Le Luxe Car Rental

Le Luxe Car Rental

Share

Car Rental Business

29/10/2020

ဒီသီတင်းကျွတ်မှာ အ​ခြေအ​နေအရ အပြင်ထွက်ပြီး ​ပျော်ရွှင်စွာနွဲ​ပျော်လို့ မရ​သေး​ပေမယ့် ချစ်တဲ့မိသားစုနဲ့အတူ အိမ်မှာပဲ ​နွေး​ထွေးစွာနဲ့ ​ဘေးကင်းစိတ်ချမ်းသာစွာ ​ကျော်ဖြတ်နိုင်ပါ​စေ​ကြောင်း Le Luxe -လာလာဘ်မိသားစုမှ ခင်မင်မှုဖြင့် ဆု​တောင်း​မေတ္တာ ပို့သအပ်ပါသည်။🙏🙏🙏

28/10/2020

Work from Homeပဲရှိတယ်...
Travel from Home မရှိပါ​နော်...
ခရီး ပြန်သွားလို့ရတဲ့အချိန်...

သင့်စိတ်ကူးထဲက လွတ်လပ်တဲ့ ခရီးစဥ်တိုင်းအတွက်...
Le Luxe -လာလာဘ် Car Rental For Your Journey.

22/10/2020

Escape from Stuck
Le Luxe Rental.Your Rental.

26/09/2020

အိမ်တွင်း​အောင်း​နေရခြင်းက သဘာဝတရားကြီးကို ပိုပြီးလွမ်းဆွတ်မိပါရဲ့ 🤗🤗
ကမ္ဘာကြီးနေမကောင်းဖြစ်နေတာနဲ့ ခရီးသွားပြီး အနားယူမယ်လို့ ရည်ရွယ်ထားတဲ့ ပိတ်ရက်ရှည်တွေကို လက်လွှတ်လိုက်ကြရပြီနော်။
ခရီးတွေမသွားရ၊ အပြင်ကို စိတ်လွတ် ကိုယ်လွတ်မသွားရလို့ စိတ်ညစ်နေမယ့်အစား ဒီအခြေအနေဆိုးကြီးကနေ အမြန်ဆုံးလွတ်မြောက်ကြဖို့ အစိုးရက ချမှတ်ထားတဲ့ Stay Homeနေရင်လိုက်နာရမယ့် စည်းကမ်းတွေ၊ Social Distancingနည်းလမ်းတွေကို လိုက်နာပြီး နေထိုင်လိုက်ကြမယ်ဆိုရင် ကမ္ဘာကြီးရော၊ ကျွန်တော်တို့ လူသားတွေပါ အမြန်ဆုံး ပြန်လည်ကျန်းမာလာမှာပေါ့။
ကျွန်တော်တို့တွေကလည်း ဒီရောဂါဆိုးကြီးကို တွန်းလှန်နေကြသလို ကမ္ဘာကြီးကလည်း သူ့ကိုယ်သူ ပြန်လည်ကျန်းမာလာအောင် Recoveryလုပ်နေတာဖြစ်လို့ ဒီ COVID-19 ရောဂါဆိုးကြီး လွန်မြောက်သွားတဲ့အခါ အရင်ကထက် ပိုပြီးသာယာလှပတဲ့ ကမ္ဘာကြီးအဖြစ် မြင်တွေ့ရတော့မှာပါ။
ကျွန်တော်တို့လိုချင်တဲ့ ကျန်းမာလှပတဲ့ ကမ္ဘာကြီးရယ်၊ လွတ်လပ်မှုတွေ၊ ပျော်ရွှင်မှုတွေရယ်ကို အမြန်ဆုံးပြန်လည်ရရှိစေနိုင်ဖို့ ကျွန်တော်တို့ကိုယ်တိုင်မှာပဲ တာဝန်ရှိတာကြောင့် -
 Maskတပ်မယ်
 လက်ကို ခဏ ခဏဆေးမယ်
 အရေးကြီးအကြောင်းအရာမရှိရင် အပြင်မထွက်ဘဲ အိမ်မှာပဲနေကြမယ်
 မဖြစ်မနေ အပြင်သွားရရင် တယောက်နဲ့တယောက် ၆ပေအကွာမှာ နေမယ်
ဒီလို အခြေခံအချက်လေးတွေကို တဦးချင်းစီကနေ လိုက်နာလိုက်မယ်ဆိုရင် ကမ္ဘာကြီးလည်း မြန်မြန်နေကောင်းပြီပေါ့။
ချစ်သော ကမ္ဘာမြေကြီးနေပြန်ကောင်းလာတဲ့နေ့ကျရင် အရင်ကလို ပျော်ပျော်ပါးပါး ခရီးတွေသွားဖို့ Le Luxe Myanmar (လာလာဘ်)ကို ဟယ်လိုလုပ်ဖို့တော့ လိုမယ်နော်။
Le Luxe Myanmar (လာလာဘ်)ကလည်း အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူတူ ချစ်မိတ်ဆွေတွေကို အသင့်စောင့်ကြိုနေမှာပါ။
Ph : 09425736885​နော်😍😍

