Digithoughts Myanmar
Digital marketing ပညာရပ်ကို မိတ်ဆွေများနဲ့ မျှ?
Facebook ရဲ့ Help and support function ကို အကျိုးရှိအောင်ဘလိုသုံးကြမလဲ?
facebook ရဲ့ cold customer တဦးလို့ပြောလို့ရတဲ့ user တယောက်တင်မက hot customer တဦးဖြစ်တဲ့ Advertiser တွေအတွက်ပါ အကျိုးရှိရှိ သုံးတတ်ရင် facebook ပြသနာတွေဖြေရှင်းဖို့ လွယ်ကူမှာပါ။
ဘာသာစကားအခက်အခဲတော့ရှိမှာပေါ့နော်။
ဒါပေမဲ့ အခုခေတ်မှာ ဘာသာစကားအခက်အခဲက တနည်းတဖုံပြေလည်နေပါပြီ။အဓိကက နည်းပညာတတ်ကျွမ်းမှုပါပဲ။
အခက်အခဲကို ကျော်ဖြတ်ဖို့ အသိပညာရယ် ကြိုးစားအားထုတ်မှုရယ် အဓိကကျပါတယ်ဆိုတာေ၀မျှရင်း
အသေးစိတ်ထပ်ရေးပေးပါအုန်းမည်။
28/04/2022
စီးပွားရေးလုပ်ငန်းရှင်မှန်ရင် ဆရာ ၂ ယောက်လိုတယ်
#1 Theory တွေကိုသင်ပေမယ့်ဆရာလိုပါတယ်။ စီးပွားရေးတက္ကသိုလ် စီးပွားရေးသင်တန်းတွေက business concept တွေ သီအိုရီတွေ သင်ပေးပါတယ်။ အဲဒါတွေသိမှ ကိုယ်တိုင် စနစ်တကျ တွက်ချက်တတ် ခန့်မှန်းတတ် ဆုံးဖြတ်တတ်မှာ ဖြစ်ပါတယ်။
သီအိုရီမသိရင် လတ်တလောအဆင်ပြေပြီး ရေရှည်မခံတဲ့ လုပ်ငန်းမျိုးဖြစ်တတ်ပါတယ်။ ဥပမာ အင်ဂျင်နီယာမပါပဲ ပန်းရန်သမားသက်သက်နဲ့ ဆောက်တဲ့အိမ်လိုပါပဲ။ သေးတုန်းတော့ ပြဿနာမရှိပေမယ့် ကြီးလာရင် ကသောင်းကနင်းဖြစ်နိုင်ပါတယ်။
#2 လက်ရှိဈေးကွက်အတွေ့အကြုံများတဲ့ဆရာ။ ကိုယ့်ဝင်မယ့် နယ်ပယ်မှာ experience များတဲ့ ဆရာရှိဖို့လည်း လိုပါသေးတယ်။ သူက တွေ့ကြုံရမယ့် ဈေးကွက်အနေအထားတွေ ဆက်ဆံရမယ့် လူတန်းစား အသိုင်းအဝိုင်းတွေရဲ့ အမူအကျင့် စိတ်နေစိတ်ထားတွေ ရင်ဆိုင်ရမယ့်ပြဿနာနဲ့ ဖြေရှင်းနည်းတွေ သင်ကြားပေးပါလိမ့်မယ်။
ဒါကြောင့် လုပ်ငန်းရှင်တွေသည် သီအိုရီနှင့် အတွေ့အကြုံ ဆိုတဲ့ တောင်ပံနှစ်ဖက်လုံးအားကောင်းမှသာလျွှင် ဝေးဝေးနဲ့ မြင့်မြင့် ပျံသန်းနိုင်မှာဖြစ်ကြောင်း သတိမူသင့်ပါတယ်
ဟန်ထွန်း
26/04/2022
ချီးထုတ်customer တွေကိုမနှမျှောပါနဲ့
သူတို့ချီးထုတ်ကျတာကိုလိုက်ဖြေရှင်းနေရင်းနဲ့ အချိန်ကုန်ခံမဲ့အစား သူတို့ကိုရဲရဲကြီး ကန်ထုတ်လိုက်ပါ။
ကိုယ့် စေတနာနဲ့မတန်တဲ့သူတွေဆီက စေတနာရောင်ပြန် မမျှော်လင့်ပါနဲ့။
အချိန်ကုန်လူပင်ပန်းပြီး Real ကာကာလေးတွေကို အာရုံမစိုက်နိုင်ရင် ကိုယ်ပဲနာမည်ပျက်မှာ။
ချီးထုတ်တွေ စိတ်ဆိုးပြီး ကိုယ့်ကို bad review ပေးလဲ ဂရုမစိုက်ပါနဲ့။
ချီးထုတ်ရေးတဲ့ review ကို real ကာကာလေးတွေဘယ်ယုံပါ့မလဲ ။
အဲ့ချီးထုတ်တွေ ကိုယ့်ရဲ့ပြိုင်ဖက်ဆီရောက်သွား ခဲ့မယ်ဆိုရင်တော့ နောနော် အတိုင်းထက်အလွန်ပါပဲလို့ ။
ဒါ့ကြောင့် ရဲရဲကြီး ကန်ထုတ်လိုက်ပါ။
ချီးထုတ်တွေရဲ့ပြသနာဖြေရှင်းနေမဲ့အစား ကိုယ့်အကြောင်းမသိသေးတဲ့ ကာကာလေးတွေကိုသာ ပိုပိုများလာအောင်လုပ်လိုက်ပါတော့လို့......
