Soe Thandar

Soe Thandar

Share

online shop

30/01/2021

1စိုပြေလှပသော မျက်နှာအသားအရေလေး ရရှိစေရန် ပေါင်းတင်နည်း

ခရမ်းချဉ်သီး (၁)လုံး + နွားနို့ (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ။
အိပ်ရာ မ၀င်ခင် ပြုလုပ်ပေးပါက မနက်ခင်းအိပ်ရာထချိန်တွင် စိုပြေလှပသော အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။🙂

2၀ကျခွံရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ကြက်ဥ အကာ သီးသန့် (၁)လုံး + လီမွန် (၂)ဇွန်း + ပျားရည် (၂) ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

3၀ကျခွံ အမဲစက် ရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

သစ်ဂျပိုးခေါက် (၁)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

4မွဲခြောက်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ကော်ဖီ (၂)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

5နေလောင်ထားသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ဒိန်ချဉ် (၂)ဇွန်း + လီမွန် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

6အဆီပြန်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း

ဆနွင်း (၁)ဇွန်း + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

7မျက်နှာအရေးကြောင်းများ လျော့ပါးစေရန် ပေါင်းတင်နည်း

ကြက်ဥ (၁)လုံး + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကိုရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

8 ခြောက်သွေ့သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း

လီမွန် (၂)ဇွန်း + ပျားရည်(၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။

9ကြည်လင်သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း

နနွင်း ၄ပုံ ၁ပုံ(စားပွဲတင်ဇွန်း) + Coconut Oil (၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ။

အမဲစက် တွေ ကင်းတဲ့ မျက် နှာလေး ရရှိစေ နည်း

သွားတိုက်ဆေး+သံပုရာသီး နဲ့ရော ပီး သံပုရာသီးအခွံလေးနဲ့ပွတ်လိမ်းပေး ပါ ခနနေရင် ရေအေးလေးနဲ့ ရေဆေး ချ ပေး ပါ အရမ်းကြီး ပွတ်မလိမ်း ရပဘူးနော်.

#နောက်ဆုံးနည်းကိူတော့မလုပ်စေချင်ပါ_သိထားရုံသက်သက်တင်ပေးခြင်းဖြစ်ပါတယ်

30/01/2021

ဖြိုးတို့မြန်မာအခေါ်ဆားဝက်ခြံလို့ပြောတဲ့နေရာမှာ ညှစ်လိုက်ရင် အဖြူလေးတွေထွက်လာတဲ့ အဆံလေးတွေမြင်နေရ ဆားဝက်ခြံလေးတွေနဲ့ နှာခေါင်းထိပ်က အဆံအမည်းလေးတွေရှိတဲ့ ဆားဝက်ခြံလေးတွေ ၂ မျိူးရှိပါတယ် ။ ဆားဝက်ခြံထဲမှာမပါပေမယ့် လူတွေအဖြစ်များတဲ့ ဝက်ခြံတစ်မျိုးက အဆီဖုလေးတွေပါ ။ အဲ့ဒီ့သုံးမျိုးမှာ ပထမဆုံး အနက်ရောင်လေးတွေဖြစ်နေတတ်တဲ့ Black head လေးတွေအကြောင်းကို စပြောပြပေးပါမယ် ။

BlackHead တွေအကြောင်း ။

Blackhead ဆိုတာ အများအားဖြင့် ချွေးပေါက်ကျယ်တဲ့နေရာတွေဖြစ်တဲ့ နှာခေါင်းထိပ်ပိုင်းနဲ့ နှာခေါင်းတစ်ဝိုက်မှာပေါက်တတ်တဲ့ အနက်ရောင်ဝက်ခြံလေးတွေပါ ။ Blackhead ဘယ်လိုဖြစ်လာတာလည်းဆိုတော့ ဖြိုးတို့အဆီထွက်တဲ့ချွေးပေါက်လေးတွေထဲမှာ ဆဲလ်အသေလေးတွေနဲ့ အဆီလေးတွေစုပြီး ပိတ်လာတယ် ။ အဲ့ပိတ်လာတဲ့နေရာလေးတွေက လေနဲ့တွေ့တာကြာလာတဲ့အခါ အရောင်ပြောင်းသွားပြီး blackhead လေးတွေဖြစ်လာပါတယ် ။ Blackhead လေးတွေက ဝက်ခြံအပွင့်လေးတွေဖြစ်ပြီး ညှစ်တဲ့အခါအဆံလေးတွေထွက်လာတတ်ပါတယ် ။

