သုညလူပျို

သုညလူပျို

Share

Act without expectation.

11/07/2026

ငလျင်ကပေးတဲ့သတင်းစကားက ရိုးရှင်းတယ်..လှုပ်မယ်မလှုပ်ဘူးဆိုတာကြိုမသိရဘူး...လှုပ်လာရင်လည်းမတားဆီးနိုင်ဘူး...အဲ့တော့ ငလျင်လှုပ်လာမှာကို ဘာမှမလုပ်ဘဲထိုင်စောင့်နေလို့လည်းအပိုပဲ...ပြင်ဆင်စရာရှိတာပြင်ဆင်...လုပ်စရာရှိတာလုပ်..နေ့ရက်တိုင်းကို စိတ်နဲ့ကိုယ်နဲ့ကပ်ပြီး သက်ဝင်လှုပ်ရှား...မလုပ်နိုင်တာချန်ထားပြီး...လုပ်နိုင်တာကိုဆက်လုပ်...ဒါပါပဲ..အရမ်းကိုရိုးရှင်းပါတယ်။

09/07/2026

Social Media မှာ အောင်မြင်တိုးတက်သူတွေရဲ့ အလင်းပိုင်းကို ကွက်ကွက်ထင်းထင်းမြင်ရတာများတယ်...
ဥပမာ..အကောင်းမြင်စိတ်များတာတို့..
ဇိမ်ခံပစ္စည်းတွေနဲ့ အနားယူနေတာတို့..
အလုပ်အရမ်းကြိုးစားတာတို့..ဒါတွေကိုလည်းမိီဒီယာဆိုသူတွေက အလုအယက်သတင်းလိုက်ယူကြတာကိုး..

ခက်တာက သူတို့ရဲ့ အမှောင်ခြမ််းကိုတော့ သူတို့ထုတ်ပြသလောက််ပဲ..မြင်ရတယ်..
ဥပမာ..အသည်းကွဲတာတို့..
စိတ်ဓာတ်ကျတာတို့ဆို...အကန့်အသတ်နဲ့..သူတို့ဖော်ပြသလောက်လေးပဲ မြင်ရတယ်..
ပြ်ိးတော့ သူတို့ စိတ်ပုပ်တာတို့..ပြိုင်ဘက်ကိုမကောင်းကြံနေတာတို့ဆို...မတွေ့ရသလောက်ပါပဲ...မီဒီယာအချို့နဲ့.တိုက်ခိုက်သူတွေကြောင့်ပေါ်လာတာမျိုးက ခပ်ရှားရှားရယ်ပါ...

ဆိုတော့..​ဒီအချက်တွေကနေ..ကျွန်နော်တို့ဘာရမလဲ...ဘာဆင်ခြင်နိုင်မလဲ...

အဖြေကတော့...သူတို့ကို (မဆင်မခြင်) အားကျပြီး..သူတို့လို လိုက်လုပ်တုပရင်းနဲ့ မိမိကိုယ်ကိုယ် မဆုံးရှုံးစေမိဖို့ပါပဲ..ဒါသိပ်အရေးကြိိးပါတယ််...အောင်မြင်မှု ဆိုတာရဲ့အနက်အဓိပ္ပါယ်ကို..သူတို့ရဲ့အသက်အရွယ်..သူတို့ရဲ့ကြ်ုးစားမှု..သူတို့ရဲ့ဖြစ်တည်မှုနဲ့ ရောယှက်ပြိီး မဖော်ဆောင် မသတ်မှတ်မိဖို့ကလည်း..အရေးကြီးပါတယ်..

အဲ့လိုဖော်ဆောင်သတ်မှတ်မိလို့ကတော့..ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမယ့်အပြင်ကိုမှ မိမိရဲ့တပည့်တပန်းတွေ...မိမိရဲ့သား မြေး မြစ်..မျိုးဆက်တွေအထိပါ..ပျောက်ဆုံးမှုဖြစ်ိစဥ်ထဲကို ကျရောက်ပြီး...ပုံတူကူးဆက်ကထွက်လာတဲ့စာရွက်တွေလို အောင်မြင်မှုပုံတူတွေ..ထ်ွက််လာမှာပဲ ဖြစ်ပါတယ်။

ကျွန်နော်တို့ဟာ..ကိုယ့်နှာခေါင်းပေါက်နဲ့လေရှူတဲ့မျိုးဆက်ကို..မွေးထုတ်ဖို့..အချိန်တန်နေပါပြီ..။ မွေးထုတ်နိုင်ကြပါစေ..အောင်မြင်သူဘေးဝေးကြပါစေ။

09/07/2026

အချိန်တွေ ကုန်သွားတယ်...ဒါမှမဟုတ် အချိန်တွေအလဟဿဖြစ်သွားတယ်ကွာလို့ အချို့အခါတွေမှာ ကျွန်နော်တို့ပြောလေ့ရှိကြတယ်..။

ဒီလိုဘာလို့ ပြောကြတာလဲ...အချိန်တွေဖြုန်းတီးပစ်သလိုဖြစ်သွားတယ်လို့ ဘာလို့ယူဆကြတာလဲ..

