Flymya

Flymya

Share

Quick & Easy travel in Myanmar. Book Flights, Buses, Hotels & Balloon with Flymya.com. Website & Mobile App
2.

Flymya.com began with a simple mission: to make travel easier, more transparent, and more connected for everyone in Myanmar. Launched in 2015 in Yangon, we saw a need to modernize how people book flights, hotels, and local experiences in a market where digital travel solutions were still in their early stages. Since then, Flymya has grown into Myanmar’s leading online travel agency, trusted by mil

26/05/2026

ပြည်တွင်း၊ ပြည်ပ ကြိုက်တဲ့ လေယာဉ်လက်မှတ်ဝယ်ယူတာနဲ့ ၁၀,၀၀၀ ကျပ်လျှော့ဈေး ဒါမှမဟုတ် Flymya Tote Bag နဲ့ Calendar ကို လက်ဆောင်ရယူနိုင်တယ်ဆိုတာ သိပြီးပြီလား…?

ဇွန်လ ၁၅ ရက်နေ့အထိ ပေးသွားမဲ့ Flymya ရဲ့ ၁၀,၀၀၀ ကျပ် လျှော့ဈေးက ဘယ်လေယာဉ်ခရီးစဉ်အတွက်မဆို အကျုံးဝင်မှာဖြစ်ပြီး ပထမဆုံးဝယ်ယူတဲ့ အယောက် ၅၀ အတွက်သာ ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်ဝယ်ယူမှုတိုင်းအတွက် ၁၀,၀၀၀ ကျပ်လျှော့ဈေး ဒါမှမဟုတ် Flymya Tote Bag နဲ့ Calendar နှစ်ခုထဲက ကြိုက်နှစ်သက်ရာကို လက်ဆောင်ပေးသွားဦးမှာပါ။

အသုံးပြုသူတစ်ဦးအတွက် တစ်ကြိမ်ခံစားခွင့်ရရှိမှာဖြစ်ပြီး ဝယ်ယူရရှိနိုင်တဲ့ နေရာများအနေနဲ့…
🔹Yangon Head Office
🔹Junction City ဆိုင်ခွဲ
🔹Myanmar Plaza ဆိုင်ခွဲ
🔹Hledan Centre ဆိုင်ခွဲ
🔹မန္တလေးရုံးခွဲ များမှာ ဝယ်ယူရရှိနိုင်မှာပါ။

အယောက် ၅၀ ပဲ ခံစားခွင့်ရရှိမှာဖြစ်လို့…အမြန်ဆုံးရယူနိုင်ဖို့ Flymya ရုံးချုပ်နဲ့ ဆိုင်ခွဲတွေမှာ အခုပဲဝယ်ယူလိုက်တော့နော်…။

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [IOS]
📨 Email: [[email protected]]

Photos from Flymya's post 26/05/2026

ရန်ကုန်နဲ့ မန္တလေးမှာ မဟုတ်နေလို့ Flymya ကနေ လေယာဉ်လက်မှတ်၊ ကားလက်မှတ်ဝယ်ဖို့၊ ဟိုတယ်ဘွတ်ကင် ပြုလုပ်ဖို့ ခက်ခဲနေမလားဆိုပြီး စိတ်ပူနေလား?

တကယ်တော့ စိတ်ပူနေစရာ မလိုပါဘူး။ မြန်မာပြည်အနှံ့ ဘယ်နယ်မြို့၊ ဘယ်ဒေသမှာပဲရှိရှိ... အင်တာနက်ရှိရုံ၊ ဖုန်းတစ်လုံးရှိရုံနဲ့ Flymya App ဒါမှမဟုတ် Website ကနေ မိနစ်ပိုင်းအတွင်း လက်မှတ်တွေနဲ့ ဘွတ်ကင်တွေကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

အပြင်သွားပြီး လက်မှတ်ဖြတ်၊ ဈေးနှုန်းတွေ စုံစမ်းစရာမလိုဘဲ အိမ်ကနေ သက်သောင့်သက်သာနဲ့ ဈေးနှုန်းနှိုင်းယှဉ်ပြီး လက်မှတ်ဖြတ်လိုက်ရုံပဲမို့… လွယ်ကူစွာနဲ့ ခရီးစဉ်တွေကို စီစဉ်နိုင်မှာပါ။

App နဲ့ Website အသုံးပြုဖို့ အဆင်မပြေဖြစ်နေသူများအတွက်လည်း Flymya page Messenger မှာ ဆက်သွယ်စုံစမ်းနိုင်သလို၊ Hotline ဖုန်းနံပါတ် [ +95 9 880 441 011 ] ကို ဆက်သွယ်လိုက်ရုံနဲ့ Flymya က ၂၄ နာရီ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးသွားမှာပါ။

နယ်က ခရီးသွားမိဘပြည်သူတွေအတွက် Flymya မှာ လက်မှတ်အလွယ်တကူ ဖြတ်နိုင်မဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်…။

၁။ ခရီးစဉ်နှင့် ဟိုတယ် ရှာဖွေပါ
🔍 Flymya App (သို့မဟုတ်) www.flymya.com သို့ ဝင်ပါ။
မိမိသွားချင်တဲ့ "ထွက်ခွာမဲ့မြို့" နဲ့ "ရောက်ရှိမဲ့မြို့" ကို ရွေးချယ်ပါ။
သွားမဲ့ရက်စွဲကို ရွေးပြီး ရှာဖွေလိုက်တာနဲ့ ရရှိနိုင်မဲ့ လေယာဉ်လိုင်း၊ အဝေးပြေးကားလိုင်းတွေရဲ့ အချိန်ဇယားနဲ့ ဈေးနှုန်းတွေအပြင် တည်းခိုမဲ့ ဟိုတယ်တွေကိုပါ တစ်နေရာတည်းမှာ နှိုင်းယှဉ်ဖော်ပြပေးသွားမှာပါ။

