲ။

ကျွန်တော်ကတော့ Password တွေ ပြန်ကြည့်နေရတာကို မုန်းလာပြီဗျာ။ တစ်ခုခုဆို အဲဒိPassword တွေမမှတ်မိတော့လို့ ပြန်ပြန်ရှာရတာ။ကောင်းပြီ
အခု Windows 11ကနေ Google Passkeys ကိုသုံးမှာဆိုတော့ သင့်ရဲ့ PC or Laptop ဟာ Windows Hello Features ရှိမှရမှာပါ။။ Windows Hello ဆိုတာကလည်း Biometric Authentication Feature ပါပဲ။ Windows Login ၀င်တဲ့အခါ Password အစား PIN, Fingerprint, Face scan တိုကိုအသုံးပြုတာပဲဖြစ်ပါတယ်။အဲ့တော့....သင့်ရဲ့ Windows 11ဟာ Update ဖြစ်နေဖို့လိုပါတယ်။

ဆိုတော့... အခု Google Passkeys သုံးတာလေးကို အောက်မှာ လေ့လာကြည့်ပါဦး။ ကျွန်တောကတော့ Password အစား PIN Number သုံးတာလေးကို အသုံးပြုထားပါတယ်။ တစ်ခြားသူ‌ တွေလည်း Knowledge ရအောင် Share လုပ်ပေးချင်းဖြင့်ကူညီပေးပါဦး ။အားလုံးပဲ...ဗဟုသုတတွေ တိုးပွားကြပါစေ။

မိတ်ဆွေတို့ အနေနဲ့ IT Service နဲ့ပက်သက်လို့ ပြဿနာတွေ ဖြေရှင်းရှင်တယ်ဆိုရင် Globalland Outdoor Service Team က သင့်အတွက်ပါပဲ မိတ်ဆွေ။

𝐆𝐥𝐨𝐛𝐚𝐥𝐥𝐚𝐧𝐝 𝐎𝐮𝐭𝐝𝐨𝐨𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐓𝐞𝐚𝐦
𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐢𝐧𝐟𝐨: 𝟎𝟗 𝟒𝟒 𝟏𝟏𝟏 𝟒𝟒 𝟓𝟒
𝟎𝟗 𝟕𝟕𝟕 𝟖𝟒 𝟖𝟒 𝟐𝟑

Photos from Globalland Computer & Network Service's post 15/10/2023
Photos from Globalland Computer & Network Service's post 14/10/2023

Computer ကိုဒုက္ခပေးမယ့် အန္တရာယ်ကောင် Virus

Antivirus License စျေးကြီးလို့ ခေါင်းကုတ်‌နေသူ
များအတွက်

မဂ်လာပါ Globalland ကနေကြိုဆိုပါတယ်။
အပေါ်မှာပြောထားတဲ့အတိုင်းပါပဲ၊ Virus ဆိုတဲ့ကောင်က Computer ထဲရောက်သွားရင် မွေတော့တာပဲ။ မိတ်ဆွေစတင်ပြီး Computer သုံးရတာ တစ်မျိုးဖြစ်နေတယ်လို့ ထင်တဲ့အချိန်မှာပဲ နောက်ကျနေပြီနော်။ဒီမှာတော့ Virus အကြောင်းကို အသေးစိတ်မပြောတော့ပါဘူး။ အဓိကပြောချင်တာက သင့်
Computer Virus မထိအောင် အကောင်းဆုံးကာကွယ်ပေးမယ့် ၊ ကျွန်တော်တို့ Service Team အမြဲတမ်းသုံးဖြစ်တဲ့ Symantec Endpoint Protection Software လေးကိုမျှဝေပေးချင်တာပါ။

ဒါပေမယ့်လည်း Virus အကြောင်းကိုတော့ နည်းနည်းပြောပရစေ။ Knowledge အနေနဲ့ပေါ့
Computer Virus တွေဆိုတာ Computer ထဲမှာရှိတဲ့ Data တွေ Software တွေကို ပျက်စီးစေနိုင်ပြီး Computer တစ်လုံးနှင့်တစ်လုံးကို Virus များပျံ့နှံ့စေရန် လုပ်ဆောင်တဲ့ အန္တရာယ်ရှိတဲ့ Software သို့မဟုတ် Malware အမျိုးအစားဖြစ်ပါတယ်။
Computer တွေကို Virus တွေ Attack လုပ်ပြီဆိုရင်။ Virus ကိုက်ရင် ဆိုပြီပေါ့ဗျာ။ Sign တွေပြလာတယ်။ Data File တွေ ပျောက်သွားတာရှိမယ်။
သုံးလို့မရတာတွေရှိမယ်။ Crush ဖြစ်သွားတာပေါ့။

