FARY
FARY Taxi is paving the way for sustainable transportation solutions.
31/05/2026
အရင်လို Point ကုန်လို့ စိတ်ညစ်ရတဲ့နေ့ရက်တွေ မရှိစေရတော့ဘူးနော်။ 🩵
ခရီးသည်က အော်ဒါခေါ်နေပြီ၊ ကိုယ့်ဆီမှာကလည်း Point မရှိတော့လို့ လက်လွှတ်လိုက်ရတာမျိုး ကြုံဖူးကြတယ်မလားရှင်?
ဒီအတွက်ကြောင့် Pilot ကြီးတို့ ဝင်ငွေအခွင့်အလမ်းတွေ လက်လွတ်မခံဖို့ FARY ရဲ့ စိတ်ကူးလေး ရှိပါတယ်။ 💌
အခုဆိုရင် FARY Pilot တို့အတွက် Point မရှိလည်း စိတ်ပူစရာမလိုဘဲ အလုပ်တွေ ဆက်လုပ်နိုင်မယ့် "FARY Point အကြွေးစနစ်" လေး ရှိနေပါပြီနော်။ 🩵
🔹 ၁။ ၁၀,၀၀၀ ကျပ်အထိ အကြွေးရယူနိုင်ခြင်း
အရေးပေါ် Point လိုအပ်လာတဲ့အခါ App ထဲမှာတင် အကြွေး Points (၁၀,၀၀၀) ကျပ်အထိ လွယ်လွယ်ကူကူ ယူသုံးလို့ ရပါတယ်ရှင်။
🔹 ၂။ ဝန်ဆောင်ခနှင့် အတိုးနှုန်း လုံးဝမရှိခြင်း
အကြွေးစနစ်ဆိုပေမဲ့ အတိုး ဒါမှမဟုတ် အပိုဆောင်း ဝန်ဆောင်ခပေးရမှာမျိုး လုံးဝ (လုံးဝ) မရှိပါဘူးနော်။
🔹 ၃။ တစ်ပတ်အတွင်း စိတ်ကြိုက်ပြန်ဆပ်နိုင်ခြင်း
ရယူထားတဲ့ ပမာဏကို (၇) ရက်အတွင်း မိမိအဆင်ပြေတဲ့အချိန်မှာ အေးဆေး ပြန်လည်ပေးဆပ်ရုံပါပဲရှင်။ 🩵
ကဲ... ဝင်ငွေတွေ တိုးထက်တိုးအောင် Point မရှိလို့ အော်ဒါလက်လွတ်ရမှာမျိုး လုံးဝ ပူစရာမလိုတော့ဘဲ စိတ်အေးချမ်းစွာနဲ့ အတူတူ မောင်းနှင်လိုက်တော့နော်…🩵
#အကြွေးစနစ်နဲ့ကားမောင်းမယ်
30/05/2026
နယုန်လပြည့် (မဟာသမယအခါတော်နေ့) နေ့ထူးနေ့မြတ်လေးမှာ စိတ်နှလုံးအေးချမ်းကြပါစေရှင်။ 🙏✨
ဒီနေ့လို နေ့ထူးနေ့မြတ်မှာ မြတ်စွာဘုရားရှင်ရဲ့ မဟာသမယသုတ်တော်ကို အောက်မေ့ရွတ်ဖတ်ရင်း ကုသိုလ်ကောင်းမှုလေးတွေနဲ့အတူ ဖြတ်သန်းနိုင်ကြပါစေလို့ FARY Taxi က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🌸
ညနေဖက် ဘုရားကျောင်းကန်ထွက်မယ့် ခရီးသည်တွေရော၊ လမ်းပေါ်မှာ လုပ်ငန်းခွင်ဝင်ရင်း အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ FARY Pilot တွေပါ အားလုံးပဲ စိတ်အေးချမ်းသာစွာနဲ့ ကုသိုလ်ယူနိုင်ဖို့ FARY က အမြဲအနားမှာ ရှိနေပေးမှာပါနော်။ 🚙💨
မိုးဖွဲဖွဲလေးထဲ လမ်းလျှောက်သွားစရာမလိုဘဲ ဘုရားဖူးသွားဖို့ဆိုရင် FARY Taxi လေးကို သတိရလိုက်ပါနော်။ 🩵
#နယုန်လပြည့်
28/05/2026
🏆 Arsenal vs PSG ချန်ပီယံလိဂ်ဗိုလ်လုပွဲ ဂိုးရလဒ်ခန့်မှန်းပြီး စုစုပေါင်း (၁၅၀,၀၀၀) ကျပ်ဖိုးရှိ FARY ဆုလက်ဆောင်တွေ ယူကြမယ်!
