May May Ni

May May Ni

Share

လူသားဆိုတာ မုဆိုးလုပ်မလား သားကောင်လုပ်မလား နှစ်ခုထဲကတစ်ခုကို ရွေးချယ်ခွင့်ရှိတဲ့ တစ်ခုတည်းသောသက်ရှိ

Photos from May May Ni's post 21/10/2024

သတိုးမင်းဖျားရဲ့ ဘယကျော်သူကိုသုတ်သင်ပုံကို ဆရာချစ်ဦးညိုက ရွှေတိုက်ဝန်မှာ လင်္ကာမြောက်အောင်ရေးထားခဲ့တယ်။ ဘယကျော်သူဟာ ပွဲတော်တည်နေတဲ့အချိန် မြင်းခွာသံအကျယ်ကြီးကြားလိုက်ရတော့ အံ့ဩပြီးထကြည့်ချိန်မှာ လှံတစ်စင်းဟာ ပျံဝင်လာပြီး ဘယကျော်သူကိုပါဆွဲချိတ်သွားပြီး နံရံမှာချိတ်ပြီး အဆုံးသတ်သွားစေတယ်။ သတိုးမင်းဖျားကိုယ်တိုင် ဘယကျော်သူရဲ့ကိုယ်ကို နံရံကနေဖြုတ်ပြီး ပက်လက်လှန်ချထားလိုက်တယ်။ "စောဥမ္မာ မောင်တော့်ကိုပွဲတော်ပြင်ပေး"လို့ အမိန့်ပေးလိုက်တယ်။ (မိဖုရားကို ဘယ်သွားသွားခေါ်သွားတယ်ထင်တယ်။ မိဖုရားကလှတာရော သူကလဲ၁၉နှစ်ပဲရှိသေးတာရောကြောင့် နေပါလိမ့်မယ်) စောဥမ္မာကကြောက်ပြီးတုန်ရင်း အစ်ကိုရင်းဖြစ်တဲ့ တရဖျားစွာစော်ကဲနားရပ်နေတယ်။ "စောဥမ္မာ ပွဲတော်ပြင်ပေးလို့ပြောနေတယ်"လို့ မိုးခြိမ်းသံကိုအသံနဲ့ပြောမှ အသိဝင်ပြီး ပြင်ပေးတဲ့ပွဲတော်အုပ်ကိုယူပြီး ဘယကျော်သူရဲ့ အသက်မဲ့နေတဲ့ရင်အုပ်ပေါ်တင်တယ်။ သူက အဲ့ဒီde@d bodyကြီးကို ခွထိုင်ပြီး အဲ့ဒါကြီးကို စားပွဲခုံလိုသဘောထားပြီး ပွဲတော်တည်တာ။ နောက်ရန်သူတွေကိုလဲ သတ္တိရှိရင် အင်းဝကိုလာထိလိုက်စမ်းလို့ စိမ်ခေါ်လိုက်တဲ့သဘောပဲ။ ကြမ်းထော်နေတာမှ တအားနော်။
ခုတော့ ခွန်မင်းဆက်ရေးတဲ့ အင်းဝ-ပဲခူးနှစ်လေးဆယ်စစ်ကိုဖတ်နေတာ။ အရင်ကဖတ်ဖူးတာတွေနဲ့ ဆွဲချိတ်တွေးနေမိတာ။