21/10/2020
စက်ခလုပ်နှိပ်၍ ဖွင့်လှစ်လိုက်ခြင်း (သို့)
Boost ခလုပ်နှိပ်၍ ကြော်ငြာလိုက်ခြင်း
ဖွင်ပွဲအခမ်းအနားတွေမှာ လူကြီးတွေက စက်ခလုပ်နှိပ်၍ဖွင့်လှစ်လိုက်ပါတယ် ဆိုပြီးခနခနတွေ့ဖူးကြမှာပါ။
ခလုပ်နှိပ်တာအရမ်းလွယ်ပါတယ်။
တကယ်တန်းနောက်ကွယ်မှာတော့ project တစ်ခုလုံးကို အဆင့်ဆင့်အချိန်ယူပြီးလုပ်ဆောင်ခဲ့ကြရတာပါ။
အခြေခံအုတ်မြစ်ချ တဲ့အဆင့်ကနေ စက်ခလုပ်နှိပ်ပြီးဖွင့်လို့ရတဲ့အဆင့်အထိအောင် အဆင့်ပေါင်းများစွာကို သေချာဂရုစိုက်ပြီး လုပ်ခဲ့မှသာ အောင်မြင်စွာဖွင့်လှစ်နိုင်တဲ့ ခလုပ်နှိပ်ခြင်းအဆင့်ကိုရောက်မှာပါ။
ဒီလိုပါပဲ
FB ရဲ့ Ad Tools တွေဟာ
ခလုပ်နှပ်တတ်ရုံနဲ့တော့ လိုရာမရောက်နိုင်ပါဘူး။
Marketing ရဲ့သီအိုရီတွေကို နဲနဲတော့တီးခေါက်မိမှ ပိုထိရောက်မှာပါ။
ဘာကြောင့်လဲဆိုတော့ FB ရဲ့ Structure Design ကိုက Marketing သီအိုရီရဲ့ Tools တွေနဲ့ Digital ခေတ်မှာ လူတွေရဲ့ behaviour ကိုအခြေခံရေးဆွဲတည်ဆောက်ထားတာကြောင့်ပါ။
Advertising(FB terms ဆို Ads)ဟာ marketing ရဲ့ တစိတ်တပိုင်းဖြစ်တာနဲ့အညီ FB ကလဲ Ads Manager ကို သူတို့ရဲ့ Business Manager အောက်မှာထားထားပြီး တခြား Marketing tools ပေါင်းများစွာလဲထည့်ထားပေးပါသေးတယ်။
Business Manager ဆိုတဲ့အတိုင်း function ကလဲစုံပါတယ်။
ဒီလိုများပြားလှတဲ့ functionတွေ ဟာ advance level အတွက်ရည်ရွယ်ထားတာပါ။
ဒါပေမဲ့
ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူနဲ့ လုပ်လို့ရတာတစ်ခုကတော့ အများနားလည်ထားကြတဲ့၊ Boost လုပ်တယ်လို့ပြောကြတဲ့(Boost ခလုပ်)ပါ။
Boost ခလုပ်နှိပ်ရတာ အရမ်းကိုလွယ်ပါတယ်။
ဘယ်လောက်လွယ်သလဲဆိုရင်
Boost ကို FB App ကနေပဲ ဝင်လုပ်လို့ရအောင်ဖန်တီးထားပါတယ်။ဒါကလဲ FB ကိုယ်တိုင်ရဲ့ သူ့serviceကို ကြော်ငြာတဲ့သဘောမျိုးပါ။
Post တစ်ခုရဲ့ performance ကောင်းပြီဆိုတာနဲ့ Boost လုပ်ဖို့အကြံပေးပြီး၊ခလုပ်လေးနှိပ်ချင်လာအောင် ဆွဲဆောင်ထားပါတယ်။
Page Admin တွေကို မိမိ Page မှာကြော်ငြာတစ်ခုလုပ်ချင်လာအောင်၊FB ရဲ့ Ads service ကိုအလွယ်တကူသုံးနိုင်အောင်၊ပိုမိုရှုပ်ထွေးတဲ့ Ads Manager အထိ တကူးတကမသွားရအောင် FB app မှာတင် one stop service ပေးထားတာပါ။(အခုဆိုရင် Boost ကိုနှိပ်တာနဲ့ အဲ့ post ရဲ့ insight တွေ ကိုပါကြည့်နိုင်ပါပြီ)
Boost ခလုပ်နှိပ်တာထက် တကယ်တန်း ခက်တာက ROI များတဲ့ Boost ပါ။ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို အလဟသတ်မဖြစ်စေဖို့၊အကျိုးအမြတ်ဖြစ်ထွန်းစေဖို့ အတွက် Boost ခလုပ်မနှိပ်ခင် သေချာစဉ်းစားဖို့အရေးကြီးပါတယ်။
>ကိုယ် boost မဲ့ post ရဲ့ ပျန့်နှန့်နိုင်မှု potential reach
>ရွေးချယ်ရမဲ့ target audience
>အသုံးပြုမဲ့ boost budget နဲ့ duration
>Marketing ROI
စတဲ့ အချက်တွေကို အခြေခံပြီးစဉ်းစားသင့်ပါတယ်။နိဂုန်းချုပ်အနေနဲ့ FB မှာကြော်ငြာ(Boost)ဖို့ FB ရဲ့နည်းဗျူဟာမျိုးကို အတုယူသင့်ပါတယ် ဆိုတာကို ဝေမျှရင်း
Digithoughts Myanmar
https://www.facebook.com/Digithoughtsmyanmar/
19/10/2020
ိရောက်မှုရောရှိရဲ့လား?