.,Ltd

24/09/2020

ပြီးတာနဲ့ လှိမ့်ပြီ...😁😁

တစ်​ယောက်ထဲ လှိမ့်မှာလား...

ချစ်ချစ်နဲ့ ၂​ယောက်ထဲသီးသန့် Roမှာလား...❤❤

​ဘော်ဒါ​တွေနဲ့ စုပြီး လစ်ကြမှာလား...😅😅

မိသားစုနဲ့ ​အေး​ဆေး​လေး​မောင်းပြီး အပန်း​ဖြေမှာလား☺️☺️

Le Luxe မှာ Self Drive ကားအသစ်​တွေ ရ​တော့မယ်​နော်...

Our Car is Your Car 🤩🤩
ကျွန်​တော်တို့ကားက မိတ်​ဆွေတို့ကားပါ...

Your Driving Partner ...
Le Luxe လာလာဘ် ... Rental💥💥
Tel : 09 254 125 833

Photos from Le Luxe Car Rental's post 14/09/2020

Le Luxe- လာလာဘ်ဟာ အသစ်အဆန်း​တွေ သင့်ဆီကိုယူလာဖို့ အမြဲစိတ်အားထက်သန်​နေပါတယ်👍👍

သင်တို့ထံကို ​ဆောင်ကြဥ်း​ပေးမယ့် ​နောက်ထပ်အသစ်တစ်ခု...

ကိုယ်တိုင်​မောင်းမလား ရတယ်​နော်🚀🚀
Self Drive or With Driver... OK✌✌

​Toyota Corolla Cross ..2021🤩🤩





Hot Line: 09 425 736 885
Crd : Photo

08/09/2020

ပိုးသတ်ပြီးပြီလား💯💯

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကတော့ Stay Homeနေဖို့ အသင့်တော်ဆုံးပါ။😷😷

ဒါပေမယ့်လည်း မဖြစ်မနေ အပြင်ထွက်နေရတဲ့သူတွေရှိနေတော့ ကိုယ့်အတွက် အကောင်းဆုံး အကာအကွယ်တွေ ပြုလုပ်သွားဖို့ လိုအပ်သလို စီးတော်ယာဉ်လေးတွေကိုလည်း ပိုးသတ်ပေးဖို့ အရမ်းအရေးကြီးတယ်နော်။😊😊

🚐🚐 Car Service Centerတွေမှာ သွားပြီး ပိုးသတ်လို့ရတယ်ဆိုပေမယ့် တစ်နေ့ကို အကြိမ်ရေများများ အပြင်ထွက်ရတဲ့သူတွေအတွက်ဆို အကုန်အကျတွေ အရမ်းများလာမှာ။🙄🙄

COVID-19ကာလမှာ ပိုက်ဆံကိုလည်း အတတ်နိုင်ဆုံး ချွေတာရမယ်မလား။🤠🤠

ဒီတော့ စီးတော်ယာဉ်လေးတွေကို ကိုယ်တိုင်ပိုးသတ်ပေးလို့ရတဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်ဆိုရင် အဆင်ပြေတယ်မလားဗျ။👍👍