Blackhead တွေထွက်ရတဲ့ အကြောင်းတွေကတော့ အရေပြားကနေအကြောင်းအမျိုးမျိုးကြောင့် အဆီတွေပိုထုတ်လာတဲ့အခါတွေ ၊ ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားလေးတွေရှိနေရင် ၊ အဆီပိုပြန်နေတတဲ့အချိန်မှာ ချွေးပေါက်လေးတွေထဲ အညစ်အကြေးတွေပိတ်မိသွားရင် ၊ ဟိုမုန်းအပြောင်းအလဲဖြစ်နေတဲ့ကာလတွေ စတာတွေဖြစ်တတ်ပါတယ် ။

Blackhead တွေပေါက်နေပြီဆိုရင် ပထမဆုံးအကုန်သန့်သွားအောင်လုပ်ပေးလို့ရတာက Peel off mask လို့ခေါ်တဲ့ ဝက်ခြံကပ်ခွာလေးတွေကပ်ပေးတာပါ ။ ဒီဟာလေးတွေက အဆံလေးတွေအထဲမှာပိတ်နေတာလေးတွေကို သန့်သွားပေမယ့် ထပ်မဖြစ်အောင်တော့ မလုပ်ပေးနိုင်ပါဘူး ။ ပြီးရင်ကပ်ခွာသုံးပြီးတိုင်းမျက်နှာသစ်ပြီး moisturizer သေချာလိမ်းပေးရပါမယ် ။ ထပ်မဖြစ်တော့အောင်က ကိုယ်သူံးတဲ့ skincare မှာ အဆီလုံးဝမပါအောင်ဂရုစိုက်ပေးပြီး တစ်ပတ်ကိုနှစ်ခါလောက် facial deep cleansing လေးလုပ်ပေးသင့်ပါတယ် ။

ဆားဝက်ခြံ ( Sebaceous filaments) တွေအကြောင်း ။

နောက်တစ်မျိုးအကြောင်းထပ်ပြောချင်တာက ဆားဝက်ခြံလေးတွေပါ ။ ဒီဟာလေးတွေကို sebaceous filaments လို့ခေါ်ပြီး မျက်နှာနေရာတော်တော်များများမှာ ချွေးပေါက်ကနေ အဆီဖြူဖြူလေးတွေထွက်နေတဲ့ ဝက်ခြံလေးတွေလို့ပြောလို့ရပါတယ် ။ သူ့ကို white head လို့အမှတ်မှားတတ်ပါတယ် ။ သူက white head မဟုတ်ပါဘူး ။

တစ်ခုထူးခြားတာက သူကဝက်ခြံအစစ်မဟုတ်ပဲ ဖြိုးတို့ skin အောက်ကအဆီထုတ်ပေးတဲ့ပစ္စည်းလေးတွေ အဆီအရမ်းပိုထုတ်လာပြီး အထဲမှာပြည့်လာတဲ့အခါအပြင်ဖက်ထိရောက်လာတဲ့ အဆီခဲလေးတွေပါ ။ ဝက်ခြံအဆင့်ထိမရောက်သေးတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ ။ သူကနေတော့ အခန့်မသင့်ရင် ဝက်ခြံဖြစ်သွားနိုင်ခြေတော့ရှိပါတယ် ။

