HTS Engineering Center
ဇွဲဖြင့် ချီတက် ရှေ့ကိုဆက်...။
21/02/2026
ညီမလေး တစ်ယောက်နဲ့ စကားပြောကြည့်ရင်း စာကူကြည့်ပေးဖို့ ဒီအတန်းလေး ဖွင့်ပါမယ်ရှင်. . .
Assisting Tuition for RSE (Construction) & RSE (Structure) အတန်းလေးပါ။
MEC မှ ရည်ညွှန်းလေ့လာရန် ထုတ်ပေးတဲ့ မေးခွန်းဟောင်း (၄) စုံကို ကူကြည့်ပေးမှာပါ။
သင်ကြားမည့်ပုံစံ _ Online (Telegram Group)
စတင်မည့်နေ့ _ 27.2.2026
သင်တန်းကြေး _ 120,000 ကျပ်
တက်ရောက်လိုပါက
အမည်
ဖုန်းနံပါတ်နှင့်
ငွေလွှဲပြေစာ ပေးပို့ပြီး သင်တန်းအပ်နှံနိုင်ပါတယ်။
မှတ်ချက်။ ။ စာနှင့်အဆက်ပြတ်နေတဲ့သူတွေကို စာဝိုင်းကူကြည့်ပေးတဲ့ပုံစံသာဖြစ်ပါတယ်ရှင်။
ဆက်သွယ်ရန် _ 09778661066
21/02/2026
RSE Part II Exam
FYI
22/01/2026
မင်္ဂလာပါရှင် 🙏🙏
✅️ 👉Head To Success HTS မှ Bar Bending Schedule သင်တန်းများ၊ RC Structure Estimate သင်တန်းများ၊ Steel Structure Estimate သင်တန်းများ နှင့် Road Work Estimate သင်တန်းများကို Zoom Class များ Video Class များဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။
👉ယခင်က သင်တန်းများကို Project အပိုင်းတစ်ခုချင်းစီအလိုက် ခွဲပြီး သင်ကြားခဲ့ပေမယ့် ယခု သက်ဆိုင်ရာ သင်တန်းအမျိုးအစားအလိုက် တစ်ဆက်တည်း လေ့လာနိုင်ဖို့ ပေါင်းစုပေးထားပါတယ်။
👉ပေါင်းစုပေးထားတဲ့ သင်တန်းအမျိုးအစားများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1️⃣ Bar Bending Schedule Course
(Member based + Project Based)
https://www.facebook.com/share/p/1CnrzrynVE/
2️⃣ RC Structure Estimate Course
(2 Storey with Hip & Valley Roof & 3 Storey with Flat Roof + Roofing Work Estimate)
https://m.facebook.com/story.php?story_fbid=1415268407274718&id=100063747176717&mibextid=Nif5oz
3️⃣ Road Infrastructure Work Estimate Course
(Road Work Estimate + Culvert Work Estimate + Road Side Drain Estimate)
https://m.facebook.com/story.php?story_fbid=1415258760609016&id=100063747176717&mibextid=Nif5oz
4️⃣ Steel Structure Estimate Course
