Logic Juniors
STEAM educational toys, coding toys, robots, board games and development toys
27/03/2021
အရွယ်မရောက်သေးတဲ့ ကလေးတွေကို ရက်စက်စွာပစ်သတ်နေမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါတယ်။
ကလေးငယ်များကို ကိုယ်စားပြုသော၊ သက်ဆိုင်သောအဖွဲ့အစည်း၊ အလုပ်လုပ်နေသူများအားလုံးလည်း ဝိုင်းဝန်းကန့်ကွက် အရေးဆိုပေးကြပါ။
30/01/2021
၂၁ရာစုမှာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေ၊ စိန်ခေါ်မှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ တဟုန်ထိုး တိုးတက်ပြောင်းလဲနေပါတယ်။ ဒီ အခွင့်အလမ်းတွေ၊ အောင်မြင်မှုတွေကို ရယူဖမ်းဆုပ်နိုင်ဖို့ ကလေးတွေဟာ ၂၁ရာစုစွမ်းရည်တွေထဲမှ 4Cလို့ခေါ်တဲ့ လေ့လာသင်ယူမှုစွမ်းရည်တွေ ဖွံ့ဖြိုးလာဖို့လိုအပ်ပါတယ်။
27/01/2021
💝 ပြာသိုလပြည့် အမေများနေ့မှာ ချစ်မေမေတွေအားလုံး ပျော်ရွှင်ကြပါစေ။ 👨👩👧👦💗
#အမေများနေ့
ကိုယ်ရော၊ စိတ်ပါ ခက်ခဲပင်ပန်းနေတဲ့ ဒီလိုကာလမျိုးကို ဘယ်လိုဖြတ်ကျော်နေထိုင်မလဲ...
ဖေဖေ၊ မေမေနဲ့ အုပ်ထိန်းသူလူကြီးတွေအတွက်ပဲဖြစ်ဖြစ် ကလေးငယ်တွေအတွက်ပဲဖြစ်ဖြစ် လေ့လာနိုင်ဖို့ Save the Children in Myanmar မှ ဖိုးလုံးနဲ့ ဘွားချောတို့ ပါဝင်တဲ့ ကာတွန်းဗွီဒီယိုဖိုင်လေးကို မျှဝေလိုက်ပါတယ်။
26/01/2021
ကလေးတွေကို
နွေးထွေးတဲ့ချစ်ခြင်းမေတ္တာဖြင့်
ပြုစုပျိုးထောင်ပေးပါ။
24/01/2021
မိဘ၊ အုပ်ထိန်းသူတွေဟာ စည်းကမ်းပေးတာနဲ့ အပြစ်ပေးတာကို အတူတူလို့ ထင်ပါတယ်။ တကယ်တော့ လုံးဝ မတူပါဘူး။ စည်းကမ်းပေးတာဟာ အမှားတွေကိုအမှန်ပြင်ဖို့၊ ပြောင်းလဲတိုးတက်ဖို့နဲ့ မိမိကိုယ်မိမိ ထိန်းသိမ်းတတ်ဖို့ သင်ကြားပေးတာပါ။ အပြစ်ပေးတာဟာ ကလေးကို မိမိကိုယ်မိမိ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကို သင်ပေးတာမဟုတ်ဘဲ ကလေးကို ထိန်းချုပ်လိုက်တာပါ။ နာကျင်မှု၊ အလိုမကျမှုတွေကနေ အပြုအမူဆိုးတွေလုပ်လာပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာစေပါတယ်။
ဒါ့ကြောင့် အပြုသဘောဆောင်တဲ့ စည်းကမ်းပေးခြင်းနဲ့ ကလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးလိုက်ရအောင်နော်...
22/01/2021
ထိပါဝူး...စားတာပါလို့...🤣😍
21/01/2021
သင့်ကလေးက ဘယ်လိုဉာဏ်ရည်မျိုး ပိုင်ဆိုင်ထားသလဲ....?