#မေမေနီ

16/10/2024

၃၃နှစ်ပြည့်ပြီးချိန် မြသန်းတင့်ရဲ့မမကို တစ်ကျော့ပြန်ဖတ်ပြီးတဲ့အချိန်မှာ မမအတွက် မှတ်ချက်ကို တစ်ခုထဲချလိုက်တယ်
"အသီးပုပ်လို ကိုယ့်ဘေးက ထိသမျှလူတိုင်းကိုပါ ပုပ်ပွပျက်စီးစေတဲ့မိန်းမမျိုး"
၁၇နှစ်တုန်းက ဖတ်တုန်းက ကိုယ်က မိန်းမချင်းအရမ်းထောက်ခံတဲ့ feministဖြစ်ခဲ့တဲ့အချိန်ဆိုတော့ မမတွေးသလိုလိုက်တွေးပြီး ဦးသက်ထွန်းကိုမုန်းခဲ့တယ်
တကယ်တမ်းဦးသက်ထွန်းဟာ သိပ်သနားစရာကောင်းတယ်
ဦးသက်ထွန်းခံစားရတဲ့အခန်းတွေဆို ၃၃နှစ်ကိုယ်ဟာ မျက်ရည်နဲ့မျက်ခွက်ပဲ

#မေမေနီ

28/09/2024

ကောသမ္ဗီ Bad Review

20/09/2024

စစ်ဘေးမရှောင်ခင် တစ်လလောက်မှာ ဇီးတင်နေတဲ့ကြောင်မလေးတစ်ကောင် အိမ်ကိုရောက်လာတယ်
ပထမဆုံးဇီးနဲ့တူတယ်
သူအရမ်းကြောက်နေတယ် အရမ်းဆာနေတယ် ဆက်တိုက်အော်နေတယ်
ကိုယ်မနေနိုင်လို့ ရှိတဲ့ငါးခြောက်တွေကို သေးသေးလေးတွေညှပ်ပြီး ထမင်းနဲ့နယ်ကျွေးတော့စားလိုက်တာဆိုတာ (အဲ့တုန်းက မီးပျက်တာ တစ်လကျော်နေပြီ)
တံခါးဖွင့်ရင် ပြေးပြေးဝင်လာတယ် ခြေထောက်ကို သူ့ခေါင်းနဲ့လိုက်ပွတ်တယ် (သူသိပ်ကျေးဇူးတင်ကြောင်းပြတာ)
စက္ကူပုံးထဲ အဝတ်ဟောင်းတွေထည့်ပြီး အစာခွက်ရယ် ရေခွက်ရယ် ကြောင်သဲဝယ်မရလို့ ကော်ဇလားထဲ သဲအသန့်ကိုအရင်ဇကာနဲ့စစ် သဲနုတွေကို ရေတကြောဆေး အခြောက်ခံပြီးထည့်ပေးထားတာရယ် အိမ်ရှေ့ထုတ်ပေးထားတယ်
စားလိုက် သောက်လိုက် အာပီးလိုက်နဲ့ တစ်ပတ်အတွင်း သူရော သူ့ဇီးရော ထွားတက်လာတယ်
Wave moneyသွားထုတ်ရင်း တံခါးဖွင့်ထားတဲ့ဆိုင်မှာ ကြောင်စာမေးကြည့်တော့ ငါးထုပ်ကျန်သေးတယ်တဲ့ ကျန်တာအကုန်ဝယ်လာခဲ့တယ် ကြောင်စာချည်းကျွေးရင် ခဏနဲ့ကုန်ရင် သူအဆင်မပြေမှာစိုးလို့ ကြောင်စာကိုထောင်း ထမင်းနဲ့နယ်ကျွေးတော့ စားလိုက်တာ ငါးခြောက်တောင်မစားတော့ဘူး တစ်အိမ်အိမ်မှာသေချာမွေးထားတဲ့ကြောင်နဲ့တူတယ် အကျင့်လဲကောင်းတယ်
ကိုယ်စိတ်အဆင်မပြေရင် တံခါးဖွင့်ပြီး သူ့ကိုပေးဝင်တယ် သူ့ခေါင်းနဲ့ဗိုက်ကိုပွတ်ပေးပြီး စကားပြောတယ်
နောက်ဆုံး သွားမှဖြစ်တော့မယ်လို့ ခေါ်ပြောတဲ့နေ့က ထွက်မလာခင်မှာ သူ့ကိုကျန်တဲ့ကြောင်စာတွေ အကုန်ဖောက်ပြီး ပန်းကန်ထဲထည့်ပေးခဲ့တယ်
သူနဲနဲပဲစားတယ် တအားအော်ပြီး ကိုယ်အထုပ်အပိုးပြင်တဲ့နားလဲသူလိုက်ဝှေ့တယ် ရေချိုးတော့လဲ အဝမှာထိုင်အော်တယ် ကိုယ့်အထုပ်တွေကိုလဲ သူလိုက်ပွတ်တယ် တအားကိုဆောက်တည်ရာမရဖြစ်နေတယ် အမြီးဖျားကိုကောက်ပြီးအော်နေတာ
ကိုယ်လဲ သူနားလည်လည်မလည်လည် "သမီး တအုန်းအုန်းအသံကြားရင် တောထဲပြေးနော် ဒီနားမနေနဲ့နော် ကလေးမွေးချင်ရင်လဲ နွေးပြီးရေမစိုတဲ့နားရှာမွေးနော် အစာလဲသေချာစားနော် ဒီမှာကုန်ရင် ငါ့သမီးရုန်းကန်ရတော့မှာ ကိုယ်ဝန်နဲ့ဆိုတော့ သိပ်ခုန်နိုင်မှာမဟုတ်ဘူး ရှိတာအကုန်စားလို့ရတာစားနော် နောက်ပြန်လာဖြစ်တဲ့အထိ အသက်ရှင်နေပေးပါ အဲ့ဒီအခါကျ သမီးကို အိမ်မွေးကြောင်လေးတစ်ကောင်ရဲ့အခွင့်အရေးတွေ အကုန်လုံးရအောင်လို့ လုပ်ပေးမယ်နော် သမီူရော သမီးကလေးတွေရော အသက်ရှင်နေပေးနော်"လို့ ပြောခဲ့တယ်
ကိုယ်နဲ့ရင်းနှီးသူတွေဆိုသိတယ် ကိုယ်အပင်ပဲချစ်တတ်ပြီး တိတွေကိုစိတ်မရှည်ဘူးဆိုတာ
ဒါပေမယ့် ဒုက္ခရောက်တာချင်းလဲတူ အမသတ္တဝါချင်းလဲတူတဲ့အပြင် သူ့မှာကဇီးနဲ့မို့ ရှိတဲ့အချိန်အကောင်းဆုံးလုပ်ပေးချင်သလို ခုလဲအရမ်းစိတ်ပူပါတယ်