(one Storey Open Shed + 3 Storey Building)
https://www.facebook.com/share/p/1A7UB5g3fF/
👉မိမိလေ့လာလိုသော Course တစ်ခုကို အခေါက်ခေါက်အခါခါ သင်တန်းအပ်ပြီး တက်ရမည့် အခြေအနေကို ပြင်ဆင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
☘☘☘
👩🏫👩🏫သင်ကြားမည့် ပုံစံ _ Recording Videos များကို Google drive link မှတဆင့် ပေးပို့ပေးပါသည်။
☘☘☘
သင်တန်းတက်ရောက်ရန်အတွက်
1️⃣ အမည်
2️⃣ Email လိပ်စာနှင့်
3️⃣ ငွေလွှဲပြေစာ တို့ကို Page Messenger (သို့မဟုတ်) 09778661066 (Viber) သို့ ပေးပို့၍ သင်တန်းအပ်နှံနိုင်ပါတယ်။
☘☘☘
👇 ငွေသွင်းနိုင်သော Account များ 👇
➡️➡️ Wavepay _ 09 778 661 066 (Soe Soe Mon)
➡️➡️ KBZ Pay _ 09 778 661 066 ( Soe Soe Mon)
➡️➡️ AYA Account _ 200 091 641 32 (Soe Soe Mon)
➡️➡️ KBZ Account _ 329 511 044 003 913 01 (Daw Soe Soe Mon)
☘☘☘
အခြား အသေးစိတ် စုံစမ်းသိရှိလိုသည်များရှိပါက
☎ 09 985 713 436 (Ph)
☎ 09 778 661 066 ( Ph/VIber))
22/11/2025
ကိုယ့်ရဲ့အတိတ်ကဇွဲကို တဖန်ပြန်ယူခြင်း 😍
▶️ ဘဝကို အရှုံးပေးလိုက်မလား ❓
အနှစ်သက်ဆုံး ဂဏန်း _ ၆
အကြောက်ဆုံး နေ့စွဲ _ ၁၇
ဟုတ်ပါတယ် ကျွန်မအကြောက်ဆုံး ရက်စွဲကတော့ 17 ရက်နေ့ပါ။ လစဉ်လတိုင်းရဲ့ 17 ရက်နေ့တွေဆို တတ်နိုင်သမျှ သွားတာလာတာ အရေးကြီးကိစ္စလုပ်တာတွေကို ရှောင်ဖြစ်တဲ့အထိကို ကြောက်မိနေတဲ့ ရက်စွဲပါ...။
ဘဝမှာ ကြုံခဲ့ရတဲ့ အဆိုးဆုံး အဖြစ်အပျက်တွေတိုင်းက အဲ့ဒီ ရက်စွဲမှာပဲ ဖြစ်ခဲ့တာများနေလို့ပါ....။
အဲ့ဒီ အတွေ့အကြုံခပ်ဆိုးဆိုးတွေထဲကနေ တစ်ခုကို ဆွဲထုတ်ဖော်ပြချင်ပါတယ်...။
ရက်စွဲက 17.3.2008 ရက်နေ့။ အချိန်ကတော့ မွန်းမတည့်ခင်အချိန်လေးဆိုပါတော့။
အဲ့ဒီအချိန်တုန်းက ကျွန်မဟာ ME ဘွဲ့အတွက် စာတမ်းဆောင်ရွက်နေတဲ့အချိန်ပါ။ ကျွန်မ အတွက် လမ်းပြကောင်းကောင်းမရှိတာမို့ စာတမ်းကို အကျိုးရှိရှိ အသုံးဝင်အောင် လုပ်ရမယ့် လုပ်ငန်းစဉ်မရှိခဲ့ပါဘူး။ စာတမ်းအတွက် Seminar ဖတ်ခါနီးအချိန်ဆို စိတ်ဖိစီးမှုအရမ်းများခဲ့တယ်..။