ဒီဆားဝက်ခြံလေးတွေသန့်ဖို့ကလည်း ခုနပြောတော့ peel off mask လေးတွေသုံးပေးလို့ရပါတယ် ။ ဒါမှမဟုတ် ချွေးပေါက်ကိုသန့်ပေးတဲ့ rubber ပြားလေးတွေ brush လေးတွေနဲ့ မျက်နှာသစ်ပေးလို့လည်းရပြီး သူ့အတွက်ကိုလည်း ကိုယ်သုံးတဲ့ Skincare မှာအဆီပါဝင်မှုမရှိအောင်ထားပေးရပါမယ် ။

ဒီဆားဝက်ခြံနှစ်မျိုးလုံးက ဂရုမစိုက်မိရင်အမြဲဖြစ်နေတတ်ပြီး တစ်ချို့ဝက်ခြံတွေလို ဆေးလိမ်းတာနဲ့သက်သာသွားပြီးပြန်မထွက်တော့တာမျိူးမဟုတ်ပါဘူး ။ အမြဲဂရုစိုက်ပေးနေမှ သက်သာပြီးထပ်မဖြစ်တာပါ ။ ကိုယ်အစားအသောက်ဂရုစိုက်မယ် မိတ်ကပ်တွေလိမ်းပြီးအမြဲ removing လုပ်ပြီးမှ မျက်နှာသစ်မယ် ၊ ဆဲလ်အသေတွေ ချွေးပေါက်တွေထဲမှာပိတ်မသွားအောင် facial deep cleansing လုပ်တဲ့ mask လေးတွေ scrub လေးတွေ အပတ်စဉ်သေချာသုံးပေးရင် တစ်ဖြည်းဖြည်း သက်သာသွားမှာပါ ။

အဆီဖု ( Whitehead ) တွေအကြောင်း ။

နောက်ဆုံးတစ်ခုကတော့ မိတ်ကပ်လိမ်းဖြစ်တဲ့ အဆီပြန်တတ်တဲ့ မိန်းကလေးတွေလိုတိုင်းဖြစ်ဖူးကြတဲ့ အဆီဖုလို့ခေါ်တဲ့ Whitehead တွေပါ ။ အဆီဖုတွေကသတိထားမိလားမသိဘူး ဝက်ခြံအဆံမရှိတဲ့ ဝက်ခြံညှစ်လို့မရတဲ့ အပတ်အဖုလေးတွေပါ ။ သူကဝက်ခြံထဲမှာပါပေမယ့် ဘတ်တီးရီးယားမဝင်သေးတဲ့ အဖုလေးတွေပေါ့နော် ။ အဲဒါကြောင့်ယောင်ယမ်းတာမရှိတတ်ပေမယ့် အများကြီးပေါက်တတ်တာမို့ စိတ်ညစ်စရာကောင်းပါတယ် ။

သူကဘယ်လိုဖြစ်တာလည်းဆိုတော့ ချွေးပေါက်တွေ ပိတ်ဆို့ပြီးပဲဖြစ်လာတာဖြစ်ပြီး သူကတစ်ခြားဝက်ခြံတွေလို အဆံလေးတွေမရှိပဲ အရေပြားအောက်မှာပိတ်နေလေ့ရှိပါတယ် ။ Combination skin တွေမှာအဖြစ်များပြီး မျက်နှာရဲ့ T zone တစ်ဝိုက် နဖူး မေးစေ့နဲ့ နှာခေါင်းတစ်ဝက်တွေမှာ ပေါက်တတ်ပါတယ် ။ တစ်ခုဖတ်ဖူးတာက whitehead တွေကဆစ်ခါတစ်လေ သန္ဓသေားဆေးသောက်သုံးတဲ့အခါရတဲ့ side effect ကြောင့်လည်းဖြစ်တတ်တာမို့ ဟိုမုန်းကြောင့်ဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့သေချာဆွေးနွေးသင့်ပါတယ် ။