လိုအပ်မယ့်ပစ္စည်းလေးတွေကတော့ -
 တစ်ခါသုံး ရာဘာလက်အိတ်
 ဆပ်ပြာဆီ
 Alcohol Solution (70% Isopropyl Alcohol)
 ရေနဲ့ အဝတ်သန့် တို့ပဲဖြစ်ပါတယ်။☺️☺️

ကားအတွင်းပိုင်းကို သန့်ရှင်းရေးအရင်စလုပ်တော့မယ်ဆိုရင် လည်သာအတုတွေနဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုံတွေ၊ စတီယာရင်လက်ကိုင်တွေကို Alcoholတွေအများကြီးသုံးပြီး သန့်ရှင်းမယ်ဆိုရင် ပျက်စီးနိုင်တာကြောင့် ရေနဲ့ ဆပ်ပြာနဲ့သန့်ရှင်းတာက စိတ်အချရဆုံးပါ။🧐🧐

အဝတ်ကို ရေနဲ့ ဆပ်ပြာဆီ နည်းနည်းစွတ်ပြီး ထိတွေ့ကိုင်တွယ်မှုများတဲ့ နေရာတွေကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လိုက်သုတ်ပါ။ 💢💢

စတီယာရင်မှာ ကပ်ငြိနေတဲ့ပိုးမွှားတွေရဲ့ပမာဏက အများသုံးအိမ်သာ ထိုင်ခုံမှာရှိတဲ့ ပိုးမွှားတွေထက် ၄ဆလောက်များတယ်ဆိုတဲ့ တွေ့ရှိချက်တွေလဲ ရှိတာကြောင့် စတီယာရင်ကို ပိုဂရုစိုက်ပြီး သန့်ရှင်းပေးဖို့လိုပါတယ်။🚀🚀

Touch Screenတွေနဲ့ Electronic Deviceတွေကိုလဲ ဂရုတစိုက်နဲ့ သန့်ရှင်းပေးပါ။ ဆပ်ပြာတွေ၊ Alcoholတွေနဲ့ သန့်စင်ပြီးသွားပြီဆိုရင် အဝတ်သန့်သန့်ကို ရေအနည်းငယ်စွတ်ပြီး ထပ်မံသန့်ရှင်းရေး လုပ်လိုက်မယ်ဆိုရင်တော့ ပိုးမွှားကင်းစင်တဲ့ ကားလေးဖြစ်သွားပါပြီ။🤩🤩

ကားကိုယ်ထည်အပြင်ပိုင်းကိုကျတော့ ပုံမှန်ဆေးနေကျအတိုင်း ဆပ်ပြာနဲ့ ရေနဲ့ဆေးလိုက်မယ်ဆိုရင် လုံလောက်ပါတယ်။💥💥

အရေးကြီးဆုံးက ကားထဲမှာ တစ်ခါသုံး Mask၊ လက်သန့်စင်ဆေးရည်နဲ့ တစ်ခါသုံးလက်အိတ်တွေ ထည့်ထားဖို့တော့မမေ့နဲ့နော်။🧤🧤

ကမ္ဘာကြီး နေပြန်ကောင်းလာတဲ့ နေ့ကျရင် Le Luxe(လာလာဘ်)နဲ့အတူ ခရီးတွေသွားနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီး ကျန်းမာစွာ နေကြရအောင်။🌞🌞


.,Ltd

05/09/2020

ပြီးပြည့်စုံတဲ့ ခရီးလေးတစ်ခုဖြစ်စေဖို့💯💯

အခုက ခရီးတွေမသွားဘဲ အိမ်မှာပဲနေရမယ့်အချိန်ဆိုပေမယ့် Stay Homeလုပ်နေတုန်းလေးမှာ အပျင်းလဲပြေ၊ ဗဟုသုတလေးလဲရအောင် ခရီးသွားမယ်ဆိုရင် ဘာတွေကို ဘယ်လိုမျိုး ထည့်သွားသင့်လဲဆိုတဲ့ Tipလေးတွေကို ပြောပြပေးရင်ကောင်းမလားလို့။ ရသေ့စိတ်ဖြေသဘောမျိုးလေးပေါ့။😊😊