၂။ ခရီးသည်အချက်အလက် ဖြည့်စွက်ပါ
📝 မိမိနှစ်သက်တဲ့ အချိန်နဲ့ ခရီးစဉ်ကို ရွေးချယ်ပြီးရင်တော့ ခရီးသွားမဲ့သူရဲ့ နာမည်၊ ဖုန်းနံပါတ်နဲ့ လိုအပ်တဲ့ အချက်အလက်တွေကို သေချာစွာ ဖြည့်စွက်ပေးရပါမယ်။

၃။ နယ်ကနေလည်း အလွယ်တကူ ငွေပေးချေပါ
📱 အားလုံးပြီးရင်တော့ ငွေပေးချေဖို့အတွက် ရန်ကုန်၊ မန်းလေးမှာ ရှိနေဖို့ မလိုပါဘူး။
နယ်မြို့တွေမှာ အသုံးများတဲ့ KBZPay, WavePay, CB Pay, AYA Pay စတဲ့ Payment တွေနဲ့ Mobile Banking တွေအပြင် Visa, MasterCard တို့နဲ့ပါ အိမ်ကမထွက်ဘဲ စက္ကန့်ပိုင်းအတွင်း ငွေပေးချေမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ပါတယ်။

💸 ငွေချေပြီးရင် လက်မှတ်က ဘယ်လိုရမှာလဲ?
ငွေပေးချေမှု အောင်မြင်တာနဲ့ ကိုယ်ဖြည့်ခဲ့တဲ့ ဖုန်းနံပါတ် (သို့မဟုတ်) Email ထဲကို E-Ticket (Electronic Ticket) ချက်ချင်း ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ကားဂိတ် ဒါမှမဟုတ် လေဆိပ်ရောက်တဲ့အခါ အဲဒီ E-Ticket လေးကို ဖုန်းထဲကနေ ပြရုံနဲ့ ခရီးစဉ်ကို စိတ်အေးချမ်းသာစွာ တက်ရောက်စီးနင်းနိုင်ပါပြီ။ ရုံးခန်းတွေ၊ ဂိတ်တွေကို သွားပြီး လက်မှတ်စာရွက် ယူနေစရာ လုံးဝမလိုပါဘူးနော်။ ကားဂိတ်မှာ ကားလက်မှတ်ဖြတ်ရခက်တဲ့ နယ်မြို့တွေအတွက်တော့ တကယ့်ကို အဆင်ပြေစေမှာပါ။

"ဘယ်မြို့မှာပဲရှိရှိ၊ ဘယ်ဒေသကပဲဖြစ်ဖြစ် ခရီးသွားဖို့ Flymya ရှိတယ်ဆိုတာ မမေ့နဲ့နော်…"

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [IOS]
📨 Email: [[email protected]]

Photos from Flymya's post 25/05/2026

Eid ရုံးပိတ်ရက်မှာ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ မိတ်ဆွေတို့အတွက် Flymya ကနေ "Eid Holiday Flash Sale" အစီအစဉ်ကို တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ (၃ ရက်တာ သီးသန့်) ပြုလုပ်ပေးသွားတော့မှာပါ။

ခရီးစဉ်တစ်ခုလုံးအတွက် လိုအပ်တဲ့ လေယာဉ်လက်မှတ်၊ ဟိုတယ် တည်းခိုခန်းကအစ ခရီးသွားအသုံးအဆောင်တွေအဆုံး တစ်နေရာတည်းမှာ တပြိုင်နက်တည်း လျှော့ဈေးတွေ အပြတ်အသတ် ရယူနိုင်မဲ့ အခွင့်အရေးကြီးမှာ...

✈️ လေယာဉ်လက်မှတ်ဝယ်ယူမှုတိုင်းအတွက် ၂၀,၀၀၀ ကျပ် တိတိ လျှော့ဈေး
🏨 ဟိုတယ်ဘွတ်ကင်လုပ်တိုင်းအတွက် ၂၀,၀၀၀ ကျပ် တိတိ လျှော့ဈေး
🛡️ ခရီးသွားအာမခံဝန်ဆောင်မှုအတွက် ၂၀% အထူးလျှော့ဈေး
📶 SIM / Data ဝန်ဆောင်မှုများအတွက် ၂၀% အထူးလျှော့ဈေး
🚙Car Rental နဲ့ Bus Ticket ဝန်ဆောင်မှုများအတွက် ၂၀% အထူးလျှော့ဈေး
📃visa ဝန်ဆောင်မှုနဲ့ Tour Package ဝန်ဆောင်မှုများအတွက် ၂၀% အထူးလျှော့ဈေး
🚙 လေဆိပ်အကြို၊အပို့ နဲ့ VIP Services ဝန်ဆောင်မှုများအတွက် ၂၀% အထူးလျှော့ဈေး တွေကို ဝေဝေဆာဆာပေးအပ်သွားမှာပါ။

မေလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ၃ ရက်တည်းပဲပေးမဲ့ Flash Sale မို့ အမြန်လက်ဦးနိုင်ဖို့ အခုပဲ Flymya မှာ ခရီးစဉ်တွေ စတင် Book လုပ်လိုက်တော့နော်...။

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [IOS]
📨 Email: [[email protected]]

25/05/2026

KBZPay မှာ လေယာဉ်လက်မှတ်ဝယ်တာနဲ့ ၅၀၀၀ ကျပ်လျှော့ဈေးရမဲ့ အခွင့်အရေးလာပြီနော်…

မေလကုန် ဇွန်လအစထဲမှာ အလည်အပတ်ခရီးသွားဖို့ ရှိလား?

ဒါမှမဟုတ် အလုပ်ကိစ္စနဲ့ အရေးတကြီး ခရီးသွားဖို့ရော ရှိလား?