အဆီခဲလေးတွေကိုသက်သာစေချင်ရင်တော့ ပထမဆုံးအချက်အနေနဲ့ ပိုမဆိုးလာအောင် သွားမဆွပေးပဲ သူ့ကိုဒီတိုင်းထားပေးပါ ။ တစ်ခါတစ်လေ whitehead တွေက ဘာမှမလုပ်ပဲထားပေးတာကနေ သက်သာသွားတတ်ပါတယ် ။ ကိုယ်သုံးမယ့် product တွေထဲမှာ Benzoyl peroxide , salicylic acid, retinoids, စတာတွေပါတာရွေးချယ်ပေးလို့ရပါတယ် ။ မျက်နှာသစ်ဆေး ၊ serum နဲ့ moisturizer တွေရဲ့နောက်ကျောဖက်မှာ ပါဝင်ပစ္စည်းဖတ်ကြည့်လို့ရပါတယ် ။

နောက်တစ်ခုက exfoliate လုပ်တာလို့ခေါ်တဲ့ အပေါ်ယံလွှာက ဆဲလ်သေတွေကိုဖယ်ပေးတဲ့ deep cleansing mask တွေ scrub တွေ တစ်ပတ်နှစ်ခါ သုံးခါလောက် သုံးပေးသွားရင် ဆဲလ်အသေတွေချွေးပေါက်မှာပိတ်ဆို့သွားတာကိုကာကွယ်ပေးနိုင်ပါတယ် ။ Sunscreen သုံးတဲ့အခါ မျက်နှာရော ခန္ဓာကိုယ်ပါတူတူတွဲထုတ်ထားတာတွေ မသူံးပေးပဲ မျက်နှာအတွက်သပ်သပ်ကို အဆီမပါတာရှာသုံးပေးသင့်ပါတယ် ။ ကိုယ်သုံးတဲ့ skincare နဲ့ cosmetics ထဲမှာ oil မပါတာသုံးပေးရင် အဆီပို skin ထဲရောက်တာကာကွယ်ပေးထားပြီးသားဖြစ်တာမို့ အထောက်အကူပြုပါတယ် ။

Crd(မူရင်း)

30/01/2021

Toner အကြောင်းသိကောင်းစရာ(7)ချက်

1. Toner ကို အဆီပြန်တဲ့ အသားအရည်သမားတွေနဲ့ ဝက်ခြံထွက်တတ်တဲ့သူတွေ ကတော့ မသုံးမဖြစ်ကို သုံးပေးရပါတယ်။

2. ဘာဖြစ်လို့လဲဆိုတော့ Toner ဟာချွေးပေါက်တွေကိုကျဉ်းသွားအောင် လုပ်ဆောင်ပေးနိုင်လို့ပါ။ပြီးတော့ မျက်နာမှာရှိတဲ့ အဆီတွေ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါသေးတယ်။

3. တကယ်လို့ Toner ဝယ်မယ်ဆိုရင် Alcohol free လား Alcohol ပါလား ဆိုတာ ရွေးဝယ်ဖို့လဲပြောချင်ပါတယ်။

4. Alcohol free toner ကတော့ ချွေးပေါက်ကျဉ်းဖို့အဓိကလုပ်ဆောင်ပေးပြီး sensitive အသားအရည်တော်တော်များများနဲ့လဲ အဆင်ပြေပါတယ်နော်။

5. လူတစ်ယောက်ရဲ့ မျက်နာအသားအရည်အတွင်းပိုင်းမှာ PH level 5 ကနေ 6 အထိ ပုံမှန်ရှိပြီးတော့ မျက်နာသစ်ဆပ်ပြာတွေနဲသစ်လိုက်တဲ့အခါ PH level လျော့သွားတာမျိုးဖြစ်တတ်တယ်တဲ့ချစ်တို့။ အဲ့လို လျော့သွားတဲ့ PH level ကိုပြန်ရအောင် Toner က ပုံမှန်ပြန်ဖြစ်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။

