Thae Su

Thae Su

Share

မိတ်ဆွေတို့ ကျန်းမာပျော်ရွှင်မှုအတွက် ကျန်းမာရေးအသိပညာတွေ မျှဝေပေး‌‌တဲ့နေရာလေးပါ။

Photos from Thae Su's post 12/06/2024

‼️သတိထားစရာ မွေးရာပါ
စအိုဝမပါတဲ့ လက္ခဏာ‼️

📍မွေးပြီး ကိုယ်လက်အင်္ဂါစုံတယ်ဆိုပြီး
မပေါ့ဆစေလို

📍ဖင်ပေါက်လေးလည်း
သေချာကြည့်ရအောင်နော်🥰🥰

📍မွေးကင်းစကလေးဟာ မွေးပြီး၂၄နာရီအတွင်း
ဆီး၊ဝမ်းသွားရပါမယ်ရှင့်

#ကျန်းမာခြင်းသည် လာဘ်တပါး

01/05/2024

I've received 900 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉

Photos from Thae Su's post 01/05/2024

ဘုန်းဘုန်းကြီး၏
သီလဂုဏ် ၊သမာဓိဂုဏ်၊ပညာဂုဏ်တို့အား
ဦးခိုက်ပူဇော်ပါ၏ဘုရား🙏🙏🙏

30/04/2024

‼️ဘုန်းဘုန်းဟောကြားသော
ဗုဒ္ဓတရားတော်များထဲမှ
မစ္စရိယ(၅)မျိုး🙏🙏🙏

1️⃣လာဘမစ္စရိယ
ကိုယ်ရသလို သူများကိုမရစေချင်တာ

2️⃣အာဝါသမစ္စရိယ
ကိုယ်နေတဲ့နေရာ သူများကို
မနေစေချင်တာ

3️⃣ကုလမစ္စရိယ
ကိုယ့်အပေါင်းအသင်း သူများပေါင်းသင်းတာ
မကြိုက်တာ

4️⃣ဝဏ္ဏမစ္စရိယ
ကိုယ့်ရဲ့ဂုဏ်သတင်း(သို့)ကိုယ့်ရဲ့လှပမှု
သူများကိုမဖြစ်စေချင်တာ

5️⃣ဓမ္မမစ္စရိယ
ကိုယ်သိတဲ့တရား၊ကိုယ်သိတဲ့ပညာရပ်
သူများကိုမသိစေချင်တာ

♦️မစ္စရိယနဲ့ယှဉ်ပြီး ဒေါသစိတ်ကတန်းပြီး
ဖြစ်ပေါ်တတ်လို့ အသိသတိလေးကပ်ပြီး
နေထိုင်ခြင်းဖြင့် ကုသိုလ်ပွားနိုင်ကြပါစေရှင်

#မြတ်ဗုဒ္ဓတရားတော်များ

26/04/2024

မှတ်သားမိတာလေး📝📝📝

23/04/2024

🥰ကျမချုပ်ပေးတဲ့ အင်္ကျီပဲဝတ်တဲ့
အမေ့အတွက်🙏🙏🙏

🥰အမေ့ဒီဇိုင်နာ ဖြစ်ရတာ
နည်းတဲ့ဂုဏ်လားလေနော💛💛💛

# ThaeSu
#ဝါသနာပါတဲ့ အလုပ်လေး

20/03/2024

‼️မှက္ခရုနာကုသကြမယ်‼️

▪️မှက္ခရုလို့ပြောလိုက်တာနဲ့ ကလေးရှိတဲ့
မေမေတိုင်း ကြုံဖူးသလောက်ဖြစ်ပါလိမ့်မယ်

▪️ကလေးပါးစပ်ထဲမှာ နို့နှစ်ဖက်တွေကပ်နေသလို
အဖြူအဖက်တွေအကွက်တွေ တွေ့ရမှာပါ

▪️တချို့ကလေးတွေ နို့မစို့နိုင်အောင်
ဖြစ်ကြပါတယ်

▪️အခြေအနေအရ ဆေးရုံဆေးခန်း မရောက်နိုင်
မသွားနိုင်သေးတဲ့ မေမေတွေအတွက်
မှက္ခရုနာကို အိမ်မှာတွင်ကုသကြည့်ရအောင်

➡️ကလေးကိုမကိုင်မီ မေမေတို့လက်ကို
သန့်စင်သောရေနှင့်ဆပ်ပြာသုံး၍
သေချာစွာဆေးပါ

➡️ပျော့ပြောင်းပြီးသန့်ရှင်းသော အဝတ်စတခုကို
လက်ညှိုးတွင်ရစ်ပတ်ပြီး ဆားရည်‌နွေး
ဆွတ်လိုက်ပါ