ဒီတော့ ခရီးတစ်ခုကို သွားတော့မယ်ဆိုရင် ကိုယ်သွားမယ့်နေရာနဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေ၊ အသုံးအဆောင်တွေကအစ သေချာဂရုစိုက်ပြီးထည့်မှ ပျော်ရွှင်စရာခရီးလေးတစ်ခု ဖြစ်စေမှာပေါ့။💢💢

အရင်ဆုံး စဉ်းစားရမှာက သွားမယ့်ခရီးက အအေးပိုင်းဒေသလား၊ အပူပိုင်းဒေသလားဆိုတာ စဉ်းစားရမှာပါ။

အအေးပိုင်းဒေသဆိုရင်တော့ အဝတ်တွေများများ သယ်ရတော့မှာနော်။ ဒီအတွက်က အနွေးထည်ထူထူလေး နှစ်ထည်ဆို လုံလောက်ပါပြီ။ တစ်ထည်က အသွားမှာဝတ်ပြီး တစ်ထည်က ခရီးဆောင်အိတ်ထဲထည့်သယ်မယ်ဆို သယ်ရတာ သက်သာတာပေါ့။ ပြီးတော့ သွားမယ့်မြို့မှာ ရှိုးထုတ်ဖို့က ၃စုံလောက်ဆို ရပြီလေ။👍👍

အဲ့ဒီ့၃စုံထဲမှာ Jean Pantနဲ့ ဆွယ်တာ မထူမပါး လက်ရှည်လေးတစ်စုံတော့ ထည့်ဖြစ်အောင် ထည့်ရမယ်နော်။ ပြီးတော့ ညအိပ်ဖို့အတွက် Hoodie ဝမ်းဆက်လေးတစ်စုံဆို အဆင်ပြေပြီပေါ့။ ဖိနပ်က ရှူးဖိနပ်လေးတစ်ရန်ဆို ပြည့်စုံပြီ။

အပူပိုင်းဒေသကို သွားမယ်ဆိုရင်တော့ အနွေးထည်တွေအတွက် ဝိတ်လျှော့လို့ရပြီပေါ့။ ကျန်တာကတော့ ဓာတ်ပုံရိုက်လို့လှမယ့် ချည်ထည်ဝတ်စုံလေး ၅စုံလောက်ထည့်၊ ဖိနပ်ကိုလဲ ရှူးဖိနပ်စီးသွားမယ်ဆိုရင် ဟိုရောက်တဲ့အခါကျ ပေါ့ပေါ့ပါးပါးစီးလို့ရမယ့် ဖိနပ်အပါးလေးတစ်ရန်လောက် ဆောင်သွားပေါ့။ ညအိပ်ဝတ်ဖို့ကလဲ ချည်ထည်ညအိပ်လေး တစ်စုံဆို လုံလောက်ပါပြီ။

ဒီနေ့ခေတ်မှာ ယောက်ျားလေးရော၊ မိန်းကလေးရောက အသားအရေထိန်းသိမ်းလာကြပြီဆိုတော့ ခရီးမှာ အသားအရေထိန်းသိမ်းဖို့ Skincareတွေကိုလဲ Travel Setလေးတွေ ဝယ်လို့ရရင်လဲဝယ်သွား၊ ဒါမှမဟုတ် ဘူးသေးသေးလေးတွေနဲ့ ခွဲယူသွားမယ်ဆိုရင် ဝိတ်လဲနည်း၊ သယ်ရတာလဲအဆင်ပြေတာပေါ့။💥💥

