APZ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from APZ, Blogger, Thingangyun.
08/09/2021
မဂ်လာပါရှင့်......
ဒီနေ့မှာတော့Beginner သမားလေးတွေအတွက် နေ့စဉ်သုံး Greeting Words လေးတွေကို မှတ်လို့ရအောင်တင်ပေးလိုက်ပါတယ်ရှင့် အရမ်းလွယ်လို့
လေ့လာကြည့်ကြပါဦးနော်..😍😍😍
おはようございます - Good Morning
(Ohayou gozaimasu)
こんにちは - Good Afternoon
(Konichi wa)
こんばんは - Good evening
(Konban wa)
お休みなさい - Good night
(Oyasuminasai)
さようなら - Bye Bye
(Sayounara)
もしもし - Hello (Moshi Moshi)
はじめまして - Nice to meet you
(Hajimemash*te)
お久しぶりです - Long time no see
(Ohisashiburi desu)
お名前は何ですか ? - What is your name?(Onamaewa nandesuka)
お元気ですか? - How Are You?
(Ogenki desuka)
ありがとうございます - Thanks u
(Arigatougozaimasu)
はい - Yes
(Hai)
いいえ - No
(Iie)
.................................
04/09/2021
ဂျပန်မှာကျောင်းတတ် တဲ့အကြောင်းလေးကို မေးကြလို့ ဒီကနေပဲပြောပြပေးပါမယ်နော်...😍
မေး။ ။ဂျပန်မှာကျောင်းတတ် ရင်းနဲ့အချိန်ပိုင်းအလုပ်လုပ်ချင်တယ် အဆင်ပြေပါ့မလား?🤔
ဖြေ။ ။ ဂျပန်မှာက language school ဆိုရင် တစ်နေ့ကို
၃နာရီခွဲလောက်တော့တတ်ရပါတယ်။ တစ်ကျောင်းနဲ့တစ်
ကျောင်းတော့အချိန်နဲနဲကွဲပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့အတူတူပါပဲ။ ကျောင်းကမနက်ပိုင်းတတ်ရရင်အလုပ်ကနေ့
လယ်ကနေ ညနေလောက်ထိလုပ်လို့ရပါတယ်။အိမ်စာတွေ
လည်းမတရားလုပ်ရပါတယ်။ ဂျပန်ဆရာမက ဂျပန်လိုသင်
တာပါနော်။ အဆင်ပြေလားလို့မေးရင်တော့ တစ်ယောက်နဲ့
တစ်ယောက်ခံယူချက်ခြင်းမတူတော့ပြောရတာခက်တယ်...
မေး။ ။အချိန်ပိုင်းအလုပ်လုပ်ရင်းနဲ့အိမ်ကိုပိုက်ဆံပို့လို့အဆင်ပြေပါ့မလား? 🙄
ဖြေ။ ။ မလွယ်ပါဘူးလို့ဖြေပါမယ်။ ဂျပန်မှာကျောင်းသား
တစ်ယောက်အလုပ်လုပ်ချိန်က တစ်ပတ် ကို၂၈နာရီပဲလုပ်
ရပါတယ်။ အဲ့ဒီလုပ်အားခက စားစရိတ်နေစရိတ် နဲ့ကျောင်း
လခနဲနဲစီစုရပါတယ်။ တစ်ချို့တွေလည်းမကြောက်မရွ့ံအလုပ်တွေပိုလုပ်ကြတဲ့သူတွေလည်းရှိပါတယ်။ မိရင်မလွယ်ပါဘူး။ သူတို့နိုင်ငံမှာနေရင်သူတို့စည်းကမ်းလိုက်နာတာအကောင်း
ဆုံးပါ...
မေး။ ။ဘာသာစကားကျောင်း၂နှစ်ပြီးရင်ဘာလုပ်လို့ရသလဲ?☺
ဖြေ။ ။ ကိုယ်ကကျောင်းမှာစာကြိုးစားတယ် တော်တယ် သူတို့စည်းကမ်းလိုက်နာတယ်၊N2 လောက်ထိပြီးတယ်ဆိုရင် အလုပ်
လျှောက်လို့ရပါတယ်။ တစ်ချို့ကျတော့လည်း ကောလိပ်၂နှစ်
ထပ်တတ်ကြပါတယ်။ N2 လောက်ထိပြီးထားရင် choice
လုပ်လို့ရပါတယ်။
မေး။ ။အချိန်ပိုင်းအလုပ်တွေကဘာတွေလုပ်ရတာလဲ?🤗
ဖြေ ။ ။ အများကြီးရှိပါတယ်။ စကားတတ်တာနဲ့မတတ်တာပေါ်ကွာသွားပြီး အလုပ်ကကွဲသွားပါလိမ့်မယ်။ ၂၄နာရီစတိုးဆိုင်တွေ
မှာလုပ်လို့ရတယ် ၊စားသောက်ဆိုင်တွေ၊ဟိုတယ် အလုပ်တွေ
စက်ရုံတွေ စတာတွေအများကြီးရှိပါတယ်။ ပင်ပန်းပါတယ်
မယ်နုတွေ မောင်နုတွေတော့မလာပါနဲ့လို့ပြောချင်ပါတယ်😄
အရေးကြီးတဲ့အချက်ပါ🔴🔴🔴⬇
မေး။ ။ဒါဆိုဂျပန်မှာကျောင်းတတ်ရင်ဘာအကျိုးကျေးဇူးတွေရမလဲ?