Example , Excel File တွေ ဟိုတစ်နေ့က ဖွင့်တာအကောင်း ဒီနေ့ဖွင့်လို့မရတော့ဘူး……အဲ့ဒါ Virus

Personal Data အချက်အလက်တွေ ခိုးခံရတာမျိုးတွေ အခြား Computer ကိုပျံ့နှံ့သွားတာမျိုးတွေ
File များကို Encrypt လုပ်ပြီး ( ကုဒ်ဖြင့်ဝှက်လိုက်ပြီး ) Payment Money တောင်းပြီး Fileတွေကို ပြန်ဖြည်ပေးခြင်း ။ မျိုးစုံပါပဲဗျာ….ဆိုတော့ ဘယ်လိုပုံစံမျိုးတွေနဲ့ Computer တွေထဲကို ကူးစက်လာသလဲဆိုတော့ အများအားဖြင့်

E-Mail Attachment တွေကနေလာပါတယ်။
( သင့်အတွက် “စပရိုက်” လက်ဆောင် E-Mail ကနေပို့ထားပါတယ်။ အခုပဲရယူလိုက်ပါ။ )

Website တွေကနေကူးစက်တတ်ပါတယ်။
( ဒီကြောငြာ Link ကိုနှိပ်ပြီး အခုပဲ ငွေသားရယူလိုက်ပါ။ )

USB Thumb Drive နဲ့ တစ်ခြားသော Removal Media ကနေလည်း ကူးစပ်နိုင်ပါတယ်။

Network ချိတ်ဆက်ထားတဲ့ Computer တွေကနေလည်းကူးစက်တတ်ပါတယ်နော်။ဆိုတော့…..ပြောချင်တာက အခုမှလာတာပါ။ ရှင်းရှင်းပြောရရင် အပေါ်ကပြောထားတဲ့ အန္တရာယ်တွေ မဖြစ်စေချင်ရင် Budget မသုံးချင်တဲ့ Customer တွေအတွက် ကျွန်တော်တို့ နှစ်ရှည်လများ စမ်းထားပြီးသာ ကြိုက်လို့သုံးနေတဲ့ Symantec Endpoint Protection ကိုသုံးပါလို့ပြောတာပါ။ Windows မှာပါတဲ့ Built In , Windows Defender ထက်တော့ပိုကောင်းပါတယ်။ပိုပြီးတော့လည်း reliable ပိုဖြစ်တာပေါ့ဗျာ။ အကောင်းဆုံးသုံးချင်ရင်တော့ License ဝယ်သုံးပေါ့။အခု ကျွန်တောကတော့ Precracked လုပ်ထားပြီးသားကိုပဲ Share ပေးလိုက်တာပါ။ ကြိုက်ရင်လည်းသုံးပေါ့ဗျာ။ Install လုပ်ရတာလည်းလွယ်ပါတယ်။ လုပ်ပုံလုပ်နည်းကိုလည်း ပြပေးထားပါတယ်။ Software လိုချင်တဲ့သူတွေအတွက်Download Link ပေးထားပါတယ် ခင်မျှ။

ဆိုတော့….အားလုံးပဲ ဗဟုသုတတွေ တိုးပွားကြပါစေ။

မိတ်ဆွေတို့ အနေနဲ့ IT Service နဲ့ပက်သက်လို့ ပြဿနာတွေ ဖြေရှင်းရှင်တယ်ဆိုရင် Globalland Outdoor Service Team က သင့်အတွက်ပါပဲ မိတ်ဆွေ။

Globalland Outdoor Service Team
Hotline info: 09 44 111 44 54
09 777 84 84 23
https://u.pcloud.link/publink/show?code=kZLUxiVZiVECnSG8rJXDcTk8sxdihFYw2HWX

Photos from Globalland Computer & Network Service's post 24/07/2022

🔵🟦 Windows 11ရဲ့ Themes လေးတွေ ပြောင်းနည်း။ My computer အား Desktop ပေါ် တွင် ShortCut တင်ခြင်း။