ဒါဆိုရင်တော့ မေးစရာရှိပါတယ်။
လက်ရှိမွေးထားတဲ့ငါးတွေကရော တွေ အလုပ်ဖြစ်ရဲ့လား?
ငါးကန်တည်ဆောက်တဲ့အဆင့်ကနေ ငါးမွေးတဲ့အဆင့် အစာကျွေးတဲ့အဆင့်တွေရော သေချာလုပ်ဆောင်ခဲ့ပြီးပြီလား?
Page likes followers တွေရဲ့ engagement တွေ တက်လာပြီလား?
ROI(Return on investment)တွေရော တက်လာပြီလား?
ဒါတွေကိုဆိုလိုတာပါ။
အရင်ဆောင်းပါးတွေမှာ ငါးကန်တည်ဆောက်ပုံ ငါးမွေးနည်းအဆင့်ဆင့် အကျိုးဖြစ်မဲ့ငါးမွေမြူနည်းစသဖြင့် ဥပမာတွေနဲ့ FB page တခု Audience တည်ဆောက်ပုံကိုမျှဝေခဲ့ပါတယ်။(အောက်မှာ link တွေထည့်ပေးထားပါတယ်။)
ငါးကန်ကောင်းကောင်းရယ် အကျိုးပေးများတဲ့ငါးလေတွေရယ် သူတို့ရဲ့ပျော်ရွှင်မှုတွေရယ်
မဖန်တီးနိုင်သေးရင်တော့ အရင်ဆုံးအဲ့ဒါကိုအာရုံစိုက်လုပ်ပါ။
မူရင်းမကောင်းရင် မိတ္တူမကောင်းနိုင်ပါဘူး။
မူရင်းကိုတောင် သေချာမတည်ဆောက်ရသေးခင် မိတ္တူပွားဖို့ စဉ်းစားနေရင်တော့ တစ်ခုခုမှားနေပါပြီ။
နောက်ပိုင်း Page ရဲ့ audience တွေများလာပြီ engagement တွေကောင်းလာပြီ
Sale conversion တွေတက်လာပြီဆိုရင်တော့
Audience အသစ် အသစ်တွေထပ်ရှာဖို့အချိန်ရောက်ပါပြီ။
ဘာကြောင့် audience အသစ်ရှာဖို့လိုတာလဲ လို့မေးချင်လာရင် အောက်ကမေးခွန်းတွေအရင်ဖြေကြည့်ပါ။
>ကျွန်တော်တို့ ရဲ့ customer တွေဟာ ကျွန်တော်တို့ဆီကပဲ အမြဲဝယ်ပါမယ်လို့ ကတိတို့ စာချုပ်တို့ရှိထားသလား?
>နောက်ပြီး ဉပမာ တစ်လကို သိန်း ၃၀ ရောင်းရတာချင်းအတူတူ
(1)တစ်ယောက်တသိန်းဖိုးနဲ့လူ ၃၀ ကို ရောင်းတာနဲ့
(2)တစ်ယောက် ၁၀သိန်းဖိုးနဲ့ လူ ၃ ယောက်ကို ရောင်းရတာနဲ့ ကွာခြားခြင်းကိုရော တွက်ချက်ပြီးပြီလား?
ရောင်းအားချင်းအတူတူပေမဲ့ ဘယ်ဟာက ကိုယ်အတွက် risk များနေသလဲ?
