Pyae Phyo Aung
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Phyo Aung, Shopping & retail, Yangon, Thanlyin.
သန်လျင်တပ်တွင်း ပစ်ခတ်မှု ဗိုလ်ကြီး အပါအဝင် ၉ဦး သေဆုံး
ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာတွင် ယမန်နေ့(ဩဂုတ် ၃၁)ညပိုင်းက တာဝန်ကျ စစ်သားချင်း ပစ်ခတ်မှုဖြစ်ပွား၍ ဗိုလ်ကြီး အပါအဝင် ၉ဦး သေဆုံးသွားသည်။
ယမန်နေ့ည ၁၀ နာရီ ခွဲကျော်အချိန်က ရန်ပွဲဖြစ်ပြီးနောက် စစ်သား ၂ဦးက အခြားစစ်သည်များနှင့် မိသားစုဝင်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ပစ်ခတ်မှုအတွင်း ဗိုလ်ကြီး၁ဦး၊ စစ်သား၆ဦးနှင့် မိသားစုဝင်အမျိုးသမီး ၂ဦးသေဆုံး၊ တပ်သား တစ်ဦးနှင့် ၁၀ နှစ်သားအရွယ်သားဖြစ်သူတို့ စိုးရိမ်ရ ဒဏ်ရာရသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်ထံမှသိရသည်။
သေဆုံးသွားသူများမှာ ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ် သိန်းအောင်၊တပ်သားများဖြစ်သည့် တိုးတက်နိုင်၊ မျိုးမင်းခန့်၊ စန်းဝင်း၊ အောင်လေးနှင့် လင်းလင်းထွေးတို့ ဖြစ်သည်။ ထို့အပြင် စခန်းရှိ တပ်ကြပ်ကြီး ဇော်မိုးဦး၏ ဇနီးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်မော်မော်စန်းနှင့် ၃၀ နှစ်အရွယ် သမီးဖြစ်သူ မအေးမြတ်မိုးတို့လည်း သေဆုံးခဲ့သည်။
ပစ်ခတ်ခဲ့သူတစ်ဦးမှာ တပ်သား ဝေယံကျော်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ ၁) နံနက်ပိုင်းမှစ၍ သန်လျင်တစ်မြို့လုံးကို စစ်ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးနေသည်ဟု ဒေသခံများထံမှသိရသည်။ သန်လျင်တံတား၏ ရန်ကုန်မြို့ဘက် အဝင်ခြမ်းကိုပိတ်ချထားကြောင်း၊ တံတားမှ ဖြတ်လာသည့် ယာဉ်များပေါ်တွင် လိုက်ပါလာသူများကို ဆင်းခိုင်းကာ ဖုန်းနှင့်အိတ်များ စစ်ဆေးနေသည်ဟု သိရသည်။
ထိုပစ်ခတ််မှုနှင့်ပတ်သက်၍ သန်လျင်တပ်စခန်းနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။
ဟန်သစ်/Myanmar Now
01/09/2022
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စက်တင်ဘာလ ၁ ရက် ယနေ့နံနက်တွင် ချီတက်ဆန္ဒပြကြသည်။
'Reject Military to stop Inhumanity, Accept NUG to save Democracy'
'ပြာပုံကနေ ပြည်သစ်တည် အတူရုန်းကန် ဖေးမမည်' စာတန်းများ ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြကြသည်။
31/08/2022
"ဒီပွဲကပြည်သူကူမှနိုင်မဲ့ပွဲ "
ယင်းမာပင် - ဩဂုတ်(၃၀)
ဒီနေ့ ဩဂုတ်လ(၃၀) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီ ကဦးဆောင်ပြီး “ဒီပွဲက ပြည်သူကူမှ နိုင်မဲ့ပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်အမြစ်ဖြတ်ရေး လူထုသပိတ်ချီတက်ခဲ့ကြပါတယ်။
ဓာတ်ပုံ - အောင်ခန့်ဇော်
31/08/2022
စစ်ကောင်စီပြုတ်ကျရေး ပြည်ကြီးတံခွန်ဆန္ဒပြ
မန္တလေး -ဩဂုတ်(၂၉)
ဒီနေ့ ဩဂုတ်လ (၂၉) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုကဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဓာတ်ပုံ -CJ
31/08/2022
စစ်ကောင်စီရဲ့ ဒေါ်လာထိန်းချုပ်မှုတွေကြောင့် မြန်မာနိုင်ငံမှာသုံးလအတွင်း ဆေးဝါးပြတ်လပ်မှု နဲ့ ရင်ဆိုင်ရဖို့ရှိ
ရန်ကုန် ၊ သြဂုတ် (၃၁)
အာဏာသိမ်းစစ်ကောင်စီရဲ့ အမျိုးမျိုးပြောင်းလဲနေတဲ့ မူဝါဒတွေနဲ့ ဒေါ်လာငွေထိန်းချုပ်မှုတွေ ကြောင့် နောက်သုံးလအတွင်း မြန်မာနိုင်ငံမှာ ဆေးဝါးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆေးဝါးတင်သွင်းသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး ပြည်ပကဝင်လာတဲ့ ဒေါ်လာငွေတွေကို တစ်ဒေါ်လာ (၁၈၅၀) ကျပ်နဲ့ ၂၄ နာရီအတွင်းအဖြစ်မနေလဲလှယ်ရမယ်လို့ သတ်မှတ်ထားပြီး သွင်းကုန်တွေအတွက် ဒေါ်လာလိုအပ်ရင် ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ကိုယ်တိုင်လျှောက် ထားရမယ်လို့ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ ရောင်းချပေးတာ မရှိပါဘူး။
