Icona Myanmar

Icona Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Icona Myanmar, Brand, No 6, Moe Ma Kha Street, Malikha Housing , Thingangyun township, Thingangyun.

30/04/2026

ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်

ကဆုန်လရဲ့ လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အလွန်ထူးခြားပြီး မင်္ဂလာရှိလှတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ "ကဆုန်လ ညောင်ရေသွန်း၊ ဗုဒ္ဓနေ့ပုညညွှန်း" ဆိုတဲ့အတိုင်း ဒီနေ့မှာ ဘုရားလောင်း ဗျာဒိတ်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဘုရားအဖြစ်သို့ ရောက်ရှိခြင်းနဲ့ ပရိနိဗ္ဗာန်စံခြင်း ဆိုတဲ့ "သံဝေဂလေးဌာန" တိုက်ဆိုင်ခဲ့တာကြောင့် "ဗုဒ္ဓနေ့" (Vesak Day) လို့လည်း ကမ္ဘာကပါ သတ်မှတ်ထားကြပါတယ်။

ဒီကနေ့ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်မှာ ကုသိုလ်ယူကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးမြကြပါစေ။ ဗောဓိညောင်ပင်ကို ရေလောင်းလှူရတဲ့ ကုသိုလ်ကြောင့် အပူအပင်ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

#ကဆုန်လပြည့် #ညောင်ရေသွန်းပွဲတော် #ဗုဒ္ဓနေ့

14/02/2026

🇲🇲 ပြည်ထောင်စုနေ့ အစိုးရရုံးပိတ်ရက် ကြေညာခြင်း 🇲🇲

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ ၁၃ ရက်နေ့များသည် ပြည်ထောင်စုနေ့ အစိုးရ ရုံးပိတ်ရက်များဖြစ်သောကြောင့် ၊ ဤနေ့များတွင် 𝐈𝐜𝐨𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံး ပိတ်ထားမည် ဖြစ်ပါကြောင်း ကြိုတင်လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျ🙏🏻

အဆိုပါရုံးပိတ်ရက်အတွင်း သိလိုသောအကြောင်းအရာများအား 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗮𝗻𝗴𝗲𝗿 တွင်မေးမြန်းထားနိုင်ပြီး ရုံးဖွင့်ရက်တွင် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျ။

#ပြည်ထောင်စုနေ့ #အစးရရုံးပိတ်ရက် #မြန်မာ့သမိုင်း #ရးပိတ်ရက် #ရုံးပိတ်ရက်

24/12/2025

🧑‍🎄❄️ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥🎅🎄

❄️☃️ 𝐈𝐜𝐨𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ကျေးဇူးရှင် Customer များနှင့် လုပ်ဖော်ကိုင်ဖက် ညီကို မောင်နှမများအားလုံး မကြာခင်မှာ ရောက်ရှိလာတော့မည့် ခရစ်စမတ်နေ့ ရုံးပိတ်ရက်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အေးချမ်းသာယာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း "မဟာလောက"မှ 🙏ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ🎄🎁
#ခရစ်စမတ်နေ့ #ရုံးပိတ်ရက်

18/12/2025

📢 ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရုံးပိတ်ရက် ကြေညာခြင်း 📢

ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ သည် အစိုးရရုံးပိတ်ရက်ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ 𝐈𝐜𝐨𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

🗓 ပိတ်ရက်: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက် (သောကြာနေ့)
🗓 ပြန်လည်ဖွင့်လှစ်မည့်ရက်: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက် (စနေနေ့)

ရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စများရှိပါက 👉🏻 09946500500 👈🏻သို့ ဆက်သွယ်နိုင်ပါသည်။
ကရင် တိုင်းရင်းသား ညီကိုမောင်နှမများနှင့် အတူ မိတ်ဟောင်း ၊မိတ်သစ်၊ customer များအားလုံး ကရင်နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ကရင်နှစ်သစ်ကူး #ကရင်အမျိုးသား #ရုံးပိတ်ရက်

01/11/2025

🌕 တန်ဆောင်မုန်းလပြည့်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပါတယ်။
အကြောင်းကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပလေ့ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်ဟာ ဘုရားရှင်ကို ဆီမီးထွန်းညှိပူဇော်တဲ့ပွဲတော်ဖြစ်သလို ကထိန်သင်္ကန်းကပ်လှူခွင့်ရတဲ့ နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဖြစ်ပါတယ်….။

ဒါ့အပြင် တန်ဆောင်မုန်းလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် အဇာတသတ်မင်းကြီးအမှူးပြုတဲ့ ပရိသတ်တို့ကို သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူတဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်လို့လည်း သိရပါတယ်🙏🏻