✅✅ မဂ်လာပါ ....Globalland မှ မိတ်ဆွေတို့အားကြိုဆိုပါတယ်။ Windows 11တွေကို သုံးတဲ့ User တွေလည်း များလာပြီမို့ Windows 11ရဲ့ Personalized မှာရှိတဲ့ Themes လေးတွေဘယ်လို ပြောင်းမလဲ ပြီးတော့ Desktop ပေါ်မှာပျောက်နေတဲ့
My Computer or This PC Icon ကို ဘယ်လို ဖော်ရမလဲဆိုတာလေးကို မိတ်ဆွေတို့အား မျှဝေချင်ပါတယ်။လုပ်ရတဲ့ အဆင့်လေးတွေက အရမ်းလွယ်တဲ့အတွက် မိတ်ဆွေတို့လည်းလေ့လာကြည့်ပါဦး

😃✌️ အားလုံးပဲ သာယာသောနေ့ရက်လေးကို ပိုင်ဆိုင်ကြပါစေ။

Globalland_Computer & Network
Contact info:
📱☎️ 09 44 111 44 54
📱☎️ 09 777 84 84 23

Photos from Globalland Computer & Network Service's post 17/07/2022

♂️♂️ Mouse Pointer ကို အရောင်လေးနဲ့ ကြီးကြီးသုံးမယ်။

🧑‍💻🧑‍💻မဂ်လာပါ

✅ Globalland မှမိတ်ဆွေတို့အားကြိုဆိုပါတယ်။computer အသုံးပြုတဲ့ သူများအတွက် Windows 10 မှာ Mouseကို ခပ်ကြီးကြီး အရောင်လေးနဲ့ ဘယ်လို change လို့ရလဲဆိုတာကို မျှဝေလိုက်ပါတယ်။
✅ Presentation လုပ်တာပဲဖြစ်ဖြစ် Mouse Pointer သေးလို့ သုံးရတာအားမရတဲ့သူတွေအတွက် အဆင်ပြေတဲ့ လုပ်ဆောင်ချက်လေးတစ်ခုဖြစ်ပါတယ်။

💯💯 အားလုံးပဲ သာယာသောရက်လေးကို ပိုင်ဆိုင်ကြပါစေ။

𝐆𝐥𝐨𝐛𝐚𝐥𝐥𝐚𝐧𝐝 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 &𝐍𝐞𝐭𝐰𝐨𝐫𝐤
𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐈𝐧𝐟𝐨 :
☎️📱 𝟎𝟗 𝟒𝟒 𝟏𝟏𝟏 𝟒𝟒 𝟓𝟒
☎️📱 𝟎𝟗 𝟕𝟕𝟕 𝟖𝟒 𝟖𝟒 𝟐𝟑

Photos from Globalland Computer & Network Service's post 09/07/2022

🎯 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 မှာ 𝐆𝐦𝐚𝐢𝐥 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 ဘယ်လို 𝐂𝐡𝐚𝐧𝐠𝐞 လဲ

🧑‍💻မင်္ဂလာပါ။

💢 𝐆𝐥𝐨𝐛𝐚𝐥𝐥𝐚𝐧𝐝 မှ မိတ်ဆွေတို့အားကြိုဆို့ပါတယ်။ဒီနေ့ မျှဝေချင်တဲ့ အကြောင်းအရာလေးကတော့ 𝐆𝐦𝐚𝐢𝐥 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 ပြောင်းနည်းလေးပါ။
ဒီခောတ်ကြီးထဲမှာ 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 တွေ 𝐂𝐡𝐚𝐧𝐠𝐞 တာဟာ 𝐔𝐬𝐞𝐫 တွေအများစု ကိုယ်တိုင် လုပ်တတ်နေပြီဆိုပေမယ်လည်း တစ်ခါမှမလုပ်ဘူးသေးတဲ့ 𝐔𝐬𝐞𝐫 တွေအတွက် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

👍👍အားလုံးပဲသာယာသောရက်လေးကို ပိုင်ဆိုင်ကြပါစေ။


𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐈𝐧𝐟𝐨:
☎️☎️ 𝟎𝟗 𝟒𝟒 𝟏𝟏𝟏 𝟒𝟒 𝟓𝟒
📱📱 𝟎𝟗 𝟕𝟕𝟕 𝟖𝟒 𝟖𝟒 𝟐𝟑

04/07/2022

VPN အကြောင်းသိဖို့….လိုပြီ။

🧑‍💻မင်္ဂလာပါ….