6. တချို့Toner တွေမှာ မျက်နာအသားအရည်ကို စိုစွတ်အောင်လုပ်ပေးနိုင်တဲ့ အာနိသင်ပါ ပါတာကြောင့် moisturizer တစ်ခုလိုလဲ ပေးစွမ်းနိုင်ပါတယ်။

7. ပြီးတော့ Toner မှာ gylcolic acid ပါဝင်တာဖြစ်လို့ မျက်နာမှာ အမွှေးနုတွေပေါက်တာကို သက်သာစေနိုင်သေးတယ်တဲ့ချစ်တို့

နောက်ထပ်နောက်ထပ် အလှပဆိုင်ရာ သဘာဝ SkinCare နည်းများနှင့် Knowlage များကို ထပ်လေ့လာချင်သေးလျှင် Page လေးကို Like & Followလေးလုပ်ထားကြနော်😗

30/01/2021

HM soap ကိုဘာကြောင့်ဝယ်သုံးရမလည်း
ဖွင့်ထွက်သွားအောင် ရှင်းပြမယ်နော်

🙋HM soapက Hand made soapဖြစ်တယ်
စက်ပစ္စည်းနှင့်ပေါင်းတင်ထုတ်ထားတဲ့
ဆပ်ပြာမျိုးမဟုတ်ပါဘူးနော်
ထုတ်လုပ်ချိန်မှာ အချိန်တစ်ခုစောင့်ပေးရတယ်

Hand made soap ကskinတွက်ကောင်းသော
သဘာဝအဆီအနှစ်ကို 90%ထိ ထိန်းထားပေးနိုင်တယ်

ရိုးရိုးsoapထက်ပိုပြီး skin careအားကောင်းတယ်

Removingအားကောင်းပြီး သန့်ရှင်းလန်းဆန်းနေမယ်

ဒီကြောင့် သူများနိုင်ငံတွေမှာ
Hand made soapဆို တော်တော်တန်ဖိုးထားပြီး
သုံးကြတယ်😁😁High Qualityဖြစ်မှန်းသိနေတယ်
မျက်နှာလည်းသစ်ရတယ်
ခန္ဓာယ်ကိုယ်လည်းတိုက်လို့ရတယ်

ပါဝင်ပစ္စည်းတွေကတော့ အကုန်လုံးက
အကောင်းစားတေပဲနော်😍😍
HM soap လေးကအသားရည်ကိုကြည်ပြီး
ဝက်ခြံကိုပျောက်စေတယ်
တချို့ကျောကုန်းမာရှိတဲ့ဝက်ခြံတွေ
HM soap လေးသုံးရင်အဆင်ပြေတယ်

Price-6500( 80g)

30/01/2021

Skincare products အသစ်တွေရလာတဲ့ အခါ၊ ဝယ်လာတဲ့အခါမှာ ကိုယ်နဲ့ ဓာတ်တည့်မတည့် စမ်းကြည့်ချင်တယ်ဆိုရင် ဘယ်လိုလေးတွေ စမ်းကြမလဲ။

ကိုယ်က အမြဲ သုံးနေကျ skin care တွေရှိတယ် ဒါပေမယ့်လည်း ကိုယ့်အတွက် skin care အသစ်တွေ စပြီး စမ်းသုံးကြည့်ချင်တယ်ဆိုရင် ဓာတ်မတည့်တာ တွေ၊ ယားတာတွေ၊ နီလာတာ၊စပ်တာ လောင်တာတွေ တန်းမဖြစ်သွားဖို့အတွက် စမ်းလို့ရတဲ့နည်းလေးတွေ ရှိပါတယ်။

အရေပြားပေါ်မှာ ဘယ်လိုစမ်းရမလဲ ဆိုတာလေးပါ။ ကိုယ် ဝယ်လာတဲ့ skincare အသစ်လေးကို ဆိုရင် အကုန်လုံးကတော့ တန်းပြီး အားပါးတရ လိမ်းပစ်ချင်ကြတာကြီးပဲပေါ့နော်။