ဘယ်ကိုပဲသွားသွား၊ Flymya ရှိရင် စိတ်ပူစရာမလိုတော့ဘူးနော်။

အခုဆိုရင် KBZPay App ထဲက Flymya Mini-App ( https://bit.ly/4uA2pU0 ) မှာ ပြည်တွင်း ၊ပြည်ပ လေယာဉ်လက်မှတ် (One Way ပဲဖြစ်ဖြစ်၊ Round Trip ပဲဖြစ်ဖြစ်)ကို Promo Code - “KBZPAY5K” ရိုက်ထည့်ပြီး ဝယ်ယူလိုက်ရုံနဲ့ ချက်ချင်း ၅,၀၀၀ ကျပ် Discount ရရှိမှာပါ။

User တစ်ယောက်ကို တစ်ကြိမ်အသုံးပြုခွင့်ရရှိမှာဖြစ်ပြီး ကြိုက်နှစ်သက်ရာ လေယာဉ်လက်မှတ် ဝယ်ယူရုံနဲ့ ၅,၀၀၀ ကျပ် Discount ချက်ချင်းရရှိမှာဖြစ်လို့…

၂၀၂၆ မေလ (၂၅) ရက်ကနေ ဇွန်လ (၃) ရက်နေ့အထိ (၁၀) ရက်တည်းပေးသွားမဲ့ လျှော့ဈေးကို အမြန်သိမ်းပိုက်ဖို့တော့ လိုမယ်နော်…။

Promo Code ကို KBZPay ထဲက Hot Offers ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အရေအတွက် အကန့်အသတ်ရှိတာဖြစ်လို့ အမြန်ဝယ်ယူပြီး လျှော့ဈေးရယူနိုင်ဖို့…

အခုပဲ KBZPay ထဲက Flymya မှာ လက်မှတ်ဖြတ်ပြီး ခရီးထွက်ဖို့ ပြင်ဆင်လိုက်ပါ။

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [IOS]
📨 Email: [[email protected]]

Photos from Flymya's post 23/05/2026

ခရီးသွားချင်စိတ်က တားမရအောင် ပြင်းပြနေပေမဲ့ ကိုယ့်ရဲ့ ဘတ်ဂျက် အကန့်အသတ်ကြောင့် လက်တွန့်နေမိသလား?

ခရီးသွားခြင်းဆိုတာ ငွေကြေးအမြောက်အမြား အသုံးချနိုင်မှ ပျော်စရာကောင်းတာမျိုး မဟုတ်ပါဘူး။ တကယ်တော့ အစီအစဉ်တကျနဲ့ စမတ်ကျကျ စီမံတတ်မယ်ဆိုရင် ငွေကုန်ကြေးကျ သက်သက်သာသာနဲ့လည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှတဲ့ ကိုယ့်ရဲ့ အိပ်မက်ခရီးစဉ်တွေကို ပုံဖော်လို့ ရနိုင်ပါတယ်။

ဒီနေ့မှာတော့ ဘတ်ဂျက်ကို အထိရောက်ဆုံး ချွေတာရင်း ခရီးစဉ်ရဲ့ အရသာကို အပြည့်အဝ ခံစားနိုင်မဲ့ ခရီးသွားအသစ် (Beginner) တိုင်းအတွက် လျှို့ဝှက်ချက် (၃) ခုကို မျှဝေပေးချင်ပါတယ်။

📅 Off-Peak Season ကို ရွေးချယ်ပါ
လူတိုင်း သွားကြတဲ့ ပွဲတော်ရက်တွေ ဒါမှမဟုတ် ခရီးသွား ရာသီအကြိတ်အနယ် (Peak Season) မျိုးကို ရှောင်ပြီး ခရီးသွားနည်းတဲ့ ကာလ (Off-Peak Season) မျိုးကို ရွေးချယ်လိုက်ပါ။ ဒီအချိန်မှာ လေယာဉ်လက်မှတ်၊ ကားလက်မှတ်တွေနဲ့ ဟိုတယ်အခန်းခတွေဟာ ပုံမှန်ထက် ထက်ဝက်နီးပါး သက်သာနေတတ်တာမို့ ကိုယ့်ရဲ့ ဘတ်ဂျက်ကို အများကြီး အသက်ရှူချောင်စေပါလိမ့်မယ်။

🍜 ဒေသခံတွေ စားလေ့ရှိတဲ့ဆိုင်များကို ရှာဖွေပါ
ခရီးသွားဇုန်တွေထဲက ဆိုင်ကြီးကနားကြီးတွေမှာ စားသောက်မဲ့အစား ဒေသခံတွေ အမြဲအားပေးလေ့ရှိတဲ့ လမ်းဘေးအစားအသောက်တန်း (Street Food) တွေ ဒါမှမဟုတ် ရိုးရာဆိုင်လေးတွေဆီ ဦးတည်လိုက်ပါ။ ဒါက ငွေကုန်ကြေးကျ သက်သာစေရုံတင်မကဘဲ ကိုယ်ရောက်နေတဲ့ ဒေသရဲ့ စစ်မှန်တဲ့ ဒေသထွက် အစားအသောက် အရသာကို အမိအရ ခံစားနိုင်မဲ့ အကောင်းဆုံး အဖော်မွန်ပါပဲ။

🚌 အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အသုံးချပါ
အဆင်သင့် တက္ကစီတွေကို စင်းလုံးငှား စီးမဲ့အစား ဒေသတွင်းက အဝေးပြေးဘတ်စ်ကား၊ ရထား သို့မဟုတ် ဆိုင်ကယ်ကယ်ရီ စတာတွေကို လေ့လာပြီး စီးနင်းကြည့်ပါ။ အများပြည်သူသုံး လမ်းကြောင်းတွေကို အသုံးချခြင်းက သွားလာစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်မဲ့အပြင် ဒေသခံတွေရဲ့ နေထိုင်မှု ဘဝပုံစံကိုလည်း အနီးကပ် မြင်တွေ့ခွင့်ရစေပါတယ်။

ကိုယ့်ရဲ့ ခရီးစဉ်ကို ငွေကုန်ကြေးကျ အသက်သာဆုံးနဲ့ စိတ်အေးချမ်းသာစွာ စတင်နိုင်ဖို့ဆိုရင် အဓိက သော့ချက်ကတော့ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခြင်းပါပဲ။