🇯🇵ဂျပန်မှာကျောင်းတတ်တာက ကိုယ်တိုင်လည်းကျောင်းသွားတက်ဖူးတော့ တစ်ခုအာမခံနိုင်တာကတော့ အပိုးတော်တော်ကျိုးလာပါတယ်
ကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ်လေးတွေဖြစ်လာပါတယ်။ အချိန်လေးစားတတ်လာပါတယ်။ ငွေကိုလည်း သေချာစနစ်တကျသုံးတတ်ပါလိမ့်မယ်။ နိုင်ငံတကာကလူမျိုးတွေလည်းလာတတ်တော့ နိုင်ငံတကာအတွေ့အကြုံတွေ သူငယ်ချင်းတွေရပါမယ်။ ဂျပန်စကားအရည်အချင်းလည်းတိုးတက်လာပါလိမ့်မယ်...💯💯💯
♦တစ်ခြားသိချင်တာတွေရှိရင်လည်း comment မှာမေးလို့ရပါတယ်နော်...😍😍😍
03/09/2021
အိမ်မှာနေရင်း ပျင်းနေမယ့်တူတူ
ဂျပန်လိုanimalsလေးတွေရဲ့အခေါ်အဝေါ်လေးတွေ
လေ့လာကြရအောင်နော် 🐒🐴🐆🐅🐖🕊🐍🐢
🇯🇵動物( どうぶつ) - တိရစ္ဆာန်
「 doubutsu」
🇯🇵犬 (いぬ) - ခွေး
「inu」
🇯🇵猫(ねこ) - ကြောင်
「neko」
🇯🇵豚(ブタ) - ဝက်
「buta」
🇯🇵兎(うさぎ) - ယုန်
「usagi」
🇯🇵鳥(とり) - ငှက်
「tori」
🇯🇵鼠(ねずみ) - ကြွက်
「nezumi」
🇯🇵熊(くま) - ဝက်ဝံ
「kuma」
🇯🇵猿(さる) - မျောက်
「saru」
🇯🇵麒麟(きりん) - သစ်ကုလားအုပ်
「Kirin」
🇯🇵虎(とら) - ကျား
「tora」
🇯🇵牛(うし) - နွား
「ushi」
🇯🇵馬(うま) - မြင်း
「uma」
🇯🇵像(ぞう) - ဆင်
「zou」
🇯🇵狐 (きつね) - မြေခွေး
「kitsune」
🇯🇵鹿(しか) - သမင်
「shika」
🇯🇵蛇( へび) - မြွေ
「hebi」
🇯🇵亀(かめ) - လိပ်
「kame」
😻😻😻✌✌✌💗
02/09/2021
ဂျပန်လို Colour လေးတွေကို
ဘယ်လိုခေါ်လည်း လေ့လာကြမယ်...😍
01/09/2021
♨️ ဂျပန်လူမျိုးများ နှစ်သက်သဘောကျသောရေပူစမ်း
ဂျပန်မှာဒီချိန်ဆို ဆောင်းရာသီ ဆိုတော့ တော်တော် များများ ရေပူစမ်းသွားကြတယ် ရေပူစမ်းသွားဖူးတဲ့ သူတွေဆိုရင်တော့ တစ်ခါသွားဖူးပြီးရင် ခဏခဏထပ်သွားချင်တဲ့စိတ်ဖြစ်မှာအမှန်ပဲ ရာသီဥတုအေးအေးလေးမှာ ရေပူစမ်းလေးစိမ်လိုက်ရတဲ့အရသာဟာ ဘာနဲ့မှမလဲနိုင် 😄😊
✅Onsen (ရေပူစမ်း) ဆိုတာ ဂျပန်နိုင်ငံရဲ့ပြယုဂ်တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေးလူကြိုက်အရမ်းများတဲ့အပန်းဖြေတဲ့နေရာတစ်ခုပေါ့ ဂျပန်ရဲ့နေရာအနှံ့အပြားမှာရှိပြီးတော့ ဓာတ်လှလှလေးတွေဖမ်းချင်တဲ့သူတွေအနေနဲ့ကတော့နေ့ချင်းပြန် ညအိပ်ညနေခရီးများလည်းရှိပါတယ်။ ဂျပန်နိုင်ငံဟာ မီးတောင်အလွန်ပေါများတာကြောင့် သဘာဝ ရေပူစမ်း တွေအများကြီးရှိတယ် ♨️♨️♨️