"တောကြောင်နဲ့ ဆင် လယ်ပြင်မှာ တွေ့ကြပြီ" ဆိုတော့ ဘယ်သူက အလဲထိုးပြီး သရဖူဆောင်းသွားမလဲ? 👑
မေလ (၃၀) ရက်၊ စနေနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့် Arsenal နဲ့ PSG တို့ရဲ့ ပွဲစဉ်မှာ ဂိုးရလဒ်မှန်ကန်အောင် ခန့်မှန်းပြီး FARY ရဲ့ ဆုလက်ဆောင်တွေ ကံထူးနိုင်မယ့် အစီအစဉ်လေး လာပြီနော် ကိုယ့်လူတို့။
💠 ပါဝင်ကံစမ်းရမည့် နည်းလမ်းများ
(၁) ဒီ Post လေးကို Like နှင့် Public Share လုပ်ပါ။
(၂) Share ထားတဲ့ Post ကို Screenshot ရိုက်ထားပါ။
(၃) ဒီ Post ရဲ့ Comment မှာ [ပထမဆုံး သွင်းဂိုးရှင်] + [မိနစ် ၉၀ အတွင်း ပွဲပြီးရလဒ်] ကို Screenshot နဲ့အတူ တွဲပြီး မန့်ပေးရုံပါပဲ။
နမူနာခန့်မှန်းပုံစံ: Saka / Arsenal 3 - 0 PSG + [Screenshot ပုံ]
အရေးကြီးစည်းကမ်းချက်အနေနဲ့ ⬇️
🔺 Comment အား Edit (ပြင်ဆင်ခြင်း) ပြုလုပ်ထားပါက အကျုံးမဝင်ပါ။
🔺 ပွဲမစခင် (၁) နာရီအလိုမှာ Comment ပိတ်ပါမယ်။
ဆုချီးမြှင့်ခြင်း 🎁
အဖြေမှန်သူတွေထဲကမှ အစောဆုံးမန့်သူ များကို ရွေးချယ်ပြီး အောက်ပါအတိုင်း ဆုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
🔹 FARY Pilot (၅) ဦးအား FARY Point (၁၀၀၀၀) စီ
🔹 FARY User (၅) ဦးအား FARY Pay (၂၀၀၀၀) စီ
ကဲ... အစီအစဉ်လေးက လွယ်ကူပြီး ဆုကြေးတွေကလည်း စောင့်ကြိုနေတာမို့ အခုပဲ Comment မှာ လက်ဦးမှုရယူပြီး ပါဝင်ဆင်နွှဲလိုက်တော့ဗျို့! 🤩
26/05/2026
တန်ဖိုးရှိတဲ့အချိန်တွေ အလဟဿ ကုန်ဆုံးနေပြီလား? 💌
ကားစောင့်ရင်း ရုံးနောက်ကျတာ၊ အရေးကြီးတဲ့ အစည်းအဝေးတွေ လွတ်သွားတာမျိုးက အလုပ်လုပ်တဲ့သူတွေရော လုပ်ငန်းရှင်တွေအတွက်ပါ အခက်တွေ့စေကြတယ်မလားရှင်? 👀
လမ်းထိပ်ထွက်ပြီး ကားတားဖို့ အချိန်မပေးနိုင်တော့တဲ့အခါ ကိုယ့်အိမ်လေးထဲကနေပဲ FARY App လေးကို အေးဆေးခေါ် စီးမလားဆိုတဲ့ ရွေးချယ်စရာ ရှိပါတယ်နော်။
FARY Taxi မှာဆိုရင် ⬇️
✅ အချိန်ကုန်ခံပြီး ဈေးဆစ်နေစရာ မလိုတော့ဘူး။
✅ ကိုယ်သွားမယ့်လမ်းကြောင်းကို တစ်ကွေ့ချင်း လမ်းညွှန်ပြနေစရာ မလိုတော့ဘူး။
✅ အရေးကြီးကိစ္စတွေအတွက် ကြိုတင်ပြီး ကားဘိုကင် တင်ထားလို့ရအုံးမယ်။
ဒါတင်မကသေးဘူးနော်... 🩵
🔹 ကားပေါ်မှာ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့ရင်တောင် (၂၄) နာရီပတ်လုံး အလွယ်တကူ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