လေယာဉ်လက်မှတ်၊ အဝေးပြေးကားလက်မှတ်ကအစ စိတ်ချရတဲ့ ဟိုတယ် Booking အဆုံး အားလုံးကို တစ်နေရာတည်းမှာ နှိုင်းယှဉ်ပြီး အလွယ်တကူ ရှာဖွေနိုင်ဖို့ Flymya က အမြဲအဆင်သင့် ရှိနေပါတယ်။

ဒီနေ့မှာပဲ ကိုယ့်ရဲ့ ဘတ်ဂျက်သက်သာပြီး ပျော်စရာကောင်းမဲ့ ခရီးစဉ်အသစ်ကို Flymya နဲ့အတူ ယုံကြည်မှုအပြည့်နဲ့ စတင်ပုံဖော်လိုက်ရအောင်။

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [IOS]
📨 Email: [[email protected]]

22/05/2026

မြန်မာနိုင်ငံရဲ့ Leading Travel Company ဖြစ်တဲ့ Flymya မှာ အတူတူလက်တွဲလုပ်ကိုင်ရင်း အောင်မြင်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ရင်း ခရီးသွားကဏ္ဍမှာ တစ်ထောင့်တစ်နေရာက ပါဝင်ချင်တယ်ဆိုရင်တော့ အခုပဲ Apply လုပ်ဖို့မမေ့နဲ့နော်။

လျှောက်ထားနိုင်သော ရာထူးများ
🔹Corporate Travel & Ticketing Agent
🔹Sales & Customer Service Associate [Ticketing Agent - Yangon Head Office]
အလုပ်လျှောက်ရန်: https://www.notion.so/flymya/Careers-at-Flymya-2c766e943d3a8089a0fff22b320b272d

Photos from Flymya's post 22/05/2026

"ရန်ကုန်မှာ Long Stay နေဖို့ ဟိုတယ်ရှာရတာ ပင်ပန်းလိုက်တာ သူငယ်ချင်းရယ်... လိုက်စုံစမ်းကြည့်တာ တစ်ခုမှလည်း အဆင်မပြေဘူး"

"ဟယ်... ဟုတ်လို့လား။ ကိုယ်နေမဲ့နေရာဆိုတော့ သေချာလေး ရွေးချယ်ရမှာပေါ့။ ဒါနဲ့ နင်ဘယ်လိုနေရာမျိုး ရှာနေတာလဲ?"

"အဓိကကတော့ အနည်းဆုံး (၁) လလောက် နေမှာဆိုတော့ အခန်းထဲမှာ အသုံးအဆောင်စုံရမယ်၊ ပြီးတော့ ကိုယ့်အိမ်လိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ အေးအေးချမ်းချမ်း ရှိချင်တာ။"

"အာ့ဆိုရင်တော့ အခုပြောပြမဲ့နေရာလေးတွေကို Flymya မှာ တစ်ချက်ကြည့်ကြည့်လိုက်ပါလား။ တစ်လစာ Long Stay တွေအတွက် ဝန်ဆောင်မှုရော နေရာရော တကယ်မိုက်တာတွေ ရှိတယ်"

အင်းလျားကန်ဘေးမှာ အေးအေးဆေးဆေးနဲ့ Premium ဆန်ဆန် နေချင်ရင်တော့ Inya Lake Hotel နဲ့ Lotte Service Apartment ဒါတွေက အကောင်းဆုံးပဲ။

River View ကို ခံစားရင်း စတိုင်ကျကျ နေချင်တယ်ဆိုရင် Zealax Hotel & Residence ကို စဉ်းစား။

မြို့ထဲရော မြို့ပြင်ရော သွားရလာရတာ တကယ်လွယ်တဲ့ အချက်အချာကျတဲ့နေရာကိုမှ ကြိုက်ရင် Mercure Yangon Kaba Aye နဲ့ Hotel Parami မှာလည်း နေလို့ရတယ်။

ဆိတ်ငြိမ်ပြီး ကိုယ့်အိမ်လိုမျိုး သက်သောင့်သက်သာ ရှိချင်ရင် Yangon Thanlwin Hotel နဲ့ Spring Line Hotel မှာ နေပေါ့...။

ရန်ကုန်မြို့လယ်ခေါင်နဲ့ ကန်တော်ကြီးနားမှာ နေချင်ရင်တော့ Best Western (Chinatown & Green Hill) ဒါတွေက တကယ့်ကို အဆင်ပြေတယ်။

ရိုးရိုးရှင်းရှင်းနဲ့ အေးအေးချမ်းချမ်းလေး နေချင်ရင်တော့ T Hotel ကလည်း ရေရှည်နေဖို့အတွက် ကောင်းတဲ့နေရာတစ်ခုပဲ သူငယ်ချင်း...။

"ဟုတ်လား...? အာ့တာဆို ငါက Flymya ကို ဘယ်လိုဆက်သွယ်ရမှာလဲ...?"

"ဒါများ လွယ်လွယ်လေး သူငယ်ချင်းရယ်... Facebook မှာ Flymya ဆိုပြီး ရိုက်ရှာလိုက်တာနဲ့ ထိပ်ဆုံးမှာ ပေါ်လာတဲ့ Flymya page မှာ ဆက်သွယ်ပြီးလည်း ဘွတ်ကင်တင်လို့ရတယ်...။

မရှာချင်လည်း နင် Flymya ရဲ့ (၂၄) နာရီ ဝန်ဆောင်မှုပေးနေတဲ့ Hotline No: +95 9 880 441 011 ကိုသာ ဆက်လိုက်... အကုန်အဆင်ပြေသွားလိမ့်မယ် သူငယ်ချင်း..."

"ဒါများ စောစောက မပြောဘူး သူငယ်ချင်းရယ်..."

"အခုနင်သိသွားပြီမလား... Flymya ကို အခုပဲ ဆက်သွယ်ပြီး နင့်ခက်ခဲနေတဲ့ Hotel Long Stay ကိစ္စကို ဖြေရှင်းလိုက်တော့..."