အခုလို ဒေါ်လာကို ထိန်းချုပ်ထားတဲ့အပြင် ဆေးပစ္စည်းဆိုင်ရာ တင်သွင်းမှုကန့်သတ်ချက်တွေ ကြောင့် နိုင်ငံခြားဆေးမျိုးစုံတင်သွင်း သူတွေ အခက်ကြုံလာတဲ့အတွက် ဆေးဝါးဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“သူတို့ဆီက ဘယ်ဈေးနဲ့လာရောင်းရမယ်လို့်သတ်မှတ်ပြီး ဗဟိုဘဏ်က ကြေညာ တယ်။ ပစ္စည်းတင်သွင်းချင်လို့ သူတို့ဆီက ဒေါ်လာပြန်ဝယ်မယ်ဆိုရင် မရဘူး။ ဘယ်ကနေမှ ရောင်းပေးမနေဘူး။ အဲဒါ အဓိက ပြသနာပဲ ။ဒေါ်လာဝယ်လို့ မရ ဘူးဟေ့ဆိုလို့ရှိရင် ဒီနှစ်မကုန်ဘူးပေါ့။ခြောက်လမပြောနဲ့ နောက်သုံးလတောင် လုပ်ငန်းတွေက မခံတော့ဘူး”လို့ ရန်ကုန်မြို့ က ဆေးဝါးတင်သွင်းရောင်းချနေတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဆေးဝါးလက်ကျန်ရှိနေသေးတဲ့ ကုမ္ပဏီတွေဟာ တင်သွင်းထားတဲ့ လက်ကျန် ပစ္စည်းတွေနဲ့ ဆက်လက်လည်ပတ်နေပေမယ့် လက်ကျန်ဆေးဝါးတွေပြတ်လပ်သွားရင်တော့ ထပ်မံတင်သွင်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်လာတစ်သိန်းအထက် သွင်းကုန်လိုင်စင်လျှောက်ထားမှုတွေကိုလည်း ခွင့်မပြုတဲ့ အတွက် အကြိမ်ကြိမ်ခွဲပြီး လိုင်စင်လျှောက်နေရလို့ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေဖြစ်နေ တာလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ စိစစ်နေဆဲဆိုတဲ့ အချိန်မှာပဲ ပစ္စည်းတွေသွင်းဖို့ကိုပဲ အခက် အခဲရှိနေတယ်။ သွင်းတဲ့ အခါမှာ လည်း အရင် တုန်းက ဒေါ်လာ ဆယ်သိန်းဖိုး သွင်းတဲ့ နေရာမှာလည်း ဒေါ်လာတစ်သိန်းဖိုးဆယ်ခါ ခွဲပြီး ဝယ်သွင်းနေရတယ်။ အာ့မို့ လက်ရှိ မှာ ဈေးကွက်မှာ ပစ္စည်းတွေ အများကြီးပြတ်နေတယ်။ တင်သွင်းလိုင်စင်ကလည်း စိစစ်တဲ့ အတွက် အချိန်ကြာတယ်” ဆေးတင်သွင်းသူတစ်ဦး ကပြောပါ တယ်။
ဒီအခြေအနေဟာ ဆေးဝါးဈေးကွက်မှာ ငွေကြေးပိုမိုသုံးစွဲနိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လက်ဝါး ကြီးအုပ်တဲ့ စနစ်ကို ပြန်ဖြစ်လာဖို့ တွန်းပို့နေသလို မှောင်ခိုဈေးကွက်တွေပြန်လည်အသက်ဝင် လာနိုင်တယ်လို့ ဆိုပါတယ်။
ပြည်ပက ဆေးနဲ့ ဆေးပစ္စည်းတင်သွင်း သူတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဒေါ်လာရယူပြီး ရောင်းချသူတွေဘက်ကို ပေးချေနိုင်မှသာ သွင်းကုန်လိုင်စင်ထုတ်ပေးမှာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်ထွက်ပေါ်လာပြီး နှစ်လ အတွင်းမှာပဲ ဆေးဝါးဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅) ရက်နေ့က ပြည်တွင်းမှာ နိုင်ငံခြားသား ပိုင်ဆိုင်မှု (၃၅) ရာခိုင်နှုန်းပါဝင်တဲ့ ကုမ္ပဏီတွေရဲ့ နိုင်ငံခြား သုံးငွေစာရင်းက နိုင်ငံခြားငွေတွေကို မြန်မာ ကျပ်ငွေနဲ့ လှဲလှယ်ဖို့ အမိန့်ပေးကာ ဒေါ်လာငွေဈေးကွက်ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါ်လာငွေအခက်အခဲကြောင့် ဆေးတင်သွင်းတဲ့ ကုမ္ပဏီတွေဟာ ရပ်နားတာ တွေဖြစ်လာပြီး နောက်ထပ်ရပ်နားသွားဖို့ရှိနေတဲ့ ကုမ္ပဏီအများအပြားရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆေးဝါးဈေးကွက်ရဲ့ (၈၅) ရာခိုင်နှုန်းကို နိုင်ငံခြားက တင်သွင်းတာဖြစ်ပြီး အများ အားဖြင့်၊တရုတ်၊အိန္ဒိယ၊ပါကစ္စတန်နဲ့ ထိုင်နိုင်င့တွေကနေတင်သွင်းကြတာဖြစ်ပါတယ်။
ကျန်တဲ့ (၁၅) ရာခိုင်နှုန်းကိုတော့ ပြည်တွင်းမှာ ရှိတဲ့ စက်ရုံတွေကနေထုတ်လုပ်နေတာဖြစ်ပါတယ်။
သတင်း - သံလွင်တိုင်းမ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Thanlyin
979532