🔹 ညဘက် သွားလာရရင်လည်း ခရီးစဉ်တစ်လျှောက်လုံး မိသားစုနဲ့ သူငယ်ချင်းတွေကို တည်နေရာ Share ထားနိုင်လို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့။
ကားရပါ့မလား၊ အချိန်မှန်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကို ဖျောက်ဖျက်လိုက်ပါ။ FARY Taxi ရှိရင် ကိုယ်ပိုင်ကား စီးရသလို စိတ်အေးလက်အေးပါပဲရှင်။ 🚙💨
#လုံခြုံမှု #အချိန်ကုန်မခံပါနဲ့
23/05/2026
ညဉ့်နက်မှ တစ်ယောက်တည်း အိမ်ပြန်ဖို့ ကားရှာရခက်နေလား...? 👀
ည (၁၁) နာရီကျော်လို့ လမ်းမတွေ တိတ်ဆိတ်နေတဲ့အချိန်... အလုပ်နောက်ကျလို့ပဲဖြစ်ဖြစ်၊ အပြင်ကပြန်လာလို့ပဲဖြစ်ဖြစ် ညဉ့်နက်မှ တစ်ယောက်တည်း အိမ်ပြန်ဖို့ ကားစောင့်ရတာ တကယ်ကို ရင်တဖိုဖိုပါပဲ။ 🫧
"ဟိုက လာနေတဲ့ ကားကကော စိတ်ချရပါ့မလား... ဘယ်သူ့ကို ယုံရမလဲ..." ဆိုတဲ့ စိုးရိမ်စိတ်တွေက ပိုပြီး လူကို ပင်ပန်းစေတယ်ဟုတ်?
"သမီးလေး/သားလေး... ဘယ်နားရောက်ပြီလဲ၊ သတိထားဦးနော်..." ဆိုပြီး မျှော်နေမယ့် မေမေလည်း စိတ်အေးရအောင်... FARY Taxi မှာ အချက်အလက်တွေ စိစစ်ပြီးသား Pilots တွေအပြင် FARY Members လေးတို့ကို ကာကွယ်ပေးမယ့် Safety Features (၃) မျိုးလည်း ရှိနေပါတယ်နော်။ 🩵
1️⃣ Real-time Location Sharing 📍
ကိုယ်ရောက်နေတဲ့ နေရာကို အိမ်ကမေမေ့ဆီ တိုက်ရိုက် Share ပေးထားလို့ အချိန်နဲ့တစ်ပြေးညီ စိတ်အေးလက်အေး စောင့်ကြည့်နိုင်ပါတယ်။
2️⃣ SOS Emergency Button 🚨
အဆင်မပြေတာ တစ်ခုခု ကြုံလာရရင် ခလုတ်လေးတစ်ချက် နှိပ်ရုံနဲ့ FARY ကိုရော အရေးပေါ် Contacts ထဲကလူတွေဆီကိုပါ အချက်ပေးစာ ရောက်ရှိသွားမှာပါ။
3️⃣ Auto-Recording 🎙️
ကားစတင်ထွက်ခွာတာနဲ့ အလိုအလျောက် အသံဖမ်းပေးထားတာမို့လို့ Members လေးတို့ရဲ့ ခရီးစဉ်တိုင်းအတွက် လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်ပါတယ်ရှင်။
🚙… ညဉ့်နက်လို့ အမှောင်ထု ရှိနေပါစေ... FARY ရဲ့ လုံခြုံစိတ်ချရမှုတွေ ရှိနေလို့ စိတ်ပူစရာမလိုဘဲ အေးဆေးလေး အိမ်ပြန်လိုက်ရုံပဲနော်။
#ညဉ့်နက်အိမ်ပြန်ချိန် #လုံခြုံမှု
21/05/2026
အရင်လို…ကားဆရာဘက်က Cancel လိုက်လို့ ကားမရမှာတွေ မရှိစေရဘူးနော်။ 📨
အရေးကြီးကိစ္စရှိလို့ ကားစောင့်နေတုန်း ကားဆရာဘက်က အခက်အခဲအမျိုးမျိုးကြောင့် ခရီးစဉ်ကို Cancel လိုက်လို့ အခက်တွေ့ရဖူးပါသလား? 👀
FARY Taxi နဲ့ဆို ဒီလိုစိတ်ညစ်စရာ အခိုက်အတန့်တွေကို မေ့ပစ်လိုက်လို့ရပါပြီနော်။