#မေမေနီ

31/08/2024

Others - နင်အဝတ်အစားဝယ်ရင် ဘယ်လိုဝယ်လဲ
Me - တစ်ခါတည်းအများကြီးဝယ်တယ် ရှုပ်လို့

30/08/2024

ကိုယ်မြို့ပြနဲ့ဝေးနေတာ လေးနှစ်ရှိပြီ။ စစ်ဘေးရှောင်ရင်း မြို့ပြကိုပြန်ရောက်လာတဲ့အခါမှာ မျိုးဆက်သစ်တွေရဲ့ပြောင်းလဲမှုကို သတိထားမိတယ်။ အဲ့ဒါကတော့ သူတို့ဟာ လူတစ်ဖက်သားအပေါ်မှာ ကဲ့ရဲ့ပြစ်တင်ရှုံ့ချခြင်းတွေ မရှိတာပါပဲ။ ဘာလို့ဒီလိုပြောရသလဲဆိုရင် ကိုယ်နဲ့မတိမ်းမယိမ်းတွေဟာ ခေါင်းအစခြေအဆုံးကြည့်ပြီး အကြည့်တွေနဲ့တင် body shamingလုပ်တာတွေ အဆင့်အတန်းခွဲတာတွေ သိပ်လုပ်ကြတယ်။ သိကြတဲ့သူတွေဆိုရင်လဲ အိမ်ထောင်ရေး၊ ဝင်ငွေ စတာတွေ‌ကို တအားစပ်စပ်စုစုမေးကြတယ်။ သာရင် မျက်နှာပျက်တာမျိုး နိမ့်ရင် အနိုင်ယူချင်တာမျိုးတွေ သိပ်လုပ်ကြတယ်။ (ကိုယ့်အရင်အိမ်ကလူတွေအပါအဝင်) ခုတွေ့ရတဲ့ ၂၅နှစ်အောက်တွေကျတော့ အဲ့လိုမရှိတော့ဘူး။ လှမ်းကြည့်တယ် တစ်ချက်ပဲ။ ပြီးရင်လုပ်စရာရှိတာဆက်လုပ်တယ်။ အရင်ကလူတွေလို သိမ်ဖျင်းမှုတွေမတွေ့ရတော့ဘူး။ လူငယ်တွေ စာဖတ်အားကောင်းလာပြီး ပြုပြင်မှုတွေ အရမ်းလုပ်လာကြတာ သိပ်ကိုသဘောကျမိတယ်။