အဲ့ဒီနေ့ကလည်း စာတမ်းအတွက် 2nd Seminar ဖတ်ဖို့ ပြင်ဆင်နေတဲ့အချိန်။ ကျွန်မ Volunteer Engineer အနေနဲ့ အလုပ်လုပ်နေတဲ့ ရုံးက အထက်လူကြီးက အသက်ခပ်ကြီးကြီးမို့ ကွန်ပျူတာနဲ့ ပက်သက်ရင် Virus အကြောင်းကို ဆွေးနွေးရတာ အတော်နှစ်သက်သူပါ။ ကိုယ်ပိုင် ကွန်ပျူတာမရှိတာမို့ ရုံးက ကွန်ပျူတာကို သုံးပြီး ပြင်ဆင်နေချိန်မှာ အဲ့ဒီ အထက်လူကြီးက ကိုယ့်အနောက်ကခုံမှာ ထိုင်ပြီး Virus အကြောင်းကို စတင်ဆွေးနွေးပါတော့တယ်..။ နားထောင်ရင်လည်း ကိုယ့်အလုပ်က အာရုံစိုက်မရ။ နားမထောင်ရင်လည်း ကိုယ်က ရိုင်းသလိုဖြစ်မှာစိုးနဲ့ အတော်ကလေး အဆင်မပြေဖြစ်ခဲ့ပါတယ်...။ သည်းခံပြီး ဆရာရှိတဲ့ဖက် ဟုတ်ကဲ့ ဟုတ်ကဲ့ အလိုက်အထိုက်လုပ်နေရင်းကနေ စိတ်ဖိစီးမှု တအားများလာပါတယ်... အဲ့ဒါနဲ့ လုပ်လက်စတွေ ဒီအတိုင်းထားခဲ့ပြီး ဆရာ တဖက်လှည့်နေတုန်း ရုံးခန်းထဲကနေ အမြန်လစ်ထွက်လာခဲ့လိုက်တယ်..။
စိတ်ကရှုပ်လည်းရှုပ် ညစ်လည်းညစ် ဒေါသလည်းထွက်နဲ့ ရုံးခန်းရှေ့မှာ ရပ်ထားတဲ့ ကိုယ့်ဆိုင်ကယ်ကိုယူပြီး ကုသိုလ်တော်ဘုရားဖက် စိတ်ပြေလက်ပျောက် ပုတီးသွားစိတ်မယ်ဆိုပြီး ထွက်လာခဲ့လိုက်တယ်...။ အဲ့ဒီအချိန်မှာ စိတ်က အမှောင်ကျနေသလို ဖြစ်နေတာမို့ ဆိုင်ကယ်စီးထွက်လာပြီး (၅) မိနစ်တောင် မကြာလိုက်ပါဘူး။ ဒုံးခနဲ တိုက်ပြီကွာဆိုတာလေးပဲ ကြားလိုက်ပြီး လောကကြီးနဲ့ မိနစ်အနည်းငယ် အဆက်ပြတ်သွားပါတယ်...။ (လမ်းသွယ်က ဆိုင်ကယ်က ကျွန်မကို ဖြတ်တိုက်လိုက်တာပါ..။
အဲ့လိုနဲ့ ဘေးနားမှာ ဆိုင်သူမရှိဘာမရှိနဲ့ အနီးအနားက လူတွေကပဲ ဆေးခန်းပို့ ပေးကြပါတယ်။ ဆေးခန်းမှာ ဝင်ပြတော့ ကျွန်မ သတိအနည်းငယ်လည်လာပါပြီ။ လိုက်ပို့တဲ့ အမကြီးတွေက လမ်းလျှောက်ဖို့ ထူပေးပေမယ့် ကျွန်မခြေထောက်လုံးဝထောက်မရလို့ ပွေ့ချီပြီး ဆေးခန်းကုတင်ပေါ်ရောက်သွားတယ်..။ ဆရာဝန်က ခြေထောက်ကို ကိုင်တာနဲ့ နာတယ် အော်မိတယ်။ ဆရာဝန်က ကျိုးသွားပြီတဲ့ ဆေးရုံကိုပဲ သွားပါလို့ ညွှန်းလိုက်တယ်..။ ဆရာဝန်အကြည့်ကို ကျွန်မသိလိုက်ပါတယ်..။ သနားသလိုလို ဂရုဏာသက်သလိုလို အဖြစ်ဆိုးလိုက်တာလို့ ပြောနေသလိုလို။
အဲ့လိုနဲ့ မန္တလေးဆေးရုံကြီးကိုရောက်သွားပါတယ်..။ ကျွန်မရဲ့ ဘယ်ဖက် တခြမ်းလုံးက စုတ်ပြတ်သတ်သွားတာပါ။ ဘယ်ဖက် မျက်နာ တခြမ်းလုံးမှာ ပွန်းပဲ့ ဖူးယောင်ဒဏ်ရာတွေအပြည့်ပါ။ လက်ဖမိုး လည်း ပွန်းသွားတယ်။ ဘယ်ဖက်ခြေထောက်ကျိုးတာ သေချာသွားတယ်...။