ရန်ကုန်မှာ Long Stay နေဖို့ Hotel ရှာနေတယ်ဆို Flymya ကိုသာ စိတ်ချလက်ချနဲ့ ဆက်သွယ်လိုက်နော်...။

✨ Flymya နဲ့ဆို ခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hotline: +95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [iOS]
📨 Email: [[email protected]]

Photos from Flymya's post 21/05/2026

တရုတ်သွားမလား? မလေးရှားသွားမလား?
မိသားစု၊ သူငယ်ချင်းတွေနဲ့ အလည်သွားဖို့ပဲဖြစ်ဖြစ် ပညာရေး၊ ကျန်းမာရေး ဒါမှမဟုတ် အလုပ်ကိစ္စတွေအတွက် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့နဲ့ မလေးရှားနိုင်ငံ ပီနန်းမြို့ကို သွားလာဖို့ စီစဉ်နေသူတွေအတွက် Myanmar Airways International (MAI) ကနေ လေယာဉ်လက်မှတ်မရတာမျိုးကို စိတ်ပူစရာမလိုအောင် ထပ်တိုးပျံသန်းပေးသွားတော့မှာပါ။

ကွမ်ကျိုးခရီးစဉ်တွေအတွက် အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ တနင်္ဂနွေနေ့များမှာ ထပ်တိုးပျံသန်းပြေးဆွဲသွားမှာဖြစ်လို့ ယခင်ထက် ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။

ပီနန်းခရီးစဉ်တွေအတွက် အပတ်စဉ် တနင်္လာ၊ ကြာသပတေးနဲ့ စနေနေ့များမှာ ထပ်တိုးပျံသန်းပြေးဆွဲသွားမှာဖြစ်လို့ တရုတ်ကိုပဲသွားသွား… မလေးရှားကိုပဲသွားသွား ပိုမိုလွယ်ကူစွာ သွားလာနိုင်တော့မှာပါ။

စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ဖို့အတွက် လိုအပ်တဲ့ လေယာဉ်လက်မှတ်တွေကို Flymya App, Website, Facebook Messenger, Hotline No. [+ 95 9 880 441 011] တို့ကို ဆက်သွယ်စုံစမ်းပြီး အလွယ်တကူ ဝယ်ယူလိုက်တော့နော်။

Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့ ✨
📞 Hotline: + 95 9 880 441 011
🌐 Website: [www.flymya.com]
📲 Download our app: [Android] & [IOS]
📧 Email: [[email protected]]

21/05/2026

"ခရီးသွားရတာလည်း ဝါသနာပါတယ်၊ ဒါပေမဲ့ ခရီးသွားတိုင်းအကျိုးခံစားခွင့်ရပြီး ပိုပြီးတန်အောင် သွားချင်တယ်" ဆိုတဲ့ ခရီးသွားချစ်သူတွေအတွက် Flymya မှာ Loyalty Program ရှိနေပြီနော်။

လေယာဉ်လက်မှတ်ပဲဖြတ်ဖြတ်၊ ဟိုတယ်ပဲဘွတ်ကင်လုပ်လုပ် ကိုယ်သုံးလိုက်တဲ့ ငွေတိုင်းက ပွိုင့်တွေအဖြစ် ပြန်ရောက်လာပြီး နောက်တစ်ခေါက် ခရီးစဉ်တွေအတွက် "လျှော့ဈေး" အဖြစ် ပြန်သုံးလို့ရမှာပါ။
ဒီအစီအစဉ်က ဘယ်လိုအလုပ်လုပ်တာလဲ? ပွိုင့်တွေဘယ်လိုစုရမလဲ? ဆိုတာ သိချင်နေကြတဲ့ အချက်အလက်အစုံအလင်ကို တစ်စုတစ်စည်းတည်း ရှင်းပြပေးလိုက်ပါတယ်...။

Q1: Flymya Loyalty Program ဆိုတာ ဘာလဲ? ဘယ်လိုပါဝင်ရမလဲ?
A: Flymya ကနေ ဝန်ဆောင်မှုတွေ ဝယ်ယူသူတိုင်းအတွက် ပွိုင့်တွေပြန်ပေးပြီး လျှော့ဈေးပြန်ရယူနိုင်တဲ့ စနစ်ပါ။ ပါဝင်ဖို့အတွက် သီးသန့် Register လုပ်စရာမလိုဘဲ Flymya Account ရှိရုံ၊ OTP Confirm လုပ်ထားရုံ ဒါမှမဟုတ် ဘွတ်ကင် တစ်ကြိမ်လုပ်ဖူးရုံနဲ့တင် အလိုအလျောက် အဖွဲ့ဝင် ဖြစ်သွားပါပြီ။

Q2: ပွိုင့်တွေက ဘယ်လိုရတာလဲ? သက်တမ်းကုန်မှာလား?
A: ဘွတ်ကင်လုပ်ပြီး ငွေပေးချေမှု အောင်မြင်တိုင်း သုံးစွဲတဲ့ပမာဏပေါ် မူတည်ပြီး ပွိုင့်တွေ ရမှာပါ။ ပွိုင့်တွေဟာ ဘယ်တော့မှ သက်တမ်းမကုန်ပါဘူး။ အကောင့်ရှိနေသရွေ့ အေးဆေးစုထားလို့ ရပါတယ်။

Q3: လျှော့ဈေးကူပွန် တစ်ခုရဖို့ ပွိုင့်ဘယ်လောက် လိုအပ်သလဲ?
A: ကူပွန်အမျိုးအစားပေါ် မူတည်ပြီး လိုအပ်တဲ့ ပွိုင့်တွေကတော့ -
🏨 ဟိုတယ်ကူပွန် - ၃၀ ပွိုင့်
🚌 ဘတ်စ်ကား/ကားငှား - ၆၀ ပွိုင့်
📄 ဗီဇာ/အာမခံ - ၇၅ ပွိုင့်
🌍 ခရီးစဉ်ပက်ကေ့ချ် - ၁၅၀ ပွိုင့်
✈️ လေယာဉ်လက်မှတ် - ၃၀၀ ပွိုင့်