ကလေးတွေဟာ သဘာဝအရ သင်ယူနိုင်စွမ်းရှိပါတယ်။ ကလေးတွေရဲ့ ဉာဏ်ရည်အလိုက် သင်ယူမှုပုံစံတွေဟာ ကွာခြားမှုရှိပါတယ်။ အမေရိကန်ဖွံ့ဖြိုးမှုဆိုင်ရာစိတ်ပညာရှင် Howard Gardnerရဲ့ ဉာဏ်ရည်(၈)မျိုးနဲ့ ကလေးတွေရဲ့သင်ယူမှုပုံစံတွေကို Logic Juniors လေးအတွက် ဖော်ပြပေးလိုက်ပါတယ်....
🛠BUILD 🏈PLAY 🤽LEARN 👏FUN
18/01/2021
ဘယ်လိုပဲဖြစ်နေပါစေ
ကလေးတွေရဲ့ ဖန်တီးမှုတိုင်းဟာ
လှတာချည်းပါပဲ။
16/01/2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန် ကြာရှည်နေတော့ အခက်ခဲဆုံးနေ့ရက်တွေ မပြီးတော့ဘူးလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ နဂိုမူလ အကောင်းမြင်စိတ်လေး ပျောက်ဆုံးတော့မလို ဖြစ်လာနေပြီလား?
ဒါဆိုရင်တော့..
“မေတ္တာအိမ်”ဆိုတဲ့ အိမ်ကလေးထဲက ဖိုးလုံး၊ ဘွားချော နဲ့ မိတ်ဆက်ပေးပါရစေ။
ဖိုးလုံးကတော့ အသက် (၈)နှစ်ကျော် ရှိပြီဖြစ်တဲ့ ကလေးတစ်ယောက်ပါ။ ကိုဗစ်-၁၉ သာ မဖြစ်ခဲ့ဘူးဆိုရင် သူဟာGrade (4) တက်နေရမယ့် ကလေးတစ်ယောက်ပေါ့။ ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးတဲ့ ဖိုးလုံးလေးဟာ အပြင်မထွက်ရ၊ သူငယ်ချင်းတွေနဲ့ မတွေ့ရတာဟာ ဝမ်းနည်းစရာအကောင်းဆုံးလို့ ခံစားနေရရှာတယ်။
ဘွားချောကတော့ အသက်(၆၀) ကျော်အရွယ်ရှိပြီး မြေးဖြစ်သူ ဖိုးလုံးနဲ့ အတူနေတဲ့ အုပ်ထိန်းသူတစ်ယောက်ပေါ့။ ခက်ခဲတဲ့အခြေအနေကို ကိုယ်တိုင်လည်း ရင်ဆိုင်နေရသလို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိစေဖို့ ကလေးတစ်ယောက်အပေါ် စောင့်ရှောက်မှု ပေးနေရတဲ့ အုပ်ထိန်းသူမို့ ဘွားချောမှာလည်း စိုးရိမ်ပူပန်မှုက တခြားသော ဖေဖေ၊ မေမေနဲ့ အုပ်ထိန်းသူတွေလိုပဲ ရှိနေပါတယ်။
လူတိုင်းနီးပါး စိုးရိမ်ပူပန်နေရတဲ့ အခုလိုအချိန်မျိုးကို 🏠“မေတ္တာအိမ်”က ဖိုးလုံးနဲ့ ဘွားချောတို့ ဘယ်လိုဖြတ်သန်းနေသလဲဆိုတာ ဖေဖေ၊ မေမေနဲ့ အုပ်ထိန်းသူတွေ လေ့လာနိုင်ဖို့ Save the Children in Myanmar မှ “ဒီကာလကို ကျော်ဖြတ်ဖို့ အကောင်းမြင်စိတ်နဲ့ နေကြစို့” ပိုစတာလေးကို မျှဝေလိုက်ပါတယ်။
13/01/2021
🎯 Quote 🎯
"The best toys are 90 per cent kid, 10 per cent toy, with play fueled largely by the child's imagination."
Josh Golin
🛠BUIlD 🏈PLAY 🤽LEARN 👏FUN
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Thingangyun