အချိန် သုံးတာနဲ့ ဖြုန်းတာကို ဘယ်အရာနဲ့ခွဲခြားလို့ရလဲ...

ပုံမှန်အားဖြင့်တော့ မိမိရဲ့ဘဝတိုးတက်မှုကိုဖြစ်စေတဲ့အရာတွေ ဒါမှမဟုတ် မိမိစိတ်ပျော်ရွှင်စေတဲ့အရာတွေလုပ်နေရရင် အချိန်ကို အကျိုးရှိရှိသုံးလိုက်တယ်လို့ ယူဆကြပြီး၊ အဲ့ဒါနဲ့ဆန့်ကျင်ဘက်အရာတွေ (လုပ်နေရတယ် ) ဖြစ်နေတယ်ဆိုရင်တော့ အချိန်ဖြုန်းပစ်လိုက်မိပြီလို့ ယူဆကြတာများပါတယ်။

ဒီနေရာမှာ မေးစရာရှိလာတာက မိမ်ဘဝတိုးတက်မှုကိုဖြစ်စေနိုင်တဲ့လုပ်ရပ်ဆိုတာကို မတိုးတက်ခင်မှာ အတပ်ကြိုသိနိုင်ပါ့မလားဆိုတာရယ်...

မိမိစိတ်ကိုပျော်စေတဲ့အရာဆိုတာ..အတွေးပေါ်မှာရော မူတည်မနေနိုင်ဘူးလားဆိုတာရယ်ကတော့ ...ထပ်ဆင့်စဥ်းစားရမယ့်အရာပါပဲ...

အဖြေထွက်တာကတော့ ဘဝတိုးတက်အောင် ကြိုးစားနေပေမယ့် ဘယ်လုပ်ရပ်ဘယ်ကြိုးစားအားထုတ်မှုက တကယ်တိုးတက်စေမယ့်အကြောင်းရင်းဖြစ်မလဲဆိုတာကို အတိအကျမသိနိုင်သလို...ပျော်စေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အချိန်ဟာလည်း တိတိပပရှိမနေပါဘူး...

ဒီတော့ ကျွန်နော်တွေးတာမမှားဘူးဆိုရင်.. အချိန်ဖြုန်းတယ် သုံးတယ်ဆိုတာတွေဟာ လူ့ဦးနှောက်ရဲ့ လိုက်မမီတဲ့နယ်ပယ်မှာရှိနေပြီး (ဒါကိုမသိလိုက်တဲ့ ကျွန်နော်တို့က) စိတ်ထဲကနေမှန်းဆမိလိုက်တဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေပါပဲ...အဲ့လိုမှားစေတဲ့အဓိကအချက်က ကျွန်နော်တို့ရဲ့အနာဂတ်ရည်မှန်းချက်တွေကြောင့် မဟုတ်ပါဘူး..မနေ့ကထက် ဒီနေ့ တစ်ခုခုပိုတိုးတက်ရမယ်ဆိုတဲ့ (ဘယ်သူကအစပြုလိုက်မှန်းမသိတဲ့ ) ယှဥ်ပြိုင်လိုစိတ်ကြောင့်ပါပဲ..

လက်ရှိမှာ ကျွန်နော်က အချိန်တွေကို အကျိုးရှိရှိအသုံးချနိုင်မယ့်နည်းလမ်းကို ရှာဖွေနေမယ့်အစား...သတိရတဲ့အခိုက်အတန့်မှာ ကျွန်နော်လုပ်နေတဲ့အရာ(အခုဆိုစာရေးနေတာ)ကို အကျိုးရှိတယ်မရှိဘူး..ဘဝအတွက်တိုးတက်မယ့်အားထုတ်မှုဟုတ်မဟုတ်ဆိုတာတွေ ခဏဖယ်ထုတ်ပြီး..အရှိအရှိအတိုင်း သက်ဝင်လှုပ်ရှားနေတာက ကျွန်နော့်ကို အားအင်တွေရနေသလိုခံစားရစေပါတယ်...