Q4: လဲလှယ်ထားတဲ့ ကူပွန်ကို ဘယ်လိုအသုံးပြုရမလဲ? (Online & Offline)
A: နည်းလမ်း (၂) မျိုးနဲ့ အသုံးပြုနိုင်ပါတယ် -
Online: App (သို့) Website မှာ ဘွတ်ကင်လုပ်တဲ့အခါ ငွေမပေးချေမီ ကူပွန်ကို ရွေးချယ်ထည့်သွင်းပြီး ချက်ချင်းလျှော့ဈေး ယူနိုင်ပါတယ်။
Offline: Flymya Customer Service Team ဆီကို ဆက်သွယ်ပြီး ကိုယ့်မှာရှိတဲ့ ကူပွန်ကို အသုံးပြုချင်ကြောင်း ပြောကြားပြီး ထည့်သွင်းခိုင်းနိုင်ပါတယ် (ကူပွန်ကို ကြိုတင် Claim ထားဖို့တော့ လိုအပ်ပါတယ်)။

Q5: လဲထားတဲ့ ကူပွန်ကရော သက်တမ်းရှိလား? တခြား Promo Code နဲ့ တွဲသုံးလို့ရလား?
A: လဲလှယ်ထားတဲ့ ကူပွန်တွေကတော့ (၆) လအတွင်း သုံးရမှာပါ။ Special အချက်ကတော့ Loyalty ကူပွန်ကို တခြား Marketing Promo Code တွေနဲ့ပါ တွဲသုံးလို့ရလို့ လျှော့ဈေး (၂) ထပ် ရနိုင်ပါတယ်။

Q6: ဘွတ်ကင်ဖျက်လိုက်ရင် ကူပွန် (သို့) ပွိုင့်တွေ ပြန်ရမလား?
A: ကူပွန်ကိုတော့ ငွေသားပြန်အမ်းပေးခြင်း မရှိပါဘူး။ ဒါပေမဲ့ ကူပွန်သုံးထားတဲ့ ဘွတ်ကင်က Refund ရနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကူပွန်တန်ဖိုးနဲ့ညီတဲ့ ပွိုင့်တွေကို အကောင့်ထဲ ပြန်ထည့်ပေးပါတယ် (အဲ့ဒီပွိုင့်တွေနဲ့ ကူပွန်အသစ် ပြန်လဲလို့ ရပါတယ်)။

Q7: Promo Code (သို့) ကူပွန် သုံးလို့မရဖြစ်နေရင် ဘာကြောင့်လဲ?
A: အချက် (၄) ချက်ကြောင့် ဖြစ်နိုင်ပါတယ် -
၁။ ကူပွန်သက်တမ်း ကုန်သွားခြင်း။
၂။ ဝန်ဆောင်မှုအမျိုးအစား မကိုက်ညီခြင်း (ဥပမာ - လေယာဉ်ကူပွန်ကို ဟိုတယ်မှာ သွားသုံးခြင်း)။
၃။ ကူပွန်ကို အသုံးပြုပြီးသား ဖြစ်နေခြင်း။
၄။ အကောင့်ထဲကို Log-in မဝင်ထားခြင်း။

Q8: Tier Level (အဆင့်) တွေကရော ဘယ်လိုလဲ?
A: ကိုယ့်ရဲ့ Tier အဆင့်ကတော့ အဖွဲ့ဝင်ဖြစ်တဲ့နေ့ကစလို့ ၁၂ လပြည့်တိုင်း Reset လုပ်ပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်း ကိုယ်လုပ်ခဲ့တဲ့ ဘွတ်ကင်ပမာဏ စုစုပေါင်းအပေါ် မူတည်ပြီး Tier အဆင့်ကို ပြန်လည်သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ပွိုင့်တွေကို တခြားသူထံ လွှဲပြောင်းပေးလို့ မရသေးပါဘူး။ အကောင့်ပိုင်ရှင် ကိုယ်တိုင်ပဲ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

အခုပဲ Flymya မှာ ဘွတ်ကင်လုပ်ရင်း ပွိုင့်တွေစု၊ လျှော့ဈေးတွေနဲ့အတူ "ကိုယ့်" ရဲ့ ခရီးစဉ်တွေကို စတင်လိုက်ပါ။

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [IOS]
📨 Email: [[email protected]]

20/05/2026

ကိုယ်က ကျောင်းသား၊ ကျောင်းသူ တစ်ယောက်လား?
ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်လား?
ဆေးကုသမှုအတွက် နိုင်ငံခြားသွားလိုသူလား?
Panel Discussion ကို စိတ်ဝင်စားသူလား?
ဒါမှမဟုတ် မလေးရှားနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေလိုသူလား?

ဒီလိုအခွင့်အလမ်းကောင်းတွေအားလုံးကို တစ်နေရာတည်းမှာ လေ့လာနိုင်မဲ့ Malaysia Myanmar Business Chamber Trade Fair 2026 (MMBCTF26)ပွဲကြီးမှာ Flymya က Silver Sponsorship and Tote Bag Sponsorship အဖြစ် ပါဝင်အားဖြည့်ပေးသွားမှာပါ။

မေလ 23 & 24 မှာကျင်းပသွားတော့မဲ့ ဒီပွဲကြီးမှာ ကိုယ့်ရဲ့ ခရီးစဉ်တွေကို စမတ်ကျကျ စီစဉ်ဖို့၊ အထူးပရိုမိုးရှင်းတွေကို ရယူနိုင်ဖို့ Melia Hotel Yangon, Grand Ballroom မှာရှိတဲ့ FlyMya Booth ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

အထူးအစီအစဉ်များအနေနဲ့…
FlyMya မှာ အကောင့်သစ်ဖွင့်ရုံနဲ့ 20,000 MMK တန် Gift Voucher ချက်ချင်းရရှိမဲ့အပြင် ဆုလက်ဆောင်များစွာ သိမ်းပိုက်နိုင်မဲ့ Spinwheel လှည့်ကံစမ်းခွင့် အစီအစဉ်မှာ ပါဝင်ကံစမ်းခွင့်ရရှိမှာဖြစ်ပြီး…