🔸 အဇာတသတ်မင်းကြီးဟာ မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရနေတဲ့အချိန် တန်ဆောင်မုန်းလပြည့်ညရဲ့ အေးချမ်းသာယာကြည်လင်မှုကို မြင်တွေ့ရတဲ့အခါ အခုလိုနေ့မျိုးမှာ ဘယ်လိုရဟန်းသာမဏေ ၊ ဗြဟ္မဏတို့ထံ ဆည်းကပ်ရင် ကောင်းမလဲဆိုတာကို တွေးတောမိပြီး မင်းချင်းတို့ကို ဖွင့်ဟတိုင်ပင်မိခဲ့တယ်လို့ ဆိုကြပါတယ်။
မင်းလိုလိုက်အကြိုက်ဆောင်တတ်တဲ့ မင်းချင်းတွေက သူတို့ကိုးကွယ်ဆည်းကပ်တဲ့ မိစ္စာဒိဌိဆရာကြီး ၆ ဦးကို ညွှန်ပြရာ အဇာတသတ်မင်းက နားမဝင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ နှုတ်ဆိတ်နေတဲ့ ဗုဒ္ဓဘာသာဝင်ဆေးဆရာ ဇီဝကကို မေးမြန်းခဲ့ရာ ဆေးဆရာ ဇီဝကက ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ချီးမွမ်းပြီး ဘုရားရှင်ကို ဆည်းကပ်ဖို့ လျှောက်တင်ခဲ့ပါတယ်။

🔸 အဇာတသတ်မင်းကြီးလည်း ဝမ်းသာအားရဖြစ်ပြီး ဆင်မြင်းဗိုလ်ပါခြံရံကာ ဆရာဇီဝကရဲ့ ဥယျာဉ်တော်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ထံကို ကြွချီခဲ့တယ်လို့ ဆိုပါတယ်။ ဥယျာဉ်တော်ထဲမှာ ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ကို ဖူးတွေ့တဲ့အခါ အဇာတသတ်မင်းကြီးက မေးမြန်းလျှောက်ထားမှုတွေ ပြုလုပ်ခဲ့ပြီး မြတ်စွာဘုရားရှင်က သာမညဖလသုတ်တော်ကို ဟောကြားတော်မူခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဆိုထားပါတယ်🙏🏻
🌕တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

ဒါ့အပြင် ကထိန်သင်္ကန်းတွေဆက်ကပ်လှူဒါန်းကြတဲ့ ကထိန်ပွဲတော်ကလည်း တန်ဆောင်မုန်းလရဲ ကျင်းပမြဲဖြစ်တဲ့ ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလဟာ ကထိန်သင်္ကန်းတွေ ကပ်လှူကြတဲ့ ကာလဖြစ်ပါတယ်။

ဒါအပြင် တန်ဆောင်မုန်းလမှာ ကထိန်ပွဲအပြင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းတဲ့ ပွဲတော်တွေကိုပါ ကျင်းပကြလေ့ရှိပါတယ်။ နေ့မကူး ၊ ရက်မကူးစေပဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တဲ့အတွက် မသိုးသင်္ကန်းလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ မသိုးသင်္ကန်းရက်လုပ်မှုကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းကနေ လပြည့်နေ့ အာရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြလေ့ရှိပါတယ်။ မသိုးသင်္ကန်းကပ်လှူပွဲတွေကို နိုင်ငံတစ်ဝန်းဘုရားစေတီတွေမှာ ကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။

🎈အထင်ကရ အရှိဆုံးပွဲတော် နောက်တစ်ခုလဲ ထပ်ရှိနေပါသေးတယ်။ ဒါကတော့ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပွဲဖြစ်ပါတယ်။ ထိုကဲ့သို့ တန်ဆောင်တိုင် လပြည့်ညများမှာ တောင်ကြီးမြို့တွင် မီးပုံးများကို ပြုလုပ်ကာ မြို့လုံးကျွတ် စည်းကားသိုက်မြိုက် စွာ ဘုရားရှင်ကို ပူဇော်ကြလေ့ရှိပါတယ်။ ဒါ့အပြင် တန်ဆောင်မုန်းလနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်ပွဲတော်တစ်ခုကတော့ ကျီးမနိုးပွဲ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ည လူအများအိပ်ချိန်ကနေ နံနက် အာရုဏ်မတက်မီကလအထိ ပြုလုပ်ကြလေ့ရှိပါတယ်။
သူခိုးကြီးညလို့လည်း ခေါ်ဆိုကြပြီး ရပ်ကွက်အတွင်း ၊ ကျေးရွာအတွင်းမှာ အရာဝတ္ထုတွေကို ရွှေ့ထားတာ ၊ တစ်စုံတစ်ယောက်ကို နောက်ပြောင်တာ စတဲ့အပြုအမူတွေနဲ့ ရိုးသားစွာနောက်ပြောင်ကျီစယ်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