ဒါတွေကို စဉ်းစားပြီးရင်တော့ customer အသစ်ရှာသင့်မရှာသင့် ကျွန်တော်တို့ ဆုံးဖြတ်လို့ရပါပြီ။
Lookalike ရှာဖို့ အဓိက ၂ချက် လုပ်ရပါမယ်
(၁)အကောင်းဆုံး customer တွေကို segment ခွဲထုတ်ပါ။
(ဉပမာ page ကို like or followလုပ်ထားသူတွေ / page ကို msg ပို့ဖူးသူတွေ / video post တွေကိုကြည့်ဖူးသူတွေ ထဲကမှ ဘယ် segment က အကောင်းဆုံး customer တွေလဲ sale conversion အများဆုံးလဲ ဆိုတာကိုရွေးပြီး Custom Audiences တည်ဆောက်ပါ)
(၂)ရလာတဲ့ လက်ရွေးစင် segment ကိုမှ မိတ္တူကူးပါ။ဒါဆိုရင် Lookalike Audiences ရပါပြီ။
1% to 10 % အတွင်း setting ချိန်ရပါမယ်။
Quality ကောင်းကောင်းလိုချင်ရင်( % ) နဲတာရွေးပါ လူတော့နဲမယ်၊တူညီမှုတော့များမယ်။
(1% ကတော့ အကောင်းဆုံးစတင်ခြင်းပါ)
လူများများလိုချင်ရင်တော့ (% )များများတင် မူရင်းနဲ့တူညီမှုကတော့ နဲမယ်။
ဒီလောက်ဆိုရင် Lookalike audience ဆိုတာ Custom audiences ကိုအခြေခံရတယ်
Custom Audience ဆိုတာလဲ တိကျလေ quality ကောင်းလေ sale conversion များလေဆိုတာရယ်ကို သတိထားမိပြီထင်ပါတယ်။
အနှစ်ချုပ်ကတော့
#မူရင်းမကောင်းသေးရင်ကောင်းအောင်လုပ်ဖို့ရယ်
#မူရင်းကောင်းမှမိတ္တူကောင်းမယ်ဆိုတာရယ်
#မိတ္တူကူးတဲ့Settingကောင်းမှရလဒ်ကောင်းမယ်ဆိုတာရယ် ကို မျှဝေခဲ့ပြီးပါပြီ။
သေချာတာတခုကတော့ customer ကိုထိုင်ပြီးစောင့်နေတာနဲ့ သွားပြီးတွေ့တာ ၂ ခုမှာ အားစိုက်ထုတ်ရတာခြင်းမတူသလို အကျိုးဖြစ်ထွန်းမှုမှာလဲ အများကြီးကွာခြားပါတယ် ဆိုတာ...
Digithoughts Myanmar
Related articles links below:
https://m.facebook.com/story.php?story_fbid=114928303720555&id=107740514439334
https://m.facebook.com/story.php?story_fbid=115357297010989&id=107740514439334
https://m.facebook.com/story.php?story_fbid=115358440344208&id=107740514439334
18/10/2020
Insight(ကိုယ့်ရဲ့ငါးကန်အခြေအနေ သုံးသပ်ခြင်း report)
ငါးလေးတွေဘာလုပ်နေလဲ ကိုယ်ကျွေးတဲ့အစာတွေကြိုက်ရဲ့လား (post reach & engagement Post reaction စသဖြင့်)
ငါးလေးတွေ ဘယ်အချိန်တွေမှာ အစာစားတတ်သလဲ (Audiences active time)
ငါးလေးတွေ တိုးပွားလာနှုန်း (new like & follow)
ငါးလေးတွေသေနှုန်း(unlike &unfollow)
ဘာ့ကြောင့် တိုးလာလဲ (သို့) သေကုန်လဲ
ကိုယ့်ကျွေးတဲ့ အစာ(post)တွေမှာ ရိုးရိုး(organic)နဲ့
အားဆေးထည့်ထားရင် (boost or paid) အားဆေးနဲ့ဆိုင်တဲ့ report တွေ စသဖြင့် စသဖြင့် page insight မှာ အသေးစိတ်ဖော်ပြပေးထားပါတယ်။
FB page တခုကို free ပေးဖွင့်ပြီး Page admin ရာထူးကို free ရထားသလို secretary တစ်ယောက်ပါ free ပေးထားသေးတဲ့သဘော။
လူထက်တောင်တိကျတဲ့ report တွေအစုံအလင်ကို page insight မှာပြပေးထားပါတယ်။
ဒီ Report တွေမှာ ကိုယ့် Pageရဲ့လိုအပ်ချက်တွေ အားသာချက်တွေ စတဲ့စွမ်းဆောင်ရည် အသေးစိတ် report ကို filter တွေနဲ့ပြထားတော့ page admin တယောက် အနေနဲ့လိုအပ်သလို ကြည့်ပြီး ပြင်ဆင်မွမ်းမံနိုင်ပါတယ်။အခြေခံကြည့်ရမှာတွေကတော့