💢 Globalland မှမိတ်ဆွေတို့အားကြိုဆိုပါတယ်။ ကျွှန်တော် VPN အကြောင်းလေး မျှဝေချင်ပါတယ်။ Online ကနေမိတ်ဆွေတို့ရဲ့ Computer တွေ Mobile Phone တွေမှာနေ့စဉ်နဲ့အမျှ ဘာတွေဘယ်လိုသုံးနေသလဲဆိုတာကို Internet Company တွေဖြစ်တဲ့ ISP တွေကနေစောင့်ကြည့်နေတယ်ဆိုတာကို သတိထားမိပါသလား။ ကောင်းပြီ

💢 ကျွှန်တော်တို့ရဲ့ Privacy တွေကို ထိခိုက်လာပြီဆိုရင် မိတ်ဆွေ ကြိုက်နှစ်သက်ပါသလား။
မကြိုက်ပါဘူး , မနှစ်သက်ပါဘူး , ပြီးတော့ မလုံခြုံဘူးလို့ ခံစားရပါတယ်။ အဲ့ဒါတွေကို ကာကွယ်ဖို့အတွက် မိတ်ဆွေတို့ရဲ့ Computer တွေ Mobile တွေမှာ Firewall ရော VPN ပါသုံးပါ။
ကျွှန်တော် ဒီမှာတော့ VPN အကြောင်းလေး ပဲ အရင်ဆုံးမျှဝေပေးမှာပါ။

💢 Online ပေါ်မှာ မိတ်ဆွေသုံးသမျှ အရာမှန်သမျှကို ISP တွေက Data တွေကို Collect လုပ်ထားပြီး သူတို့ရဲ့ သတ်မှတ်ထားတဲ့ Rules တွေနဲ့ ငြိပြီဆိုရင် ဆွဲစိတယ်မလား။ ဒါကြောင့်လည်း ကျွှန်တော်တို့က ကျော်ခွပြီး VPN တွေကိုသုံးကြတာပေါ့.။

💢 VPN ဆိုတာ Virtual Private Network ဖြစ်ပြီး အသုံးပြုသူ User တွေနဲ့ VPN Server ကြားမှာ Data တွေကို စကားဝှက် ( Encript ) လုပ်ပြီး
ဥမှင်လှိုင်ခေါင်းပုံစံ ( VPN Tunnel )တည်ဆောက်ပြီး ကိုယ့်ရဲ့IP Address တွေ Location တွေကို Hide လုပ်ပြီးမှ VPN Server ဆီကို ပို့ပေးပါတယ်။
Example မိတ်ဆွေက US မှာရှိတဲ့ VPN Server ကို လှမ်းချိတ်မယ်ဆိုရင် ကိုယ့်ရဲ့ Locationက US မှာပြထားပါတယ်။ မိတ်ဆွေက ထပ်ပြီး စစ်ဆေးချင်တယ်ဆိုရင် Google မှာ What is my ip လို့ရိုက်ထည့်ပြီး IP Address နဲ့ Location ကိုစစ်လို့ရပါတယ်နော်။ နောက်တစ်ချက်က VPN ကိုသုံးရင်
နိုင်ငံအနေအတားအရ Lock လုပ်ထားတဲ့ Video Streaming Sevice တွေ Example Netflix တို့လိုမျိုးဟာတွေ Download လုပ်လို့မရတဲ့ Application တွေကိုလည်း Unlock လုပ်လို့ရပါတယ်။

💢 VPN အသုံးပြုပြီး Data တွေကို Encript လုပ်ထားတဲ့တိုင်အောင် ISP များသည် Online ပေါ်မှာ Data ပမာဏ Download Upload လုပ်နေသလဲဆိုတာကိုတောင် သူတို့ကြည့်နိုင်တယ်။ Monitoring ပဲလုပ်နိုင်တာပါ။ Data တွေကတော့ Secure ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ VPN ဟာ နိုင်ငံ တော်တော်များများမှာတော့ တရားဝင်ဖြစ်ပြီး
တရားဝင် Security Tool တစ်ခုဖြစ်ပါတယ်။နောက်တစ်ချက်က ISP များသည် မိတ်ဆွေတို့ရဲ့ VPN အသုံးပြုမှုနဲ့ပက်သက်ပြီး ဘာမှ လုပ်ဆောင်၍ မရတဲ့အပြင် VPN အသုံးပြုနေခြင်းကိုတောင် ဂရုမစိုက်နိုင်ပါဘူး။