➡️ကလေးပါးစပ်အတွင်း လက်ညှိုးဖြင့်ပတ်ပြီး
သန့်ရှင်းရေးပြုလုပ်ပါ

➡️Nystatin 100,000unit(1ml)ကို
၆နာရီခြားတကြိမ် တနေ့(၄)ကြိမ်
၅ရက်ထည့်ပေးပါ

➡️ပြီးရင်မေမေတို့လက်ကို သေချာစွာပြန်လည်
ဆေးကြောပါ

▪️ဒီလောက်ဆို မှက္ခရုနာကို မေမေတို့ စနစ်တကျ
ပြုစုတတ်လောက်ပါပြီ

▪️သဲပြောတဲ့အချက်လေးတွေက
မိတ်‌ဆွေတို့အတွက် အကျိုးရှိတယ်ဆိုရင်
like & share လေးလုပ်သွားပေးပါဦးရှင့်။

#ကျန်းမာခြင်းသည်လာဘ်တပါး

19/03/2024

‼️ကလေးရှိသော မေမေတိုင်း
သိထားသင့်သော အချက်(၈)ချက်‼️

❗မေမေတို့ကလေးဟာ▪️▪️

1️⃣နို့ကောင်းစွာမစိုးနိုင်ခြင်း/
နို့လုံးဝမစို့ခြင်း
2️⃣ကလေးကောင်းစွာ
မလှုပ်ရှားခြင်း
3️⃣ကလေးပို၍ နေမကောင်း
ဖြစ်လာခြင်း
4️⃣ကလေးဖျားလာခြင်း
(ကိုယ်အပူချိန်၃၈ဒီဂရီစင်တီဂရိတ်နှင့်အထက်)
5️⃣ကိုယ်အပူချိန် ပုံမှန်မဟုတ်ဘဲ အေးလာခြင်း
(၃၅.၅ဒီဂရီစင်တီဂရိတ်‌အောက်)
6️⃣အသက်ရှူမြန်လာခြင်း

7️⃣အသက်ရှူခက်ခဲလာခြင်း

8️⃣ခြေဖဝါး၊လက်ဖဝါးအထိ
အသားဝါလာခြင်း

👉စတဲ့အချက်တွေရှိပြီဆိုရင် ဆေးရုံ‌ဆေးခန်းသို့
ချက်ချင်းသွားရောက်ပြသကြပါရှင်

💟သဲပြောတဲ့အချက်လေးတွေက
မိတ်ဆွေတို့အတွက် အကျိုးရှိတယ်ဆိုရင်
comme‌ntလေးရေးပေးခဲ့ပါဦးရှင့်