အစာနဲ့ ငါးနဲ့ကိုက်မကိုက်
အစာကျွေးချိန်
အားဆေးလိုမလို
အားဆေးလိုရင် ဘယ်ငါးတွေကို ကျွေးမလဲ
စတာတွေက အခြေခံမကြည့်မဖြစ်ပါ။
နောက်ပြီးတော့ ပြိုင်ဘက် ငါးကန်တွေရဲ့ အခြေအနေကိုလဲ စောင့်ကြည့်ထောက်လှမ်းနိုင်ပါသေးတယ်။
ပြိုင်ဘက် FB page တွေရဲ့
ငါးအရေအတွက်နဲ့ တိုးတက်မှုနှုန်း(like & follow & rate)
အစာအခြေအနေ(post engagement)
တပတ်အတွင်းငါးတွေအကြိုက်ဆုံးအစာ(Top post)
စသဖြင့် အသေးစိတ်ကြည့်နိုင်ပါတယ်။
ဒီလောက်ဆိုရင် Page insight ရဲ့ အသုံးဝင်ပုံကို အကြမ်းအားဖြင့် သိနိုင်ပါပြီ ဆိုတာဝေမျှရင်း
အခါအခွင့်သင့်ရင် အကျယ်ရေးပေးပါအုန်းမယ်
Digithoughts Myanmar
16/10/2020
အတတ်ပညာတခုခုကို တတ်ရဲ့သားနဲ့ အသုံးမချနိုင်ရင် မတတ်သလိုပါပဲ ဆိုတာကြောင့် ဒီ page ကို တည်ထောင်ရခြင်းဖြစ်ပါတယ်။
အရမ်းတတ်နေလို့တော့မဟုတ်ပါဘူး။
လေ့လာနေဆဲပါ။ သိထားတာလေးတွေမေ့မသွားအောင် လက်တွေ့အသုံးချ နေခြင်းပါ။
Learn > Earn > Share ဆိုတဲ့ Circle ရဲ့ တစိတ်တပိုင်းအဖြစ်
Digital marketing ပညာရပ်ကို မိတ်ဆွေများနဲ့ မျှဝေရင်း အတူတူလေ့လာကြရအောင်။
သိချင်တာရှိရင် မျှဝေချင်တာရှိရင် စိတ်ကြိုက်မေးနိုင် မျှဝေနိုင်ပါတယ်ခင်ဗျာ။
Digithoughts Myanmar
15/10/2020
Digital Era (ပြောင်းလဲချင်း နှင့် ဝိရောဓိ)
လူတွေဟာ ပြောင်းလဲလိုခြင်း၊မပြောင်းလဲလိုခြင်း နှစ်ခု ဝိရောဓိဖြစ်နေခြင်းမှာ အကြောက်တရားကိုအခြေခံပါတယ်။
အကြောက်တရားရှိတာဟာ သဘာဝကျပါတယ်။ လူသားဆန်လို့ပါ။လူသားတိုင်း comfort zone ကို နှစ်ကြပါတယ်။နှစ်သက်စရာကောင်းလောက်အောင်လဲ အဆင်ပြေတာကိုး။
မဖြစ်မနေရင်ဆိုင်ရမဲ့ အပြောင်းအလဲမှာ အကောင်းပဲဖြစ်ဖြစ်၊အဆိုးပဲဖြစ်ဖြစ် သက်ရောက်မှုတွေဟာ လူတိုင်းအပေါ်မတူညီပါဘူး။
အပြောင်းအလဲကို ကြိုမြင်၊ကြိုပြင်ဆင်ထားသူတွေအတွက် ပြင်ဆင်မှုအတိုင်းအတာပေါ်မူတည်ပြီး သက်ရောက်မှုကိုခံစားရပါမယ်။
ကြိုမမြင်ထားသူ နဲ့ ကြိုမြင်သော်လဲမပြင်ဆင်ထားသူ တို့ကတော့ သက်ရောက်မှုကိုလက်ဗလာနဲ့ ခံစားရပါမယ်။
"သိရက်နဲ့မလုပ်ရင်မသိသလိုပါပဲ" လို့ဆိုတာကြောင့် သူတို့၂ဉီးလုံးဟာ အတူတူပဲ ခံစားရမှာပါ။
ကိုယ်တိုင်ဖန်တီးယူရမဲ့ ပြောင်းလဲခြင်းမျိုးကိုတော့ စွန့်ဉီးတီထွင်သူတွေကသာ လုပ်လေ့ရှိပါတယ်။သူတို့အောင်မြင်ပြီဆိုရင် နောက်ကလိုက်လုပ်တဲ့သူတွေပေါ်လာစမြဲပါ။
နောက်လိုက်တွေဟာ အပြောင်းအလဲကို သတိထားမိပြီးကြိုတင်ပြင်ဆင်ပါတယ်။ပြင်ဆင်မှုအားကောင်းလို့ စွန့်ဉီးသမားကိုတောင်ကျော်တက်သွားသူတွေ သမိုင်းမှာရှိခဲ့ပါတယ်။
ပြောင်းလဲခြင်းနောက်ကို မလိုက်သူတွေကတော့ ထုံးစံအတိုင်းရှိရင်းစွဲထက် အပြောင်းအလဲရဲ့အကျိုး ဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် မခံစားရဘူးပေါ့။
Comfort zone ထဲမှာပဲကျန်နေခဲ့မှာပါ။
ယနေ့ digital ခေတ်ကြီးထဲမှာ ပြောင်းလဲလာခြင်းက အကျိိုးများမလား အဆိုးများမလား ဆိုတာမခန့်မှန်းနိုင်သေးခင်
ကျွန်တော်တို့တတွေ ဘယ်အုပ်စုထဲမှာပါနေပြီလဲ?
ကျွန်တော်တို့ဘယ်လို ပါဝင်ခဲ့ကြတာလဲ?