ပြီးတော့ မိန်းကလေးတွေအတွက်က မပါမဖြစ် အတွင်းခံတွေသယ်ရဦးမှာမလား။ အဲ့ဒါလေးတွေကိုတော့ ဇစ်ပါတဲ့ လေးထောင့်ပုံစံ အိတ်အသေးလေးတွေနဲ့ စနစ်တကျထည့်ပြီးမှ ခရီးဆောင်အိတ်ထဲထည့်မယ်ဆိုရင် ပုံစံလဲမပျက်၊ သပ်သပ်ရပ်ရပ်လေးလဲရှိတာပေါ့။👩‍💻👩‍💻

နောက်ပြီးတော့ သောက်နေကျ ဆေးဝါးတွေရှိရင်လဲထည့်ဖို့ရယ် အကိုက်အခဲပျောက်ဆေး၊ အစာအိမ်ဆေးနဲ့ လိမ်းဆေးတစ်ချို့လဲ ထည့်ဖို့မမေ့နဲ့နော်။🚌🚌

အရေးကြီးတဲ့ ဖုန်းတွေ၊ ကင်မရာတွေ၊ Laptopတွေရဲ့ အားသွင်းကြိုးတွေ ယူဖို့မမေ့ပါနဲ့။ ဖြစ်နိုင်ရင် Power Bankလေးပါ ဆောင်သွားပါ။

IDကတ်တွေကို လိုလိုမယ်မယ် မိတ္တူဆွဲသွားပါ။ ဒါမှ မတော်တဆပျောက်သွားတဲ့အခါ ပြန်ရှာဖို့အတွက် သက်ဆိုင်ရာကို အလွယ်တကူ အကြောင်းကြားနိုင်မှာပေါ့။

ဒီလောက်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ခရီးသွားခြင်းတစ်ခုဖြစ်လောက်ပြီထင်ပါရဲ့။

COVID-19ကြီးပြီးလို့ ခရီးတွေပြန်သွားလို့ရပြီဆိုရင်တော့ Le Luxe Myanmar (လာလာဘ်)လေးကို ဟယ်လိုလုပ်ဖို့ မမေ့ကြနဲ့ဦးနော်။🚀🚀


.,Ltd

Photos from Le Luxe Car Rental's post 21/08/2020

What Beast Do You Like?😊😊
ဘယ်​ကောင်ကြီးကို သင် ပို​ကြွေပါသလဲ😎😎
ဘယ်သူပိုမိုက်လဲဗျ👍👍

Photos from Le Luxe Car Rental's post 16/08/2020

📌📌​တောင်​ပေါ်​မြေကိုချစ်တဲ့ Korea Mini Vanကားလေးက ​အေးချမ်းလှပတဲ့ ​နေရာ​လေး​တွေကို အ​ဆွေ​တော်တို့နဲ့အတူ ထပ်သွားချင်တယ်လို့​ပြော​နေပါပြီ​နော်....😍😍

14/08/2020

ခရီးမသွားခင်နဲ့ ခရီးကပြန်လာတိုင်း ပိုးသတ်​ဆေး စက်ဖြင့်
ပိုးသတ်ခြင်း....😷😷

မိတ်​ဆွေတို့ရဲ့ ကျန်းမာ​ရေးသည် ကျွန်​တော်တို့၏ ပထမဦးစား​ပေး ဖြစ်ပါတယ်....💯💯

လက်​ဆေးပါ..ဘယ်သွားသွား Mask တပ်ပါ😷😷...လူစုလူ​ဝေး​ရှောင်ပါ...​🤭🤭လော​လောဆယ်​တော့ ခပ်ခွာခွာ​နေကြပါဦးစို့...😊😊

Your Health is Our First Priority ....📌📌

Photos from Le Luxe Car Rental's post 11/08/2020

We VALUE Customer's smile ...😍😍

ခရီးသွား မိတ်​ဆွေတို့ရဲ့ အပြုံးကို ကျွန်​တော်တို့ အမြဲ တန်ဖိုးထားပါတယ်...🙏🙏🙏

Want your business to be the top-listed Autos & Automotive Service in Thingangyun?
Click here to claim your Sponsored Listing.

Category

Telephone

Address


Thingangyun