📌 ထိုကဲ့သို့သော ရက်ထူးရက်မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေနှင့် အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် နိုဝင်ဘာလ ၂ ရက်နေ့ (တနင်္ဂနွေနေ့) မှ နိုဝင်ဘာလ ၄ ရက်နေ့ (အင်္ဂါနေ့) အထိ 𝐈𝐜𝐨𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
#တန်ဆောင်တိုင် #ရုံးပိတ်ရက်

19/10/2025

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း

🙏🏻မင်္ဂလာပါရှင်၊
လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…
လာမည့် အောက်တိုဘာလ ၂၀ ရက် (တနင်္လာနေ့) သည် ဒေဝါလီနေ့ အစိုးရရုံးပိတ်ရက် ဖြစ်ပါသောကြောင့်၊ ကျွန်ုပ်တို့၏ ရုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးလုပ်ငန်းများကို အောက်တိုဘာလ ၂၁ ရက် (အင်္ဂါနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်စတင်မည် ဖြစ်ပါသည်။
ရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စများရှိပါက 09946500500 သို့ ဆက်သွယ်နိုင်ပါသည်။

မိတ်ဟောင်း ၊မိတ်သစ်၊ customer များအားလုံး ဒေဝါလီပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ဒေဝါလီနေ့ #ရုံးပိတ်ရက် #နာကျင်မှုကိုဖေးမကူ

04/10/2025

🏮တူယှဉ်နွှဲပျော် သီတင်းကျွတ်ပွဲတော်🏮

🙏🏻 05.10.2024 ရက်နေ့ (တနင်္ဂနွေနေ့) မှ 07.10.2024 ရက်နေ့ (အင်္ဂါနေ့) အထိသည် သီတင်းကျွတ်ရုံးပိတ်ရက်၊ အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် 𝐈𝐜𝐨𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
08.10.2024 ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ပုံမှန်အတိုင်းဝန်ဆောင်မှုများဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

🏮ကျက်သရေမင်္ဂလာရှိသောဝါလကင်းလွတ်သီတင်းကျွတ်အခါသမယကို ချစ်ရတဲ့ မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်….။

#သတင်းကျွတ် ရုံးပိတ်ရက် #ဝါလကင်းလွတ်သီတင်းကျွတ် #တယှဉ်နွှပျော် သီတင်းကျွတ်ပွဲတော်

19/07/2025

အာဇာနည်‌နေ့ ရုံးပိတ်ရက် ကြေညာခြင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

𝐈𝐜𝐨𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 အား အစဉ်တစိုက် အားပေးလာကြသော မိတ်ဟောင်း မိတ်သစ်များ ခင်ဗျာ
၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ (စနေနေ့) သည် ◤အာဇာနည်‌နေ့ ◢ ဖြစ်တဲ့အတွက် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ရုံးချုပ်နှင့် ရုံးခွဲများ အားလုံး ပိတ်ထားမည် ဖြစ်ပြီး ပစ္စည်းပို့ဆောင်ခြင်း ၊ ငွေကောက်ခံခြင်း ၊ စာပြန်ခြင်း ဝန်ဆောင်မှုများ ခေတ္တ ရပ်နားထားမည်ဖြစ်ကြောင်း ကြိုတင် အသိပေး ကြေညာအပ်ပါသည်။

#အာဇာနည်နေ့ #ရုံးပိတ်ရက် #ဗိုလ်ချုပ်အောင်ဆန်း #ကျန်းမာရေး #အစးရရုံးပိတ်ရက် #နာကျင်မှုကိုဖေးမကူ #ရုံးပိတ်ရက်ကြေညာခြင်း

11/05/2025

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဗုဒ္ဓနေ့ ဖြစ်ပေသည်။

🔸ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
🔸မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
🔸မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
🔸မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ကြသည်။

✨ထိုကဲ့သို့သော ထူးမြတ်လှသည့် ကဆုန်လပြည့်နေ့မှသည် 𝐈𝐜𝐨𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 အား အစဉ်တစိုက် အားပေးလာခဲ့သော ဆေးဆိုင်များ၊ ဆေးရုံဆေးခန်းများ နှင့် မိတ်ဟောင်း၊မိတ်သစ် Customer များ ကျန်းမာခြင်း ၊ ချမ်းသာခြင်း တို့နှင့် ပြည့်စုံ၍ အနာရောဂါ ကင်းရှင်း ကာ စီးပွားလာဘ်လာဘ များ တိုးပွားပါစေကြောင်း 𝙈𝙖𝙝𝙖𝙧 𝙇𝙤𝙠𝙖 𝘾𝙤.𝙇𝙩𝙙 မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင့်🙏