FARY Member တိုင်း စိတ်အေးရအောင် ခရီးစဉ် Cancel ဖြစ်သွားခဲ့ရင် Support Team က အခုလို ကူညီပေးသွားမှာပါရှင့်။ 🩵
၁။ Support Team မှ ဖုန်းဆက်ကူညီခြင်း 📞
အခက်အခဲကြောင့် ကား Cancel ဖြစ်သွားခဲ့ရင် ခရီးသည်ဆီ ဖုန်းဆက်သွယ်ပြီး ကားအမြန်ဆုံး ချိတ်ဆက်မိစေဖို့ အနီးကပ် ကူညီပေးပါတယ်ရှင်။
၂။ အနီးစပ်ဆုံးကားကို ရှာဖွေပေးခြင်း 🚗
Member လေးတို့ အချိန်မကြန့်ကြာစေဖို့အတွက် အနီးနားတစ်ဝိုက်မှာ ရှိနေတဲ့ အခြား FARY Pilot တွေကို တိုက်ရိုက် ဆက်သွယ်ပြီး ကားအမြန်ဆုံးရအောင် ပြန်လည်ရှာဖွေပေးမှာ ဖြစ်ပါတယ်ရှင်။
၃။ Reservation (ကြိုတင်တင်ထားသော ခရီးစဉ်များ) 📅
အရေးကြီးကိစ္စတွေအတွက် ကားကြိုတင် Book လုပ်ထားတဲ့ ခရီးစဉ်တွေမှာ Pilot ဘက်က မမျှော်လင့်ဘဲ Cancel ခဲ့ရင်တောင်မှ Pick-up Time (ချိန်းဆိုထားချိန်) အမီ ခရီးစဉ်မပျက်ရအောင် ကားအသစ်တစ်စီးကို ပြန်လည်ရှာဖွေပေးပါတယ်ရှင်။
ဒါကြောင့်... ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် FARY Taxi နဲ့ဆိုရင်တော့ ကားမရမှာ၊ ခရီးစဉ်ပျက်သွားမှာတွေကို စိတ်မပူပါနဲ့နော်! 🚙💨
ှားမရ #ခရီးစဉ်ပျက်
အရှုံးမရှိတဲ့ FARY Pilot . . . .
#အရှုံးမရှိတဲ့FARYpilot #ဒါရိုက်ဘာတွေရဲ့ဘဝ #ဖြစ်ရပ်မှန်
18/05/2026
ကိုယ့်ရဲ့လုံခြုံရေးက အရေးကြီးဆုံးပဲ မဟုတ်လား ?
ကိုယ့်ရဲ့လုံခြုံရေးကို FARY Taxi က အမြဲဦးစားပေးထားတာမို့၊ ခရီးစဉ်အတွင်းမှာ အရေးပေါ်အခြေအနေတစ်ခုခု ကြုံလာခဲ့ရင် SOS ခလုတ်လေးကို နှိပ်လိုက်ရုံနဲ့ ⬇️
📌 FARY ဘက်ကိုရော
📌 ကိုယ် အထူးသတိပေးစေချင်တဲ့ ချစ်ရသူတွေဆီကိုပါ အလိုအလျောက် သတိပေးချက်လေးတွေ ပို့ပေးမှာဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီလို သတိပေးချက်တွေ မှန်မှန်ကန်ကန် ရောက်သွားဖို့အတွက် ကိုယ့်ရဲ့ Emergency Contact (အရေးပေါ် ဆက်သွယ်ရန်လူ) လေးတွေကို အရင်ဆုံး ထည့်သွင်းမှတ်သားထားဖို့တော့ လိုပါတယ်ရှင့်။
ဘယ်လိုလုပ်ရမလဲဆိုတာ လွယ်လွယ်ကူကူလေး ကြည့်လိုက်ရအောင်နော်...⬇️
1️⃣ Profile ထဲကို အရင်ဆုံး ဝင်လိုက်ပါ။
2️⃣ အဲ့ဒီကနေ Help Center ထဲကို ဆက်သွားလိုက်ပါ။
3️⃣ ပြီးရင်တော့ Emergency Contacts မှာ ကိုယ်ထည့်ချင်တဲ့သူတွေရဲ့ ဖုန်းနံပါတ်လေးတွေကို မှတ်ထားလိုက်ရုံပါပဲ။ ✨
ဒီလိုလေး ကြိုတင်ပြင်ဆင်ထားတာက ကိုယ်ချစ်ရသူတွေအတွက်ရော ကိုယ့်အတွက်ပါ စိတ်အေးချမ်းစေမှာပါနော်။ 🩵