ဘာကြောင့်ပါဝင်ခဲ့တာလဲ
သေချာတာတော့ Digital era မှာကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှုတွေသိသိသာသာ ပြောင်းလဲသွားပြီ။
တန်ဖိုးရှိလှတဲ့ ကျွန်တော်တို့အချိန်တွေကို ဘယ်သူကဝယ်နေမှန်းမသိပဲ၊ ဘယ်လိုအရောင်းခံနေရမှန်းမသိပဲကို ရောင်းခံနေကြရပါပြီ။Digital products တွေကို ကျွန်တော်တို့ရဲ့ အချိန်တွေနဲ့ ပျော်ပျော်ကြီး အလဲအထပ် လုပ်နေကြရပါပြီ။
ဒီလိုမျိုး ကျွန်တော်တို့ရဲ့ငွေနဲ့အချိန်ကိုပေးပြီးဝယ်ထားရတဲ့ digital products တွေကို ကိုယ့်အတွက်အကျိုးရှိအောင်ဘယ်လိုအသုံးချကြမလဲ။
တနည်းအားဖြင့်
အရင်းလဲမဆုံးရှုံးအောင်၊အမြတ်လဲထွက်အောင်လုပ်ဖို့အတွက်
Digital era ရဲ့အပြောင်းအလဲကို ကျွန်တော်တို့တွေ ဘယ်လိုလက်ခံပြီး ဘယ်လိုပြင်ဆင်ထားသလဲပေါ်မှာမူတည်ပါတယ် ဆိုတာဝေမျှရင်း
Digithoughts Myanmar
15/10/2020
အခုတလောကြိုက်မိနေတဲ့ စာသားလေး ဝေမျှချင်ပါတယ်
ဘာစီးပွားရေးပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အကျိုးအမြတ်ကို customer ဆီကပဲရမှာဆိုတော့
"ရွေးချယ်စရာအများကြီးထဲကမှ ဘာဖြစ်လို့ သင့်ဆီက စျေးဝယ်ရမှာလဲ ဆိုတဲ့မေးခွန်းကို Customer တွေကိုယ်စား
သင်ကိုယ်တိုင်ဖြေ ကြည့်ပါ" တဲ့
ဉာဏ်မှီသလောက်ပြောရရင်တော့
Customer တွေရင်ထဲ ဝင်ကြည့်ပြီး
သူတို့ဘာလိုအပ်လဲ(What? )
ဘာကြောင့်လိုအပ်တာလဲ(Why? )
လိုအပ်ချက်တွေ ဘယ်လို ဖြည့်ရမလဲ(How? )
အရိုးဆုံးတွေးကြည့်တာပါ
What?
Why?
How?
လို့ပဲ အဖြေထွက်တယ်
သယ်ရင်းတို့ရော ဘယ်လိုမြင်လဲ ဝေမျှခဲ့ပါအုန်း
Digithoughts Myanmar
14/10/2020
Lookalike Audiences(အနာဂတ်ပရိတ်သတ် နဲ့
အနာဂတ် ငါးလေးတွေမွေးမယ်)
အကောင်းဆုံးငါးကန်(Core Audiences)လဲတည်ဆောက်ပြီးပြီ၊
စိတ်ကြိုက်ငါးလေးတွေ(Custom Audiences)လဲရွေးမွေးပြီးပြီ၊
ငါးမွေးခြင်းအနုပညာနဲ့လဲ ငါးလေးတွေကိုသေချာဂရုတစိုက် မွေးပြီးပြီ။
အဲ့ဒီတော့ အကျိုးဆက်အနေနဲ့
အရမ်းအရမ်းကို လှတဲ့ငါးလေးတွေ(loyal customers)လဲ များသထက်များလာပါလိမ့်မယ်။
ငါးကန်လေးထဲမှာ သူတို့လေးတွေပွားများလာဖို့အတွက် Facebook™ကြီးက
ငါးလေးတွေအချင်းချင်းကို သတင်းစကားပါးပေးခြင်း(suggestion ပေးရင်း)နဲ့ organic နည်းနဲ့ လုပ်ပေးပေမယ့် free ဆိုတော့သိတဲ့အတိုင်းပဲ တိုးတက်နှုန်းကတော့လိပ်လိုပါပဲ။
ငါးလေးတွေ သူအလိုလိုထပ်ရောက်လာတာကို စောင့်မနေပဲ
ကိုယ့်ရဲ့ ငါးဖမ်းခြင်းအတတ်ပညာ၊ငါးမွေးခြင်းအနုပညာ(targeting right audiences)နဲ့ ငါးလေးတွေပိုမိုတိုးပွားလာအောင် ထပ်မွေးရပါမယ်။
ဒီနည်းကတော့ Lookalike Audiences ချိန်နည်းပါ
ဒီနည်းမှာလဲ
ငါးစာကောင်း မကောင်း(Content & media)
စျေး အနည်း အများ(Ads budget)
ငါးဖမ်းကျွမ်းကျင်မှု(Marketing strategy &plan)
စတာတွေအပေါ်မူတည်ပြီး သက်ရောက်မှုကတော့ကွာခြားနိုင်ပါတယ်။
အစကောင်းမှ အနှောင်းသေချာ ဆိုသလို
ငါးကန်တည်ဆောက်တဲ့အဆင့်(Targeting Core Audiences) နဲ့
စိတ်ကြိုက်ငါးဖမ်းပြီးမွေးတဲ့အဆင့်(Targeting Custom Audiences)
ဒီအဆင့်တွေမှာ တိကျသေချာစွာ လုပ်ဆောင်ခဲ့မှုတွေက အနာဂတ်ငါးမွေမြူခြင်း(Targeting lookalike Audiences)အတွက် အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။