မလေးရှားခရီးစဉ်အတွက် လေယာဉ်လက်မှတ် တစ်ဦးလျှင် 20,000 MMK လျှော့ဈေးနဲ့ ဟိုတယ် Booking အတွက် တစ်ဦးလျှင် 10% (Up to 30,000 MMK) အထိ အထူး Promotion များကိုလည်း ပေးအပ်သွားမှာပါ။

ဒါ့အပြင် Flymya နဲ့ မလေးရှားလက်မှတ်ဖြတ်သူတွေအတွက် (၁၅) ပိုင်းဆိုင်ရမဲ့ အထူးအခွင့်အရေးကြီးလည်း ရှိနေပါသေးတယ်။

မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ နှစ်ရက်တိုင်တိုင် Melia Hotel, Grand Ballroom မှာ ကျင်းပသွားမှာဖြစ်လို့…
Flymya နဲ့အတူ ခရီးသွားလက်ဆောင်ရယူနိုင်ဖို့ Flymya Booth လေးကို လှမ်းလာပြီး လာရောက်လေ့လာဖို့ မမေ့နဲ့နော်…။

✨ Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hot Line: + 95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [iOS]
📨 Email: [[email protected]]

Photos from Flymya's post 20/05/2026

တစ်ရွေ့ရွေ့သွားနေတဲ့ တိမ်တိုက်တွေကို ငေးကြည့်ရင်း... ကိုယ့်ရဲ့ ပတ်စပို့စာအုပ်လေးကို နောက်ဆုံးဘယ်တုန်းက ဖွင့်ကြည့်ခဲ့လဲဆိုတာ ပြန်တွေးမိဖူးပါသလား…?

နေ့စဉ်ဖြတ်သန်းနေရတဲ့ အလုပ်ကိစ္စတွေ၊ ထပ်တလဲလဲ ဖြစ်နေတဲ့ ဘဝရဲ့ စည်းချက်တွေကြားထဲမှာ ကျွန်တော်တို့အားလုံးဟာ ရင်ခုန်သံအသစ်တွေကို တိတ်တဆိတ် တောင့်တမိတတ်ကြပါတယ်။

"တစ်နေ့နေ့တော့ ငါ အဲဒီနေရာကို အရောက်သွားမယ်" လို့ စိတ်ကူးယဉ်ခဲ့တဲ့ မြေပုံပေါ်က အမှတ်အသားလေးတွေဟာ အချိန်တွေ ဘယ်လောက်ပဲ ကြာပါစေ... ရင်ထဲမှာတော့ အမြဲတမ်း လတ်ဆတ်နေတုန်းပါပဲ။

ဖုန်းခေါ်သံတွေ၊ အီးမေးလ်တွေနဲ့ ကွန်ပျူတာ Screen တွေကို ခဏလောက် ပိတ်ထားလိုက်ပါ။ ပတ်စပို့လေးကို အိတ်ထဲထည့်၊ ချစ်ရတဲ့သူတွေရဲ့ လက်ကိုတွဲပြီး လေယာဉ်ပေါ် တက်လိုက်ရတဲ့ အခိုက်အတန့်မှာ စတင်ရရှိမဲ့ လွတ်လပ်မှုဟာ ဘာနဲ့မှ နှိုင်းလို့မရတဲ့ စိတ်လှုပ်ရှားမှုပါပဲ။

ဒီတစ်ခေါက်တော့ စိတ်ကူးထဲမှာပဲ သိမ်းမထားတော့ဘဲ ကိုယ့်ရဲ့ ဇာတ်လမ်းအသစ်ကို Flymya ရဲ့ အထူးစီစဉ်ထားတဲ့ ပြည်ပ Tour Packages တွေနဲ့အတူ တကယ်ဖြစ်အောင် ဖန်တီးလိုက်ရအောင်…။

🛍️ ဘန်ကောက် - ပတ္တရား (၃ ညအိပ် ၄ ရက် ခရီးစဉ်)
မီးရောင်စုံအောက်က အဝယ်တော်တွေရဲ့ ကမ္ဘာဖြစ်တဲ့ ဘန်ကောက်မြို့ရဲ့ Shopping အလှအပတွေနဲ့ ညဘက်ဆို လေပြည်အေးအေးအောက်မှာ သက်ဝင်လှုပ်ရှားလာတဲ့ ပတ္တရားရဲ့ ကမ်းခြေရသကို ခံစားရင်း… သူငယ်ချင်းတစ်စု ဆုံတုန်း ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုကတော့ ဘန်ကောက် - ပတ္တရား ခရီးစဉ်ပါပဲ။ (၄) ယောက်ရှိတာနဲ့ ခရီးစထွက်လို့ ရပြီဆိုတော့ အကောင်းဆုံး အပန်းဖြေခရီးစဉ်အတွက် နှစ်ခါမစဉ်းစားနဲ့တော့နော်…။

🏝️ ဖူးခက်ကျွန်း (၄ ညအိပ် ၅ ရက် ခရီးစဉ်)
နေရောင်ခြည်နွေးနွေးအောက်က စိမ်းပြာရောင် ပင်လယ်လှိုင်းသံတွေကို နားထောင်ရင်း၊ ကမ်းခြေသဲသောင်ပြင်ပေါ်မှာ ခြေရာတွေ ထားရစ်ခဲ့ရမဲ့ နေ့ရက်များအတွက်… အလုပ်ပန်းသမျှကို ပင်လယ်ကြီးထဲ မျှောချပြီး ဓာတ်ပုံလှလှလေးတွေနဲ့ ကိုယ့်ရဲ့ Memory ကို အရောင်ခြယ်ချင်သူတွေအတွက်ပါ။ (၄) ယောက်ရှိတာနဲ့ စတင်ထွက်ခွာနိုင်တာမို့ အလှဆုံး ဓာတ်ပုံလေးတွေနဲ့ အလှဆုံး Memory တွေကို ပုံဖော်ဖို့ဆို ဖူးခက်ကို ရွေးချယ်သင့်ပါတယ်။