ဒါပေမယ့်လည်း ကိုယ့်အသားအရေနဲ့တည့်မတည့်ကို သိဖို့ ဆိုးလွန်းတဲ့ အလာဂျီတွေ မဖြစ်ဖို့၊ ယားတာတွေ၊ အနီကွက်တွေ၊ လောင်သွားတာတွေ မဖြစ်ဖို့ အတွက်ဆိုရင်တော့ အရင်ဆုံး ၃ရက်လောက် အသားပေါ်မှာစမ်းပြီး စသုံးတာကောင်းပါတယ်။
(တကယ်ကတော့ 24နာရီလောက် စမ်းရင်ကို အဆင်ပြေပါတယ်။ ပိုသေချာအောင်ဖြစ်ပါတယ်။)

မျက်နှာပေါ်ကို လိမ်းမယ့် skincare ဝယ်လာခဲ့တယ်ဆိုရင် အရင်ဦးဆုံး မျက်နှာတစ်ပြင်လုံးကို တန်းမလိမ်းပါနဲ့ဦး၊ မျက်နှာမှာဆို နားရွက်ရဲ့နောက်နား ဆံပင်နဲ့ ဖုံးနေတဲ့နားလေးကို ကျပ်ပြား တစ်ဝိုင်းစာလောက်လေး
အရင် စမ်းလိမ်းကြည့်ပါ။

အဲ့နားမဟုတ်ရင်လည်း နားထင်လိုနေရာမျိုး၊ မေးရိုးအနောက်နားလေးတို့ မှာ နည်းနည်းလေး စပွတ်လိမ်းပြီးတော့ စမ်းလို့ရပါတယ်။ ပြောရရင်တော့ မျက်နှာရဲ့ အရှေ့ပိုင်း အလည်တည့်တည့်နဲ့ ဝေးတဲ့နေရာလေးတွေကို စမ်းဖို့ပါပဲ။

မျက်နှာနဲ့အနီးတစ်ဝိုက်ကိုစမ်းဖို့ကိုကြောက်သေးတယ်ဆိုရင် လက်ကောက်ဝတ်အတွင်းဘက် ဒါမှမဟုတ် တံတေင်ဆစ်အကွေးဘက်နားမှာ စမ်းလည်းရပါတယ်။

နည်းနည်းလေး ယူလိမ်းပြီးသွားရင် အဲ့နေရာနားလေးကို ၂၄နာရီလောက် ဘာမှမထိပဲ ထားထားလိုက်ရပါတယ်။ ဒါပေမယ့်လည်း အဲ့လို ရေမထိ လေမထိ နေမထိ ဘာနဲ့မှ မထိပဲ၂၄ နာရီထားဖို့ ဆိုတာ အတော်ကို မလွယ်တာမို့ ဖြစ်နိုင်ရင် အဲ့နေ့ရာလေးကိုတော့ တစ်ခြား ဟာတွေ အပေါ်ကထပ်မလိမ်းသေးပဲနဲ့ ပဲထားလိုက်ပါ။ ကိုယ်မျက်နှာသစ်စရာရှိတာသစ်ပါ။ ပြီးရင်ပြန်လိမ်းလိုက်ပါ။ အဲ့ဒါမျိုးကို ဖြစ်နိုင်ရင် ၃ရက်ဆက်တိုက်လောက်လုပ်ကြည့်လိုက်ပါ။

လိမ်းထားတဲ့နားလေးတွေက နီလာတာ၊ ရဲလာတာ၊ စပ်လာတာ၊ အဖုတွေထွက်လာတာမျိုးကို သတိထားမိရင်တော့ချက်ခြင်းပဲ ရေဆေးချပစ်ဖို့လိုပါတယ်။ ၃ရက်လောက်ထိထားပြီး ဘာမှ သိပ်မဖြစ်ဘူးဆိုရင်တော့ ဓာတ်မတည့်တဲ့ ပြသနာတော့ မရှိနိုင်တော့ပါဘူး။