အိမ်က အစ်မတွေ ရောက်လာတော့ မျက်နာတခြမ်းလုံး ယောင်ကိုင်းပြီး ဘယ်က်တစ်ခြမ်းလုံးက လူရုပ်ကို မပေါ်တော့တာမို့ မကြည့်ရက်ပဲ ငိုကြတော့ ကိုယ်လည်း ခဏ လိုက်ငိုမိလိုက်တယ်..။
ဆေးခန်းကနေ ဆေးရုံကို လာတဲ့ လမ်းတစ်လျှောက်မှာ ငါ့ခြေထောက်ကျိုးသွားပြီ။ ပြင်လို့မရတော့ဘူး။ ဝမ်းနည်းခြင်း အားငယ်ခြင်း စိတ်ဓာတ်ကျခြင်းထက် ငါ ဒီခြေထောက်ကို သုံးလို့ရအောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်ကို တောက်လျောက်သွင်းလာခဲ့တာမို့ ဆရာဝန်တွေ ညွှန်ကြားချက်ကို လိုက်နာမယ်ဆိုတဲ့ စိတ်ပဲ ထားထားပါတယ်။ နာလွန်းလို့ငိုမိတာကလွဲလို့ စိတ်ဓာတ်ကျပြီး လုံးဝမငိုခဲ့ပါဘူး။
အစ်မတွေငိုလို့ လိုက်ငိုမိတာကတော့ သူတို့တွေ ကိုယ့်ကြောင့် ဝမ်းနည်းစေခဲ့လို့ စိတ်မကောင်းဖြစ်ပြီး ငိုမိခြင်းပါ။ အမေက အဲ့ဒီအချိန်က ကျန်းမာရေး တအားမကောင်းတာမို့ ကျွန်မဖြစ်တာကို ဆေးရုံမဆင်းခင်အထိမပြောခဲ့ကြပါဘူး။ တိုးတိုးတိတ်တိတ်ပဲ ကြိတ်ပြီး လူနာစောင့်ကို တစ်ယောက်ချင်း အဆင်ပြေသလို လာစောင့်ပေးခဲ့ကြရတယ်..။
အဲ့လိုနဲ့ မျက်နာက အနာတွေကတော့ အစ်မကြီးရဲ့ ဂရုတစိုက် စောင့်ရှောက်ပေးမှု့ကြောင့် (၃) ရက်အတွင်း အတော်ကြီး သက်သာလာတယ်..။ ညတိုင်းကတော့ မျက်နာကအနာတွေကလည်းနာ လက်ဖမိုးကလည်း ကိုက် ခြေထောက်က အနာကတော့ ပြောဖွယ်ရာမရှိ။ အဲ့ဒီအချိန်တုန်းက ငရဲဆိုတာကို သဘောပေါက်လိုက်တာက သေပြီးမှ ငရဲကျပြီး ဝဋ်ကြွေးဆပ်ရတာမျိုးမဟုတ်ပဲ မသေခင်လည်း ဆပ်ရတဲ့ အကုသိုလ်ကံအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်..။
အိမ်ကလူတွေကတော့ အားပေးတာ ကောင်းကောင်းမတတ်ဘူး။ အစ်ကို့ရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ အတော်လေး အားပေးကောင်းတယ်။ အဲ့ဒီ အစ်ကိုကြီးရဲ့ စကားက အားဖြစ်စေခဲ့တယ်ဆိုလည်း မမှားပါဘူး။
"အားမငယ်နဲ့ ငါ့ညီမ ဘောလုံးသမားတွေဆို ကျိုးလို့ ခွဲစိတ်ပြီးလည်း ဘောလုံးပြန်ကန်နိင်တယ်တဲ့။ တချို့ဆို steel အရိုးက ပိုကောင်းတယ်ဆိုပြီး သေချာတောင် ချိုးကြတာရှိတယ် ဆိုပဲ။ "