#မေမေနီ

Photos from May May Ni's post 15/07/2024

လူတွေရဲ့ ဦးနှောက်အလယ်ဗဟိုမှာ အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့ ဗီဇစိတ်တွေကိုဖော်ကျူးပေးတဲ့ဦီးနှောက်လှိုင်းတွေရှိတယ်။ အဲ့ဒီလှိုင်းတွေကို တခြားဟိုမုန်းတွေ အင်ဇိုင်းတွေ လှိုင်းတွေက ဖိနှိပ်ပေးထားတယ်။ ဒါကြောင့်ပဲ လူဟာ မုဆိုးလုပ်မလား သားကောင်လုပ်မလား ရွေးချယ်ခွင့်ရှိတဲ့ တစ်ခုတည်းသောသတ္တဝါဖြစ်နေတာပဲ။ ဒီလှိုင်းတွေ လှုပ်ပြီး လူစိတ်ကိုလွှမ်းမိုးဖို့က အကြောင်းအရာတစ်ခုပဲလိုတယ်တဲ့။ အဲ့ဒီအကြောင်းအရာတွေ အမျိုးမျိုးရှိတဲ့အထဲမှာမှ ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်မှုက အထိရောက်ဆုံးပဲ။

လူတွေဟာ လူလူချင်း တစ်ဖက်သားမှာ ခံနိုင်ရည်ဘယ်လောက်ရှိလဲ။ ဘယ်လောက်ထိ သည်းခံနိုင်လဲ။ ဘယ်ကျရင် ထပေါက်ကွဲလဲဆိုတာကို အလကားနေရင်း စမ်းသပ်ကြတယ်။ တစ်ဖက်သားရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို လူကြားထဲက ထုတ်ထုတ်ပြောပြီး ကိုယ်က ပါရမီရှင် ကရုဏာရှင်ကြီးအဖြစ်ခံယူတယ်။ မကြားတကြားနဲ့ နှိမ်ချတယ်။ သူတစ်ပါးရဲ့ပစ္စည်းနဲ့ privacyကို မလေးမစားဆက်ဆံတယ်။ တစ်ဖက်ကတုံ့ပြန်ရင် ဒါလေးတောင်သည်းမခံရင် လူ့အသိုင်းအဝိုင်းမှာ ဘယ်လိုနေမလဲဆိုတာမျိုးပြောပြီး ထပ်ပြီးဖိနှိပ်တယ်။ ဒီလိုဟာတွေကို Stranger from Hellမှာ အကုန်တွေ့ရတယ်။ သာမန်အေးဆေးတဲ့သူတစ်ယောက်ကို အဆိုးဆုံးpsychopathဖြစ်လာအောင် စကားတွေ အမူအရာတွေနဲ့ဝိုင်းထိုးနှက်ကြတယ်။ ဒီပတ်ဝန်းကျင်ထိုးနှက်မှုတွေကြောင့် ရက်စက်တဲ့လှိုင်းတွေဖြစ်ပေါ်လာတယ်။ ကိုယ်တိုင်ဖန်တီးပြီးမှ သူကmonsterပဲဆိုပြီး ကြောက်လို့ဘယ်ဖြစ်မလဲလေ....