💟Like& share လေးလုပ်သွားဖို့လည်း
မမေ့ပါနဲ့နော်▪️▪️

#ကျန်းမာခြင်းသည် လာဘ်တပါး

18/03/2024

‼️မွေးကင်းစကလေး အသားဝါခြင်းကို
ဆန်းစစ်ကြမယ်‼️

💛မေမေတို့ကလေးဟာ

✳️မွေးပြီး ၄၈နာရီကျော်(သို့)
၂ရက်ကျော်မှ အသားဝါမယ်

✳️ခြေဖဝါး၊လက်ဖဝါးအထိ
အသားမဝါဘူးဆိုရင်

✳️သာမန်အသားဝါခြင်းဖြစ်ပါတယ်

🧡မိခင်နိုပိုမိုတိုက်ကျွေးပါ

🧡နွေးနွေးထွေးထွေးထားပါ

🧡အိမ်မှာပြုစုစောင့်ရှောက်ပါ

✳️မွေးပြီး(၄၈)နာရီမပြည့်မီ
အသားဝါမယ်

✳️မည်သည့်အသက်၌မဆို
ခြေဖဝါး၊လက်ဖဝါးတွေအထိ
အသားဝါမယ်ဆိုရင်

👉ပြင်းထန်သော အသားဝါခြင်းဖြစ်ပါတယ်

👉နေ့ညမဆိုင်း ချက်ချင်း ဆေးရုံသို့သွားရပါမယ်

👉ဆေးရုံသွားတဲ့လမ်းမှာ ကလေးကို
နွေးနွေးထွေးထွေးခေါ်သွားဖို့ အရေးကြီးဆုံးပါ

❎ပြင်းထန်သောအသားဝါခြင်းကြောင့်
ကလေးဟာ

➡️ဦးနှောက်ပျက်စီးခြင်း

➡️အကြားအာရုံဆုံးရှုံးခြင်း

➡️ဖွံ့ဖြိုးမှု‌နှောင့်‌နှေးခြင်း

➡️သေဆုံးခြင်းတို့ဖြစ်တတ်ပါတယ်

✳️ဒီလောက်ဆိုရင် မေမေတို့
အသားဝါခြင်းကို ခွဲခြားသိလောက်ပါပြီ

✳️နနွင်းလိမ်းတဲ့မေမေတွေကတော့ မိမိ
နနွင်းလိမ်းခြင်းကြောင့်ဝါတာလား

✳️ကလေးကဝါတာလားဆိုတာ
သေချာခွဲခြားဖို့လိုပါတယ်

❗ဒါကြောင့်▪️▪️▪️

👉မွေးကင်းစကလေး အသားဝါပြီဆိုရင်
မပေါ့ဆဘဲ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး
သွားရောက်ပြသကြပါရှင်▪️▪️

#ကျန်းမာခြင်းသည် လာဘ်တပါး

11/03/2024

‼️ဓာတ်ဆားရေလေး စနစ်တကျ
ဖျော်တိုက်ကြရအောင်‼️

✳️တချို့မေမေတွေ ကလေးဝမ်းသွားရင်
ဓာတ်ဆားရေဖျော်တိုက်ရမှန်းမသိကြပါဘူး

✳️တိုက်ရမှန်းသိသော်လည်း စနစ်တကျ
ဖျော်မတိုက်တတ်ကြပါဘူး

✳️အပူဝမ်းသွားတာ၊သွားပေါက်ချင်လို့၊
ထိုင်ချင်လို့၊လမ်းလျှောက်ချင်လို့ဆိုပြီး
ဓာတ်ဆားရေမတိုက်ကြပါဘူး

✳️ယခုလို ရာသီဥတုပူလာချိန်မှာ

➡️ကလေးလက်မသန့်ရှင်းလို့ဖြစ်ဖြစ်

➡️အစားအသောက်မသန့်ရှင်းလို့ဖြစ်ဖြစ်
ဝမ်းပျက်ဝမ်းလျောဖြစ်ပွားတတ်ပါတယ်

✳️အရည်ဝမ်း(၃)ကြိမ်အထက်သွားပြီဆိုရင်
ဝမ်းလျောပြီလို့ သတ်မှတ်ပါတယ်

✅ဓာတ်ဆားရေတိုက်ကိုတိုက်ရမှာပါ

✅ဓာတ်ဆားရေတိုက်တာဟာ
အောက်ကသွားသလောက်
အပေါ်ကဆုံးရှုံးသွားတဲ့ ဓာတ်တွေပြန်ဖြည့်
ပေးတာပါ

❗ဒါ့ကြောင့် မေမေတို့ရေ▪️▪️

✳️ဘာ့ကြောင့်ဝမ်းသွားသွား အရည်ဝမ်းသွားပြီ
ဆိုတာနဲ့ ဓာတ်ဆားရေစနစ်တကျ
ဖျော်တိုက်ကြပါရှင်

✳️ဓာတ်ဆားရေတိုက်သော်လည်း ဝမ်းသွားမရပ်
ဘူးဆိုရင် နီးစပ်ရာကျန်းမာရေးဌာန(သို့)
ဆေးရုံဆေးခန်းသို့ သွားရောက်ပြသကြပါရှင်

👇ဓာတ်ဆားရေဖျော်နည်းလေး မသိသေးသူများ
အတွက် အောက်မှာ video လေးပြထားပါတယ်
ရှင့်

#ကျန်းမာခြင်းသည် လာဘ်တပါး

05/03/2024

‼️ကျန်းမာစေဖို့ အစားအသောက်ရွေးကြစို့‼️

✅ကိုယ်စားလိုက်တဲ့ အစားအစာက
တချိန်မှာ ကိုယ်ဖြစ်လာမဲ့ခန္ဓာကိုယ်ပုံစံပါ

✅ကိုယ်စားလိုက်တဲ့ အစားအစာက
တချိန်မှာ ကိုယ်ဖြစ်လာမဲ့ရောဂါပါ

❎‌ငွေကုန်ရတာချင်း အတူတူ
ရောဂါဖြစ်စေမည့်အစားအ‌သောက်တွေ
ခန္ဓာကိုယ်ထဲ မသွင်းစေချင်

✅ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားသောက်တွေ
စားသုံးပြီး ကျန်းမာစွာနေထိုင်ကြရအောင်ရှင်

#ကျန်းမာခြင်းသည် လာဘ်တပါး
Su

28/02/2024

I gained 24 followers, created 20 posts and received 179 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

Want your business to be the top-listed Media Company in Thabeikkyin?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Thabeikkyin
05102