အဲ့ဒီလိုနဲ့ ကျွန်မ အရိုးအစားထိုးအနေနဲ့ Steel ရိုးထည့်ခဲ့ရတယ်။ ထုံဆေးနဲ့ ခွဲတာမို့ ခွဲစိတ်ခန်းထဲက ဆရာဝန်တွေ ပြောနေတဲ့ စကားတွေကို အတိုင်းသားကြားခဲ့ရတယ်..။ ဘေးက သူနာပြုဆရာမလေးက ကျွန်မ သတိလစ်သွားမှာစိုးလို့ အဆင်ပြေလား အသက်ရှုလို့ရလား ခဏ ခဏ လာမေးတယ်။ သတိလစ်တာ အသက်ရှုမဝတာ ဘာမှ မဖြစ်ခဲ့ပေမယ့် ကျွန်မ သွေးသွင်းတာတော့ လုပ်ခဲ့ရတယ်။ (အဲ့ဒီတုန်းက သွေးအလှူရှင်ကို ကျေးဇူးအထူးတင်ပါတယ်။ ဆေးရုံက သွေးဆိုတော့ ဘယ်သူလှူထားမှန်း ကိုယ်မသိဘူးလေ)။
ဆေးထိုးအပ်မြင်ရင် ကြောက်တဲ့ ကျွန်မ။ တီဗွီထဲမှာ ဆေးထိုးတာမြင်ရင် ရင်တွေတုန်ပြီး မူးတတ်တဲ့ကျွန်မဟာ ခွဲစိတ်ခန်းထဲမှာ ခန္ဓာကိုယ်တစ်ခုလုံး ဆေးထိုးတာလည်း မကြောက်တော့။ ခွဲစိတ်နေတာလည်း မကြောက်တော့။ ကျွန်မခြေထောက် ပြန်မသုံးနိုင်မှာကိုပဲ ကြောက်မိခဲ့ပါသည်။
ခွဲစိတ်ခန်းထဲက ထွက်လာတော့ မလှုပ်နဲ့ဆို မလှုပ်ဘူး။ ထုံဆေးအရှိန်ကြောင့် နောက်ပိုင်း မေ့တာ လျော့တာ ဖြစ်တတ်တယ်ဆိုလို့ ဆရာဝန်ပြောတဲ့အတိုင်း (၈) နာရီလောက် မလှုပ်မယှက် ခေါင်းအုံးမပါပဲ နေခဲ့တယ်။ အစ်မကြီးရဲ့ စည်းကမ်းတင်းကြပ်မှုကြောင့်လည်း ပါပါတယ်။
အဲ့လိုနဲ့ ခွဲစိတ်ပြီး (၂) ရက်လောက်နေတော့ ဆရာဝန်ကအားရပါးရ ပြောပါတယ်။ ကောင်မလေး ဘယ်လိုဖြစ်တာလဲတဲ့။ ညည်းခြေထောက်က အခြေအနေ တော်တော်ဆိုးတယ်နော်။ ကျိုးတာကို မဟုတ်ဘူး။ ကြေသွားတာတဲ့။ ဆရာဝန်က ဝင်တိုက်တဲ့သူနဲ့ ညှိနှိုင်းတဲ့အခါ အခြေအနေအမှန်ကို သိပြီး အဆင်ပြေအောင် ပြောပြပေးတာပါ။ ဆရာဝန် ပြောစကားကို ကျွန်မ စိတ်ထဲမခံစားပါ။ ကျွန်မသည် ကြံ့ခိုင်တဲ့သူဖြစ်တယ်..။ အရင်လို အကောင်းအတိုင်း လမ်းပြန်လျှောက်နိုင်ရမည်ဆိုသော ခံယူချက်ကိုသာ စွဲမြဲနေအောင် ခေါင်းထဲ သွင်းထားလိုက်သည်။
ဆေးရုံက ဆင်းခွင့်ရတော့ အမေလာကြိုသည်။ အဲ့ဒီနေ့က မိမိကိုယ်မိမိ အတွက် ဘာမှ ခံစားချက်မရှိ။ အမေ့ကိုသာ သနားသည်။ နေမကောင်းသည့်ကြားက သမီးဖြစ်တာသိသွားတော့ သူကိုယ်တိုင်လိုက်လာပြီးကြိုသည်။ ကလေးတစ်ယောက်လို ဂရုစိုက်သည်။ ဘယ်သူထိတာမှမခံ။ အိမ်မှာ အိပ်တာတောင် သူ့ဘေးမှာ ထားသိပ်သည်။ မိဘမေတ္တာ အနှိုင်းမဲ့လွန်းလှသည်။