#ဗုဒ္ဓနေ့ #ကဆုန်လပြည့်နေ့ #နာကျင်မှုကိုဖေးမကူ #ကျန်းမာရေး

09/05/2025

☀️မေလရဲ့ နွေလ ပူပူမှာ မီးပျက်လဲ အေးအေးဆေးဆေး နေထိုင်နိုင်ဖို့…🌞🏘

𝐈𝐜𝐨𝐧𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ချစ်ရတဲ့ ကာကာ တို့အတွက် မီးပျက်လဲ စိတ်ပူစရာ မလိုပဲ မေလရဲ့ ပူပြင်းတဲ့နေ့တွေမှာ ခန္ဓာကိုယ်နဲ့ စိတ်ကို အေးမြစေဖို့ လိုက်နာသင့်တဲ့ Lifestyle Tips လေးတွေကို မျှဝေပေးလိုက်ပါတယ် နော်!

1️⃣ အိမ်တွင်းအအေးခံနည်း
လေဝင်လေထွက်ကောင်းအောင် တံခါး၊ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။
လည်ပင်း၊ လက်ကောက်ဝတ်၊ နဖူးတို့ကို ရေအေးဝတ်ကပ်ပေးပါ။
Power Bank နဲ့သုံးလို့ရတဲ့ ပန်ကာလေးတွေကို ဆောင်ထားပါ။
ရေများများသောက်ပါ

2️⃣ ရင်အေးစေမယ့် အစားအစာများ
ဖရဲသီး၊ သခွားသီး 🔜 ရေဓာတ်ဖြည့်ပြီး ခန္ဓာကိုယ် အပူဓါတ်ကို ကျစေပါတယ်။

ပဲပြား၊ ဒိန်ချဉ် 🔜 ပရိုတင်းဓာတ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။

ချင်း(ဂျင်း)ပါတဲ့ ရေနွေးကြမ်း 🔜 ခန္ဓာကိုယ်အတွင်းက အပူကို ထိန်းညှိပေးနိုင်ပါတယ်။

3️⃣ အေးအေးနေနိုင်ဖို့ ဝတ်စားဆင်ယင်နည်း
ချည်သား/လီနင်အဝတ်အစား ကို ရွေးချယ်ပါ။ (အရောင်နုနုလေးတွေက အပူစုပ်ယူမှုနည်းစေပါတယ်။)

အရေးကြီး ကိစ္စဖြင့် အပြင်ထွက်ရည်ရှိသော် ဦးထုပ်ဆောင်းခြင်း၊ ထီးဆောင်းခြင်း ဖြင့် နေရောင်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကို ကာကွယ်ပါ။

4️⃣ 𝐑𝐞𝐥𝐚𝐱 ဖြစ်အောင် နေပါ။
နေ့လယ်ခင်း ၁၂:၀၀ - ၃:၀၀ အတွင်း အပြင်မထွက်ပါနဲ့။

သစ်သီးဖျော်ရည် သောက်ပြီး ငှက်ပျောသီး၊ ပန်းသီးလို အသီးတွေကို စားပါ။ ဝမ်းအေးစေပါတယ်။

ညဘက်အိပ်ရာမဝင်ခင် ခြေထောက်ကို ရေအေးနဲ့စိမ်ပေးပါ။

5️⃣ 𝐃𝐈𝐘 ချွေးနံ့ပျောက်ဆေး (𝐁𝐨𝐧𝐮𝐬 𝐓𝐢𝐩)
သံပုရာရည် နှင့် ရှားစောင်းလက်ပတ် ရောစပ်ပြီး ချိုင်းကြားလိမ်းပါ။

အုန်းဆီ နှင့် လက်ဖက်စိမ်းအဆီ (Tea Tree Oil) တစ်စက်ထည့်ကာ ချွေးထွက်များတဲ့နေရာတွေမှာ လိမ်းပေးပါ။

အားလုံးပဲ မေလရဲ့ပူပြင်းမှုကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ! ❤️

(ဒီပို့စ်လေးကို Like & Share လေးလုပ်ပြီး သင်ချစ်ရတဲ့သူတွေကိုလည်း မျှဝေပေးပါနော်!)

#မေလပူပူ #ကျန်းမာရေး #အအေးခံနည #နာကျင်မှုကိုဖေးမကူ ်း

Want your business to be the top-listed Business in Thingangyun?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 6, Moe Ma Kha Street, Malikha Housing , Thingangyun Township
Thingangyun
11071