ဝက်ခြံထွက်တဲ့သူတွေမှာကျတော့ ဝက်ခြံပိုထွက်မထွက်သိအောင် စမ်းမယ်ဆိုရင်လည်း ဒီလိုပဲ စမ်းလို့ရပါတယ်။ ဒါပေမယ့် လည်း ဝက်ခြံအတွက်ကျတော့ တစ်ခါတစ်လေကျရင် လိမ်းပြီးကာမှ ပိုစူ ထွက်လာစေတဲ့ skincare မျိုးတွေလည်း ရှိတာမို့ အဖုထွက်လာတာနဲ့ မတည့်ဘူးလို့လည်း တန်းပြောလို့ မရပြန်ပါဘူး။
ဝက်ခြံ ပိုထွက်မထွက်သိချင်ရင်တော့ နဖူးနေရာမှာ စမ်းတာ ပိုကောင်းပါတယ်။ ထွက်မယ်ဆိုအဲ့နေရာက အဖုအများဆုံးထွက်နိုင်တဲ့နေရာမို့ပါ။

အခုပြောသွားတဲ့ စမ်းသပ်နည်းလေးကတော့ ကိုယ့်အတွက် အလာဂျီ ဖြစ်စေမယ့် ဓာတ်မတည့်ဖြစ်ခြင်းကိုပဲ စမ်းသပ်လို့ရမှာဖြစ်ပါတယ်။ Steroid ပါနေတဲ့ ပစ္စည်းမျိုးဆိုရင်တော့ ဒီလိုစမ်းသပ်ရုံနဲ့သိသာနိုင်မှာ မဟုတ်ပါဘူး။

အဲ့ဒီတော့ ဓာတ်မတည့်မှုတွေ မဖြစ်ဖို့ စမ်းသပ်နည်းလေးကို အရင်စမ်းပြီးမှ လိမ်းကြနော်။

အားလုံးပဲ လှပစိုပြေ ချောမွေ့ကြပါစေ။

29/01/2021

နေ့စဉ်ပုံမှန်သုံးပေးရင် skin ပြဿနာတော်တော်များများကို ကာကွယ်ပြီးသားဖြစ်သွားစေမဲ့ IB Sunscreen

အချိန်အများကြီးပေးစရာမလိုဘဲ စက္ကန့် ၃၀ လောက် အချိန်ယူပြီးလိမ်းပေးရုံနဲ့
တင်းတိပ်
ဝက်ခြံ
အမဲစက်
အရေးအကြောင်းတွေ မဖြစ်စေဘဲ အသားအရေကို နေလောင်ခြင်းမှ 98% မှကာကွယ်ပေးနိုင်တယ်

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးနော်
အသားအရေကို ရေဓာတ်ပါဖြည့်ပေးသေးတယ်

🙅အဆီပြန်တာ ပူတာ အသားအရေပေါ်မှာ ထူပိတ်နေတာမျိုး ချွေးပေါက်ပိတ်နေတာမျိုး လုံးဝ လုံးဝ မရှိဘဲ
ပါးပါးကြည်ကြည်လေး အသားပေါ်တင်လိုက်တာနဲ့ အေးနေစေတဲ့ IB Sunscreen ပါ

SPF 50PA++++ တောင်ပါတော့ အသားအရေကို ထိခိုက်စေတဲ့ရောင်ခြည်တွေကနေ 98% safe ဖြစ်စေတယ်နော်

🙅အသားအရေပျက်စီးမှ ကုသတာထက်
အသားအရေ ပျက်စီးမသွားခင် Sunscreen လေးပုံမှန်လိမ်းပြီး ကာကွယ်တာက ပိုထိရောက်ပါတယ်

IB Sunscreen 30 ml 18,000 Ks

29/01/2021

😚😚 ဒါလို လေးနဲ့
လေးတွေထုတ်ပေးတဲ့
မျက်နှာသစ်ဆေးကို နှစ်သက်ရဲ့လား😻
အမြှုပ်လေးတွေက အရမ်းနူးညံ့တယ်
မျက်နှာချွေးပေါက် အတွင်းပိုင်းထိ
အညစ်ကြေးကို ဖယ်ရှားပေးတယ်နော်