#အရေးပေါ်
12/05/2026
ဘဝရဲ့ ခရီးလမ်းတွေကို စိတ်တိုင်းကျ ဖန်တီးလိုက်ပါ။ 💌
တစ်ခါတလေ ဘဝမှာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်တဲ့အရာတွေ၊ တစ်နေ့တာရဲ့ စိတ်ညစ်စရာတွေ၊ ပင်ပန်းမှုတွေကြောင့် စိတ်ရှုပ်နေရတဲ့ အချိန်မျိုးတွေ ရှိတတ်တယ်မလားရှင်။
အဲ့လိုအချိန်မျိုးမှာ ကိုယ်တိုင် ထိန်းချုပ်လို့မရတာတွေအတွက် စိတ်မညစ်ပါနဲ့တော့နော်။ FARY TAXI က ကျွန်မတို့ရဲ့နေ့စဉ်ခရီးစဉ်လေးတွေကို စိတ်တိုင်းကျဖြစ်စေဖို့ ထိန်းချုပ်လို့ရနိုင်ပါတယ်။ 💙
စိတ်တိုင်းကျဖြစ်စေဖို့ စီစဉ်ထားတဲ့ FARY Taxi ရဲ့ အားသာချက်များ ⬇️
🩵 အချိန်ကို စိတ်ကြိုက် သတ်မှတ်ပြီး FARY Taxi ကိုခေါ်လိုက်ပါ။
🩵 အိမ်ရှေ့တံခါးဝအထိကို စိတ်ကြိုက် လာကြိုပေးမှာနော်။
🩵 သွားချင်တဲ့နေရာကို စိတ်ကြိုက်သွားလို့ရမယ်။
တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို FARY Taxi ရဲ့ အချိန်မှန်၊ နေရာမှန်နဲ့ အရာရာ ကိုယ့်စိတ်တိုင်းကျ ဖြစ်နေမယ့် ခရီးစဉ်လေးတွေကို ဖန်တီးလိုက်ရအောင်နော်။ 🚙
#ခရီးလမ်း
10/05/2026
`အမေများနေ့ အမှတ်တရ'
ကိုးလလွယ်၊ ဆယ်လဖွားဆိုတာ စကားလုံး(၄)လုံးတည်း ဆိုပေမဲ့ အမေတွေအတွက်တော့ အသက်နဲ့ရင်းရတဲ့ ခရီးတစ်ခုပါပဲရှင့်။
လူလားမမြောက်ခင်၊ လောကကြီးကို မမြင်ဖူးခင်တည်းကနေ အခုထိ ဘဝအချိန်အတော်များများဟာ အမေနဲ့ပဲ ကုန်ဆုံးခဲ့ကြတာ မဟုတ်လား။
ငယ်စဉ်ကတည်းက အမြဲတမ်း ဘေးနားကနေ အားပေးတိုက်တွန်းပြီး လမ်းပြပေးခဲ့တာလည်း အမေပါပဲ။ အလုပ်တွေရှုပ်လို့ လူချင်းဝေးနေရတဲ့ အချိန်မျိုးမှာတောင် အမေဟာ စိတ်ထဲမှာ အမြဲရှိနေပြီး ခွန်အားပေးနေတဲ့သူပါ။
နေ့စဉ်ဘဝရဲ့ ရုန်းကန်မှုတွေကြောင့် အမေနဲ့ ဝေးကွာနေရတယ်ဆိုရင်တောင် ဒီနေ့လို ထူးခြားတဲ့နေ့လေးမှာတော့ အမေ့အတွက် အချိန်လေး သီးသန့်ပေးလိုက်ကြရအောင်နော်။ 💙
ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ချစ်ရတဲ့ မိသားစုဝင်တွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝခရီးလမ်းကို ထာဝရလျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
မေတ္တာဖြင့် FARY TAXI × Drive with FARY
#အမေ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 115, Waizayandar Garden Housing , Waizayandar Main Road, Mi Kyaung Kan (1) Ward , Thingangyun Township, Yangon
Thingangyun
11201