နောက်ဆုံးတော့ သံသရာစက်ဝိုင်းတစ်ခုလိုဖြစ်နေတဲ့ ဆက်စပ်လုပ်ဆောင်ချက်တွေကြောင့်
အဖိုးတန်ငါးလေးတွေ(High rate of Marketing ROI)များလာပါပြီ။
ဒီ့ထက်ပိုပြီးများသထက်များလာစေ
ချင်ရင်တော့ Core Custom Lookalike ဆိုတဲ့ စက်ဝိုင်းအတိုင်းဆက်လက်လုပ်ဆောင်ရမှာပါ။
နိဂုံးချုပ် အနေနဲ့
ငါးကန်ထပ်ချဲ့ခြင်း(Targeting Core Audiences)
စိတ်ကြိုက်ထပ်ရှာခြင်း(Targeting Custom Audiences)
အနာဂတ်တည်ဆောက်ခြင်း(Targeting lookalike Audiences) စတဲ့လုပ်ငန်းစဉ်များကို
မိမိရဲ့ငါးမွေးမြူခြင်းအတတ်ပညာ(Marketing Strategies and tatic) များကို အစီအစဉ်တကျ အသုံးပြုပြီး အောင်မြင်မှုများရယူပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ် ။
Digithoughts Myanmar
14/10/2020
Custom Audiences(စိတ်ကြိုက်ပရိတ်သတ် နဲ့
စိတ်ကြိုက် ငါးလေးတွေမွေးမယ်)
ငါးကန်ကောင်းကောင်းတစ်ခု(Core Audiences)တည်ဆောက်ပြီးတဲ့အခါမှာတော့ ကိုယ်မွေးခဲ့တဲ့ ငါးလေးတွေက ကိုယ်ကိုအကျိုးပြုမဲ့ငါးလေးတွေဖြစ်ဖို့အရေးကြီးပါတယ်။
စိတ်ကြိုက်(Custom-made )ဆိုတော့ ကိုယ့်စိတ်ကြိုက်ရွေးချင်ရာရွေး မွေးချင်ရာမွေးခြင်းမဟုတ်ပါဘူး။
Core Audiences လိုပဲကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ကိုက်ညီအောင် ချိန်ဆရွေးရပါမယ်။
Custom မှာတော့ source က ၂မျိုးရှိပါတယ်။
1.ကိုယ့်ရဲ့ကိုယ်ပိုင် source
ဉပမာ website သို့ App သို့ ကိုယ့်လုပ်ငန်းရဲ့ customer info listတွေကိုဆိုလိုတာပါ။
2.Facebook™ ကရတဲ့ Source
ဉပမာ ကိုယ့်pageကို likeထားသူတွေ videoတခုခုကြည့်ထားသူတွေ event join လုပ်ထားသူတွေ စသဖြင့်(အများကြီးကျန်ပါသေးတယ်)
ဒီ source ၂ခုကို အခြေခံပြီး custom audiences တည်ဆောက်တဲ့အခါမှာတော့ ကိုယ့် page ကိုစိတ်ဝင်တစား နဲ့
Like လုပ်ထားသူတွေ
Page ရဲ့ Video တစ်ခုခုကြည့်ထားသူတွေ
Page ရဲ့ Call to action တခုခု နှိပ်ထားသူတွေကို ခြေရာခံပြီးဖမ်းလို့ရပါပြီ။
မိ မမိကတော့
အောက်ကအချက်တွေပေါ်မူတည်ပါတယ်
ငါးစာကောင်း မကောင်း(Content & media)
စျေး အနည်း အများ(Ads budget)
ငါးဖမ်းကျွမ်းကျင်မှု(Marketing strategy &plan)
ငါးလေးတွေ(Custom audiences)မိပြီဆိုရင်တော့ သူတို့လေးတွေဟာ (Core Audiences)ဆိုတဲ့ငါးကန်ထဲရောက်သွားပါပြီ။
သိပ်ကိုခန့်ငြားတဲ့ငါးကန်နဲ့ လှပတဲ့ငါးလေးတွေကူးခပ်နေတာကိုကြည့်ပြီး ပီတိဖြစ်နေရုံနဲ့မရပါဘူး လုပ်စရာတွေကျန်ပါသေးတယ်။
Core နဲ့ Custom ကနေရရှိလာတဲ့ Page ရဲ့Audiences တွေကို ငါလေးတွေမွေးသလို သေချာဂရုတစိုက်မွေးရမှာပါ။
အစာပုံမှန်ကျွေးရမယ်(regular post)
အစာကျွေးချိန်နဲ့ သူတို့ဗိုက်ဆာချိန်ကိုက်ရမယ်၊ဒါမှ အစာတွေ အလဟသတ်မဖြစ်မှာ(perfect time of posting)
လိုအပ်ရင် vitamins ကျွေးရမယ်(run Ads)
ငါးလေးတွေ ထဲကမှကိုယ့်လုပ်ငန်းအတွက် conversion (sale) ဖြစ်စေမဲ့ငါးလေးတွေကို သေချာသိဖို့လိုပါတယ်။
သူတို့ကို ဂရုစိုက်မှ သူတို့ဆီက attention ပြန်ရမယ် interest ပြန်ရမယ် engagement ပြန်ရမယ်
ဒါမှလဲ ကိုယ်လိုချင်တဲ့ conversion လုပ်ဖို့ လွယ်ကူနိုင်မှာပါ။
ဒါဟာ Custom Audiences တည်ဆောက်ရခြင်းရဲ့အဓိကသော့ချက်လဲဖြစ်ပါတယ်ဆိုတာဝေမျှရင်း