#မေမေနီ

Photos from May May Ni's post 25/06/2024

အိဒ်နေ့ကစပြီး လေးရက်...
တုပ်ကွေးမိတာ။ အဲ့ဒီမှာမှ အဆိုးဆုံးက လည်ပင်းနာတာ။ ပဌာန်းကို အသံထွက်ပြီးကို ရွတ်မနိုင်တာလေ။ စိတ်တွေညစ်လိုက်တာ။ ဟော လည်ပင်းနာတာသက်သာတော့လဲ ပိုးသတ်ဆေးအရှိန်နဲ့ ရင်ဘတ်ရောဗိုက်ရောအောင့် ကြာကြာမရွတ်နိုင်ဘဲ မောတာ။ တစ်ရက်ဆယ်မျက်နှာတောင်အနိုင်နိုင်...
ခုတော့ ‌fully recoverမဖြစ်သေးပေမယ့် တော်တော်လေးကို ပြန်ကောင်းလာပြီ။ မနေ့ကဆို စာမျက်နှာသုံးဆယ်ရွတ်နိုင်တယ်။ ဒီနေ့ငါးဆယ်ရတယ်။
ကိုယ့်နားကပ်ပြီး ပြုစုပေးနေတဲ့အမျိုးသားကတောင် ပြောယူရတယ်။ ဒီလောက်နေမကောင်းတာ တစ်ရက်တစ်လေ နားလိုက်ပါလားကွယ် နောက်မှပြန်ရွတ်ပေါ့တဲ့။
နောက်မှ နောက်မှနဲ့ ပြန်မစဖြစ်တာတွေ ဆက်မလုပ်ဖြစ်တာတွေအများကြီးပဲ။ ဒီတော့ အဆက်မပြတ်ချင်တဲ့စိတ်တစ်ခုပါတယ်။
နောက်တစ်ခုက ပဌာန်းကျမ်းရဲ့အေးမြမှု....
ပဌာန်းကျမ်းရယ် မဟာသမယ၇သုတ်ရယ် မဟာအာဋာနာဋိယသုတ်ရယ် ဒီသုံးခုကို အမြဲရွတ်ဖြစ်တယ်။ ဝစ်လှည့်စီဖြစ်ဖြစ် တပြိုင်တည်းဖြစ်ဖြစ် ရွတ်ဖတ်ပူဇော်ဖြစ်တယ်။
ပဌာန်းကျမ်းရွတ်ရင် စိတ်ထဲအေးမြပြီး သိပ်နေလို့ကောင်းတယ်။ မဟာသမယသုတ်၇သုတ်ရွတ်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအရမ်းရှိတယ်။ မဟာအာဋာနာဋိယသုတ်ကိုကျတော့ သုတ္တန်ထဲပါတဲ့ ပါဠိစာတွေရဲ့အဓိပ္ပါယ်နဲ့ သံနေသံထားကို သဘောကျလို့ ရွတ်တယ်။
ဘယ်သူတွေ ဘယ်လိုပြောပြော ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ စိတ်တွေရှုပ် စိတ်ပင်ပန်းနေရင် ဘုရားခန်းထဲဝင် အမွှေးနံ့သာပူဇော်ပြီး ဒီသုံးခုက တစ်ခုခုကိုဖြစ်ဖြစ် အားလုံးကိုဖြစ်ဖြစ် တစ်နာရီလောက်ကြာအောင်ရွတ်လိုက်ရင် rebootလုပ်လိုက်သလိုပဲ။ လန်းဆန်းသွားတာ။
အဓိဌာန် = ဆောက်တည်ခြင်း။ စိတ်၌ခိုင်မြဲစွာတည်စေခြင်းတဲ့။
သာသနာအပေါ်မှာ ယုံမှားသံသယစိတ်တွေပျောက်တဲ့အထိ မြတ်ဗုဒ္ဓရဲ့ ဓမ္မတွေကို လေ့လာနိုင်ခဲ့ပြီး လိုက်နာကျင့်သုံးနိုင်ခဲ့လို့လဲ ကိုယ့်ကိုယ်ကိုဂုဏ်ယူမိတယ်။ အသက်အရွယ်က ၃၃နှစ်ထဲဝင်လာလို့ ဘာသာရေးဘက်ရောက်တာမဟုတ်ဘူး။ ယုံကြည်စိတ်ဆိုတဲ့ သဒ္ဓါတရားကို မပျောက်အောင်လို့ ငယ်ငယ်ထဲကထိန်းသိမ်းခဲ့တာ။