ပြင်းထန်တဲ့ တွေဟာ
မျက်နှာအရေပြားရဲ့ ကို
တည်မြဲအောင်မထိန်းပေးနိုင်တဲ့အပြင်

ဖက်များတဲ့ cleanser ဆို မျက်နှာရဲ့
ph level ကျသွားစေပြီး အသားနီမြန်းယားယံတာတွေ တွေကိုမခံနိုင်တာတွေကြောင့်
မျက်နှာရဲ့ ကိုပျက်စေပါတယ်🙀

ဒါကြောင့် အရွယ်မတိုင်ခင် အလွယ်တကူ
ပါးရည်တွန့်လာမယ် အရေးအကြောင်းနဲ့
အမည်းစက်တွေထင်လာနိုင်စေပါတယ်😥

HMက collagen cleanserလေး ရွေးချယ်လိုက်ပါ
မျက်နှာသစ်ပြီး နုနုအိအိလေးဖြစ်နေတဲ့
ခံစားချက်အပေါ် မျှော်ပါသွားလိမ့်မယ်😘

တဘူး- 16000Ks (150Ml)

28/01/2021

ဖန်သားလေးလို နူးညံ့တောက်ပြောင်စေနိုင်တဲ့ HM ရဲ့Collagen Foaming Cleanser မျက်နှာသစ်လေးဟာ

သေးငယ်တဲ့အမြုပ်အိစိအိစိလေးတွေကြောင့် ချွေးပေါက်တွေရဲ့အတွင်းပိုင်းအလွှာထိ အညစ်ကြေးတွေကို သေချာ ဖယ်ရှားသန့်စင်ပေးနိုင်ခြင်း

သဘာဝအသီးအနှံတွေရဲ့ အဆီအနှစ်ဖြင့်ပြုလုပ်ထားလို့ စိုပြေတင်းရင်းပြီး ကျန်းမာတဲ့ အသားရေကိုပိုင်ဆိုင်စေနိုင်ခြင်း

နေရောငျခွညျကွောငျ့ ပျက်စီးဆုံးရုံးသွားတဲ့ အသားရေရဲ့ အပြစ်အနာဆာတွေကို ချောမွေ့ပြေလျော့စေနိုင်ခြင်း

အသားယားယံ နီမြန်းခြင်းများကို သက်သာပျောက်ကင်းစေပြီး အသားရေကိုသန့်ရှင်းစင်ကြယ်စေနိုင်ခြင်း

ဖန်သားလေးလိုကြည်လင်တောက်ပပြီး နူးညံ့တဲ့အသားရေကိုပိုင်ဆိုင်စေနိုင်ဖို့

HM ရဲ့ Collagen Foaming Cleanser မျက်နှာသစ်လေးကို ဆောင်ထားလိုက်တော့နော်😘

"အလှစစ်တွေတည်ရှိရာ HM SKINCARE MYANMAR"

HugMe Skincare Myanmar
www.hugmeskincare.com

27/01/2021

အိုမင်းရင့်ရော်မှု မြန် စေတဲ့အဓိကတရားခံက

ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကြောင့်ပါ

ဒါကြောင့်အပြင်သွားရင်sunscreenလိမ်းမို့မမေ့ပါနဲ့

21/01/2021

1ရက်ထဲ 1မနက်ထဲ

၁လထဲ နဲ့ ချက်ချင်းသိသာချင်ရင် Chemical များများ
ပါတာသုံးပါ။

အချိန်ယူပြီး ဘေးဥပဒ်မရှိပဲ ပျောက်ပြီး လှချင်ရင်

IB လိမ်းပါ။

Telephone

Website

Address


Thaton

Alerts

Be the first to know and let us send you an email when Soe Thandar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Thaton.