Custom ကိုအခြေခံပြီး Lookalike(အနာဂတ်ပရိတ်သတ်)တည်ဆောက်ခြင်းကိုလဲ ထပ်ပြီးဝေမျှပါအုန်းမယ်။
Digithoughts Myanmar
13/10/2020
Core Audiences(အဓိကပရိတ်သတ် နဲ့ ငါးကန်လေးတစ်ခု ဆောက်ကြမယ်)
ငါးမွေးဖို့အတွက်ကိုယ်မွေးမဲ့ငါးနဲ့ ကိုက်ညီမဲ့ ငါးကန် တစ်ခုလိုအပ်တာကြောင့်ငါးကန်တစ်ခုတည်ဆောက်ရသလိုမျိုး Fb page တစ်ခုတည်ဆောက်ရာမှာ Core Audienceဟာအရေးကြီးပါတယ်။ငါးတွေများလာရင် ကန်မကြပ်အောင် ထပ်ချဲ့ပေးဖို့လဲလိုပါသေးတယ်
အရင်ဆုံး ဘာကိုဆိုလိုတာလဲ ကြည့်ရအောင်
Page တစ်ခုဖွင့်ပြီးတာနဲ့ ကိုယ်လိုချင်တဲ့ ပရိတ်သတ်(like and follower)ကိုရှာရပါတယ်။
အရိုးရှင်းဆုံးနည်းလမ်းကတော့ (invite friends to like)ပါ။
Friends များရင် များသလို like လဲ များများရမှာပါ။
ကိုယ့်ရဲ့ အမာခံပရိတ်သတ်က ကိုယ့် friendsတွေဆိုတော့ ရှယ်ပေါ့လို့တော့မထင်လိုက်ပါနဲ့
အခြေအနေပေါ်မူတည်ပါတယ်။
like/follower များများရဖို့ထက် တန်ဖိုးရှိတဲ့ like/follower တွေများဖို့က ပိုအရေးကြီးပါတယ်။ကိုယ့်ရဲ့ business goals ကိုပြည့်မှီနိုင်မဲ့ တနည်းအားဖြင့် ကိုယ်ရောင်းတာဝယ်မယ့်သူတွေများများကိုယ့် page ကို likeလုပ် ထားအောင်ကြိုးစားရပါမယ်။
Page ထောင်ရတဲ့ရည်ရွယ်ချက်ကဘာလဲ
business အတွက်လား?
influencer ဖြစ်ချင်တာလား?
ဒါမှမဟုတ် အပျော်တမ်းလား?
ကိုယ့်ရဲ့ goal ပေါ်မူတည်ပြီး core audienceကို တည်ဆောက်ရမှာပါ။
အဲ့လိုတည်ဆောက်ဖို့အတွက်
Organic နည်း သဘာဝအတိုင်း (ရိုးရိုး)နည်းနဲ့
Paid နည်း တနည်းအားဖြင့် sponsor ပေးပြီး (ရှယ်)နည်း ဆိုပြီး နည်းလမ်း၂သွယ်ရှိပါတယ်။
(Organic ရဲ့သဘောတရားကတော့ ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့ပေါ်မူတည်ပြီး အသီးအပွင့်ရမယ်ပေါ့။
Paid ကတော့ မြေသြဇာသုံးမှ အသီးအပွင့်တွေပိုပြီးတော့ကြီးထွားမဲ့သဘောပါ။
ရိုးရိုးနည်းဆိုပြီးလျှော့တွက်လို့မရသလို
ရှယ်နည်းကိုလဲ ပိုတွက်လို့မရပါဘူး။
၂ ခုလုံးကို ကျွမ်းကျင်စွာ လုပ်တတ်မှ လိုရာခရီးရောက်မှာပါ။
ဆိုလိုချင်တာက
ဉပမာ
like and follower များသော်လဲ ကိုယ်ရဲ့ အဓိကပရိတ်သတ်က ကိုယ့်ရဲ့ post တွေကို မတုန့်ပြန်တာမျိုး(low engagement) သို့မဟုတ် စျေးမရောင်းရတာ(low conversion)ဖြစ်နေတာ။
like and follower မများပေမယ့် (High engagement) နဲ့ (high conversion) ဖြစ်နေတာမျိုးလဲရှိပါတယ်။
အဓိကအကြောင်းအရင်းကတော့ အရေးကြီးဆုံးဖြစ်တဲ့ Core Audience ကို တည်ဆောက်ခဲ့ပုံခြင်း ကွာခြားသွားလို့ပါ။
Organic reach and engagement ကောင်းဖို့ရာအတွက် content idea အလန်းကြီးတွေ နဲ့ right audience ကိုရှာပြီး ချိန်ပြစ်ဖို့လိုသလို
Paid reach and engagement ကောင်းဖို့အတွက် ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ audience ကို ရှာပြီး
အတိကျဆုံးချိန်ပြစ်နိုင်မယ်ဆိုရင်
နော်နော(အတိုင်းထက်အလွန်) ဖြစ်သွားပါပြီ ဆိုတာကို ဝေမျှရင်း
Core ကို အခြေခံပြီး Custom နဲ့ Lookalike audiences တွေအကြောင်းကိုလဲ ဆက်လက်ဝေမျှပါအုန်းမယ်ဆိုတာ သတင်းကောင်းပါးလိုက်ပါတယ်။
Digithoughts Myanmar
Click here to claim your Sponsored Listing.
Category
Website
Address
Yangon