ဆေးရုံကဆင်းပြီး အိမ်မှာ ပက်လက်လှဲ နေရသည်။ ရေချိုး၊ အပေါ့ ၊အလေးသွားကိစ္စ အားလုံး သူတပါးအပေါ် မှီခိုနေရသည်။ အိမ်မှာ နေနေစဉ် ကာလတစ်လျှောက် စာတမ်းနဲ့ ပက်သက်ပြီး အခင်ဆုံးသူငယ်ချင်းမဟုတ်သည့် အတန်းဖော် သူငယ်ချင်းတစ်ယောက်က အစစအရာရာ အားလုံး ကူညီပေးထားသည်။ (ကိုဖြူဖွေး လို့ကျွန်မတို့ ခေါ်ကြတဲ့ ကိုတင်ထွန်းအောင် ရဲ့ ကျေးဇူးကို အမြဲအောက်မေ့သတိရပါတယ်။ ငွေရေးကြေးရေး အခက်အခဲကြောင့် အဲ့ဒီတုန်းက သေသေချာချာလေး ကျေးဇူးသိတတ်ကြောင်း မပြနိုင်ခဲ့တာနဲ့ပက်သက်ပြီး နားလည်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။)
အိမ်မှာ တစ်လလောက်နေပြီး ဆေးရုံကို ရက်ချိန်းပြန်ပြတော့ ကိုယ်က ပြန်ကောင်းပြီ ကြားမယ်ထင်ခဲ့တာ..။ ဘယ်ဟုတ်မလဲ ဂျိုင်းထောက်သုံးရမယ်တဲ့။ အချိန်ကာလ အတိအကျ မရှိဘူးတဲ့။ မူလအရိုးနဲ့ steel အရိုးနဲ့ တသားတည်း ဖြစ်သွားချိန်အထိ သုံးရမယ်တဲ့။
ကိစ္စမရှိပါ။ ကျွန်မ ဆရာဝန်စကားနားထောင်သည်။ ဂျိုင်းထောက်သုံးဆိုသုံးမည်။ အမြဲ သုံးမရတာ မဖြစ်ဖို့သာအရေးကြီးသည်လေ။ အိမ်မှာလည်း လေ့ကျင့်ခန်းမှန်မှန်လုပ်သည်။ အဓိက လေ့ကျင့်ခန်းကတော့ ခြေထောက်အကွေးအဆန့် လေ့ကျင့်ခန်းပါ။
လမ်းက ချက်ချင်း ပြန်မလျှောက်နိုင်သေးမှာ သေချာသွားတော့ စာတမ်းကိစ္စက အကြာကြီး ပစ်ထားလို့ မဖြစ်တာမို့ စစ်ကိုင်းမှ မန္တလေးကို အိမ်မှာရှိတဲ့ ဆိုင်ကယ်နဲ့ပဲ အသွားအပြန်လုပ်ဖို့ ဆုံးဖြတ်ရသည်။ အစ်ကိုလိုက်ပို့လိုက် အစ်မလိုက်ပို့လိုက်နဲ့။ တစ်ရက်ခြားနီးပါးသွားရသည်။
ဆိုင်ကယ်အနောက်ကနေ ဂျိုင်းထောက်နှင့် စာရွက်စာတမ်းတွေကိုင်ပြီး နှစ်ခါမရှုံးစေဖို့ ကြိုးစားရပါသည်။ စာတမ်းမပြီးလျှင် အရှေ့က ကုန်ထားတဲ့ Course Work အတွက် အချိန် တစ်နှစ်ကို အစားရမည်မဟုတ်သည့် စနစ်က ရှိနေခဲ့သည်ကိုး။
မန္တလေးနှင့် စစ်ကိုင်းကို ဂျိုင်းထောက်နှင့် အသွားအပြန်လုပ်ခဲ့ရသည့် ရက်တွေ မနည်းမနောပင်။ ထိုရက်များစွာထဲတွင် အဆိုးဆုံးရက်လေး တစ်ရက်အကြောင်း ကို ဆွဲထုတ်ပြောပြချင်သေးသည်။
ထိုနေ့က စာတမ်းနှင့် ပက်သက်သည့် Supervisor ဆရာမက ကျောင်းကို နေ့စဉ်မလာ၍ ဆိုပြီး ပြသနာရှာသည်။ (ထိုဆရာမသည် ကျွန်မ ဘဝကို ထိုးချဖို့ ကြိုးစားခဲ့သည်ကိုတော့ ဒီတစ်သက်မေ့မှာမဟုတ်ပေ။) သူပြသနာရှာလိုက်တာကို အစ်ကိုတော်သိတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို မလုပ်ပဲ မဆိုင်တာတွေ လျှောက်လုပ်လို့ ခုလို ခြေထောက်ကျိုးရသည် ဘာညာနှင့် ဟောပြော ဆူပူတော်မူသည်။ ထိုနေ့က ဆေးရုံမှာ ရက်ချိန်းရှိသည့်နေ့။ ကျောင်းကအပြန် ဆေးရုံကိုဝင်တော့ မမှီတော့။ ဆရာဝန်တွေပြန်သွားကြလေပြီ။ အရိုးအကြောဌာနအထိ အကျိုးအကြောင်းသိအောင် သွားမေးရသည်။ မေးရမည့် ရုံးခန်းက (၃) လွှာအထိတက်ရသည်။ ဂျိုင်းထောက်လေး ထောက်ကာ ထောက်ကာနှင့် ဌာနရုံးခန်းရှေ့ရောက်တော့ တာဝန်ကျ ဆရာဝန်က အချိန်နှင့် အချိန်မလာ၍ ဆိုပြီး ဟောက်သည်။ ထိုရုံးခန်းကနေ ပြန်လာတော့ လှေကားတွေကို ဂျိုင်းထောက်နှင့် တဒေါက်ဒေါက်ထောက်ဆင်းရင်း တနေရာအရောက်မှာတော့ ခံပြင်းစွား ငိုချမိခဲ့ပါသည်။ အတူပါလာသည့် အစ်မဖြစ်သူက မိမိ မည်မျှပင်ပန်းသည်ကို မြင်တွေ့နေသူမို့ ဂရုဏာသက်စွာ နှစ်သိမ့်အားပေးရှာပါသည်။
အဲ့ဒီလိုနှင့် (6) လလောက်ကြာတော့ စာတမ်းကြီးလည်း ပြီးစီး နောက်ဆုံး အထက်မြန်မာပြည်မှာ ရှိသမျှ ME ကျောင်းသား/သူ များအားလုံး National Conference (Upper Myanmar) စာတမ်းဖတ်ပွဲ _ 23, 24 June 2009 ကို ဂျိုင်းထောက်နဲ့ပဲ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်မဟာ အားလုံးကြားမှာ ထူးခြားသူကြီးပေါ့် ။
စာတမ်းဖတ်ပွဲမှာ အားလုံးသူလိုကိုယ်လိုတွေ ဖြစ်ကြပေမယ့် ကျွန်မဟာ ဂျိုင်းထောက်နဲ့ တက်ရောက်ဖတ်ကြားသူမို့ လာပြီး နားထောင်တဲ့ Examiner ထဲက ဆရာမတစ်ယောက်က ဒါဟာ ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ စာတမ်း မဟုတ်ပါဘူးဆိုပြီး ပြန်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်...။ ပြီးဆုံးပြီလို့ တွေးထားတဲ့ အတွေးက အမှန်ဖြစ်မလာသေးတော့ စိတ်ဓာတ်ကျချင်သလိုတော့ ဖြစ်သွားခဲ့ပါတယ်...။ ဒါပေမယ့် ကျွန်မ ကြိုးစားရမယ်လေ...။
ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နေစဉ်အတွင်းမှာ Supervisor ရဲ့ ချောက်ချမှု့ကြောင့် ကျဆုံးလုနီးနီးပါပဲ..။ ဒါပေမယ့် ကျွန်မ ပါးနပ်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်...။
အဲ့ဒီလိုနဲ့ အားလုံးပြီးသွားတဲ့အချိန်မှာ ကျွန်မခြေထောက်ကလည်း ဆရာဝန်က ထောက်လို့ရပြီလို့ ခွင့်ပြုလိုက်တာမို့ ဂျိုင်းထောက်ကို ဖြည်းဖြည်းချင်း လွှတ်ပြီး လမ်းလျှောက်လေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်။ ကျောင်းကိစ္စပြီးသွားလို့ သူငယ်ချင်းတွေစုပြီး သွားတဲ့ ပုဂံခရီးကိုတော့ လက်လွှတ်ခဲ့ရတယ်...။