✅ရေပူစမ်းက အများနဲ့ အတူစုပေါင်းရေစိမ်ရတဲ့အတွက် အမျိုးသား၊ အမျိုးသမီး သီးသန့်ခွဲစိမ်ရပီးတော့ မိသားစု၊ သူငယ်ချင်း (သို့) လင်မယား တွေလာမယ်ဆိုလည်း နာရီအလိုက်ငှားလို့ရတယ် 👩👩👧👫🙋♀💁♂
✅ရေပူစမ်းကို ဝင်ရောက်တော့မယ်ဆို အရင်ဆုံး youတို့ရဲ့အဝတ်စားတွေကို ချွတ်ရပါမယ်🙈ရေကူးဝတ်စုံတို့သဘက်များပတ်ပြီးတော့
လုံးဝဝင်လို့မရပါ😁 ပကတိခန္ဓာကိုယ်အတိုင်းဖြစ်ရန်လိုအပ်ပြီး အမျိုးသမီးများ ဆံပင်ရှည်လျှင် မိမိ၏ ဆံပင်များကို စနစ်တကျစီးနှောင်ထားရပါမယ်။ ရေပူစမ်းအတွင်းသို့မဝင်ရောက်မီ ခန္ဓာကိုယ်သန့်စင်စေဖို့ ရေနွေးဖြင့် အရင်ဆုံးရေချိုးပြီးမှ ရေနွေးစိမ်ကန်အတွင်းသို့ဝင်ရောက်သင့်ပါတယ်နော် 😄
✅Onsen သို့ ဝင်ရောက်မယ်ဆိုလျှင်သတိထားရမည့်အချက်
❌ မိမိခန္ဓာကိုယ်တွင် တက်တူးဘယ်လိုပဲသေးပါစေ တက်တူးရှိပါက Onsen ဝင်လို့မရပါ။ အဝင်ဝတွင် စစ်ဆေးမှုမရှိသော်လည်း တက်တူးရှိသူများဝင်ရောက်သည်ကို တွေ့ရှိပါက တာဝန်ကျဝန်ထမ်းများမှ သတိပေး၍ ချက်ချင်း Onsen မှ ထွက်ပေးရပါမည်။
❌ကိုယ့်မှာ နှလုံးရောဂါ၊ ကျောက်ကပ်၊ အဆုတ်ရောဂါစသည့် ကိုယ်တွင်း၌ရောဂါရှိသူများမှာ Onsen အတွင်းသို့မဝင်သင့်ပါ။ ထို့ကြောင့် သာမာန်နေကောင်းကျန်းမာသူများသာဝင်ရောက်သင့်ပါသည်။
❌Onsen မဝင်မီ အစားအစာလုံးဝမစားခြင်း၊ အစားအစာများကို ဗိုက်အပြည့်စားပြီး ရေနွေးစိမ်ခြင်းမပြုလုပ်သင့်ပါဘူး ဒါ့အပြင် ဘီယာ၊ အရက်သောက်သုံးထားသူများလည်းမဝင်ရောက်ရန် တားမြစ်ထားပါသည်။
❌မိမိခန္ဓာကိုယ်တွင် သွေးထွက်နေခြင်း၊ အမျိုးသမီးများ ဓမ္မတာလာနေပါကလည်း ရေနွေးစိမ်ခြင်းအား တားမြစ်ထားပါသည်။
✅Onsen (ရေပူစမ်း )က အသားရည်နဲ့ခန္ဓာကိုယ်အတွက် အရမ်းကောင်းလို့ ဂျပန်ရောက်ရင်တော့သွားကိုသွားသင့်တဲ့နေရာတစ်ခုဖြစ်လို့သွားပါလို့ တိုက်တွန်းချင်ပါတယ်နော် Onsen ရေစိမ်လိုက်ရုံဖြင့် ဘယ်လောက် ပင်ပန်းနေပါစေ အဲ့ပင်ပန်းနွမ်းနယ်မှုများပြေပျောက်ပြီး၊ သက်ရှည်ကျန်းမာတယ်ဆိုပြီးလည်း နာမည်ကျော်ကြားပါတယ်နော် အမျိုးသမီးများအနေနှင့်လည်း အသားအရေလှပပြီး အရွယ်တင်နုပျိုစေနိုင်တာကြောင့် သွားသင့်ပါတယ်နော် 😘😘😍
♨️ ♨️ ♨️ 💓 😍
Category
Website
Address
Thingangyun
Alerts
Be the first to know and let us send you an email when APZ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.