💢 အဲ့တော့ VPN အသုံးပြုခြင်းရဲ့ကောင်းကွက်ကတော့ မိတ်ဆွေ ရှာဖွေနေတဲ့ လုပ်ဆောင်ချက်များကို ISP မသိအောင် ဝှက်ထားနိုင်တယ်။ Website တွေကနေ စုဆောင်းထားတဲ့ အသုံးပြုနိုင်တဲ့ Data များကိုလည်း ဝှက်ထားနိုင်တယ်။ Lock လုပ်ထားတဲ့ Video Streaming Service တွေကိုလည်း Unlock လုပ်နိုင်ပါတယ်။

💢 ဒါပေမယ့်လည်း VPN အသုံးပြုခြင်းဟာ မိတ်ဆွေတို့ရဲ့ Privacy ကို 100% လောက်အာမမခံနိုင်သေးပါ။ဘာကြောင့်လဲဆိုတော့ Website တွေကနေခြေရာခံ ကရိယာများနဲ့ Cookies များကိုအသုံးပြုပြီး Data တွေကို စုဆောင်းကာ ဖော်ထုတ်နိုင်သေးတဲ့အတွက် စိတ်ချရတဲ့ VPN Provider တွေကိုမှန်ကန်စွာရွှေးချယ်နိုင်မှသာ Secure ဖြစ်မှာပါ။သိုမဟုတ်ရင်တော့ ISP ကနေ မိတ်ဆွေတို့ရဲ့ လုပ်ဆောင်ချက်တွေကို အခန့်မသင့်ရင် ဖော်ထုတ်နိုင်ပါတယ်။

💢 ကောင်းပါပြီ ဒါကတော့ VPN အကြောင်းလေးကို Knowledge ရအောင် မိတ်ဆွေတို့အား ပြန်လည်မျှဝေချင်းဖြစ်ပါတယ်။ လိုတာ ပိုတာ ရှိရင်လည်း ဖြည့်တွေးပေးပါလို့ ဆန္ဒပြုပါတယ်။

👍အားလုံးပဲ သာယာသောရက်လေးကို ပိုင်ဆိုင်ကြပါစေ။



𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐈𝐧𝐟𝐨 :

☎️☎️ 𝟎𝟗 𝟒𝟒 𝟏𝟏𝟏 𝟒𝟒 𝟓𝟒 ,
📱📱 𝟎𝟗 𝟕𝟕𝟕 𝟖𝟒 𝟖𝟒 𝟐𝟑

02/07/2022

🧑‍💻မင်္ဂလာပါ

💢 အပြောင်းအလဲမြန်နေတဲ့ ခောတ်ကြီးထဲမှာ နောက်ကျမကျန်ခဲ့ရအောင် နည်းပညာနဲ့ပက်သက်တဲ့သတင်းတွေဖတ်ဖို့လိုပါတယ်။

💢 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 ,𝐌𝐨𝐛𝐢𝐥𝐞 နှင့် အခြားသောနည်းပညာ အကြောင်းတွေသိဖို့ 𝐉𝐮𝐥𝐲 လထုတ် 𝐏𝐂-𝐏𝐫𝐨 𝐌𝐚𝐠𝐚𝐳𝐢𝐧𝐞 𝐏𝐝𝐟 လေးအားမျှဝေပေးလိုက်ပါတယ်။

👍👍အားလုံးပဲသာယာသောရက်လေးကိုပိုင်ဆိုင်ကြပါစေ




𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐈𝐧𝐟𝐨 :
☎️☎️ 09 44 111 44 54
📱📱 09 777 84 84 23

https://u.pcloud.link/publink/showcode=XZdf74VZsIAtiFKL2IXTLA1Gjca0n0L30ehk

Want your business to be the top-listed Computer & Electronics Service in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 1158, GantGorYeikThar Street, Yangon
Thingangyun

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 17:00
Saturday 09:00 - 17:00