#မေမေနီ

Photos from May May Ni's post 16/06/2024

ပီတိ ....
ပေးတာကတော့ အတူတူပါပဲ ယူတဲ့သူ လုပ်တဲ့သူကတော့ ရတယ်...

25/04/2024

လက်ပံပွင့်ခြောက်တွေကို ဒီနေ့ဝက်သားနဲ့ချက်တယ်
ပထမဆုံး လက်ပံပွင့်စားတဲ့နေ့က အသက်၁၂နှစ်တုန်းက လက်ပံတန်း ဇီးဖြူကုန်းကနေ ပြန်ရောက်တဲ့နေ့
အဲ့ဒီနေ့က မေကြီးက တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပေးတယ် ကိုယ်ကထိုင်နေရုံပဲ အဲ့တုန်းကမေကြီးပြောတာမှတ်မိတယ် "မေနီဟာ မေကြီးတို့နဲ့မတူဘဲ အဖေတူလို့ ဆံပင်လုံးကြီးပြီး ထူထဲနေတာပဲ မိန်းမတို့ရဲ့ကောင်းခြင်းငါးဖြာမှာ ဆံပင်ပါတယ် ကြီးလာရင် ဆံပင်ကို မကြမ်းအောင်ဂရုစိုက်နော်"တဲ့
ဝတ်စရာအင်္ကျီကို အိမ်ပြန်ယူမယ်ဆိုတော့ ကိုကြီးက သူဝတ်နေကျ ရှပ်အင်္ကျီတစ်ထည်ပေးတယ် အဲ့ဒါ ပထမဆုံးကိုကြီးဆီကရတဲ့ အဝတ်အစားပဲ သူသိပ်ကပ်စီးနည်းတာ
ရေချိုးခေါင်းလျှော်ပြီးတော့ အေးသွားပြီး ဧည့်ခန်းမှာ မောင်နှမဝမ်းကွဲတွေအကုန်တန်းစီအိပ်ကြတာ
မေကြီးက ငါ့မြေးတို့ထတော့ ထမင်းစားမယ်လို့ လာနှိုးမှ အိပ်ချင်မူးတူးနဲ့ထပြီး ၆ယောက်သား ထမင်းဝိုင်းအပုလေးမှာ တိုးဝှေ့ထိုင်ကြတာ ဗမာကြက်နဲ့လက်ပံပွင့်ချက်ထားတာ မေကြီးကလေ ဇီးဖြူကုန်းက ထည့်ပေးလိုက်တဲ့ လက်ပံပွင့်တွေ
ချွဲချွဲထူထူလေးနဲ့ မေကြီးဟင်းထုံးစံအတိုင်း နနွင်းများများ ဝါဝါထိန်ထိန်လေး စားလို့ကောင်းလိုက်တာဆိုတာ
နာကြင်စရာတွေများလို့ မိသားစုနဲ့ပက်သက်တဲ့ တချို့အရာတွေကို မေ့ထားပေမယ့် ဘယ်တော့မှ မေ့လို့မရတာက မေကြီးရဲ့ အလျှံအပယ်ဟင်းတွေပဲ