ကျွန်မဘဝမှာ အမေမွေးတဲ့ အကောင်းတိုင်း ဘဝကနေ ဒုက္ခိတဘဝကို (၈) လ (၉) လလောက် ရောက်သွားခဲ့ရပါတယ်...။ အခက်အခဲဆုံးအချိန်မှာ
✅ထင်မှတ်မထားတဲ့ သိတယ်ဆိုရုံ မိတ်ဆွေသာသာ သူငယ်ချင်းဆီကသာ ရလိုက်တဲ့ အကူအညီရယ်...။
✅ဆွေမျိုးသားချင်းအရင်းမဟုတ်ပေမယ့် ညီမအရင်းလိုသဘောထားပြီး တပတ် တစ်ကြိမ်လောက် လာပြီး အားပေးတဲ့ အစ်ကိုကြီးရဲ့ သူငယ်ချင်း မိသားစုရယ်
✅နွေးထွေးလုံခြုံတဲ့ မိဘ မောင်ဘွားတို့ရဲ့ ဖေးမမှု့ရယ်
✅တူ/တူမလေးတွေရဲ့ တပြန်တလှည့် စောင့်ရှောက်ပေးမှုတွေရယ်
✅ပြင်းပြတဲ့ စိတ်ခံယူချက်တွေရယ်
✅အရှုံးမပေး ဇွဲမလျှော့တဲ့ ကြံ့ခိုင်မှုရယ်
✅အရှိကို အရှိအတိုင်း လက်ခံမှုရယ်
✅သူယုတ်မာတို့ရဲ့ တွန်းချမှု့ကို ရှောင်တတ်တဲ့ပါးနပ်မှု့ရယ်
စတဲ့ စတဲ့ အကြောင်းအခြင်းအရာလေးတွေ စုပေါင်းပြီး ကျွန်မ ခြေထောက်ကျိုးခဲ့ဖူးမှန်း မပြောပြရင် မသိလောက်အောင် ကျွန်မ ပုံမှန်အတိုင်း လမ်းလျောက်နိုင်ခဲ့တယ်။ ME ဘွဲ့ကို အများနည်းတူ ရယူနိုင်ခဲ့တယ်..။ အရှုံးထဲမှာ ထပ်မရှုံးသွားအောင် နေနိင်ခဲ့တယ်လို့ ကျွန်မယုံကြည်တယ်...။
ဒါကြောင့် ကျွန်မတို့ အခုကြုံနေတဲ့ အကြပ်အတည်းတွေ အခက်အခဲတွေ မွန်းကြပ်မှုတွေ ခံပြင်းမှုတွေ ကို အရှုံးပေးမှုနဲ့ မလဲလိုက်ဖို့ အရေးကြီးတယ်လို့ ကျွန်မဆိုချင်ပါတယ်..။ ကျွန်မတို့ ယုံကြည်ချက်ပြင်းပြင်း ခံယူချက်ပြင်းပြင်းနဲ့ အများဘဝကို ကောင်းအောင်မဆောင်နိုင်သေးရင်တောင် ကျွန်မတို့ဘဝကို ကျွန်မတို့ ကောင်းအောင် ကြိုးစားထားသင့်ပါတယ်..။ ဘာပဲဖြစ်ဖြစ် အရှုံးပေးလက်မလျှော့လိုက်ပါနဲ့...။ အားတင်းပြီး ရှေ့ဆက်ရင် အနာဂတ်တစ်ခုကတော့ ကျွန်မတို့အတွက်ရှိနေမှာပါ..။
ချစ်ခြင်းဖြင့်
စိုးစိုးမွန်
3.11.2021
စာကြွင်း။ ။ တွဲတင်ထားတဲ့ ဓာတ်ပုံလေးက သားအမိနှစ်ယောက်ပုံလေး ဖြစ်နေတာရယ် ခြေထောက်ခွဲထားတဲ့နားမှာ အဝတ်မဖုံးဘူးဖြစ်နေတာရယ်မို့ တွဲတင်လိုက်ရခြင်းဖြစ်ပါတယ်..။
Category
Contact the business
Telephone
Website
Address
No. 16B, Thamardi 2 Street, Thingangyun Township, Yangon
Thingangyun
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when HTS Engineering Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.