ဘဝဟာ အသက်..အသက်ဟာ အချိန်လို့ခေါ်ကြတယ်..အချိန်နဲ့အမျှ သတိတရနဲ့..အရှိကိုအရှိ.အတိုင်းသက်ဝင်လှုပ်ရှားနေချိန်ပိုရလေလေ...ရှင်သန်ရတာဟာအဓိပ္ပါယ်တစ်ခုခုရှိလာလေလေပဲ ...အသက်ပိုရှည်ဖို့ထက်..တခြားလူတွေနဲ့ယှဥ်ပြိုင်ဖို့ထက်..လူတွေသတ်မှတ်ထားတဲ့.. အောင်မြင်မှုဆိုတာတွေကိုရယူဖို့ထက်..တစ်ခုခုမှာ စိတ်နှစ်ပြီး...သက်ဝင်လှုပ်ရှားနေတာကိုက...ဘဝဆိုတဲ့အသက်..အသက်ဆိုတဲ့အချိန်ကို အားအင်အပြည့်နဲ့ဖြတ်သန်းနေတာပဲလို့...ယူဆမိတာပါတယ်​ဗျာ။

07/07/2026

အနာဂါတ်နဲ့ ပက်သက်လာရင် ကျွန်နော်တွေးမိတာနှစ်ခုရှိတယ်...

တစ်က ကျွန်နော် လက်ရှိလုပ်နေတာတွေနဲ့ ကမ္ဘာကြီးမှာလက်ရှိဖြစ်နေတာတွေရဲ့ စုပေါင်းဆင့်ကဲ အကျိုးဆက်ဟာ ကျွန်နော်မှန်းထားနိုင်တာနဲ့ တက်တက်ဆင်အောင်လွဲပြီး ကျွန်နော်မှန်းမထားတဲ့အခြားအရာတစ်ခုဖြစ်နေမယ်လို့ ယူဆမိတာပဲ။

နှစ်ကတော့ အဲ့လို တစ်အတိုင်းဖြစ်လာခဲ့ရင် ကျွန်နော်မှန်းထားတာတွေလွဲသွားပေမယ့် ယူဆထားတာမှန်သွားတဲ့အတွက် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိမယ်ဆိုတာပါပဲ။

06/07/2026

ကျွန်နော့်ရဲ့ ရင့်ကျက်မှုဟာ ယနေ့ထိ ကလေးသာသာပါပဲ... မနေ့ကထက် ဒီနေ့ဟာ ပိုပြီး ပညာရှိနေဖို့ ကျွန်နော့်အတွက်တော့ မသေချာပါဘူး။

ဘာလို့များ ကျွန်နော်တို့ဟာ မနေ့ကထက် ပိုတိုးတက်ဖို့ လိုတာပါလိမ့်...တစ်ပါးသူနဲ့ပြိုင်ဆိုင်ရမှာမို့လို့လား..
ဒါမှမဟုတ် ယှဥ်ပြိုင်ခြင်းဟာ လောကကြီးရဲ့ စည်းမျဥ်းတစ်ခုဖြစ်နေလို့လား..

ယှဥ်ပြိုင်ရတဲ့အကြောင်းအရင်းကို သိအောင်ကြိုးစားနိုင်မယ်ဆိုရင် ပြိုင်ပွဲထဲက ထွက်နိုင်မယ့်လမ်းကိုလည်း ရှာတွေ့နိုင်မယ်ထင်ပါရဲ့..

တစ်ခါတလေတော့ အဓိပ္ပါယ်မရှိတဲ့လောကကြီးမှာ အဓိပ္ပါယ်တစ်ခုဖန်တီးပြီး ကိုယ့်လမ်းကိုယ်တော့ လျှောက်ကြည့်ချင်သေးတယ်...အရေးမပါတဲ့ ပြိုင်ပွဲတွေကနေ ရုန်းထွက်ပြီးတော့ပေါ့။

သုညလူပျို

Telephone

Website

Address


Thanlyin

Opening Hours

Monday 11:40 - 12:30
Tuesday 11:40 - 12:30
Wednesday 11:40 - 12:30
Thursday 11:40 - 12:30
Friday 11:40 - 12:30

Alerts

Be the first to know and let us send you an email when သုညလူပျို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Thanlyin.