#မေမေနီ

16/04/2024

ကလေးတွေက ဆယ်ကျော်သက်ဖြစ်လာတဲ့အခါမှာ နဂိုကတည်းက ပွင့်လင်းတဲ့မိဘနဲ့နေရတဲ့ကလေးတွေတောင်မှ လျှို့ဝှက်တတ်လာကြတယ် ရင်ခုန်တတ်လာကြတယ် ချစ်တတ်လာကြတယ်
ဒါတွေကို မိဘသိမှာအရမ်းစိုးရိမ်ကြတယ် ဘာရယ်မဟုတ်ဘဲကို စိုးရိမ်ကြတာ ချစ်တတ်တဲ့စိတ်လဲပြင်းပြသလို ကြောက်တတ်တဲ့စိတ်လဲ ပြင်းပြကြတယ်
မိဘတွေနဲ့ ဆယ်ကျော်သက်တွေအချင်းချင်းကြားက အကြီးဆုံးပြသနာကတော့ "မယုံကြည်ခြင်း"ပါပဲ
သူငယ်ချင်းတွေနဲ့ပျော်တော့ရော ဘာဖြစ်လဲ ရင်ခုန်တတ်တော့ရောဘာဖြစ်လဲ ပိတ်ပင်တားဆီးလေ ရုန်းကန်လေဖြစ်လာတဲ့အရွယ်ဖြစ်လို့ လွှတ်ပေးလိုက်ပါ ချုပ်ချယ်ကန့်သတ်မယ့်အစား ဘေးကနေလိုက်နေမယ့်အစား လမ်းမှားမယ်လို့မြင်မှ ဆွဲတင်ပေးလိုက်ပါ ခြေလှမ်းနဲနဲယိုင်ရုံလောက်နဲ့ ဘဝမပျက်ပါဘူး
Grade 11 Englishဖတ်စာအုပ်မှာကို ဆယ်ကျော်သက်တွေနဲ့မိဘတွေကြားကအဆင်မပြေတဲ့ဆက်ဆံရေးကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး problem solution essayရေးခိုင်းပါတယ်
ကလေးတွေရေးသမျှကို ထိုင်ဖတ်ပြီးတဲ့အချိန်မှာ သူတို့ခံစားချက်တွေကိုသိလာတယ် ကျဉ်းကျပ်မှုတွေကို ကိုယ့်တုန်းကလဲဖြစ်ခဲ့လို့ ကိုယ်ချင်းစာနိုင်လာတယ် သူတို့ဖြစ်ချင်တာလေးတွေ solutionမှာထည့်ရေးလာကြတယ်
မိဘတွေအနေနဲ့ကလဲ ဒီလိုကန့်သက်ချုပ်ချယ်တဲ့မျိုးဆက်မှာ နေခဲ့ရပြီး ဘာကြောင့်များ အဆိုးကျော့သံသရာလည်ပြီး ဆိုးတာတွေပဲကိုယ့်သားသမီးကို ဆက်ပေးနေကြလဲမသိဘူး
Teenagers' psycho booksတွေ များများဖတ်ကြပါလို့ ဆယ်ကျော်သက်ဆိုတာ နဲနဲမာလာတဲ့ရွှံ့ဖြစ်နေပါပြီ ရိုက်စရာနှက်စရာမလိုသလို ဖြစ်ညှစ်ပုံသွင်းဖို့လဲမလိုတော့ပါဘူး
ဒီတိုင်းအလိုက်သင့်လေးလည်ပါစေ အချောသပ်လေးပဲလိုပါတော့တယ်
အချောသပ်မှာ ဖြစ်ညှစ်လို့အဆင်မပြေရင် ဒီအိုးက ကိုယ်မသုံးရတဲ့အိုးဖြစ်လာလိမ့်မယ်နော် အမေတို့အဖေတို့

#မေမေနီ

Want your public figure to be the top-listed Public Figure in Thabeikkyin?
Click here to claim your Sponsored Listing.

Category

Website

Address


Thabeikkyin