🏰 ဘန်ကောက် - ခေါင်ယိုင် - ဟွာဟင်း (၄ ညအိပ် ၅ ရက် ခရီးစဉ်)
ဥရောပစတိုင် ဗိသုကာလက်ရာတွေ ဝန်းရံထားတဲ့ တောင်ပေါ်မြို့လေး 'ခေါင်ယိုင်' မှာ ကော်ဖီခွက်လေးကိုင်ရင်း အေးချမ်းမှုကို ခံစားမလား…? ဒါမှမဟုတ် ဘုရင့်နွေရာသီစံအိမ်တော် တည်ရှိရာ ဆိတ်ငြိမ်ပြီး သမိုင်းဝင်တဲ့ ကမ်းခြေမြို့လေး 'ဟွာဟင်း' မှာပဲ ဒေသန္တရဗဟုသုတတွေ ရှာဖွေမလား? ခရီးစဉ်အတွက် (၄) ယောက်ရှိတာနဲ့ တောင်တန်းနဲ့ ပင်လယ်အလှကို တစ်ပြိုင်နက် သိမ်းပိုက်နိုင်မဲ့ အခွင့်အရေးကောင်းတစ်ခုပါ။

🚠 ဒါနန်း - ဘာနာဟေးလ် - ဟွိုင်အန် (၃ ညအိပ် ၄ ရက် Join Tour ခရီးစဉ်)
ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီး ရွှေလက်ဝါးတံတားကြီးပေါ်မှာ တိမ်ပင်လယ်တွေကို ငေးမောရင်း ကောင်းကင်ယံကို ဖြတ်သန်းရမဲ့ ကေဘယ်ကားခရီးစဉ်နဲ့အတူ ညဘက်ရောက်ရင်တော့ ရှေးဟောင်းအငွေ့အသက်တွေနဲ့ မီးပုံးလေးတွေ လင်းထိန်နေတဲ့ ဟွိုင်အန်မြို့ဟောင်းလေးထဲ လမ်းလျှောက်ရင်း စိတ်ကူးယဉ်ဆန်ဆန် အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ မိသားစုလိုက်ပဲသွားသွား၊ သူငယ်ချင်းတွေနဲ့ပဲ စုပြီးသွားသွား (၄) ယောက်ရှိတာနဲ့ ခရီးစဉ်ကို အကောင်အထည်ဖော်နိုင်မှာပါ။

🌋 ဘာလီကျွန်း (၄ ညအိပ် ၅ ရက် ခရီးစဉ်)
ယဉ်ကျေးမှုအနုပညာ အငွေ့အသက်တွေ၊ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်တွေနဲ့ ကမ္ဘာကျော် ကြိုးတံတား (Bali Swing) ပေါ်က သဘာဝတရားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အချစ်နတ်ဘုရားရှိရာမြေကို လည်ပတ်ချင်သူတွေအတွက် ဘာလီကျွန်းကို လည်ပတ်သင့်ပါတယ်။ (၂) ယောက်တည်းရှိရင်တောင် စတင်ထွက်ခွာလို့ရတာမို့ ဒီခရီးစဉ်ကတော့ ချစ်ရသူနဲ့အတူ နှစ်ယောက်တည်း အေးအေးလူလူ အရသာခံပြီး မမေ့နိုင်မဲ့ အချစ်ပုံပြင်တစ်ပုဒ်ကို ရေးထွင်းချင်သူတွေအတွက် ရွေးချယ်သင့်ပါတယ်။

🚢 ဟနွိုင်း - ဟာလောင်ဘေး (၃ ညအိပ် ၄ ရက် ခရီးစဉ်)
သမိုင်းဝင် မြို့တော်ဟနွိုင်းရဲ့ လမ်းမကြီးတွေထက် လည်ပတ်ပြီး၊ ကမ္ဘာ့အံ့ဖွယ် သဘာဝကျောက်ဆောင်ကြီးတွေ ဝန်းရံထားတဲ့ ဟာလောင်ဘေးပင်လယ်အော်ထဲမှာ သင်္ဘောစီးရင်း အနားယူရမဲ့ ခရီးစဉ်ကောင်းဆို ဒီခရီးစဉ်ကိုသာ ရွေးချယ်လိုက်ပါ။ (၄) ယောက်ရှိတာနဲ့ စတင်ထွက်ခွာနိုင်လို့ မြူခိုးတွေကြားက ကျောက်ဆောင်အလှတရားတွေက သင့်ကို ကဗျာဆန်ဆန် ငြိတွယ်သွားစေမှာ အသေအချာပါပဲ။

ခရီးသွားတယ်ဆိုတာ နေရာသစ်တွေကို သွားကြည့်ရုံတင် မဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ နေ့ရက်တွေထဲမှာ နောက်ထပ် တစ်ခါပြန်ပြောပြလို့ မရိုးနိုင်မဲ့ ပျော်ရွှင်စရာ ပုံပြင်တွေကို အတူတူ ရေးသားကြတာပါ။

ခရီးစဉ်ရဲ့ အသေးစိတ်ကို Flymya page နဲ့ Hotline No: +95 9 880 441 011 ကို ဆက်သွယ်စုံစမ်းနိုင်တာဖြစ်လို့… ကိုယ့်ရဲ့ Navigation ကို Flymya ဆီ ဦးတည်လိုက်ပြီး ပျော်ရွှင်စရာ အမှတ်တရ ခရီးစဉ်လေးကို အခုပဲ Flymya နဲ့ အတူတူ စတင်ပုံဖော်လိုက်တော့နော်…။

✨ Flymya နဲ့ဆို ခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hotline: +95 9 880 441 011
🌏 Website: www.flymya.com
📱 Download our app: [Android] & [iOS]
📨 Email: [email protected]

Want your business to be the top-listed Transport Service in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

https://www.tiktok.com/@flymyatravel, https://flymya.com/?redirect=whatsapp, https://chats.viber.com

Address


No. 1260, Inwa (3) Street, 6 Quarter, South Okkalapa, Yangon
Thingangyun
11091